Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 31, 2014

သားသတ်ရုံအ၀၌ ဒူးထောက်ငိုကြွေး အသနားခံသော နွားကြီးအား တရုတ်ဘုန်းကြီးကျောင်းထံသို့ လွှဲအပ်


မယုံမရှိနဲ့ ဤအဖြစ်အပျက်သည် ဟောင်ကောင်၌ အမှန်တကယ် ဖြစ်ခဲ့သည်။ အလုပ်သမားတစ်စုက နွားကြီးတစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ ၀င်ပေါက်ဝအနားအရောက်၌ သနားစရာ နွားကြီးခမျာ ရှေ့ခြေထောက် ၂ ချောင်းကို ညွှတ်၍ ဒူးထောက်ချလိုက်သည်။ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ရှေ့ဆက်သွားခိုင်းလို့လည်း မရတော့ပေ။
နွားတစ်ကောင်က အသတ်ခံရတော့မည်ဆိုသည်ကို သားသတ်ရုံအထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင်များကတော့ ပြောမယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။
မစ္စတာရှုးဆိုတဲ့ သားသတ်သမားကြီးက `ဒီနွားကြီးရဲ့ မျက်လုံးမှာ ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ ငိုကြွေးနေတာ မြင်တဲ့အခါ ကျွန်တော်လည်း တုန်လှုပ်မိတယ်၊ ဒါကို ကျွန်တော်က ကျန်တဲ့လူတွေကို ခေါ်ပြတယ်။ မြင်သူတိုင်း အံသြကြတယ်။ ဒါနဲ့ ကျွန်တော်တို့ ရှေ့ကို ဆက်သွားခိုင်းတော့ မလှုပ်မယှက်နဲ့ ငိုပြီးရင်း ငိုနေတော့တာပဲ´ ဟုဆိုသည်။
အဆိုပါ သားသတ်ရုံပိုင်ရှင်ဖြစ်သူ ဘီလီဖောင်းက `လူတွေက တိရစ္ဆာတွေဟာ လူတွေလို မငိုတတ်ဘူး ထင်ကြတာ၊ ဒါပေမယ့် ဒီနွားကြီးက ငိုတာမှ ကလေးလေး တစ်ယောက်အတိုင်းပဲ´ ဟု ပြောသည်။ ထိုအဖြစ်အပျက်အား လူ ၁၀ ယောက်ကျော် မြင်ခဲ့ရပြီး မြင်သူတိုင်းကို စိတ်ထိခိုက်စေခဲ့သည်။ ၎င်းနွားကြီးအား သတ်ဖြတ်ရန် တာဝန်ကျသူ သားသတ်သမားများအဖို့ ပို၍စိတ်ထိခိုက်ရပြီး မျက်ရည်များပင် ကျကြလေသည်။
သားသတ်ရုံမှ အခြားအလုပ်သမားများလည်း အသနားခံနေသည့် နွားကြီးအား လာရောက်ကြည့်ရှုရာ လူများ ပြည့်ကြပ်သွားသည် ဆိုသည်။ သားသတ်သမား ၃ဦးက ၎င်းတို့အနေနှင့် ဤနွားကြီးအား ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ဟု ပြောသည်။
နွားကြီးနှင့်အတူ လူများပါ ငိုကြွေးလျှက်ရှိကြရာ ယင်းနွားကြီးအား သတ်ဖြတ်ရန်အလို့ငှာ မည်သူမျှ တတ်နိုင်မည် မဟုတ်ကြောင်း အားလုံးက သဘောပေါက်သိရှိသွားကြပြီး နောက်ဆုံး၌ ယင်းနွားကြီးအား ငွေစု၍ ၀ယ်ယူပြီး ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးများက နွားကြီးအား တစ်သက်တာလုံး ဂရုစိုက်ပေးကြ ပေမည်။
ထိုကဲ့သို့ ၀ယ်ယူ၍ ဘုန်းကြီးကျောင်းသို့ လှူဒါန်းရန် ဆုံးဖြတ်ချက်ချခဲ့ကြပြီးနောက် အံအားသင့်ဖွယ်ရာ နောက်ထပ်အဖြစ်တစ်ခု ကြုံကြရပြန်သည်။
`သူ့ကို မသတ်တော့ပါဘူးလို့ ဂတိပေးလိုက်တော့မှ ခေါ်ရာနောက် လိုက်တော့တယ်´ဟု အလုပ်သမားတစ်ဦးက ပြောသည်။
`ယုံမလားတော့ မသိဘူး။ ပြောပြလို့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာ´ ဟု မစ္စတာရှုးက ပြောသည်။ နွားကြီးသည် သားသတ်သမားများ၏ ဘ၀နှင့် ခံယူချက်အား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပေးနိုင်ခဲ့သည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိ။
တိရစ္ဆာန်များကို လူသားများ၏ အသုံးခံသက်သက်အဖြစ် မသတ်မှတ်ထိုက်။ ဇီဝဗေဒနှင့် တိရစ္ဆာတို့၏ စိတ်ခံစားမှု၊ ခံစားနိုင်စွမ်းကို နားလည်ခြင်းက အရေးကြီးပါသည်။ သို့သော် ယခုအဖြစ်အပျက်ကဲ့သို့ လူသားနှင့် တိရိစ္ဆာအကြား နှလုံးသားချင်းဆက်သွယ်မှုကိုလက်တွေ့ မြင်ရခြင်းက ပိုမိုစွမ်းပကားထက်လှသည်။
Ref ; Conspiracy Watch
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လက်ထပ်မယ်လို့ရည်ရွယ်ထားကြတဲ့ အဆိုတော် Elton John နဲ့ David Furnish (ရုပ်ရှင်ထုတ်လုပ်သူ)တို့လိင်တူစုံတွဲ

Jack the Ripper on 2014-03-31 16:13
Sir Elton John နဲ့ David Furnish တို့နှစ်ဦးဟာ လက်ထပ်ဖို့တာဝန်ရှိနေတယ်လို့ယုံကြည်နေကြပါတယ်။
သူတို့စုံတွဲဟာ ၂၀၀၅ ခုနှစ်က ချစ်ကြိုက်ခဲ့တာဖြစ်ပြီး အခုအခါ UK နိုင်ငံမှာ လိင်တူလက်ထပ်ခွင့်တရားဝင်ဖြစ်လာတဲ့အတွက် သူတို့နှစ်ဦး လက်ထပ်ဖို့စီစဉ်နေ ကြပြီဖြစ်ကြောင်း David Furnish ကပြောပါတယ်။
“Elton နဲ့ကျွန်တော်လပ်ထပ်ပါမယ်။ လူသိများတဲ့စုံတွဲဖြစ်တာကြောင့်ရယ်။ ဒါဟာကျွန်တော်တို့ရဲ့တာဝန်လို့ခံစားရလို့ပါ။ ဒီနိုင်ငံထဲက လိင်တူနှစ်သက်တဲ့ယောကျာ်းတိုင်း ဒီလိုဖြစ်လာမယ်ဆိုတာကို ဘယ်တုန်းကမှအိပ်မက်မမက်ခဲ့ဘူးတာကို လူတွေသိစေဖို့ပါ။ လိင်တူစုံတွဲတွေ ဆက်ပြီး သိက္ခာရှိရှိနဲ့ပေါင်းသင်းနိုင်တယ်လို့ကြေညာခဲ့တဲ့အချိန်က အဲဒီ့ကိစ္စတရားဝင်ဖြစ်လာတော့ Elton နဲ့ ကျွန်တော်တို့ ဆက်ပြီးပေါင်းသင်းခဲ့ကြတာပါ။ နာမည်ကြီး ဖျော်ဖြေသူတစ်ယောက်အနေနဲ့ Elton ဘာပဲပြောပြောလုပ်လုပ် လူတွေကထိုင်ကြည့်ပြီး သတိပြုမိကြမှာပါ။ ဒီတော့ဒီလိုသမိုင်းဝင်ကာလကို ဆင်နွှဲဖို့ဒီထက်ကောင်းတဲ့နည်းလမ်းရှိပါဦးမလား” လို့ David ကပြောပါတယ်။
Ref:starpulse.com
Trend Myanmar

အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ ဖခင်နှုန်း ၂ဆမြင့်တက်လာ



သီဟနိုင် on 2014-03-31 12:33
အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ ဖခင်အရေအတွက်နှုန်းဟာ အင်္ဂလန်မှာ စံချိန်တင်ရလောက်အောင် မြင့်တက်လာတယ်လို့ အမျိုးသားစာရင်းစစ်ရုံး ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
၁၉၉၃ခုနှစ်မှာ အိမ်မှာပဲနေပြီး ကလေးတွေကို စောင့်ရှောက်တဲ့ အမျိုးသားအရေအတွက်ဟာ ၁၁၁၀၀၀ဦးပဲရှိခဲ့ရာကနေ ခုဆိုရင် ၂၂၉၀၀၀ဦး ရှိနေပါပြီ။
အိမ်မှာနေပြီး ကလေးစောင့်ရှောက်တဲ့ မိခင်အရေအတွက်နှုန်းကတော့ မနှစ်ကနဲ့ယှဉ်ရင် ၂ ဒဿမ ၀၄ သန်းရှိရာကနေ ၄၅၀၀၀ ကျဆင်းသွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အလုပ်မလုပ်တော့တဲ့ ဖခင်အရေအတွက်နှုန်းဟာ အရင်ကထက် ၅ရာခိုင်နှုန်း တက်လာပါတယ်။
Ref:dailymail.co.uk
Trend Myanmar

တရားမ၀င်သယ်ဆောင်လာသည့်ရွှေတုံးများ ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်တွင်ဖမ်းမိ


နေပြည်တော်၊ မတ် ၃၁
၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားလေကြောင်းလိုင်းခရီးစဉ်အမှတ်စဉ် MH-၇၄၃ ဖြင့် မလေးရှားနိုင်ငံသို့လိုက်ပါမည့် အိနိ္ဒယနိုင်ငံသား Mr.Jaffar Mohamed Shafi (၄၃)နှစ်၏ ခရီးဆောင်အိတ်အား စစ်ဆေးရေးအဖွဲ့မှ X-Rays စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ် အိတ်အတွင်းမှ တိပ်အနက်ရောင်ဖြင့်ပိတ်၍ ကာဗွန်ခံကာ ပလပ်စတစ်အနက်ဖြင့်ပိတ်ထားသော (၁)တုံးလျှင်(၁၀)ကျပ်သားခန့်စီရှိ ရွှေတုံး(၂၀)တုံး၊ အလေးချိန်(၂၀၀)ကျပ်သားခန့်၊ တန်ဘိုးငွေကျပ်သိန်း(၁၃၀၀)ခန့်အား စစ်ဆေးတွေ့ရှိရသောကြောင့် Mr.Jaffar Mohamed Shafi အား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၄၆/၂၀၁၄၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိ


နေပြည်တော်၊ မတ် ၃၁
၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် ၄ နာခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၇/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ ရွာသာကြီးနေ ချစ်မင်းခိုင်(၂၅)နှစ် မောင်းနှင်လာသည့် ၃D/xxxx “သီတာထွန်း” ဘုရားဖူးပို့ဆောင်ရေးမှန်လုံယာဉ်မှာရှေ့မှမောင်းနှင်နေသောတောင်ငူမြို့၊အမှတ်(၁၁)ရပ်ကွက်နေဦးနေလင်းမောင်(၄၂)နှစ်မောင်းနှင်သည့် ၆ခ/xxxx ပါဂျဲရိုး စိမ်း/ငွေမင်ကြားရောင်ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး ၆ခ/xxxxပါဂျဲရိုးယာဉ်မှာ လမ်းယာဘက်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ၃D/xxxxယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၆ခ/xxxx ယာဉ်မောင်း ဦးနေလင်းမောင်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာပါးပွန်းပဲ့၊ ယာလက်မောင်းကျိုးဒဏ်ရာနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တဘက်ကွေ့ရွာနေ ၀င်းဇော် (၂၃)နှစ်တွင် နဖူးဝဲဘက်ဖူးရောင်၊ ၀ဲလက်မောင်းနာကျင်၊ ယာတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့်ယာဉ်မဆင်မခြင်မောင်းနှင်သူ ချစ်မင်းခိုင်အားဘောနတ်ကြီးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မှတ်ဉာဏ်ချန်ပီယံ Nelson Dellis ရဲ့ ဉာဏ်ရည်မြင့်နည်း လျှို့ဝှက်ချက်များ

သီဟနိုင် on 2014-03-31 16:29
၁၇ကြိမ်မြောက် အမေရိက မှတ်ဉာဏ်ချန်ပီယံပြိုင်ပွဲကြီးကို နယူးယောက်မြို့မှာ မတ်လ ၂၉ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဟော့ဒေါ့ စားပြိုင်ပွဲလို ပြိုင်ပွဲတွေနဲ့ ယှဉ်ရင်တော့ တမူထူးနေတာပေါ့။
ချန်ပီယံဆု နှစ်ကြိမ်ရတဲ့ Nelson Dellis က ဉာဏ်ရည်တိုးတက်အောင်၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး တိုးတက်အောင် လုပ်ချင်နေသူတွေအတွက် ဉာဏ်ရည် ချန်ပီယံတစ်ယောက်ရဲ့ နေ့စဉ်ပုံမှန်လုပ်နေကျ အလေ့အကျင့်တွေအကြောင်း Yahoo Newsကို ပြောပြခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ၅နှစ်လုံး ကဏ္ဍ ၄ခုကိုပဲ ကျွန်တော် အာရုံစိုက်လုပ်ဆောင်ခဲ့တယ်။ ၁။ စိတ်ကို တက်ကြွအောင်ထားတယ်၊ ၂။ သင့်တင့်တဲ့ အစားကိုစားတယ်၊ ၃။ ကိုယ်ကာယလေ့ကျင့်ခန်းကို စိတ်ပါလက်ပါ လုပ်တယ်၊ ၄။ မိတ်ဆွေ၊ မိသားစု ဆိုတဲ့ ပတ်ဝန်းကျင် ကောင်းကောင်းမှာ ရှင်သန်တယ်။” လို့ အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ မှတ်ဉာဏ်ချန်ပီယံ Nelson Dellis ကပြောပါတယ်။
ဖဲတစ်ထုတ်ကို ၅မိနစ်အတွင်း အစအဆုံးမှတ်မိနိုင်တဲ့ သာမန် လူငယ်လေးတစ်ယောက် ဘ၀ကနေ ဘယ်လိုဖြတ်ကျော်လာလည်းဆိုတာကို ရှင်းပြဖို့ ပဉ္စလက်ဆန်တဲ့အရာ လုံးဝမရှိပါဘူးလို့ သူကပြောပါတယ်။
Ref:dailymail.co.uk
Trend Myanmar

