Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 30, 2014

ချစ်သူဆရာဝန်မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်


အခင်းဖြစ်ပွားသည့် မိန်းကလေးနေအိမ် (ဓာတ်ပုံ - ကံသာ)
ရှစ်နှစ်ကြာလက်တွဲလာခဲ့သည့် ချစ်သူဆရာဝန် မိန်းကလေးကို လူမှုရေးပြဿနာကြောင့် ဓားဖြင့် ၁၁ ချက်ထိုး၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ ၂၉ ရက်ညကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
 ‘‘ကောင်မလေးအိမ်မှာပဲ လူသတ်မှုဖြစ်တာပါ။ သတ်တဲ့လူ ကိုယ်တိုင်ရဲစခန်းကို လာအဖမ်း ခံတာပါ။ ကောင်လေးက နိုင်ငံ ခြားက ပြန်လာတာ ရက်ပိုင်းပဲရှိ သေးပြီး သူတို့ချင်းလူမှုရေးပြဿ နာကြောင့် သတ်တာလို့ဝန်ခံပါ တယ်’’ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

 သေဆုံးသူအမျိုးသမီးမှာ ဆရာဝန်တစ်ဦးဖြစ်ပြီး အသက်(၂၆) နှစ်ရှိပြီဖြစ်ကာ ၎င်းနေထိုင်ရာ မူဆယ်မြို့တောင်ရပ်ကွက်နေအိမ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် (၃၀) အရွယ်ရှိ ပြီး ၎င်းကိုမူဆယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
7DayDaily

ဗိုလ်ချုပ်ကြီးစောတာမလာဘော ဈာပန လူထုထောင်ချီ တက်ရောက်

နော်နိုရင်း (DVB) 30 June 2014 

ဇွန်လ ၂၆ ရက်နေ့က ကွယ်လွန်သွားတဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောတာ မလာဘောကို ဒီကနေ့ ကေအန်ယူ ဌာနချုပ်မှာ ဂူသွင်းသင်္ဂြိုဟ်လိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးစောတာမ လာဘော ရဲ့ ဈာပနအခမ်းအနား ကို ကေအန်ယူဗဟို စစ်ဦးစီး ဌာနချုပ် သေဘေထာ့မှာ ဒီကနေ့ အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပခဲ့တယ် လို့ ကေအန်ယူ ဗဟိုစစ်ဦးစီးဌာန ချုပ်က တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထူးဝေါ် က ပြောပါတယ်။

ဒီဈာပနအခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးရှမ်းပြည်တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင်တွေ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ အခြားမဟာမိတ်ခေါင်းဆောင်တွေ တော်တော်များများအပါအ၀င် နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ စုစု လူပေါင်း ၁ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

မြန်မာအစိုးရအဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ ဇွန် ၂၆ ရက်နေ့ ည ၉ နာရီကျော်က ထိုင်းနိုင်ငံ မဲ့စရီးယန်းမြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ အင်္ဂလိပ်ကိုလိုနီခေတ်က မြန်မာပြည် အင်္ဂလိပ် စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ကရင်တော်လှန်ရေး မှာ ပါဝင်ခဲ့ပါတယ်။

ကရင့်တော်လှန်ရေးစတင်ချိန်ကတည်းက ပါဝင်လာခဲ့သူဖြစ်သလို မဟာမိတ်ခေါင်းဆောင်တွေအကြားပြန်လည်သင့်မြတ်အောင် ဦးဆောင်ခဲ့သူဖြစ်တဲ့အတွက် သူက ကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် စရှာထူးဝေါ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီးစောတာမလာဘောကို ၁၉၂၀ ခု ဒီဇင်ဘာလ ၂၂ ရက်နေ့က အဘ စောထွန်းရွှေနဲ့ အမိ နော်အေးသာတို့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

မွေးချင်းမောင်နှမ နှစ်ဦးရှိပြီး အစ်မဖြစ်သူကတော့ လက်ရှိ သြစတြေးလျမှာ နေထိုင်နေပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီ သားသမီး ၈ ဦးနဲ့ နဲ့ မြေးမြစ်တွေ အများအပြား ကျန်ရစ်ခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန် http://burmese.dvb.no/archives/59455

Credit : DVB

ထိန်းသိမ်းခံ ယူနတီ သတင်းထောက်များကို အီတလီက ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့်

နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးတို့ကို အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့် အသိအမှတ် ပြုလိုက်ပါတယ်။
လွတ်လပ်တဲ့ နိုင်ငံ တနိုင်ငံ မှာ ဒီမိုကရေစီရဲ့အခြေခံက သတင်းအချက်အလက် လွတ်လပ် မှု ဖြစ်တာကြောင့် သတင်းစာနယ်ဇင်း ကနေ တဆင့် ကျင့်သုံးလုပ်ဆောင် သွားတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနဲ့ မြို့ခံသတင်းထောက် ဦးလူမော်နိုင်၊ တို့ကို ဂုဏ်ထူးဆောင်မြို့တော်သားတွေအဖြစ် ဂုဏ်ပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ္စတီနာ မယ်ရူစီက ဒီဗွီဘီကို ပြောပါတယ်။
ခုလို ဂုဏ်ပြုခံရတဲ့သတင်းကို ထိန်းသိမ်းခံနေရတဲ့ သတင်းထောက်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကလည်း ၀မ်းသာ ဂုဏ်ယူနေကြတယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလက မကွေးတိုင်း ပေါက်မြို့နယ်က ဓာတုလက်နက်စက်ရုံလို့ ယူဆရတဲ့ အစိုးရ တည်ဆောက်နေဆဲ အဆောက်အဦတခုအကြောင်း သတင်းဖော်ပြချက်ကို ယူနတီဂျာနယ်မှာ ဖော်ပြထုတ်ဝေလိုက်တဲ့အတွက် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဂျာနယ် သတင်းထောက်တွေနဲ့ အရာရှိတဦးကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။
ဇွန် ၃၀ ရက်နေ့ နောက်ဆုံး တရားရုံးထုတ်မှာ ဖြစ်ပြီး အပြီးသတ် စီရင်ချက် ချမယ်လို့ မျှော်လင့်ရပါတယ်။
ဆာလာဘာဂန်ဇာမြို့တော်ဝန် မယ်ရုစီကတော့ ယူနတီသတင်းထောက်တွေဟာ ခုဆို သူတို့မြို့သား ဖြစ်သွားပြီလို့ ဆိုနိုင်တာကြောင့် ဒီသတင်းထောက်တွေရဲ့ ကံကြမ္မာတွေဟာ သူတို့မြို့သားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။
ယူနတီဂျာနယ် သတင်းထောက်တွေကိုလည်း မြို့တော်သားအဖြစ် ဂုဏ်ပြုခန့်အပ်လွှာကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လက်ခံနိုင်ဖို့ ဖိတ်ကြားချင်ပါတယ်လို့ မြို့တော်ဝန်က ပြောသွားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အ၀ ရရှိဖို့ လိုအပ်ပြီး ယူနတီဂျာနယ်သတင်းထောက်တွေ ဖမ်းဆီးခံရမှုရနေ အခက်အခဲတွေကို မြင်တွေ့နေရတာကြောင့် အဲဒီသတင်းထောက်တွေအတွက် ကူညီပေးချင်နေပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့် ရှိစေချင်တယ်လို့ အီတလီ-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဂွီဆက်ပယ် မာလ်ပယ်လီက ပြောပါတယ်။
ခုလို ဂုဏ်ထူးဆောင်မြို့သားဆု ချီးမြှင့်လိုက်တဲ့သတင်းကိုလည်း သမ္မတဦးသိန်းစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုနဲ့ နိုင်ငံတော်ရှေ့နေချုပ် ဦးထွန်းရှင် တို့အပါအ၀င် အဆင့်မြင့် မြန်မာအစိုးရတာဝန်ရှိသူတွေဆီ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
Credit : DVB

အဓမ္မပြုကျင့်ပြီး အသေသတ်မြေမြှုပ်ခံရသော မိန်းကလေး မသေဘဲ ပြန်လာအမှုဖွင့်


အသက်မပြည့်သေးသူ အချင်းချင်း (၁၃)နှစ်အရွယ် မိန်း ကလေးကို အဓမ္မပြုကျင့်ပြီး အ သေသတ်ကာ မြေမြှုပ်ထားခဲ့မှု ဖြင့် (၁၆) နှစ်အရွယ် အမျိုးသား ငယ်တစ်ဦးကို အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
ပန်းမထိပ်ရွာအနီးရှိ တော ထဲသို့ ထင်းခုတ်သွားကြရာမှ အ သက် (၁၃) နှစ်အရွယ်မိန်းကလေး ကို (၁၆)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်ပြီး လည်ပင်းကို ပုဆိုးဖြင့် ချည်နှောင်ဆွဲခြင်း၊ လက်ကောက်ဝတ်များကို ဓားဖြင့် ခုတ်ခြင်းနှင့် ဗိုက်ကို အချွန်ဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ပြီး သေ သည်အထင်ဖြင့် တွင်းကို လက်ဖြင့်တူး၍ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ် ဦးနှင့် ကျူးလွန်ခံရသူ၏ မိဘများက ပြောသည်။
သို့သော် မိန်းကလေးမှာ မသေဘဲ နာရီဝက်ခန့်အကြာတွင် သတိရကာ နေအိမ်သို့ ပြန်လာခဲ့ သဖြင့် အချိန်မီဆေးရုံတင်ကုသ နိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကောင်မလေးက မောင်နှမ ၀မ်းကွဲတော်သူနှစ်ဦးနဲ့ ထင်းခွေ ထွက်သွားတဲ့အချိန် ကောင်လေး ကလည်း လိုက်သွားပြီး ကျန်တဲ့ ကလေးနှစ်ယောက် ပြန်သွားတဲ့ အချိန်မှာ ဖြစ်သွားတယ်လို့ သိရ တယ်။ မြေကြီးကို လက်နဲ့ယှက် မြှုပ်ပြီး သစ်ရွက်နဲ့ပဲ အုပ်တယ်။ မျက်နှာကို ချန်ထားခဲ့တော့ မသေ ဘဲ ကလေးက ပြန်လာနိုင်လို့ အ ခုလို အမှုကို ဖော်ထုတ်လိုက်နိုင် တာပါ’’ ဟု အထက်ပါ ရဲအရာရှိ က ပြောသည်။
‘‘လက်ကောက်ဝတ်တွေကို ဓားနဲ့ခုတ်တယ်လို့ ပြောတယ်။ အခုတော့ လည်ပင်းကလည်း ပုဆိုးနဲ့ချည်ထားလို့ ရောင်နေတဲ့ အပြင် လက်မှာလည်း ဓားဒဏ်ရာ တွေ၊ ဗိုက်ကိုလည်း ထိုးမိထားတဲ့ ဒဏ်ရာနဲ့ ဆေးရုံတက်နေရတယ်’’ ဟု မိန်းကလေး၏ မိခင်က ပြော ကြားသည်။
အဆိုပါအမျိုးသားမှာ ကျူးလွန်ပြီးနောက် အိမ်ပြန်လာကာခြင်းခတ်နေပြီး မိန်းကလေး မသေဘဲ ရွာပြန်လာသည်ကို သိသောအခါ ထွက်ပြေးသောကြောင့်ညတွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/story/14590#.U7ImlLG8RLB

အသည်းကို သန့်ရှင်းဖို့တွက် Detox Water



တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။

စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။

အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။

အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေ...

ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

1. Apple Cinnamon Detox Water
သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း

2. Cucumber Lemon Mint Detox Water
သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း

3. Strawberry Detox Water
သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း

4. Simple Detox Water
သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း

5. Apple Cider Vinegar Detox Water
သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း

6. Weight Loss Detox Water
Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။

ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။

တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။

ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းပါတယ်။

ref;GoodHealth(copy via zin min)

post by နှင်းဆီဖူးလေးများ-Love BUDS

သစ်ရွက်လိပ်ပြာ၊ ဓားခုတ်ကောင်



လိပ်ပြာ ရယ်လို့မ ဟုတ်ပဲ ဓားခုတ်ကောင်လို့ မြန်မာခေါ်ခေါ်တဲ့ အင်းဆက်မျိုး ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Phyllidae လို့ခေါ်ပါတယ်။

တောင်အာရှ၊ အရှေ့ တောင်အာရှ နဲ့ သြစတေးလျတို့ထိ တွေ့မြင်နိုင်တဲ့ အင်းဆက် သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာလည်း ရှိနေတတ် ပါတယ်။ တကယ့် သစ်ရွက်များနဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားပါတယ်။ အတောင်တွေက အစ တကယ့် သစ်ရွက်ပါပဲ။

walking leaves လို့လည်းခေါ်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင် ပုံစံချင်းလည်း မတူပါဘူး။ အကောင်လို့တောင် ထင်ချင်စရာ မရှိပဲ အရွက်များနဲ့ စုဖွဲ့ထားတဲ့ Phyllidae ကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref:wiki
အောင်ခမ်း (ရိုးရာလေး) 

သင့် မစင်နှင့် ကျန်းမာရေး အခြေအနေ



မပြောရင်လည်း မပြောလို့ . ပြောပြန်ရင်လည်း ရှက်စရာလိုလို၊ ရွံစရာလိုလို ဖြစ်နေတာက မစင် ဆိုင်ရာ လူ့ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။ ဒီကိစ္စကို အချင်းချင်း ပြောကြဆိုကြမှု နည်းတာကြောင့် ဝမ်းနဲ့ ဆိုင်ရာ ရောဂါ အမျိုးမျိုး ဖြစ်တတ် ကြပါတယ်။ ဒါကြောင့်မို့ အဲ့ဒီလို မဖြစ်အောင် ရေးသား ဖော်ပြ လိုက်ရ ပါတယ်။

၁။ မြေပဲစံ ကဲ့သို့ မာမာ၊ အတုံးခဲခဲ များ
(Separate hard limps, like nuts)
ယင်းကဲ့သို့ မစင်ဟာ ရေဓာတ်နဲ့ အမျှင်ဓာတ် ချို့ယွင်းနေတဲ့ လူ့ကျန်းမာရေး အခြေအနေကို ပြသပြီး ရေများများ သောက်ရန် နှင့် အသီးအရွက် များများ စားရန် လိုအပ် ပါတယ်။

၂။ ပျော့ပြောင်းချောမွေ့၍ ဝက်အူချောင်း ပုံသဏ္ဍာန်
(Sausage shaped, smooth and soft)

