Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, September 30, 2014
ကိုးလအတွင်း ပေါင် ၇၀ ကျော် ဝိတ်ချနိုင်ခဲ့တဲ့ သတို့သမီးလောင်း
သူမ အမည်ဟာ Kirsty Thomas လို့ခေါ်ပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးပြီး ကိုးလ အတွင်း ပေါင် ၇၀ ကျော် လျော့ချနိုင်မှုကြောင့် ဗြိတိန်မှာ နာမည်ကြီးတဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာပါတယ်။ သူ့ချစ်သူနဲ့ လက်ထက်ကို အချိန်ကို ရောက်ဖို့ အတွက် ကိုးလလောက် လိုပါသေးတယ်။ မင်္ဂလာဆောင် ဂါဝန်ရွေးတော့ သူမဟာ လက်ရှိ ပေါင်ချိန် ၂၁၄ နဲ့ လိုက်ဖက်တဲ့ size 16 ကို မရွေးပဲ size 8 ကို ရွေးချယ်ခဲ့ပါတယ်။
ဒါဟာ သူမရဲ့ ယုံကြည်မှု ဖြစ်ပါတယ်။ သူမ ယုံကြည်သလိုပဲ ကြိုးစားလိုက်တာ တစ်လကို ၇ ပေါင်ကျော် ပုံမှန် ဝိတ်လျော့ချ နိုင်ခဲ့ပါတယ်။ ကိုးလ ပြည့်တဲ့ အချိန်မှာ သူမ ဝိတ်ဟာ ၂၁၄ ကနေ ၁၃၈ ဝန်းကျင်သာ ကျန်ရှိပါတော့တယ်။ သူမရဲ့ အရပ်အမောင်းနဲ့ ၁၃၈ ဝန်းကျင် ဆိုတာ အနေတော် ဖြစ်ပြီး သတို့ သမီး ဝတ်ဆုံနဲ့ သွယ်လျ လှပလို့ နေပါတယ်။ သူမ အနေနဲ့ ယင်းကဲ့သို့ ရရှိဖို့ အတွက် အစားအသောက် ဆင်ခြင်ခြင်း၊ အားကစား ပုံမှန် ပြုလုပ်ခြင်းတို့ကို မပျက်မကွက်စေပဲ ပြုလုပ်ခဲ့ပါတယ်။
ကိုးလ ပြည့်တဲ့ အချိန်မှာပဲ သူမ ဝယ်ထားတဲ့ နံပါတ် ၈ အရွယ် သတို့သမီး ဂါဝန် ဟာလည်း အရွယ်မှန် ဖြစ်သွား ပါတယ်။ နဂိုကတည်းက ရုပ်ခံလည်း ရှိတာကြောင့် ပိန်သွားတဲ့ အခါ မော်ဒယ်မလေးလို လှပနေခဲ့ပါတယ်။ သူမဟာ မိမိကိုယ်ကို ယုံကြည်ပြီး မပြတ်ကွက်တဲ့ ကြိုးစားမှု နဲ့ သန္ဒိဌာန် ပေါင်းစပ်လို့ ပန်းတိုင်ကို ရောက်အောင် လျှောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
Kirsty ရဲ့ အလှဓာတ်ပုံများကို http://metro.co.uk/2014/09/17/bride-loses-5-stone-to-fit-into-wedding-dress-four-sizes-too-small-4872138/
ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
၉၆၉ နဲ့ BBS ပူးပေါင်း ဆောင်ရွက်မယ်
မြန်မာနိုင်ငံမှာ ၉၆၉ အဖွဲ့လို့ အသိများတဲ့ ဗုဒ္ဓဘာသာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့နဲ့ သီရိလင်္ကာနိုင်ငံက သဘောထား တင်းမာတဲ့ ရဟန်းတော်အဖွဲ့ ဖြစ်တဲ့ Bodu Bala Sena (BBS) အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်မယ်လို့ သီရိလင်္ကာ နိုင်ငံကို ရောက်ရှိနေတဲ့ မစိုးရိမ်တိုက် ဆရာတော် ဦးဝီရသူက ပြောခဲ့ပါတယ်။
ဒီ ၂ ဖွဲ့လုံးဟာ မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားတွေ ရှိတဲ့ အဖွဲ့တွေ အဖြစ် အသိများပါတယ်။
ဘယ်လို ပုံစံ ပူးပေါင်းကြမလဲ ဆိုတာ အသေးစိတ် မထုတ်ပြန်သေးပေမယ့် အစွန်းရောက် မွတ်ဆလင် တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ရာ သဘောတူခဲ့ကြောင်း BBS အဖွဲ့ရဲ့ သုတေသနရေးရာ ဌာနမှုး ဆရာတော် ချမီလာ လီယာနာဂေး က ပြောပါတယ်။
မွတ်ဆလင်တွေကို ရန်လို အကြမ်းဖက်ဖို့ ပူးပေါင်းတာ မဟုတ်ကြောင်းနဲ့ ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားအောင် လုပ်နိုင်မယ် ဆိုရင် ပြဿ နာတွေ ငြိမ်းအေးသွားနိုင်ကြောင်း သူက ပြောပါတယ်။
အီဘိုလာ မိဘမဲ့ ကလေး ထောင်ချီ ပစ်ပယ်ခံနေရ
အာဖရိက အနောက်ဘက်ခြမ်း နိုင်ငံတွေ ဖြစ်တဲ့ လိုင်ဘေးရီးယား၊ ဂီနီနဲ့ ဆီရီယာ လီယွန်း နိုင်ငံတွေမှာ ကလေး အရေအတွက် အနည်းဆုံး သုံးထောင့် ခုနစ်ရာဟာ အီဘိုလာ ရောဂါကြောင့် သူတို့ရဲ့ မိဘ တစ်ဦး ဒါမှမဟုတ် နှစ်ဦး စလုံးကို ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်း ပြောဆိုလိုက်ပါတယ်။
အီဘိုလာ ကူးစက်ခံရမှာ စိုးရွံ့မှုတွေ ရှိနေတာကြောင့် ကျန်ရစ်တဲ့ မိဘမဲ့ ကလေးတွေကို ပြုစု စောင့်ရှောက်မယ့်သူ ရှာဖို့အတွက်လည်း အလွန့် အလွန် ခက်ခဲတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့ ယူနီဆက်ဖ်က ပြောပါတယ်။
ဆေးရုံတွေမှာ မိဘတွေ သေဆုံးပြီး တစ်ကိုယ်တည်း ကျန်ရစ်ခဲ့ကြတဲ့ ကလေး သူငယ်တွေကို တွေ့နေရတယ်လို့ ယူနီဆက်ဖ်ရဲ့ အဆိုအရ သိရပြီး အခုလို အီဘိုလာ ရောဂါရှင် မိဘတွေရဲ့ ကလေးတွေကို စောင့်ရှောက်နိုင်မယ့် အစီအစဉ် တစ်ခုကို ဖော်ထုတ်ဖို့ ယူနီဆက်ဖ်က တောင်းဆိုလိုက်ပါတယ်။
တချိန်တည်းမှာပဲ အီဘိုလာ ကူးစက်မှု အန္တရာယ်နဲ့ ကြုံနေရတဲ့ လိုင်ဘေးရီးယား နိုင်ငံကို အမေရိကန် စစ်တပ်က ရွေ့လျား ဓာတ်ခွဲခန်း ၂ ခု ပို့ဆောင်ပေးခဲ့ပါတယ်။
ပုံမှန် အားဖြင့် အီဘိုလာ ဗိုင်းရပ်စ် ရှိမရှိ သိရဖို့ ဓာတ်ခွဲ စမ်းသပ်ရာမှာ ရက်များစွာ ကြာမြင့်နိုင်ပေမယ့် အဲဒီ့ ရွေ့လျား ဓာတ်ခွဲခန်းတွေကတော့ နာရီ အနည်းငယ် အတွင်းမှာ အဖြေထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။
http://www.bbc.co.uk/burmese/world/2014/09/140930_ebola_ophans
ကန် တပ်တွေ ဆက်ထားဖို့ အာဖဂန် အစိုးရသစ် လက်ခံ
အာဖဂန်နစ္စတန် နိုင်ငံမှာ အခုနှစ် ကုန်ဆုံးအပြီးမှာလည်း အမေရိကန် တပ်ဖွဲ့တွေ ဆက်လက် ထားရှိဖို့ အတွက် အာဖဂန်နစ္စတန်ရဲ့ သမ္မတသစ် အာရှရတ်ဖ် ဂါနီ ဦးဆောင်တဲ့ အစိုးရက သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။
အရင် သမ္မတဟောင်း ဟာမစ်ကာဇိုင်း လက်ထက်က အခုလို အမေရိကန် တပ်ဖွဲ့တွေ ဆက်လက်ထားရှိဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာခဲ့ကြပါတယ်။
အခု သဘောတူ စာချူပ်ကို အာဖဂန်နစ္စတန်ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး Hanif Atmar နဲ့ အာဖဂန်နစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ် Jim Cunningham တို့ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပြီး ရုပ်မြင်သံကြားကနေ ထုတ်လွှင့် ပြသခဲ့ပါတယ်။
အခု သဘောတူညီချက် စာချူပ်အရ အာဖဂန် နစ္စတန်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၉၈၀၀ နဲ့ ဂျာမနီ၊ အီတလီတို့က တပ်သားတွေ အပါအဝင် နိုင်ငံခြား တပ်သား စုစုပေါင်း ၁၂၅၀၀ ရှိနေမှာ ဖြစ်ပြီး ဒေသခံ လုံခြုံရေး တပ်ဖွဲ့တွေကို ကူညီ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။
http://www.bbc.co.uk/burmese/world/2014/09/140930_afghan_us_foreign_troops
Monday, September 29, 2014
စိတ်လက်သက်သာ အင်္ဂလိပ်စာလေ့လာ- ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
TOEFL, IELTS, SAT, GMAT, GRE စတဲ့ အခေါ်အဝေါ်တွေကြောင့် စိတ်မရှုပ်သွားစေလိုပါ။ အဓိက အင်္ဂလိပ်စာ နဲ့ ကမ္ဘာမြေရဲ့ဘယ်နေရာရောက်ရောက် မလွဲမနေ ပတ်သက်နေရမယ့် သချာင်္ဘာသာရပ်တွေကို နိုင်ငံတကာတန်းဝင် လေ့လာနိုင်ပြီး အဆိုပါနိုင်ငံတွေရဲ့ ကျောင်းတွေကို တက်ဖို့ အရည်အချင်းစစ်စာမေးပွဲတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားကျောင်း ဘာဖြစ်လို့ သွားတက်ချင်တာပါလဲ? ရှင်းပါတယ် .. သူတို့လို သင်ကြားပို့ချမှုမျိုး မြန်မာနိုင်ငံမှာ မရှိလို့ပါ။ ကိုယ့်ဘဝနဲ့ ယှဉ်ပြီး စဉ်းစားကြည့်လိုက်တဲ့အခါ တစ်ကယ်လို့ ဒီလိုပညာရပ်တွေကို မြန်မာလို သင်ယူရမယ်ဆိုပါတော့၊ ကမ္ဘာမှာ မြန်မာလူမျိုးထက်တော်တာ ရှိပါဦးမလား။ ဒီလို အကွက်စိတ်စိတ်လေးကိုမြင်ပြီး ဘာသာစကားကို မိမိစကားဖြစ်အောင် အသွင်ပြောင်းယူစေချင်ပါတယ်။
.
.
အင်္ဂလိပ်စာကို ဘဝထဲရောက်အောင်ဘယ်လို သွတ်သွင်းရမလဲဆိုတာ မေးခွန်းတွေတော့ ရှိလာနိုင်တာပေါ့။ ကျွန်တော်တို့မှာ နည်းလမ်းရှိပါတယ်။ နေ့စဉ်သုံးစကားတွေကို နည်းနည်းချင်း ဘာသာပြန်တွေးကြည့်မယ်ဆိုရင် မရနိုင်ဘူးလား။ ကြားဖြတ်အနေနဲ့ ကျွန်တော်တို့ အလယ်တန်း မြန်မာစာမှာ ခက်ဆစ်အဓိပ္ပာယ် ကျက်ခဲ့ရတာ မှတ်မိကြမှာပေါ့။
.
.
ဗရုန်းသုန်းကား ဆိုတဲ့ ခက်ဆစ်ပေးထားပြီး အဓိပ္ပာယ်ပြန်ခိုင်းတဲ့အခါ ကျွန်တော်တို့ လွယ်လွယ်ကူကူတတ်ခဲ့ကြပါသလား။ သိတော့သိတယ်၊ သုံးလည်း သုံးတတ်တယ်၊ အဓိပ္ပာယ်မပြန်တတ်ဘူး ဆိုတဲ့ ခံစားချက်မျိုးကို သတိရကြမှာပါ။ ဗရုန်းသုန်းကား ကို ဝရုန်းသုံးကား လို့ အရပ်စကားသုံးပြီး ရေးတော့ သတ်ပုံကျမ်းအရ ဗရုန်းသုန်းကား မှ မှန်ပါတယ်။ အဓိပ္ပာယ်ကျပြန်တော့ - ဆူပူလှုပ်ရှားရှုပ်ထွေးလျက် - ဆိုပြီး ကျွန်တော်တို့ရဲ့ မိခင်ဘာသာ မြန်မာစာမှာ ဘယ်သူက အမှတ်အပြည့်ရဖူးခဲ့ကြလို့လဲ။ အလွဲလွဲ အချော်ချော်နဲ့ ဖြေခဲ့ရင်း ( ၅ ) ဘာသာ ဂုဏ်ထူးပါရင်တောင် မြန်မာစာ အမှတ် ( ၆ဝ ) နဲ့ ကျေနပ်ခဲ့ရတာ ကျောင်းသားတိုင်း နှလုံးနာရတဲ့ ကိစ္စပါ။
.
.
အင်္ဂလိပ်စာ GRE ဆိုတာ မြန်မာခက်ဆစ်လောက်တောင် မခက်ပါဘူး။ ဘို မြေမှာ မွေးတဲ့ ဘို တွေတောင် သူတို့ချမှတ်ထားတဲ့ စာလုံးပေါင်း ( ၃၇ဝဝ ) ကို အကုန်သိသလား မေးကြည့်ပါ။ စကားသာကြွယ်မယ် အနက်ခက်မယ် ဆိုသလို ထစ်အ ထစ်အ ဖြစ်ကြမှာမလွဲပါဘူး။ ဒီတော့ ကျွန်တော်တို့ မြန်မာတွေ GRE စာလုံးတွေကို လေ့လာတဲ့နေရာမယ် မသိတဲ့စာလုံးကို အနက်ရှာပုံ ( သို့ ) အဘိဓာန်ရှာပုံ မူ ( ၂ ) မျိုး ကွဲနေနိုင်ပါတယ်။
.
.
ဘာရှာရှာ အင်္ဂလိပ် လိုပဲရှာ ဒါမှတတ်မှာလို့ပြောသူများက အခြေခံကောင်းသူများ ဖြစ်နေနိုင်ပါတယ်။ ငါးပိစားပြီးကြီးလာသူအဖို့တော့ အခြေခံကောင်းရေးအတွက် အင်္ဂလိပ် - မြန်မာ အဘိဓာန်နဲ့ တွဲဖက် လေ့လာသင့်ပါတယ်။ ကြည့်ဖန်များလာတဲ့အခါ ဦးနှောက်နယ်ပယ်မှာ အသိဝေါဟာရတွေကြွယ်လာပြီး မသိဝေါဟာရတွေ နည်းလာမယ်။ နောက်တစ်ဆင့်တက်ပြီး ဒီစာလုံးတွေကို ကိုယ့်ဘဝထဲမှာ အသုံးချတတ်အောင် အသွင်ပြောင်းနိုင်ပြီးဆိုရင် GRE Course ရဲ့ စာလုံး သုံးထောင်ကျော်ဆိုတာ ( ၃ ) လကြာအောင် မကျင့်ရတော့ပါဘူး။
.
.