ရန်ကုန်တိုင်း အတွင်း သန်းခေါင်စာရင်း ကောက်ယူမှု လွဲချော်မှုများရှိနေ

Hits:411
 

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနေသူ တဦးကို ရန်ကုန်မြို့သာကေတမြို့နယ်ရှိ နေအိမ် တအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ဟိန်းထက်/ဧရာဝတီ)

တနိုင်ငံလုံး အတိုင်းအတာနှင့် မတ်လ ၃၀ ရက်နေ့မှ စတင်သည့် ၂၀၁၄ ခုနှစ် နိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် ရန်ကုန်တိုင်းအတွင်း ကောက်ယူမှုများ၌ လွဲချော်မှုများ ရှိနေကြောင်း တွေ့ကြုံရသူများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူမည့် နေအိမ်များကို ကောက်ခံမည့် စာရွက် ပုံစံများ ကြိုတင် ဝေငှထားကြောင်း သိရသည်။
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူ မသန်းစိုးက “ကျမတို့အိမ်ကို မနေ့ကတည်းက ပုံစံစာရွက်တခု လာပေး ထားတယ်၊ အိမ်မှာ ရှိတဲ့လူဦးရေ အတိုင်း အဲဒီစာရွက်ကို မိတ္တူပွားပြီး ဖြည့်ခိုင်းထားတယ်၊ အဲဒီစာရွက်နဲ့ တိုက်ပြီး ထပ်ဖြည့်မယ်လို့ ပြောတယ်၊ မြန်မြန်ပြီးအောင် လုပ်တဲ့သဘောပဲ ထင်တယ်”ဟု ပြောပြသည်။
အလားတူ ပုံစံမျိုး မြို့နယ်တချို့တွင်လည်း ပုံစံစာရွက် ကြိုတင်ဝေငှထားမှုများ ရှိကြောင်း၊ တချို့မြို့နယ်များတွင် စာရင်းကောက်သူ ၀န်ထမ်းများမှာ ကျွမ်းကျင်မှု မရှိကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတဦးက“ကျနော်တို့က သူငယ်ချင်းတွေ စုပြီး အိမ်ငှားနေတာ၊ သူငယ်ချင်း တယောက်က နယ်ကို ပြန်သွားတာ တပတ်လောက်ရှိပြီ၊ သန်းခေါင်စာရင်း လာကောက်တဲ့ ၀န်ထမ်းက ဘယ်သူတွေ ဒီမှာနေလဲလို့ မေးတယ်၊ နယ်ကို တယောက်ပြန်နေတယ်လို့ ပြောတော့ သူက အဲဒီသူကိုပါ ထည့်ကောက်သွားမယ် ဆိုပြီး ကောက်သွားတယ်” ဟု ပြောပြသည်။
သန်လျင်မြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတဦးကလည်း“ကျမ အမျိုးသားတဦးတည်း အိမ်မှာရှိနေတုန်း သန်းခေါင်စာရင်း ကောက် ဖို့ ဆိုပြီး လာတယ်၊ အိမ်ထောင်စု စာရင်းမေးလို့ ကျနော်တို့ အိမ်ထောင်စုစာရင်းက ဒီမှာ မဟုတ်ဘူး၊ ဟိုဘက်ရပ်ကွက်မှာလို့ ပြော လိုက်တော့ မကောက်ဘဲ ပြန်သွားတယ်”ဟု ပြောသည်။
သန်းခေါင်စာရင်း စတင်ကောက်ယူသည့် မတ် ၃၀ ရက်နေ့ ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် လူမျိုးအမည်နဲ့ ကုဒ်နံပါတ်အတိုင်း မထည့် သွင်းကြောင်း ကြုံတွေ့ရသူတဦးက ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
“ကောက်တဲ့ အချိန်မှာ ကိုယ့်လူမျိုး အမည်ပြောပေမယ့် ကုဒ်နံပါတ် ၅၀၁ လို့ စာရင်းကောက်က မှတ်လိုက်ပါတယ်၊ အကောက် ခံရတဲ့သူက ကိုယ့်လူမျိုး ကုဒ်နံပါတ်ကို မသိပါဘူး၊ နောက်မှ ကိုယ်ပြောတဲ့ လူမျိုးမဟုတ်ဘဲ ဗမာကုဒ်နံပါတ် ဖြစ်တဲ့ ၅၀၁ မှာ စာရင်း အသွင်းခံလိုက်ရမှန်း သိပါတယ်”ဟု ဖေ့စ်ဘုတ်၌ ရေးထားသည်ကို တွေ့ရသည်။
ယင်း ဖြစ်စဉ်မျိုးကဲ့သို့ပင် တချို့နေရာများတွင် ထားဝယ်လူမျိုး ဟု ဖြေကြားချက်ကို ၀န်ထမ်းက ကုဒ်နံပါတ် မရှိသည့် အတွက် ဗမာ ဟုသာ ဖြည့်သွင်းခြင်းမျိုးလည်း ရှိကြောင်း၊ တချို့နေရာများတွင် သန်ခေါင်စာရင်း လာရောက် ကောက်ယူမည့် အချိန်နှင့် နေ့ရက် ကို ကြိုတင် အကြောင်းကြားထားခြင်း မရှိသေးကြောင်း သိရသည်။
သန်းခေါင်စာရင်း ကောက်ယူသူများသည် စာရင်းကောက်ယူမည့် ၁၂ ရက်တာ ကာလအတွင်း မည်သည့်ရက်တွင် လာရောက် ကောက်ယူမည်ကို ကြိုတင် အကြောင်းကြားထားရမည် ဖြစ်ကြောင်း၊ စာရင်းအကောက်ခံရသူများက အိမ်ထောင်စုစာရင်း ပြသရန် လုံးဝ မလိုကြောင်းနှင့် သန်းခေါင်စာရင်းကောက်သူများက ကိုယ်တိုင် ပုံစံစာရွက်တွင် ဖြည့်သွင်းရမည် ဖြစ်ကြောင်း သတ်မှတ်ထား သည်။
ထိုသတ်မှတ်ချက်များနှင့် လုပ်ဆောင်ရာတွင် ကျွမ်းကျင်မှု ရှိစေရန် သန်းခေါင်စာရင်း ကောက်ယူမည့် ၀န်ထမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်လေ့ကျင့် သင်ကြားပေးပြီး ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယခု သန်းခေါင်စာရင်း ကောက်ယူမှုသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး စာရင်းကောက်ယူခြင်း ဖြစ်သည်။
Irrawaddy

အက်ရှင်ဇာတ်ကား ရိုက်ကူးတော့မယ့် ထားထက်ထက်

စန္ဒီ on 2014-03-31 15:54
Miss Grand Myanmar  ထားထက်ထက်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘ထက်ထက် အခု ဒီလအတွင်းကတော့ ပရဟိတအလုပ်တွေ လုပ်ဖြစ်တာ များတာပေါ့။ ဇာတ်ကားရိုက်ကူးဖို့ရှိတယ်။ အဲဒီ့အတွက် ရိုက်ကွင်းတွေကို သွားရောက်လေ့လာတယ်။ အက်ရှင်ကား ရိုက်ကူးမှာပါ။ ဒီနှစ်ထဲမှာပဲ ရိုက်ဖြစ်သွားမှာပါ။ အက်ရှင်ဇာတ်ကား ရိုက်ကူးမှုက ကိုယ့်အတွက် ပထမဦးဆုံး ဖြစ်တာကြောင့် တကယ်ရိုက်တဲ့အခါမှာ ကိုယ့်အတွက် အစိမ်းသက်သက် မဖြစ်ရအောင်လို့ ရိုက်ကွင်းတွေကို လေ့လာတယ်။ အဲဒီ့အတွက် အခက်အခဲတွေ အများကြီး မရှိတော့ဘူးလို့  ထင်တယ်။ နောက်ပြီး ဖိုက်တင်ပိုင်းကျတော့ အရင်ကတည်းက ကိုယ်က ကျွမ်းဘားကစားတယ်။ ကိုယ်လည်း တကယ်လုပ်နိုင်မယ် ထင်တယ်။ အခက်အခဲတွေ မရှိအောင်လို့လည်း ထက်ထက်ဘက်က ကြိုတင် ပြင်ဆင်နေပါတယ်။’လို့ သူမက ပြောပြသွားပါတယ်။ 
Trend Myanmar

ယူနတီသတင်းထောက်ကိုလူမော်နှင့်အဖွဲ့ဒီနေ့တရားခွင်

ဓါတ်ပုံ-မလွင်


Ma Lwin
March 25
တရားရုံးမှာ စစ်ဆေးချက်တွေအရ တော့ ပြစ်မှုမမြောက်တာက ထင်ရှားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယူနတီမှာသတင်းရေးပြီး အမှုဖြစ်မှသာ တားမြစ်နယ်မြေ တို့ တပ်ပိုင်မြေတို့ ဆိုတဲ့ ဆိုင်းဘုတ်အသစ်တွေထောင်ကြတယ်။ တပ်မတော်သားကြီးများကတော့ ဟိုတုန်းတည်းကရှိတာပါလို့ ညာတယ်။ လယ်သိမ်းခံ ရွာရွှေ့ပြောင်းခံရသူ ခုလဲ တရားလိုပြစာရင်းမှာထည့်ထားလို့ ထွက်ဆိုချက်ပေးရတဲ့ ကိုကြည်ဝင်းကတော့ ဘုတ်တိုင်တွေက အမှုဖြစ်ပီးမှစိုက်တာပါတဲ့။ တဧကကို ငါးထောင်နှုန်းတောင်မရတဲ့ သူတို့လယ်သမားတွေက ညာမှာမဟုတ်ဖူး။ တကယ်ခံစားရသူတွေကိုး။ ဧကပေါင်း ၃၆၈၂၇ ဧက ဆိုတာနည်းသလား။ နစ်နာကြေးတစုံတရာ မပေးတာ လူလူချင်း စာနာစိတ်ရှိလား။
လုံခြုံရေးဂိတ်တွေထားပါတယ်လို့ လုံခြုံရေးအရာရှိက ထွက်ဆိုပေမယ့် ယူနတီသတင်းထောက်တွေက
ဝင်တယ်ဆိုတာကိုမသိတဲ့အထိ လုံခြုံရေးကောင်းမွန်တာတွေ့ရတယ်။ ဝင်တယ်ဆိုသော်ညား အထဲမှာအုတ်သယ်ပီးပြန်ထွက်လာတာပါ။ကြည့်ရုံလေးပါပဲ။ ဂျာနယ်မှာပါတဲ့ဓာတ်ပုံတွေက စက်ရုံအပြင်ကရိုက်တာကို ကလေးကို ပြရင်တောင်သိနိုင်တယ်။ ဒါပေမယ့်ဘူးခံပီးငြင်းတယ်။ လုံခြုံရေးပေါ့ဆမှုကိုကျတော့ အရေးမယူတာဟာ ဘက်လိုက်တာပါပဲ။ နောက်တခု လိုပြသက်သေကို ရွာအထိသွားခေါ်ပီး သတင်းတပ်ဖွဲ့ရုံးမှာ ထိန်းသိမ်းထားတာ သုံးရက်လုံးလုံး။ရုံးလာ ရုံးကပြန် ရဲနဲ့။ ဖြစ်သင့်လား ကျမ မိတ်ဆွေတွေပဲစဉ်းစားကြည့်ပါအုံး။
တရားလို ဗိုလ်မှုးဆိုသူက သူစွဲထားတဲ့ပုဒ်မဟာ ဘာပုဒ်မမှန်းမသိတာကလဲ ထူးဆန်းတာပဲ။ ထူးဆန်းပေမပေါ့။ သမ္မတရုံးက စွဲလိုက်ပါလို့ညွှန်ကြားပေသကိုး။ အဲလိုစွက်ဖက်ခွင့်ရှိလား။ နားမလည်လို့ပါ။ အခုလဲလယ်သိမ်းခံရွာတွေကို ၁၄၄ ဆိုတာကြီးထုတ်မယ်လို့ အုတ်အော်သောင်းနင်းဖြစ်နေလေရဲ့။
သြော် ဒုက္ခ ပါလား။ တရားလိုက ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမသိပဲ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကျတော့ သိတယ်ဆိုပြန်တယ်။

တရားခွင်မှာ စွပ်စွဲခံရသူရဲ့မိသားစုတွေထိုင်တာကို တရားသူကြီးက အမြင်ကတ်ဟန်တူပါရဲ့။ နေကောင်းကာစ ကျမသမီးကြောင့် ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ကျမကို မျက်စေ့စပါးမွှေး စူးဟန်ရှိတယ်။ ကိုယ်ခွဲမရှိတဲ့ ကျမအတွက် ကလေးကိုအမြဲခေါ်သွားတာ အပြစ်လား။ အံမယ် သူကပြောသေး။ ကလေးကတရားခွင်မှာ ကလေးတွေကိုမရှိစေချင်တာ ကလေးတွေရဲ့အနာဂတ်ကြောင့်ပါ ဆိုပဲ။ ကျမကတော့ ရင်ထဲကမပါတဲ့ မမှန်တဲ့စကားကို ဘယ်တော့မှပြောလေ့မရှိ။ ကလေးရဲ့အနာဂတ်ကိုသာ သူတို့စာနာတတ်ရင် ကျမနဲ့သမီး ကိုထောင်ထဲကိုထည့်မှာမဟုတ်ဖူး။