ကျန်းမာရေး ကောင်းသူ တစ်ယောက်၏ မစင် ဖြစ်သည်။

၃။ ရေကဲ့သို့ အရည်များ၊ အတုံးအခဲ မပါ
(Watery, no solid pieces, all liquid)

ဝမ်းပျက် ဝမ်းလျှော ဖြစ်နေသော ကျန်းမာရေး အခြေအနေကို ပြသပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ရေများကို အစာအိမ်က ဆုပ်ယူနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းကဲ့သို့ ဖြစ်နေစဉ် အချိန်အတွင်း ရေများများ သောက်ဖို့ရန် လိုအပ် ပါတယ်။ မဟုတ်ရင် အားအင်ကုန်ခမ်းပြီး ကျန်းမာရေး ပိုမို ဆိုးရွား သွးပါ လိမ့်မယ်။

၎။ ဝက်အူချောင်းကဲ့သို့၊ သို့သော် မရှည်လျား
(Sausage shaped, but lumpy)

အမျှင်ဓာတ်နှင့် ရေဓာတ် အင်မတန် နည်းတဲ့ ပထမ အမျိုးအစားလောက် မဟုတ်သော်လည်း ရေ နှင့် အသီးအရွက် ဦးစားပေး စားရန် လိုအပ်သော ကျန်းမာရေး အခြေအနေ ဖြစ်ပါတယ်။

၅။ အနားညီညာသော အရည်ပျစ် အတုံး အစက်
(Soft blobs and clear-cut edges)

ယင်း မစင် အမျိုးအစား ဖြစ်ပါက ကျန်းမာရေး ကောင်းသော်လည်း တစ်နေ့ကို တစ်ကြိမ်သာ အိမ်သာတက်ခြင်းဖြင့် မလုံလောက်ပါ။

၆။ ဖောင်းကြွကြွ မညီမညာ ဝက်အူချောင်း ပုံစံ
(Sausage shaped, but with cracks on surface)

ပုံမှန် ဖြစ်သော်လည်း ရေများများ သောက်ရန် လိုအပ်နေသေးသော အခြေအနေ

၇။ အနားမညီညာ အစွန်းထွက် အမျှင်ပါဝင်သော ဈေးပျစ်ပျစ် အတုံးများ
(Fulffy pieces with ragged edges, a mushy tool)

ကျန်းမာရေး ကောင်းနေသော်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်လာနိုငတော့မည် အခြေအနေ

၈။ နူးညံ့ပြီး ကပ်စေးသော မစင်
(Soft and stick to the side of the bowl)

မစင်တွင် အဆီဓာတ် များနေသည်ကို ပြသပြီး တစ်နည်းအားဖြင့် ခန္ဓာကိုယ်က အဆီဓာတ်ကို မဆုပ်ယူကြောင်းကို ပြသခြင်း တစ်မျိုး ဖြစ်ပါတယ်။ အဆီဓာတ် မဆုပ်ယူခြင်းကြောင့် ယင်း မစင်ပိုင်ရှင်ဟာ ပိန်တဲ့သူ အများစု ဖြစ်ပါတယ်။ မပိန်ရင်တောင် ပိန်ဖို့ အတွက် အလားအလာ များပြီး အစာရှည်ရန် ထုတ်ပေးသော ဂလင်း မထွက်ရှိခြင်း ကြောင့်လည်း ဖြစ်သည်။ သို့သော် အဆီများသော အာလူးကြော်၊ အသင့်ကြော် ဆီများ အစားအစာ ရှောင်ရန် လိုအပ်နေသေးပြီး အသား၊ ငါး၊ အသီးအရွက်၊ ဂျုံ တို့ကို မျှမျှ တတ စားပေးရန် လိုအပ်သည်။
.
Ref: Healthdigest

အောင်ခမ်း (ရိုးရာလေး)

ရောင်းပေးသူ မရှိ၊ စားပွဲထိုး မရှိတဲ့ ကိုယ်တိုင်ဖျော် ကော်ဖီဆိုင်



အမေရိကန်နိုင်ငံ၊ North Dakota ပြည်နယ်က Valley City မှာ The Vault လို့ အမည်ရတဲ့ ကော်ဖီဆိုင်လေး တစ်ခု ရှိပါတယ်။ သူ့ရဲ့ ထူးခြားချက် ကတော့ ရောင်းပေးသူ မရှိ၊ စားပွဲထိုး လည်း မရှိခြင်း ဖြစ်ပါတယ်။

ဒီတော့ ကော်ဖီ သောက်ချင်သူများက ကိုယ်တိုင် ဖျော်ရပြီး ငွေကိုလည်း ကိုယ်တိုင် ရှင်းရ ပါတယ်။ ဒီအတွက် အကြွေငွေ ရှင်းမယ့် သူတွေ အတွက် ငွေထည့်ပုံး၊ ခရက်ဒစ် ကဒ်နှင့် ရှင်းမည့် သူများအတွက် စက် တစ်လုံး ထားရှိ ပေးထား ပါတယ်။ ကော်ဖီကိုလည်း စက်နဲ့ ကိုယ်တိုင် ဖျော်ပြီး ထည့်ရ ပါမယ်။ ကော်ဖီ အပြင် အခြားသော မုန့် အချို့လည်း ရပါသေးတယ်။ မြို့ခံ လင်မယား နှစ်ဦးမှ ဖွင့်ထားတဲ့ ဆိုင်ပါ။ လကုန်တဲ့ အချိန် ငွေစာရင်း ချုပ်လိုက်တဲ့ အခါမှာလည်း သာမှန် ကော်ဖီ ဆိုင်လေး တစ်ခုလို အမြတ်ပုံမှန် ရှိနေတာကိုလည်း တွေ့ရ ပါတယ်။

ယင်းဟာ Valley ဒေသခံ ပြည်သူ များရဲ့ ရိုးသာမှုကို ဖော်ပြပြီး အခြားသော လာရောက် လည်ပတ် သူများတောင်မှ ကော်ဖီ ဆိုင်ကို လာထိုင်နေကြပြီ ဖြစ်ပါတယ်။ ကော်ဖီဆိုင်ထဲမှာ စန္ဒယား၊ နဲ့ အခြား တေးဂီတ တူရိယာ ၂ ခုလောက်ကိုလည်း တီးခတ်လိုသူ များအတွက် ထားရှိ ပေးထား ပါတယ်။ ပြီးတော့ စာအုပ်စင် နဲ့ ဗီရိုများလည်း ထားရှိပေးထားပြီး လူတိုင်း ဖတ်ရှု နိုင်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့ လမ်းထောင့် တစ်နေရာမှာ ရှိပြီး လူအများ ဝင်ရောက်လို့ ကော်ဖီသောက် အပန်းဖြေ ကြ ကြောင်း သိရ ပါတယ်။
.
Ref; Metro
အောင်ခမ်း (ရိုးရာလေး)

အလှူအတန်း ရက်ရောတဲ့ ဟယ်ရီပေါ်တာ စာရေးဆရာမ



ဟယ်ရီပေါ်တာ ဝတ္တု အဆက်များစွာ ရေးသားခဲ့သူ အသက် ၄၈ နှစ် အရွယ် J. K. Rowling ဟာ ဗြိတိန်မှာ အချမ်းသာဆုံး အဆင့် ၃၀ မှာတောင် ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာ တစ်ထောင်ကျော် စာရင်းထဲမှာလည်း ပါဝင်ခဲ့ ပါတယ်။

စာရေး၊ စာအုပ် ထုတ်ဝေပြီး ချမ်းသာတဲ့ ကမ္ဘာ့ ပထမဆုံး ဘီလျံနာ လို့လည်း စံချိန်တင် ပါတယ်။ သူမရဲ့ ဟယ်ရီပေါ်တာ စာအုပ်ကလည်း ကမ္ဘာ့ ပထမဆုံး နဲ့ အအောင်မြင်ဆုံး ရုပ်ရှင် အဆက်ဆက် ရိုက်ရတဲ့ ဝတ္တု အဖြစ်လည်း စံချိန်တင် ပါတယ်။ ဗြိတိန် အစိုးရ နဲ့ ဗြိတိန် ရှိ တက္ကသိုလ် များစွာက ပေးအပ်တဲ့ ဆုတံဆိပ် ပေါင်း ၂၀ ကျော်ကိုလည်း ရရှိခဲ့ပြီး သူမဟာ Time က ပေးအပ်တဲ့ Person of the Year အသိအမှတ်ပြုမှုကိုလည်း ခံယူခဲ့ဖူး ပါတယ်။ ထုတ်လိုက်တဲ့ စာအုပ်တိုင်း ကန်ဒေါ်လာ သန်းချီ တန်ဖိုး အရောင်းထွက်ပြီး အောင်မြင် ပါတယ်။

ငါးနှစ်ဆက်တိုက် ဘီလျံနာ နေရာကို ယူခဲ့ပေမယ့် ၂၀၁၂ ခုနှစ် နှစ်ဆန်း အရောက်မှ မပါဝင်တော့ ပါဘူး။ အကြောင်းကတော့ သူမရဲ့ စည်းစိမ် အများစုကို အလှူအတန်းမှာ အသုံးပြုခဲ့လို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော်ကို တစ်ပြိုင်နက်တည်း လှူပြီး သူမ ဆက်တိုက် ပြုလုပ်တဲ့ ဆင်းရဲသား နဲ့ ရောဂါကုသ ရှာဖွေးရေး လုပ်ငန်းတို့မှ ဆက်တိုက် လှူဒါန်းမှုကြောင့် ချမ်းသာမှုဟာ ဘီလျံနာ အဆင့်ထဲ မပါဝင်တော့ ပါဘူး။

သို့ပေမယ့် ဆက်တိုက် ဝင်နေသေးတဲ့ ငွေကြေးများက သူမကို မီလျံနာ ဖြစ်နေစေ သေးပြီး ယနေ့တိုင်း ကမ္ဘာက လေးစား ရတဲ့ စာရေး ဆရာမ တစ်ဦး ဖြစ်ပါတယ်။
.
Ref:Times
အောင်ခမ်း (ရိုးရာလေး)

ဝဲရောဂါ

Scabies

ဝဲရောဂါ

ဝဲ ဆိုတာ ကလေးတွေမှာ အဖြစ်များပါတယ် ။ အထူးသဖြင့် သန့်သန့်ရှင်းရှင်း မနေတဲ့ ကလေးတွေ ၊ သန့်ရှင်းရေးကို မိဘတွေက ဂရုတစိုက် ပြုလုပ် ပေးနိုင်ခြင်း မရှိတဲ့ ကလေး တွေမှာ ဖြစ်တက် ပါတယ် ။ တချို့ လူလတ်ပိုင်း ၊ လူငယ်ပိုင်း တွေမှာလည်း ဖြစ်တက်ပါတယ် ။ စာဖတ်သူတွေ ထဲမှာ ကိုယ်တိုင် ဖြစ်ဖူး တာမျိုး ရှိနိုင်သလို ၊ ပတ်ဝန်းကျင်မှာ ၀ဲ ပေါက်တဲ့ သူတွေကို တွေ့ဖူးကောင်း တွေ့ဖူး ကြမှာပါ ။



ဝဲ ရောဂါပိုးကောင် Sarcoptes scabiei

ဝဲ က ဘက်တီးရီးယား ကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး ၊ ဗိုင်းရပ်စ် ကြောင့်လဲ မဟုတ်ပါဘူး ။ Sarcoptes scabiei လို့ခေါ်တဲ့ အကောင်လေး တွေကြောင့် ဖြစ်တာပါ ။ အဲဒီအကောင်တွေက အရေပြား အောက်ကို ၀င်ပြီး လှိုဏ်ခေါင်းတွေ တူးပြီး တွားသွား နေကြတဲ့အခါ အရေပြားက ယားလာပါတယ် ။ ယားတော့ကုတ် ၊ ကုတ်တော့ အရေပြားက ပွန်းပဲ့ပြီး တခြား ဗက်တီးရီးယားပိုးတွေ ၀င်လာပြီး အနာဖြစ် ၊ အရည်တရွှဲရွှဲ နဲ့ အနာကတော့ ၀ဲစိုပေါ့ ၊ ခြောက်ပြီး ယားနေတဲ့ ၀ဲ ကတော့ ၀ဲခြောက်ပေါ့ ။ဝဲက နေရာ တော်တော် များများမှာ ဖြစ်နိုင်ပါတယ် ။ အဖြစ်များ တာက ခြေချောင်း ၊ လက်ချောင်းလေးတွေ ၊ ဦးခေါင်း ၊ လည်ပင်း ၊ ချိုင်းကြားတွေ မှာ ဖြစ်တက် ပါတယ် ။

ဝဲ ကို ကုလို့ရပါတယ် ။ ကုရတာ လွယ်သလား ခက်သလား ဆိုရင် လူနာရဲ့ အနေအထား ပေါ်မူတည်ပါတယ် ။ လူနာရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု ၊ ဆရာဝန် ညွှန်ကြားချက်အပေါ်လိုက်နာမှု စတဲ့ အချက်တွေ ပေါ် မူတည်ပါတယ် ။

ဝဲ ဟာ ညဘက်မှာ ပိုပြီး ယားယံ တက်ပါတယ် ။ နေ့ဘက်မှာ မကုတ်မိအောင် သတိထားနိုင်ပေမယ့် ညဘက် အိပ်ရင် အမှတ်မထင် ကုတ်မိ တာကနေ အနာစို ဖြစ်သွား တက်ပါတယ် ။ သတိထားဖို့ လိုပါတယ် ။ လက်သည်း ကို သေချာ ညှပ်ထားရပါမယ် ။ လက်သည်း ရှည်ကနေ ကုတ်မိလို့ အနာစိုဖြစ်ပြီး ကုသရ တာရှည် တက်ပါတယ် ။

မိမိဝတ်တဲ့ အ၀တ်အစား တွေ ကို သေချာလျှော်ဖွတ် ၊ နေလှမ်း ၊ မီးပူတိုက်ဖို့ လိုအပ်ပါတယ် ။ ဒါမှသာ ၀ဲရောဂါကို ဖြစ်စေတဲ့ Sarcoptes scabiei ဆိုတဲ့ အကောင်တွေ သေသွားမှာဖြစ်ပါတယ် ။ အ၀တ်အစားယူဝတ်တာ ၊ ရောဂါရှိသူ ကုတင်အိပ်ယာမှာ အိပ်တာ ၊ အ၀တ်အထည် ၊ အသုံးအဆောင်တွေကနေ ကူးစက်နိုင်ပါတယ် ။

