Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 31, 2014

မန္တလေးမြို့သို့ တရုတ်နိုင်ငံသားဝင်ရောက်မှု သိသာစွာမြင့်တက်လာပြီး အိမ်ခြံမြေဈေးကွက်တွင် အဆမတန် ဈေးပေးဝယ်နေသူများ၌ ၎င်းတို့ ပါဝင်နေမှုအပေါ် ဒေသခံများစိုးရိမ်နေ



စက်တင်ဘာ ၁ ၊ ၂၀၁၄

မန္တလေးမြို့သို့ တရုတ်နိုင်ငံသားဝင်ရောက်မှု သိသာစွာမြင့်တက်လာကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန၏ စာရင်းဇယားများအရ သိရသည်။
စာရင်းဇယားများအရ ၂၀၁၄ ခုနှစ်အတွင်း လစဉ်အလုပ်အကိုင်ဗီဇာဖြင့် ၀င်ရောက်သူ နိုင်ငံခြားသား ၁၀၀၀ ကျော်ရှိသည့်အနက် ၁၀၀၀ ၀န်းကျင်မှာ တရုတ်နိုင်ငံသားများ ဖြစ်နေသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီးနောက် မန္တလေးမြို့တွင် လုပ်ငန်းလုပ်ကိုင်လိုသည့် တရုတ်နိုင်ငံသားများ ပိုမိုလာခြင်းဖြစ်သည်။
တရုတ်နိုင်ငံသားများအနေဖြင့် မန္တလေးမြို့တွင် ကျောက်မျက်ရတနာလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်သည့်လုပ်ငန်းများတွင် အများဆုံး ၀င်ရောက်လုပ်ကိုင်ကြကြောင်းနှင့် ယခုနောက်ပိုင်းတွင် မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း၌ အဆမတန် ဈေးကြီးပေးဝယ်သူများ၏နောက်တွင် တရုတ်နိုင်ငံသားများ ပါဝင်ပတ်သက်နိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များနှင့် မြို့ခံများက ပြောကြားသည်။

မန္တလေးမြို့၏ လက်ရှိအိမ်ခြံမြေဈေးကွက်တွင် အမှန်တကယ် နေထိုင်ရန်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံရန်အတွက် အဆမတန် ဈေးကြီးပေးဝယ်သူ များပြားလာပြီး အများစုမှာ တရုတ်လူမျိုးများဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
“မန္တလေးအိမ်ခြံမြေဈေးကွက်မှာ တရုတ်လူမျိုးတွေ ၀င်ရောက်ခြယ်လှယ် ဈေးကစားနေကြပြီး လုပ်ကိုင်နေကြတာပဲ။ နောက်ပြီး သိန်းသောင်းချီတန်တဲ့ အရောင်းအ၀ယ်မျိုး ဖြစ်တယ်ဆိုတာ သိရပေမယ့် ဘယ်သူတွေ ၀ယ်သွားတယ်ဆိုတာ အတိအကျ မပြောနိုင်ကြဘူး။ အဲဒီလို အရောင်းအ၀ယ်တွေဆိုတာ မန္တလေးမှာ တော်တော်များလာပြီ။ ပြောရရင် မန္တလေးအိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် မြင့်တက်လာရတာဟာ ဘယ်ကရမှန်းမသိရတဲ့ငွေတွေနဲ့ ဈေးကစားလုပ်ကိုင်နေကြလို့။ အခုဆိုရင် မန္တလေးမြို့လယ် ဧရိယာမှာ မြန်မာလူမျိုးပိုင်တဲ့ အကွက်တွေ ဘယ်လောက်မှမကျန်တော့ဘူး။ မြို့ခံအများစုကတော့ မြို့သစ်တိုးချဲ့ရပ်ကွက်တွေမှာ ရောက်ကုန်ကြပြီ” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူ ဒေါ်ခိုင်သဇင်က “ကျွန်မတို့လမ်းထဲမှာအရင်က တရုတ်လူမျိုး အိမ်သုံးလေးအိမ်ပဲ ရှိပါတယ်။ အခုတော့ မြန်မာအိမ်က သုံးလေးလုံးလောက်ပဲ ရှိတော့တယ်။ တချို့အိမ်တွေဆို လူမနေဘဲ တရုတ်စာတန်းတွေပဲ ချိတ်ထားတာ တွေ့ရတယ်။ မန္တလေးဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားမှာ စိုးရိမ်မိတယ်” ဟု ပြောကြားသည်။
တရုတ်နိုင်ငံသားများဝင်ရောက်မှု ပိုမိုများပြားလာသည့်အချိန်တွင် မန္တလေးမြို့ရှိ တရုတ်နွယ်ဖွားများ အိမ်ခြံမြေများ ၀ယ်ယူနေမှုမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို စုံစမ်းဖော်ထုတ်ရန် လိုအပ်သည်ဟု မြို့ခံများက ပြောကြားသည်။

အမရပူရမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက “မန္တလေးမြို့ကို တောင်ဘက်ကိုပဲ ချဲ့လို့ရတယ်။ ဒါကို ကြိုတင်မြင်တဲ့ တရုတ်တွေက အမရပူရမြို့ထဲအပြင် ရွာတွေအထိဆင်းပြီး မြေကွက်၊ လယ်ကွက်တွေကို အဆမတန်ဈေးကြီးပေးပြီး လိုက်ဝယ်နေတယ်။ သူတို့ကိုယ်တိုင်နာမည်နဲ့ ၀ယ်တာရှိသလို မြန်မာအမည်နဲ့ ၀ယ်နေတာတွေလည်း ရှိတယ်။ ဒီလိုနဲ့ ကျွန်တော်တို့မြို့ထဲမှာလည်း တရုတ်တွေခြေဆန့်လာတယ်။ မန္တလေးက တရုတ်တွေမဟုတ်ဘူးလို့လည်း သိရတယ်။ အရင်က ၁၀ သိန်းဝန်းကျင်ပဲရှိတဲ့ တောင်သမန်အင်း အရှေ့ဘက်က ရွာတွေတောင်မှ သိန်း ၁၀၀၀၊ ၂၀၀၀ တန်ကုန်တယ်။ ကြာလာရင်တော့ မန္တလေးဟာ စင်ကာပူလို တရုတ်တွေနေတဲ့နေရာ ဖြစ်လာနိုင်တယ်” ဟု ပြောကြားသည်။

တရုတ်လူမျိုးများအနေဖြင့် မန္တလေးမြို့ပေါ် ရပ်ကွက်များသာမက ဆင်ခြေဖုန်းရပ်ကွက်များနှင့် လယ်ယာမြေများကိုပါ လိုက်လံဝယ်ယူလျက်ရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် မန္တလေးမြို့တွင် တရုတ်လူမျိုးပိုင်ဆိုင်သည့် လုပ်ငန်းများလည်း များပြားလာပြီး တရုတ်စာသားဖြင့် ရေးသားထားသော ဟိုတယ်များ၊ စားသောက်ဆိုင်များ အပါအ၀င် အခြားလုပ်ငန်းများပါ မြို့တွင်းတွင် ပိုမိုတွေ့ရှိလာရကြောင်း မြို့ခံများကဆိုသည်။
“အိမ်ခြံမြေဈေးကွက်မှာ တရုတ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာတော့ လူတိုင်းသိတယ်။ ဒါပေမဲ့ သူတို့က နာမည်ခံနဲ့ ၀ယ်တာမျိုးဆိုတော့ သက်သေပြဖို့ခက်တယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးဖော်ထုတ်သင့်တယ်” ဟု မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနမှ ဦးသောင်းဇော်က “အိမ်ခြံမြေ၀ယ်တယ်ဆိုတာကတော့ မြန်မာနိုင်ငံသားတွေပဲ ၀ယ်လို့ရပါတယ်။ နိုင်ငံခြားသားကတော့ အိမ်ဝယ်ပိုင်ခွင့် မရှိတဲ့အပြင် အိမ်ငှားတောင် နေခွင့်မရှိပါဘူး” ဟု အိမ်ခြံမြေ၀ယ်ယူနိုင်မှုနှင့်ပတ်သက်၍ ပြောကြားသည်။
သို့ရာတွင် မန္တလေးသို့ ၀င်ရောက်လာသော အချို့တရုတ်နိုင်ငံသားများသည် မြန်မာစကား ကျွမ်းကျင်စွာတတ်သည့်အတွက် အရေးယူရန် ခက်ခဲကြောင်းလည်း ဦးသောင်းဇော်က ပြောကြားသည်။
မန္တလေးမြို့သို့ လာရောက်သော တရုတ်နိုင်ငံသားများအနေဖြင့် ဗီဇာသက်တမ်းကျော်လွန်ကာ နေထိုင်ခြင်း၊ မြန်မာနိုင်ငံသားဖြင့် အိမ်ထောင်ကျကာ တရားမ၀င် အခြေတကျနေထိုင်ခြင်း၊ တရုတ်နိုင်ငံတွင် ရာဇ၀တ်ကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်လာသူများ ရှိခြင်းတို့ကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း၊ တရားမ၀င်နေထိုင်သည့် တရုတ်နိုင်ငံသားများကို တွေ့ရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် လက်ခံထားရှိသောအိမ်ရှင်ကို လ၀ကဥပဒေအရ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ဦးသောင်းဇော်က ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသားများအနေဖြင့် ဗီဇာစည်းကမ်းများအတိုင်း သတ်မှတ်ချက်နေထိုင်ရန် လစဉ်ခေါ်ယူ ပြောကြားလျက်ရှိကြောင်း၊ နိုင်ငံခြားသားအရေးနှင့်ပတ်သက်၍ ယခင်ကထက် ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အလုပ်အကိုင်ဗီဇာဖြင့် ၀င်ရောက်လာသော နိုင်ငံခြားသားများကို ရက် ၇၀ နေထိုင်ခွင့်ပြုထားပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် သုံးကြိမ်သက်တမ်းတိုးကာ တစ်နှစ်အထိ နေထိုင်ခွင့်ရှိကြောင်း သိရသည်။
“မရောင်းရတဲ့ စတိုးဆိုင်တွေ ဖွင့်ထားပြီးတော့ နောက်ထပ်မြေတွေ ၀ယ်နေတာတွေက ဘယ်ကပိုက်ဆံနဲ့ ၀ယ်တယ်။ ဘယ်လိုနည်းနဲ့ ၀င်လာတယ်ဆိုတာ စဉ်းစားစရာ ဖြစ်နေတာပေါ့။ တချို့ တကယ်စီးပွားရေးလုပ်ပြီး ၀ယ်တဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ တော်တော်များများက အဲဒီလိုဖြစ်နေတယ်။ ဒီငွေတွေ ဘယ်လိုနည်းနဲ့ ၀င်နေလဲဆိုတာတော့ သူတို့အဆက်စပ်နဲ့ ၀င်လာကြတာလို့ပဲ ပြောရမှာပဲ။ မန္တလေးမြို့ပေါ်မှာ တရုတ်တွေ ၀ယ်တာမဟုတ်ဘူး။ အကုန်လိုက်ဝယ်တာ။ အရင်က မြန်မာတွေ အစွန်ရောက်သွားတယ်။ အစွန်ကို မနေနိုင်တော့တဲ့သူတွေလည်း ရှိလာတယ်။ အငှားအဆင့် ရောက်သွားကြတယ်” ဟု ၀သုနြေ္ဒ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးမျိုးမြင့်အောင်က ပြောကြားသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်စိမ်းဈေးတွင် ကာလရှည်ကြာနေထိုင်သည့် တရုတ်လူမျိုးများရှိကြောင်း၊ အများစုမှာ ဟိုတယ်တွင် နေထိုင်ခြင်းမပြုဘဲ အိမ်ငှားရမ်းနေထိုင်ကြကြောင်း၊ မည်သည့်ဗီဇာဖြင့် လာရောက်သည်ကိုမူ မသိရှိရကြောင်း ကျောက်မျက်လုပ်ကိုင်သူများက ပြောကြားသည်။
“သိရသလောက်တော့ ပြည်မကလုပ်ငန်းရှင်နဲ့ ဒေသခံလုပ်ငန်းရှင် တရုတ်လူမျိုးတွေ ငွေကြေးလှည့်ပတ် စီးဆင်းနေတဲ့ပုံစံက ဥပမာဆိုပါတော့။ နယ်ခံလုပ်ငန်းရှင်က ဆိုင်ကယ်အမြောက်အမြားကို သွင်းကုန်လိုင်စင်နဲ့ မှာယူတင်သွင်းတယ်။ ဒါပေမဲ့ ငွေအလုံးအရင်းလိုက် ချပေးစရာ မလိုဘူး။ နောက်တော့မှ ဟိုဘက်က တရုတ်လုပ်ငန်းရှင်က မန္တလေးဈေးကွက်မှာလာပြီး ကျောက်စိမ်းလုပ်ငန်းမှာ ၀ယ်ယူတာမျိုး၊ အိမ်ခြံမြေ၀ယ်ယူတာမျိုး လုပ်ကြတာ။ မန္တလေးမှာရှိတဲ့ တရုတ်တွေ အိမ်ခြံမြေ၀ယ်နေတဲ့နောက်မှာ ပြည်မကတရုတ်တွေ ရှိကိုရှိနေလိမ့်မယ်” ဟု မန္တလေးမြို့မှ မူဆယ်-ကြယ်ခေါင်နယ်စပ်တွင် သွင်းကုန်ထုတ်ကုန်လုပ်ငန်း ပြုလုပ်လျက်ရှိသည့် ဦးအောင်ကိုက ပြောကြားသည်။