ကျမ သမီးလေး ပင်ပန်းတဲ့ဒဏ်ကိုမခံနိုင်တော့ဘူး။ ဖျားတာ နဲ့ဝမ်းလျှောတာ အပြိုင်ဖြစ်သွားပြီး သတိလစ်တဲ့ထိဖြစ်သွားတယ်။ လက်တွေခြေတွေ ကောက်ကွေးသွားတဲ့ သမီးကိုကြည့်ပြီး ခေါ်မရလို့ ငိုမိတယ်။ ဆေးရုံကိုအပြေးသွားပြီး ဆေးတွေအတင်းထိုးခိုင်းရတယ်။ အောက်ဆီဂျင်ပေးရတယ်။ ခုတော့သက်သာနေပါပြီ။

သန်းခေါင်စာရင်း ဒုတိယနေ့မှာ အချို့ကို ချန်လှပ်ရ

နောက်ဆုံး ရေးသားချိန် 31 မတ်လ 2014 - 16:27 GMT
 
၈၃ ခုနှစ် သန်းခေါင်စာရင်းထက် ပိုပြည့်စုံနိုင်မယ်လို့ ဆို

သန်းခေါင် စာရင်းကို ဒုတိယနေ့ အဖြစ် ကောက်ခံရာမှာ နယ်စွန်နယ်ဖျား တချို့နဲ့ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် တချို့ကို မကောက်ဘဲ ချန်လှပ်ခဲ့ရပါတယ်။

ကရင်ပြည်နယ်က ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၅ ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့နယ်နဲ့ တပ်မဟာ ၂ ထိန်းချုပ်ထားတဲ့ သံတောင်၊ ညောင်လေးပင် အတွင်းကျတဲ့ နေရာတွေမှာ သန်းခေါင်စာရင်း ကောက်ခွင့် မပြုဘူးလို့ ကြားသိရပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

    သန်းခေါင်စာရင်း ကောက်ခံမှု အခြေအနေ
    ရခိုင်ပြည်နယ် မှာ သန်းခေါင်စာရင်းကောက်ရေး

အများစုက လက်တွဲကောက်ဖို့ သင်တန်းတွေ ပေးထားပေမယ့် တချို့ ဝေးလံ ခေါင်သီတဲ့ တောင်ပေါ် နေရာတွေမှာ ကောက်ဖို့ အခက်အခဲ ရှိကောင်း ရှိနိုင်တယ်လို့ ကေအန်ယူ ဗဟို အလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က မှတ်ချက်ချ ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာတော့ ကေအိုင်အို ထိန်းချုပ်တဲ့ နယ်မြေမှာ သန်းခေါင်စာရင်း ကောက်လို့ မရပါဘူး။

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ စစ်တွေမြို့က အစ္စလာမ် ဘာသာဝင်တွေက ရိုဟင်ဂျာ လူမျိုးလို့ ပြောတဲ့အတွက် သန်းခေါင်စာရင်း မကောက်ဘဲ ချန်ခဲ့တယ်လို့ မောင်းတောနဲ့ စစ်တွေမြို့ခံတွေက ပြောပြပါတယ်။

ရန်ကုန်မြို့မှာ မနေ့တုန်းကတော့ ရိုဟင်ဂျာ လူမျိုးအဖြစ် သန်းခေါင်စာရင်းမှာ ရေးသားခွင့် ပြုခဲ့ပေမယ့် ဒီကနေ့မှာတော့ ရိုဟင်ဂျာ အမည်နဲ့ ကောက်ခံခြင်း မရှိဘူးလို့ မင်္ဂလာတောင်ညွန့်က အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြောပါတယ်။

၂၀၁၄ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ခံနေမှုမှာ ကောက်လို့မရတဲ့ နေရာတချို့ ရှိပေမယ့် နောက်ဆုံး ကောက်ခဲ့တဲ့ ၈၃ ခုနှစ်ကထက် ပိုပြီးပြည့်စုံတဲ့ သန်းခေါင်းစာရင်း ဖြစ်နိုင်မယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ခံလို့ မရတဲ့ နေရာတွေနဲ့ လူအရေအတွက် ခန့်မှန်းခြေကို ထုတ်ပြန် ကြေညာတဲ့အခါ ထည့်သွင်း ဖော်ပြသွားမယ်လို့ ပြောပါတယ်။
BBC

ရခိုင်ပဋိပက္ခ ဘန်ကီမွန်းနဲ့ သမ္မတဦးသိန်းစိန် တယ်လီဖုန်းနဲ့ ဆွေးနွေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ တိုက်ခိုက်ခံနေရမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မတ်လ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောကြားခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်နဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အဲဒီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တည်ဆဲ သဘောတူညီချက်တွေနဲ့အညီ ကာကွယ်စောင့်ရှောက်ပေးဖို့ အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိခိုက်စေမယ့်လုပ်ရပ်ကို လုပ်ဆောင်သူတွေအပေါ် အပြစ်ပေး အရေးယူခြင်း မရှိတာမျိုး မဖြစ်စေသင့်တဲ့အကြောင်းနဲ့ အရပ်သားအားလုံးကို အကာအကွယ်ပေးပြီးတော့ တရားဥပဒေကို လေးစားလိုက်နာဖို့အတွက်လည်း အဲဒီ တယ်လီဖုန်းနဲ့ ပြောဆိုမှုအတွင်းမှာ တောင်းဆိုခဲ့ပါတယ်။

စစ်တွေ ပဋိပက္ခအတွက် အာဏာပိုင်တွေဘက်က လက်ရှိအခြေအနေအထိ ဆောင်ရွက်ချက်တွေအပေါ်မှာ ကြိုဆိုကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားကြောင်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေမှုနဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ကုလသမဂ္ဂနဲ့ တခြား အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အဲဒီဒေသမှာ အင်အားကောင်းစွာ တည်ရှိနေရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်သင့်ကြောင်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအပေါ်မှာ မတူညီတဲ့လူမျိုးစုတွေကြား စိုးရိမ်မှုတွေ ရှိနေတာကြောင့် အခုလိုမျိုး အရေးကြီးတဲ့ကိစ္စမျိုးကို ငြိမ်းချမ်းစွာနဲ့ ယုံကြည်တဲ့ကိုင်တွယ်မှုမျိုးဖြစ်အောင် သတိထားဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှန်းမှာ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ နည်းပညာပိုင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အပြုသဘောဆောင်တဲ့ဘက်က ကုလသမဂ္ဂအနေနဲ့ ဆက်လက်ပြီးတော့ ပံ့ပိုးပေးသွားမှာဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထည့်သွင်းပြောဆိုသွားခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သန်းခေါင်စာရင်းကောက် ဆရာမတစ်ဦး မြွေကိုက်ခံရ

31 March 2014


ဆိုက်ကျင်၊ သုံးခွ၊ မတ်-၃၀

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အမှတ်(၄)ရပ်ကွက်၌ သန်းခေါင် စာရင်း ကောက်ယူ ရေး အဖွဲ့ဝင်တစ်ဦး သန်းခေါင်စာရင်းစစ် တာဝန် ထမ်းဆောင်စဉ် မတ် ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့် က အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်း ဥက္ကံဝတံတား အနောက်ဘက် ခြမ်းလမ်းတွင် ၀ဲဘက်ခြေမျက်စိ၌ မြွေကိုက်ခံခဲ့ရကြောင်း သိရသည်။

ြေေ-မြွေကိုက်ခံရသော ဆရာမ ဒေါ်သီတာခိုင် (၄၉)နှစ်အား သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူရာ မြို့နယ်ဆရာဝန်၏ ညွှန်ကြားချက်အရ ၂၄ နာရီ စောင့်ကြည့်ရမည် ဖြစ်ကြောင်း လောလောဆယ် အခြေအနေ၌ စိုးရိမ်စရာ မရှိကြောင်း သိရပြီး စာရင်းစစ် ဒေါ်သီတာခိုင်ကိုယ်စား စာရင်းစစ် ဒေါ်ဇာခြည်လွင်က အစားထိုးကောက်ယူလျက်ရှိသည်။

မြွေကိုက်ခံရသော ဆရာမဒေါ်သီတာခိုင်ထံသို့ သုံးခွမြို့နယ် သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အတွင်းရေးမှူး ဦးရှာမွေလတို့က မြို့နယ်ဆေးရုံသို့ သွားရောက်ပြီး လိုအပ်သည်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ နေပုံ 

ဂျာမနီက ခွေးခြေင်္သေ့ Leonberger


ဂျာမနီမှာ ရှင်သန်ပေါက်ဖွားတဲ့ ခွေးတစ်မျိုး ဖြစ်ပြီး Leonberger လို့ အမည်ရ ပါတယ်။ သက်တမ်းအားဖြင့်ကတော့ ၇ နှစ်ပဲ အသက်ရှင် ပါတယ်။

အထီးဆိုရင် မြင့် ၂ပေခွဲ သုံးပေ နီးပါး ရှိပြီး အမကတော့ အထီးနဲ့ မတိမ်း မယိမ်း ဖြစ်ပါတယ်။ သူ့ကို ခြေင်္သေ့လိုလဲ သန်မာ၊ ထူပြားတဲ့ အမွေး ရှိ တာကြောင့် ခွေးခြေင်္သေ့ လို့လည်း ခေါ်ပါတယ်။ သန်သန်မာမာ ရှိတဲ့ ခွေး ဖြစ်ပြီး သစ္စာရှိတဲ့ သတ္တဝါ တစ်မျိုးလည်း ဖြစ်ပါတယ်။ အိမ်မွေး ခွေး မျိုးစိတ် တစ်မျိုးလည်း ဖြစ်ပါတယ်။
သ့ကို အမဲလိုက်တဲ့ အခါမှာလည်း အသုံးပြုကြသလို၊ အိမ်ထဲမှာ လည်း မွေး ပါတယ်။ ကမ္ဘာ့ ဈေးကြီး အိမ်မွေးခွေး တစ်မျိုးလည်း ဖြစ်ပြီး ဥရောပက နိုင်ငံ များက မွေးလေ့ ရှိကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း -innewsmyanmar

အမေရိကန်နှစ်ဦးမှ ကျပ်သိန်းပေါင်း တစ်သိန်း ရလိုမှု တရားစွဲ၊ ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် တရားရုံးတွင် ရင်ဆိုင်

Tomorrow ဂျာနယ်

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က ဟဲဟိုးတွင် မတော်တဆ ဖြစ်ပွားခဲ့သော အဲပုဂံေ လကြောင်းပိုင် လေယာဉ် XY-AGC F100 ဖော်ကာ ဂျက်လေယာဉ် စီးနင်းပြီး ဒဏ်ရာ ရရှိခဲ့သည့် အမေရိကန် နိုင်ငံသား နှစ်ဦးက ထူးကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ မတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း တရား လွှတ်တော်၊ တရားခွင်(၇) သို့ ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် လာရောက် တရား ရင်ဆိုင်ခဲ့ကြောင်း သိရသည်။

တရား စွဲဆိုရာတွင် ထူးဂရု(ပ်) ကုမ္ပဏီ၊ ထူးထရိတ်ဒင်း ကုမ္ပဏီ၊ ထူးထရိတ်ဒင်း ဂရု(ပ်) ကုမ္ပဏီ၊ အဲပုဂံ လီမိတက်နှင့် အဲပုဂံ ဂိုးလ်ဒင်း လီမိတက်(၅)ခုကို တရားစွဲ ဆိုခဲ့ခြင်းဖြစ်ပြီး အမှုကို ရန်ကုန်တိုင်း ဒေသကြီး တရား လွှတ်တော် တရားရုံး အမှတ် (၇) တွင် (၂/ ၂၀၁၄) ဖြင့် ဖေဖော်ဝါရီ ၂၄ ရက် မှစပြီး စစ်ဆေးခဲ့သည်။ ဒုတိယ ရုံးချိန်း အဖြစ် မတ်လ ၇ ရက်တွင် စစ်ဆေးခဲ့ပြီး တတိယ ရုံးချိန်းဖြစ်သော မတ်လ ၂၁ ရက်တွင် ထူးကုမ္ပဏီ အုပ်စု ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် တရားရုံးသို့ လာရောက် ရင်ဆိုင်ခဲ့ကြောင်း သိရသည်။ ယခု ရုံးချိန်းအား ထူးကုမ္ပဏီ ဥက္ကဋ္ဌ ကိုယ်တိုင် လာရောက် ရင်ဆိုင် ခဲ့သော်လည်း နှစ်ဖက် ရှေ့နေများ မဆုံသဖြင့် ရုံးချိန်းအား သင်္ကြန် အပြီးသို့ ပြောင်းရွှေ့လိုက်ပြီး ရက် အတိအကျ မသတ်မှတ် ရသေးကြောင်း သိရသည်။

ဦးတေဇနှင့် တရားရုံးတွင Tomorrowက တွေ့ဆုံ မေးမြန်းရာ အဲပုဂံကိစ္စ အတွက် တရားရုံး လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အဲပုဂံအား တောင်းဆိုသော လျော်ကြေးငွေ ကိစ္စနှင့် ပတ်သက်၍ ၄င်းက “ကျွန်တော်တို့ ဒီကိစ္စကို အပြည့်အစုံ ပြန်ကြား ပေးပါမယ်၊ ဒါကို အပြည့်အစုံ ဖတ်ပြီးတော့မှ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါ။ ကျွန်တော် ကတော့ သူများကို မဝေဖန် ချင်လို့ပါ”ဟု ပြောကြား ခဲ့သည်။