ဆေးကုသမှူအနေနဲ့ကတော့ ရောဂါဖြစ်စေတဲ့ အကောင်ကို သတ်ရပါမယ် ။ ဘီပီအိုင်က ထုတ်တဲ့ Burscabies က မြန်မာပြည်မှာ ၀ဲ အတွက်အသင့်တော်ဆုံးဆေးဝါးပါပဲ ။ ဆေးကို အနာဖြစ်နေတဲ့ နေရာတင်မကပဲ ခြေဆုံးခေါင်းဆုံးလိမ်းသင့်ပါတယ် ။ သောက်ဆေးအနေနဲ့ကတော့ သာမာန်အနေအထားမှာ မလိုအပ်ပါဘူး ။ ကုတ်မိလို့ အနာက ဗက်တီးရီးယားပိုးတွေဝင်ပြီ အရေ တရွှဲရွဲနဲ့ စိုနေရင်တော့ အနာခြောက်အောင် ၊ အနာထပ်မပွားအောင် လိုအပ်တဲ့ ပဋိဇီဝ ဆေးဝါးတွေနဲ့ သေချာကုသပေးရပါတယ် ။

အိမ်မှာ အတူနေတဲ့ တခြားသူတွေလဲ တပြိုင်နက်တည်း ကုသမှုခံယူသင့်ပါတယ် ။ ဒါမှသာ ရောဂါပိုးခိုကပ်ကျန်မနေပဲ အမြစ်ပြတ် သုတ်သင်နိုင်မှာပါ ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုပြုမယ် ၊ အ၀တ်အစား ၊ အသုံးအဆောင်တွေကိုပါ တခါတည်းနေလှမ်း ၊ လျှော်ဖွတ် ၊ မီးပူတိုက်မယ်ဆိုရင် ၀ဲရောဂါက မကြာခင်ပျောက်သွားနိုင်ပါတယ် ။ ၀ဲရောဂါက ပြန်ဖြစ်တက်ပါတယ် ။ Sarcoptes scabiei အမ ဟာ အရေပြားအောက်မှာ ဥဥ ပြီး ၂၁ ရက်ကြာရင်အကောင်ပေါက်ပါတယ် ။ ကလေးအချင်းချင်း ၊ မိသားစု ၀င်တွေ အချင်းချင်း တစ်ယောက်ဆီက တစ်ယောက် ကူးလိုက် ပျောက်လိုက် သံသရာ လည်နေတက်ပါတယ် ။ ကုသမှုမှန်ကန်ဖို့ လိုအပ်သလို လူနာရှင် ဘက်ကလည်း သေချာလိုက်နာဆောင်ရွက်တက်ဖို့ အရေးကြီးပါတယ် ။

မိမိပတ်ဝန်းကျင်မှာ မိဘတွေမသိနားမလည်လို့ အရေတရွှဲရွှဲနဲ့ ၀ဲ စွဲနေတဲ့ ကလေးတွေတွေ့မိရင် မိဘတွေကို နားလည်အောင်ရှင်းပြပြီး ကုသမှူခံယူဖို့ တိုက်တွန်းပေးစေလိုပါတယ် ။ မိမိကိုယ်တိုင်တက်နိုင်ရင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးစေလိုပါတယ် ။ မိဘတွေရဲ့ ဂရုစိုက်မှုနဲ့ကင်းကွာပြီးဖြစ်သလိုနေတက်တဲ့ ကလေးလေးတွေမှာ အဖြစ်များတက်တဲ့ ရောဂါဖြစ်လို့ပါ ။ မသိနားမလည်တဲ့ ကလေးလေး တွေက သနားဖို့ အရမ်းကောင်းပါတယ် ။ သေချာကုရင်ပျောက်ကင်းနိုင်သလို ၊ တကိုယ်ရေသန့်ရှင်းမှုပေါ်မူတည်ပြီး ပြန်လည် ကူးစက် နိုင်တက် ရောဂါလည်း ဖြစ်တာမို့ ကျနော်တို့ ပတ်ဝန်းကျင်မှာ ၀ဲ ဖြစ်နေတဲ့သူကို တွေ့မိရင် ကိုယ် တက်နိုင်သလောက် ကျန်းမာရေး ဗဟုသုတ လေး ဖြန့်ဝေဖို့ တိုက်တွန်း လိုက်ရပါတယ် .....။။

အရေပြားမှာ ၀ဲ ကူးစက် နေတဲ့ ပုံတစ်ချို့ကို ဖော်ပြ ပေးလိုက်ပါတယ် ။





Dr Zero

Sunday, June 29, 2014

ဒီကနေ့ အတွက် ဓာတ်ပုံ

ဒီကနေ့ အတွက် ဓာတ်ပုံ
Brazil ကွာတားဖိုင်နယ်တက်လို့ တဲ့။

ဒီကနေ့ အတွက်ဓာတ်ပုံ


ဇွန်(၁၅)ရက်နေ့က ကျိုက်ထီဆောင်းဆရာတော်ကို ဇေကမ္ဘာဦးခင်ရွှေက သိန်း (၃၀၀) ငွေသားအပုံလိုက်လှူ။။
ပိဋိကတ်သုံးပုံကို ထီးဖြူဆောင်း၊ ဆင်စီးပြီး ကျိုက်ထီးဆောင်းဆရာတော်နဲ့ ဦးခင်ရွှေ ပင့်နေစဉ်။

ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်

ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့ လူတွေဆီ ပေးပို့ သင့်ပါတယ် ။

**ဂျွန်ဟော့(ပ်)ကင်း(စ်)မှ**ဖတ်ပါ။ဝေမျှပါ

ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။

ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။

၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။

ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ
ကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါ
လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။

၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။

၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊ အကျိတ်လည်းမဖြစ်နိုင်ပါဘူး။

၎။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို
့တဲ့နေပြီ ဆိုတာကို ပြသတာပါဘဲ၊ ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို ပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။

၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊
အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။

၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။

၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်
အကျိတ်တွေ ကျုံ့သွားတတ်ပါတယ်၊
ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွားပါတယ်၊အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။

၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူတွေဟာ
ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။

၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့
့စေနိုင်ပါတယ်။

၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ်
တောက်လိုက်ခြင်းပါဘဲ။

(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ ။ သကြားကို ဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့သကြား အစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ် တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။

စားပွဲတင်ဆားဟာ
ဓာတုပစ္စည်း ရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။

(ခ) နို့ ။ ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲ တွေ ထွက်စေပါတယ် ၊ အထူးသဖြင့်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်) တွေ က စားသုံးနိုင်ပါတယ် ။ နို့အစားသကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာပြတ်စေနိုင်ပါတယ်။

(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာ
ပိုပွားနိုင်ပါတယ် ။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ် ။ အမဲသား၊၀က်သားထက် ငါးစားတာအကောင်းဆုံးပါဘဲ ။ ဒါမှမဟုတ် ကြက်သား နည်းနည်းစားနိုင်ပါတယ် ။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဋိဇီဝဆေးတွေ ၊ ကြီးထွားဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ် ၊ ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။

(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန် ။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့ ၈၀% အချိုးနဲ့ စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ် ။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ် ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်ထဲ မှာ စွံမ်းအားမြင့် အင်ဆိုင်းတွေ ပါဝင်တယ် ။ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။

ကျန်းမာတဲ့ဆဲလ် တွေ တည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင်
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။အပူချိန်104’F (40’c)
ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။

(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကို
ခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ်
သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား (
Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့
အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။

၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။

၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။

၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )
ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့
ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)
တွေ အားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )
ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊
ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း သိရပါတယ် ။

၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ

၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများနိုင်ပါဘူး ။
နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ
ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။
အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကို
ချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။

(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။

(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။

(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန် ။

ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )
ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်
ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။

ဒီ ကျန်းမာရေး ပြသနာကိုမကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံ အစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။
သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။
ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်
ပါဘူး လို့ သူကပြောပါတယ်။

အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင်
ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာထဲ ရောက်ရှိသွားကာ နောက်ဆုံးမှာ
ခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….)
ကို သူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်
အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလ ဗူးခွက်တွေကို
မသုံသင့်ပါဘူး။

စက္ကူကို သုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့်
စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား
စက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။

မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။

ကျန်းမာချမ်းသာကျပါစေ

ကြိုးစားပါဉီးမည်

ရတီ
Yati Netpumchee Athinchay
------------------
Description: Viral text / Forwarded email
Circulating since: 2007
Status: FALSE (see details below)
Example:
Forwarded email contributed by Clintene B., June 7, 2007:
AFTER YEARS OF TELLING PEOPLE CHEMOTHERAPY IS THE ONLY WAY TO TRY (TRY THE KEY WORD) AND ELIMINATE CANCER JOHN HOPKINS IS FINALLY STARTING TO TELL YOU THERE IS AN ALTERNATIVE WAY .
Cancer Update from John Hopkins
1. Every person has cancer cells in the body. These cancer cells do not show up in the standard tests until they have multiplied to a few billion. When doctors tell cancer patients that there are no more cancer cells in their bodies after treatment, it just means the tests are unable to detect the cancer cells because they have not reached the detectable size.
2. Cancer cells occur between 6 to more than 10 times in a person's lifetime.
3. When the person's immune system is strong the cancer cells will be destroyed and prevented from multiplying and forming tumours.
4. When a person has cancer it indicates the person has multiple nutritional deficiencies. These could be due to genetic, environmental, food and lifestyle factors.
5. To overcome the multiple nutritional deficiencies, changing diet and including supplements will strengthen the immune system.
6. Chemotherapy involves poisoning the rapidly-growing cancer cells and also destroys rapidly-growing healthy cells in the bone marrow, gastro-intestinal tract etc, and can cause organ damage, like liver, kidneys, heart, lungs etc.
7. Radiation while destroying cancer cells also burns, scars and damages healthy cells, tissues and organs.
8. Initial treatment with chemotherapy and radiation will often reduce tumor size. However prolonged use of chemotherapy and radiation do not result in more tumor destruction.
9. When the body has too much toxic burden from chemotherapy and radiation the immune system is either compromised or destroyed, hence the person can succumb to various kinds of infections and complications.
10. Chemotherapy and radiation can cause cancer cells to mutate and become resistant and difficult to destroy. Surgery can also cause cancer cells to spread to other sites.
11. An effective way to battle cancer is to starve the cancer cells by not feeding it with the foods it needs to multiply.
CANCER CELLS FEED ON:
a. Sugar is a cancer-feeder. By cutting off sugar it cuts off one important food supply to the cancer cells. Sugar substitutes like NutraSweet, Equal,Spoonful, etc are made with Aspartame and it is harmful. A better natural substitute would be Manuka honey or molasses but only in very small amounts. Table salt has a chemical added to make it white in colour. Better alternative is Bragg's aminos or sea salt.
b. Milk causes the body to produce mucus, especially in the gastro-intestinal tract. Cancer feeds on mucus. By cutting off milk and substituting with unsweetened soya milk cancer cells are being starved.
c. Cancer cells thrive in an acid environment. A meat-based diet is acidic and it is best to eat fish, and a little chicken rather than beef or pork. Meat also contains livestock antibiotics, growth hormones and parasites, which are all harmful, especially to people with cancer.
d. A diet made of 80% fresh vegetables and juice, whole grains,seeds, nuts and a little fruits help put the body into an alkaline environment.About 20% can be from cooked food including beans. Fresh vegetable juices provide live enzymes that are easily absorbed and reach down to cellular levels within 15 minutes to nourish and enhance growth of healthy cells. To obtain live enzymes for building healthy cells try and drink fresh vegetable juice (most vegetables including bean sprouts)and eat some raw vegetables 2 or 3 times a day. Enzymes are destroyed at temperatures of 104 degrees F (40 degrees C).
e. Avoid coffee, tea, and chocolate, which have high caffeine.Green tea is a better alternative and has cancer-fighting properties. Water-best to drink purified water, or filtered, to avoid known toxins and heavy metals in tap water. Distilled water is acidic, avoid it.
12. Meat protein is difficult to digest and requires a lot of digestive enzymes. Undigested meat remaining in the intestines become putrified and leads to more toxic buildup.
13. Cancer cell walls have a tough protein covering. By refraining from or eating less meat it frees more enzymes to attack the protein walls of cancer cells and allows the body's killer cells to destroy the cancer cells.
14. Some supplements build up the immune system (IP6, Flor-ssence,Essiac, anti-oxidants, vitamins, minerals, EFAs etc.) to enable the body's own killer cells to destroy cancer cells. Other supplements like vitamin E are known to cause apoptosis, or programmed cell death, the body's normal method of disposing of damaged, unwanted, or unneeded cells.
15. Cancer is a disease of the mind, body, and spirit. A proactive and positive spirit will help the cancer warrior be a survivor. Anger, unforgiveness and bitterness put the body into a stressful and acidic environment. Learn to have a loving and forgiving spirit. Learn to relax and enjoy life.
16. Cancer cells cannot thrive in an oxygenated environment. Exercising daily, and deep breathing help to get more oxygen down to the cellular level. Oxygen therapy is another means employed to destroy cancer cells.
(PLEASE FORWARD IT TO PEOPLE YOU CARE ABOUT)
CANCER UPDATE FROM JOHN HOPKINS HOSPITAL , U S - PLEASE READ
1. No plastic containers in micro.
2. No water bottles in freezer.
3. No plastic wrap in microwave.
Johns Hopkins has recently sent this out in its newsletters. This information is being circulated at Walter Reed Army Medical Center as well.
Dioxin chemicals causes cancer, especially breast cancer.
Dioxins are highly poisonous to the cells of our bodies.
Don't freeze your plastic bottles with water in them as this releases dioxins from the plastic.
Recently, Dr. Edward Fujimoto, Wellness Program Manager at Castle Hospital , was on a TV program to explain this health hazard. He talked about dioxins and how bad they are for us. He said that we should not be heating our food in the microwave using plastic containers.
This especially applies to foods that contain fat. He said that the combination of fat, high heat, and plastics releases dioxin into the food and ultimately into the cells of the body. Instead, he recommends using glass, such as Corning Ware, Pyrex or ceramic containers for heating food. You get the same results, only without the dioxin. So such things as TV dinners, instant ramen and soups, etc., should be removed from the container and heated in something else. Paper isn't bad but you don't know what is in the paper. It's just safer to use tempered glass, Corning Ware, etc. He reminded us that a while ago some of the fast food restaurants moved away from the foam containers to paper. The dioxin problem is one of the reasons.
Also, he pointed out that plastic wrap, such as Saran, is just as dangerous when placed over foods to be cooked in the microwave. As the food is nuked, the high heat causes poisonous toxins to actually melt out of the plastic wrap and drip into the food. Cover food with a paper towel instead.
This is an article that should be sent to anyone important in your life.