မန္တလေးတွင် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသား ခြောက်သောင်းကျော် ခုနစ်သောင်းနီးပါးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန၏ စာရင်းဇယားများအရ သိရသည်။
“ဘယ်နေရာကြည့်ကြည့် တရုတ်ဆိုင်တွေနဲ့ မန္တလေးဖြစ်နေပြီ။ တရုတ်လူမျိုးအများစုဟာ တရုတ်စကားပဲ ပြောကြတယ်။ ဗမာစကား မပြောကြဘူး။ အခုလို နိုင်ငံခြားသား အ၀င်မြင့်တက်နေတဲ့အချိန်မှာ သူတို့တွေက မြန်မာနိုင်ငံသား တရုတ်လား။ တရုတ်နိုင်ငံသား တရုတ်လားဆိုတာ ခွဲခြားဖို့ခက်လာတယ်။ နောက်ပြီး မြန်မာစာနဲ့ အင်္ဂလိပ်စာနဲ့ပဲ ခွဲပြုထားတဲ့ မန္တလေးမှာ တရုတ်စာသားတွေနဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ အခြားဆိုင်တွေ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာကြတယ်” ဟု မဟာအောင်မြေမြို့နယ်တွင်နေထိုင်သူ ကိုရဲနိုင်က ပြောကြားသည်။
မန္တလေးမြို့ရှိ တရုတ်လူမျိုးများနှင့် တရုတ်ပြည်မရှိ တရုတ်နိုင်ငံသားများမှာ လုပ်ငန်းလုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုငွေကို ဘဏ်စနစ်ဖြင့် အလွှဲအပြောင်းပြုလုပ်ခြင်းမဟုတ်ဘဲ သွင်းကုန်ထုတ်ကုန်လုပ်ငန်းနှင့် ဆက်စပ်သော ငွေကြေးများဖြင့်သာ ငွေကြေးလည်ပတ်မှု ပြုလုပ်လျက်ရှိသည့်အတွက် အိမ်ခြံမြေဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်နေသည့် တရုတ်လူမျိုးများ၏ ငွေကြေးကို စိစစ်သင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။
မန္တလေးမြို့ ၇၈ လမ်းတွင်နေထိုင်သူ ဦးအောင်ဇင်က “အိမ်ရှေ့မှာ မုန်လာချဉ်ရောင်းသလို၊ မာလာဟင်းရောင်းသလိုနဲ့ တိုက်တွေခြံတွေ ပိုင်သွားကြတဲ့ တရုတ်လူမျိုးတွေ ရှိတယ်။ ဒီပိုက်ဆံတွေက ဘယ်ကရတာလဲ။ တရုတ်လူမျိုးတွေ အိမ်ခြံမြေတွေကို ဈေးကြီးပေးဝယ်နေမှုနဲ့ ပတ်သက်ပြီး သေချာစိစစ်သင့်တယ်” ဟု ပြောကြားသည်။
မန္တလေးမြို့တွင် တရုတ်လူမျိုး များပြားလာမှု၊ တရုတ်နိုင်ငံသားများ ၀င်ရောက်မှု မြင့်တက်လာမှုနှင့်အတူ အိမ်ခြံမြေများအား အဆမတန် ဈေးကြီးပေးဝယ်နေမှုတို့ကြောင့် မန္တလေးမြို့သည် တရုတ်နိုင်ငံ၏ ငွေပြုလုပ်သည့် နေရာတစ်ခု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောကြားသည်။

Eleven Media Group

UNFC ညီလာခံက KNU ထွက်ခွာမှု ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ညီလာခံကနေ KNU ကရင်အမျိုးသားအစည်းအရုံး ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး၊ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။

ဒီကိစ္စဟာ နောက်ကွယ်က သွေးထိုးမူတွေကြောင့်ဖြစ် တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။ အစည်းအဝေးကျင်းပနေချိန်အတွင်း KNU ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ညွန်ကြားနေ တာတွေ ရှိတယ်လို့ဆိုပါတယ်။

အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ညီလာခံကျင်း ပရေးကော်မတီ အတွင်းရေးမှူးဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီကိစ္စအပေါ် သက်သေနဲ့တကွ ပြောဆို ဖို့တော့ခက်တယ်လို့ ဆိုပါတယ်။

"ပြောဖို့လည်းခက်ပါတယ်၊ ဒါပေမဲ့ UNFC ကလုပ်ငန်းတွေ အောင်မြင်နေတယ်၊ နိုင်ငံရေးဆွေးနွေးပွဲ အတွက် နောက်အပစ်အခက်ရပ်စဲရေးအတွက် အားလုံးပြင်ဆင်နေတယ်၊ ပြည်တွင်းကရော၊ ပြည်ပ ကရော ထောက်ခံမှုတွေ တော်တော်လေး အဆင့်မြင့်မြင့်ရနေတယ်၊ ဒီနေ့အရှိန်အဟုန်ကောင်းနေတဲ့ အချိန်မှာတော့ စုဖွဲ့မှုနဲ့ ဒီအချိန်အဟုန်ကို ရပ်တန့်သွားအောင် သို့တည်းမဟုတ် ကသိကအောက်ဖြစ် သွားအောင် လုပ်ချင်တဲ့အင်အားစုတွေလည်း ရှိချင်လည်း ရှိမှာပေါ့ဗျာ၊ အဲ့ဒီအင်အားစုတွေကနေ ပြီးတော့ တိုက်ရိုက်မလုပ်ပဲနဲ့ သူတို့သုံးလို့ရတဲ့သူတွေကိုသုံးပြီးတော့ လုပ်တာလည်း ဖြစ်နိုင်တာပဲ၊ ဒါကတော့ ကျနော်က ခန့်မှန်းခြေပြောတာပါ"

KNUအဖွဲ့အနေနဲ့ UNFC ကနေ နှုတ်ထွက်သွားတာမဟုတ်ဘဲ KNU အဖွဲ့ အချင်းချင်း ပြန်လည် ဆွေးနွေးတိုင်ပင် ကြဖို့အတွက် ညီလာခံက ပြန်လည်ထွက်ခွာသွားခဲ့တာသာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုပါတယ်။

အခုလို KNUအဖွဲ့ ထွက်ခွာသွားတာဟာ UNFC ဖွဲ့စည်းပုံအခြေခံမူ၊ ဖွဲ့စည်းမူ ပုံသဏ္ဍန်နဲ့ ပတ်သက် ပြီး၊ သဘောမတူညီလို့ဖြစ်တယ်လို့ ပြောဆိုပေမဲ့၊ ဒီကိစ္စဟာ KNU အဖွဲ့ရဲ့မုနဲ့ မတိုက်ဆိုင်တာ မျိုးလည်းမရှိဘူးလို့ အမည်မဖေါ်လိုတဲ့ KNU ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အခု ဆောင်ရွက်ချက်ဟာ ညီလာခံတက်ရောက်လာတဲ့ KNU ကိုယ်စားလှယ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်လို့၊ အဲ့ဒီ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး KNU အဖွဲ့အတွင်း သဘောထားကွဲပြားမူတွေ ရှိကြောင်း ၊ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ သွေးထိုးပေးနေသူတွေရှိနေပြီး စီးပွားရေးအခွင့်အလမ်း အများအပြား ပါဝင်ပတ်သက်မူတွေရှိနေတယ်လို့လည်း ပြောဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