တရားစွဲဆိုသော အမေရိကန် လူမျိုးနှစ်ဦးကို မတော်တဆ ဖြစ်လျှင်ဖြစ်ပွားချင်း ဦးတေဇနှင့် ၀န်ထမ်းများ ကိုယ်တိုင် တောင်ကြီး စပ်စံထွန်း ဆေးရုံမှ ဟဲဟိုးသို့ ကိုယ်ပိုင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးပြီး ထိုမှ တစ်ဆင့် ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုမှတစ်ဆင့် စင်္ကာပူနိုင်ငံ SGH ဆေးရုံတွင် စင်္ကာပူ ဒေါ်လာ သုံးသိန်း ပေးသွင်းပြီး ဆေးကုသပေးခဲ့ကာ၊ သက်သာသဖြင့် အမေရိကန်သို့ အထူး လေယာဉ်ကို ဒေါ်လာ ၁၇၅၀၀၀ဖြင့် ငှားရမ်းပြီး ပို့ဆောင်ခဲ့ကြောင်း မြန်မာ့အာမခံ နှင့် Reinsurance ကုမ္ပဏီမှ လျော်ကြေးများ ရရှိရေး ဆောင်ရွက်နေစဉ် အင်အား ကောင်းပြီး လေယာဉ် မတော်တဆမှုများတွင် လျော်ကြေး များစွာ ရအောင် အကျိုးဆောင် ပေးသလို အကျိုးဆောင်ခ များစွာယူနေသော အမေရိကန် Kreindler & Kreindler LLP Law Farmကို ယင်းတို့မှ ငှားရမ်းကာ ထိခိုက်မှု အမျိုးမျိုး၊ နစ်နာမှု အမျိုးမျိုးဖြင့် လျော်ကြေးများစွာ ရအောင် ဆောင်ရွက်နေကြောင်း သိရသည်။ အဲပုဂံဘက်မှ တရား လွှတ်တော်ချုပ် ရှေ့နေ ဒေါ်သင်းသင်းရီ လိုက်ပါ ဆောင်ရွက်ပြီး တရားလို အမေရိကန် နှစ်ဦးဘက်မှ တရား လွှတ်တော်ချုပ် ရှေ့နေ ဦးကျော်စိုးမိုး လိုက်ပါ ဆောင်ရွက်နေကြောင်း သိရသည်။

တရားလိုဘက်မှ နစ်နာကြေးများ အဖြစ် ဆေးဝါး ကုသစရိတ်များ၊ ကျန်းမာ သန်စွမ်းစွာ မလုပ်ကိုင် နိုင်တော့သည့် အတွက် နစ်နာကြေးများ၊ ထိခိုက်မိသော ဒဏ်ရာများမှ နာကျင် ကိုက်ခဲသော ဒုက္ခများကို ခံစားရသည့် အတွက် နစ်နာကြေးများ၊ မတော်တဆမှ တစ်ဆင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့ စိုးရိမ် ထိတ်လန့်မှုများ အတွက် နစ်နာကြေးများနှင့် ဥစ္စာ ပစ္စည်းများ ကုန်ဆုံးမှုများ အတွက် အမေရိကန် ဒေါ်လာ ၉ ဘီလျံ (စွဲချက်တင်သော နေ့တွင် ထိုင်းဘဏ်မှ ကြေညာချက် အရ ငွေလဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၃၂.၆၆၄ ဘတ်နှင့် ညီမျှသည်) ခန့်မှန်းချေ ဘတ်၂၉၃၉၈၅၀၀၀အား ရလိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားလို နှစ်ယောက်စလုံးသည် ဆေးဖိုး စရိတ်နှင့် ဖေးမမှုများကို တရားပြိုင်ဘက်မှ မည်သည့် နည်းလမ်းမနှင့်မှ မရခဲ့ဖူးကြောင်း၊ တရားပြိုင်ဘက်မှ အမှား ပြုလုပ်မှုကြောင့် တရားလို နှစ်ယောက်လုံးသည် ဆေးဖိုးစရိတ် ကုန်ကျမှု ငွေမြောက်မြားစွာကို မိမိဘာသာ သုံးစွဲခဲ့ရကြောင်း၊ တရားပြိုင်ဘက် အပြုအမူများသည် သုံးစွဲသူများ အပေါ် မရင်ဆိုင်ရဲ၊ ထောက်ထား စာနာမှု မရှိပေ။ Accident ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ အပေါ်တွင်လည်း တာဝန်ယူမှု မရှိသည့် အပြင် Professional အနေဖြင့်လည်း မိမိ၏ အမှားကို တာဝန်ယူခြင်း မရှိဟု တရားရုံးတွင် စွဲချက် တင်ထားကြောင်း သိရသည်။ု

Facebook ပေါ်ရှိ ဦးတေဇ၏ ကိုယ်ပိုင် စာမျက်နှာတွင် အမေရိကန် နိုင်ငံသား နှစ်ဦး ဖြစ်သော Mr.Allan Lokos နဲ့ Mrs. Susanna Weiss တို့မှ အမေရိကန် နိုင်ငံ၏ Super Powerကို အသုံးချကာ မိမိအား ဘက်ပေါင်းစုံမှ ဖိအားပေး ငွေကြေး တောင်းခံခဲ့သည့် အပြင် မိမိနှင့် မိမိ တည်ထောင် ပေးထားခဲ့သော Air Bagan Co., Ltd. အပါအ၀င် အခြား သက်ဆိုင်ခြင်း မရှိသော ကုမ္ပဏီများကို အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မမှန်ကန်သော စွပ်စွဲချက်များဖြင့် တရားစွဲဆို ခဲ့ပါသည်။ မိမိ ကုမ္ပဏီ တည်ထောင်ခဲ့သည့် သက်တမ်း တလျှောက် အတွက်လည်း ပထမဆုံး တရား စွဲဆိုခံရမှု ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ တရားရုံး ၃ ခုမှာ တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် မသက်ဆိုင်သော ကုမ္ပဏီများကိုပါ ထည့်သွင်း တရားစွဲဆို ခဲ့ပါတယ်။ ထိုသို့ တရားစွဲဆို လာခြင်းကို မိမိ အနေဖြင့် ရှောင်ပုန်းနေမည် မဟုတ်ပဲ အမှန်တရား အတွက် မြန်မာနိုင်ငံသား တစ်ဦး ပီသစွာ ရင်ဆိုင် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်”ဟု ရေးသားထားပြီး ကုမ္ပဏီ တည်ထောင်သည့် ၂၅ နှစ် အတွင်း တရားရုံးသို့ သွားရောက် ရင်ဆိုင်ရခြင်းမျိုး မရှိခဲ့ဟု ဆိုသည်။

မျက်လုံးတော်ဖွင့်တန်ခိုးပြခဲ့သည့် တောင်ကုန်းလောကမာရဇိန်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၅ဝဝကျော် လာရောက်ဖူးမြော်


Monday, March 31, 2014
အလောင်းစည်သူမင်းကြီး မုံ ရွာမြို့အနီးတည်ထားကိုးကွယ်သည့် လောကမာ ရဇိန်စေတီတော်အတွင်း ဗုဒ္ဓဆင်းတုတော်၏ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်တော်မူသည့် ဖြစ် ရပ်တော်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုံရွာမြို့ ဒေါနခြံရပ်ကွက် ရေစင်ကြီး လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ တောင် ကုန်းလောကမာရဇိန်စေတီအတွင်းရှိ ဗုဒ္ဓဆင်းတု တော်သည် မတ်၂၃ ရက် သန်းခေါင်ယံအချိန်၌ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်ပြီး တန်ခိုးပြသ ခဲ့ပြီးနောက်ပိုင်း နေ့စဉ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်ပေါင်း ၅ဝဝကျော်ခန့် လာရောက် ဖူးမြော်ကြသဖြင့် စည်ကားလျက်ရှိကြောင်း ဂေါ ပကအဖွဲ့ အတွင်းရေးမှူးက ပြောသည်။
”အခြားမြို့ကြီးတွေက ဘုရားဖူးတွေ ရော ကားတွေနဲ့ လာဖူးကြတာကိုတွေ့ရတယ်။ နေ့စဉ် ၅ဝဝနီးပါးရှိတယ်ဆိုတာ ဒီမှာလှူသွား ကြတဲ့ အလှူငွေဖြတ်ပိုင်းကိုကြည့်ပြီး ပြောတာ။ စပြီးပွင့်တဲ့နေ့ကဆို အတွင်းမှာလူပြည့်လို့ နောက် ပိုင်းသံဆန်ခါပိတ်လိုက်ပြီး အပြင်ကပဲဖူးမြော် စေခဲ့ရတယ်။ သုံးရက်အတွင်း လာရောက်ဖူးမြော် သူတွေရဲ့ လှူဒါန်းငွေ၁၅သိန်းကျော်ရှိပါပြီ”ဟု ¤င်းက ဆက်လက်ပြောသည်။
အဆိုပါဆင်းတုတော်အား တပို့တွဲ လပြည့်နေ့တွင် ရွှေသင်္ကန်းပူဇော်ကာ ရောင်တော် ဖွင့်ပြီးနောက်ပိုင်း ယခုကဲ့သို့ မျက်လုံးတော်ဖွင့် တန်ခိုးပြသခဲ့ခြင်းကို ကြုံတွေ့ရကြောင်း ဂေါပက အဖွဲ့မှ ပြောသည်။
”၂၃ရက် မွန်းလွဲ၂နာရီလောက်ကတည်း က ဒီဘုရားကိုလာတဲ့ကလေးတွေကစပြီး ဝဲ ဘက်မျက်လုံးတော်ပွင့်လာတာကို သူတို့မိဘတွေ ပြန်ပြောပြရင်း ဒီဖြစ်ရပ်ကို သိသွားတာ။ လွန်ခဲ့ တဲ့နှစ်ပေါင်း၃ဝကျော်ကလဲ မျက်တောင်လှုပ်ခတ် ပြီး ရောင်ခြည်တော်ကွန့်မြူးခဲ့သေးတယ်။ ဝဲ ဘက်မျက်လုံးကစပွင့်ပြီး ညပိုင်းကျတော့ နှစ် ဖက်စလုံးပွင့်လာတာ။ မျက်ဆန်တွေကအစ အား လုံး ထင်ထင်ရှားရှားဖူးတွေ့ရတော့ အကုန်အံ့သြ သွားကြတယ်”ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါစေတီတော်ကို မူလတည်ထားသူ မှာ ကောဇာသက္ကရာဇ် ၄၇၉ခုနှစ်၊ ပုဂံနန်းစံ ၄၅ ဆက်မြောက်မင်းဖြစ်သော အလောင်းစည်သူမင်း ကြီး ဗဒုံ(ခေါ်) အလုံမြို့သို့ ဖောင်စကြာဖြင့်ဆိုက် ရောက်စဉ် ဗဒုံမြို့တောင်ဘက် မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်မှတစ်ဆင့် အရှည်နှစ်မိုင်ခန့် ရှိ သော လှေကူးအင်းအတွင်း လှည့်လည်ရှုစား စဉ် တောင်ဘက်ကုန်းကမူအရပ်၌ ဆိုက်ကပ်ပြီး အထိမ်းအမှတ်အဖြစ် သဲပုံစေတီတစ်ဆူတည် ထား၍ တောင်ကုန်းလောက မာရဇိန်ဘုရားဟုဘွဲ့ သမုတ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရသိရသည်။
အဆိုပါဘုရားသမိုင်းကို ပြုစုသူ အသက် ၈၃နှစ်အရွယ် မုံရွာမြို့ခံစာရေးဆရာကြီး သုဓမ္မ မဏိဇောတဓရ ဦးစန်းမောင်(မုံရွာစန်းမောင်)က ”ဟိုတုန်းက ဗဒုံ(အလုံ)နဲ့ မုံရွာမြို့ကြားမှာ လှေ ကူးအင်းကြီးခြားတယ်။ အခုမြေတွေဖို့လိုက်တော့ လှေကူးအင်းရဲ့ လက်ကျန်က ကန်သာယာကန်ပဲ ကျန်တော့တာ။ အဲဒီနောက် ကုန်းဘောင်ခေတ် မှာ ဗဒုံမြို့စားဖြစ်ခဲ့တဲ့ ဘိုးတော်ဦးဝိုင်းက လှေ ကူးအင်းကိုလာတော့ လှေကူးအင်းအလယ် တည့် တည့်မှာရှိတဲ့ ဘေးလောင်းတော် ဖောင်စကြာ ရှင်တည်ခဲ့တဲ့ သဲပုံစေတီရှိကြောင်း အမတ်ကြီး စိန္တကျော်သူဦးသြက တင်လျှောက်လို့ အဲဒီနေ ရာမှာ ကိုးတောင်ပြည့်အုတ်စေတီ ထပ်မံတည် ထားတာ။ နောက်ပြီး အင်းထဲက သားငါးမျိုးစုံ ငှက်မျိုးစုံကိုလဲ ဘေးမဲ့ပြုတော် မူပေးခဲ့တယ်။ နောက် ချုံနွယ်တွေထူထပ်လာပြီး သားကောင် မျိုးစုံ ခိုအောင်းလာတယ်။ အင်းကလဲ ကောလာ တယ်ပေါ့။ နောက်တော့ လယ်တီဆရာတော် ဘုရားကြီးရောက်လာပြီး လောကမာရဇိန်ဘုရား ကို ကျောပေးလျက် အင်းကိုမျက်နှာမူပြီး နေ့စဉ် တရားအားထုတ်ခဲ့တယ်။ နေဝင်ချိန်တိုင်း ဆရာ တော်ကြီး ပျောက်ပျောက်သွားလို့ တပည့်တွေက လိုက်ရှာရင် ဆရာတော်ကြီး မလှမ်းမကမ်းမှာ ကျားသစ်ကြီးနှစ်ကောင် ဝပ်ပြီး ဖူးမြော်နေတာ တွေ့ရတယ်။ ဒါကြောင့် ဆရာတော်ကြီး နှစ်ပေါင်း များစွာ တရားအားထုတ်ခဲ့တဲ့ နေရာဖြစ်တဲ့ အထိမ်း အမှတ်အနေနဲ့ ဆရာတော်နဲ့ ကုလားလူမျိုး၊ မြန် မာလူမျိုးတွေ စုပေါင်းပြီး Óဏ်တော်ပေ ၃ဝ ထပ်မြှင့်တည်ခဲ့တာ၊ ဘွဲ့တော်ကို မူလဘွဲ့တော်ပဲ မှည့်ခေါ်ခဲ့တာပါ”ဟု ပြောသည်။
ယခင် လောကမာရဇိန်ဘုရား တည်ရှိရာ နေရာတွင် ကိုလိုနီခေတ်အတွင်း ဗုဒ္ဓဘာသာ ကိုးကွယ်သော ဟိန္ဒူလူမျိုးများ၊ မြန်မာလူမျိုး များသည် ဒေါနပန်းပင်များစိုက်ပျိုးပြီး အသက် မွေးဝမ်းကျောင်းပြုခဲ့ရာ နေရာဖြစ်သောကြောင့် ဒေါနခြံရပ်ကွက်ဟု ခေါ်တွင်စေခဲ့ကြောင်း သိရ သည်။
Yangon Media Group