Analysis: This misinformative article has been circulating since 2007, most recently surfacing in the form of a blog post entitled "How to Avoid Cancer." Contrary to what's claimed, however, none of the information originated from Johns Hopkins, which has disavowed the article in its entirety.
The basic premise of the article is that standard medical treatments such as chemotherapy and radiation damage the body and are less effective than "alternative" dietary treatments which supposedly fight cancer by strengthening the immune system. But while it's true that chemotherapy and radiation have harsh side effects and diet can be a contributing factor in the development of cancer, the notion that dietary changes alone can "eliminate" cancer and are preferable to standard treatments flies in the face of current medical knowledge.

Oxford Myanmar ဆေးကောလိပ်ကို တစ်လ ကျောင်းလခ ကျပ် ၃သုံးခွဲပေးရမှာဖြစ်...

Oxford Myanmar ဆေးကောလိပ်ကို တစ်လ ကျောင်းလခ ကျပ် ၃သုံးခွဲပေးရမှာဖြစ်...
ဆယ်တန်းအမှတ်မမီလို့ စိတ်မညစ်နဲ့၊ အောက်စဖို့ဒ်ဆေးကောလိပ် ရန်ကုန်မှာဖွင့်မယ်
ဆရာဝန်ဖြစ်ချင်လို့ ဆေးကျောင်းတက်ဖို့ အားခဲထားခဲ့ပေမယ့် ဆယ်တန်းအမှတ်မမီလို့ ဆရာဝန်မဖြစ်တော့ဘူးလို့ ထင်နေတဲ့သူတွေအတွက် ရန်ကုန်မှာ ပုဂ္ဂလိကပိုင် Oxford ဆေးကောလိပ်တစ်ခု ဖွင့်ပါတော့မယ်။ ဒီဆေးကောလိပ်မှာ ဘာတွေသင်မှာလဲ၊ ဘွဲ့ကိစ္စ ဘယ်လိုရှိလဲ။
ဗြိတိန်နိုင်ငံ Business and Technology Education Council – BTEC က ချီးမြှင့်တဲ့ HND အဆင့် Higher National Diploma တန်းမှာတော့ Social Care နဲ့ Public Health ဘာသာရပ်တွေကို ၂နှစ်ခွဲကြာ သင်ကြားပေးမှာမယ့် Oxford Myanmar Medical College ကို ဖွင့်တော့မယ်လို့ ပြောပါတယ်။
ကောလိပ်အဆင့် ၂နှစ်ခွဲပြီးသွားရင်တော့ ပြည်တွင်းမှာပဲဖြစ်ဖြစ် အင်္ဂလန်က ဆေးတက္ကသိုလ်တွေမှာပဲဖြစ်ဖြစ် MBBS ဘွဲကို ၄နှစ်ဆက်တက်နိုင်မှာဖြစ်သလို သြဂုတ်ကျရင် သိမ်ဖြူလမ်းမှာဖွင့်မယ့် Oxford Myanmar ဆေးကောလိပ်မှာ Nursing, Biochemistry, Public Health ဘာသာရပ်တွေလည်း ပါဝင်မယ်လို့ ရှင်းပြပါတယ်။
နာဂစ်ဆိုင်ကလုန်းဖြစ်ပြီးနောက် မြန်မာပြည်ကိုရောက်လာပြီး ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်အဖွဲ့ကို တွေ့ရပြီးနောက်ပိုင်း ဆရာဝန်တွေကို အုပ်ချုပ်ရေးပညာရပ် သတိထားမိလာလို့ အခုလို စီစဉ်တာဖြစ်တဲ့အကြောင်း ပြောပါတယ်။
Oxford Myanmar ဆေးကောလိပ်ကို တစ်လ ကျောင်းလခ ကျပ် ၃သုံးခွဲပေးရမှာဖြစ်ပြီး အပြင်ကျူရှင်ယူစရာမလိုဘဲ ဆေးပါမောက္ခတွေ၊ ပြည်တွင်းပြည်ပ ဆရာဝန်ကြီးတွေက သင်ကြားမှာဖြစ်တယ်လို့ဆိုပါတယ်။
Ref. Kamayut Media
June 29, 2014 at 6:29 pm

ထိုင်း အာဏာသိမ်း စစ်တပ် မြန်မာဒုက္ခသည်တွေ ပြန်ဖို့ ထိုင်းစီစဉ်

19 June 2014
_____________________________________
ထိုင်း-မြန်မာ နယ်စပ် တလျှောက် က မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်တွေ ကို နေရပ် ပြန်ပို့ရေး နဲ့ ပတ်သက်ပြီး တော့၊ ထိုင်း ပြည်တွင်း လုံခြုံရေးဌာန ကို ထိုင်း အာဏာသိမ်း စစ်တပ် က တာဝန်ပေး လိုက်ပါ တယ်။
ထိုင်းနိုင်ငံ မှာ စစ်ပြေး ဒုက္ခသည် အဖြစ် နှစ်ပေါင်း ၃၀ ကျော် နေလာရ တဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် တွေ အိမ်ပြန်ချိန် တန်ပြီဖြစ် လို့ ထိုင်းဘက်ကနေ ဆောင်ရွက် ပေးနေတာ ဆိုပြီး၊ ထိုင်း အာဏာပိုင်တွေ က ပြောပါတယ်။
မြန်မာနိုင်ငံ မှာ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်ပေါ်နေ ကာ၊ ဒီမိုကရေစီ စနစ် ကို သွားနေတဲ့ အပြင်၊ အာဆီယံဥက္ကဌ အဖြစ် မြန်မာနိုင်ငံ က တာဝန် ယူနေရချိန်မှာ၊ မြန်မာ ဒုက္ခသည်တွေ အတွက် သူတို့ မွေးရပ်မြေကို ပြန်ဖို့ အကောင်းဆုံး ဖြစ်တယ် လို့ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် နိုင်အဖိရတ် ထေယိုဖါနစ် က မဲဆောက် မှာ ပြောသွားပါ တယ်။
ပထမအဆင့် အနေနဲ့ လက်ရှိ ဒုက္ခသည် စခန်းတွေ မှာ တွေ့ကြုံနေရ တဲ့ နေထိုင် စားသောက်ရမှု လူနေမှုဘဝ အခြေအနေတွေ ကို လေ့လာ မှာ ဖြစ်တဲ့ အပြင်၊ ဘယ်သူတွေ နေရာရင်း ပြန်ချင်သလဲ ဆိုတာနဲ့၊ အသက်အရွယ် အပိုင်း အခြား၊ ပြန်လိုရာ ဒေသ၊ အသက်မွေး လုပ်ကိုင်ချင်တဲ့ အလုပ် စတဲ့ အချက်တွေ ကို စစ်တမ်းယူပြီး မှ အဆင့်ဆင့် လုပ်ဆောင်သွားရ မှာ ဖြစ်တဲ့အတွက် အချိန်ယူရမယ် ဆိုပြီး ထိုင်း တာဝန်ရှိသူတွေ က ပြောပါတယ်။
လက်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ စာရင်းအရ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည် ၁ သိန်း ၂ သောင်းနီးပါး ရှိကာ၊ အဲဒီ အထဲက ၇-သောင်း ကျော်သာ ဒုက္ခသည်တွေ အဖြစ်၊ တရားဝင် အသိအမှတ်ပြု ခံထားရသူတွေ ဖြစ်ပါတယ်။
ဒုက္ခသည်တွေထဲ က အများစုကတော့ တတိယနိုင်ငံတွေ ကို သွားရောက် အခြေချလိုသူ တွေ ဖြစ်ပြီး၊ နေရပ်ရင်း ကို ပြန်လိုသူတွေ နဲ့ ထိုင်းနိုင်ငံထဲမှာ ပဲ ဆက်လက် နေလိုသူတွေလည်း ရှိနေကြပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

စာသင်ကျောင်း ၃၉ ကျောင်း တိုက်ပွဲများကြောင့် ပိတ်ခဲ့ရ

30 June 2014
  ဒီနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ စစ်ရေးအခြေအနေတွေကြောင့် အခြေခံပညာ စာသင်ကျောင်း ၃၉ ကျောင်း မဖွင့်လှစ်နိုင်ဘူးလို့ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် မဖွင့်လှစ်နိုင်တာဖြစ်တယ်လို့ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုပါတယ်။

"တစ်ပြည်နယ်လုံးမှာ ဆိုလို့ရှိရင် အစိုးရထိန်းချုပ်တဲ့ နယ်မြေမှာ အခုစစ်ကြောင့် ပိတ်ရတဲ့ကျောင်းပေါ့နော် ၃၉ ကျောင်းရှိတယ်၊ ကျမတို့ ခါတိုင်းခန့်မှန်းတွက်ထားတာဆို ကျေုာင်းသားပေါင်း ၂၀၀၀၀ နီးပါးရှိတယ်၊ သူတို့က နယ်မြေရှောင်တိမ်းလာတဲ့ အခါကျတော့ IDP ကမ့်တွေကို ရောက်သွားကြတယ်လေ ရွာသားတွေလည်း မရှိကြတော့တဲ့အခါကျတော့ ကျောင်းကလည်း အလိုလို ပိတ်သွားတဲ့ ပုံစံဖြစ်တယ်"

ပိတ်ထားရတဲ့ စာသင်ကျောင်းတွေဟာ မိုးမောက်၊ ဝိုင်းမော်၊ ချီဖွေ၊ မန်စီ၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ဖားကန့် စတဲ့မြို့နယ်တွေမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် ဇွန်လ ၉ရက် နေ့ကစပြီး တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရနဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေက စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူဦးရေ တစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese

ISIS က အစ္စလာမ္မစ် နိုင်ငံ ကြေညာ

30 June 2014
 အီရတ်နဲ့ ဆီးရီးယားက ISIS လက်နက်ကိုင် အဖွဲ့ သိမ်းပိုက် ထားတဲ့ နယ်မြေ တွေကို စုစည်းပြီး အစ္စလာမ္မစ် နိုင်ငံ ကြေညာ လိုက်ပြီလို့ ISIS အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အီရတ်နဲ့ မြေထဲ ပင်လယ် အရှေ့ခြမ်း အစ္စလာမ္မစ် နိုင်ငံ အမည် ကနေ 'အစ္စလာမ္မစ် နိုင်ငံ' အဖြစ် အဖွဲ့ နာမည်ကို ပြောင်းလိုက်ကြောင်း လဲ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အဖွဲ့ ခေါင်းဆောင် Abu Bakr al - Baghdadi ကို မွတ်ဆလင် အားလုံးရဲ့ ခါလစ် ခေါင်းဆောင်ကြီး အဖြစ် ခန့်အပ်တယ် လို့လဲ အင်တာနက်က ကြေညာ ခဲ့ပါတယ်။

တကမ္ဘာ လုံးက မွတ်ဆလင် ဂိုဏ်းတွေ အားလုံးက ခေါင်းဆောင်ကြီး ဆီကို သစ္စာခံကြဖို့လဲ နှိုးဆော် ခဲ့ပါတယ်။

အီရတ်မှာ ISIS တပ်တွေ အသာရ နေချိန်မှာ ခုလို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ် တရား ဥပဒေ နဲ့ အညီ တင်းတင်းကျပ်ကျပ် အုပ်ချုပ်တဲ့ ခါလီဖိတ် နိုင်ငံ ပြန်တည်ထောင် ဖို့ ဆိုတာက ဂျီဟတ် ဘာသာရေး စစ်ဆင်နွှဲသူ တွေရဲ့ မျှော်မှန်းချက်ကြီး ဖြစ်ပါတယ်။

ဒီကြေညာ ချက်ဟာ အယ်လ်ခိုင်ဒါ အဖွဲ့ ရဲ့ ဗဟို ချုပ်ကိုင်မှုနဲ့ ပင်လယ်ကွေ့ ဒေသက အာရပ် ခေါင်းဆောင် တွေကို တိုက်ရိုက် စိန်ခေါ် လိုက်တာ ဖြစ်တယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Abu Bakr al - Baghdadi ကို ခေါင်းဆောင်တင်

ခုံးတံတားအောက်က ကျောင်းဆရာများ

 
အိန္ဒိယသည် ဆင်းရဲချမ်းသာ ကွာဟချက် အလွန်ကြီးမားသော နိုင်ငံဖြစ်ပါသည်။ မြို့တော်ဒေလီသည် အိန္ဒိယ အထက်တန်းလွှာများ နေထိုင်သည့် နေရာဖြစ်သကဲ့သို့ မြို့ပြနေ လူဆင်းရဲများလည်း အလွန်ထူပြောသည့် နေရာဖြစ်သည်။ မြို့ပြနေ လူဆင်းရဲများ၏ ဘဝသည် တောသူတောင်သား လူဆင်းရဲများထက် မနိမ့်သော ဒုက္ခဆင်းရဲကို ခံစားကြရသည်။ သူတို့ သားသမီးများကို ကျောင်းပညာသင်ပေးဖို့ဝေးစွ နေ့စဉ် မိသားစု ထမင်းဝအောင်ပင် မနည်းကြိုးစားရုန်းကန် ကြရသူများ ဖြစ်သည်။ ထိုကလေးများ ကြီးပြင်းလာလျှင် ယင်းသို့ပင် မြို့ပြလမ်းဘေးနေ လူဆင်းရဲလေးများပင် ဖြစ်သွားပြီး ပညာမတတ်သောကြောင့် ဆင်းရဲတွင်းထဲက ထွက်ဖို့ ပို၍ပင် အလှမ်းဝေးကြရသည်။

နယူးဒေလီမြို့က ကျောင်းဆရာတစ်ဦးက ယင်းပြဿနာကြီးကို သူနိုင်သည့်နည်းဖြင့် တစ်ဖက်တစ်လမ်းက ဖြေရှင်းဖို့ ကြိုးစားနေသည်။ ခုံးကျော်ရထား လမ်းတံတားကြီးအောက်တွင် သူကအခမဲ့ပညာရေး ကျောင်းလေးဖွင့်ကာ လက်လုပ်လက်စား ဆင်းရဲသား ကလေးများကို စာသင်ပေးနေသည်။