မုဒိမ်းကျင့်ခံရသည့် (၅)နှစ်အရွယ်ကလေး၏ မိဘများ ရှေ့နေအကူအညီ လိုအပ်လျှက်ရှိ


ဒီကနေ့ ကသာခရိုင်တရားရုံး ပထမရုံးချိန်းကနေပြန်လာတဲ့ ကောလင်းမြို့နယ်
ဂွေးတောက်တောအုပ်စု ခေါတောရွာကမိသားတစ်စုနဲ့ တွေ့ဖြစ်ပါတယ်၊ အဖေလုပ်
သူရဲ့ နာမည်က ဖိုးတုတ်လို့ ခေါ်ပါတယ်၊
ဖိုးတုတ်က သူတို့ရဲ့ အမှုအကြောင်း ကျွန်တော့်ကို ပြောပြတော့ အတော်စိတ်မကောင်း
ဖြစ်ရတဲ့အပြင်သူတို့အမှုအတွက် စိုးရိမ်စိတ်လည်း ဖြစ်သွားမိပါတယ်၊
ဖြစ်ပုံက ဒီလိုပါလို့ ဆိုပါတယ်၊ သူတို့မှာ မxxxxx လို့ခေါ်တဲ့ (၅)နှစ်အရွယ် သမီးလေး
ရှိပြီး ဒီနှစ်မှာ ခေါတောအလကမှာ ကျောင်းစထားပါတယ်၊ ၃၁၊၇၊၁၄ရက်နေ့ ညနေ(၄)
နာရီလောက် သမီးလေး ကျောင်းက ပြန်လာပြီးအိမ်ချင်း ကပ်ရက် ဖိုးတုတ်(၂၂)နှစ်တို့
အိမ်မှာ သွားကစားပါတယ်၊ဖိုးတုတ်မှာ (၃)နှစ်အရွယ် သားလေးရှိပြီး အမြဲတမ်း သွားကစားနေကျဖြစ်လို့ မxxရဲ့ မိဘတွေကလည်း ခါတိုင်းလိုပဲ ဘာမှ မပြောခဲ့ပါဘူး၊
အတော်လေးကြာတော့ တစ်ဖက်အိမ်မှာ ကစားနေတဲ့ မxxxxxရဲ့စူးစူးဝါးဝါးအော်သံကြား
ရလို့ မxxxရဲ့ အမေ ထမင်းချက်နေရာကနေ စိုးရိမ်သွားပြီး သမီးဘာဖြစ်တာလဲ သမီး
ဘာဖြစ်တာလဲ ဆိုပြီး တစ်ဖက်ခြံထဲကို ၀င်လိုက်သွားပါတယ်၊
အိမ်လှေခါးမှာ ဖိုးပြုတ်နဲ့ တွေ့ပြီး နင့်သမီး ဘာဖြစ်တာလဲ သိချင်ရင် နင်သွားကြည့်ပေါ့
ဆိုပြီး ဖိုးတုတ် ဆိုင်ကယ်နဲ့ ထွက်သွားပါတယ်တဲ့၊ မအေလုပ်သူက ဖိုးပြုတ်အိမ်ပေါ်ကို တက်ကြည့်လိုက်တော့ (၅)နှစ်အရွယ်ရှိသေးတဲ့ မxxx ဟာငိုနေပြီး ကလေးမလေးရဲ့ မိန်းမကိုယ်က ထွက်တဲ့ သွေးတွေဟာ ပေါင်တွေမှာ စီးကျနေတာကို တွေ့ရပါသတဲ့၊
ကလေးမလေးကို မေးကြည့်တော့ ဖိုးပြုတ်က သူ့မိန်းမကိုယ်ထဲကို တံဆာ(ကလေး
မလေးကတော့ရှင်းရှင်းဘွင်းဘွင်း ပြောတာပါ) ထိုးသွင်းတဲ့အကြောင်းပြောလို့ အုပ်စု
ဥက္ကဌ( အမှန်ကတော့ အုပ်စု အုပ်ချုပ်ရေးမှူးကို ပြောတာပါ)ကိုချက်ချင်း သွားတိုင်တော့ အုပ်စုဥက္ကဌကနေ ချောင်းနားရဲကင်းကို သွားတိုင်ခိုင်းပါတယ်၊
ချောင်းနားရဲစခန်းက ဖိုးပြုတ်ကိုဖမ်းပြီး ကျွန်တော်တိုနဲ့အတူ ကောလင်းရဲစခန်းကို
ခေါ်သွားပါတယ်၊ ကောလင်း ရဲစခန်းထဲရောက်တော့ ဘာလုပ်ရမှန်း မသိလို့ အတော်ကြာ
မှ စခန်းထဲ ၀င်တိုင်လိုက်ပါတယ်၊ စခန်းမှူးကစစ်ဆေးပြီးချိန်မှာ ညဥ့်အတော်နက်နေလို့
နောက်နေ့၁၊၈၊၁၄ရက်နေ့မနက်(၁၀)နာရီမှာ ဆေးစာနဲ့ ကောလင်းဆေးရုံသွားပြီး ဆေး
စစ်ခဲ့ပါတယ်၊ဆရာဝန်က စစ်မေးတာတွေကိုလည်း ကလေးမလေးက အကုန်လုံး ဖြေခဲ့
ပါသတဲ့၊
အဲဒီကနေ ရဲက သက်သေတွကို စစ်ဆေး အမှုတည်ဆောက်ပြီး ကသာခရိုင်ရုံးကို
ရောက်လာတာဖြစ်တဲ့အကြောင်း နဲ့ အခု တရားရုံးက မxxxကို တရားခွင်မှာ စစ်ဆေး
ခဲ့ပြီး ပြန်လာတာဖြစ်တဲ့အကြောင်း ကလေးမလေးရဲ့ဖခင် ဖိုးတုတ်က ပြောပြပါတယ်၊
ကျွန်တော်က ရဲစခန်း ပနံပတ်တွေမေးတော့ ဖိုးတုတ်က မသိဘူးလို့ ဖြေပါတယ်၊ ပုဒ်မနံပတ်မေးတော့လည်း ဒါလည်း မသိဘူးလို့ ဖြေပြန်ပါတယ်၊ နောက်ရုံးချိန်း ဘယ်
ရက်လဲလို့ ထပ်မေးတော့ ဒါဘည်း ဘာမှ မသိဘူးပဲဖြေပြန်ပါတယ်၊ ဒါဆို ဒီနေ့
မင့်သမီးကို ဘာတွေ စစ်မေးလဲဆိုတော့လည်း ဒါလည်း မသိဘူးလို့ ပြောပြန်ပါတယ်၊
ကျွန်တော်လည်း ဒီမိဘတွေနဲ့တော့ မလွယ်လောက်ဘူး ထင်လို့ ရှေ့နေငှားဖို့
အကြံပေးတော့“ဆရာရယ်၊ ရှေ့နေ ငှားနိုင်ဖို့ နေနေသာသာ ရွာကနေ ကသာခရိုင်
တရားရုံးကို လာဖို့ စားရိတ်တောင် ဟိုချေး ဒီငှားနဲ့ လာခဲ့ရတာပါ” တဲ့၊ တစ်ဖက်က တရားခံကရော ရှေ့နေငှားလားဆိုတော့ သူတို့ကတော့ ငှားထားပါတယ်လို့
ပြောလာတဲ့အတွက် ကျွန်တော် သူတို့ကို သဘော ပေါက်အောင် အခုလို ပြောရ
ပါတယ်၊
“တရားရုံးမှာ ထွက်ချက်တွေဟာ သိပ်အရေးကြီးတယ်၊ အပြောအဆို ကျန်သွားတာ
လိုသွားတာ ပိုသွားတာတွေ တစ်ဖက်ရှေ့နေရဲ့ လှည့်ကွက်ထဲ ဖြေမိဖြေရာ ဖြေလိုက်
မိတာတွေကြောင့် အမှုရှုံးသွားတာတွေ အမှန်ကနေ အမှားဖြစ်သွားတာတွေအများကြီး
ပဲ၊ ဒီလိုသာ မင်းတို့ ရှေ့နေလည်း မငှားနိုင် သွားဖို့လာဖို့လည်း မတတ်နိုင်ရင်တော့ မင်းတို့အမှုဟာ ရေစုတ်မျှောတော့မှာပေါ့” လို့ပြောလိုက်တော့ သူတို့တစ်တွေရဲ့
မျက်နှာဟာ ညိုးနွမ်းသွားပါတော့တယ်၊
ကျွန်တော်လည်းကြံရာ မရဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမိုးဇော်ဟိန်း
ကို ဖုန်းဆက်ပြီး တတ်နိုင်သမျှ ကူညီပေးဖို့ မေတ္တာရပ်ခံတော့ ဦးမိုးဇော်ဟိန်း
ကလည်း လိုလိုလားလားပါပဲ၊ ချက်ချင်း သူ့ရဲ့ ကိုယ်စားလှယ်ရုံးခန်းမှာ ခေါ်တွေ
ပါတယ်၊
ကလေးမလေး မိသားစုကို လမ်းစားရိတ်ကို တတ်နိုင်သလောက် ထုတ်ပေးပြီး အမှု
ကို အမှန်အတိုင်းဖြစ်ဖို့ ကူညီမယ့်အကြောင်း နဲ့ ရုံးချိန်းလာမယ်ဆိုတိုင်း ကောလင်း
ရုံးကို ၀င်ဖို့ ပြောပါတယ်၊ ခက်နေတာက သွားစားရိတ် လာစားရိတ်အတွက်တင် မကပါဘူး၊အဓမ္မပြုကျင့်ခံလိုက်ရတဲ့ (၅)နှစ်သမီးဘက်ကနေ မေတ္တာနဲ့ လိုက်ပါ
ဆောင်ရွက်ပေးမယ့် ရှေ့နေလိုအပ်နေတာပါ၊
မေတ္တာနဲ့ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေသာ မရှိခဲ့ဘူးဆိုရင်တော့ အမှုအတွက်
ကအတော်ရင်လေးစရာ ကောင်းလှပါတယ်၊ အခုခေတ် တရားစီရင်ရေးဆိုတာက
လည်း ငွေများ တရားနိုင် မနိုင် မပြောနိုင်ပေမယ့် ငွေမရှိရင် တရားရှုံးမယ်ဆိုတာ
ကတော့ မြေကြီးလက်ခတ်မလွဲ သေချာနေတာမှန်းအးလုံးလည်း သိနေကြတာ မဟုတ်ပါလားခင်ဗျာ။
သတင်းဓါတ်ပုံ- ဟာဂျူလီ(ကသာ)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတချို့ကို မြန်မာအစိုးရ ပြန်လက်ခံတော့မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ ၂၄၅၁ ယောက်ကို လာမယ့် နှစ်လအတွင်း မြန်မာအစိုးရက ပြန်လည်လက်ခံဖို့ ဘင်္ဂဘားဒေ့ရှ်အစိုးရနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြ ပါတယ်။
မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အားရှိသူ ရိုဟင်ဂျာ ဒုက္ခသည် ၃၂,၀၀၀ ထဲက ပထမအသုတ်အဖြစ်နဲ့ ၂,၄၅၁ ယောက်ကို လာမယ့် ၂ လအတွင်း ပြန်လည်ခေါ်ယူနိုင်ရေး စတင်ဆောင်ရွက်ဖို့ မြန်မာအစိုးရဖက်က သဘောတူလိုက်ကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဌာနာ ဒုတိယ၀န်ကြီး ဦးသန့်ကျော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Md Shahidul Haque က တွေ့ဆုံ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ FOC ခေါ် ဘင်္ဂလားဒေ့ရှ် – မြန်မာ ၈ ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲအတွင်း ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား အခုလို ထူးခြားတဲ့ သဘောတူညီမှု ရရှိလိုက်ပေမယ့် တခြား သဘောထား မတိုက်ဆိုင်တဲ့ အကြောင်းအရာတွေလည်း အများအပြား ရှိနေတုန်းပဲလို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာပြည်ကို ပြန်ပို့မယ့် ရိုဟင်ဂျာတွေ နှစ်ဖက် ပြန်လည် စစ်ဆေးပြီးမှ ပြန်ပို့မှာဖြစ်ပြီး အဲဒီအထဲမှာ ၂၀၀၅ နှစ်နောက်ပိုင်း ရိုဟင်ဂျာတွေက မွေးဖွားတဲ့ သားသမီးတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
တရားဝင်ပြုစုထားတဲ့ စာရင်းဇယားတွေအရ ၁၉၉၁ ခုနှစ်မှာ မြန်မာစစ်အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ၂,၅၀,၈၇၇ ယောက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၂,၃၆,၅၉၉ ယောက်ကို ကုလသမဂ္ဂရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိမှာတော့ Cox’s Bazar ခရိုင်အတွင်းက ဒုက္ခသည်စခန်း ၂ ခုမှာ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၃၂,၀၀၀ လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေက ကလေးမွေးဖွားမှုနှုန်း များလွန်းတာကြောင့် သူတို့ရဲ့ အရေအတွက်ဟာလည်း တဖြည်းဖြည်း များပြားလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရဖက်က အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။
VOA

ရက်ပ်ဂီတစစ်မြေပြင်မှာ အမေရိကန်နဲ့ တရုတ် ဘယ်သူနိုင်လဲ

ကမ္ဘာ့ ထိပ်သီး နိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ရက်ပ်ဂီတနဲ့ စစ်ခင်းတဲ့ ယူကျူ ဗွီဒီယို ဖြစ်ပါတယ်။ စာသားတွေက အလွန်ပဲ နိုင်ငံရေးဆန်ပြီး သရော်မှုတွေလည်း ပါဝင်ပါတယ်။ 




တချိန်က ရန်ကုန် လူငယ်လောကမှာ နိုင်ငံရေးတွေ မပါကြေးလို့ ပြောစမှတ်ရှိခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ လူငယ်တွေကလည်း ရက်ပ်ဂီတနဲ့ နိုင်ငံရေးကို သရုပ်ဖော်ခဲ့ကြပါတယ်။ 

ဒီယူကျူရုပ်သံက ရက်ပ်စာသား တွေက တကယ့် နိုင်ငံရေးတွေပါပဲ.....


အမေရိကန်ပြည်ထောင်စုဆိုတာလည်း ကမ္ဘာ့ဆူပါ ပါဝါနိုင်ငံကြီးဖြစ်ပြီး ၂၁ ရာစုမှာ တရုတ်နိုင်ငံကလည်း အမေရိကန်ကို ပုခုံးချင်း ယှဉ်လာနေတာ စီးပွားရေး၊ နည်းပညာ စတဲ့ ကိစ္စတွေမှာလည်း အထင်အရှား
ဖြစ်ပါတယ်။ 

အင်တာနက်မြန်နှုန်းကောင်းလို့ ကြည့်ဖြစ်ရင် အခု ယူကျူပေါ်က အမေရိကန်နဲ့ တရုတ်တို့ရဲ့ ရက်ပ် ဂီတ စစ်ပွဲမှာ ဘယ်သူ နိုင်ခဲ့သလဲ ဆိုတာ  ထင်ကြေးပေးနိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။ ကြည့်ရမယ့် နေရာကhttps://www.youtube.com/watch?v=WvqjCs5llX8 မှာ ဖြစ်ပါတယ်။

ဆဲဆိုတဲ့ စကားလုံးတွေ အများအပြား ပါဝင်ပါတယ်။ ပြီးတော့ 
လူမျိုးရေးခွဲခြားမှုအနည်းငယ်ဆန်တဲ့ စကားလုံးတွေလည်း ပါပေမယ့် ဒါက လူပြက်တွေ ပြက်လုံးထုတ်တဲ့သဘော၊ ဟဒယရွှင်ဆေး တိုက်ကျွေးတဲ့သဘောလို့ ဆိုရပါမယ်။  

တရုတ်အမျိုးသားအဖြစ် သရုပ်ဆောင်သူက တရုတ်သံနဲ့ ရက်ပ်သီချင်းဆိုပြသွားပါတယ်။

အမေရိကန်က  
ရက်ပ်သီချင်းဆိုတာ ရယ်စရာ ကောင်းချင်မှ ကောင်းမယ်။ သို့သော်လည်း သီချင်းစာသားကတော့ ဟာသရသ ပါပါတယ်။

ငါတို့က တကယ့် လူသားတွေ၊ မင်းတို့ကတော့ အရေအတွက်ပဲ ရှိတာပါ လို့ အမေရိကန်ငနဲက နိဒါန်းပိုင်းမှာ နှက်လိုက်ပါတယ်။

သူ့ပြိုင်ဘက်ရဲ့ သီချင်းဆိုသံကတော့ တရုတ်သံအပြည့် ပါဝင်တာကြောင့် ... ဒီအသံကလည်း သောတရှင် အများအပြားကို ဟဒယဖြစ်စေပါလိမ့်မယ်။
သူ့စာသား တပိုင်းတစကို ပြောပြရရင် ... တရုတ်တန်းဆိုတာ ကမ္ဘာ့အနှံ့မှာ ရှိနေတယ်၊မင်းတို့ ဗီယက်နမ်ကို ရှုံးခဲ့တယ်၊ 
ငါတို့က Facebook ကို ပိတ်တယ်၊ You Tube ကို ပိတ်တယ်၊ ငါတို့ အားလုံးကို ပိတ်တယ် လို့ တရုတ်က ဆိုတယ်။

အမေရိကန်ကလည်း အားကျမခံ ... ငါတို့က ဗုံးကြဲမယ် အရပ်သားတွေကို သတ်မယ်လို့ ပြန်ဆိုတယ်။

သီချင်းကို တရုတ်သံနဲ့ အဆုံးသတ်ပါတယ်။

သိပ်မကြာခင် တကမ္ဘာလုံး Made in China ဖြစ်တော့မယ် တဲ့။

စဉ်းစားစရာလည်း ကောင်း၊ ရယ်စရာလည်းကောင်းတဲ့ သီချင်းတပုဒ်ပါလို့ ဆိုနိုင်ပါတယ်။

https://www.youtube.com/watch?v=WvqjCs5llX8 မှာ ကြည့်နိုင်ပါတယ်။ 
  

  •  အိမ့်သံစဉ် ~ 





အမှတ်သည်းခြေကြီးတဲ့ အကယ်ဒမီ အေးအေးသင်းရဲ့ သေရာပါ ဒဏ်ရာတစ်ခု


မာယာထောင်ချောက်၊ ဇာခန်းဆီးနောက်ကွယ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထူးချွန်ဆုတွေ ရခဲ့ပြီး အခုတော့ ရုပ်ရှင်လောကရဲ့ အဝေးဆုံးမှာ ဇာတ်မြှုပ်နေထိုင်နေတဲ့ ထပ်ဆင့်အကယ်ဒမီ အေးအေးသင်းတစ်ယောက် သေရာပါ ဒဏ်ရာတစ်ခုကို ရင်မှာပိုက်ထွေးထားဆဲပါ။
01023