Sunday, March 30, 2014

နှိပ်စက်ခံရမှုကြောင့် အသက် ၁၄ နှစ်အရွယ် အိမ်ဖော်မိန်းကလေး ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူ

31 March 2014

ပုသိမ်၊ မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ ဒေါ်သီရိကိုကိုနိုင်၏ နေအိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသော မထက်ထက် အသက် (၁၄) နှစ်သည် အိမ်ရှင်၏ အနိုင်ကျင့် ညှဉ်းပန်းနှိပ် စက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ပုသိမ်မြို့ အထွေထွေရောဂါကု ဆေး ရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ခရစ်ယာန်သာသနာ အမျိုးသမီးရေးရာ အဖွဲ့က မတ်လ ၂၉ ရက်နေ့တွင် ပုသိမ်မြို့ ကိုးသိန်း အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ပုသိမ်မြို့တွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်၍လည်းကောင်း၊ ကာယကံရှင် မိဘများကသာ တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ လည်းကောင်း အမှုဖွင့်ပေးခဲ့ခြင်း မရှိဟု ၎င်းကဆိုသည်။

“ဒီလို အမှုမျိုးက ရဲလက်စွဲအရ တိုင်ချက်ဖွင့်ပေးရမယ်။ နောက်မှ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ချက် ပို့ပေးရမှာ” ဟု ရဲဝန်ထမ်းဟောင်း တစ်ဦးက မှတ်ချက်ပြုသည်။

တစ်လလျှင် လစာ နှစ်သောင်းခွဲ ရရှိပြီး အလုပ်စဝင်သည့် နေ့ရက်ကို မမှတ်မိသော်လည်း သုံးလခန့် ရှိပြီဟု ထင်ကြောင်း၊ အိမ်ရှင်၏ခွေး လည်ကြိုးပတ်ပြီး သေသည်ကို တွေ့၍ ခေါ်ပြရာ အိမ်ရှင်၏ အမျိုးသားဖြစ်သူက ညာဘက်မျက်နှာကို လက်သီးဖြင့် နှစ်ချက်၊ ဘယ်ဘက်ကို တစ်ချက် ထိုးခဲ့သည်ဟု မထက်ထက် က ပြောကြား သည်။

“ပထမနေ့က ဝက်သားဟင်းအိုး တူးလို့ဆိုပြီး အဲဒီဟင်းအိုး အပူထဲကို လက်နှစ်ဖက်လုံး စိမ်တယ်။ ကတ်ကြေးနဲ့လည်း ထိုးတယ်။ အိမ်ရှင်အမျိုးသမီးက ခြေထောက်တွေကို ရိုက်ပြီး ပလာယာနဲ့ ညှပ်ပြီး ကြိုယူထားတဲ့ နှစ်လစာ ပြန်မဆပ်တော့နဲ့လို့ ပြောပြီး ပြန်ခိုင်းတယ်။ ပုသိမ် မပြန်ခင် အခန်းတစ်ခုထဲမှာ ပိတ်ထားပြီး ရေတစ်ပုလင်းနဲ့ ထမင်းသက်သက်ပဲ ကျွေးတယ်” ဟု မထက်ထက်က ပြောဆိုသည်။

“ကျွန်တော့်သမီးက ဒီကလေးကို လာခေါ်ဖို့ ပြောပြောချင်း ရုံးအလုပ်တွေနဲ့ ချက်ချင်း မသွားနိုင်ခဲ့ဘူး။ သမီးအိမ်မှာ ခုလို ဖြစ်သွားတာကိုလည်း မသိလိုက်ဘူး။ ကိုယ်ချင်းစာမိပါတယ်။ ဒါ့ကြောင့် ကလေးကိုခေါ်ပြီး ပုသိမ်ဆေးရုံကြီးမှာ ဆေးကုပေးတယ်။ ကလေးကျန်းမာရေး ကောင်းတဲ့အထိ တာဝန်ယူ ကုပေးပါ့မယ်” ဟု အိမ်ရှင် ဒေါ်သီရိကိုကိုနိုင်၏ ဖခင်ဖြစ်သူ တိုင်းဒေသကြီး ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိင်ကို ပုသိမ်မြို့နယ် အမှတ် (၂) ရဲစခန်းက ခေါ်ယူစစ်မေးစဉ် ထွက်ဆိုခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥပဒေ၏ တရားမျှတမှုကို နစ်နာသူမှ ခံစားနိုင်ရေးအတွက် ပုသိမ်မြို့ရှိ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကွန်ရက်၊ လူမှုကွန်ရက်များ၊ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်များက လိုက်ပါ ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ယင်းအမှုကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ရမည် ဖြစ်ရာ နစ်နာသူ ကာယကံရှင်၏ မိဘများက တိုင်ကြား အမှုဖွင့်ရမည် ဖြစ်၍ မှတ်တမ်းသာ ယူထားသည်ဟု ပုသိမ်မြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

The Voice Weekly

မြန်အောင်တွင်ရောင်းသည့် ငါးပိများ၌ အန္တရာယ်ရှိ ဆိုးဆေးများပါနေဟု ဧရာဝတီတိုင်း FDA ပြော

31 March 2014

ဧရာဝတီတိုင်း    မြန် အောင်မြို့နယ်အတွင်း ဖြန့်ချိ ရောင်းချနေသော ငါးပိများတွင် ကျန်းမာရေးအတွက်အန္တရာယ် ဖြစ်စေသောဆိုးဆေး Rohdamine -B ပါဝင်နေသည်ဟု  ဧရာဝတီ တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှသတင်းရရှိသည်။

လုပ်ငန်းရှင်ငါးဦးတင်သွင်း ဖြန့်ချိသော ငါးပိအမျိုးအစား ၁၇ ခုကိုစစ်ဆေးရာ Rohdamine-B ဆိုးဆေးအသုံးပြုထားသော အမျိုးအစား ၁၆ ခု  စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်း FDA မှ   ဒေါက်တာပြည့်ဖြိုးက  ပြော သည်။

‘‘မြန်အောင်ငါးပိက ဒေသ ထွက်အရင်းအမြစ်မဟုတ်ပါဘူး။ အကြမ်းဖျင်းပြောရရင် ပုသိမ်နဲ့ သင်္ဃန်းကုန်းဘက်ကလာတာ များတယ်။ မူလလုပ်တဲ့နေရာမှာပဲ ဆိုးဆေးသုံးသလား၊ ဒါမှမဟုတ် ကုန်သည်လက်ထဲရောက်မှဆိုး သလားဆိုတာပြောလို့မရပါဘူး။ အစားအသောက်တွေမှာ အခုလို တွေ့တဲ့ဆိုးဆေးကို ခွင့်မပြုထား ပါဘူး။ ကင်ဆာဖြစ်စေတဲ့အဆိပ် အတောက်ရှိလို့ပါ’’ဟု ဒေါက်တာ ပြည့်ဖြိုးကပြောသည်။

Rohdamine-B ဆိုးဆေး သည်ကင်ဆာဖြစ်စေသောဓာတ် ရှိသဖြင့်   ကုန်ပစ္စည်းများတွင် အသုံးပြုပါက အဆိုပါဆိုးဆေး အသုံးပြုထားကြောင်းသတိပေး စာပါရှိရမည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သတိပေးမှုပြု လုပ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ် ကွဲရေးဦးစီးဌာန (FDA) ကို ယခုနှစ်ဖေဖော်ဝါရီအတွင်း ဖွဲ့ စည်းပုံအရ ဝန်ထမ်းအင်အား ၁၅ ဦးဖြင့် ပုသိမ်မြို့၌ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Author: ရဲနောင်

7DAY DAILY

တပ်မတော်မှ နံပတ်(၃) အဆင့် ဗိုလ်ချုပ်ကြီးတစ်ဦး မောင်တောကိုရောက်စဉ် တိုင်းရင်းသားတစ်ဦး သတ်ဖြတ်ခံရ

31 March 2014


မြန်မာတပ်မတော်မှ နံပတ် (၃) အဆင့်ရှိ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအပါအ၀င် နိုင်ငံတော် အစိုးရ ခေါင်းဆောင်များ မောင်တောမြို့သို့ ရောက်ရှိစဉ် နာရီပိုင်း အနည်းငယ် အတွင်း သက်လူမျိုး တိုင်းရင်းသား တစ်ဦးသတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာနေ သက်လူမျိုး ဦးထွန်းအောင်စိန်(၄၉) နှစ် (ဘ) ဦးထွန်းဇံ ဖြစ်ကြောင်း  မောင်တောမြို့ လေးမိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုးမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ သတ်ဖြတ်သွားတာက ဘင်္ဂလီတွေပါ။ လည်လှီးပြီး သတ်သွားပါတယ်။ သူက သူ့ရဲ့ တောင်ယာစိုက်ခင်းမှာ နွားကျောင်း၊ ရေလောင်း၊ ပေါင်းမြက်တွေကို နုတ်နေစဉ်မှာ ၀င်ရောက် သတ်ဖြတ်သွားတာပါ” ဟု ဆိုသည်။

အခင်း ဖြစ်ပွားရာ နေရာမှာ မကျည်းကုန်းကျေးရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့် အကွာတွင် ဖြစ်ကြောင်း၊ သုံးမိုင် လုံထိန်းရဲတပ်ရင်းနှင့် ချောင်းတစ်ဖက်ခြားသော နေရာတွင် ဖြစ်ကြောင်း၊ မတ်လ ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သူက ဆက်ပြောသည်။

“ အဲဒီနေ့က နိုင်ငံတော်က အကြီးအကဲတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ တို့ မောင်တောမြို့ကို ရောက်ရှိနေပြီး ခရိုင်ရုံးမှာ အစည်းအဝေး လုပ်နေကြပါတယ်။ အဲဒီနေ့မှာ သတ်သွားတာ ဖြစ်ပါတယ်” ဟု အမည်မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးကပြောသည်။

သတ်ဖြတ်သွားသူများမှာ ယခုအချိန်ထိ လွှတ်မြောက်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာများကို ပိတ်ဆို့ရှာဖွေနေသည်ဟု ဦးလှမိုးက ဆက်ပြောသည်။

“ တရားခံတွေကို မမိသေးပါဘူးခင်ဗျား။ ရဲတပ်ရင်း (၂) နဲ့ အမှတ် (၅၆၁) တပ်ရင်းက အခု သူတို့ကို ရှာဖွေနေပါတယ်။ လောလောဆယ်တော့ ဖမ်းမိတဲ့ အသံ မကြားရသေးပါဘူး” ဟု သူက ဆက်ဆိုသည်။

ဦးထွန်းအောင်စိန်သည် ခါတိုင်းသွားနေကျ အတိုင်း ၎င်းနေ့နံနက်က သူ့၏ တောင်ယာစိုက်ခင်းသို့ ထွက်သွားခဲ့ကြောင်း၊ သို့သော်လည်း နေ့လယ် ထမင်းစားချိန်ထိ ပြန်မရောက်လာသဖြင့် သမီးဖြစ်သူ နှစ်ဦးမှ လိုက်လံရှာဖွေရန် သွားစဉ် ယာခင်းထဲတွင် သတ်ဖြတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

သူ့၏ အလောင်းအနီးမှ ပလတ်စတစ် အပြာရောင်ဖြင့် ရစ်ပတ် ချည်နှောင်ထားသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ ငွေစက္ကူ တစ်ရာတန် တစ်ရွက်၊ နှစ်ဆယ်တန် တစ်ရွက်၊ သွေးစွန်းနေသော စိမ်းပြာရောင် ယောင်္ကျားဝတ် လက်ရှည် အင်္ကျီတစ်ထည်၊ ယင်းအကျီ်အိတ်ထဲမှ ဗလီတက်စဉ် အသုံးပြုသည့် ဦးထုပ် အဖြူရောင် တစ်လုံး၊ လူသေအလောင်း ၉ ပေခန့်အကွာတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံထုတ်စီကရက် အပိုင်းတစ်ခုကို တွေ့ရသည်ဟု သိရသည်။

မောင်တောမြို့မှ ရဲစခန်းမှ ရဲအုပ်ကံလှက ၎င်းရဲစခန်းတွင်ပင် သေမူသေခင်း အမှတ်  (ပ) ၅၆/ ၂၀၁၄  ဖြင့် ယခုအခါ အမူဖွင့်ထားသည်ဟု သတင်း ရရှိသည်။

(နိရဉ္စရာ- ၃၁ မတ်လ ၂၀၁၄)
အသတ်ခံရသူအား မှတ်တမ်းတင်ထားစဉ်။ (ဓါတ်ပုံ- Share Arakan News)

NLD နာယက ဦးဝင်းတင် ကျန်းမာရေး အခြေအနေ စိတ်မချရသေး


Written by  တင်ဇာအောင်
နိုင်ငံခြားသွားရောက်ကုသလိုပါက ကူညီပေးမည်ဟု သမ္မတရုံး ၀န်ကြီးများ ပြောဆိုထားဟုဆို
ရန်ကုန်၊ မဇ္ဈိမ။         ။ NLD နာယက ၊ သတင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိသော်လည်း စိတ်ချရသည့် တိုးတက်မှု မရှိသေးကြောင်း ၎င်းအနားတွင် အနီးကပ် ရှိနေသူ NLD ပါတီဝင် တစ်ဦးဖြစ်သည့် ဦးဇော်မျိုးအောင်က မဇ္ဈိမကို မတ် ၃၀ ညနေ ငါးနာရီခန့် အချိန်တွင် အတည်ပြု ပြောကြားသည်။