နေ့စဉ် ကျောင်းသားကလေးများ ၃၀ ဦးလောက်ကို မစ္စတာ ရာဂျက်ရှ်ကူးမားရှာမာက စာသင်ပေးနေလျက် ရှိသည်။ ကလေးအများစုမှာ နယူးဒေလီ မြို့စွန် ကျေးရွာများမှ ဆင်းရဲသားကလေးများ ဖြစ်ကြသည်။ ထိုအစီအစဉ်ကို စလုပ်ဖြစ်တုန်းက ရာဂျက်ရှ်ကူးမားသည် ရှာကာပူဒေသ စတိုးဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေသူ ဖြစ်သည်။ စနေ၊ တနင်္ဂနွေတိုင်း အလုပ်ထဲမှ ထွက်လာကာ နှစ်နာရီကြာ ကလေးများကို စာလာသင်ပေးသည်။ သူ့ညီအစ်ကို တော်စပ်သူက သူကလေးတွေကို စာသွားသင်နေစဉ် သူ့အလုပ်ထဲကို ဝင်ကူပေးသည်။

ရှာမာသည် အသက် ၄၀ အရွယ် ကလေးသုံးယောက် ဖခင်တစ်ဦး ဖြစ်သည်။ ကောလိပ်ကျောင်းတွင် တတိယနှစ်က ငွေကြေး မပြေလည်သောကြောင့် ကျောင်းထွက်လိုက်ခဲ့ရသူ ဖြစ်သည်။ ကလေးတွေ ပညာရေး တစ်ပိုင်းတစ်စ ဖြစ်ကုန်တာကို ကြည့်ပြီး သူစိတ်မကောင်း။ ကိုယ်ချင်းလည်း စာသည်။ ထို့ကြောင့် ထိုကလေးတွေကို စာတော့ တတ်အောင်သင်မည်ဟု သူဆုံးဖြတ်လိုက်ပါသည်။

“ကျွန်တော်ဒီနားကို ဖြတ်လာတိုင်း သတိထားမိတယ်။ ကလေးတွေက ကစားလိုက်၊ လယ်ထဲဆင်းလိုက်ပဲ အချိန်ကုန်နေကြတာခင်ဗျ” လို့ ခုံးတံတား ကျောင်းဆရာကြီးက ပြောပြသည်။ ပထမဆုံး သူလုပ်ရသည်က ဆင်းရဲသား အလုပ်သမားများ၊ လယ်သမားများကို ချဉ်းကပ်ပြီး သူတို့ကလေးတွေကို လွှတ်ပေးပါရန် စည်းရုံးရသည်။ ကလေးတွေကို ခေါ်သာခေါ်ရသည်။ သူတို့ လုပ်အားခတွေကလည်း မိသားစု ရပ်တည်ရေးအတွက် အလွန်အရေးပါလှသည်။ ဒီကလေးတွေ စာတတ်မှ ဆင်းရဲတွင်းကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ရင်းဖြင့် လိုက်လံစည်းရုံးရသည်။

“သူတို့ဒီကို ခုဆို ပုံမှန်လာကြပါတယ်။ သူတို့ ကျောင်းတက်ခွင့်ရခဲ့ရင် အဆင်သင့် ဖြစ်စေမယ့် သင်ရိုးမျိုးနဲ့ ကျွန်တော်ပြင်ဆင်ပေးတယ်” ဟု ရှာမာက ပြောပြသည်။ အစိုးရကျောင်း သွားတက်ဖို့ ငယ်သေးသည့် ကလေးများကိုလည်း လက်ခံပေးကာ ကျောင်းပျော် ပုံစံမျိုး သင်ကြားပေးသေးသည်။

အခြေခံအရေး၊ အဖတ်၊ အတွက်နှင့် အစိုးရ ကျောင်းဝင်ခွင့်ရရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို သင်ကြားပေးသည့် သူ့ရထားလမ်းအောက် ကျောင်းသည် ၂၀၁၁ လောက်က ကျောင်းသား ၁၄၀ လောက်နှင့် စခဲ့ပြီး ယခုဆိုလျှင် ကျောင်းသား ၇၀ လောက်ကို အစိုးရကျောင်းသို့ အောင်အောင်မြင်မြင် ပို့ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ “ဆရာက သင်ပေးထားတယ်။ ဆင်းရဲမှုက ဒုက္ခပေးလာပြီဆိုရင်၊ စိတ်ကို ဖွင့်ထားရမယ်ပြီးတော့ ပညာကို ကြိုးစားသင်ယူခြင်းနည်းနဲ့ ကျော်လွှားနိုင်မယ်တဲ့” ဟု အသက် ၁၅ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ရာဂျက်ရှ်ကူမားရှာမာ၏ ကျောင်းသားတစ်ယောက်က ပြန်ပြောပြသည်။

နောက်ပိုင်း စာသင်သည့် ပရဟိတအလုပ် အရှိန်ရ ကျွမ်းကျင်လာသောအခါ မြို့တော်ဒေလီ၏ အခြားဒေသများမှ ကံမကောင်း အကြောင်းမလှ၍ ပညာရေးနှင့် ဝေးနေသူများဆီအထိ သွားကာ စာသင်ကြားပေးခဲ့ပါသည်။“လုပ်ငန်းခွင်တစ်ခုကနေ တစ်ခု ပြောင်းလုပ်နေကြတဲ့ ပျံကျအလုပ်သမားတွေရဲ့ သားသမီးတွေကို စာလိုက်သင်ပေးရတယ်ဆိုတော့ သူတို့နောက်ကို လိုက်နေရတာက နည်းနည်းတော့ ခက်တယ်ခင်ဗျာ” ဟု ရာဂျက်ရှ်ကူးမားရှာမာက ပြောပြသည်။

မစ္စတာ ရာဂျက်ရှ်ကူးမားရှာမာ၏ ကျောင်းကလေးကို အခြားစေတနာ့ဝန်ထမ်း ပရဟိတစိတ်ဓာတ်ရှိ သူတွေလည်း လာပြီးစာလာသင်ပေးကြသည်။ လက်စ်မီချန်ဒြာသည် သိပ္ပံမဟာဘွဲ့ရ တစ်ဦးဖြစ်ပြီး သူလည်း စာလာလာသင်ပေးသည်။ “ကျွန်တော်တို့က ကလေးတွေကို အတန်းတက်စာရင်း မကောက်ပါဘူး။ သူတို့ကိုယ်တိုင်က ပျော်လို့လာတာပါ။ စာသင်ခန်းလိုမျိုး အကန့်အသတ်တွေ မရှိဘူးလေ။ ကျွန်တော်က ဒီလို အဝန်းအဝိုင်းကို ဆက်ထိန်းထားပြီး ဒီလိုပဲ ဆက်သင်နေစေချင်တယ်” ဟု ချန်ဒြာက ပြောပြပါသည်။

အခြေခံ စာရေးစာဖတ်အတွက် သင်တန်းလေး လုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိဘများ၏ ပညာရေးအပေါ်ထားသည့် အမြင်ကို ပြောင်းသွားအောင် လုပ်လိုခြင်း ဖြစ်သည်ဟု ရှာမာက ပြောပြပါသည်။ ခုဆိုလျှင် ကလေးတွေကို စာသင်ကြားပေးသင့်ကြောင်း မိဘတော်တော်များများ လက်ခံလာကြပေပြီ။ ကလေးတွေကိုလည်း ကျောင်းသွားဖို့ တိုက်တွန်းလာကြသည်။

“တောရွာတွေက ကလေးတွေတောင် ကျောင်းပုံမှန် နေနိုင်တာ မြို့တော်ကြီးက ကလေးတွေက ဘာဖြစ်လို့ ကျောင်းမနေနိုင်ရမှာလဲ” ဟု ရာဂျက်ရှ်ကူးမား ရှာမာက ပြောသည်။

စတိုးဆိုင် လုပ်သားတစ်ဦး၏ အချိန်ပိုင်း အားထုတ်ချက်မှသည် ကလေးအရေအတွက်မည်မျှ ဘဝအဆင့်အတန်း ပြောင်းလဲသွားမည်ကို မသိနိုင်ပါသော်လည်း မျှော်လင့်ချက် တစ်စုံတစ်ရာတော့ ပေါ်ထွန်းလာနိုင်သည် မဟုတ်ပါလော။ အချိန်မရှိသဖြင့်၊ ငွေမရှိသဖြင့်ဟုဆိုကာ သူတစ်ပါးအတွက် အစေခံပေးရန် ငြင်းဆန်ကြခြင်းသည် အကြောင်းပြချက်များသာ ဖြစ်ကြောင်းကို တံတားအောက်မှ ကျောင်းဆရာများက အလုပ်ဖြင့် ပြန်လည် တုံ့ပြန်ပြခြင်းဟုလည်း ဆိုနိုင်ပေမည်။ ကလေးများ လေလွင့်နေမည့် အချိန်များလည်း အကျိုးရှိ၊ ၎င်းတို့၏ အားလပ်ချိန်များလည်း ပိုမိုအဓိပ္ပာယ် ရှိသွားသည့် ထိုပရဟိတ လုပ်ရပ်သည် ဂုဏ်ပြုမှတ်တမ်း တင်အပ်သည့် လူသားချင်းဖေးမမှု တစ်ရပ်ဟု ဆိုထိုက်သည်။

(သန့်ဇင်စိုး)

Saturday, June 28, 2014

ဘယ်သူနဲ့ မှ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သန့် ရှင်းရေးသုံးပစ္စည်း ခြောက်မျိုး

ကျွန်တော်တို့ အားလုံးနဲ့ အခုလို အခြေအနေမျိုးနဲ့ ကြုံဖူးပါလိမ့်မယ်။ သူငယ်ချင်းက ချွေးနံ့ ပျောက်ဆေး မေ့ခဲ့တာမျိုး ဒါမှမဟုတ် အခန်းဖော်က ဆပ်ပြာကုန်သွားတာမျိုးပေါ့။ အဲ့လိုအချိန်တွေမှာ သူတို့ ကို မကူညီ ဘူးဆိုရင်တော့ တော်တော်ရိုင်းသွားလိမ့်မယ်လို့ ခံစားမိမှာပေါ့။ ဒါပေမယ့် တစ်ချို့ ပစ္စည်းတွေကတော့ သင့်ရဲ့ ခန္ဓာကိုယ်အတွက်ပဲ သုံးသင့်ပါတယ်။ သူငယ်ချင်းကို ဘယ်လောက်ချစ်ချစ် အောက်မှာဖော်ပြထားတဲ့ သန့်  ရှင်းရေးပစ္စည်း ခြောက်မျိုးကိုတော့ ဘယ်သူနဲ့ မှ မျှမသုံးသင့်ပါဘူး။
၁။ ဆပ်ပြာတောင့်
၂၀၀၈ ခုနှစ်၊ ဖလော်ရီဒါတက္ကသိုလ်က ဘောလုံးသမားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဆပ်ပြာတုံး  တွေ မျှသုံးတဲ့လူတွေမှာ MRSA လို့ ခေါ်တဲ့ ဆေးယဉ်ပါးနေတဲ့ဘက်တီးရီးယားပြည်တည်နာ ရောဂါပိုး ပြန်လည် ဖြစ်နိုင်ခြေများပါတယ်။ ဆပ်ပြာတုံးတွေမှာ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးစင်တာက ဆပ်ပြာတုံးအစား ဆပ်ပြာရည်တွေကို အသုံးပြုဖို့  အကြံပေးခဲ့ပါတယ်။ ဆပ်ပြာတုံးတွေကို မျှမသုံးသင့်ပေမယ့် ဆပ်ပြာရည်ဆိုရင်တော့ ရပါတယ်။
၂။ ကိုယ်နံ့ ပျောက်ဆေး
ကိုယ်နံ့ ပျောက်ဆေးတွေဆိုတာ ဘက်တီးရီးယားပိုးတွေရဲ့ အနံ့ အသက်ဆိုးရွားမှုကို နှိမ်နှင်းပေးတာပါ။ ဒီတော့ ဒီအဏုဇီဝပိုးတွေကိုသတ်ပစ်နိုင်တဲ့ အရာတွေပါဝင်မှာပါ။ ချွေးနံ့ ပျောက်ဆေးတွေဟာ သင့်ရဲ့ ချွေးထွက်မှုကို သာ လျော့နည်းစေပြီး ဒီ ချွေးနံ့ ပျောက်ဆေးတောင့်မှာ ကပ်ပါလာမယ့် ပိုးတွေကို မသတ်နိုင်ပါဘူး။ တစ်ခု ကောင်းတာက ဒီနည်းနဲ့ ရောဂါကူးစက်မှုမဖြစ်နိုင်လောက်ဘူးဆိုပေမယ့် အရေပြားဆဲလ်တွေ၊ အမွှေးအမျှင်တွေ ကပ်နေတတ်ပြီး ဒီပစ္စည်းကို မျှသုံးမယ်ဆိုရင်တော့ တော်တော် ရွံဖို့ ကောင်းမှာပါ။
၃။ မုတ်ဆိတ်ရိတ်ဓား
အမျိုးသမီးအရေပြားကျန်းမာရေးအစီအစဉ် ရဲ့ ဒါရိုက်တာ၊ အရေပြားအထူးကုသမားတော် Bethanee J.Schlosser ရဲ့ အဆိုအရ မုတ်ဆိတ်ရိတ်ဓားတွေဟာ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးနဲ့ HIV တို့ ကူးစက်မှု မှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေကို မျှသုံးတာက မှိုရောဂါပိုး ကူးစက်တတ်ကြောင်း သိရှိရပြီး အထူးသဖြင့် ပွေးနာတွေ အဖြစ်များတယ်လို့ သူမက ဆိုပါတယ်။
၎။ မျက်နှာသုတ်ပ၀ါ
ညစ်ပတ်နေတဲ့ မျက်နှာသုတ်ပ၀ါတွေ၊ အထူးသဖြင့် စိုစွတ်နေတဲ့ ပ၀ါတွေကို မျှဝေသုံးတာက မျက်စိနာ ရောဂါကနေ ကာလသားရောဂါအထိ ကူးစက်နိုင်ပါတယ်။ နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ ဟိုတယ်၊ တည်းခိုခန်းတစ်ခုခုမှာ တည်းပြီဆိုရင် ကိုယ့်ပ၀ါကို ကိုယ်မှတ်ထားပေတော့။
၅။ သွားတိုက်တံ
ကိုယ်အမြဲနမ်းနေတဲ့ ကိုယ့်ချစ်သူနဲ့ ပဲဖြစ်ဖြစ်၊ သွားတိုက်တံကို မျှသုံးတာကတော့ တော်တော်ရွံဖို့  ကောင်းပါတယ်။ သွေးကတဆင့်ကူးစက်ရောဂါ တွေ ကူးစက်ခံရဖို့ များတယ်လို့  ဆိုပါတယ်။ သွားတိုက်တာဟာ သွေးလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပမာဏကို မြင့်တက်စေပြီး သွားတိုက်တံမှာ ကျန်ခဲ့တဲ့ သွေးစသွေးနတွေကဆင့် ကြောက်စရာရောဂါတွေ ကူးစက်နိုင်ပါတယ်။
၆။ လက်သည်းညှပ်
လက်သည်းညှပ်တွေကနေ လက်သည်းမှိုစွဲခြင်း အပြင် သွေးကတဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် လက်သည်း၊ခြေသည်းညှပ်နေရင်းနဲ့ အရေပြားကို ညှပ်မိတဲ့အခါမျိုးမှာပေါ့။ ဒါကြောင့် သင့်သူငယ်ချင်းက လက်သည်းညှပ်ဌားပါအုန်းလို့ ပြောလာခဲ့ရင် လက်သည်းခြေသည်းညှပ်တဲ့ အလှပြင်ခန်းမဆီ သွားဖို့ အကြံပေးလိုက်ပါ။
Ref: womenshealthmag.com
Trend Myanmar