ဥပမာ - Adhere - စွဲကပ်သည် ဆိုတဲ့ စာလုံးလေးကိုတွေ့တဲ့အခါ အသစ်အဆန်းလို့ထင်နေမှာပေါ့။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ဆင့်ပွားစာလုံးကို တွေ့နေရပါတယ်၊ သတိမထားလို့ပါ။ အရပ်ခေါ် ဆယ်လိုတိတ် - လက်မဝက်တိတ် - Uni Tape – Cellulose Tape မှာ ပလပ်စတစ်ရဲ့ တစ်ဖက်မှာ ကော်ပါပြီး တစ်ဖက်မှာ မပါတဲ့ စက္ကူကပ်တဲ့တိတ် ကို နေ့တိုင်းနီးပါး သုံးနေကြတယ်မဟုတ်လား။ အဲဒီမှာ သေချာဖတ်ကြည့်ရင် Adhesive Tape လို့ရေးထားပါတယ်။ ဒီစာလုံးက Adhere ကနေ ဆင့်ပွားစာလုံး နာမဝိသေသန - Adjective တွေထဲက တစ်လုံးပါ။ ဒါကို သိထားပြီးသူတစ်ယောက်က Adhere စာလုံးကို တရားသေကျက်မှတ်ဖို့မလိုတော့ပါဘူး။ အမေရိကန်ကျောင်းလိုမျိုးတက်ရတဲ့အခါ Adhesive နေရာမှာ Glue Or Stick to လို့ဖြေရင် အမှတ်ပေးတဲ့ ဆရာတွေရှိပါတယ်။
.
.
အခုလို ရှင်းပြလိုက်လို့ ပေါ့ပျက်ပျက်တွေးရမယ်လို့ မဆိုလိုပါ။ တစ်ကယ်ဘဝထဲကိုရောက်လာရင် ဘယ်အရာမှ ခက်တယ်ဆိုတာ မရှိတော့တာကို အပျော့သဘော နဲ့ စိတ်လျှော့ထားစေချင်ပါတယ်။ သက်တောင့်သက်သာလေ့လာခွင့်ရမှ ကိုယ့်ဘဝနဲ့ ပိုနီးစပ်စေပါတယ်။ အားပေးပါတယ်။ Smart Phone သုံးသူများအနေနဲ့ GRE App တွေက အမြန်တတ်မြောက်စေပါလိမ့်မယ်။ သက်တောင့်သက်သာနဲ့ အင်္ဂလိပ်စာကို ကိုယ်ပိုင်ဖြစ်အောင် ပိုင်ပိုင်နိုင်နိုင်မှတ်သားနိုင်ကြပါစေ။
ကားတော့ကား ဒါပေမယ့် စင်းလုံးငှါး Rent-A-Car -ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
" ကားတော့ကား ဒါပေမယ့် စင်းလုံးငှါး Rent-A-Car "
၁။
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ရဲမင်း ။ ။ ရဲသွေးရေ.. ဒီတစ်ပတ်ရုံးပိတ်ရက်ရှည်မှာ ဘယ်ကို အပန်းဖြေခရီးသွားမယ် စိတ်ကူးထားလဲ?
.
ရဲသွေး ။ ။ ငါက အိမ်ရှင်းရဦးမယ်ကွ။ အဝတ်တွေလည်းလျှော်ရဦးမယ်။ ကားတွေလည်း ညစ်ပတ်နေတာပဲ။ လုပ်စရာကများနေတယ်။ ဘယ်မှ မသွားနိုင်ဘူးထင်ပါတယ်။
.
.
ရဲမင်း ။ ။ ငါက ညအိပ်ညနေ ခပ်ဝေးဝေး တစ်နေရာကို သွားမလားလို့၊ L.A ဖြစ်ဖြစ် San Diego ဖြစ်ဖြစ်ပေါ့။ ငါ့ကားက ဖင်္ရီးဝေးမှာ ခရီးဝေးမောင်းလို့ စိတ်မချရဘူး။
.
ရဲသွေး ။ ။ အေး သွားတာကောင်းပါတယ်။ မင်းမှာ ကားအသစ်စက်စက် တစ်စီးရှိသေးတယ် မဟုတ်လား ... အဲဒါ မောင်းသွားပေါ့၊ မိသားစုက ဘယ်နှစ်ယောက် သွားမှာတုန်း။
.
.
ရဲမင်း ။ ။ ရှိတယ်၊ ကားက ဝယ်ထားတာမကြာသေးလို့ အသစ်နဲ့တော့မသွားချင်ဘူး။ အဟောင်းကျတော့လည်း စိတ်မချဘူး။ အားလုံး ( ၆ ) ယောက်သွားမှာ။ အဲဒါ မင်းလိုက်ငှားပေးပါလား?
.
ရဲသွေး ။ ။ မင်းက အခုမှ လာပြီးကြီးကျယ်နေတယ်။ မြန်မာနိုင်ငံမှာတုန်းကရော ဘာကားစီးပြီး ကြီးလာလို့လဲ။ အသစ်ပဲဖြစ်ဖြစ်၊ Used ကားပဲဖြစ်ဖြစ် ကားက ကားပါပဲကွာ။ မင်းတို့က ( ၆ ) ယောက်ဆိုတော့ ဆလွန်း - Sedan ကား နဲ့ မဆန့်ဘူး။ မင်းဝယ်ထားတဲ့ ကား ( ၂ ) စီးလုံးလည်း ဆလွန်း ဖြစ်နေပြန်။ အဲဒါ ဘယ်လိုလုပ်ကြမလဲ .. ခက်တော့ ခက်နေပြီ။
.
.
ရဲမင်း ။ ။ မထူးပါဘူး။ ကားသစ်နဲ့ပဲ သွားမယ်လေ။ လမ်းမှာ ပျက်စရာမရှိတော့ စိတ်ချရတာပေါ့။ လူ ( ၆ ) ယောက်ဖြစ်နေလဲ ဘာအရေးလဲ၊ နောက်ခုံမှာ 3 Seaters ဖြစ်နေပေမယ့် ( ၄ ) ယောက်စီးခိုင်းလိုက်မယ်။ တစ်ယောက်က ထပ်ထိုင်လိုက်ရင်ပြီးတာပဲ။
.
ရဲသွေး ။ ။ အဲဒါပြောတာပေါ့၊ နိုင်ငံကြီးသားမပီသတဲ့စိတ်ဓါတ်ဆိုတာ။ ငါက အမေရိကားကို အထင်ကြီးတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ မင်းသိတယ်နော်။ မြန်မာနိုင်ငံမှာ စီးခဲ့သလို ဒီမှာ လိုက်လုပ်လို့မရဘူး၊ သူ့စည်းကမ်းနဲ့သူရှိတယ်။ ရဲ မတွေ့ရင်ပြီးရော ဆိုပြီး လုပ်တဲ့လူတွေကြောင့် လမ်းပေါ်မှာ မိသားစုနဲ့ခွဲခွာသွားရသူတွေ၊ ဆွေမျိုးတွေနဲ့ ခွဲခွာသွားရတဲ့ မိသားစုတွေ ဘယ်လောက်တောင်များတယ်ဆိုတာ မသိနိုင်ဘူး။ မစွန့်စားစမ်းပါနဲ့။ Don't take risk, friend.
.
.
ရဲမင်း ။ ။ အဲဒီလို မသွားရဘူးဆိုတော့ ငါက ဘယ်လိုလုပ်ရမှာလဲ?
.
ရဲသွေး ။ ။ ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းရှိတယ်။ အမေရိကားမှာ ( ၁၉ဝ၄ ) ခုနှစ်ကစခဲ့တဲ့ လုပ်ငန်းတစ်ခုရှီတယ်။ အဲဒီအစီအစဉ်နဲ့ဆို မင်းမယူသွားချင်တဲ့ကားလည်း ယူသွားစရာမလိုဘူး။ ကားထဲမှာ မဆန့်မပြဲ လူတင်သွားစရာမလိုဘူး။ မင်းလို ကားသစ်ဝယ်ထားတာ မကြာသေးသူတွေအတွက်လည်း အဆင်ပြေတယ်။ ရှောင်တစ်ခင် ဝင်ရောက်လာတဲ့ ပြည်တွင်းခရီးသွားတွေအတွက်လည်း လွယ်ကူချောမွေ့စေတယ်။ အဲဒါကတော့ Rental Car Service လို့ ခေါ်တဲ့ အငှားကားလုပ်ငန်းပဲ။
.
.
ရဲမင်း ။ ။ သူတို့က ကားကိုဘယ်လိုငှားပေးတာလဲ။ ခေါင်မိုးမှာ မီးဝါလေးပါတဲ့ Taxi ကား လား။ ငါက အဝေးသွားမှာနော်၊ လိုက်ပါ့မလား။ မင်းသိတဲ့အတိုင်း ငါတို့အုပ်စုက လူများတယ်နော်။ နဂို ကမှ ( ၆ ) ယောက်မဆန့်ရတဲ့အထဲ ဒရိုင်ဘာထပ်တိုးလာရင် ( ၇ ) ယောက်ဖြစ်နေပြီ။
.
ရဲသွေး ။ ။ အမေရိကားမှာ ကားငှားရင် မင်းကို ဘယ်သူမှလိုက်မောင်းမပို့ဘူး၊ မင်းကိုယ်မင်း မောင်းရမှာ။ ဒရိုင်ဘာလိုချင်ရင်တောင် အကြာကြီး ကြိုမှာရတယ်။ ဈေးကလည်း ကြီးသနဲ့။ သူများလိုက်မောင်းပို့ခိုင်းမှတော့ သက်တောင့်သက်သာ အမြန် - Express နဲ့ လက်မှတ်ဝယ်ပြီးသွားမှာပေါ့။
.
.
ရဲမင်း ။ ။ မသိပါဘူး၊ မင်းက အငှားကား လို့ပဲ ပြောတာကိုး။ စင်းလုံးငှား ဆိုမှ ငါသိမှာပေါ့။ ဒါမျိုးက မြန်မာနိုင်ငံမှာ ရှိမှမရှိတာ။ ဒါဆိုလဲ မင်းလိုက်ငှားပေးလေ၊ ငါမှ မလုပ်တတ်လို့။
.
ရဲသွေး ။ ။ နည်းလမ်းတော့ ပြောပြမယ် .. ကိုယ့်ဖာသာကိုယ်လုပ်ရမှာ မောင်ရင်။ မင်းထင်သလို ဘယ်သူမှ မအားဘူး။ ကဲပါ .. နားထောင်။ အစတုန်းကတော့ လုပ်ငန်းသေးသေးလေးပေါ့။ နောက်ပိုင်းမှာ ငွေရှင် ကြေးရှင်တွေပါလာပြီး ကုမ္ပဏီကြီးတွေဖြစ်လာတယ်။ ကားတွေကလည်း အမျိုးစုံပဲ။ တိုယိုတာလား၊ ဟွန်ဒါလား။ ခပ်တောင့်တောင့်စီးချင်လို့ အမေရိကန်ကား စီးချင်ရင် ရသေးတယ်။ ငွေသာပေးလို့ကတော့ ပြိုင်ကားလိုချင်သလား ရတယ်။ ဒီနေရာမှာ ကားအတန်းအစားတွေကို ပြောပြမယ်။
.
Economy ( Car ) - ဆီစားသက်သာတဲ့ကား ။
.
Compact - ဆိုဒ်အနည်းငယ်သေးတဲ့ကား - ဥပမာ - ရန်ကုန်ရောက် Honda Fit
.
Mid-Size - ဆိုဒ်အလတ် - ဥပမာ - တိုယိုတာ ကိုရိုလာ
.
Standard, Full-Size, Premium - ပုံမှန်ဆိုဒ်ကား - ဥပမာ - နီဆန်း၊ ကင်မရီ
.
Luxury - ဆီစားတဲ့ သူဋ္ဌေးစီးဇိမ်ခံကား
.
SUV - Sport Utility Vehicle - ပါဂျဲရိုးဆိုဒ် - ဥပမာ - တိုယိုတာ RAV 4
.
Mini Van - ပေါင်မုန့်ကား - ဥပမာ - တိုယိုတာ Sienna
.
.
ဆိုပြီး ကားအစုံရှိတယ်။ ကားသေးလေ ငှားခ သက်သာလေပဲလေ။ မင်းတို့အုပ်စုဆိုရင် မီနီဗင် ကား ယူမှရမယ်။ သူက ( ၅ ) ယောက်ထက်ပိုစီးလို့ရတယ်။ ကဲ ယေဘုယျ မင်းကားအသစ်စက်စက်လိုမျိုးငှါးရင် ဘယ်လောက်ပေးရမလဲဆိုတာ ရှာပြမယ် .. ပေး .. ကွန်ပျူတာ..။
.
၂ ဆက်ပါမည်။
.
ဓါတ်ပုံ - အင်တာနက်
" ကားတော့ကား ဒါပေမယ့် စင်းလုံးငှါး Rent-A-Car " ၂။ ( အပြီးသတ် )
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ရဲမင်း ။ ။ ကားငှားခက ဈေးကြီးလား။ တွက်ခြေမကိုက်ရင် လူတစ်ယောက်လျှော့ပြီး ကိုယ့်ကားနဲ့ကိုယ်ပဲ သွားမှထင်တယ်။
.
ရဲသွေး ။ ။ ဒါကတော့ မင်းကိုယ်မင်း ချင့်ချိန်လေ။ အားလုံးသွားပြီး တစ်ယောက်က ကျန်နေခဲ့ရမယ်ဆိုတော့ မင်းဟာက မဟုတ်သေးပါဘူး။ အခု ဆန်ဖရန် ကနေ L.A ကို ( ၃၈၂ ) မိုင်ပဲထား၊ တောင်ကြီး ကနေ ရန်ကုန်လောက်ရှိမှာပေါ့။ ဒီမြို့ကို မိုင်ဘယ်လောက်ဝေးတယ် ဘယ်လောက်ပေးပါဆိုပြီး မိုင်တွက်ငှားရတာ မဟုတ်ဘူး။ ရက်နဲ့ တွက်ပြီးငှားတာ။ မင်းကိုယ်မင်း ဘယ်လောက်မောင်းမောင်း မိုင်က အရေးမကြီးဘူး - Unlimited လေ။
.
ကိုယ့်ဆီ နဲ့ ကိုယ် မောင်းရတာတော့သိတယ်မဟုတ်လား။ ဈေးနှုန်းက ရက်နည်းနည်းငှားရင် ဈေးပိုကြီးတယ်။ ဥပမာ - ( ၁ ) ရက်ငှားနဲ့ ( ၂ ) ရက်ငှားဆို ဈေးကြီးတယ်။ ( ၃၅ ) ဒေါ်လာကနေ ( ၅၅ ) ဒေါ်လာအထိ ဈေးရှိတယ်။ ကားအမျိုးမျိုး ဈေးအစားစားပေါ့ကွာ။
.
ဒါပေမယ့် ဒီခရီးကိုပဲ အနည်းဆုံး ( ၄ ) ရက်ကနေ ( ၇ ) ရက်ငှားမယ်ဆိုရင် တစ်ပတ်စာ ပုံမှန်ဈေးနဲ့တွက်ထားသလို ( ၂၄၅ ) ဒေါ်လာမဟုတ်တော့ပဲ ( ၁၇၂ ) ဒေါ်လာလောက်ပဲ ဖြစ်သွားတယ်။
.
ဒါကိုမှ နာမည်သိပ်မရတဲ့ ကားကုမ္ပဏီနဲ့တွေ့ရင် ( ၇ ) ရက်ငှားကို ဒေါ်လာ ( ၁၂ဝ ) လောက်နဲ့ရတယ်။ ပြန်စားကြည့်လိုက်တော့ တစ်ရက်ကို ဒေါ်လာ ( ၂ဝ ) တောင် မကျဘူး။
.
.
ရဲမင်း ။ ။ ငါက ဒီလောက်သက်သာမယ် မထင်ထားဘူး။ ဒါဆို ငါက ဒေါ်လာ ( ၁၂ဝ ) ပေးလိုက်ရင် ကားသွားယူလို့ရပြီပေါ့ ဟုတ်လား?
.
ရဲသွေး ။ ။ နေဦးလေ .. မပြီးသေးဘူး။ ကလေးထိုင်ခုံတွေ ငှားလို့ရသေးတယ်။ နှင်းလျှောစီး စကိတ်ဘုတ်တင်တာမျိုးနဲ့ ခပ်ဆင်ဆင် ပစ္စည်းတင်တဲ့ Ski Rack လိုမျိုး တတ်ခိုင်းလည်းရတယ်။ သွားမယ့်နေရာမသိလို့ လမ်းပြမြေပုံ - Navigation System လည်းထည့်လို့ရတယ်။
.
ကားမောင်းရင် မဖြစ်မနေ ရှိရမယ့် ကားအာမခံက တစ်ရက်ကို ( ၁၁ ) ဒေါ်လာ။ ထိုင်ခုံ တို့ Navigator တို့ က မင်းမှာ ရှိချင်ရှိမှာပေါ့၊ ယူဖို့မလိုပါဘူး။ အာမခံတော့ ထည့်စဉ်းစားရမယ်။ ကားငှားတာက သိပ်မမြတ်ဘူးကွ။ အဲဒီလို အပိုဝန်ဆောင်မှုတွေက သူတို့ သေချာမြတ်တာ။
.