ဦးဝင်းတင်သည် မတ် ၂၉ ရက်တွင် ၀ိတိုရိယ ဆေးရုံတွင် ဆေးကုသမှု ခံနေရာမှ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် သို့ ပြောင်းရွှေ့ ဆေးကုသခံခဲ့ပြီး ပြောင်းရွှေ့သည့် အချိန်ကထက် အခြေအနေ ကောင်းမွန်လာသော်လည်း စိတ်ချရသည့် တိုးတက်မှုမျိုး မရှိသေးဟု ဦးဇော်မျိုးအောင်က ဆိုခြင်းဖြစ်သည်။
“စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ နေ့တိုင်းပဲ စောင့်ကြည့်နေကြပါတယ်။ အထူးကုဆရာဝန်ကြီးတွေလည်း နေ့တိုင်း မီတင် ထိုင်ပါတယ်။ ကျန်းမာရေး တိုးတက်မှုတော့ ရှိပါတယ်။ စိတ်ချရလောက်တဲ့ တိုးတက်မှုတော့ မရှိသေးပါဘူး“ ဟု ဦးဇော်မျိုးအောင်က ဆိုသည်။
ဦးဝင်းတင်ကို နိုင်ငံခြားတွင် သွားရောက် ဆေးကုသလိုပါက ကူညီပေးမည်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က နှုတ်အားဖြင့် ကတိပေးထားသည်ဟု ဦးဝင်းတင်ကို စောင့်ရှောက်နေသူ တစ်ဦးလည်းဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။
ယင်းသို့ နှုတ်အားဖြင့် ကတိပေးခြင်းမှာ မတ် ၂၉ ရက်က ဖြစ်ပြီး လက်ရှိအချိန်တွင်မူ နိုင်ငံခြားသို့ သွားရောက်ရန် မစီစဉ်ရသေးဘဲ
စောင့်ကြည့်နေဆဲသာဖြစ်သည်ဟုလည်း ဦးထွန်းကြည်က ဆိုသည်။
“ဗိုက်ထဲမှာ လေတွေ တော့ ရှိနေတယ်။ အခုအခြေအနေက အိပ်ဆေးပေးပြီး ဘဘကို သက်တောင့်သက်သာ နေနိုင်အောင် ထားထားတယ်။ သုံးရက် စောင့်ကြည့်ရမယ်။ အစွမ်းကုန်ကြိုးပမ်းနေပါတယ်“ ဟု ဦးထွန်းကြည်က မဇ္ဈိမကို ပြောသည်။
ဦးဝင်းတင်သည် အဆုတ်နှင့် သက်ဆိုင်သော ရောဂါ ဖြစ်နေပြီးဗိုက်ထဲတွင် လေများ ရှိနေသည်ဟုလည်း ဦးထွန်းကြည်က ဆိုသည်။
ဦးဝင်းတင်သည် အသက် ၈၄ နှစ်ရှိပြီဖြစ်ကာ နှစ်ရှည်လများ အကျဉ်းကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း
ဖြစ်သည်။
၁၉၉၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး NLD ပါတီကို တည်ထောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ထောင်တွင်းတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။
ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မိုကာနိုကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် NLDက ထုတ်ဝေသော ဒီလှိုင်းစာစောင်တွင် အကြံပေးအဖြစ် ဆောင်ရွက်နေ သည်။
Mizzima

ရိုဟင်ဂျာဟုဖြေသော ဘင်္ဂါလီများကို သန်းခေါင်စာရင်းမကောက်

ဒုသမ္မတ ရခိုင်လိုက်သွားပြီး ရိုဟင်ဂျာအသုံးအနှုန်း လက်မခံကြောင်း ထုတ်ပြန်မှ ရခိုင်တိုင်းရင်းသားများ သပိတ်လှန်၍ သန်းခေါင်စာရင်းကောက်ယူနိုင်

စစ်တွေမြို့အနီး မွတ်စလင်လူမျိုးအများစုနေထိုင်ရာ ကျေးရွာတစ်ရွာတွင် သန်းခေါင်စာရင်းကောက်ယူမည့် သန်းခေါင်စာရင်း စာရင်းစစ်နှင့် စာရင်းကောက်များအား လုံခြုံရေးအပြည့်ဖြင့် မတ်လ ၃၀ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
အစိုးရက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသောအသုံးအနှုန်းကို လက်မခံနိုင်ကြောင်း တရားဝင် စာထုတ်ပြန်လိုက်သောကြောင့် ရခိုင်ပြည်သူများက သပိတ်လှန်လိုက်၍ သန်းခေါင်စာရင်းကောက်ယူနိုင်သော်လည်း ဘင်္ဂါလီအများစုက ရိုဟင်ဂျာဟုသာ ဖြေဆို၍ မကောက်ယူခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယသမ္မတ ဦး ဉာဏ်ထွန်းသည် မတ်လ ၃၀ ရက်တွင်  စစ်တွေမြို့သို့ ရောက်ရှိလာပြီး ပြည်ထောင်စုအစိုးရ ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ်၌ အဖျက်အမှောင့်လုပ်လိုသူ အုပ်စုအချို့ သည် နိုင်ငံတော်အစိုးရ လက်မခံသည့် လူမျိုးအမည်ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို သုံးစွဲရန် လုပ်ဆောင်နေပြီး တရားမ၀င်လူမျိုးဖြစ်သည့်အတွက် လက်မခံပါကြောင်း ပြည်သူလူထုသို့ အသိပေးတင်ပြချက် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု မထည့်သွင်းဟု အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်မရ၍ သပိတ်မှောက်ထားသော ရခိုင်ပြည်နယ်တွင် မတ်လ ၃၀ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှသာ သပိတ်လှန်သောကြောင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသားများ နေအိမ်များတွင် သန်းခေါင်စာရင်း စတင်ကောက်ခံနိုင်ခဲ့သည်။
‘‘ခိုင်မာတဲ့ တရားဝင်တဲ့ အကြောင်းပြန်ချက်လို့ ယူဆတဲ့အတွက် သပိတ်ပြန်လှန်လိုက်တာ ဖြစ်တယ်’’ဟု စစ်တွေမြို့မိမြို့ဖအ ဖွဲ့ဝင် ဦးသန်းထွန်းကဆိုသည်။
စစ်တွေမြို့ အနောက်စံပြ၊ ဘာဆာရာ ကျေးရွာတွင် သန်းခေါင်စာရင်းကို လုံခြုံရေးတင်းကျပ်စွာဖြင့် စတင်ကောက်ယူခဲ့ပြီး ဘင်္ဂါလီလူမျိုးအများစုမှာ လူမျိုးအမည် ဖြည့်စွက်ရန် ငြင်းဆန်ခြင်း၊ ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့ကြခြင်းများ ကြုံတွေ့ခဲ့သည်။
‘‘ရိုဟင်ဂျာလို့  အော်နေသရွေ့ကတော့ ကျွန်တော်တို့က ကောက်ယူမှာမဟုတ်ပါဘူး’’ ဟု ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောကြားသည်။
ဘာဆာရာဘင်္ဂါလီကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ လုံခြုံရေးတာဝန်ယူခဲ့သော ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိငယ်တစ်ဦးကလည်း ယင်းကျေးရွာတွင် အများစုမှာ ရိုဟင်ဂျာဟုသာ ပြောဆိုနေခဲ့ကြခြင်းကြောင့် မကောက်ယူခဲ့ရမှုများရှိကြောင်း ပြောသည်။
စစ်တွေမြို့ သဲချောင်း၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးများ မကျေမနပ်ဖြစ်၍ အော်ဟစ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာက အတည်ပြုချက်မပေးပေ။
‘‘ကျွန်တော်တို့ဘက်မှာ ဒီနေ့ ဘာမှမဖြစ်ပါဘူး။ ဒီနေ့က ဘာဆာရာဘက်မှာ ကောက်တာ။ ဒါပေမဲ့ ဘင်္ဂါလီတွေကတော့ လှုပ်လှုပ်လှုပ်လှုပ် ဖြစ်နေတယ်’’ဟု သဲချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းဆွေက ပြောသည်။
 ဘင်္ဂါလီလူဦးရေ အများစုဖြစ်သော မောင်တာဒေသ၌လည်း သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး ပုံမှန်အတိုင်း ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလွင်က ပြောကြားသည်။
ထို့အပြင် မောင်တောနယ်စပ် သန်းခေါင်စာရင်းကောက်သော ကာလတွင် လုံခြုံရေးကို တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။
‘‘ဘင်္ဂါလီနေအိမ်တွေကိုတော့ မကောက်ဖြစ်သေးပါဘူး။ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေဖြစ်တဲ့ ဗဟိုကျောင်း၊ အလိုတော်ပြည့် ပရဟိတကျောင်းနဲ့ အလိုတော်ပြည့်ကျောင်းတွေကို သွားကောက်ခဲ့ပါတယ်။ ပြီးတော့ မြို့သစ်၊ မြို့ဦးရွာနဲ့ ဝိမလရပ်ကွက်မှာ ကောက်ဖြစ်ခဲ့ပါတယ်’’ ဟု သန်းခေါင်စာရင်းကောက်ယူသည့် ကျောင်းဆရာမတစ်ဦးကပြောသည်။
စစ်တွေမြို့ပေါ်၌ လမ်းဆုံလမ်းခွများ၊ ဘင်္ဂလားဒေ့ရှ်သံရုံး ရုံးခွဲ၊ ဘင်္ဂါလီကျေးရွာများ၌ လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး တပ်မတော်၊ ရဲတပ်ရင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့များ နေရာယူထားသည်ကို တွေ့ရသည်။
ရခိုင်ပြည်သူများက သပိတ်လှန်ပြီးနောက် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်လေးခုခန့်တွင် မတ်လ ၃၀ ရက် နေ့လယ်မှ စတင်၍သန်း ခေါင်စာရင်း ကောက်ယူခဲ့သည်ကိုလည်း မြင်တွေ့ရသည်။
 ‘‘အေးအေးဆေးဆေးပဲ ကျောင်းတက်လမ်းဘက်မှာ စတင်ကောက်နေတယ်ကြားတယ်’’ဟု စစ်တွေဒေသခံ ကိုထွန်းမြက ပြောကြားသည်။
7 Day Daily

Windows 8 လျို့ဝှက်ချက်များ ရောင်းချသည့် Microsoft ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

Microsoft ကုမ္ပဏီ၏ဝန်ထမ်းဟောင်းသည် Windows 8 အပါအဝင် Microsoft အရောင်းအဝယ် လျို့ဝှက်ချက်များကို လက်ပြောင်းလက်လွှဲ လုပ်ခဲ့သောကြောင့် တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။
windows-8-logo-3 Microsoft တွင်အကြီးတန်း architech ဟောင်းဖြစ်သူ Alex Kibkalo သည် 5 nine ဆော့ဖ်ဝဲကုမ္ပဏီတွင် ထုတ်ကုန်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေပြီး Microsoft တွင်လုပ်ကိုင်စဉ် Windows နှင့်ဆက်နွှယ်သည့် အရောင်းအဝယ် လျှို့ဝှက်ချက်များခိုးယူမှုကြောင့် ဖမ်းဆီးခံထားရသည်။ ဝါရှင်တန်အနောက်ဘက်ရှိ အမေရိကန်နယ်မြေ တရားရုံးတွင် မတ်လ ၁၇ ရက်နေ့ကတင်ပြခဲ့သော တိုင်ကြားချက်အရ ရုရှားနိုင်ငံသားနှင့် Microsoft ဝန်ထမ်းဟောင်း Kibkalo သည်လက်ဘနွန်တွင်နေထိုင်ပြီး ပြင်သစ်နိုင်ငံရှိ အမည်မဖော်ပြသည့် နည်းပညာဘလော့ဂါထံသို့ Windows 8 အပါအဝင် အရောင်းအဝယ် လျှို့ဝှက်ချက်များကိုပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Microsoft ၏ကိုယ်ပိုင်စုံစမ်း စစ်ဆေးမှုအရ Kibkalo သည် ARM ထုတ်ကုန်များနှင့် Windows 8 RT အတွက်ကြိုတင် ထွက်ရှိထားသော ဆော့ဖ်ဝဲ update များအပါအဝင် ကုမ္ပဏီမှရောင်းချသော ဆော့ဖ်ဝဲများကို upload ပြုလုပ်ခဲ့သည်။ ထို့အပြင် Microsoft Activation Server Software Development Kit (SDK) ကိုဝါရှင်တန်မြို့ Redmond ရှိကွန်ပျူတာနှင့် ၎င်း၏ကိုယ်ပိုင် Windows Live Sky Drive account တွင်တွေ့ရှိကြောင်း သိရသည်။
-စိုးထက်
Ref: CNET
InternetJournal
via Myanmar Latest News

ဆရာကြီး ဦးဝင်းတင် ဆေးရုံတက် ကုသမှုခံယူနေ


နောက်ဆုံး ရေးသားချိန် 30 မတ်လ 2014 - 15:13 GMT

    ဦးဝင်းတင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ နာယက ဆရာကြီး ဦးဝင်းတင် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ခါးနာ ဝေဒနာ ကြောင့် Victoria ဆေးရုံတက် ဆေးစစ်ရာက အသက်ရှူ ရပ်သလို ဖြစ်တဲ့ အတွက် ပိုက်ထည့် အသက်ရှူရပါတယ်။ မတ်လ ၂၉ ရက်နေ့ မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ပြောင်းရွှေ့ကုသမှု ခံယူနေပါပြီ။

ရန်ကုန်ဆေးရုံကြီး ရောက်တဲ့အခါမှာ ဆရာ ဦးဝင်းတင် ရဲ့ ရောဂါ ကို သမားတော်ကြီးများ အပါအဝင် ဆရာဝန် ၁ဝ ဦး ကော်မတီ ဖွဲ့ပြီး ရှာဖွေ၊ ဆေးစစ်နေကြပါပြီ။ လိုအပ်တဲ့ ဆေးကုထုံး၊ ဆေးဝါး စတာတွေ ကိုလည်း ဆရာဝန်တွေ ဆွေးနွေးတိုင်ပင် ပြီးမှ အများကို အသိပေး မှာပါ။