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြော


 နေပြည်တော်ရှိ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို က အမေရိကန်တပ်မတော်မှ စစ် ဘက်ဆိုင်ရာထိပ်တန်းအရာရှိ တစ်ဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၅ ရက်က နေပြည် တော်ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်(National Defence College) သို့ ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီက လာရောက်လေ့ လာခဲ့ပြီး ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား ၁၀၀ ခန့်အား ပြော ကြားရာတွင်
တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်အာဏာသိမ်းမှုမှာ မသင့်တော်ကြောင်းနှင့် ခေတ်မီတပ်မတော်တစ်ရပ်၏ အင်္ဂါရပ်များကို ဦးတည်ပြောကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက အတည်ပြုသည်။
‘‘ထိုင်းမှာဆို အခု တပ်က အာဏာသိမ်းထားတဲ့အတွက် အမေရိကန်က Cobra Gold လို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဘူး။ အုပ်ချုပ်ရေးမှာ တပ်ပါဝင်တာ မကောင်းဘူးပေါ့။  တပ်မတော်က အာဏာသိမ်းတာ လည်း မကောင်းဘူးဆိုပြီး ထိုင်းကို ဥပမာပြုပြီး ပြောသွားတယ်။ နောက်ပြီး အမေရိကန် တပ်မ တော်ရဲ့ ရပ်တည်ချက်တွေကို ရှင်းပြသွားတယ်။ ဒီဘက်ကလည်း လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်  ကိစ္စတွေဘာတွေ အကုန်သူ့ကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်’’ဟု အဆိုပါ အရာရှိက ပြောကြား သည်။
ဒုတိယဗိုလ်ချုပ်ကြီး အန် ထော်နီက ခေတ်မီ တပ်မတော်တစ်ခုတွင် တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး လေး စားလိုက်နာမှုတို့မှာ အရေးကြီး ကြောင်း၊ လေ့ကျင့်မှုနှင့် ပညာ စွမ်းရည်၊ ပွင့်လင်းမြင်သာမှု၊ တာ ၀န်ယူမှု၊ တာဝန်ခံနိုင်မှု၊ အရပ် သားများ၏ ထိန်းကျောင်းမှုများ သည် ဒီမိုကရေစီစနစ်ကျင့်သုံး သည့် နိုင်ငံတွင်း အင်အားရှိ သည့် တပ်မတော်တစ်ရပ် အတွက်မဖြစ်မနေလိုအပ်သည့် အရာများဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်မြို့ အမေရိ ကန်သံရုံးက သတင်းထုတ်ပြန် သည်။
လက်ရှိနိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်၏ ကျောင်းအုပ် ကြီးမှာ DSA အပတ်စဉ်(၂၆) သင် တန်းဆင်း ဗိုလ်ချုပ်တင်အောင် ချစ်ဖြစ်ပြီး ယင်းတက္ကသိုလ်သို့ သမ္မတဦးသိန်းစိန် လက်ထက်အ တွင်း ဂျပန်စစ်ဦးစီးချုပ်က ပထမ ဆုံး လာရောက်လေ့လာခဲ့ပြီး ယခုအမေရိကန် ဒုတိယ ဗိုလ်ချုပ် ကြီးလာရောက်ခြင်းဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီးနှင့်အ တူ မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လည်း အတူလိုက်ပါခဲ့ကြောင်း သိရသည်။ မြန်မာစစ်တပ်သည် ကလေးစစ်သားများကို မိဘများ ထံပြန်လည်အပ်နှံသည့်ကိစ္စများ အတွက် အသိအမှတ်ပြုသကဲ့သို့ အတင်းအဓမ္မစစ်သားစုဆောင်း ခြင်း၊ စစ်ရေးတွင် အမျိုးသမီးများ  အပေါ် လိင်အကြမ်းဖက်မှုကျူး လွန်ခြင်းစသည့် လူ့အခွင့်အရေး ပြဿနာများကိုလည်း ဖြေရှင်းရန် လိုကြောင်း အမေရိကန်အစိုးရက အစဉ်တိုက်တွန်းပြောကြားထား သည်။
ဒုတိယ ဗိုလ်ချုပ်ကြီးသည် အမေရိကန်လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီးအဖွဲ့နှင့်အတူ မြန် မာနိုင်ငံသို့ လာရောက်ခြင်းဖြစ် ပြီး ဇွန်လ ၂၈ ရက်က ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
အမေရိကန် စစ်တပ်က မြန်မာနိုင်ငံကို စစ်ရေးနှင့် မပတ် သက်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအ ညီပေးရေးအပါအ၀င် နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မှုများ ရှိနေ သည်။ မြန်မာနိုင်ငံရေးအတိုက် အခံအင်အားစုများနှင့် အမေရိကန် အထက်လွှတ်တော်တို့က စစ်တပ်ချင်း ပူးပေါင်းဆက်ဆံမှု ကို စိုးရိမ်မှု၊ ကန့်ကွက်မှုများ ရှိ နေသော်လည်း အမေရိကန်အစိုး ရက စစ်ရေးနှင့် မပတ်သက်သော အကူအညီများနှင့် ဆက်ဆံမှုများ ပြုလုပ်သွားမည်ဟု ပြောကြား ထားသည်။

ဦးဏှောက်ဆေးကြောခြင်း(Brain Wash) - စစ်တပ်မှအရာရှိအများစု၏ဆေးကြောခံဦးဏှောက်များ


စစ်တပ်မှ အရာရှိကြီးငယ်များကို ရာထူးအဆင့်ဆင့် အလိုက် သင်တန်းများတွင် ဦးဏှောက်ဆေးကြောခြင်း(Brain Wash) လုပ်ပုံများကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံဒီမိုကရေစီဘက်တော်သားများကို
အမြဲမုန်းတီးစိတ်ဝင်အောင်ရိုက်သွင်းခံထားရသော စစ်တပ်မှအရာရှိအများစု၏ဆေးကြောခံဦးဏှောက်များ။ ကျွန်တော်အမြဲတမ်းထောက်ပြရေးသားသော
အစိုးရ၏တန်ပြန်စိတ်ဓါတ်စစ်ဆင်ရေးအဖွဲ့များ၊
စောင့်ကြည့်အဖွဲ့များ အင်တာနက် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင်ရှိနေသည်ဟု ထောက်ပြချက်ပိုမိုခိုင်မာစေသော ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်၏ ဆောင်းပါးကောက်နှုတ်ချက် ကို ဖတ်ရှုစေချင်ပါသည်။

မီဒီယာကိုမီဒီယာဖြင့်တိုက်မည့်
ပြန်ကြားရေး ဝံချီး
****************************************
{{ ၀ါသနာပါလွန်းလှသည့် စာရေးချိန်ကို
ယခုညနေမှ အနည်းငယ်ရခိုက် ရင်တွင်းမှ မွတ်သိပ်ကျဉ်းကျပ်မှုတို့ကို စာစုတချို့အဖြစ် စီကုံးသီချယ်၊ သုံးလတာ စာရေးခြင်း ကွန်ပျူတာ စာရိုက်ခြင်း လုံးဝ မလုပ်ခဲ့ရသည်ကို ပြန်လည်လေ့ကျင့် သီကုံးစာရိုက် လေ့ကျင့်လိုက်ရပါသည်။
အချိန်ရသလောက် ကြိုးစားပြီး ထောင်တွင်းမှ ညီအကိုများ ပါးလိုက်သည့် အမှာစာများကို မိတ်ဆွေများထံ ဆင့်ပွား ဆောင်ပါးပေးမည်ဖြစ်ပါသည်။

ယခု စာရေးနေတုန်းလေးပင် မိတ်ဆွေတချို့က လှမ်းပေးပို့သော opposite eye page မှ ကျနော့်အား အပုပ်ချ အသရေဖျက် ရေးသားထားသော စာစုတခုကို ဖျတ်ကနဲတွေ့လိုက်ရသည်။
http:/www.oppositeyes.info/2014/06/blog-post_4518.html
 

ထောင်မှ လွတ်လာသော ကျနော်က ကိုယ့်ဟာကို ဖြတ်ပစ်မည်ဟု ပြောခဲ့သည်ဆို၏။
ဘာကို ဖြတ်မည်လဲဆိုတာတော့ ပြောသူဟု သူတို့ ရေးထားသော ကျနော်ကိုယ်တိုင်ပင် မသိ။

မည်သို့ဆိုစေ အဆိုပါ အော့ပို့ဇစ်အိုင်း ကဲ့သို့သော စာမျက်နှာများသည် ယနေ့ မြန်မာပြည်မှ အုပ်ချုပ်ရေး လုံခြုံရေး အဖွဲ့အစည်းများအတွင်းမှ အချို့သော အရေးပါသူ တချို့တလေ ပါဝင်ပတ်သက်ခြင်း၊ (သို့မဟုတ်) အစိုးရအဖွဲ့အတွင်းမှ တန်ပြန်ဝါဒ ဖြန့်ချိရေးအဖြစ် စနစ်တကျစုဖွဲ့ တာဝန်ပေးအပ်ပြီး အဆင့်အတန်းမဲ့သော ရေးသားချက်များဖြင့်
နိုင်ငံရေး သွားပုပ်လေလွင့်သတင်းများ လွှင့်တင်ခြင်းကို လုပ်နေသည်ဟု ကျနော်သုံးသပ်ပါသည်။
သက်ဆိုင်ရာ ၀န်ကြီးတဦးကိုလည်း ယခုလို စာမျက်နှာများအကြောင်း အစိုးရက အဘယ်ကြောင့် အရေးယူဖေါ်ထုတ်ခြင်း၊ ဟန့်တားခြင်း မပြုပါသလဲ ဟုလည်း ကျနော် မေးဖူးပါသည်။ ၀န်ကြီးက အင်းမလုပ် အဲမလုပ် သာဖြေခဲ့ဖူးသည်။

ဒီအကြောင်းလေးတွေးရေးရင်း လွန်ခဲ့သော ၁၄ နှစ် ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ဆီက ကျနော် တက်ရောက် သင်ကြားခဲ့ဖူးသော ရဲမွန်တပ်မြို့မှ တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်းအတွင်း မှ စိတ်ဓါတ်စစ်ဆင်ရေး လုပ်နည်းနိသျှများ သင်ကြားပေးခြင်းကို တွေ့ကြုံခဲ့ရပုံများကို ပြန်သတိရမိသည်။

ထိုအချိန်က တပ်မတော်အရာရှိ သင်တန်းသားများကို နိုင်ငံရေး တိုက်ခိုက်မှု ဆိုက်ဝါး စိတ်ဓါတ်စစ်ဆင်ရေး နည်းလမ်း အောက်လမ်းနည်းများ၊ တဖက်သားကို အပုပ်ချ အသရေဖျက် ရေးသားပုံဖျက်နည်းများကို သင်ကြားပေး၏။ ၀မ်းနည်းဖွယ်ကောင်းစွာပင် တပ်မတော်အရာရှိများ ၏ အဆင့်အတန်း နှင့် ဆန့်ကျင်ဖီလာဖြစ်စွာ အောက်တန်းကျလှသော အတွေးအခေါ် အရေးအသား အပြောအဆို ဆဲဆို စော်ကားနည်းများကို သင်တန်းနည်းပြများ ကိုယ်တိုင်က ဦးဆောင်ပြီး စံနမူနာ ရေးသားပြသသင်ကြား၏၊။

နံရံကပ်စာစောင် ကိုယ်စီဖြင့် ကဗျာ ၊ ဆောင်းပါး ၊
ဝတ္တု စသည်တို့ကို အရာရှိတိုင်းက မဖြစ်မနေ ရေးသားကြရမည်။ အဓိက တိုက်ခိုက်ရမည့် ရန်သူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမပါတီကိုဖြစ်သည်။ ကုလားမ၊ ဘိုကတော် စသည်မှအစ အလွန်ပင် ရုန့်ရင်းကြမ်းတမ်းရိုင်းစိုင်း အောက်တန်းကျလှသည့် အပုပ်ချ ဆဲဆိုနည်းများကို သူ့ထက်ငါရွှေပြည်စိုး ပိုဆိုး ပိုဆဲ ပိုရိုင်းပြီး အလုအယက် ရေးသားကာ စာမေးပွဲ အောင်မှ ဟုခေါ်သော အမှတ်ကို ရယူရန် ကြိုးပမ်းကြရသည်။

ကျနော်သည်လည်း တပ်မတော်တွင် အရာရှိ ဆက်လုပ်ချင်လျှင် ယခုလိုသင်တန်းကို အောင်မြင်အောင် ဖြေဆိုနိုင်မှရမည်ဖြစ်ရာ သင်တန်းမှူးတို့ လိုလားသည့်အတိုင်း ရေးသားဖြေဆိုရမည်သာဖြစ်သည်။

စိတ်ထဲတွင် အလွန်ပင် မသက်မသာဖြင့် ဘာကို ဘယ်လိုရေးပြီး ဘယ်လိုနည်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ ဆဲဆိုသည့် ကာတွန်း ကဗျာ ဆောင်းပါးကို ရေးရပါမည်နည်းဟု စာမေးပွဲအမှတ် အဖြတ်ခံရမည်ကို စိုးထိတ်သော စိတ်၊ ရာထူးကို ဖက်တွယ်စိုးထိတ်သော စိတ်ဖြင့် အကြံအိုက်နေခိုက် အိပ်ဆောင်လေး နံဘေး ဓါတ်တိုင်အောက်မှ အမှိုက်ပုံတွင် အစာကြွင်း အစာကျန်များကို ရှာဖွေစားသောက်နေသော
ခွေးသားအမိ အုပ်စုက ကျနော့်ကို ထွက်ရပ်ပေါက်အောင် ပညာ ပေးလိုက်သည်။

တပ်မတော် အရာရှိဆိုသူက ခွေးလေးများထံမှ ပညာသင်ယူရပါမည်လားဟု အပြစ်ဆိုလည်း ခံရပါမည်။

ကျနော့် ရင်တွင်းမှ စိုးထိတ်ခြင်းသောက ကို ဖယ်ရှားရေး နည်းလမ်းကို ပြသ သင်ကြားပေးခြင်းကို ကိုယ့်ဘာသာ ရရှိလိုက်သည်။

ကျနော် စစ်အရာရှိ စာမေးပွဲ အောင်ခြင်း ကျခြင်းကို ဂရုစိုက်ပူပင်စိုးထိတ်နေသည့်ဘ၀မှ ဘ၀ စာမေးပွဲ နှင့် လူဖြစ်ရသည့် အခိုက်တန့်တန်ဖိုး အပေါ် ထားရှိသည့် ခံယူချက် အမြင်တို့ ပြောင်းလွဲသွားတော့သည်။

ခွေး အသား အမိက ကျနော့်ကို ဘာသင်ပေးလိုက်ပါသနည်း ..................