ဘဝရဲ့နေဝင်ချိန်တွေကို အေးအေးသင်းတစ်ယောက် ဘယ်လိုဖြတ်သန်းနေသလဲ။
၁၉၇ဝ၊ ၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ရုပ်ရှင်လောကထဲ သရဖူဆောင်းနိုင်ခဲ့တဲ့ မင်းသမီးကြီး အေးအေးသင်းတစ်ယောက် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့လို့ စစ်အစိုးရရဲ့ ဒဏ်ခတ်မှုကို ခါးခါးသီးသီးခံစားခဲ့ရပါတယ်။ ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ သူ့လို အနုပညာရှင်စစ်စစ်တစ်ယောက်ကို အနုပညာလုပ်ကိုင်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့တဲ့အပေါ် နာကျည်းတယ်လို့ ကမာရွတ်မီဒီယာကို ရင်ဖွင့်ပြောပြပါတယ်။

အသက်ငယ်ငယ်ကတည်းက အနုပညာလောကထဲ ခြေချခဲ့သူမို့ အနုပညာကလွဲရင် ဘာတစ်ခုမှ လုပ်ကိုင်မစားတတ်တဲ့ ဝါရင့်မင်းသမီးကြီးဟာ ဝေဒနာကိုရင်မှာပိုက်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စတဲ့အလုပ်တွေနဲ့ ဝမ်းကျောင်းခဲ့ရပါတယ်။ နောက်ဆုံး လူတွေကို စက်ဆုပ်လာပြီး ဗေဒင်ပညာရှင် မင်းသိင်္ခဆီမှာ ပညာသင်ရင်း မေသုခဆိုတဲ့ နာမည်နဲ့ မှော်ဘီဘက်မှာ ဗေဒင်၊ လက္ခဏာကြည့်ရင်း ဘဝရဲ့ နောက်ဆုံး အချိန်တွေကို ကုသိုလ်ရေးနဲ့ ကုန်ဆုံးနေပါတော့တယ်။

အသက် ၇ဝရှိပြီဖြစ်တဲ့ မင်းသမီးကြီး အေးအေးသင်းဟာ အနုပညာလောဘကြီးသူလို့ ဆိုရလောက်အောင် ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ ကက်ဆက်ဇာတ်လမ်း၊ ကဗျာ၊ ဝတ္ထု စတဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ပါသူ။ အခုတော့ မှော်ဘီဘက်က သူပိုင်တဲ့တိုက်နဲ့ ခြံဝင်းကို နန္ဒဝန်ပါဠိတက္ကသိုလ်၊ နန္ဒာအေး ဓမ္မာရိပ်သာဆရာတော် ဦးယုဇနဆီ အပြီးတိုင် လှူဒါန်းထားပါတယ်။

တစ်ချို့အနုပညာသမားတွေဟာ စစ်အစိုးရက နာကျည်းအောင်လုပ်ခဲ့ပေမယ့် အမှတ်သည်းခြေမရှိကြဘူးလို့ အေးအေးသင်းက ယူဆပါတယ်။ သူကတော့ သူ့လိုအနုပညာရှင်ကို ခြေဖြတ်လက်ဖြတ်လုပ်ပြီး လွှင့်ပစ်တာခံခဲ့ရလို့ သေရာပါ ဒဏ်ရာတစ်ခုလို စွဲမှတ်ထားဆဲဖြစ်ပါတယ်။

အေးအေးသင်းဟာ ၁၉၇၁မှာ ဒါရိုက်တာ စံမောင်ရွှေရိုက်ကူးတဲ့ မာယာထောင်ချောက်၊ ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးတဲ့ ဇာခန်းဆီးနောက်ကွယ် ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။




Kamayut Media

နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ အင်းလျားကန်ပေါင်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား ကောက်ယူ


နာရေးကူညီမှုအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ အင်းလျားကန်ပေါင်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များအား သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် ကောက်ယူခဲ့ကြောင်း သိရသည်။

ထို့သို့ အင်းလျားကန်ပေါင်တွင် အမှိုက်ကောက်ရာတွင် နာရေးကူညီမှုအသင်း အပါအ၀င် အခြားလူမှုရေး အသင်းအဖွဲ့များမှ လူငယ်များပါဝင်ကြပြီး စုစုပေါင်းလူဦးရေ ၇၀ ခန့်မှ ကောက်ယူကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ သင်္ဘောဆိပ်တွေမှာ ပထမဆုံးကောက်ခဲ့တယ်။ နောက်တော့ မဟာဗန္ဓုလလမ်းမှာကောက်နေတုန်း စည်ပင်ကလာတားတယ်။ အခုနောက်ပိုင်း နာရေးကူညီမှု အသင်းရှိတဲ့ မြောက်ဒဂုံ ၄၂ ရပ်ကွက်မှာ တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ဖြစ်ပါတယ်။ ဒီကန်ပေါင်မှာ စနေ၊ တနင်္ဂနွေနေ့တွေမှာဆို လာတဲ့လူတွေ ပိုများတယ်။ အဲဒီလူတွေချခဲ့တဲ့ အမှိုက်တွေကို ကျွန်တော်တို့ လာကောက်တာပါ။ ရန်ကုန်မြို့ကြီး အမှိုက်တွေကင်းသွားအောင် မြို့နယ်တွေ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ကောက်သင့်ပါတယ်။ ပြီးတော့ အမှိုက်ကောက်တဲ့သူကကောက်ရင် အခြားလူတွေကလည်း အမှိုက်မချတော့ရင် မကြာခင် အမှိုက်တွေ ကင်းစင်လာမှာပါ” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

နာရေးကူညီမှုအသင်းက ဦးဆောင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြောက်ဒဂုံ (၄၂) ရပ်ကွက်တွင် အမှိုက်များ ကောက်ယူလျက်ရှိပြီး အခြားလူမှု အဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။ 

မြန်မာပြည်ဖွား အမျိုးသမီး Alex Wagner ရဲ့ လက်ထပ်ပွဲ အိုဘားမားတက်မယ်


အမေရိကန်ရုပ်သံလိုင်း  MSNBC ရဲ့ နာမည်ကျော် စီစဉ်တင်ဆက်သူတယောက်ဖြစ်တဲ့ Alex Wagner  က မြန်မာပြည်ဖွား အမျိုးသမီးပါ။
  
  
သူ အခု မင်္ဂလာဆောင်ပါပြီ။ 
  
သူ့မင်္ဂလာဆောင်ကို သမ္မတအိုဘားမားတို့ဇနီးမောင်နှံလည်း တက်ရောက်ပါမယ်။
ဘာကြောင့်လဲ ဆိုတော့ သတို့သားက အိမ်ဖြူတော်ရဲ့ စားဖိုမှူးကြီးဖြစ်နေလို့ပါပဲ။

သူတို့နှစ်ယောက် ပြီးခဲ့တဲ့နှစ်မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာပါ။

အခုတော့ စနေနေ့မှာ မင်္ဂလာဆောင်ပါပြီ။

Alex Wagner ရဲ့ မိခင် ဒေါ်တင်ဆွေသန့်က အမေရိကန်မှာ အခြေချနေထိုင်တဲ့ မြန်မာပြည်ဖွား၊ ဖခင်ကတော့ အနောက်တိုင်းသား။

Alex Wagner နဲ့ Sam Kass တို့က အများအာရုံစိုက်တဲ့စုံတွဲ
ထဲ ပါဝင်ပါလိမ့်မယ်။

ရုပ်သံမှာ ပါတယ်၊ သမ္မတနဲ့ နီးစပ်တယ်၊ နှစ်လိုဖွယ်ရာကောင်းတယ် ဆိုတဲ့ အချက်တွေကြောင့်ပါ ဆိုပြီး The Vogue စာစောင် အွန်လိုင်းတနေရာမှာ ဖေဖော်ဝါရီလက ရေးထားပါတယ်။
http://www.vogue.com/1061155/this-is-our-youth-kenneth-lonergan မှာ အပြည့်အစုံဖတ်ပါ။

  
 

အွန်လိုင်းမီဒီယာအများအပြားမှာ သူတို့စုံတွဲအကြောင်း ရေးသားထားကြတာ အများအပြားပါပဲ။

ဒီနေ့ စနေနေ့ (အာရှမှာတော့ တနင်္ဂနွေနေ့) ဖြစ်တဲ့အတွက် မင်္ဂလာပွဲ အခမ်းအနား ပြီးသွားပြီလို့ ယူဆရပါတယ်။
သတို့သမီးက ၃၆ နှစ်။ 
သတို့သားက ၃၄။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း အင်တာဗျူးတဲ့ မီဒီယာသမားထဲ Alex Wagner လည်း ပါဝင်ပါတယ်။
အဲဒီအကြောင်း Amnesty အဖွဲ့ရဲ့ ဘလော့စာမျက်နှာတခု  မှာ ဖတ်နိုင်ပါတယ်။ 

http://blog.irrawaddy.org/2014/08/alex-wagner.html

တနသာင်္ရီတိုင်းအတွင်းမှထူးဆန်းသောအမည်များနဲ့ကျေးရွာများ



Kaung Htut Swe

မွေးရာပါ သားအိမ်မပါတဲ့ မိန်းမချောလေး



သားအိမ်ခေါင်းမပါတဲ့ အမျိုးသမီးတဲ့။ လုံးဝအထူးအဆန်းကြီးပါပဲ။ မဖြစ်မနေ ဖတ်ရမယ့် သတင်းပါ။ 

အသက် (၁၉) နှစ်အရွယ် အမျိုးသမီးလေး Jacqui Beck မှာ မျိုးပွားမှုစနစ်နဲ့ သက်ဆိုင်တဲ့ ရှားရှားပါးပါး ရောဂါလက္ခဏာ တစ်ခုဖြစ်သော MRKH ရောဂါရှိလို့ နေပါတယ်။

နောက်ကျော နာကျင်ကိုက်ခဲမှုကြောင့် သူမရဲ့ဆရာဝန်ဆီ သွားပြခဲ့ပြီး သူမရဲ့ရာသီလာဖို့ အချိန်တန်နေပေမဲ့ ရာသီစတင်မလာသေးကြောင်း ပြောပြပြီးတဲ့ နောက်ပိုင်းမှသာ ၎င်းရောဂါရှိကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။

သူမရဲ့ ရောဂါအခြေအနေနဲ့ သားအိမ်မရှိကြောင်း စမ်းသပ်မှုတွေက ဖော်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

လိင်အင်္ဂါမပါတာ (သို့) ၎င်းအတွက်နေရာမှာ အချိုင့်လေးသာ ရှိနေတာဖြစ်တယ်။ ဆိုလိုတာက လိင်ဆက်ဆံလို့ မရတာရယ်၊ ကိုယ်ဝန်ဆောင်လို့ မရတဲ့ သဘောဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးရှိနေတဲ့ အမျိုးသမီးများဟာ အပြင်ပန်းကနေကြည့်ရင် လုံးဝ သာမန်လူတစ်ယောက်သာ ထင်ရပါတယ်။

အမျိုးသမီးတစ်ယောက် လိင်ဆက်ဆံဖို့ကြိုးစားမှု မရှိမချင်း (သို့) ရာသီမလာမချင်း သိလေ့သိထ မရှိပါဘူး။ သှူ့မှာ အဲဒီပြဿနာတစ်ခုရှိနေပြီဆိုရင်တော့ ဒါဟာ အချစ်ရေးမှာ မျှော်လင့်ချက်မဲ့နေသူ ဖြစ်သွားတာပေါ့။

လူတစ်ဦးရဲ့စိတ်ဓာတ်ကို အကြီးအကျယ် စမ်းသပ်မှုအတစ်ခုအနေနဲ့ မြင်ပါတယ်။

ယောက်ျားလေးတွေကို ဘေးဖယ်နေမယ့်အစား ကျွန်မအတွက် မှန်ကန်တဲ့ လက်တွဲဖော်ကို တွေ့ရှိအောင် အထောက်အကူဖြစ်စေမယ်လို့ တကယ်ထင်မြင်မိကြောင်း သူမကပြောဆိုခဲ့ပါတယ်။

ကျွန်မနဲ့ တွေဆုံတဲ့ ဘယ်အမျိုးသားမဆို ကျွန်မရဲ့အခြေအနေကို ပြောဆိုဖို့ အားနာနေစရာ မလိုမပါဘူး။ ကျွန်မက သူတို့ကို ကျွန်မရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။

ကျွန်မမှာဖြစ်နေတဲ့ အခြေအနေကြောင့်ခေါင်းစားမခံစေချင်ကြောင်း အဲဒီအမျိုးသမီးချောလေးက ပြောဆိုခဲ့ပါတယ်။

.