.
ရဲမင်း ။ ။ ငါ့မှာ ကိုယ်ပိုင် Insurance ရှိတယ်လေ။
.
ရဲသွေး ။ ။ အဲဒါ သုံးလည်းရတယ်။ တစ်ချို့ကျတော့ ဇာတ်လမ်းရှင်းရှင်း မောင်းချင်တယ်။ ပျော်ပွဲစား ခရီးသွားတာပဲ၊ စိတ်လွတ်ကိုယ်လွတ်ပေါ့။ စိတ်တမမ နဲ့ ဘယ်သူမှ ကားမမောင်းချင်ဘူးလေ။ မပြောကောင်း မဆိုကောင်း အခု ဒီ ( ၁၁ ) ဒေါ်လာက ဘယ်သူပဲမှားမှား၊ ဘယ်လောက်ပဲမှားမှား - လူသာ မသေစေနဲ့၊ ရာဇဝတ်မှုမဖြစ်နဲ့ မော်တော်ယာဉ်အာမခံနဲ့ဆိုင်တာ သူတို့ဆက်ရှင်းမယ်။
.
တစ်ကယ် အကြီးအကျယ်ဖြစ်တဲ့အခါ ဥပမာ - အိမ်တွေ၊ ဆိုင်တွေ ကို ဝင်တိုက်မိခဲ့ရင် မင်းအာမခံ က လျော်လို့မလောက်တဲ့အခါ တရားလိုက ဒီအတိုင်းနေမှာ မဟုတ်ဘူး။ မင်းပိုင်ဆိုင်တဲ့ အိမ်၊ ခြံ၊ မြေ - Property တွေ ရောင်းပြီး ပြည့်အောင်လျော်ရမှာ။ ဒါကြောင့်ပြောတာပေါ့ .. မဖြစ်ရင်ကောင်းတယ် .. လို့။
.
.
ရဲမင်း ။ ။ မင်းကလည်း ပြောလိုက်ပြီင်္ဆို ဒီအတိုင်းချည်းပဲ၊ အတုံးလိုက် အခဲလိုက် ကြောက်စရာကြီး။ ကားပဲ ငှားသွားပါတော့မယ်၊ ကားအသစ်လည်း မနာအောင်ပေါ့။ ပြောပါဦး တစ်ခြားဘာတွေလိုသေးလဲ?
.
ရဲသွေး ။ ။ ဒီလိုပဲ လုပ်သင့်ပါတယ်။ မောင်းမည့် ယာဉ်မောင်းရဲ့ အချက်အလက်တွေ ပေးရမယ်။ လိုင်စင်နံပတ် ပေးရမယ်။ သက်တမ်းတော့ မလွန်စေနဲ့ပေါ့ကွာ။ ပြီးတော့ ဆက်သွယ်ရန်လူပုဂ္ဂိုလ်ရဲ့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် နဲ့ အီးမေးလ် လိပ်စာတွေလိုသေးတယ်။ ခရီးသွားဟန်လွှဲတွေအတွက် လေယာဉ်ခရီးစဉ်မလွဲအောင် လေကြောင်းလိုင်း အချက်အလက်တွေ ပေးထားလို့လည်းရတယ်။
.
.
ရဲမင်း ။ ။ ဓါတ်ဆီ ဘယ်လောက်သုံးတယ်ဆိုတာကျတော့ ဘယ်လိုတွက်မှာလဲ?
.
ရဲသွေး ။ ။ ကားယူကတည်းက တိုင်ကီအပြည့်လေ။ ပြန်အပ်တဲ့အခါ အနီးဆုံး ဓါတ်ဆီဆိုင်မှာ အပြည့်ပြန်ထည့်ပေးလိုက်ရုံပဲ လွယ်ပါတယ်။ အရေးကြီးလို့ ဆီမဖြည့်နိုင်လည်း ကျန်သလောက်နဲ့ အပ်ရင်လည်းရတယ်။ ဒါမျိုးကျတော့ ဆီ ဘယ်လောက်ပြန်ဖြည့်တယ်ဆိုတာ စောင့်ပြီး ငွေရှင်းရဦးမယ် .. ကြာတာပေါ့။
.
.
ရဲမင်း ။ ။ ကားသွားယူတဲ့အခါ ဟိုရောက်မှ ငါက စိတ်ပြောင်းပြီး ကားအမျိုးအစားပြောင်းချင်ရင် ဘယ်လိုလုပ်ရမလဲ?
.
ရဲသွေး ။ ။ ရတယ်လေ။ ဈေးကြီးတဲ့ကားဆိုရင် ခြားနားခြင်းငွေ ပေးလိုက်ရင် ရပါတယ်။ ဒါတွေအားလုံးက အွန်လိုင်းပေါ်မှာ လုပ်ရတာ။ ကိုယ်လိုချင်တဲ့ကားဆို တစ်ခါတည်း အပိုင်ရွေးလိုက်တာ ကောင်းတယ်။ ဟိုရောက်မှပြောင်းရင် ဈေးပိုပေးရမယ်။ ကားသွားယူရင် ကြိုမှာထားတဲ့လူရဲ့ လိုင်စင်ယူသွားဖို့ မမေ့နဲ့ဦး။ ပြီးတော့ ဘဏ်ကဒ် အချက်အလက်တွေ ပေးရမယ်။ ငွေလက်ငင်းပေးရုံနဲ့ ပြီးသွားတာမဟုတ်ဘူး။ ဒါမှ သူတို့က လိုအပ်ရင် မင်းနားက ငွေနှုတ်ယူလို့ရမှာပေါ့။ မင်းတို့အုပ်စုအတွက် ဗင်က ဒီထက်ပိုပေးရမယ်နော် .. မှတ်ထားဦး။
.
koko2yeye@gmail.com
ကမ္ဘာ့ ထိပ်သီး Programmer ၁၀ ယောက်
Dennis MacAlistair Ritchie (C) သည် အမေရိကန် လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက် ဖြစ်ပြီး စက်မှု ခေတ်ကြီးကို ပုံဖော်ဖို့ အတွက် ကူညီ ထောက်ပံ့ခဲသူ တစ်ဦးလည်းဖြစ်သည်။ သူသည် C Programming Language ကို တီထွင်ခဲ့ပြီး သူရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ Ken Thompson နှင့် အတူ Unix Operation System ကိုလည်း တီထွင် ခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၈၃ ခုနှစ်မှာ ACM မှ ချီးမြှင့်သော Turing Award ကိုလည်းကောင်း၊ ၁၉၉၀ မှာ အမေရိကန် သမ္မတ Clinton ချီးမြှင့်သော Clinton National Metal of Technology ကို လက်ခံရရှိခဲ့သည်။ သူသည် ၂၀၀၇ ခုနှစ်မှာ အလုပ်မှ အနားယူပြီးနောက် Lucent Technologies System Software Research Department ကို ဦးဆောင်ခဲ့သည်။
Bjarne Stroustrup
Bjarne Stroustrup (C++) သည် ဒိန်းမတ်လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက်ဖြစ်ပြီး C++ Programming Language တီထွင် ခဲ့ပြီး ပိုမိုကောင်းမွန်အောင် တွင်တွင်ကျယ်ကျယ် ပြုလုပ် သူအဖြစ် လူသိများ ခဲ့ဖြစ်သည်။ သူသည် သုတေသန စာတမ်းများကို ခွဲခြမ်းစိတ်ဖြာသူ ပါမောက္ခ တစ်ဦး ဖြစ် ပြီး အမေရိကန် Texas ပြည်နယ် A&M University ရှိ ကွန်ပျူတာ သိပ္ပံ ဌာနတွင် အင်ဂျင်နီယာ အမှူဆောင် အဖြစ်လည်းကောင်း၊ Columbia University တွင် ပါမောက္ခ အဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်နေပြီး Morgan Stanley မှာ အလုပ် လုပ် နေပါသည်။
James Gosling
James Arthur Gosling (Java) သည် ကနေဒါ လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Java Programming Language ၏ ဖခင် ဟု လူသိများ သူဖြစ်သည်။ သူသည် NeWS နှင့် Gosling Emacs ကဲ့သို့သော software system များအတွက် အဓိက အထောက်အပံ့ ပေးခဲ့သည်။ သူရဲ့ အောင်မြင်ကျော်ကြားမှုများကြောင့် သူသည် အမေရိကန် ပြည်ထောင်စု အမျိုးသား အင်ဂျင်နီယာ အကယ်ဒမီ ရဲ့ ပြင်ပ တွဲဖက် အဖွဲ့ဝင် အဖြစ် ရွေးချယ်တင်မှု ခဲ့ရသည်။
Linus Torvalds
Linus Benedict Torvalds (Linux kernel) သည် ဖင်လန်-အမေရိကန် Software အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး Linux kernel ကို တည်ဆောက်ဖို့အတွက် အဓိက တွန်းအား ပေးခဲ့သူဖြစ်သည်။ နောက်ပိုင်းမှာ Linux kernel ရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြီးအကဲ တစ်ဦး ဖြစ်လာပြီး အခုလက်ရှိမှာ Project Coordinator အဖြစ် လုပ်ကိုင်နေပါသည်။ သူသည် Programmer များ coding ရေးရာမှာ အဆင့်လိုက် ထိန်းချုပ် သိမ်းဆည်း ထားနိုင်သော စနစ် Git နှင့် ဒိုင်ဗင် သမားများ မှတ်တမ်း သိမ်းဆည်းရာမှာ အသုံးများသော Subsurface ကို တီထွင်ခဲ့သည်။ Linux kernel အား ကွန်ပျူတာ များတွင် တွင်ကျယ် စွာ အသုံးပြုရန်အတွက် သူရဲ့ Open Source Operating System အသစ် တီထွင်မှု ကို အသိမှတ် ပြုသည့်အနေဖြင့် ဖင်လန် နည်းပညာ အကယ်ဒမီ မှာ ပေးအပ်သော Millennium Technology Prize ကို ၂၀၁၂ ခုနှစ်မှာ Shinya Yamanaka နှင့် အတူ ပေးအပ်ခြင်းခံခဲ့ရသည်။
Anders Hejlsberg
Anders Hejlsberg (C#) သည် ထင်ရှားသော ဒိန်းမတ် လူမျိုး Software အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး နာမည်ကြီး လူသိများသော Programming Language များနှင့် Developing Tools များ ဒီဇိုင်း ပြုလုပ်ရာမှာ ပူးတွဲ လုပ်ကိုင် ခဲ့သည်။ C# Programming Language ကို တီထွင် ခဲ့သူလည်းဖြစ်သည်။ သူသည် Turbo Pascal ကို မူလ ရေးသားသူဖြစ်ပြီး Delphi Programming Language ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ အကြီးအကဲ တစ်ဦး ဖြစ်သည်။ လက်ရှိမှာ သူသည် Microsoft မှာ C# နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင် တစ်ဦးအဖြစ် လုပ်ကိုင်နေပြီး TypeScript ကို အဓိက ရေးသားနေသူလည်း ဖြစ်ပါသည်။
Tim Berners Lee
Sir Timothy John Tim Berners-Lee (WWW)သည် အင်္ဂလိပ်လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ဦး ဖြစ်ပြီး လူသိများ ထင်ရှားသော World Wide Web (WWW) ကို တီထွင်သူ ဖြစ်ပါသည်။ သူသည် သတင်းအချက်များ စီမံခန့်ခွဲ မှု စနစ် (Information Management System) မူကြမ်းကို ၁၉၈၉ ခုနှစ် မတ်လမှာ ရေးဆွဲခဲ့ပြီး အင်တာနက် ကိုအသုံးပြုပြီ Hypertext Transfer Protocol (HTTP) Clients နှင့် Server ချိတ်ဆက် အသုံးပြုပုံကို ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် Web နည်းပညာ ကို ဆက်လက်တိုးတက်အောင် လုပ်ကိုင်နေသော World Wide Web Consortium (W3C) ရဲ့ စီစဉ်ညွန်ကြားသူ တစ်ဦးဖြစ်ပါသည်။
Brian Kernighan_
Brain Wilson Kernighan (Unix) သည် ကနေဒါ လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ဦး ဖြစ်ပြီး Bell Labs မှာ Unix တီထွင်သူ Ken Thompson နှင့် Dennis Ritchie တွဲပြီး Unix တိုးတက်ရေးတွက် ကူညီထောက်ပံ့ပေးခဲ့သည်။ သူသည် AWK နှင့် AMPL Programming Language များကို တွဲဖက် ရေးသားသူတစ်ဦးလည်း ဖြစ်သည်။ သူသည် Dennis Ritchie နှင့် အတူ ရေးသားခဲ့သော ပထမဆုံးသော C Programming Language စာအုပ် ကြောင့် လူသိများ ထင်ရှား ခဲ့သူဖြစ်သည်။
Ken Thompson
Kenneth Thompson (Go Programming) သည် အမေရိကန် နိုင်ငံရဲ့ ကွန်ပျူတာ သိပ္ပံ ကို ရှေဆောင် လုပ်ကိုင် ခဲ့သူဖြစ်သည်။ Bell Labs မှာ အများဆုံး အလုပ်လုပ်ခဲ့ ပြီး Unix Operating System ကို ထပ်မံပြည့်စွက် ရေးသားခဲ့သူလည်း ဖြစ်သည်။ သူသည် C Programming Language မတိုင်မီ ထွက်ပေါ်ခဲ့သော ယနေ့ခေတ် လူသိနည်းသော B Programming Language တီထွင် ခဲ့သူ ဖြစ်ပါသည်။ Plan 9 Operating System ကို အစောဆုံးတီထွင်သူများထဲက တစ်ယောက်လည်း ဖြစ်သည်။ သူသည် ၂၀၀၆ ခုနှစ်ကတည်းက Goolge မှာ အလုပ်ကိုင်ခဲ့ပြီး ယနေခေတ် Google မှ နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Go Programming Language မှာကိုလည်း ပူးတွဲ တီထွင် ခဲ့သူဖြစ်သည်။
Guido Van Rossum
Guido van Rossum (Python, Google, Dropbox) သည် နယ်သာလန် လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Python Programming Language ကို ရေးသားသူအဖြစ် လူသိများခဲ့သည်။ Python အဖွဲ့အစည်းမှာ Python Programming Language တိုးတက်ကောင်းမွန်လာအောင် အများဆုံး ကြီးစားအားထုတ်ပြီး အဓိက လိုအပ်သော လုပ်ဆောင်ချက်များအတွက် ဆုံးဖြတ်ပေးကြောင့် သူကို “Benevolent Dictator For Life”(BDFL) ဟု ခေါ်ကြသည်။ သူသည် 2005 ခုနှစ်မှ စပြီး ဒီဇင်ဘာ ၇ ရက် ၂၀၁၂ ထိ ကို Google မှာ သူ ရဲ့ အချိန် တစ်ဝက်လောက်ကို Python Programming Language အတွက် အသုံးချခဲ့လေသည်။ ဇန်နဝါရီလ ၂၀၁၃ မှာတော့ သူသည် Dropbox အတွက် အလုပ်စတင် လုပ်ခဲ့သည်။
Donald Kuth
Donald Kuth (TeX) သည် အမေရိကန် လူမျိုး ကွန်ပျူတာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Standford တက္ကသိုလ် မှဆက်လက်တာဝန်ထမ်းဆောင်နေသော အငြိမ်းစားပါမောက္ခ တစ်ဦးဖြစ်ပါသည်။ သူသည် The Art of Computer Programming စာအုပ် များကိုရေးသားသူ လည်း ဖြစ်သည်။ သူအား algorithms များ ခွဲခြမ်း စိတ်ဖြာရာ ၌“ဖခင်” ဟု ခေါ်တွင် ခဲ့သည်။ သူသည် algorithms ရှုပ်ထွေး မှုများကို အချက်အလက်ကျကျ ခွဲခြမ်းစိတ်ဖြာ မှုအပိုင်း တိုးတက်ကောင်းမွန် ရေးနှင့် လိုအပ်သော သင်္ချာ တွက်ချက်မှုများကို စနစ်တကျ ဖြစ်ပေါ်လာအောင် ကူညီ ထောက်ပံ့ပေးခဲ့သည်။ သူရဲ့ asymptotic notation များကြောင့် လူသိများ ထင်ရှားခဲ့သည်။ သူသည် TeX ကွန်ပျူတာ စာလုံး အရေးအသား စနစ် ကို တီထွင်ခဲ့သူဖြစ်သည်။
http://www.yoyarlay.com/science-tech/41591-world-top-10-programmers.html မှ ...