ဆရာ ဦးဝင်းတင် ဆေးရုံတက်တဲ့ သတင်း ထွက်လာတာနဲ့ ဆရာ့ တပည့်တပန်းတွေ၊ နိုင်ငံရေး လောက နဲ့ စာပေလောက မှ ပုဂ္ဂိုလ် တွေ ဟာ ဆေးရုံ ထဲ ဝင်ခွင့် ရသူရော၊ ပြင်ပမှာ ဆရာ့ အခြေအနေ သတင်း ကို စောင့်ဆိုင်း နားစွင့်သူ တွေ အပြောအရ ရန်ကုန် ဆေးရုံကြီး ရောက်တဲ့ အခါမှာ သတိ ရှိတဲ့ အကြောင်း၊ သွေးပေါင်ချိန် လည် ကျလာတဲ့ အကြောင်း၊ ဒါပေမဲ့ အသက်ရှူစက် တပ်ထားတဲ့ အတွက် စကားတော့ မပြောနိုင်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

Victoria ဆေးရုံမှာ တက်ရောက် ကုသချိန် မှာ ဆရာ့ ကို တာဝန်ယူ ပြုစု ကုသပေးတဲ့ ဆရာဝန်ကြီး ဒေါက်တာ မြင့်သိန်း ကတော့ ဆရာ ဦးဝင်းတင် ရဲ့ ရောဂါ အခြေအနေ ကို မီဒီယာ ကို ပြောပါတယ်။ အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ဆရာ့ အနေနဲ့ ပြည်ပ ထွက် ဆေးကုသမှု ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့၊ ဆရာဝန်တွေ ဘက်ကတော့ ကုသမှု အကောင်းဆုံးနည်းနဲ့ အသင့်တော်ဆုံး ကုထုံး ကို အစည်းအဝေး ခေါ်၊ တိုင်ပင်ဆွေးနွေးနေ ကြပါတယ်။ အတည်ပြုချက် တစုံတရာ မပေးကြသေးပါဘူး။

လတ်တလော ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရဲ့ အဆောင် ၅၊၆ မှာ ဆေးစစ်မှု၊ ကုသမှု ခံယူနေပါတယ်။
BBC

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အိမ်ပြန်မယ့်အစား ပါရီကိုသွား


နောက်ဆုံး ရေးသားချိန် 30 မတ်လ 2014 - 01:28 GMT


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ အရှေ့အလယ်ပိုင်း ခရီးစဉ် ကနေ အိမ်ပြန်မယ့် အစား ချက်ခြင်း ဆိုသလို ဒီနေ့ တနဂနွေနေ့မှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဗ်ရော့ဗ်နဲ့ တွေ့ဖို့ အတွက် ပါရီမြို့ကို ထွက်ခွာသွား ပါတယ်။

ယူကရိန်း နယ်စပ်မှာ ရုရှားက စစ်ရေး အင်အား တည်ဆောက်မှုတွေကို ရပ်ဖို့ အပါအဝင် ယူကရိန်း ပြဿနာ အဆုံးသတ်ရေး အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် နိုင်ငံခြားရေး ဝန်ကြီးနှစ်ယောက် ဆွေးနွေးကြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရုရှား သမ္မတ ပူတင် ဖက်ကနေ အမေရိကန် သမ္မတ အိုဘားမား ဆီ ဖုန်းဆက်ပြီး သမ္မတ နှစ်ယောက်ရဲ့ ဖုန်းပေါ်က တနာရီကြာ ဆွေးနွေးခဲ့တဲ့နောက်ပိုင်းမှာ အခုလို ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မနေ့ စနေနေ့ အစောပိုင်းတုန်းကတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာဗ်ရော့ဗ် က ယူကရိန်း နယ်စပ်ကို ရုရှားတပ်တွေ စေလွှတ်ဖို့ ရည်ရွက်ချက် လုံးဝ လုံးဝ ကို မရှိပါဘူး ဒါပေမယ့် အဲဒီဒေသက ရုရှား စကားပြောသူတွေကို အကာအကွယ်ပေး ပိုင်ခွင့် သူတို့မှာ ရှိတယ်လို့ ပြောပါတယ်။
BBC

လက်ပန်းတောင်း လယ်တီသိမ် ဖျက်သိမ်းရေးစတင်


လယ်တီသိမ်ဖြိုချပြောင်းရွှေ့မှုကို ဆန့်ကျင်ကွက်ကွက်မှုများ။ 
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆက်ပြီးဆောင်ရွက်နိုင်ဖို့ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ရှေးဟောင်း ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်တဲ့ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ မတ်လ ၃၀ ရက်နေ့မှာ သံဃာအပါး ၃၀ နဲ့ သိမ်နုတ်တာကို စတင်ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ တနေ့တည်းမှာပဲ ရန်ကုန်မြို့မှာ လယ်တီသိမ်ဖျက်တာကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေကထဲက တဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားကပဲ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေကြပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိဘူးလို့ ဒေသခံတွေက ဆိုတာပါ။ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတော့ စီမံကိန်းအတွင်းမှာရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ လယ်တီသိမ်ကို ဖြိုဖျက်ဖို့ သိမ်နုတ်တာကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စမ်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက-က အခုလို မိန့်ပါတယ်။

“ဒီကနေ့မနက် ၅ နာရီကစပြီးတော့ သိမ်ကိုဖြိုဖျက်နိုင်ဖို့ သိမ်နုတ်တယ်ပေါ့ဗျာ။ ရဟန်းသံဃာ ၃၀ နဲ့စတင်နုတ်ပြီပေါ့ဗျာ။ မကြာခင် အတောအတွင်း သိမ်နဲ့ဘုရား ဖြိုဖျက်ခွင့်အတွက် ဦးပိုင်က ကြိုးစားနေပြီဖြစ်ပါတယ်။ အဟောင်းဖြစ်အောင် လုပ်ပစ်လိုက်တော့ သိမ်ပျက်သိမ်ဆွေးပေါ့နော်-အဲဒါမျိုးဖြစ်အောင် သိမ်ကိုနုတ်ပစ်ပါတယ်။ အဲလို သိမ်ပျက်သိမ်ဆွေးဖြစ်သွားပြီး သိမ်ရာ-သိမ်ပျက်သွားပြီပေါ့ဗျာ။ အဲလိုဆိုရင် သိမ်ဖျက်ဖို့ရာ မခဲယဉ်းတော့ပါဘူး။ အဲဒါကြောင့်မို့လို့ သိမ်ကိုအရင်နုတ်လိုက်ခြင်း ဖြစ်ပါတယ်။ ကြိုးဆွဲရာကနိုင်မယ့်ဘုန်းကြီးတွေပေါ့ဗျာ။ ငွေပေးရင်ရနိုင်မယ့် ဘုန်းကြီးတွေကို ခေါ်ပြီး ပင့်ဆောင်ပြီးတော့ ဦးဇင်းတို့ တကယ်ရွှေ့ပြောင်းခံရတဲ့ ဒေသခံ ဒီနားပတ်ဝန်းကျင်က ဘုန်းကြီးရဟန်းတွေ တစ်ပါးမှ မပါပါဘူး။ သိမ်ဆိုတဲ့အရာက ဖြစ်ဖို့ရာ အင်မတန်မှ ခဲယဉ်းပါတယ်။”

လယ်တီသိမ်စတင်ဖြိုဖျက်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အစီရင်ခံစာအတိုင်း လုပ်မလုပ် သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့

မေး။    ။ လက်ပံတောင်းတောင်မှာ သိမ်စနုတ်ပြီလို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလားရှင့်။

ဖြေ။    ။ ဒါကတော့ သာသနာရေးဆိုင်ရာ ကိစ္စဆိုတော့ သီးခြား ဝန်ကြီး ဦးစိုးဝင်းလေ၊ သူတို့ရဲ့စီစဉ်ဆောင်ရွက်မှုဖြစ်ပါတယ်နော်၊

မေး။    ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း လုပ်တာလားရှင့်။

ဖြေ။    ။ သာသနာရေး ဒုတိယဝန်ကြီးကို မေးပါဗျာ။

သာသနာရေးဝန်ကြီးကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လယ်တီသိမ်ကို ဖြိုဖျက်ဖို့ ဆောင်ရွက်ခြင်းဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကိုက်ညီမှုမရှိဘူးလို့ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“အစီရင်ခံစာရဲ့ အဓိကပြောချင်တာကတော့ မူလအခြေအနေနဲ့ အနေအထားမပျက် ပြည်သူလူထုကနေ လက်ခံနားလည်လို့ရှိရင် မူလအခြေအနေမပျက် ပြောင်းရွှေ့ပေးရမယ်လို့တော့ ပြောထားတယ်။ ဒါပေမယ့် အခု သူတို့ပြောင်းရွှေ့မယ့်ပုံစံက အန်တီသိရတာတော့လေ- ဒီဟာကို ဖြိုပြီးတဲ့အခါကျတော့မှ ပြောင်းမယ်လို့ ပြောတယ်။ ကျမတို့ကတော့ အစီရင်ခံစာပေါ်မှာအတိုင်း တွက်ထားတဲ့လူတွေ ဖြစ်တယ်။ ဒါက
အစီရင်ခံစာအတိုင်း ကိုက်ညီမှု မရှိဘူးဆိုတာ သေချာတာပေါ့လေ။”

ညနေ ၃ နာရီကျော်မှာတော့ ကျောင်းသားလူငယ်တွေဟာ ရန်ကုန်တိုင်း၊ ကျောက်တံတားရဲစခန်းရှေ့က ကားလမ်းကို ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြနေတဲ့ ကျောင်းသားတစ်ဦးပြောပြတာက -

“ကျနော်တို့ကို ကျောင်းလမ်းကိုပိတ်ပြီးတော့ လယ်တီသိမ်နဲ့ သာသနိကအဆောက်အဦးတွေကို လူတစုရဲ့ အကျိုးစီးပွားအတွက် ဖျက်ဆီးမယ့် ကိစ္စကိုရပ်တန့်ပေးဖို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဆိုင်းဘုတ်ကိုကိုင်ပြီး ကျနော်တို့ လူငယ် ၅ ယောက်တည်းနဲ့ လမ်းပိတ်ပြီးတော့ ကြွေးကြော်သံ ကြွေးကြော်ပြီးတော့ လာတာ။”

ဆန္ဒပြသူတွေထဲက ကျောင်းသားတစ်ဦးကို ကျောက်တံတားရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ကျောက်တံတားရဲစခန်းကို သတင်းမေးဖို့ရောက်နေတဲ့ လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုက ပြောပါတယ်။

“နာမည်က ကိုအောင်ကိုဦးပါဗျာ။ ၃ သုံးလုံး လှုပ်ရှားမှုလို့ အမည်တပ်ပြီးတော့ ဆူးလေအနီး ကျောက်တံတားရဲစခန်းရှေ့ကနေ မီးရှူးမီးပန်းဖောက်ပြီး ဆန္ဒပြတာပါ။ သူ့ကို အခုနောက်ဆုံး စွဲလိုက်တဲ့ပုဒ်မက ရန်ကုန်ရဲ အက်ဥပဒေပုဒ်မ ၄၂ လို့ ပြောပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်က ဒဏ်ငွေ ၅၀ သို့မဟုတ် ထောင်ဒဏ် ၈ ရက်လို့ ပြောပါတယ်။”

လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကစပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီးနောက် လက်ပန်းတောင်းတောင် လယ်တီသိမ်ကို ဖြိုဖျက်မှာကို ကာကွယ်ခဲ့တဲ့သံဃာတွေဟာ သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ရာက မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခံခဲ့ရတာပါ။ အဲဒီတုန်းက သံဃာ ၅၀ ထက် မနည်းဟာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ဒီနောက် လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မတီ ဖွဲ့ခဲ့ပါတယ်။ အခုအခါမှာ ကော်မတီရဲ့ အစီရင်ခံစာအတိုင်း လိုက်နာမှု မရှိဘူးဆိုပြီး ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

မြန်ပြည်တခွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ကောက်ခံ

ရန်ကုန်မြို့ မွတ်ဆလင်မိသားစုတစ်စုအိမ်မှာ သန်းခေါင်စာရင်းကောက်ခံစဉ်။ (မတ်လ ၃၀၊ ၂၀၁၄)
ဗွီအိုအေ (မြန်မာဌာန)
-မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ဒီကနေ့ စတင်ကောက်ခံပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး သန်းခေါင်စာရင်း
ကောက်ခံမှုအတွင်း မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ ရှိသမျှ လူတိုင်းကို စာရင်းယူမှာဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစု၊ နိုင်ငံသားဟုတ် မဟုတ်စတဲ့အကြောင်းတွေနဲ့ သက်ဆိုင်မှုမရှိဘဲ စာရင်းကောက်ရမှာပါ။ မြန်မာနိုင်ငံထဲမှာ လက်ရှိသတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ကိုယ် ဘယ်အထဲမှာ အကြုံးဝင်တယ်ဆိုတာကို ရွေးချယ်နိုင်ပြီး ဒီ ၁၃၅ မျိုးထဲမှာ မပါရင် အခြားဆိုတဲ့ခေါင်းစဉ်အောက်မှာ စာရင်းထည့်မှာ ဖြစ်တယ်လို့ သန်းခေါင်စာရင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စာရင်းကောက်သူတွေဘက်က ဘာလူမျိုးလဲဆိုတာ မေးပိုင်ခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ စာရင်းထဲမှာ ရိုဟင်ဂျာဆိုတာကို ထည့်သွင်းမှာ မဟုတ်ဘူးလို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ခုလိုပြောပါတယ်။

“အိမ်တစ်အိမ်ကိုမေးတဲ့အခါမှာ ရိုဟင်ဂျာလို့ ဖြည့်ရင် ကျနော်တို့လက်ခံမှာ မဟုတ်ပါဘူး။ သူ့ကို ဘင်္ဂါလီလို့ဖြည့်ရင် ရတယ်။ တခြားသတ်မှတ်ထားတဲ့ code နံပါတ်ဖြည့်ရင်ရမယ်။ ဒီလူ ရိုဟင်ဂျာလို့ပြောရင်တော့ ကျနော်တို့ စာရင်းရေးသွင်းမှာ မဟုတ်ဘူး။”