Credit: Trend Myanmar

တူလွန်းတဲ့ သုံးမြွာပူးကလေးတွေကို ခွဲခြားဖို့အတွက် ခြေသည်းဆိုးရသတဲ့




ဗြိတိန်နိုင်ငံမှ အင်မတန် ကံကောင်းတဲ့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။ မီးဖွားမှုပေါင်း ၁သိန်း၆ထောင်မှာ တစ်ကြိမ်သာ ဖြစ်နိုင်ချေ ရှိတဲ့ သုံးမွာပူး မွေးဖွားခြင်းကို ပြုလုပ်နိုင်ခဲ့ ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ ဘယ်သူက ဘယ်သူမှန်းကို မသိရအောင် အင်မတန် ဆင်တူတဲ့ ကလေးများကို မွေးဖွားဖြစ်ခဲ့ ပါတယ်။

အားလုံးကလည်း ချစ်စရာလေးတွေ ပါပဲ။ မွေးပြီး စကားမပြောတတ် သေးတဲ့ ကလေးများကို ဘယ်သူ ဘယ်ဝါဆိုတာကို မိခင်၊ ဖခင်ကိုယ်တိုင်တောင် မခွဲခြား တတ်သေး ပါဘူး။ ဒါကြောင့်မို့ ဖြေရှင်းရန် နည်းလမ်း အနေနဲ့ ခြေသည်းတွေကို မတူညီတဲ့ အရောင်တွေ ဆိုးပေးလိုက်ခြင်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကို အရောင်နဲ့ မှတ်သားခြင်း ဖြစ်ပါတယ်။ South Wale နေမှာ နေထိုင်တဲ့ Parents Karen နဲ့ Ian Gilbert ဇနီးမောင်နှံ တို့ရဲ့ ကလေးများ ဖြစ်ပါတယ်။

ချစ်စဖွယ် ကလေးများရဲ့ ဓာတ်ပုံ များကို http://www.dailymail.co.uk/femail/article-2715454/Triplets-identical-parents-colour-code-toe-nails-tell-apart.htmlထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
Ref: dailymail.co.uk
အောင်ခမ်း (ရိုးရာလေး)

တရုတ်ပြည်မှ အမေရိကန် Call Center တစ်ခုသို့ ဖုန်းခေါ်ခြင်း



အမေရိကန် ရှိ Call Center သို့ တရုတ်ပြည်မှ အမျိုးသမီး တစ်ဦး ဖုန်းဆက်သည်။ 

ခေါ်ဆိုသူ - ဟယ်လို၊ ကျမ Annie Wan နဲ့ စကားပြောချင်လို့ပါ။

Operator - ဟုတ်ကဲ့ပါ။ ကျမကိုပြောနိုင်ပါတယ်။

ခေါ်ဆိုသူ - မဟုတ်ဘူး။ ကျမက Annie Wan နဲ့ ပြောချင်တာပါ။

Operator - ဟုတ်ကဲ့ရှင့်။ လူကြီးမင်းက ဘယ်သူဖြစ်ဖြစ် (Anyone) နဲ့ စကားပြောချင်တယ်ဆိုတာ သိပါတယ်။ ခုကျမကို ပြောနိုင်ပါတယ်။ ခုခေါ်ဆိုနေတာ ဘယ်သူလဲ သိပါရစေ။

ခေါ်ဆိုသူ - ကောင်းပြီ။ ကျမက Sam Wan ပါ။ ကျမ အမ Annie Wan ကိုပြောပေးပါ။ အစ်ကို ဖြစ်သူ Noe Wan က ကားဆက်ဆီးဒန့်ဖြစ်ပါ တယ်လို့။ အဲဒါ Noe Wan ကိုဆေးရုံတင်ထားတယ်။ အဲဒါ မြန်မြန်လာခဲ့ ပါလို့။ အရေးကြီးလို့ပါ။

Operator - ဘယ်သူမှ (No One) က ကားအက်ဆီးဒန့်ထဲမပါဘူး။ ဘယ်သူမှလည်း ဆေးရုံမရောက်ဘူး။ ခုဆက်နေတာကလည်း တစ်ယောက်ယောက် (Some One)။ အော်ပရေတာကို အဲ့လိုနောက်ရလား ရှင်။ ကျမတို့မှာ အချိန်မရှိပါဘူး။ ရှင့်နာမည်လေး ပြောခဲ့ပါလား။

ခေါ်ဆိုသူ- မင်းဟာ အလွန်ရိုင်းစိုင်းတဲ့ သူတစ်ယောက် ဖြစ်တယ်။ မင်းဘယ်သူလဲ။

Operator - ကျမ Saw Ree ပါ။ (I'm Saw Ree)

ခေါ်ဆိုသူ - ဒါပေါ့ ရှင်တောင်းပန်သင့်တယ်။ သို့ပေမယ့် နာမည်ပေးခဲ့ပါ။

Operator - အဲဒါကြောင့်ပြောတာလေ။ ကျမက Saw Ree ပါလို့။

---
Ref: joke
အောင်ခမ်း (ရိုးရာလေး)

လေထဲမှာ 3D ဒီဇိုင်း လက်တန်းဆွဲနိုင်ပြီ



လေထဲမှာ 3D ဒီဇိုင်း လက်တန်းရေးဆွဲနိုင်တဲ့ 3D pen ကို အမေရိကန် အခြေစိုက် ဟမ်မာချာရှလမ်မာ ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ 3D pen ဟာ မင်အစား အေးခဲလွယ်တဲ့ ကော်ရည်ကို အသုံးပြုထားတာပါ။ ဒီဇိုင်းဆွဲချင်တဲ့အခါ 3D penထဲမှာ ကော်ချောင်းထည့်ပြီး စက္ကန့်အနည်းငယ် အပူပေးရပါတယ်။ ကော်ရည်ပျော်လာရင် ခလုပ်နှိပ်ပြီး လေထဲမှာ ကိုယ်လိုချင်တဲ့ပုံစံ ဆွဲနိုင်ပြီး ရေးခြစ်လိုက်တဲ့အခါ ထွက်လာတဲ့ ကော်ရည်က ခဏချင်း
အေးခဲသွားမှာဖြစ်ပါတယ်။

ကော်ရည်ပျော်နှုန်း ချိန်ညှိဖို့အတွက် ရေးဆွဲမှုနှုန်း (၃)မျိုး ထည့်သွင်းပေးထားပြီး အမည်း၊ အနီ၊ အ၀ါ၊ အစိမ်း၊ အပြာဆိုတဲ့ ကော်ချောင်းအရောင် (၅)မျိုး အသုံးပြုနိုင်ပါတယ်။ နာမည်ကျော် အဆောက်အဦးတွေကို ပုံစံငယ် ဖန်တီးချင်တဲ့ ဒီဇိုင်းပညာရှင်တွေအနေနဲ့လည်း အဲဒီအဆောက်အဦးပုံကို အရွယ်အစားချုံ ကူးယူပြီး 3D penနဲ့ ကိုယ်တိုင် ပြန်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လျပ်စစ် ဓာတ်အားသုံး 3D pen အရွယ်အစားဟာ အရှည် ၇.၅လက်မ၊ အချင်း (၁.၅)လက်မ ရှိပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၁၀၀)ပါ။

--
Ref : Dailymail
@z(ရိုးရာလေး)

စိတ်ဖိစီးမူ လျော့ချစေမည့် နည်းလမ်းကောင်းများ




(၁) ကခုန် မြူတူးပါ။

(၂) လမ်းလျောက်ပါ။

(၃) စိတ်ညစ်စရာတွေ အကြောင်းကို ဖွင့်ဟ ပြောပြပါ။

(၄) အသက်ကို ပြင်းပြင်း ရှုရှိုက်ပါ။

(၅) မနိုင်တဲ့ ဝန်ကို မထမ်းပါနဲ့။

(၆) ပျော်ရွှင်ခဲ့သော အချိန်လေးတွေကို ထပ်ခါ ထပ်ခါ တွေးတောပါ။

(၇) ပြုံးရီစွာ နေပါ။

(၈) ပွေ့ဖက်ပါ။

(၉) တရားထိုင်ပါ။

(၁၀) မိမိဘဝအတွက် ရှေ့ရေးကို မျှော်မှန်းကြည့်ပါ။

Ref -healthnew
ကျော်လင်းနိုင် (ရိုးရာလေး)

မိကျောင်းတွေကို အနီးကပ် လေ့လာနိုင်မယ့် ရေငုပ်စရာနေရာ



သြစတေးလျနိုင်ငံက ငါးပြတိုက် တစ်ခုမှာ ဖြစ်ပြီး သူ့ကို Cage of Death လို့ အမည်ပေးထားပါတယ်။ သြစတေးလျနိုင်ငံမှာသာ မြင်တွေ့နိုင်တဲ့ အသားစား ဧရာမ မိကျောင်းကြီးကို အနီးကပ် လေ့လာခွင့် ရစေမယ့် အခွင့်အရေး ဖြစ်ပါတယ်။ 

Cage of Death ဟာ ရေဖိအားနဲ့ တိုက်ခိုက်အား အတော်လေး ခံနိုင်တဲ့ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ ဖန်လုံအိမ်တစ်ခု ဖြစ်ပြီး မိကျောင်း လေ့လာချင်သူတို့ အတွက် အောက်အရောက်ပို့ပေး ပါတယ်။ တစ်ဦး ဖြစ်စေ၊ နှစ်ဦး ဖြစ်စေ ၀င်ရောက်နိုင်ပြီး အပေါ်ကနေ စက်ယန္တရားနဲ့ ရေအောက်ထဲကို ထည့်ပေး ပါတယ်။ အသားနှံ့ရနေတဲ့ မိကျောင်းကတော့ ဖန်အိမ်ကနေ မခွာနိုင်ပဲ ပတ်ပတ်လည်ကို လာရောက် ကြည့်ရှုပါလိမ့်မယ်။ ရေအောက် ကင်မရာ ပါသူ အချို့က ယင်းချက်ကောင်းကို စောင့်လို့ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်ပါတယ်။

စွန့်စားချင်သူများအတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး ဖြစ်ပြီး စွန့်စားရဲသူ အချို့က ဆင်းကြ ပါတယ်။ ယနေ့အချိန်ထိတော့ ဘာအက်ဆီးဒန့်မှ မဖြစ်သေး ပါဘူး။ သြစတေးလျ မိကျောင်းကို အနီးကပ်လေ့လာဖို့ အတွက် ကမ္ဘာလှည့်ခရီးသည် များက အစ Cage of death ထဲကို ၀င်ရောက် ကြကြောင်း သိရ ပါတယ်။
.
Ref: crocosauruscove.com
အောင်ခမ်း (ရိုးရာလေး)

Angry Birds မှ သင်ခန်းစာ


Angry Birds မိုဘိုင်းဖုန်း ဂိမ်းဟာ သက္ကရာဇ် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ လောက်က စတင် ဖြန့်ချိတဲ့ မိုဘိုင်းဂိမ်း ဖြစ်ပါတယ်။ Rovio Entertainment ကုမ္ပဏီမှ ဖြန့်ချိခြင်း ဖြစ်ပြီး ကမ္ဘာပေါ်မှာ Download ဆွဲအများဆုံး ဂိမ်း အဖြစ် ယနေ့တိုင် စံချိန်တင်စေနိုင်ခဲ့ ပါတယ်။ Rovio ကို အဲ့ဒီနောက်ပိုင်းမှ သိသွားကြတာပါ။

အမှန်တော့ Rovio ဟာ သက္ကရာဇ် ၂၀၀၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ဖင်လန်နိုင်ငံက ဂိမ်းကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Angry Birds ဆိုတာဟာလည်း ၅၂ ခုမြောက်သော ဂိမ်း ဖြစ်ပါတယ်။ ကုမ္ပဏီတည်ထောင်ပြီး လုပ်ငန်းလည်ပတ်တဲ့ တောက်လျှောက် အခက်အခဲများစွာ ကြုံတွေ့ရသည့်တိုင် မပြိုလဲအောင် ထိန်းသိမ်းလို့ ကမ္ဘာ့အအောင်မြင်ဆုံး ဂိမ်းတစ်ခုကို ထုတ်လုပ်နိုင်ခဲ့ ပါတယ်။

သင်ခန်းစာ ၁

ကျရှုံးမှု များစွာကို ဂရုစိုက်စရာမလိုပါဘူး။ အောင်မြင်မှု တစ်ခုက မိမိရဲ့ ဂုဏ်သိက္ခာ အားလုံးကို မြင့်တင်ပေးသွားပါတယ်။

သင်ခန်းစာ ၂

ရည်မှန်းချက် ရှိပြီး ဇွဲရှိရှိ ကြိုးစားရင် နေရာ တစ်ခုကတော့ တစ်ချိန်ကျရင် ကြိမ်းသေ ရရှိမှာ ဖြစ်ပါတယ်။

.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.