အမေရိကန် ကားမောင်းလိုင်စင်
အမေရိကန်ပြည်ထောင်စုအကြောင်း သိကောင်းစရာ
အမေရိကန်ပြည်ထောင်စု ကိုစရောက်တဲ.သူတွေဟာ ( ၁ ) ဆိုရှယ်ကတ် ( Social Security Number and Card ) ၊ ( ၂ ) မှတ်ပုံတင်ကတ် အိုင်ဒီ ( Identification Card ) တွေကိုရပြီးလျှင် ( ၃ ) ကားမောင်းလိုင်စင် ( Driver License ) ကို လုပ်ကြရပါတယ် ။
ဒါပေမယ်. ….အချို.သောလူတွေကတော. အကြောင်းအမျိုးမျိုးကြောင်. ကားလိုင်စင် မလုပ်ကြပါဘူး ။
အလုပ်လျှောက်သောအခါမှာ လုပ်ငန်းအများစုဟာ ကားမောင်းလိုင်စင် ရှိ ၊ မရှိကိုမေးတတ်ကြပါတယ် ။ အမေရိကန်ပြည်နယ်များရဲ. ကားမောင်းလိုင်စင် ဖြေဆိုပုံတွေဟာ ပြည်နယ်တစ်ခု နဲ. တစ်ခု သိပ်မကွာပါဘူး ။ အိုင်ဒီ နှင်. ကားမောင်းလိုင်စင် တွေကို Department of Motor Vehicles (DMV) ရုံးတွေမှာ ပြုလုပ်ကြရပါတယ် ။ လုပ်ဆောင်ချက်အဆင်.ဆင်.ပြီးမြောက်သွားပါက ၂ ပါတ်အတွင်း အိုင်ဒီ (သို.) ကားမောင်းလိုင်စင် ကို စာတိုက်ကနေပို.ပေးပါလိမ်.မယ် ။
ကားမောင်းလိုင်စင် ဖြေဆိုပုံတွေကတော. ….. DMV ရုံးမှာ ပထမဦးဆုံး လျှောက်လွှာဖြည်.ပြီးတာနဲ. အမြင်အာရုံ ( မျက်စိ ) စမ်းသပ်ပါတယ် ။ အခန်း တစ်ခုရဲ. ( 26 feet ) အကွာအဝေး နံရံမှာကပ်ထားတဲ. ( A - Z ) အက္ခရာစာလုံးတွေကို ဖတ်ပြရပါတယ် ။ DMV ရုံးကထုတ်ထားတဲ. ( Driver License Handbook ) ကို အားလုံးဖတ်ထားရပြီး မေးခွန်း ၃၆ ခုကိုဖြေဆိုရပါမယ် ။
ကားမောင်းလိုင်စင်အတွက် မေးခွန်းဖြေဆိုခကတော. ( $ 30 ) ကျော်ပေးသွင်းရပါတယ် ။ အဆိုပါ ( $ 30 )ကျော် ဖြေဆိုခဟာ တစ်နှစ်အတွင်း သုံးကြိမ် ဖြေဆိုခွင်.ရှိပါတယ် ။ လူတစ်ယောက်ဟာ ပထမဦးဆုံးအကြိမ် မေးခွန်းများကို ဖြေဆိုရာမှာ ( ၃၆ ) ပုဒ် တွင် ( ၃၀ ) ပုဒ် မှန်ပြီး ( ၆ ) ပုဒ် မှားလျှင် ရေးဖြေအောင်ပါတယ် ။
အကယ်ရ်ျ ပထမအကြိမ် မှာ ကျ သွားသဖြင်. ဒုတိယအကြိမ် ဖြေဆိုရာတွင် ( ၃၆ ) ပုဒ် တွင် ( ၃၃ ) ပုဒ် မှန်ပြီး ( ၃ ) ပုဒ် မှားလျှင် အောင်ပါတယ် ။ ဒုတိယ နှင်. တတိယ အကြိမ်ဖြေရာတွင် မေးခွန်း ( ၃၆ ) ပုဒ် အတွင်း ( ၃ ) ပုဒ် သာအမှားခံတယ် ဆိုတဲ.သဘောပါပဲ ။
အကယ်ရ်ျ … သုံးကြိမ်စလုံး မေးခွန်းများကိုမဖြေဆိုနိုင်ပဲ ကျ သွားပါက နောက်ထပ် ကားမောင်းလိုင်စင်မေးခွန်း ဖြေဆိုခ ( $30 ) ကျော်ထပ်ပေးပြီး မအောင်မခြင်း ဖြေဆိုရုံသာဖြစ်ပါတယ် ။ မေးခွန်း တစ်ခု ရဲ.အောက်မှာ ဆင်တူယိုးမှား အဖြေ ( ၄ - ၅ ) ခုလောက် ပေးထားပြီး မှန်တဲ.အဖြေကို အမှတ်ခြစ် ပေးလိုက်ရုံပါပဲ ။ အဆိုပါ ကားမောင်းလိုင်စင် အတွက် မေးခွန်းတွေကို ကွန်ပြူ တာဖြင်. ဖြေဆိုရမှာ ဖြစ်ပါတယ် ။
ရေးဖြေ အောင်သွားလျှင်တော. ဒုတိယအဆင်. အနေနဲ. ကားမောင်းပြီး ဖြေဆိုရပါမယ် ။ DMV ရုံးကို ( $ 100 ) ငွေသွင်းရတယ် ။ သုံးကြိမ် မောင်းဖြေပိုင်ခွင်.ရှိပြီး သုံးကြိမ်စလုံးကျ သွားလို.ရှိရင် နောက်ထပ် ( $ 100 ) ထပ်သွင်း ၊ မအောင်မချင်း ဖြေလို.ရပါသည် ။ ကားမောင်းရ်ျ ဖြေဆိုရာတွင် ကားရှေ.ခန်း စပါယ်ယာ ထိုင်ခုံတွင် DMV ရုံးမှဝန်ထမ်း တစ်ဦးလိုက်ပါပြီး သူပြောတဲ.အတိုင်း ကားမောင်းပြရပါတယ် ။ မြို.ထဲပတ်ဝန်းကျင် တွင်မောင်းပြရပြီး DMV ၀န်ထမ်း ကျေနပ်မှု.ရှိလျှင် ကားမောင်းစမ်းသပ်မှု. အောင်မြင်မှာ ဖြစ်ပါသည် ။
ထို.ကြောင်. ကားမောင်းသင်တန်းကျောင်း ဖြင်.မောင်းသင်ကြသူများမှာ ကားမောင်းသင်ခ ( $ 500 ) ၀န်းကျင် ကုန်ကျသည် ။ ကားမောင်းသင်တန်းကျောင်း မှ ကားဖြင်. DMV ရုံးတွင်မောင်းဖြေ ဖြေဆိုရာတွင် မောင်းသင်ကား ရဲ. အရှေ. စပါယ်ယာ ခုံခြေချ ရာအောက်တွင် လီဗာ နှင်. ဘရိတ် အပိုပါရှိသဖြင်. မောင်းဖြေစစ်ဆေးမည်. DMV ရုံးမှ ၀န်းထမ်းများ ပိုရ်ျ ကြို က်နှစ်သက်မှု.ရှိပါတယ် ။
အဘယ်.ကြောင်.ဆိုသော် …. မောင်းဖြေမည်.သူက မှားယွင်းသွားလျှင် ဘေးမှ စစ်ဆေးမည်. DMV ရုံးမှဝန်ထမ်းအနေနဲ. လီဗာ နှင်. ဘရိတ် ကိုအသုံးပြု ရ်ျ ကားကိုထိန်းကျောင်းလို.ရသောကြောင်.ပင်ဖြစ်သည် ။ လူအများစု မှာ ကားမောင်းသင်တန်းကျောင်း ( Driving School ) ဖြင်.ဖြေဆိုကြပါသည် ။
ကားမောင်းလိုင်စင် ( Driver License ) ရလို.ရှိလျှင် ယခင် လုပ်ပြီးသား အိုင်ဒီကတ် ( Identification Card ) သည် မလိုအပ်တော.ပေ ။ ကားမောင်းလိုင်စင် ကို အိုင်ဒီ ( မှတ်ပုံတင်ကတ် ) အနေဖြင်. အသုံးပြုသောကြောင်.ပင်ဖြစ်သည် ။
Ohn Mar Oo
ရွှေထွက်တယ်ဆိုတဲ့ တောင်ထိပ် တားမြစ်နယ်မြေလို့ သတ်မှတ်
နေပြည်တောင်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်း မြောက်ဘက်က ရွှေထွက်တယ်ဆိုတဲ့ တောင်စောက်တောင်ထိပ်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ပုဒ်မ ၁၄၄ ကို ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြတ်သိန်းထွန်း အမိန့်နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရွှေတူးသူတွေကို ဆက်လက်မတူးဖော်ဖို့ သွားရောက်တားမြစ်ခဲ့တယ်လို့ ကျည်တောင်ကျေးရွာက ရာအိမ်မှူး ကိုနောင်နောင်က အခုလို ပြောပါတယ်။
"မနေ့ကတည်းက စက်နဲ့အော်ပေးထားတယ်၊ ၁၄၄ နယ်မြေဖြစ်တယ်ပေါ့၊ မတက်ကြတော့နဲ့ ကြေငြာသင်ပုန်း လာဖတ်ကြလို့ပြောတယ်၊ အဲ့တော့ မသိတဲ့ရပ်ဝေးကလူတွေက လာတက်ကြတယ်၊ ကျနော်တို့ ဒီကအုပ်စုက မတက်ကြတော့ဘူး၊ ပြန်ဆင်းသွားကြတယ်၊ ပြန်သွားတဲ့သူတော့ ခန့်မှန်းခြေတော့ ၁ဝဝ လောက်ရှိမှာပေါ့"
အဲ့ဒီမြေနေရာဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၃၂၉ အမြောက်တပ်ရင်း၊ အမှတ် ၃၀၃၊ ၃၀၅ ခြေမြန်တပ်ရင်းတွေနဲ့ ပေါင်းလောင်း ရေအားလျှပ်စစ်ဝင်းတို့နဲ့ နီးကပ်တဲ့အတွက် လုံခြုံရေး ထိခိုက်နိုင်ကြောင်း ကြေညာချက်မှာပါရှိပါတယ်။
ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ၀င်ထွက်သွားလာတာ၊ ရွှေတူးဖော်တာ၊ သစ်ဝါးတွေ ခုတ်ယူတာတွေကို တားမြစ်ကြောင်း၊ အမိန့်ကိုမလိုက်နာရင် အရေးယူမှာဖြစ်ကြောင်းလည်း ဖော်ပြပါရှိပါတယ်။
အဲ့ဒီအမိန့်ဟာ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ အကျုံးဝင်တယ်လို့ သိရပါတယ်။
ကျည်တောင် ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေနဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေလည်း ‘တောင်စောက်တောင်’ ထိပ်မှာ ရွှေတူးဖော်တာတွေရှိတယ်လို့ သိရပါတယ်။
တရားစီရင်ရေးမဏ္ဍိုင် မှန်ကန်ဖို့ တစ်ကိုယ်တော် ဆန္ဒပြ
တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှုမရှိကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေကို လွှတ်ပေးဖို့ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူများအဖွဲ့ (အထက်မြန်မာပြည်) ရဲ့ အဖွဲ့ဝင် ဦးမျိုးဝင်းက ဒီနေ့ မန္တလေးမြို့ တိုင်းတရားလွှတ်တော်ရုံးအနီးမှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
လယ်ယာမြေအမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ တောင်သူတွေအကြား တရားစွဲဆိုမှုတွေမှာ စစ်တပ်ကသာ တရားစွဲခွင့်ရှိပြီး တောင်သူတွေက တရားစွဲခွင့်မရှိတဲ့အတွက် တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းချုပ်သူတွေရှိနေကြောင်း ဦးမျိုးဝင်းက ပြောပါတယ်။
"စစ်တပ်ကသိမ်းတယ်၊ တရားစွဲတော့ စစ်တပ်ကဆွဲတယ်၊ စစ်တပ်က တရားစွဲတာကျတော့ တရားရုံးတွေက လက်ခံပေးတယ်၊ ကျနော်တို့ တောင်သူတွေ ကျနော်တို့ပြည်သူတွေက စစ်တပ်ကို တရားစွဲမယ်ဆိုလို့ရှိရင် တရားစွဲခွင့်မရှိဘူး၊ ဒါကလုံးဝသဘာဝမကျဘူး၊ စစ်တပ်အတွင်းမှာ မဟုတ်တာတွေလုပ်နေတဲ့ စစ်စည်းကမ်းနဲ့ မညီတဲ့အလုပ်တွေလုပ်နေတဲ့ ရဲဘော်တွေ စစ်သားတွေရှိတယ်၊ ဗိုလ်ကြီးတွေ ဗိုလ်ချုပ်တွေရှိတယ်၊ ဒါတွေကို ကျနော်တို့ တရားစွဲဖို့ ကြိုးစားတဲ့အခါကျရင် တရားရုံးတွေက တရားစွဲခွင့်မရှိပါဘူးတဲ့၊ အဲတော့ တရားစီရင်ရေးမဏ္ဍိုင်အပေါ်မှာ စစ်တပ်ကရော အုပ်ချုပ်ရေးအဖွဲ့ကရော ဥပဒေပြုရေး လွှတ်တော်ဆိုတဲ့ဟာပါ တရားစီရင်ရေးမဏ္ဍိုင်ကို အပေါ်ကနေ ဖိနှိပ်ထားတယ်၊ ဒီထဲမှာ ခရိုနီတွေလည်းပါတယ်"
ဦးမျိုးဝင်းဟာ နိုင်ငံတော်သမ္မတ ဦးဆောင်ပြီး တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေ ဖွဲ့ပေးဖို့၊ တရားဥပဒေကို မလိုက်နာတဲ့ တရားသူကြီးတွေနဲ့ တရားရေးမဏ္ဍိုင်အပေါ် ဖိအားပေးသူတွေကို ဖော်ထုတ်အရေးယူပေးဖို့၊ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ တောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ တောင်သူ ၅၀၀ ကျော်ကို လွှတ်ပေးဖို့ စတာတွေကို တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ငွေစက္ကူတွေကပ်ထားတဲ့ ရှေ့နေတိုက်ပုံကို ဝတ်ဆင်ထားပြီး တရားရုံးတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေကြောင်း သရုပ်ဖော်ခဲ့ပါတယ်။
ဟောင်ကောင်မှာ သောင်းနဲ့ချီ ပိတ်ဆို့ ဆန္ဒပြ
ဟောင်ကောင်မှာ သောင်းနဲ့ ချီတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဆန္ဒပြသမားတွေက ဟောင်ကောင် မြို့လယ်က စီးပွားရေး အချက်အချာ လမ်းတွေမှာ ပိတ်ဆို့ နေရာ ယူထားကြပါတယ်။
ပြီးခဲ့တဲ့ တစ်ညလုံး ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အရင် ရက်တွေထက် အရေအတွက် ပိုများတဲ့ ဆန္ဒပြသမားတွေ လမ်းပေါ် ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဆယ်ကျော်သက် အရွယ် လူငယ်တွေနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တွေ ထောင်နဲ့ ချီပြီး ဆန္ဒပြမှုမှာ ပါဝင်လာကြောင်း၊ ဆန္ဒပြမှုတွေကို တားလို့ ရတော့မှာ မဟုတ်ကြောင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောပါတယ်။
လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့်သူကို တရုတ် အစိုးရ စိတ်ကြိုက် ရွေးချယ်ဖို့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆို နေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဟောင်ကောင် ဆန္ဒပြသမားတွေကို ပြည်ပကနေ ထောက်ခံမှု မပြုကြဖို့ တရုတ် အစိုးရက သတိပေး လိုက်ပါတယ်။
ဟောင်ကောင်ဟာ တရုတ် နိုင်ငံပိုင် နယ်မြေ ဖြစ်လို့ ဟောင်ကောင် အရေးဟာ တရုတ် နိုင်ငံရဲ့ ပြည်တွင်းရေး သက်သက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်လို ဝင်ရောက် စွက်ဖက်တာကိုမှ လက်မခံကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hua Chunying က ပြောသွားပါတယ်။
ဗြိတိန် အစိုးရကတော့ ဟောင်ကောင်ရဲ့ သာယာ ဝပြောမှုနဲ့ လုံခြုံရေးဟာ လူ့အခွင့်အရေး ရှိမှုတွေ၊ လွတ်လပ်မှုတွေနဲ့ ကျားကန် ပေးထားတာ ဖြစ်လို့ ဟောင်ကောင် ပြည်သူတွေ အနေနဲ့ အဲဒီ အခွင့်အရေးတွေ အတွက် တရားဥပဒေ ဘောင်အတွင်းကနေ လှုပ်ရှား ဆောင်ရွက်သင့်ကြောင်း၊ ဟောင်ကောင်မှာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ အတွက် ရှေ့တက်လှမ်းမှုကို ထောက်ခံကြောင်း ပြောပါတယ်။
http://www.bbc.co.uk/burmese/world/2014/09/140929_hong_kong_protests
ယူကရိန်း စစ်သား ၇ ယောက် ကျဆုံး
ယူကရိန်း နိုင်ငံ ဒွန်းညက်စ်ခ်မြို့ လေဆိပ် အနီးမှာ ရုရှား လိုလားတဲ့ သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်း စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ယူကရိန်း အစိုးရနဲ့ သူပုန်တို့ အခု လဆန်းပိုင်းက အပစ်ရပ် သဘောတူညီမှု လက်မှတ် ထိုးခဲ့ပြီး နောက်ပိုင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်နေခဲ့ရာမှာ အခုတိုက်ပွဲဟာ ယူကရိန်း စစ်တပ်အတွက် အသေအပျောက် အများဆုံး ဖြစ်ပါတယ်။
http://www.bbc.co.uk/news/world-europe-29415162
IS အန္တရာယ် အမေရိကန် လျှော့တွက်
Islamic State စစ်သွေးကြွတွေနဲ့ ဆီးရီးယားအခြေစိုက် တခြားစစ်သွေးကြွအဖွဲ့တွေ ပေါ်ထွက်လာတဲ့အပေါ် အမေရိကန်က လျှော့တွက်ခဲ့မိသလို သူတို့အပေါ် အီရတ်ရဲ့တိုက်ခိုက်နိုင်စွမ်းကို ပိုတွက်ခဲ့မိတယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။
အမေရိကန်အစိုးရထဲက တချို့တိုက်တွန်းခဲ့သလို ဆီရီးယားမှာ အလယ်အလတ်ကျတဲ့ သူပုန်တွေကို အမေရိကန်က လွန်ခဲ့တဲ့ ၂ နှစ်ကသာ လက်နက်တပ်ဆင် ထောက်ပံ့ပေးခဲ့ရင် ဒီကနေ့ ဆီးရီးယားနိုင်ငံမှာ ပြဿနာတွေရှိနေမှာ မဟုတ်ဘူးဆိုတာဟာ စိတ်ကူးယဉ်ပြောတာသာဖြစ်တယ်လို့