အမှိုက်ပုံတွင် အစာရှာနေသော သူတို့ ခွေးမကြီး နှင့် ခွေးသားကင်းငယ်လေးများ အနားသို့ ရောက်ရှိလာသော အမှိုက်ကောက်အထုပ်ကြီးကို ကျောပိုးကာ စွန့်ပစ်အမှိုက်များ အထဲမှ ပလတ်စတစ် များကို ကောက်ယူရန် လာသည့် အမှိုက်ကောက် သမား လူတယောက်ကို ခွေးအကြီးကြီး ခွေးထီးခွေးမ များက ၀ိုင်းဟောင်သည်ကို ကြည့်ပြီး အကောင်က လက်တောင့် အရွယ်လေးတွေကလည်း ၀ိုင်းဟောင် နေကြသည်။

ပိစိ ပေါက်စ သားကင်း ခွေးငယ်များက ခွေးကြီးများ ၀ိုင်းဟောင်နေသည့် ပလပ်စတစ်ကောက်သည့် လူကို ဘုမသိ ဘမသိဖြင့် ၀ိုင်းဟောင် နေခြင်းကို တွေ့ရသော အခါ ဘုမသိ ဘမသိနှင့် ဒေါ်စုကို ဆဲဆိုရမည့် အတွက် ကလိန်ကကျစ်ဥာဏ်ကို ရှာဖွေနေသည့်ကျနော့် ဘ၀ နှင့် ဆင်တူနေသည့်အဖြစ်မို့ ပြုံးမိသည်။

နောက်ပြီး ကိုယ့်ဘာသာ မေးခွန်း တခုကို မေးသည်။ နေမျိုးဇင် မင်း လူလား၊ ခွေး လား.....။

ကျနော် ခွေး သေးသေးလေး မဟုတ် ။
လူငယ် အရာရှိဖြစ်သည်။

သို့နှင့် စာမေးပွဲသဖွယ် ရေးဖြေ တင်ဆက်ရမည့် ဒေါ်အောင်ဆန်း စုကြည် အပေါ် အပုပ်ချ ဆဲဆိုရမည့် နံရံကပ်စာစောင်နှင့် ရေးဖြေအဆိုင်းမန့် တာဝန်ကို ငြင်းဆိုလိုက်သည်။ ကျနော့် အတွက် သင်တန်း ရမှတ်များ ဖြတ်တောက်လျော့ချခံရပေတော့မည်။

ကျနော် သည် လူဖြစ်ပါသည်။ ဖြတ်ချင်သည့် အမှတ်ဖြတ်ပါစေလေဟု ပြုံးရင်း အသက်ကို ၀အောင် ရှုလိုက်သည်။ ကောင်းကင်ပြာကြီးကို ရင်ကော့ပြီး မော့ကြည့်လိုက်ခဲ့သည့် ရက်စွဲတို့ကို ပြန်သတိရသည်။

ယခု အော့ပို့ဇစ်အိုင်း စာမျက်နှာကိုလည်း ကျနော် အလေးတယူလုပ်ပြီး ၀င်မဖတ်ပါ။ ခေါင်းစီးကို မြင်လိုက်ရသည်နှင့် ဓါတ်တိုင်အောက် အမှိုက်ပုံမှ ခွေးငယ်လေးများကို မြင်ယောင်မိလိုက်သည်။

ထောင်တွင်းမှ သနားစဖွယ် အကျဉ်းစံ အကျဉ်းသား နိုင်ငံသား လူတို့အကြောင်း နှင့် တန်ပြန်ဝါဒဖြန့်ချိရေး တာဝန်ဖြင့် ယခုလို အဆင့်တန်းမဲ့  အလုပ်တို့ကို လုပ်ဆောင်နေသည့် ပညာတတ်ဝန်ထမ်းကြီးများဘ၀ ကို ယှဉ်တွေးပြီး ထောင်တွင်းမှ အကျဉ်းသားများကပင် လူ့ဘ၀ အဆင့်အတန်း တစုံတရာ ရှိနေပါသေးသလား ဟု ထင်လိုက်မိသည်။

ြ-ပြည်သူ့ ဘက်တော်သား
နေမျိုးဇင်
( ဇွန်လ ၂၆ ရက် ည ၇ နာရီ ၄၂ မိနစ်။ ရန်ကုန်မြို့) }}

Friday, June 27, 2014

အငြိမ်းစားရဲမှူးကြီးသမီးတစ်ဦးမှ ဘင်္ဂလီများကို ကားဖြင့်ရန်ကုန်ပို့ရာ အမ်းဂိတ်တွင်ဖမ်းဆီးမိ

အမ်း။ ဇွန် ၂၇
-နေပြည်တော်၊ ပုပ္ပသီရိမှ အငြိမ်းစားရဲမှူးကြီး
အဆင့်ရှိသူ တစ်ဦး၏သမီးဖြစ်သူမမွန်မွန်ချို
 နှင့် ရန်ကုန်မြို့ဒဂုံ မြို့နယ်တွင် နေထိုင်သူ
အငြိမ်းစားရဲမှူးကြီး တစ်ဦး၏သား

-မောင်မျိုးထက်စိုး( ဒရိုက်ဘာ) တို့ မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘင်္ဂလီ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၈ ဦးအား ကားဖြင့်ခေါ်ဆောင်သွားခဲ့ရာ ဇွန်လ ၂၇ ရက်နေနေ့က နံနက် ၉ နာရီခန့်က အချိန်က အမ်းဂိတ်တွင်ဖမ်းဆီးမိခဲ့ကြောင်း သက်ဆိုင်ရာမှသိရသည်။

အဆိုပါကားအား အမ်းမှ အဖွဲ့ပေါင်းစုံက စိစစ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကားပေါ်တွင် ပါလာသော ဘင်္ဂလီ များမှာ - ကျောက်တော်မြို့နယ်အတွင်းမှ ဖြစ်ပြီး

( ၁) မာမတ်ရော်ရှိန်း(ဘ)မာမောက်ရော်ဖီး (၁၄ နှစ်)
( ၂) အဒူမာကား (ဘ)ရာဟာမွတ် (၁၈နှစ်)
( ၃) မိုဟာမတ်အာဒင် (ဘ) မတ်ဆွန်း (၁၆ နှစ်)
( ၄) ဆလွတ်အာမွတ် (ဘ)၀ါဖူး (၁၈နှစ်)
( ၅) နော်ဘီဟူဆောင်း(ဘ)ဇော်ဆောင်းအာလီ (၃၂ နှစ်)
( ၆) ဆာတာရာဘေဂွမ်(ဘ)ဟာဘီ ( ၁၅ နှစ်)
( ၇) ရာဟာနော်ဒိန်(ဘ)အေဆာနူလောက် (၁၅ နှစ်)
( ၈) နာဆာရာမောက် (ဘ) အဘူဆီဒီး (၁၈နှစ်)
( ၉) ဇော်ဟီးရာမောက်
(ဘ)အာတိုမိုမီ (၁၈ နှစ်) တို့ဖြစ်ကြောင်းသိရသည်။
မောင်မျိုးထက်စိုး(ဘ)
ဦးကျော်စိုးလွင်၊ ၃၅ နှစ်နှင့် ဦးဆောင်သူ မမွန်မွန်ချိုမှာ ၂၈ နှစ်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။ ယင်းတို့သည် အငြိမ်းစားရဲမှူးကြီး ၂ဦး၏ သားသသီးများဖြစ်ကြောင်းလည်း သိရှိရပါသည်။


ထိုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ်အတွင်းကလည်း မွန်ပြည်နယ်။ ကျိုက်ထိုမြို့၊ဇမ္ဗူအေးကျောင်းတိုက် မှ ဦးဃောတိယ(လူအမည်-ဦးကျော်နိုင်စိုး)အသက် ၃၈ နှစ်။(ဘ)ဦးသောင်း။

 သာသနာဝင်အမှတ် ၁၀/ကထန(သ)၀၀၂၇၃၆ ဘိုကိုင်ဆောင်ထားသူ ဘုန်းကြီးတစ်ပါးက ဘင်္ဂလီ ၈ ဦးအား ကားဖြင့်သယ်ဆောင်လာခဲ့စဉ်အမ်းဂိတ်တွင်ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ယင်းသို့ ခေါ်ဆောင်လာရာတွင် ဘင်္ဂလီ များအားသင်္ကန်းဝတ်ဖြင့် ပုံပြောင်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟုလည်းသိရှိရသည်။
ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီများဖြစ်ကြောင်းနှင့် ယင်းမတိုင်ခင်လည်း ကားဖြင့် အကြိမ်ကြိမ် ပို့ ဆောင်ပေးခဲ့သည်ဟု မေးမြန်းချက်များအရသိရှိရပါသည်။ (မှတ်ချက်- သင်္ကြန်းဝတ်ဖြင့် ဖမ်းဆီးမိခဲ့သော ဘင်္ဂလီများ၏ ပုံအားဖော်ပြပေးလိုက်ပါသည်။)

ယင်းသို့ ရဲအရာရှိတို့၏ သားသမီးမှ လူကုန်ကူးခြင်းပေါ် သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိပြီး ဖမ်းဆီးရရှိသူ များကို အမ်းစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွါသော ဘင်္ဂလီများအား ထိုသို့ဖမ်းဆီးမှုများ ရှိ သော်လည်း စစ်တွေလေယာဉ်ကွင်းမှ ထွက်သွားသော ဘင်္ဂလီများစွာရှိ ကြောင်းလည်းသိရသည်။

Arakan News Online




ကမ္ဘာ့အချမ်းသာဆုံး လူငယ်လူရွယ်များ


အနုပညာ နယ်ပယ်တွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများတွင်ဖြစ်စေ အောင်မြင်မှုများ ရရှိပြီးနောက် ကြွယ်ဝချမ်းသာလာသည့် လူငယ်လူရွယ်များစွာ ရှိသည်။
အချို့သော လူငယ်များသည် အောင်မြင်မှုအပြင် ကံကြမ္မာ ထောက်ပံ့မှုများကြောင့်ပါ ဆယ်ကျော်သက် အရွယ်ကတည်းက သန်းကြွယ်သူဌေးလေးများ ဖြစ်လာကြသည်များလည်း ရှိသည်။
အမျိုးမျိုး အဖုံဖုံသော အကြောင်းများကြောင့် အသက်ငယ်ငယ်နှင့် သန်းကြွယ်သူဌေးလေးများ ဖြစ်လာခဲ့သည့် လူငယ်များ အနက်မှ အကြွယ်ဝဆုံး ၁၀ ဦးကို ကောက်နုတ် ဖော်ပြလိုက်ရပါသည်။
၁၀။ ဂျပ်စတင်ဘီဘာ

ဘီဘာသည် YouTube မှတစ်ဆင့် စတင်လူသိများလာပြီး အသက်(၁၈)နှစ်အရွယ်တွင် ကမ္ဘာသိ အဆိုတော်လေးတစ်ဦး ဖြစ်လာခဲ့သည်။ ကနေဒါ ပေါ့ပ်ဂီတ ကြယ်ပွင့်သည် ယခုအခါ အသက်(၂၀)သာ ရှိသေးသော်လည်း ဒေါ်လာ ၅၃ သန်းမျှ ကြွယ်ဝနေပြီ ဖြစ်သည်။ ၎င်း၏ Baby သီချင်းသည် ဘီဘာကို ကမ္ဘာ့နာမည်အကြီးဆုံး အဆိုတော်တစ်ဦး ဖြစ်လာအောင် တွန်းတင်ပေးခဲ့သည်။
၉။ အင်ဒီရာရို့စ်ဂျိမ်းစ်

ဂျိမ်းစ်၏ ချမ်းသာကြွယ်ဝလာပုံကမူ အတန်ငယ် ထူးခြားသည်။ သူမသည် ကာလသားကြိုက် မဂ္ဂဇင်းကြီး Soho ကို ဖြန့်ဝေပေးသည့် သူဌေးကြီး ပေါလ်ရေမွန်၏ မြေးမလေး ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ရေမွန်သေဆုံးသွားပြီးနောက် ၎င်း၏အမွေကို လေးနှစ်ကြာ အမွေဆက်ခံနိုင်သည့် အရွယ်တွင် ဂျိမ်းစ်က ခွဲဝေရရှိခဲ့သည်။ သူမသည် ဒေါ်လာသန်း ၆၀ မျှ ချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။
၈။ မိုင်လေဆိုင်းရပ်စ်