ရေနဂါး (Seahorse) တို့ရဲ့ ချစ်ခြင်း



Seahorse လို့ခေါ်တဲ့ ပင်လယ်မြင်း/ ရေနဂါး အစရှိသဖြင့် အမျိုးမျိုး သိကြတဲ့ ရေအောက် သတ္တဝါကို သိကြမှာပါ။ အချို့က သူတို့ကို ရေနဂါးလို့ မခေါ်ပဲ ပင်လယ်မြင်းလို့ ခေါ်ပါတယ်။ အသွင်အပြင် အားဖြင့် လှပသည့် အပင် သူ့မှာ ချစ်စဖွယ် အလေ့အထ တစ်ခုလည်း ရှိပါတယ်။ ၎င်းကတော့ သူတို့ရဲ့ ချစ်ခြင်း ဖြစ်ပါတယ်။ 

Seahorse အထီးနဲ့ အမ တို့ဟာ သူတို့ရဲ့ လက်တွဲဖော် တစ်ကောင်ကောင် ကို ရွေးချယ်ပြီးရင် နောက်ထပ် ဘယ် Seahorse နဲ့မှ ထပ်မတွဲတော့ ပါဘူး။ Lifetime တစ်ခုအတွက် လက်တွဲဖော် တစ်ဦးသာ ရွေးချယ် နေထိုင်ကြခြင်း ဖြစ် ပါတယ်။ အမြဲတမ်း တစ်တွဲတွဲလည်း နေထိုင်ပါတယ်။ နေရာ ဒေသ တစ်ခုကနေ တစ်ခုသို့ ပြောင်းရွှေ့တဲ့ အခါမှာဆိုရင်လည်း တစ်ကောင်နဲ့ တစ်ကောင် အမြီး ချင်း ချိတ်လို့ သွားလာတတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယင်း ရေနဂါး အရုပ်လေးများဟာ ချစ်ခြင်းရဲ့ သင်္ကေတ အဖြစ် ကမ္ဘာ့ နိုင်ငံအတော်များများမှာ လက်ဆောင် အဖြစ် ပြုလုပ် ပေးလေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

ဆပ်ပြာမှုန့်မလိုတဲ့ စက်ရုပ်ငါးအ၀တ်လျှော်စက်




ဆပ်ပြာမှုန့်အစား စက်ရုပ်ငါးတွေ အသုံးပြုပြီး အ၀တ်လျှော်နိုင်မယ့် စက်တစ်မျိုးကို ကိုရီးယား ဒီဇိုင်နာတစ်ဦးက တီထွင်ခဲ့ပါတယ်။ လျှော်မယ့် အ၀တ်အစားက အညစ်အကြေးတွေကို ရှာဖွေဖို့ စက်ရုပ်ငါးတွေမှာ အသေးစား ကင်မရာတစ်လုံး တပ်ဆင်ပေးထားပြီး အ၀တ်အစားထဲက အညစ်ကြေးမှုန်တွေကို စက်ရုပ်ငါးတွေ စုပ်ထုတ်ကြမှာဖြစ်ပါတယ်။ အဲဒီအ၀တ်လျှော်စက်ကို Pecera လို့ ခေါ်ပါတယ်။

ဒီစက်ကို ဖန်တီးဖို့ အတွေးရခဲ့တာကတော့ ငါးဆရာဝန်တွေကြောင့်ပါပဲ။ ငါးဆရာဝန်ဆိုတာ ခြေထောက်က ဆဲလ်သေတွေကို ကိုက်ပြီးဖယ်ရှားပေးတဲ့ငါးတွေကို ပြောတာပါ။ တီထွင်သူ ချန်ယွတ်ဂျွန်းက Pecera စက်တွေကို သာမန်အ၀တ်လျှော်စက် ဈေးနှုန်းနီးပါး ရောင်းချနိုင်ဖို့
ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပြီး Peceraစက် အသုံးပြုမှု တွင်ကျယ်လာရင် ဆပ်ပြာမှုန့်ကြောင့် ဖြစ်ရတဲ့ ရေဓာတ်ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ရှင်းပြသွားပါတယ်။ Pecera စက်ဟာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဒီဇိုင်းသစ် တီထွင်ဖန်တီးမှု ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆွီဒင်အခြေစိုက် Electrolux ကုမ္ပဏီက ရွေးချယ်ထားတဲ့ ဖန်တီးမှု ၁၀၀ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

@z (ရိုးရာလေး)
RefDaily Mail
www.yoyarlay.com

သမီးအတွက် ပြင်ဆင်ထားတာတွေ ရှိပါတယ်ဆိုတဲ့ ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းက မိသားစု ပြဿနာများရှိခဲ့ သော်လည်း သမီးဖြစ်သူ၏ ရှေ့ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြောသည်။ သမီးအတွက် ကတော့ ပြင်ဆင်ထားရတာပေါ့။ ကျောင်းနေဖို့လည်း ရှိတယ်။အဲတော့ ပါးပါးရော၊ မိုးမိုးရော အလုပ်လုပ်ရမယ့် သဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ သမီးကို အလိုလိုက်လို့ ပျက်စီးသွားတာမျိုး မကြိုက်ဘူး။ အရင်တုန်း ကလည်း ကိုယ့်ဘာသာကို ရုန်းကန်လာရတာ ဆိုတော့ သမီးကို အဖြစ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလိုဖြစ်သွားတဲ့ အခြေအနေတွေက သမီးအတွက် ခွန်အားတစ်ခုပဲ။ ဘာကြောင့်လဲ ဆိုတော့ သူလုပ်နိုင်သွား တယ်။ သူ့မှာ ပြတ်ပြတ်သားသားလေး စိတ်ရှိသွားတာ ကြိုက်တယ်။ သမီးအတွက် ပြင်ဆင်ထားတယ် ဆိုပေမယ့် အကြီးအကျယ်တော့ မရှိပါဘူး။ ကိုယ့် အလုပ် ကိုယ်လုပ်ပေါ့နော်။ကျွန်တော်က သူ့ကို အဆိုတော်လည်း ဖြစ်စေချင်တယ်၊ မင်းသမီးလည်း ဖြစ်စေချင်တယ်။ အနုပညာ လုပ်ငန်းက အဆင်ပြေ တယ်လေ။ အနုပညာလုပ်ငန်း ဆိုတာက အားလုံးနဲ့လည်း ဆက်နွှယ်နေတယ်။ ကွန်ရက်တစ်ခုလိုပဲ။ တကယ်တော့ ရုပ်ရှင်တို့ ဂီတတို့ဆိုတာ လူထုရှေ့မှာ ရပ်ပြရတဲ့ လူတွေပေါ့။ လူမှု ဆက်သွယ်မှု အပိုင်းမှာ ပိုပြီး အဆင်ပြေတယ်။ ပရိသတ်မေတ္တာနဲ့ လျှောက်ရတဲ့ သူတွေ ဖြစ်တယ်။ အဲဒါကြောင့် ဖြစ်စေချင် တာပါ။ တခြား ရည်ရွယ်ချက် ဆိုရင်တော့ ပညာတတ်ကြီးလည်း ဖြစ်စေချင်တယ် ဟု ထူးအယ်လင်းက ပြောသည်။ ထူးအယ်လင်းသည် ဂီတလှုပ်ရှားမှု အနေဖြင့် Three Brotherဆိုသည့် တေးစီးရီး ကို စီစဉ်နေကြောင်း ပြောသည်။

Messenger

ဒေါ်ရွှေဇီးကွက်ကို ကားတင်ပြေးခဲ့ကြောင်း ဦးကျော်သူ ဖြောင့်ချက်ပေး

Saturday, August 30, 2014

A woman smokes a cheroot

A woman smokes a cheroot while planting. (Photo: JPaing / The Irrawaddy)

မြန်မာပြည်ထဲကဘ၀တွေ ×ဖခင်ဖြစ်လာတဲ့ လူငယ်လေးတစ်ဦးရဲ. ကြံရာမရသဖြင့်လုယက်မှုကျူးလွန်မတတ် ဖြစ်ခဲ့ရသူမိသားစုလေးရဲ.နောက်ဆက်တွဲ သတင်းလေး

====================================================
(၂၉-၈-၂၀၁၄)နေ့ ည ၈ နာရီအချိန်တွင်ဖြစ်ပွားခဲ့သော ငမိုးရိပ်ရပ်ကွက် ရွှေရည်လမ်းမ
ကြီးပေါ်၌ လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦးဆီမှလူငယ်တစ်ဦး ပိုက်ဆံအိတ်လု၍
ထွက်ပြေးသွားခဲ့သည်။အနောက်မှသူခိုး သူခိုးဟုအော်ဟစ်အကူအညီတောင်းခံရာ လမ်းအတွင်းမှ လူငယ်နှစ်ဦး ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးခဲ့ကြသည်။
လူငယ်လေး၏ အမည်မှာ ကိုဖိုးလုံးအသက်(၁၉)နှစ် ဇနှီးဖြစ်သူ မဇင်မာထွေး
အသက်(၁၇)နှစ် တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ထူးကြီးလမ်းတွင် နေထိုင်ပြီး
အိမ်ထောင်သက် ၉ လခန့် သာရှိသည်။ဖိုးလုံး၏ အလုပ်အကိုင်မှာ စည်ပင်လမ်း
တံတား ဗိုလ်တထောင်မြို့နယ်တွင်ပန်းရံအလုပ် လုပ်ကိုင် အသက်မွေးဝမ်းကြောင်း
ပြုသည်။
ဇနှီးဖြစ်သူမီးဖွားမည့်အတွက် အလုပ်မှတပတ်ခန့် အနားယူခဲ့ပြီး ဆေးရုံတွင်ဇနှီးနှင့်
အတူရှိနေခဲ့သည်။ဖြစ်စဉ်နေ့ တွင်ဆေးဝယ်ရန် တာဝန်ရှိဆရာမ မှ ဆေးစာရေးပေး
ခဲ့ပါတယ်။ဆေးစာအားယူဆောင်၍ ဖိုးလုံးတစ်ယောက် စိတ်အားငယ်ခဲ့ရသည်။
ဘာလုပ်၍ဘာကိုင်ရမှန်မသိခဲ့ပါ။သိုနှင့် ဆေးစာကိုင်၍ထွက်မည့်ထွက်ရာ လျှောက်လာ
ခဲ့၏။မိုးလေးက တဖွဲဖွဲရွာနေပြီး လမ်းသွားလမ်းလာ အနည်းငယ် ရှင်းနေသည်။
ထိုစဉ် အမျိုးသမီးနှစ်ဦးစကားပြော၍ လမ်းလျှောက်လာသည်ကိုမြင်လိုက်ရပြီး
လက်တွင် ပိုက်ဆံအိတ်အား အမှတ်မထင် တွေ့မြင်လိုက်ရသည်။ချီတုန်ချတုန်
အတွေးများဖြင့် ကြောက်ရွံ့နေစဉ် သမီးလေး၏ မျက်နှာအား ပြန်ပြေးမြင်မိ၏။
နောက်ဆုံးကြံရာမရ ဖြစ်ကာ ထိုအမျိုးသမီးလက်မှ ပိုက်ဆံအိတ်အား လုယူ
ထွက်ပြေးခဲ့လေသည်။ဖမ်းမိစဉ်ကြောက်ရွံ့တုန်လှုပ်နေမိပါသည်။အကယ်၍များ
ဖမ်းဆီးခံရမည်ဆိုလျှင်ဇနှီးနှင့်သမီးလေးဘယ်သို့ ဘယ်ပုံများဆက်လက် ဖြစ်
လာမည်ကို တွေးရင်းဝိုင်းထားသော လူများအား လက်အုပ်ချီကတော့၍ ဖြစ်စဉ်
အား ပြောပြမိခဲ့သည်။
အဖမ်းခံရသူ ထိုလူငယ်မှ လက်အုပ်ချီ၍တောင်းပန်စကားပြောကြားခဲ့သည်။ထိုလူငယ်
မှ တုန်လှုပ်ခြောက်ခြားနေသည်ကို သတိထားမိကြသည်။လမ်းမိသားစုမှ စံပြဆေးရုံသို့  လိုက်ပါသွားခဲ့ပြီး ဖြစ်စဉ်အမှန်ကို သိရှိလာခဲ့ရသည်။လူငယ်လေး၏ ဖခင်စိတ်ထားရှိပုံ
ကို လွန်စွာမှ လေးစားခဲ့ပါသည်။မိမိတတ်နိုင်သောအဝတ်အစားများ လမ်းမှစုပေါင်း
ပေးလှူကြသော ငွေကျပ်၆၀၀၀၀အား ဆေးရုံတွင် မီးဖွားနေသောထိုလူငယ်လေး၏ 
ဇနှီးဖြစ်သူ အား ကိုယ်ထိလက်ရောက်ပေးအပ်လှူဒါန်းခဲ့သည်။
(၃၀-၈-၂၀၁၄) နေ.တွင် ထိုလူငယ်လေးမိသားစုမှာ စံပြဆေးရုံမှ ဆင်းသွားကြသဖြင့်
သူတို.နေထိုင်ရာ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် ထူးကြီးလမ်းသို. လိုက်လံရှာဖွေခဲ့ပြီး
အမှန်တကယ် ဆင်းရဲကျပ်တည်းနေကြသည့် လူငယ်မိသားစုလေး(၃)ဦးအား တာမွေ
မြို့နယ်မှ စေတနာရှင် Romeo Ted မိတ်ဆွေနှင့်မိသားစုဝင်များ ထပ်မံ၍ သွားရောက်
လှူဒါန်းခဲ့ကြပါသည်။
အသက်(၁၉)နှစ် နှင့် အသက် (၁၇) နှစ်အရွယ် ကိုဖိုးလုံး + မဇင်မာထွေး တို.မိသားစု
လေးလို ဘ၀မျိုးတွေအတွက် အနာဂတ်ကာလမှာ တိုင်းပြည်ရဲ.အလုပ်အကိုင်အခွင့်
အလန်းတွေ အမြန်ဆုံးပေါ်ပေါက်ပြီး ဘယ်တော့များမှ ငြိမ်းချမ်းတဲ့မြန်မာ့လူ.အဖွဲ.အစည်း
ဖြစ်လာလေမလဲလို. ဆုတောင်းမိနေရင်း
သတင်းဓါတ်ပုံ- ကိုမင်း
Kyaw Swar Myint




 

အရှေ့တောင်အာရှရဲ့ အလုံခြုံဆုံး အင်းစိန်ထောင်မှ နိုင်ငံရေးသမားတစ်ယောက် အိမ်မက်ဆန်ဆန် လွတ်မြောက်သွားခြင်း - ဇော်သက်ထွေး