အမေရိကန်မှာ တနင်္ဂနွေနေ့ညပိုင်းပြသတဲ့ CBS ရုပ်သံက 60 Minutes အစီအစဉ်မှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ အခုအီရတ်မှာဖြစ်နေတဲ့
အခြေအနေတွေဟာ အီရတ်ဝန်ကြီးချုပ်ဟောင်း Nouri al-Maliki ကြောင့်လည်း တစိတ်တပိုင်းဖြစ်တယ်လို့ သမ္မတက အပြစ်တင်ပါတယ်။ အီရတ်နိုင်ငံ
စည်းစည်းလုံးလုံးဖြစ်စေဖို့ အခွင့်အရေးတခုကို ဝန်ကြီးချုပ်က အလဟဿ ဖြစ်စေခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ မစ္စတာ Maliki ဟာ
ဆူနီမွတ်ဆလင်တွေနဲ့ Kurds တွေအပေါ် သံသယရှိခဲ့ပြီး စည်းလုံးညီညွတ်တဲ့ အစိုးရဖြစ်အောင် စုစည်းဖို့ထက် သူ့ရဲ့ ရှီရာမွတ်လင်တွေဆီက အခိုင်အမာ ထောက်ခံမှု ရရှိဖို့ကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့တယ်လို့ ပြောပါတယ်။
ဆီးရီးယား၊ အီရတ်နဲ့ ဒေသတွင်းက တခြားခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သဘောပေါက်အောင် စဉ်းစားရမယ်လို့ အမေရိကန်သမ္မတက ဆိုပါတယ်။
ကိုယ်က ရှီရာလား၊ ဆူနီလားဆိုတာကိုပဲ လူငယ်တွေ အာရုံစိုက်နေမဲ့အစား ပညာရှာဖို့ အလုပ်အကိုင် ကောင်းကောင်းရအောင်လုပ်ဖို့တွေကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ သမ္မတအိုဘားမားက ပြောကြားသွားပါတယ်
ဗွီအိုအေ (မြန်မာဌာန)
ဟောင်ကောင်ဆန္ဒပြမှုကို ရဲက ဖြိုခွဲ
ဟောင်ကောင် ရဲတွေဟာ ဒီမိုကရေစီအရေး ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးကို မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပေမယ့် ဆန္ဒပြသူအများအပြားဟာ လူစုမခွဲပဲ တနင်္ဂနွေညမှာ ဆက်လက်ရှိနေသေးတာ တွေ့ရပါတယ်။
တတိယမြောက်နေ့ ရှိလာပြီဖြစ်တဲ့ ဒီဆန္ဒပြ မှုတွေဟာ ဥပေဒနဲ့ မညီဘူးလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင် လွန်း က ပြောပါတယ်။ တရုတ် ပြည်မကြီး အစိုးရကလည်း ဒီဆန္ဒပြမှုတွေကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ဆန္ဒပြသူတွေဟာ လာမယ့် ၂၀၁၇ ခုနှစ်ကျရင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးတဲ့အခါ လုံးဝ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ပြုလုပ်ရေးကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အာဖဂန် နစ္စတန်မှာ သမ္မတသစ် ကျမ်းကျိန်
                                အာဖဂန် သမ္မတသစ် အာရှရပ်ဖ် ဂါနီ ကျမ်းကျိန်စဉ်။
              ဝန်ကြီးချုပ် ရာထူးနဲ့ ညီမျှတဲ့ စီအီးအို ရာထူးအတွက် ကျမ်းကျိန်တဲ့ အဗ္ဗဒူလာ (ဝဲ) နဲ့ 
              သမ္မတသစ် ဂါနီ (ယာ)
အာဖဂန် နစ္စတန် နိုင်ငံမှာ ပထမဆုံး ဒီမိုကရေစီ နည်းကျ အာဏာ လွှဲပြောင်းမှု အဖြစ် ဟာမစ် ကာဇိုင်းရဲ့ သမ္မတ ရာထူးကို အာရှရပ်ဖ် ဂါနီ Ashraf Ghani က လွှဲပြောင်း ယူခဲ့ပြီး သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။
ာဖဂန် သမ္မတသစ် အာရှရပ်ဖ် ဂါနီက IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ ရဲ့ အန္တရာယ် သူ့နိုင်ငံကို ပြန့်နှံ့ လာနိုင်တယ်လို့ သတိပေးလိုက်ပြီး အာဖဂန် နစ္စတန် အနေနဲ့ ပြည်ပက တိုက်ခိုက်ရေး သမားတွေကို မလိုလားဘူးလို့ သူက ပြောပါတယ်။
အာဏာ မျှဝေရေး သဘောတူညီချက် လက်မှတ်ရေးထိုး အပြီး ၈ ရက်အကြာမှာ ပြုလုပ်တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ သမ္မတသစ် အာရှရပ်ဖ် ဂါနီက တာလီဘန်နဲ့ တခြား လက်နက်ကိုင်တွေကို လက်နက်တွေ စွန့်လွှတ်ပြီး နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ကြဖို့ တောင်းဆို လိုက်ပါတယ်။
အာဏာ မျှဝေရေး သဘောတူညီချက် အရ ဝန်ကြီးချုပ် ရာထူးနဲ့ ညီမျှတဲ့ အမှုဆောင် အရာရှိချုပ် ရာထူးကို လက်ခံဖို့ ကျမ်းကျိန်ခဲ့တဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာ ကလည်း ခေါင်းဆောင် ၂ဦး ပူးတွဲပြီး ရိုးသားမှုနဲ့ ယုံကြည်မှုတို့ကို အခြေခံကာ ပိုမို ကောင်းမွန်တဲ့ အနာဂတ် အတွက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
တစ်ချိန်တည်းမှာ အခုလို ကျမ်းကျိန်ပွဲ အခမ်း အနား ပြုလုပ်တဲ့ နေ့မှာပဲ လူ ၁၅ ယောက်ထက် မနည်း သေဆုံး ခဲ့ရတဲ့ ဗုံးပေါက်ကွဲမှု ၂ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကာဘူးလ် မြို့တော် လေဆိပ် အနီးမှာ ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲမှုမှာ လူ ၇ ယောက်ထက် မနည်း သေဆုံးခဲ့ရပြီး နိုင်ငံ အရှေ့ပိုင်း ပက်တီယာ ပြည်နယ်က အစိုးရ အဆောက်အဦးတွေ တိုက်ခိုက် ခံရမှုမှာတော့ နောက်ထပ် ၈ ဦး သေဆုံး ခဲ့ရပါတယ်။
http://www.bbc.co.uk/burmese/world/2014/09/140929_afghan_new_president
ဗလီ အကြီးအကဲကို သတ်မှုနဲ့ တရုတ် လူငယ် ၂ ဦးကို သေဒဏ် ချမှတ်
တရုတ် နိုင်ငံမှာ အကြီးဆုံး ဗလီကြီးရဲ့ အကြီးအကဲကို သတ်ဖြတ်မှုနဲ့ တရုတ် လူငယ် ၂ ယောက်ကို သေဒဏ် ချမှတ် လိုက်ပြီး နောက်ထပ် တစ်ယောက် ကိုတော့ ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ကြောင်း တရုတ် အစိုးရ သတင်း မီဒီယာတွေက ဖော်ပြပါတယ်။
အစိုးရက ခန့်အပ် ထားတဲ့ အစ္စလာမ် တရားဟော ဆရာ Jume Tahir ဟာ နိုင်ငံ အနောက်ဘက် ဖျားက ကက်ရှ်ဂါ မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီသတ်ဖြတ်မှု အတွက် ဘာသာရေး အစွန်းရောက်တဲ့ လူငယ် ဂိုဏ်း တစ်ဂိုဏ်းမှာ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ် ခဲ့ပါတယ်။
သတ်ဖြတ်မှုမှာ ပါဝင်တဲ့ အဲဒီ ဂိုဏ်းဝင် အတော်များများ ကတော့ တရားဟောဆရာ သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေက လိုက်လံ စုံစမ်းစဉ် အတွင်း ပစ်သတ် ခံခဲ့ကြရတယ်လို့ ပြောပါတယ်။
http://www.bbc.co.uk/burmese/world/2014/09/140929_china_muslim_trial
ကိုးနှစ်သား ကာယဗလမောင်လေး ကင်းမြီးကောက် ဒိုက်ထိုးနိုင်ပြီ
ပုံမှာ မြင်တွေ့နေရတဲ့ ကလေးငယ်ကို သိကြမှာပါ။ Giuliano Stroe လို့ အမည်ရတဲ့ ရိုမေနီးယား က အသက် ၉ နှစ်အရွယ် ကလေးငယ်လေး ဖြစ်ပြီး ကမ္ဘာ့ အသန်မာဆုံး ကလေးငယ်အဖြစ် ဂင်းနစ်စံချိန်တင်ထားသူ ဖြစ်ပါတယ်။ သူတင် မကပဲ သူ့ရဲ့ ၇ နှစ်အရွယ် ညီငယ်လေးပါ စံချိန်တင်ထားတာပါ။ ယခု နောက်ဆုံးရ သတင်းကတော့ သံတိုင်ဘားတန်းကို လက်ထောက်လို့ ကင်းမြီးကောက်ထောင် ပုံစံနဲ့ ဒိုက်ထိုးနိုင်ခြင်း ဖြစ်ပါတယ်။
၉၀ ဒီဂရီ အောက်ကို စိုက်ပြီး သံတိုင်ပေါ် လက်ချလို့ ဒိုက်ထိုးတယ် ဆိုတာ သာမန် အရွယ်ရောက်ပြီး လူတစ်ယောက်တောင် မလုပ်နိုင်ပါဘူး။ အသက် ၃ နှစ်သား အရွယ်ကစလို့ ကာယဗလ လေ့ကျင့်လာတဲ့ သူဟာ ရှေ့ဆက်မှာ ထူခြားတဲ့ ဂင်းနစ်စံချိန်များ ပိုတင်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီအတွက် ရိုမေနီးယားက ရုပ်သံတွေမှာ ပြသမှာ ဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ မွေးဖွားပြီး မိဘ နှစ်ဦးစလုံးဟာလည်း ကာယဗလမောင်နဲ့ ဗလမယ်များ ဖြစ်ပါတယ်။ ယနေ့တိုင်လည်း လေ့ကျင့်ခန်း စင်တာ ဖွင့်ထားပြီး သား ၂ ယောက်စလုံးကို ငယ်ငယ်လေးကတည်းက သင်ပေးနေရှာ ပါတယ်။
မူလတန်း ကျောင်းသားအရွယ်တွေသာ ရှိသေးတဲ့ သူတို့ ၂ ယောက်ကို သင်ပေးနေတာ ကျန်းမာရေး အရ ဆိုးကျိုးသက်ရောက်မှု ရှိမရှိကတော့ အငြင်းပွားနေဆဲပါ။ သူတို့လေးတွေရဲ့ ကျန်းမာရေးကို စစ်ဆေးတဲ့ အခါမှာလည်း သာမန်လူထက်တောင် သန်မာလို့ ကောင်းမွန်နေတာ တွေ့ရ ပါတယ်။ ဒါပေမယ့် အခြားကလေးတွေ သူတို့လို လိုက်ဆော့ဖို့ တော့ ဘယ်သူမှ အားမပေးပါဘူး။ ကင်းမြီးကောက်ထောင် ဒိုက်ထိုးတဲ့ ဗီဒီယိုကို http://youtu.be/_NfdTKwFKi8 ထဲမှာ ၀င်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
ဒေါ်လာ ၂၀ တန် ဆေးခြောက်တစ်ထုတ် အတွက် ဒေါ်လာ သိန်းချီတန် စိန်နဲ့ လဲသတဲ
အမေရိကန်ဒေါ်လာ ၁သိန်း၆သောင်းဖိုး တန်ကြေး ရှိတဲ့ စိန်တုံးထုပ် တစ်ထုပ်ကို ကန်ဒေါ်လာ ၂၀ ဖိုးတည်း တန်တဲ့ ဆေးခြောက် တစ်ထုပ်နဲ့ လဲလှယ်တဲ့ ဖြစ်ရပ် အမေရိကန်မှာ ဖြစ်ခဲ့ပါတယ်။
Walter Earl Morrison လို့ အမည်ရတဲ့ အသက် ၂၀ အရွယ် လူငယ်ဟာ UPS လို့ခေါ်တဲ့ အမေရိကန်က သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု ကုမ္မဏီ တစ်ခုမှာ အလုပ်လုပ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်မှာ တာဝန် ထမ်းဆောင်ပြီး သယ်ယူရမယ့် ပစ္စည်းထဲမှာ စိန်ထုပ် တစ်ထုပ်ကို ခိုးယူခဲ့ ပါတယ်။ ပြီးတော့ ဆေးမှောင်ခို ကွန်ရက်ကနေ ကန်ဒေါ်လာ ၂၀ သာ တန်ကြေး ရှိတဲ့ ဆေးခြောက်ထုပ်လေး ရဖို့ အတွက် လဲလှယ်ခဲ့ ပါတယ်။ စိန် တစ်လုံးကို တန်ကြေး အမေရိကန်ဒေါ်လာ ၁သိန်း ရှိပြီး အထုပ်မှာ ပါတဲ့ စိန်ရဲ့ တန်ဖိုးက ကန်ဒေါ်လာ ၁သိန်း၆သောင်း ရှိပါတယ်။
ထုတ်ခွဲရောင်းချဖို့ အတွက် ပွဲစားက ဆိုင်ကြီးမှာ သွားရောက်တော့မှ ဖမ်းဆီးရမိပြီး မူလ ပိုင်ရှင်ဖြစ်သူထံ ပြန်ပေးအပ်ခဲ့ ပါတယ်။ တန်ဖိုးဆိုတာ သိသူ အတွက်သာ ရှိတယ်ဆိုတာကို ယင်း သတင်းဟာ သက်သေပြသွား ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
လူတွေမသိသေးတဲ့ ဂျင်းရဲ့ ကောင်းခြင်း ၁၀ မျိုး
ဟင်းချက်ရာတွင် အသုံးပြုလေ့ ရှိသော ဂျင်းသည် ဟင်းချက်ရာတွင် သာမက အခြားသော နေရာများတွင်လည်း ဆေးဖက်ဝင်ပုံများကို ရေးသား လိုက်ရပါတယ်။
(၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။
(၄) ကိုယ်လက် ကိုက်ခဲမှုကိုလည်း ကောင်းမွန်းစေပါသည်။
(၅) ရင်ပှုခြင်းကိုလည်း သက်သာစေပါသည်။
(၆) ဆီချိုရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါသည်။
(၇) ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၈) အမျိုးသမီးများ ဗိုက်အောင့်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၉) တုပ်ကွေးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
(၁၀) မျိုးအောင်နှုန်းကို ကောင်းစေပါသည်။
Credit: ရိုးရာလေး
ခပ် အေး အေး နေ တတ် လာ ပြီ လို့ ထင် နေ တာ ….အော် …. အို လာ ပြီ ပဲ
1.ခပ် အေး အေး နေ တတ် လာ တယ်၊ ဆူ ညံ နေ တဲ့ ပွဲ လမ်း သ ဘင် တွေ ကို တ ဖြည်း ဖြည်း နဲ့ မ ကြို က် တော့ ဘူး။
2.ရင်း နှီး တဲ့ လူ တွေ နဲ့ ဆို ပြော မ ကုန် ဘူး ၊ တ စိမ်း တွေ နဲ့ စ ကား ပြော နဲ လာ တယ်၊ ၀ါ သ နာ တူ တွေ နဲ့ ပဲ ပေါင်း သင်း ဆက် ဆံ ချင် တယ် ။
3.တီ ဗွီ မ ကြည့် လဲ ဖြစ် တယ်၊ wechat ကို ပို သုံး လာ တယ် ဖုန်း ၊ ကွန် ပြူ တာ က မရှိ မဖြစ် ဖြစ်လာတယ်။
4.အ မြဲ ပြော ဖြစ် တဲ့ စ ကား တစ် ခွန်း က တော့ …. စိတ် ချမ်း သာ ကိုယ် ကျန်း မာ ဖို့ အ ရေး ကြီး တယ်။
5.ရှေး ဟောင်း စာ ပေ တွေ၊ သ မိုင်း တွေ၊ နက္ခတ်၊ပ ထ ၀ီ တွေကို အ လုပ် က အ နား ယူ ရင် လေ့ လာ ဖို့ အား သာ နေ တယ်။
6.၀ါ သ နာ ထဲ မှာ အား က စား က လည်း မ ပါ မ ဖြစ် ပါ လာ တယ်။
7.သူ ငယ် ချင်း တွေ ကို အ ရက် ဆေး လိပ် မ သောက် ဖို့ တား မြစ် လာ တယ်။
8.ကောင်း တာ ရော မ ကောင်း တာ ရော အ ပေါင်း အ သင်း တွေ ကို လည်း လျော့ ပြီး ကျစ် လစ် အောင်လုပ် တယ်။
9.အ ရင် က နှ မျော လို့ မ ၀ယ် သုံး ရက် တဲ့ ပစ္စည်း တွေ ကို ၀ယ် လာ တယ်
10.အ ဖေ အ မေ နဲ့ အ တူ စ ကား ပြော တာ ကို သ ဘော ကျ တယ်၊ အိမ် မှာ နေ တာ ကို ပဲ သ ဘော ကျ တယ်။
11.နှစ် စဉ် အ ချိန် မှန် ဆေး စစ် တယ်။
12.ခ ရီး ထွက် တာ အ လေ့ အ ကျင့် ဖြစ် လာ တယ်။
13.ရေ နွေး ကြမ်း သောက် တာ ကို ဂ ရု ပြု လာ တယ်၊ ထ မင်း ဟင်း ကို လည်း ပေါ့ ပေါ့ ရှင်း ရှင်း ကြို က် လာ တယ်။
14.စိတ် ထား က လည်း ပို နူး ညံ့ လာ တယ်၊ ထိပ် တိုက် စ ကား များ မှု တွေ အ လွယ် တ ကူ မ ဖြစ် တော့ ဘူး။
15.ကျန်း မာ ရေး ကို ဂ ရု ပြု လာ တယ်၊ အ သေး စား လေး တွ ကို ကု တတ် လာ တယ်။ ဆေး ၀ါး အ ကြောင်း ကျွမ်း ကျင် လာ တယ်။
16.အ င်္ကျီ နဲ့ ဖိ နပ် ကို သက် တောင့် သက် သာ ဖြစ် ဖို့ ပဲ အ ဓိ က ထား တယ် ၊ ကျန်း မာ အောင် နေ ထိုင် နည်း တွေ ရဲ့  အ ရေး ကြီး တာ တွေ ကို ယုံ ကြည် လာ တယ်။
သေ ချာ တွက် ကြည့် လိုက် နော်၊ ဘယ် နှစ် ချက် လောက် က သင် စိတ် ထဲ ကို ရောက် သွား ပြီ လဲ?