ဆယ်ကျော်သက်ဘဝတွင် စတင်အောင်မြင်ပြီး ကြွယ်ဝလာသည့် အနုပညာရှင် နောက်တစ်ဦးမှာ ဆိုင်းရပ်စ်ဖြစ်သည်။ Disney ၏ အစီအစဉ်များတွင် ပါဝင်ရင်း နာမည်ကျော်လာသည့် အဆိုတော်မင်းသမီးလေးသည် ယခုအခါ အသက်(၂၁)နှစ် ရှိနေပြီဖြစ်ပြီး ဒေါ်လာ သန်း ၁၀၀ မျှထိ ပိုင်ဆိုင်ထားသည်။
၇။ အမ်မာဝပ်ဆန်

Harry Potter ရုပ်ရှင်ဇာတ်လမ်းတွဲများသည် ကလေးများ၏ စိတ်နှလုံးကို သိမ်းကျုံးညှို့ယူခဲ့ဖူးသည်။ အဆိုပါ ဟောလိဝုဒ်ရုပ်ရှင်များတွင် အစဉ်တစိုက် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဗြိတိသျှ ရုပ်ရှင်မင်းသမီးလေးသည်လည်း ဇာတ်ကားများ၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဝင်ငွေကောင်းခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သူဌေး ဖြစ်လာခဲ့သည်။ အသက်(၂၄)နှစ်ရှိ အမ်မာသည် ဒေါ်လာသန်းပေါင်း ၁၂၀ ကျော် ကြွယ်ဝသူတစ်ဦးဖြစ်သည်။
၆။ ဒါကိုတာဖန်နင်း

ဖန်နင်းသည် ကလေးသရုပ်ဆောင် ဘဝကတည်းက ဟောလိဝုဒ်တွင် လူသိများခဲ့သူ ဖြစ်သည်။ ၎င်းအသက် (၁၀)နှစ်ခန့်က နာမည်ကျော်မင်းသား တွမ်ခရုစ်နှင့်အပြိုင် War of the Worlds ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့ဖူးသည်။ ဟောလိဝုဒ်၌ တက်လမ်းကောင်းမွန်သည့် မင်းသမီးငယ်တစ်ဦးအဖြစ် ရပ်တည်နေသည့် အသက်(၂၀)အရွယ် မိန်းကလေးသည် ယခုအခါ ဒေါ်လာသန်းပေါင်း ၁၃၀ မျှ ပိုင်ဆိုင်နေပြီဖြစ်သည်။
၅။ ဆယ်လီနာဂိုမက်ဇ်

ဂျပ်စတင်ဘီဘာက ဂိုမက်ဇ်သည် ၎င်းနှင့်တွဲနေ၍ နာမည်ပိုကြီးလာကြောင်း စွပ်စွဲခဲ့ဖူးသော်လည်း အမှန်တကယ်အားဖြင့် ဘီဘာ၏ ချစ်သူဟောင်းသည် ဘီဘာထက်ပင် ပိုမိုချမ်းသာကြွယ်ဝနေပြီ ဖြစ်သည်။ ဂိုမက်ဇ်သည် အသက်(၂၁)နှစ်သာ ရှိသေးသော်လည်း ဒေါ်လာ သန်း ၁၅၀ ကျော် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းသည် အဆိုတော်တစ်ဦးအနေဖြင့်ရော၊ ဟောလိဝုဒ်၏ တက်သစ်စ မင်းသမီးလေးတစ်ဦးအဖြစ်ပါ ပရိသတ် အခိုင်အမာ ရှိနေသည်။
၎။ အန်းဂက်စ်ဂျုံးစ်

ဂျုံးစ်သည် ဟောလိဝုဒ်တွင် ခေတ်တစ်ခုကို အစပြုမည့် မင်းသားငယ်တစ်လက်အဖြစ် သတ်မှတ်ညွှန်းဆို ခံထားရသည်။ ၎င်းသည် အသက်(၂၀)မျှသာ ရှိသေးသော်လည်း ကြွယ်ဝမှု အစုစုသည် ဒေါ်လာ သန်း ၁၆၀ မျှထိ ရှိနေပြီ ဖြစ်သည်။ Two and a Half Men ဇာတ်လမ်းတွဲများတွင် ချာလီရှင်းနှင့်အပြိုင် သရုပ်ဆောင်ရင်း ဂျုံးစ်၏ အောင်မြင်မှုက ပိုမိုကျယ်ပြန့်လာခဲ့သည်။
၃။ အီယန်သီဖူလာဂါ

ဖူလာဂါသည် ၎င်း၏ လှပမှုနှင့် ဖက်ရှင်အမြင် ပြည့်ဝမှုတို့ကြောင့် အထိုက်အလျောက် လူသိများသူ ဖြစ်သည်။ သို့သော်လည်း ကမ္ဘာ့အချမ်းသာဆုံး လူငယ်များစာရင်းတွင် တတိယချိတ်ရသည့် အဓိကအကြောင်းရင်းမှာ ကံကြမ္မာကြောင့် ဖြစ်သည်။ သူမအသက် (၁၈)နှစ်အရွယ် ၂၀၀၈ ခုနှစ်က EuroMillions ထီပေါက်ပြီး ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့သည်။ ထိုငွေများကို စနစ်ကျကျ ရင်းနှီးမြှုပ်နှံရင်း တစ်စထက်တစ်စ တိုးပွားလာရာ ခြောက်နှစ်အကြာတွင် ဖူလာဂါ၏ ကြွယ်ဝမှု အစုစုသည် ဒေါ်လာသန်း ၁၉၀ ဖိုးမျှ ရှိနေပြီဖြစ်သည်။
၂။ နစ်ခ်ဂျိုနက်စ်

Jonas Brothers အမျိုးသား အဆိုတော် အဖွဲ့မှ နာမည်အကြီးဆုံး ဖြစ်ခဲ့သည့် နစ်ခ်သည် စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးအနေဖြင့်ပါ လူသိများသည်။ Jonas Brothers အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သော်လည်း ၎င်းအနေဖြင့် အနုပညာ နယ်ပယ်တွင် သီးခြားလှုပ်ရှားနေဆဲ ဖြစ်သည်။ အသက်(၂၁)နှစ်အရွယ်တွင် ၎င်း၏ ပိုင်ဆိုင်မှု တန်ဖိုးသည် ဒေါ်လာသန်း ၂၀၀ မျှထိ ရှိနေသည်။
၁။ ဂျေဒန်စမစ်သ်

နာမည်ကျော် ဟောလိဝုဒ်မင်းသား ဝီလ်စမစ်သ်၏ သားဖြစ်ပြီး အသက်(၁၅)နှစ်မျှသာ ရှိသေးချိန်၌ ဒေါ်လာ ၂၁၅ သန်းမျှထိ ချမ်းသာနေသူ ဖြစ်သည်။ ထို့ကြောင့်လည်း ယခုစာရင်းတွင် အသက်အငယ်ဆုံးနှင့် အချမ်းသာဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Karate Kid ဇာတ်ကားတွင် ဂျက်ကီချန်းနှင့်အပြိုင် သရုပ်ဆောင်ခဲ့သလို ဖခင်နှင့် တွဲဖက်ကာ After Earth ဇာတ်ကားတွင် ပါဝင်ခဲ့ခြင်းက ၎င်းအတွက် သရုပ်ဆောင်ကြေး အများအပြား ရရှိလာစေခဲ့သည်။ စမစ်သ်၏ အသက်မှာ ငယ်လွန်းသေးသော်လည်း အနုပညာပါရမီ ပြည့်ဝထက်သန်လွန်းသဖြင့် ဖခင်၏ခြေရာကိုနင်းကာ ဟောလိဝုဒ်၏ အထင်ကရ ကြယ်ပွင့်တစ်ဦး ဖြစ်လာမည်ဟုလည်း ခန့်မှန်းချီးကျူးခံထားရသည်။
_Top10 for Everything

ဆယ်တန်းစာမေးပွဲ အမှတ်အများဆုံး ၂၂ ဦး

၂၀၁၄  တက္ကသိုလ်ဝင်တန်းစာမေးပွဲ  အမှတ်အများဆုံးရရှိသူ ၂၂ ဦးရဲ့ အချက်အလက်တချို့ ထွက်လာပါပြီ။
တနိုင်ငံလုံးမှာ အမှတ်အများဆုံးစာရင်းပါ။

 

ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ အဆုံးသတ်ချိန်မှာ စာသင်ခန်းထဲက ထွက်လာကြသူတချို့ 

(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

  • ၀ိဇ္ဇာဘာသာတွဲ ၁၂ ဦး

အားလုံးက မိန်းကလေးတွေချည်းပါပဲ။
ဝိဇ္ဇာတွဲမှာ ဧရာဝတီတိုင်းက အကုန်လုံးနီးပါး ယူသွားတယ်လို့ ဆိုရမယ်။
ဧရာဝတီတိုင်းက ၁၁ ဦး၊ ကချင်ပြည်နယ်က ၁ ဦး။


  • သိပ္ပံဘာသာတွဲ ၁၀ ဦး
သိပ္ပံတွဲမှာတော့ ရန်ကုန်က အများစု ဖြစ်နေပါတယ်။
ရန်ကုန် ၈ ယောက်၊ မန္တလေး ၂ ယောက်။

ဒီစာရင်း စိတ်ဝင်စားတယ်ဆိုရင် ဆက်စပ် ဖတ်ကြည့်သင့်တာကတော့ သောကြာနေ့ထုတ် မော်ဒန်သတင်းဂျာနယ် စာမျက်နှာ ၂၈ မှာ ပါတဲ့ ဆောင်းပါးတို ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာနှုန်း ၃၁ လောက်ပဲ ရှိတာကို ထောက်ပြထားတဲ့ဆောင်းပါးပါ။
အယောက် ၁ဝဝ ဖြေရင် ၇ဝ လောက် မအောင်ဘူး၊ ၃၁ ဦးပဲ အောင်တယ်။
မအောင်တဲ့ ၇၀ ဘယ်ရောက်သွားလဲ၊ ဘာလုပ်နေလဲ၊ သူတို့ရဲ့ရှေ့ရေးက ဘယ်လိုလဲ ဆိုပြီး မေးခွန်းထုတ်ထားတာပါ။
ဆယ်တန်းမှာတင် လမ်းမဆုံးအောင် နည်းလမ်းတွေ ဖန်တီးပေးပါ လို့ ခေါင်းစဉ်တပ်ထားပါတယ်။

 

  • ပြုပြင်ပြောင်းလဲရေး
မြန်မာပြည်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်ပေါ်နေပြီ ဆိုတာ ပညာရေးနယ်ပယ်မှာ ဟုတ်ဟန် မတူပါဘူး။
 မဆလ၊ န၀တ၊ နအဖခေတ် ဗိုလ်ချုပ်ကြီးတွေက လူတတ်ကြီးတွေလုပ်ပြီး ဌာနဆိုင်ရာတွေမှာ ဝင်ရောက် ကြိုးကိုင်ခဲ့တာ အဲဒီထဲ ပညာရေးဌာနလည်း ပါပါတယ်။
ပညာရေးကို သူတို့ စနစ်တကျ ဖျက်ဆီးထားတာ ကြာပါပြီ။
ဒီမိုကရေစီဖော်ဆောင်နေတဲ့ကာလမှာ ပညာရေးဘက်မှာ အပြောင်းအလဲလုပ်ဖို့ဆိုတာက အတော်လေး ခက်ခဲနေဟန်တူတယ်လို့ ယူဆရပါတယ်။

 



၅၀၀၀ တန် အတု အစစ် အလွယ်တကူ ခွဲခြား နည်း


အပေါ်ပုံက ငွေစက္ကူ အစစ် ဖြစ်ပြီး အောက်ပုံက ငွေစက္ကူ အတု ပါ။
ငွေစက္ကူ အစစ်နဲ့  တော်တော်တူတဲ့ (scan ဖတ်ပြီး print ထုတ်ထားတာ မဟုတ်တဲ့) ၅၀၀၀ တန် အတုတွေကို ထိုင်း- မြန်မာ နယ်စပ်မှာ ရိုက်နှိပ်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်းလာပြီး သုံးစွဲမှု ပြုနေကြပါတယ်။
"ငွေစက္ကူ အတု အစစ် အလွယ်တကူ ခွဲခြားနည်း"
(၁) ငွေစက္ကူ အသားကွာပါတယ်။ အစစ်ထက် အတုက စက္ကူသား နည်းနည်းပို ချောပါတယ်။
(၂) အရောင် ကွာပါတယ်။ အစစ်ထက် အတုက အရောင်နည်းနည်း ပို ဖျော့ပါတယ်။
(၃) ငွေစက္ကူ ရဲ့ ဘယ်ဘက်ထောင့် က မြန်မာ အက္ခရာ ဂဏန်းတွေကို ကြည့်ရင် အတုက လက်ရာ မသေသပ်ပါ။ (အရွက်တိုင်းမဟုတ်ပါ)
(၄) ဆင်ရုပ်ရှေ့ က ရေစာကြိုးပါ။ အစစ်မှာ ရေစာကြိုးက ငွေစက္ကူ သားထဲကို မြုပ်ထားတာ ဖြစ်ပြီး အတုမှာ အပေါ်ကနေ ငွေမင်နဲ့ ရိုက်ထားတာပါ။
(၅) ဆင်ရုပ်ရှေ့ "ငါးထောင်ကျပ်" ဆိုတဲ့ စာသားနေရာမှာပါ။ အစစ်မှာ စာသားကို ထင်ရှားစွာ မြင်ရပြီး အတုမှာက စာသားရိုက်ပြီးမှ စာသားပေါ်ကနေ ရေစာကြိုးကို ငွေမင်နဲ့ ရိုက်တဲ့ အတွက် စာသားကို ရေစာကြိုးက ဖြတ်သလို ဖြစ်နေပြီး စာသားအပြည့်အ၀ မမြင်ရပါ။ (ဒီ ၁ ချက်ထဲနဲ့ တင် အတု အစစ် သေချာခွဲလို့ ရပါတယ်)
(၆) ညာဘက်ထောင့်မှာ ရှိတဲ့ "၅၀၀၀" ဆိုတဲ့ ဂဏန်းနေရာမှာပါ။ အစစ်မှာ ဒီနေရာကို လက်နဲ့ စမ်းရင် ဖောင်းကြွ အဖြစ်ရိုက်ထားတာကို သိသာစွာ စမ်းမိနိုင်ပြီး .. အတုမှာက ပြောင်ချော ဖြစ်နေတာကို တွေ့ ရမှာပါ။
တွေးမယ် ရေးမယ်
Golden Land Myanmar