“မင်းတို့မြဲမြဲမှတ်ထားကြ . . . ဟောဒီ အကျဉ်းထောင်ကို ဗဟိုစံပြ အင်းစိန်ထောင်လို့ခေါ်တယ် . . .
၆၈ ဧကကျယ်ပြီး အုတ်ရိုးက ပေ ၂၀မြင့်တယ်။ အုတ်ရိုးနှစ်ထပ် ကာထားပြီး ညဘက်ဆိုရင် စစ်ခွေးတွေကို အုတ်ရိုးနှစ်ထပ်ကြားထဲ လွှတ်ထားတယ် . . . ဒီထောင်ဟာ အရှေ့တောင် အာရှမှာ အကြီးမားဆုံးနဲ့ အလုံခြုံဆုံးထောင်ပဲ . . . ဒီထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး . . .ဒီတော့မင်းတို့အားလုံး ထွက်ပြေးဖို့ မကြိုးစားပါနဲ့ . . .မကြံစည်ပါနဲ့ . . .အေးအေးဆေးဆေးနေကြ . . .ဒါပဲ”
ဤစကားသည် ကျွန်တော်တို့ ထောင်ထဲရောက်ရောက်ချင်း အင်းစိန်ထောင်ပိုင်ကြီးမှ ပြောသော သတိပေးစကား ဖြစ်ပါသည်။ သူပြောတာ မှန်ပါသည်။ အင်းစိန်ထောင်သည် အင်္ဂလိပ် အစိုးရ လက်ထက် ကတည်းက စနစ်တကျ စီမံဆောက်လုပ်ထားပြီး နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းရှိသည့် စံပြ ထောင်ကြီး ဖြစ်ပါသည်။
ထောင်ကို နာရီဒိုင်ခွက် ပုံစံအတိုင်း တည်ဆောက်ထားပြီး အလယ်တည့်တည့်တွင် ကင်းမျှော်စင်ကြီး ရှိပါသည်။ အုတ်ရိုးပေါ်တွင်လည်း ကင်းမျှော်စင်များ တည်ဆောက်ထားပြီး ၂၄နာရီအပြည့် ကင်းအမြဲ ချထားပါသည်။ လုံခြုံရေး အစီအမံတွေက ထူထပ်သိပ်သည်းသည်။
ထောင်အုတ်ရိုး အပြင်ဘက်တွင် သံဆူးကြိုးဖြင့် ထပ်မံကာရံထားသည်။ အပြင်ဘက်တွင် ၀န်ထမ်း လိုင်းခန်းများရှိသည်။ သင်တန်းကျောင်းများရှိသည်။ အင်းစိန် CID ရုံးလည်းရှိသည်။ ထောင်ထဲက အကျဉ်းသား တစ်ယောက် အုတ်ရိုးကျော်ပြီး ထွက်ပြေးလွတ်မြောက်ဖို့ဆိုတာ မည်သို့မှ မဖြစ်နိုင်ပါ။
ထောင်ထဲမှာလည်း အဆောင်များ၊ တိုက်များကို အုတ်ရိုးငယ်များဖြင့် အဆင့်ဆင့် ကာရံထားသည်။
အဆောင် ၅ ဆောင်ကို သီးခြားခွဲခြားကာရံ ထားသည်သလို တိုက်ဝင်း၊ ဆေးရုံ၊ အထူးဝင်း၊ မီးဖို၊ အလုပ်ရုံ၊ မိန်းမဆောင်များကိုလည်း ခွဲခြားကာရံထားပါသည်။ တစ်နေရာမှ တစ်နေရာသို့ ကူးသန်း သွားလာခြင်း မရှိစေရ။
တိုက်ဝင်းထဲတွင် တိုက် ၆တိုက်ရှိသည်။ ထိုအချိန်ကာလက ၈၈အရေးတော်ပုံနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ အားလုံးနီးပါး တိုက်ထဲသို့ ရောက်လာကြသည်။ အများစုမှာ ထောင်ဒဏ် အပြစ်ပေးခံရ သူများဖြစ်ပြီး အမှုမပြီးပြတ်သေးသော သူများကို စစ်ကြောရေး ကာလအတွင်း အချုပ်ဆောင် (၁) နှင့် (၂)တွင် ခေတ္တထားသည်။ အချုပ်ဆောင်များမှာ ကိုလိုနီခေတ်လက်ရာ နှစ်ထပ်ဆောင်များဖြစ်ပြီး ထုထည်ကြီးမားသည်။ အချုပ်ဆောင် တစ်ဆောင်လျှင် အကျဉ်းသား တစ်ထောင့်ငါးရာကျော် ဆန့်သည်။
သူတို့အားလုံး စစ်ဆေးဆဲ ကာလဖြစ်၍ အကျဉ်းသားဟု သတ်မှတ်၍မရ။ ထို့ကြောင့် အကျဉ်းသား ၀တ်စုံဖြစ်သည့် ထိုစဉ်က အဖြူရောင်အင်္ကျီ၊ ပုဆိုးများကို မ၀တ်ရပေ။ သာမန်လူများအတိုင်း အင်းစိန်ထောင်ထဲတွင် နေထိုင်ခွင့်ရှိသည်။ အလုပ်လည်း မလုပ်ရသလို ရမ္မာန်ကြီး တစ်ပတ်တစ်ကြိမ် တရားရုံးသို့ သွားရသည့်အတွက် အပြင်လောကနှင့် အဆက်မပြတ်သော သူများ ဖြစ်ကြသည်။
အချုပ်ဆောင်တစ်ခု ဖြစ်သည့် (၁) ဆောင်တွင် ရာဇ၀တ်ပုဒ်မ အကျဉ်းသားများ (Criminal) နှင့်အတူ နိုင်ငံရေးပုဒ်မဟု အားလုံးနားလည်သည့် ပုဒ်မ ၅(ည) အကျဉ်းသား ၁၀၀ ခန့်နေထိုင်သည်။ ပုဒ်မ ၅(ည) အကျဉ်းသားများထဲတွင် မထင်မရှားနှင့် အေးအေးဆေးဆေး နေတတ်သော လူတစ်ယောက် ရှိပါသည်။ သူ့နာမည်က မြင့်အောင်။ အသက် ၃၀ခန့်၊ အသားမဖြူမညို စကားလည်း သိပ်မပြော။ သူက ပုဇွန်တောင် NLD အဖွဲ့ဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် မဟာသင်္ကြန်တွင် စစ်အုပ်ချုပ်ရေးနှင့်  ပတ်သက်ပြီး သံချပ်ထိုး၍ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
သူ့သတင်းက နိုင်ငံပိုင် သတင်းစာထဲတွင် ဖော်ပြခဲ့၍ ဟိုးလေးတကြော် ဖြစ်ခဲ့ရသည်။ ဘာတဲ့ ဘတ်စ်ကား မှတ်တိုင်တွင် မသင်္ကာဖွယ်ရာ လူတစ်ယောက်ကို ရှာဖွေစစ်ဆေးရာ သင်္ကြန်သံချပ် စာရွက်များ၊ NLD အဖွဲ့ဝင်ကတ်နှင့် ထဘီတစ်ထည် စစ်ဆေး တွေ့ရှိခဲ့သည်ဟုဆိုကာ သတင်းစာထဲ ထည့်လိုက်ခြင်း ဖြစ်သည်။
သူကတော့ သူ့အမှုအကြောင်း ဘာမှမပြော။ ထဘီက သူ့မိခင်ကြီး အတွက် အပ်ချုပ်ဆိုင်မှ ရွေးယူလာခြင်း ဖြစ်သည်။ ဒီထဘီတစ်ထည်ကို မည်သို့စစ်ဆေးပြီး အမှုတည်ဆောက်မလဲဆိုသည်ကို အားလုံးက စိတ်ဝင်စားနေကြသည်။ ကိုမြင့်အောင်ကတော့ အချုပ်ဆောင်တွင် ဒိုက်ထိုးလိုက်၊ အိပ်ထမတင် လုပ်လိုက်နှင့် ကျန်းမာရေး လိုက်စားလျက်ရှိသည်။
သူ့ကိုစစ်ကြောရေးလုပ်ပြီး ပုဇွန်တောင် တရားရုံးတွင် တရားစွဲဆိုထားသည်။ သို့သော် ထောက်လှမ်းရေးက ပုဒ်မနည်းသည်ဆိုကာ မကျေနပ်။ ထို့ကြောင့် အင်းစိန်ထောင်ထဲတွင် စစ်ကြောရေး ထပ်ဝင်နေသည်။ သူ့ကိုစွပ်စွဲသည့် ပုဒ်မတွေထဲတွင် သူ့မိခင်၏ ထဘီတစ်ထည်ကြောင့် ဖောက်ထွင်းခိုးမှု (Bulgary Act) ပါဝင်နေသည်။ ထူးဆန်းသလို ရယ်စရာလည်း ကောင်းပါသည်။
သို့သော် ကိုမြင့်အောင်က တစ်ဖက်သတ် စွပ်စွဲခံရသည့် ပုဒ်မများအကြောင်း သိပ်မပြောပါ။ လောကဓံကို ကြိတ်မှိတ်ခံသည်။ ထောင်ထဲတွင် အားကစားကိုတော့ ဂရုစိုက်တတ်သည်။ အမှု လက်ကျန်တွေ အတွက်တော့ ထောင်တွင်း စစ်ကြောရေးကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ယောက်က သူရုံးထွက်မရှိသည့် နေ့များတွင် လာစစ်သည်။ သူ၏ နိုင်ငံရေး ခံယူချက်နှင့် သဘောထား အမြင်ကို တောင်းခံသည်။ ကိုမြင့်အောင်က သူ့ယုံကြည်ချက်နှင့် ပတ်သက်၍ နည်းနည်းမှ မလျှော့။ သူ့အမှုတွေက လွှတ်ပေး၍ရသည့် အနေအထားမှာ ရှိကြောင်း အရိပ်အမြွက်ပြော၍ သူ့ယုံကြည်ချက်ကို ချေမွရန် ကြံစည်သော်လည်း မအောင်မြင်။
ကိုမြင့်အောင်ကလည်း သူ့ကိုယ်သူ “ကျလူ”အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ အမေ့ထဘီ တစ်ထည်ကြောင့် သူခိုးဟုစွပ်စွဲပြီး ထောင်ချရင်လည်း ချပါစေတော့။
ထိုတစ်ညနေသည် အင်းစိန်ထောင် အတွက် ထူးထူးခြားခြား ဖြစ်နေသည်။ ညနေ ၇နာရီ ကျော်ပြီဖြစ်သော်လည်း လူစစ်ဆေး တန်းစီနေသည့် အကျဉ်းသားများကို တန်းဖြုတ်ခွင့်မပေး။ အမှန် တကယ်တော့ ညဂျူတီ ၀င်လာသည့် ၀န်ထမ်းများက “ထောင်ပိတ်လူပေါင်း”ကိုက်ပြီဆိုလျှင် “ထောင်ပိတ် သံချောင်း”ခေါက်ကာ နေ့ဝန်ထမ်းများထံမှ တာဝန်ကို လွှဲပြောင်းယူရစမြဲဖြစ်သည်။ ယခု ၇ နာရီကျော် ၈ နာရီနီးပါးရှိပြီ ဖြစ်သော်လည်း တန်းမဖြုတ်။ သံချောင်းမခေါက်။
လူတွေက ထိုင်ရလွန်း၍ ညောင်းညာကုန်ကြပြီ။ ၀န်ထမ်းတွေက လူပေါင်းလာရေလိုက်၊ ပြန်သွား လိုက်နှင့် အလုပ်ရှုပ်နေသည်။
ထောင်မှာ တစ်ခုခု ဖြစ်နေတာတော့ သေချာသည်။ အကျဉ်းသားတွေကတော့ ထင်ရာမြင်ရာတွေကို တစ်ယောက်တစ်မျိုး ပြောဆိုနေကြသည်။ ည ၉နာရီတွင် မိန်းဂျေးလ် (Main Jail) တာဝန်ခံထောင်မှူး ကိုယ်တိုင် လူလာရေတွက်သည်။ ပြီးတော့ တန်းဖြုတ်ပေးလိုက်သည်။ လူတွေက ၀မ်းသာအားရဖြင့် အိပ်ရာတွေ ခင်းနေကြသည်။ ထိုအခိုက် ထောင်မှူးကြီး ရောက်လာပြီး လူပေါင်း မကိုက်၍ အားလုံးကို ပြန်ထိုင်ခိုင်းသည်။ ထောင်ပိုင်လေး ဦးဇော်အုန်းကိုယ်တိုင် လာစစ်ဆေးသည်။ သို့သော် လူပေါင်းက မကိုက်ညီပြန်။
ဤသို့ဖြင့် လူရေတွက် စစ်ဆေးသည့် အရာရှိအဆင့်က ကြီးသထက် ကြီးလာသည်။ အကျဉ်းသား တွေမှာလည်း တန်းဖြုတ်လိုက်၊ ပြန်ထိုင်ခိုင်းလိုက်နှင့် ည၂နာရီကျော်လာပြီ။ သို့သော် လူတစ်ယောက် ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
ထောင်လေးဖက် လေးတန်မှ မီးမောင်းကြီးများကို ဖွင့်လိုက်ကြသည်။ တစ်ထောင်လုံး ထိန်ထိန် လင်းသွားသည်။ အပြင်ဘက်မှ အင်အားဖြည့် ၀န်ထမ်းတွေ ၀င်လာကြသည်။ လူရှာရန် စစ်ခွေးတွေလည်း ခေါ်လာကြသည်။ အဆောင်တိုင်းတွင် ခွေးဟောင်သံများ ဆူညံသွားသည်။