ဒီ အ ချက် တွေ ပြည့် စုံ ပြီ ဆို ရင် ဖြင့် ၊ ကိုယ် ကို ကိုယ် အ ဆင့် မြင့် သွား ပြီ လို့ မ ထင် နဲ့၊ ငါ အို သွား ပါ လား လို့
cho phyu phyu myint
Sunday, September 28, 2014
အရွယ်မရောက်သေးသည့်ကလေး စပယ်ယာလုပ်နေရ
အရွယ်မရောက်သေးသည့် ကလေးကို ခရီးသည်တင်ယာဉ် လိုင်း၌ စေခိုင်းနေမှုရှိလာ
သည့် အတွက်မထသတာဝန်ရှိသူများအနေဖြင့် စိစစ်ကြပ်မတ်ရန်လို အပ်နေပြီဖြစ်ကြောင်း ခရီးသွား  တချို့ကပြောကြားကြသည်။
ယင်းကဲ့သို့စေခိုင်းမှုကိုတွေ့  မြင်ခဲ့ရသည့်ခရီးသွားတစ်ဦးက “မထသ ၃၂ ယာဉ်လိုင်းကို တက်စီးတယ်။  ယာဉ်စီးခလာ တောင်းသူကိုကြည့်လိုက်တော့  ကလေးအရွယ်ပဲရှိသေးတယ်။ အသက်က ၁၁ နှစ်ယောက်ပဲရှိ မယ်။ ကိုယ့်သားအရွယ်လောက်  ပါပဲ။ ကိုယ်ကသာကလေးအရွယ်  လို့ထင်တာ။ သူကလည်း ခေသူ မဟုတ်ဘူး။ လူကြီးစပယ်ယာတွေ အတိုင်းပဲ။
 အော်လိုက်၊ ငေါက် လိုက်နဲ့ သွက်လိုက်တာမှ လှစ်နေ  တာပဲ။ ဒီအရွယ်တွေက လိုင်းကား ပေါ်မှာရှိရမယ့်အရွယ်တွေမဟုတ်  ဘူးလေ။ စာသင်ကျောင်းထဲမှာ ရှိရမယ့်အရွယ်လို့ကိုယ်ကတော့    ထင်တယ်။ လိုင်းကားစပယ်ယာ အလုပ်ဆိုတာ ပင်ပန်းသလိုအန္တ ရာယ်လည်းများတယ်။ တစ်ခုခု ဖြစ်ရင်အဲဒီကလေးကိုဘယ်လို အရေးယူမလဲ။ ဒီကလေးတစ်ခုခု ဖြစ်ရင်ရောဘယ်သူကတာဝန်ယူ ပေးမှာလဲ။ မထသအနေနဲ့ အရွယ်  မရောက်သေးသူတွေကို ယာဉ် လိုင်းမှာ အလုပ်ခန့်ရင်အရေးယူ ပေးစေချင်တယ်”ဟုပြောသည်။
မြန်မာနိုင်ငံ၌အရွယ်မရောက်  သေးသူများကို ပင်ပန်းသည့် အလုပ်များ ခိုင်းစေခွင့်မရှိဘဲစေ ခိုင်းခဲ့ပါက ကလေးသူငယ်ဥပဒေ  အရအရေးယူနိုင်ကြောင်း သိရပြီး  မြန်မာ့တပ်မတော်က  အရွယ် မရောက်သေးသူများကိုတပ်သား   သစ်အဖြစ်စုဆောင်းခဲ့သောကြောင့်  တိုင်ကြားမှုများရှိခဲ့ပြီး တပ်မတော်  မှပြန်လည်နုတ်ထွက်ခွင့်ပြုရသည့်  ဖြစ်စဉ်များလည်းရှိခဲ့ဖူးသည်။
Hot News Journal
မွန်လူငယ်( ၁၇ )ဦးထံမှမေ၀င်းကုမ္ပဏီကျပ်ငွေသိန်းတစ်ရာကျော် လိမ်ယူကိစ္စညှိနှိုင်းမှုဖြင့်ကျေအေး
စက်တင်ဘာ ၂၈
ကျပ်ငွေ ခြောက်သိန်းကျော် ခန့်ကုန်ကျပြီးလာရောက်ခဲ့ကြရသည့် မွန် အလုပ်သမား
၁၇ဦးအား ဘန်ကောက် MOEAF တာဝန်ကျသူနှင့်  MAT တို့  ကြားဝင်ညှိနှိုင်းမှုဖြင့်
ကျေအေးခဲ့ကြကြောင်း သိရှိရသည်။
မေ၀င့်ကုမ္ပဏီနှင့် အတူတကွ အလုပ်လုပ်ကြသည့်  မင်းထက်နိုင် ဆိုသူနှင့်မွန်ပွဲစားအမျိုးသမီးတစ်ဦးတို့က အလုပ်သမားများထံမှ ငွေယူထားကြကြောင်း ၀န်ခံပြောဆိုကြသည်။
             ပွဲစားမင်းထက်နိုင် က အလုပ်သမားများအား အလုပ်လုပ်ခွင့်ပါမစ်အား နောက်တစ်ပါတ်အတွင်း အပြီး လုပ်ကိုင်ပေးရန်နှင့် တစ်ဦးလျှင် ဘတ်ငွေ ၂,၅၀၀ စီအားပြန်ပေးရန်သဘောတူသည်။ ထို့အပြင် အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းစီတို့အားလည်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လည်ပေး အပ်ရန် မေ၀င့်ကုမ္ပဏီ တာဝန်ရှိသူ ဦးမြင့်အောင်က တာဝန်ယူခဲ့သဖြင့် အလုပ်သမားများ ကျေနပ်ခဲ့ကြသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အတွင်းရေးမှူး ကိုခိုင်ကြီး က“ အလုပ်သမားတွေ ကျေနပ်ရင်ပြီးတာပါပဲ။ လုပ်ငန်းစဉ်တွေတော့မှားနေတယ်။ ကျနော်တို့နဲ့ တွေ့လို့တော့  အဆင်ပြေသွားတာပေါ့။ ကျနော်တို့မသိတဲ့ အလုပ်သမားတွေကို ကုမ္ပဏီတွေ ဘယ်လောက် မတရား လုပ်ထား ကြသလဲ။ နက်ဖြန်လည်း MOU ကိစ္စပဲ ကျနော်တို့ သွားရှင်းရအုံးမယ်။ အလုပ်သမားတွေက အားကိုးရာမဲ့တယ်။ ကျနော်တို့ကို အကူညီတောင်းကြတယ်။ ကျနော်တို့ကို အေဂျင်စီတွေက အမြင် မကြည်ကြဘူး။ ကျနော်တို့မှ ဒီအလုပ်သမားတွေကိုမကူညီရင်လည်း ကူညီမယ့်သူက မရှိဘူး” ဟုပြောသည်။
   အလုပ်သမားများနှင့် ပွဲစားတို့၏ သဘောတူညီချက်အရ  အလုပ်လုပ်ခွင့်ပါမစ်တွင် ပြောင်းရွှေ့ခွင့်ပါ တစ်ခါ တည်းလုပ်ပေးပြီး အလုပ်အကိုင်ကိုမူ အလုပ်သမားများ မိမိဖာသာရှာဖွေလုပ်ကိုင် ကြမည်ဖြစ်ကြောင်း သဘောတူညီကြသည်။
ရွှေလုပ်သား
ဗဟန်းမြို့နယ်၌ အိမ်စီးကားအချို့အား မျက်နှာဖုံးစွပ်လူအချို့မှ မင်းမဲ့စရိုက်ဆန်စွာ တုတ်၊ အုတ်ခဲဖြင့်ရိုက်ခွဲမှု သုံးလအတွင်း နှစ်ကြိမ်ဖြစ်ပွားသော်လည်း ရဲတပ်ဖွဲ့မှ အရေးယူခြင်းမရှိခဲ့
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အိမ်စီးကားအချို့အား မျက်နှာဖုံးစွပ်လူအချို့မှ မင်းမဲ့စရိုက်ဆန်စွာ တုတ်၊ အုတ်ခဲဖြင့် ရိုက်ခွဲမှု သုံးလအတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့နယ်အတွင်း နေထိုင်သူများထံမှ သိရသည်။
အဆိုပါရိုက်ခွဲခံရမှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး လုံခြုံရေးကင်မရာ CCTVမှတ်တမ်းများဖြင့် ကာယကံရှင်များမှ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ရဲစခန်းမှ ရဲအရေးမပိုင်မှုဖြစ်သဖြင့် တရားရုံးကိုသာ ဦးတိုက်လျှောက်စေခဲ့ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ကား ရိုက်ခွဲခံရတဲ ညမှာပဲ ရဲစခန်းကို သွားတိုင်ခဲ့တယ်။ ဒါပေမဲ့ တတ်နိုင်သမျှ စုံစမ်းပေးမယ်၊ ကြိုးစားပေးမယ်လို့ ပြောပေမယ့် တိုင်ချက်ဖွင့်မပေးဘူး။ ကျွန်တော်တို့ပြတဲ့ ကင်မရာမှတ်တမ်းတွေကိုပြတော့ ရဲအရာရှိပါးစပ်က ဒါဟာ မင်းမဲ့စရိုက် ဆန်တယ်လို့သာ ပြောတယ်။ အကျိုးပျက်စီးမှု ပုဒ်မ-၄၂၇ ဟာ ရဲအရေးမပိုင်ဘူး။ တရားရုံးကိုပဲ ဦးတိုက်လျှောက်ပါလို့ ပြောတယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့ဆိုရင် နာမည်နဲ့လိပ်စာပါမှရမယ်။ ကျွန်တော်တို့မသိလို့ တိုင်ပါတယ်ဆိုမှ အခုလိုပြောတော့ အကူအညီမဲ့သလို ခံစားရတယ်” ဟု ကားမှန်ရိုက်ခွဲခံရသည့် ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသန့်စင်လင်းက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်UHCဆေးရုံအနီး တိုက်အမှတ်( —) ရှေ့ ယာဉ်ရပ်နားနေရာတွင် ရိုက်ခွဲမှုဖြစ်စဉ် သုံးလအတွင်း နှစ်ကြိမ်၊ အဆိုပါနေရာအနီးရှိ ကားများကို သံချောင်းဖြင့်ခြစ်ခြင်း တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပထမအကြိမ် ရိုက်ခွဲမှုဖြစ်စဉ်မှာ ဇွန် ၂၆ ရက် ည ၁ နာရီခန့်တွင် ယင်းတိုက်ရှေ့သို့ အနက်ရောင်ကားတစ်စီးမှ ရောက်လာပြီး ယင်းကားပေါ်မှ မျက်နှာကိုအဝတ်ဖြင့် စည်းထားသော အမျိုးသားတစ်ဦးနှင့် အပေါ်ပိုင်း ဗလာကျင်း အမျိုးသားတစ်ဦးတို့က လက်ကိုင်တုတ်များကိုင်ကာ ရပ်ထားသောNissan Skyline အမျိုးအစားယာဉ်အား ရိုက်နှက်ပြီးနောက် ပြန်လည်မောင်းနှင် ထွက်ပြေးခဲ့ကြောင်း စီစီတီဗွီမှတ်တမ်းများအရ သိရသည်။
ထို့ပြင် ဒုတိယအကြိမ်ဖြစ်စဉ်အဖြစ် စက်တင်ဘာ ၁ ရက် ည ၂ နာရီ ၂၂ မိနစ်ခန့်တွင် အဆိုပါတိုက်ရှေ့သို့ အဖြူရောင်မတ်တူး ဗင်ကားတစ်စီးရောက်ရှိလာပြီး ကားပေါ်မှ မျက်နှာအား အဝတ်ဖြင့်စည်းထားသော အမျိုးသားတစ်ဦး ဆင်းလာကာ အဝတ်ပတ်ထားသော အုတ်နီခဲ့ဖြင့် အဆိုပါတိုက်ရှေ့ရပ်ထားသော အိမ်စီးကားနှစ်စီးနှင့် Nissan Juke အမျိုးအစားယာဉ်တို့၏ ရှေ့မှန်များကို ရိုက်ခွဲပြီးနောက် ပြန်လည်မောင်းနှင် ထွက်ပြေးခဲ့ကြောင်း စီစီတီဗွီမှတ်တမ်းများအရ သိရသည်။
နှစ်ကြိမ်တိုင် ၎င်း၏ယာဉ်နှစ်စီး ဖျက်ဆီးခံရသော ကိုမျိုးမင်းက “ကျွန်တော်တို့မှာ ညဘက်ဆို မအိပ်ရဲဘူး။ ကင်းစောင့်နေရတယ်။ ကိုယ့်ကားလေး ဘာဖြစ်သွားမလဲဆိုပြီး။ မနက်မိုးလင်းလို့ အောက်ကြည့်လိုက်ရင်း အကောင်းတိုင်းဖြစ်နေမှ စိတ်အေးရတယ်။ ပထမရိုက်ခွဲခံရတဲ့ကားကို ဒီရှေ့မှာ မထားရဲတော့လို့ မြေနီကုန်းမှာ ပိုက်ဆံပေးပြီးသွားထားရတယ်။ တာဝန်ရှိသူတွေအနေဖြင့် ကျူးလွန်တဲ့သူတွေကို ဖိဖိစီးစီးရှာဖွေပေးစေချင်ပါတယ်”ဟုဆိုသည်။
ယင်းကဲ့သို့ ရိုက်ခွဲဖျက်ဆီးမှု စီစီတီဗွီ ကင်မရာမှတ်တမ်းများကို မြို့နယ်၊ ခရိုင်ရဲ တပ်ဖွဲ့များထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ကာယကံရှင်များက ပြောကြားသည်။
“ ဒီကိစ္စနဲ့ ပတ်သက်ပြီး စခန်းမှူးကို တင်ပြထားပါတယ်။ စီစီတီဗွီမှာလည်း ကားနံပါတ်က မမြင်ရဘူး။ အကျိုးပျက်စီးမှုဆိုတော့ ရဲအရေးမပိုင်ဘူး။ ကျွန်တော်တို့အနေနဲ့လည်း လှည့်ကင်းဝပ်ကင်းတွေနဲ့ ဆောင်ရွက်နေပါတယ်။ ဖြစ်တဲ့အချိန်၊ နေ့ရက်တွေကို ယာဉ်ထိန်းကိုပို့ပြီး စုံစမ်းခိုင်းထားပါတယ်” ဟု ဗဟန်းမြို့မရဲစခန်းသို့တိုင်ကြားစဉ်က တာဝန်မှူးအဖြစ်ဆောင်ရွက်ခဲ့သော ဒုရဲအုပ်တစ်ဦးက ဆိုပါသည်။
ယခုဖြစ်စဉ်ကဲ့သို့ မင်းမဲ့စရိုက်ဆန်သည့် ဖြစ်စဉ်များသည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပိုမိုဖြစ်ပွားနေသည်ကို တွေ့ရှိရပြီးတရားစီရင်ရေးယန္တရားတွင် ပါဝင်သည့် တရားသူကြီးများ၊ ရဲများ၊ ဥပဒေများ၌ အားနည်းချက်များ ရှိနေသည်ကို သက်သေပြနေကြောင်းနှင့် အဆိုပါ မင်းမဲ့စရိုက်ဆန်မှုများသည် တရားဥပဒေစိုးမိုးမှုမရှိသည်ကို သင်္ကေတသဖွယ်ဖြစ်နေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
Eleven Media
ထူးဆန်းသောနည်းဖြင့် သေဆုံးခဲ့သည့် ကမ္ဘာကျော်များ
- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်
သေသွားပါတယ်။
- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။
- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။
- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။
- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခု
ရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။
- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။
- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့
တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။
- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီး
နိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်
ပါတယ်။အဲဒီလိုလုပ်နေရင်းနဲ့ပဲသူ အအေးပတ်ပြီးသေသွားပါတယ်။
- ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို
အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါ
တယ်။
- ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။
အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။
ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။
- ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့
ကြိုးဆွဲချသေသွားပါတယ်။
- ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာ
ကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။
- ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး
မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။
- ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး
ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။
- ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွား
ပါတယ်။
- ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့
လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။
နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။
- အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့
သေသွားပါတယ်။
- အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်
လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်
တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။
- ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်
တက်ပြီး သေသွားပါတယ်။
ဂျွန်ဒီလင်းဂါးဆိုတာ အမေရိကန်မှာ နံပတ်တစ် လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူ့ကို အသေပဲဖြစ်ဖြစ်
အရှင်ပဲဖြစ်ဖြစ် ဖမ်းမိခဲ့ရင် ဆုငွေ ဒေါ်လာတစ်သောင်းပေးမယ်လို့အစိုးရက ကြေငြာလိုက်ပါတယ်။ စုံထောက်အဖွဲကလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ လူဆိုးကြီးဟာ ဆရာဝန်တစ်ယောက်
ကို ဒေါ်လာငါးထောင်ပေးပြီး သူ့မျက်နှာကို ခွဲစိတ်ပြုပြင်ပါတယ်။ လက်ဗွေရာတွေကိုလည်း ဖျက်ဆီးပါတယ်။
ဆရာက၀န်က အတတ်နိုင်ဆုံးကူညီပေမယ့် မေ့ဆေးပေးတာ လွန်သွားလို့ သေသွားပါတယ်။
Credit - Original Writer
The Express Times
ပန်းချီဆရာ ဇွဲရန်နိုင်၏ To Value Something
မြန်မာ့ဆိုရှယ်လစ်ပါတီအာဏာလွမ်းမိုးခဲ့သည့် ခေတ်ကာလများက တရားမ၀င်ကြောင်းဖျတ်သိမ်းခဲ့သည့် ငွေစက္ကူအများအပြားဖြင့် ဖန်တီးထားသည့် ပန်းချီဆရာ ဇွဲရန်နိုင်၏ To Value Something အမည်ဖြင့် Solo Exhibition ကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ၊ အလယ်ဘလောက် ၊ အမှတ်(၁၄၄) ဒုတိယထပ် မှာရှိတဲ့ Pansodan Scene ပန်းချီပြခန်းမှာ စက်တင်ဘာလ(၂၇)ရက်နေ့ကနေ အောက်တိုဘာလ(၁)ရက်နေ့ အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ် ။ ဖျတ်သိမ်းခံထားရတဲ့ ငွေစက္ကူများနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ ပန်းချီကားတွေအများအပြားပြသထားတဲ့ To Value Something ပန်းချီပြပွဲကို ပြပွဲကာလအတွင်း နေ့စဉ် နံနက်(၉)နာရီကနေ ညနေ(၆)နာရီအထိ လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
ဘူးသီးတောင်မြို့နယ်မှ အဓမ္မပြုကျင့်သူ တစ်ဦး ထောင်တစ်သက်တစ်ကျွန်းချမှတ်ခံရ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီကျေးရွာသား တစ်ဦးအား တောင်ပေါ်သူ အမျိုးသမီး ကျောင်းဆရာငယ် တစ်ဦးအပေါ် အဓမ္မပြုကျင့်မူဖြင့် မောင်တောခရိုင် တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။
“ ဒီလ ၂၄ ရက်နေ့က မောင်တောခရိုင် တရားရုံးက ချမှတ်လိုက်တာပါ။ ပုဒ်မ ၃၇၆ မုဒိမ်းမူနဲ့ ထောင်ချလိုက်တာပါ” ဟု မောင်တောမြို့မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ဆိုသည်။
ထောင်ချခံရသူမှာ ဘူးသီးတောင်မြို့နယ် စဟုန်းဘင်္ဂလီရွာမှ မာမောက်တော်ယော့ (၃၀) နှစ် ဖြစ်သည်။
ယခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့နယ် စဟုန်းခမီးရွာနေ (မ——-) အသက် (၁၇) နှစ်သည် ၎င်း၏ ရွာနီးချင်းစပ် လိပ်ရကျေးရွာတွင် စာပြပြီး မိမိကျေးရွာ စဟုန်းသို့ အဖေါ်မိန်းလေး တစ်ဦးနှင့် ပြန်စဉ် လမ်းခရီးတွင် ၀ါးထမ်းလာသူ ဘင်္ဂလီ လူမျိုးတစ်ဦးမှ ဓါးဖြင့်ထောက်င်္ပြီး အဓမ္မပြုကျင့်ခဲ့သည်။
ယင်းဖြစ်စဉ်တွင် အဖေါ်အဖြစ်လိုက်ပါလာသူ မိန်းခလေးငယ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အဓမ္မပြုကျင့်ခံခဲ့ရသူ ခမီးအမျိုးသမီးငယ်မှာ လိပ်ရကျေးရွာတွင် စပါးတောင်းဖြင့် စာပြနေသော ရွာဆရာမ တစ်ဦးဖြစ်ပြီး အဓမ္မပြုကျင့်ခံရမူအား အဆိုပါနေ့တွင်ပင် နီးစပ်ရာ ရဲစခန်းတွင် အမူဖွင့်တိုင်ကြားခဲ့သည်။ သူမအား အဓမ္မပြုကျင့်သူဟု စွပ်စွဲခံရသူ မာမောက်တော်ယော့ (၃၀) နှစ် နယ်စပ်လုံခြုံရေး တပ်ဖွဲ့မှ ဖမ်းဆီးပြီး ပြစ်မူကြီး အမှတ် ၃၀/ ၂၀၁၄ ဖြင့် မောင်တောခရိုင် တရားရုံးတွင် ရုံးတင် တရားစွဲဆိုခဲ့သည်။
ယင်းအမူအား မောင်တောခရိုင် တရားရုံးမှ တစ်လကျော်ကြာစစ်ဆေးပြီးနောက် ပြစ်မူထင်ရှားသဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။
နိရဉ္စရာ- ၂၇ စက်တင်ဘာ ၂၀၁၄
အင်္ဂလိပ်လို ပြုံးတယ်
ဂျာမနီရောက် အင်္ဂလန်သူ
အင်္ဂလန်နိုင်ငံသူ ဂျင်းနီတစ်ယောက် ကျောင်းနေရမယ့်အရွယ် ရောက်လာပြီ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်ထဲမှာပဲ အဖေက ဂျာမနီနိုင်ငံကို သံရုံးအမှုထမ်းအနေနဲ့ ပြောင်းရွှေ့ဖို့ အမိန့်ကျလာတယ်။ ဝန်ထမ်းဆိုတာ ကမ်းနားသစ်ပင် ဖြစ်လေတော့ ပြောင်းဆို ပြောင်းရုံပေါ့။ ရာထူးလည်း တိုးလာတာကိုး။ ဒီလိုနဲ့ ဂျင်းနီတစ်ယောက် သူ့မိသားစုနဲ့အတူ ဂျာမနီနိုင်ငံကို ရောက်လာတယ်။ ရောက်လို့မှ တစ်လမပြည့်သေးဘူး၊ ဂျာမနီနိုင်ငံမှ မူကြိုကျောင်းတစ်ကျောင်းကို ကျောင်းစတက်ရတယ်။ သူတို့နိုင်ငံမှာ မူကြိုကျောင်း ဆိုတာကNursery ဆိုတဲ့အတိုင်း ပြုစုရုံ၊ ပျိုးထောင်ရုံ၊ စောင့်ရှောက်ရုံဖြစ်ပြီး စာကိုအတင်းအဓမ္မ (မတတ်ရကောင်းလားဆိုတဲ့ စိတ်လောဘနဲ့) သင်မပေးသေးပါဘူး။ မူကြိုကျောင်းမှာ သီချင်းဆိုမယ်၊ ကမယ်၊ ကစားမယ်၊ စကားပြောမယ်၊ အိပ်မယ်၊ စားမယ်၊ ပြေးလွှားခုန်ပေါက် လွတ်လွတ်လပ်လပ်နေမယ်၊ သဘာဝကို ကလေးနဲ့ လက်ပွန်းတတီး ထိတွေ့စေရမယ်။ ဆရာက တိုက်ရိုက်စာသင် မပေးသေးဘူး။ ကလေးဘာသာ သဘာဝအရ သူခံစားသလို၊ မြင်သလို သင်ယူစေတယ်။ ဒီလိုနဲ့ ဂျင်းနီတစ်ယောက်လည်း ဆော့လိုက်၊ ကလိုက်နဲ့ မူကြိုကျောင်းကို ပျော်ပျော်ရွှင်ရွှင် တက်နေပါတယ်။
ဒါပေမဲ့ သူ့စိတ်ထဲမှာ မကျေနပ်တာ တစ်ခုပေါ်လာတယ်။ သူ့ဘေးနားက သူ့ရွယ်တူ ကောင်လေး၊ ကောင်မလေးတွေက သူ့ကိုဟက်ဟက်ပက်ပက် စကားမပြောကြဘူး။ သူကလှမ်းပြောလည်း ကောင်လေး၊ ကောင်မလေးတွေက သူ့ကိုမျက်လုံးလေး ကလယ်ကလယ်နဲ့ ရပ်နားထောင်ပြီး လှည့်ထွက်သွားတယ်။ ဒါနဲ့ အိမ်ပြန်ရောက်တော့ သူ့အမေကို ပြန်ပြောပြတယ်။ သူ့မှာ စကားပြောဖော် သူငယ်ချင်းတွေ မရှိဘူး။ သူစကားပြောရင်လည်း သူတို့က ပြန်မပြောဘူး။ စိတ်တိုတယ်လို့ ပြန်ပြောပြတယ်။ သည်တော့ အမေက မင်းသူငယ်ချင်းတွေက ဂျာမန်လူမျိုးတွေ၊ မင်းက အင်္ဂလိပ်လူမျိုး လူမျိုးမတူရင် ဘာသာစကားလည်း မတူဘူး။ ဒါကြောင့် သူတို့ပြောတာ သမီးနားမလည်သလို သမီးပြောတာလည်း သူတို့နားမလည် တာကြောင့်ပေါ့။ တစ်နေ့နေ့ သမီးနဲ့ ဘာသာတူတဲ့လူတွေ့ရင် သမီးစကားပြောလို့ ရမှာပေါ့လို့ ရှင်းပြတယ်။ သည်တော့မှ ဂျင်းနီတစ်ယောက် နည်းနည်းသဘော ပေါက်သွားတယ်။ ဘာသာစကားမတူရင် စကားပြောလို့မရဘူးတဲ့။ ဒါဆိုကမ္ဘာပေါ်မှာ ဘာသာမတူသူတွေ စကားပြောလို့ မရကြတော့ဘူးလာ။ ဘာသာစကားတွေက ဘယ်လောက်များများ ပြားနေသလဲ။ ဒါဆို လူချင်းအတူတူ စကားပြောလို့ မရမယ့်သူတွေ ဘယ်လောက်ရှိနေမလဲ။ ဂျင်းနီတစ်ယောက် အတော်လေး ခေါင်းရှုပ်သွားပါတယ်။
ဂျင်းနီ နားမလည်နိုင်တော့ပါဘူး။ သူနဲ့ ကျောင်းထဲက ကောင်လေး၊ ကောင်မလေးတွေ အတူတူပဲ မဟုတ်လား။ သူနဲ့ သူတို့နဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံ မတူတာ မရှိပါဘူး။ သေသေချာချာ လေ့လာကြည့်မိလေ ဂျင်းနီနဲ့ သူတို့ဟာ ပိုတူလေလေပါပဲ။ သူတို့စားသလို ဂျင်းနီစားတယ်။ သူတို့ ကစားသလို ဂျင်းနီကစားတယ်။ သူတို့နဲ့ ဂျင်းနီကြားမှာ မတူတာဆိုလို့ သူတို့ပြောတာ ဂျင်းနီနားမလည်တာ တစ်ခုပဲရှိတယ်။