အကျဉ်းဦးစီး ၀န်ထမ်းများက သစ်ပင်တွေပေါ် ရှာဖွေကြသလို ချောင်ကြိုချောင်ကြားတွေကိုလည်း ပိုက်စိပ်တိုက် ရှာဖွေကြသည်။ ဘာမှမတွေ့။ မည်သည့် သဲလွန်စမှမရ။ ၀န်ထမ်းတွေ အလုပ်ကြီးဝင်းထဲ ရှာကြပြန်သည်။ ဘာမှမရှိ။ စူးရှလင်းထိန်သည့် မီးမောင်းကြီးများကတော့ ထောင်အုတ် တံတိုင်းပေါ်တွင် ရွေ့လျား ကစားနေကြသည်။
လင်းအားကြီး အချိန်တွင် ထောင်ပိုင်ကြီးနှင့် အချုပ်ရုံး ၀န်ထမ်းများ ရောက်လာကြပြန်သည်။ အကျဉ်းသား တစ်ဦးချင်းစီကို ထောင်နံပါတ်တွေနှင့် အမည်တွဲပြီးခေါ်ကာ စစ်ဆေးကြသည်။ အခြေအနေက ဆိုးသထက် ဆိုးလာသည်။ သန်ခေါက်ထက် ညဉ့်မနက်တော့။ ညနေ ၅ နာရီမှ တန်းစီခဲ့ရသော အကျဉ်းသား အားလုံးသည် နောက်တစ်နေ့ နံနက် ၇နာရီအထိ တန်းဖြုတ်ခွင့်မပေး။ အဖြေကတော့ တစ်စတစ်စ ပီပြင်လာသည်။ သတင်းတွေက လေနှင့်အတူ အားလုံးထံ ရောက်လာ ကြသည်။
အင်းစိန်ထောင်ထဲမှ လူတစ်ယောက် ထွက်ပြေး လွတ်မြောက်သွားသည့် သတင်းမှာ သေချာသွားပြီ။
ထိုအကျဉ်းသားမှာ သာမန် ရာဇ၀တ် အကျဉ်းသား မဟုတ်။ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ပြစ်တင် စွပ်စွဲခြင်း ခံထားရသော ၅(ည) အကျဉ်းသား တစ်ယောက်၊ အတိအကျ ဆိုရလျှင် အချုပ်ဆောင် (၁)တွင် နေထိုင်သည့် ပုဇွန်တောင်သား ကိုမြင့်အောင်။
အရှေ့တောင် အာရှတွင် အကြီးဆုံးနှင့် အလုံခြုံဆုံးထောင်ဟု တင်စားကြသော အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား တစ်ဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီ။
သူဘယ်လို လွတ်မြောက်သွားတာလဲ။
ကိုမြင့်အောင် ဘယ်လို လွတ်မြောက်သွားတာလဲ။
အကျဉ်းထောင် တစ်ထောင်လုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံးရော၊ အကျဉ်းသား အားလုံးပါ ကိုမြင့်အောင်ထောင်မှ မည်သို့မည်ပုံ လွတ်မြောက်သွားသလဲ သိချင်နေကြသည်။
ကိုမြင့်အောင် လွတ်မြောက်သွားပုံက တော်တော်ထူးဆန်းပါသည်။
သတင်းတပ်ဖွဲ့က ပုဇွန်တောင် NLDမှ ကိုမြင့်အောင်ကို နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနှင့် တရားစွဲရုံနဲ့ အားမရဘဲ ထပ်တိုးပုဒ်မတွေနှင့် ရုံးတင် တရားစွဲနိုင်အောင် ထောင်တွင်း စစ်ကြောရေး ထပ်လုပ်နေသည်။ ကိုမြင့်အောင် လွတ်မြောက်သွားသည့်နေ့က စစ်ကြောရေး တာဝန်ယူထားသည့် ပုဂ္ဂိုလ်သည် ထောင်သို့ နောက်ကျပြီး ရောက်လာသည်။ လာတော့လည်း အလောတကြီး ဖြစ်နေသည်။
ကိုမြင့်အောင်ကို အချုပ်ဆောင်မှ ခေါ်ခိုင်းပြီး ထောင်ကျရုံးဘက်ရှိ သီးခြားအခန်းတွင် စစ်ဆေးသည်။ စစ်ဆေးတော့လည်း ဒီမေးခွန်း၊ ဒီဖြစ်စဉ်၊ ဒီအဖြေတွေပဲဖြစ်ကာ ငြီးငွေ့စရာ ကောင်းနေသည်။ ဒီဇာတ်လမ်း၏ ရည်ရွယ်ချက်ကို စစ်ဆေးသည့် ပုဂ္ဂိုလ်ရော၊ စစ်ဆေးခံနေရသည့် ကိုမြင့်အောင်ရော  သိနေကြသည်။ ထိုအခိုက် စစ်ကြောရေး လုပ်နေသည့် ပုဂ္ဂိုလ် ဗိုက်နာလာသည်။ ဒီတော့ ကိုမြင့်အောင်ကို “ကိုယ်တိုင်ရေးဖြောင့်ချက်” အရေးခိုင်းပြီး အိမ်သာသွားတက်သည်။
ကိုမြင့်အောင် ကိုယ်တိုင်ရေးဖြောင့်ချက် စရေးသည်။ ရေးရင်းရေးရင်း သူ့ဘ၀သူ စိတ်နာလာသည်။ စာရေးတာ ရပ်လိုက်ပြီး စစ်ကြောရေး စားပွဲကို အမှတ်မထင် ငေးစိုက်ကြည့်လိုက်သည်။ စားပွဲပေါ်တွင် စစ်ကြောသူ၏ ဦးထုပ်နှင့်ဖိုင် လက်ပတ်နာရီကိုပါ ချွတ်ပြီး တင်ထားတာ တွေ့ရသည်။ နံရံတွင် အိတ်ကို ချိတ်ဆွဲထားသည်။ ကိုမြင့်အောင် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။ စပို့ရှပ်အင်္ကျီ၊ ပလေကပ်နှင့် ကတ္တီပါ ဖိနပ်နှင့် သာမန် လူတစ်ယောက်နှင့် ဘာမှမခြားနား အိမ်သာ သွားတက်နေသော ပုဂ္ဂိုလ်နှင့် အားလုံးအတူတူ။ သူ့ဦးခေါင်းတွင် အလင်းတစ်ခု ဖျတ်ခနဲ လင်းထွက်သွားသည်။ ရရှိနေသည့် အခွင့်အရေးကို ကိုမြင့်အောင်က လက်လွတ်မခံ။ သူ့အတွက် စက္ကန့်တိုင်း၊ မိနစ်တိုင်းက အရေးကြီးနေသည်။
ကိုမြင့်အောင် စားပွဲပေါ်မှ လက်ပတ်နာရီကို ခပ်တည်တည် ကောက်ပတ်လိုက်သည်။ ဦးထုပ်ကို ယူပြီး ဆောင်းလိုက်သည်။ တိုင်တွင် ချိတ်ထားသော အိတ်ကို ပခုံးတွင် ကောက်လွယ်လိုက်သည်။ အိတ်ထဲ ကြည့်လိုက်တော့ ဧည့်ကတ်ပြားပါတွေ့၍ ပိုပြီး အဆင်ပြေသွားသည်။ ဧည့်ကတ်ပြားကို ယူပြီး လည်ပင်းတွင် ချိတ်ဆွဲလိုက်သည်။ ထို့နောက် အင်းစိန်ထောင် ဗူးတံခါးကြီးသို့ အေးဆေးတည်ငြိမ်စွာ ထွက်ခွာသွားသည်။
ထောင်ဘူး တံခါးကြီးထဲတွင်လည်း ရုံးထွက်၊ ရုံးပြန်အချုပ်၊ အကျဉ်းသားများ၊ ဂျူတီချိန်းသည့် ၀န်ထမ်းများ၊ ဧည့်သည်များကြောင့် ရှုပ်ထွေး ဆူညံလျက်ရှိပါသည်။ ထောင်အပြင်ဘက်တွင် အလုပ်လုပ်ကြသော “အပြင်ဘုတ်” အကျဉ်းသားများကို ကျွေးရန် ထမင်းကားကလည်း အပြင်ထွက်ရန် စောင့်နေသည်။ ကိုမြင့်အောင် ဘူးတံခါးရှေ့တွင် ရပ်လိုက်သည်။ တံခါးသော့ အဖွင့်အပိတ် လုပ်သော ဒုတပ်ကြပ်အား ခြေဟန်လက်ဟန်နှင့် တံခါးကို ဖွင့်ခိုင်းလိုက်သည်။
ဒုတပ်ကြပ်က သတင်းတပ်ဖွဲ့မှ လူမှန်း သိသာနေ၍ ပျာပျာသလဲ ဖွင့်ပေးသည်။ တံခါးထဲရောက်တော့ ကိုမြင့်အောင်က ဧည့်ကတ်ပြားကို လည်ပင်းမှဖြုတ်ပြီး ပြန်ပေးလိုက်သည်။
“ရုံးချုပ်က အရေးတကြီး လှမ်းခေါ်နေလို့”
“ဟုတ်ကဲ့ပါ ဆရာ”
တံခါးထောင်မှူးက ဧည့်မှတ်တမ်း စာအုပ်ကို ရိုရိုသေသေ လှမ်းပေးသည်။ စာအုပ်ထဲတွင် ဘောပင် တစ်ချောင်း ညှပ်ထားသည်။ တံခါးတာဝန်ကျ ထောင်မှူးအနေနှင့် နေ့စဉ်ဝင်ထွက်နေသော လူထောင်ပေါင်း များစွာကို မှတ်မိဖို့ဆိုတာ မဖြစ်နိုင်ပါ။
“အထွက် လက်မှတ်လေး ထိုးပေးခဲ့ပါဦးဆရာ”
ကိုမြင့်အောင်က စာအုပ်ကိုဖွင့်ကာ ဧည့်မှတ်တမ်းတွင် “မြင့်အောင်”ဟု ခပ်တည်တည်ငြိမ်ငြိမ် ရေးထိုးပေးလိုက်သည်။ အကျဉ်းဦးစီး ၀န်ထမ်း တစ်ယောက်က ဘူးတံခါး မလွယ်ပေါက်ကို သော့ဖွင့်ပေးလိုက်သည်။ ကိုမြင့်အောင် တံခါးပေါင်ကို ကျော်ပြီး ထွက်လိုက်သည်။
လတ်ဆတ်ပြီး အေးမြနေသော အပြင်လေကို အားပါးတရ ရှူရှိုက်လိုက်သည်။ သူ့ကျောဘက်မှ တံခါးသော့ပိတ်သံကို ကြားလိုက်ရသည်။ နောက်ကို လုံးဝ လှည့်မကြည့်။ ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းလိုက်သည်။ အချိန်က သိပ်မရှိ၊ ရန်ကုန်ကနေ လွတ်မြောက်ရန်လိုသည်။ မိခင် နှင့် ဇနီးကိုလည်း တွေ့ချင်သည်။ တိတိကျကျ ပြောရလျှင် နှုတ်ဆက်ချင်သည်။ ထို့ကြောင့် အိမ်ကိုတော့ ပြန်မှဖြစ်မည်ဟု ရဲရင့်စွာ ဆုံးဖြတ်လိုက်သည်။
အိမ်ရောက်တော့ မိခင်က သူ့ကိုဖက်ငိုသည်။ “ဖြစ်ရလေသားရယ်”ဆိုပြီး မချိတင်ကဲဆိုသည်။ ခွဲခွာရတော့မှာကို သိပြီး သူ့မျက်နှာကို အထပ်ထပ် နမ်းသည်။ ဇနီးဖြစ်သူကတော့ မျက်ရည်ဝဲလျက် အံကို တင်းတင်းကြိတ်ထားပြီး စကားတစ်ခွန်းမှမဟ။ သူ့ကို အကောင်းဆုံး ထမင်းနှင့်ဟင်း ခူးခပ် ကျွေးသည်။
ကိုမြင့်အောင်က မြိန်ရှက်စွာ စားသည်။ ပြီးတော့ ကလေးတွေကို နှုတ်ဆက်သည်။
ဘယ်အချိန်မှ ပြန်တွေ့ရမည် မသိ၍ နှစ်သိမ့်ရန် စကားလုံး ရှာမရ။
ထို့နောက် ဇနီးသည် ပေးလိုက်သော ငွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ထွက်ခွာ သွားတော့သည်။
ရန်ကုန်မှ ထိုင်းနယ်စပ်သို့ ကိုမြင့်အောင် ရောက်ရှိသွားပြီးနောက် အင်းစိန် ဗဟိုစံပြ အကျဉ်းထောင်တွင် ထူးခြားသည့် အမိန့်တစ်ခု ထွက်လာသည်။
“ထောင်ထဲတွင် ကတ္တီပါ ဖိနပ်မစီးရ”
ထိုအချိန်မှစပြီး ထောင်ပိုင်ကြီးကလည်း အင်းစိန်ထောင်ကို အရှေ့တောင် အာရှတွင် အလုံခြုံဆုံးနှင့် အကြီးမားဆုံး ထောင်ဟု မပြောတော့။ အချုပ်ဆောင် အကျဉ်းသားများကိုလည်း တခြားနေရာ ခေါ်ကာ စစ်ကြောရေး လုပ်ခွင့် မရှိတော့။ ကိုမြင့်အောင်၏ အကြောင်းကိုလည်း ၂၅နှစ်ကြာသည့်တိုင် မည်သူမှ မပြော၍ မကြားရတော့ပေ။ 
ဇော်သက်ထွေး