ဒီလိုနဲ့ မူကြိုကျောင်းမှာ နှစ်လကြာလာတဲ့ နေ့လယ်ခင်းတစ်ခုမှာ ဂျင်းနီတစ်ယောက်တည်း ကစားစရာအချို့နဲ့ ကစားနေပါတယ်။ ဒီလိုကစားနေတုန်း ဂျင်းနီလက်ထဲမှာ ပုလင်းအဖုံးက လက်ကချော်ထွက်ပြီး လွင့်သွားပါတယ်။ ဘယ်ဘက်ကို လွင့်စဉ်သွားမှန်းမသိလို့ မတ်တတ်ရပ်ပြီး ဟိုကြည့် ဒီကြည့် လိုက်ကြည့်မိပါတယ်။ ဒီအချိန်မှာ ဒီမနက်မှ ကျောင်းကိုရောက်လာတဲ့ နယ်သာလန်နိုင်ငံသူလေးက ဂျင်းနီအဖုံးကို ကိုင်လာပြီး ပေးပါတယ်။ ဂျင်းနီက သူ့ကိုကျေးဇူးတင်တဲ့ အနေနဲ့ အားရပါးရ ပြုံးပြလိုက်ပါတယ်။ နယ်သာလန်သူလေးကလည်း အားရပါးရ ပြန်ပြုံးပြပါတယ်။
ဂျင်းနီလေး အိမ်ပြန်ရောက်တော့ သူ့အမေကို နေ့ခင်းကအကြောင်း ပြန်ပြောတယ်။
“အမေရေ.. အမေ.. သမီး သူငယ်ချင်း တစ်ယောက်ရပြီ”
“ဟုတ်လား”
“သူက နယ်သာလန်သူ အမေရဲ့”
“အင်း ဆိုပါဦး”
“သူက သမီးနဲ့ စကားပြောတာချင်း မတူပေမယ့် ပြုံးပြတာကျတော့ သမီးတို့ အင်္ဂလန်သူတွေလိုပဲ ပြုံးပြတယ်”
“ကောင်းတာပေါ့ သမီးရယ်”
တစ်ကမ္ဘာလုံး ပြုံးတတ်တယ်
ဂျင်းနီဆိုတဲ့ ကလေးမတစ်ယောက်က အပြုံးကို အင်္ဂလန်သူတွေပဲ ပိုင်ဆိုင်တယ်လို့ ထင်ထားပုံရပါတယ်။ နယ်သာလန်သူရဲ့ အပြုံးဟာ သူတို့အင်္ဂလန်သူတွေသာ ပိုင်ဆိုင်တဲ့အပြုံးကို ယူပြုံးတယ်လို့ အတ္တကြီးကြီး၊ အမြင်ကျဉ်းကျဉ်းနဲ့ ကလေးလို မှတ်ယူလိုက်ပါတယ်။
စင်စစ် ရင်ထဲက ခံစားချက်တွေဟာ လူမျိုးကိုလိုက်ပြီး၊ ဘာသာကိုစွဲပြီး၊ နိုင်ငံကို မှီပြီး၊ ဒေသကိုအခြေခံပြီး ပြောင်းလဲဖြစ် ပေါ်နေတာမဟုတ်ပါဘူး။ ရင်ထဲ၊ နှလုံးသား ထဲက စီးယိုစိမ့်ထွက်လာတဲ့ဖြစ်စဉ်ကို ရုပ်ခန္ဓာအနေနဲ့ သရုပ်ဖော်ပေးတာသာ ဖြစ်ပါတယ်။ နှလုံးသားက ပျော်နေရင် ရုပ်သင်္ကေတက ပြုံးနေ၊ ရယ်နေ၊ မျက်နှာက ရွှင်ပြနေမှာပါ။ အင်္ဂလိပ်လည်း ပြုံးတတ်တာပဲ။ ဂျာမနီလည်း ရယ်တတ်တာပဲ။ မြန်မာတွေလည်း ရွှင်ပြုံးနေတတ်တာပဲ။
အတ္တတွေနဲ့ ရုပ်ခန္ဓာကို မာအောင်၊ တင်းအောင်၊ ထက်အောင်၊ စမတ်ကျအောင်၊ သူများထက်သာအောင်၊ ဘယ်လိုတည်ဆောက် ထားထား၊ နှလုံးသားက ခံစားချက်ကို ရုပ်ခန္ဓာက တာရှည်တောင့်ခံ ဖုံးဖိမထားနိုင်ပါဘူး။ အင်္ဂလိပ်တွေက စမတ်ကျတယ်။ ကိုရီးယားတွေက ချစ်ဖို့ကောင်းတယ်။ မြန်မာတွေက ဖော်ရွေတယ်လို့ ယေဘုယျကောက်ချက် ဆွဲကြပေမယ့် နှလုံးသားထဲ ဝင်ကြည့်တဲ့အခါ နှလုံးသားရပ်ဝန်းမှာရှိတဲ့ ဖြူစင်မှု၊ ညစ်ပတ်မှု၊ သဘောထားကြီးမှု၊ သဘောထားမကြီးမှုတွေက ရာခိုင်နှုန်းချင်း၊ အတိုင်းအဆ ပမာဏချင်း၊ ပိန်မသာ လိန်မသာ ရှိနေကြတာပါ။ သူ့လူမျိုးက နိမ့်တယ်။ ကိုယ့်လူမျိုးက သာတယ်လို့ အတ္တရှိကြတဲ့ ပုထုဇဉ်လူသားများပီပီ ထင်တစ်လုံးနဲ့ ထင်နေကြပေမယ့် အပြုံးတွေက အတူတူပါပဲ။
မျက်ရည်ကျ ငိုယိုနေတဲ့ လူတစ်ယောက်ကို ပျော်နေတယ်လို့ ယေဘုယျယူဆလို့ မရပါဘူး။ ဒါဟာကမ္ဘာပေါ်ရှိတဲ့ လူသားတိုင်းရဲ့ ယေဘုယျကျတဲ့ သရုပ်သကန်ပဲဖြစ်ပါတယ်။ ထို့အတူ တုတ်ဆွဲ၊ ဓားဆွဲ ရမ်းကားနေတဲ့ လူတစ်ယောက်ဟာ မေတ္တာတရားတွေ ပြည့်ဝနေတယ်။ နူးညံ့ပျော့ပျောင်းနေတဲ့ နှလုံးသားပြည့်လျှမ်း နေတယ်လို့ ယူဆလို့ မရပါဘူး။ ကြမ်းတမ်းနေတယ်။ ရိုင်းစိုင်းနေတယ်ဆိုတာ ထင်ရှားနေတဲ့ မြင်ကွင်းပါ။
ဆိုတော့ ပြုံးတယ်၊ ရယ်တယ်၊ ငိုတယ်၊ စိတ်ဆိုးတယ်၊ စိတ်ရွှင်လန်းတယ်၊ ချစ်တယ်၊ မုန်းတယ်စတဲ့ ဟန်ဆောင်လို့ မလွယ်ကူတဲ့ လူသားရဲ့ ပကတိဖြစ်ရပ်တွေဟာ လူသားမှန်သမျှမှာ ထင်ဟပ်ပေါ်လွင်နေမှာပါ။ ဘာသာစကား ကြွယ်ကြွယ်ဝဝ ဖော်ပြနေပေမယ့် နှလုံးသာရဲ့ ပကတိခံစားချက်က ဘာသာစကား မလိုပါဘူး။ ဝေါဟာရကြွယ်ကြွယ် မလိုပါဘူး။ ချစ်နေလျက်နဲ့ မုန်းတယ်ဆိုတဲ့ စကားပြောနေတာဟာ စကားလုံးခေါ်တဲ့ ဝေါဟာရဖွံ့ဖြိုး လာမှုကြောင့် ဖြစ်ပါတယ်။ ဝေါဟာရကြွယ်လေလေ၊ နှလုံးသားရဲ့ ပကတိခံစားမှုနဲ့ ပိုနီးသလိုလိုနဲ့ ပိုဝေးလာလေလေ ဖြစ်ပါတယ်။ ချစ်ရဲ့နဲ့ မုန်းစကားပြောသူတွေ မုန်းရဲ့နဲ့ ချစ်စကား ပြောနေသူတွေ လောကမှာ အများကြီး ဖြစ်လာနေပါပြီ။
ပြုံးတယ်ဆိုတာ တစ်ကမ္ဘာလုံး၊ လူသားအားလုံး ပိုင်ဆိုင်တဲ့ နှလုံးသားပစ္စည်းပါ။ ဘာသာစကား တူစရာမလိုပါဘူး။ သာသာရေး၊ လူမျိုးရေး၊ ဆင်းရဲချမ်းသာ အဆင့်အတန်း ခွဲခြားမထားပါ။ နှလုံးသားက ကျေနပ်ရင် ပြုံးမယ်။ နှလုံးသားမုန်းရင် မဲ့မယ်။ စိတ်ထဲမှာ ကြေကွဲဝမ်းနည်းနေရင် ငိုမယ်၊ ဘာသာစကားတွေ၊ လူမျိုးတွေ၊ အဆင့်အတန်းတွေ၊ အသားအရောင်တွေ၊ ကိုးကွယ်မှု ဘာသာတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘယ်လိုပဲ ခွဲခြားခွဲခြား လူသားဟာ လူသားပါပဲ။
လူနဲ့ လူချင်း ဘာလို့ တစ်မူးပိုရှူချင်သလဲ
ယနေ့လူတွေ ဘာဖြစ်လို့ ပြဿနာတွေ ဗရပွ ရှုပ်ထွေးနေကြရသလဲ။ လူတွေမှာ ပြဿနာတွေ ကပ်ငြိပါနေလို့ အချို့အိမ်တွေမှာ “လူသာလာပါ။ ပြဿနာခေါ်မလာပါနဲ့” လို့ စာတန်းတွေ ချိတ်ဆွဲထားတာ မြင်ဖူးကြမှာပါ။ ဒါက လူတွေဟာ ပြဿနာသတ္တဝါတွေဆိုတာ လက်ခံထားကြတဲ့ သဘောဖြစ်ပါတယ်။ စင်စစ် ပြဿနာရှိတာဟာ ပြဿနာမဟုတ်ပါဘူး။ ပြဿနာကို မရှင်းချင်တာသာ ပြဿနာပါ။ ဘာဖြစ်လို့ မရှင်းနိုင်သလဲဆိုရင် လူတို့ရဲ့ ရင်ထဲမှာ အပြုံးတွေအစား အမုန်းတွေ ဖုံးနေခဲ့လို့ပါ။ အတ္တကြီးသူနှစ်ယောက်က မျက်နှာချင်းဆိုင် တွေ့နေပါလျက် ဘယ်သူက စပြုံးပြမလဲလို့ တစ်ဦးကိုတစ်ဦး အကဲခတ်ရင်း တင်းနေတဲ့ မျက်နှာထားတွေနဲ့ ကျောခိုင်းလိုက်ကြတာပါ။ ပင်ကိုနှလုံးသားက ပြုံးချင်တာကို ဖုံးဖိပြီး မျက်နှာတင်းတင်း ထားရတာဟာ မူလရုပ်ထက် ပိုဆိုးစေပါတယ်။ ရှူးသိုးသိုး၊ ပုံဆိုးဆိုး လုပ်ထားရလောက်အောင် လူလူချင်းကိုယ်က ဘာတွေပိုထူးနေလို့ တစ်မူးပိုရှူချင်ရတာလဲ။
ဆိုတော့ လူသားအချင်းချင်း ရင်ထဲက ခံစားချက်အမှန်ကို ထုတ်ဖော်ပြတဲ့အနေနဲ့ ပြုံးပြရတာ ဘာမှဝန်လေးစရာ မရှိပါဘူး။ အထင်သေးစရာ မရှိပါဘူး။ ရင်အေးစရာသာ ဖြစ်လာစေမှာပါ။ ဒါကြောင့် အင်္ဂလန်လိုပြုံးပြုံး၊ နယ်သာလန်လိုပြုံးပြုံး၊ ဂျာမန်လိုပြုံးပြုံး၊ မြန်မာလိုပြုံးပြုံး၊ ဘာသာစကားမလို မာနတရားမလို သဘာဝတရားရဲ့အောက်မှာ နှလုံးသားထဲက အပြုံးများကို အားရပါးရ ပြုံးလိုက်ကြရအောင်။
ဂျင်းနီတစ်ယောက် တစ်ကမ္ဘာလုံးနဲ့ အဆင်ပြေသွားမှာပါ။
Eleven
နိုင်ငံခြားသားများ နေထိုင်ရန် ဗဟန်းနှင့် ကမာရွတ်ကို ရွေးချယ်လာကြဟုဆို
ရန်ကုန်မြို့၌ နေထိုင်ရန် နိုင်ငံခြားသား အများစုသည်ဗဟန်း၊ ကမာရွတ် စသည့်မြို့ နယ်များကို အများဆုံး ရွေးချယ် လာကြကြောင်း House.com အွန်လိုင်း ကုမ္ပဏီ၏ စစ်တမ်းများမှ သိရသည်။
ဗဟန်းနှင့် ကမာရွတ်မြို့နယ် များသည် နိုင်ငံခြားသားများ အ နှစ်သက်ဆုံး မြို့နယ်များဖြစ်ပြီး မရမ်းကုန်းနှင့် မြို့ထဲ အနီးတစ် ၀ိုက်တွင် နေထိုင်လိုသူများလည်း အနည်းငယ်ရှိကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
ပြည်တွင်းအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းတစ်ခုဖြစ်သော ရဲရင့်ချမ်းသာ အိမ်ခြံမြေ လုပ်ငန်း မန်နေဂျာ မစန္ဒာက ‘‘ဗဟန်းကတော့ နိုင်ငံခြားသားတွေ အကြိုက်ဆုံး မြို့နယ်ပါ။ အိမ်လာမေးရင်လည်း ဗဟန်းဘက်ကိုပဲ ဦးစားပေးလိုချင်ကြတယ်။ အဆင်မပြေတော့မှ တခြားမြို့နယ်တွေကို သွားကြပါတယ်။ ဒဂုံဘက်နဲ့ ကမာရွတ်၊ မရမ်းကုန်းဘက်က အိမ်တွေလည်း ငှားကြပါတယ်’’ဟု ပြောသည်။
အိမ်ငှားရမ်းခအတွက် အ နည်းဆုံး ကန်ဒေါ်လာ ၄၀၀ မှ အများဆုံး ၁,၅၀၀ အထိ သုံးစွဲကြ သည်ဟု သိရသည်။
‘‘နိုင်ငံခြားသားတွေအနေနဲ့ ကျတော့ အိမ်တွင်းပရိဘောဂ၊ အားလုံးပြင်ဆင်ပြီးသား အသင့် တက်နေနိုင်တဲ့ အိမ်တွေကိုပဲ သဘောကျကြတယ်။ သူတို့က အ၀တ်ထုပ်လောက်ပဲ ဆွဲပြီးလာချင်တာ။ တစ်ခါတလေကျတော့ အိမ်ကိုသဘောကျရင် အိမ်ရှင်နဲ့ ညှိပြီး ပိုက်ဆံပိုပေးပြီး ဆင်းခိုင်းတယ်။ အဆင်ပြေအောင်လုပ်ပေးရတာပေါ့’’ဟု မလိခူး အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်က ပြောသည်။
နိုင်ငံခြားသား အများစုက ကွန်ဒိုတိုက်ခန်းများ ၀ယ်ယူနေ ထိုင်လိုသော်လည်း ကွန်ဒိုဥပဒေ မှာ တိကျစွာ ထွက်ပေါ်လာခြင်း မရှိသေးသောကြောင့် ၀ယ်ယူခွင့် မရရှိသေးပေ။
ရန်ကုန်တွင် နိုင်ငံခြားသား များ အိမ်ငှားရမ်း နေထိုင်ပါက ဘာသာစကား အခက်အခဲနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်သော မိုဘိုင်းဖုန်း၊ အင်တာ နက်စသည်တို့မှာ ၎င်းတို့အတွက် အကြီးမားဆုံး အခက်အခဲများ ဖြစ်သည်ဟု ပြည်တွင်း အလုပ်ရှာ ၀က်ဘ်ဆိုက်တစ်ခုတွင် လူထု ဆက်သွယ်ရေး အတိုင်ပင်ခံအ ဖြစ်လုပ်ကိုင်နေသူ မစ္စတာ ဘန်း နက်က ပြောသည်။
ပြည်တွင်းစီးပွားရေး လုပ် ငန်းများတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်ပလုပ်ငန်းရှင်များသည် ဟိုတယ်တွင် ကာလ ကြာရှည်စွာ တည်းခိုပါက စရိတ်ကြီးမြင့်လွန်း သဖြင့် မြို့တွင်း၌ ငှားရမ်းနေထိုင် သူများပြားလာပြီး အမေရိကန် နိုင်ငံမှ အများဆုံးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န် ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြည်တွင်းသို့ ခရီးသွားဝင် ရောက်မှု အခြေအနေမှာ ၂၀၁၂ ခုနှစ်တွင် တစ်သိန်းကျော်သာ ၀င်ရောက်ခဲ့ရာမှ ပြီးခဲ့သည့်နှစ် တွင် စုစုပေါင်းဦးရေ ၂ ဒသမ ၀၄ သန်း ၀င်ရောက်ခဲ့သည်။ ယခုနှစ် သြဂုတ်လကုန်အထိ စာရင်းတွင် ၁ ဒသမ ၈ သန်းဝင်ရောက်ပြီးဖြစ် ရာ နှစ်ကုန်အထိ သုံးသန်းဝင် ရောက်ရန် ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာနက ခန့်မှန်း ထားသည်။
7daydaily