အခုသန်းခေါင်စာရင်းကောက်ခံမှုအတွက် မြန်မာအစိုးရကို အဓိက ထောက်ပံ့ပေးတဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA ရဲ့ ထုတ်ပြန်ချက် ထဲမှာတော့ သန်းခေါင်စာရင်းကောက်ခံမှုရဲ့ အခြေခံသဘောတရားက စာရင်းထဲမှာ လူတိုင်းပါဝင်ခွင့်ရှိရမယ်၊ လူတဦး တစ်ယောက်တိုင်းက သူတို့ဟာ ဘယ် တိုင်းရင်းသား လူမျိုးထဲမှာ အကြုံးဝင်တယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို မထည့်အောင် ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတချို့က သာသနာ့အလံတွေကို အိမ်တွေရှေ့မှာ လွှင့်ထူထားကြရာကနေ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်သန်းခေါင်စာရင်းကောက်ခံမှုဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိနိုင်တယ်လို့ဆိုပြီး လူနည်းစု တိုင်းရင်းသားအဖွဲ့တချို့ကလဲ စိုးရိမ်နေကြပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကတော့သူတို့ထိန်းချုပ်နယ်မြေတွေထဲမှာ သန်းခေါင်စာရင်း ကောက်ခံခွင့် မပေးဘူးလို့ ပြောထားပါတယ်။

ဧပြီလ ၁၀ ရက်နေ့အထိကောက်ခံမယ့် သန်းခေါင်းစာရင်းစစ်တမ်းတွေကို မှတ်တမ်းအဖြစ်သိမ်းတဲ့အခါ ဖြေဆိုသူတွေရဲ့ နာမည်တွေကို သိမ်းဆည်းထားမှာ မဟုတ်ဘဲ ကိန်းဂဏန်းအချက်အလက်တွေကိုသာ ယူမှာဖြစ်တယ်လို့ သန်းခေါင်းစာရင်းကောက်ခံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ရရှိတဲ့ စစ်တမ်းတွေက နိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အစီအစဉ်ချနိုင်ဖို့၊ လိုအပ်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့နဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက် ခွဲဝေနိုင်ဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်ရှင်။

အမေရိကန်အဆင့်မြင့် နည်းပညာသုံး ကိရိယာနဲ့ မလေးလေယာဉ်ပျောက်ရှာဖွေ


မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ။
 
လေယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့်နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီး
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့နေရာဆီ  black box  ရှာ စက်တပ်ထားတဲ့ HMAS Ocean Shield စစ်သင်္ဘော ရောက်ဖို့ ရက်အနည်းငယ်ကြာမှာ ဖြစ်ပါတယ်။ Australia နိုင်ငံ Perth မြို့ရဲ့ အနောက်ဖက် India သမုဒ္ဒရာထဲက ကျယ်ပြောလှတဲ့နေရာမှာ သင်္ဘော ၁၀
စီးနဲ့ လေယာဉ် ၁၀ စီးသုံးပြီး လေယာဉ်ပျောက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာရှာနေကြပါတယ်။

တချိန်တည်းမှာပဲ ဒေါသထွက်နေကြတဲ့ တရုတ်မိသားစုဝင် ဒါဇင်နဲ့ချီဟာ မလေးရှားနိုင်ငံ Kuala Lumpur မြို့ဆီ ဒီကနေ့ ရောက်လာကြပါတယ်။ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို မလေးရှားအစိုးရက ဖုံးကွယ်ထားတယ်လို့ စွပ်စွဲပြီး သူတို့မိသားစုဝင်တွေ ပါသွားတဲ့ လေယာဉ်
ဘာဖြစ်သွားတာလဲဆိုတာကို ထဲထဲဝင်ဝင်ပြောပြဖို့ တောင်းဆိုနေကြပါတယ်။

၈ ရက်နေ့ကတည်းက ပျောက်သွားတဲ့ လေယာဉ်ပေါ်မှာ တရုတ်လူမျိုးတွေ အများစုပါသွားတာဖြစ်ပါတယ်။ မလေရှားလေကြောင်းလိုင်းလေယာဉ်နဲ့
အရောင်ဆင်တူတဲ့ အရာဝတ္ထုတွေကို တရုတ် ရှာဖွေရေး လေယာဉ်တွေပေါ်ကနေ စနေနေ့က တွေ့ရှိခဲ့ပါတယ်။

အဲဒီအရာဝတ္ထုတွေရော ဆယ်ယူနိုင်ခဲ့တဲ့ အရာတွေပါ မလေးရှားလေယာဉ် အပိုင်းအစတွေဖြစ်တယ်ဆိုတာ အတည် မပြုနိုင်သေးဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ပျောက်ဆုံးနေသော ဆေးကျောင်းသား ငမိုးရိပ်ချောင်းအတွင်း အလောင်းပြန်တွေ့

ဗိုလ်တထောင် မြို့နယ် အမှတ် (၉) ရပ်ကွက်၊ ၄၆ လမ်းတွင် နေထိုင်သူ ဆေးတက္ကသိုလ်(၁) ရန်ကုန်၌ နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၂၀ အရွယ် ကျောင်းသားတစ်ဦး တစ်ပတ်ကြာ ပျောက်ဆုံးနေရာမှ မတ်လ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၇) ရပ်ကွက်အနီး ငမိုးရိပ်ချောင်း ရေပြင်တွင် အလောင်းပြန်တွေ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
ဆေးတက္ကသိုလ် (၁) နောက်ဆုံးနှစ် ကျောင်းသား ကိုဇော်မြတ်ထွဋ်မှာ မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲက ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် လက်တွေ့ဆင်းရန် နေအိမ်မှ ထွက်ခွာခဲ့ရာက အိမ်ပြန် မရောက်သောကြောင့် ၎င်း၏ အုပ်ထိန်းသူ မိဘများက မတ်လ ၂၃ ရက်နေ့တွင် ရဲစခန်း၌ လူပျောက်မှုဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ မတ်လ ၂၆ ရက်နေ့က ငမိုးရိပ်ချောင်းအတွင်း ရေနစ်သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ကြောင်း သေဆုံးခဲ့သူ ဆေးကျောင်းသား၏ မိသားစုများထံမှ သိရှိရသည်။
“မှုခင်းဆရာဝန်ရဲ့ ဆေးစာမှာတော့ ရေနစ် သေဆုံးတယ်လို့ သိရပေမယ့် ဆေးရုံသွားတဲ့ ကလေးက ဘယ်လိုကြောင့် ရေနစ်ပြီးဆုံးသလဲ။ အခု အလောင်းတွေ့တဲ့ ငမိုးရိပ်ချောင်းဘက် ဘယ်လိုကိစ္စနဲ့ ရောက်ခဲ့တာလဲဆိုတာ စဉ်းစားလို့မရဘူး။ သားက ရေမကူးတတ်ဘူး။ တစ်စုံတစ်ယောက်က သူ့ကို ရေထဲတွန်းချခဲ့မယ် ဆိုရင်လည်း သာမန် ရေနစ်သေဆုံးမှု လက္ခဏာမျိုးပဲ တွေ့ရှိရမှာပဲလေ” ဟု သေဆုံးသူ ဆေးကျောင်းသား၏ ဖခင် ဦးရမ်ဇာဝါးက ရှင်းပြသည်။
ငမိုးရိပ်ချောင်းအတွင်း အလောင်းပြန်တွေ့သော ဆေးကျောင်းသားမှာ လူချစ်လူခင် ပေါများသူ ဖြစ်ကြောင်း၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ လက်တွေ့ဆင်းရန် သွားသည့်နေ့က ၎င်း၏ချစ်သူကို iPhone အမျိုးအစား ဟန်းဆက် တစ်လုံးနှင့် စာတစ်စောင် ပေးခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း ဦးရမ်ဇာဝါးက ပြောကြားသည်။ “အိမ်ကို ပြန်မလာလို့ သားရဲ့သူငယ်ချင်းတွေကို မေးမြန်းကြည့်တာ အဲဒီနေ့က သူ့ကောင်မလေးကို စာနဲ့ ဟန်းဖုန်းပေးခဲ့ပေမယ့် ကောင်မလေးက လက်သင့်မခံလို့ သူငယ်ချင်း တစ်ယောက်က သိမ်းထား ပေးခဲ့တယ်ဆိုတာ သိရတယ်။
ဒါကြောင့် သားပေးခဲ့တဲ့ စာထဲမှာ ဘာရေးထားလဲဆိုတာ သိချင်လို့ လိုက်စုံစမ်းကြည့်တော့ သူငယ်ချင်းအားလုံးက မသိကြဘူး ပြောပြီး ဖုန်းတွေလည်း အဆက်အသွယ် လုပ်လို့ မရတာကြောင့် ပျောက်နေတဲ့သားကို ဘယ်လိုမှ ရှာမရခဲ့လို့ ရဲစခန်းမှာ လူပျောက် တိုင်ချက်ဖွင့်ခဲ့တာ” ဟု ၎င်းကဆိုသည်။ အဆိုပါ ငမိုးရိပ်ချောင်း အတွင်း ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ရေနစ်သေဆုံးမှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
၂၀၁၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူ နော်မေသူသူဇော်က ချစ်သူနှင့် တွေ့ဆုံခဲ့ ပြီး မိဘနေအိမ် မှော်ဘီမြို့သို့ ၎င်းတစ်ဦးတည်း ပြန်စဉ် ပျောက်ဆုံးခဲ့ရာမှ လှိုင်မြစ်အတွင်း ရေနစ် သေဆုံးနေသည်ကို ဧပြီလ ၂၁ ရက်နေ့က တွေ့ရှိခဲ့သည့် ရေနစ်သေဆုံးမှုမှာ သံသယပေါင်း များစွာနှင့် ပဟေဠိဆန်သော လူသေဆုံးမှုတစ်ခု ဖြစ်ခဲ့သောကြောင့် တိုင်းဒေသကြီး တရားရုံးသို့ အမှုပြန်လည် စစ်ဆေးပေးရန် တင်ပြထားကြောင်း သေဆုံးခဲ့သူ ဆေးကျောင်းသူ၏ မိသားစုများထံမှ သိရှိရသည်။

ပရိသတ်နဲ့ ထပ်တူထပ်မျှပဲခံစား တယ်ဆိုတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်နဲ့ ထပ်တူထပ်မျှပဲခံစား တယ်ဆိုတဲ့ ဝတ်မှုံရွှေရည်“မချစ်တတ်သူများ အ ကြောင်း” ဆိုတဲ့ ဇာတ်ကားမှာ ဝတ်မှုံရွှေရည်က ကောင်းပြည့်နဲ့ သရုပ်ဆောင် ထားပါ တယ်။ မာနချင်း ပြိုင်ကြတဲ့ လူငယ် ၂ ယောက် ရဲ့ အပြိုင် ဇာတ်ကားလေး ဖြစ်ပါတယ်။
ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ဝတ်မှုံရွှေရည် ရဲ့လတ်တလောထွက်ရှိထားတဲ့ “လိပ်ပြာ” ဆိုတဲ့ ဇာတ်ကားမှာနွမ်းပါး သူ တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပရိသတ် မြင်တွေ့နေကျ ပုံစံမဟုတ်တဲ့အတွက် အမြင် ဆန်းသွားစေတယ် လို့ပြောပြတဲ့ ဝတ်မှုံရွှေရည် က
“အဲဒီကားက ကစ်တစ်ခါမှ မလုပ်ဖူးတဲ့ ဇာတ်ရုပ်မျိုးပါ။ မလှအောင်လည်း လုပ်ထားတယ်။ တော် တော်လေး ရုပ်ချထားတယ်။ အလှကား မျိုး၊မြင်နေကျ ဇာတ်ရုပ်မျိုးဆို သိပ်ပြင်ဆင် စရာလည်း မလိုဘူး။ တော်တော် ဆင်းဆင်းရဲရဲ ဆိုတော့သေချာ လုပ်ထားပါတယ်”လို့ ပြောပြပါတယ်။ ဇာတ်ကားတွေ ကို အရင်တုန်းနဲ့ မတူဘဲပြောင်းလဲ ဖြစ်လာတာနဲ့ ပတ် သက်ပြီးလည်း ဝတ်မှုံရွှေ ရည်က “ကစ်ရိုက်တဲ့ ဇာတ်လမ်းတွေက ဇာတ်ရုပ်ကို ဦးစားပေးပြီး ရိုက် ထားတယ်။
“အမြဲတမ်း ဒရာမာလည်း ရိုက်လို့ မရဘူး။ ပရိသတ်က အမျိုးမျိုး ရှိတယ် လေ။ ကစ်လွန် ခဲ့တဲ့ ၂နှစ်လောက်က ရိုက်ခဲ့တဲ့ ပုံစံမျိုး မဟုတ် တော့ဘူး။ ကစ်ကာ ရိုက်တာက အရင်တုန်း ကတော့ ကလေးပေါ့။ အခုတော့ အပျိုဖြစ် လာတာပေါ့။ အဲဒီလိုပြောင်းထားပါတယ်” လို့ ပြောပြပါတယ်။ သင်္ကြန်မှာ တော့ ဝတ်မှုံရွှေရည်က ခရီး ထွက်ဖြစ်မလား ၊အိမ်မှာ နားဖြစ်မလား မသေချာသေးဘူး လို့ပြောပြခဲ့ပါတယ်။

ထောင်ကုတင်နဲ့ ဝတ်စုံတွေ သူ့ အတွက်အရမ်းသေးနေလို့ ထောင်ဒဏ်က လွတ်ခဲ့တဲ့ လူထွားကြီး



Angel on 2014-03-29 11:43
အရပ် ၇ပေ နဲ့ ၂ လက်မရှိတဲ့ ရာဇ၀တ်သားတစ်ယောက်ဟာ အကျဉ်းထောင်မှာရှိတဲ့ အိပ်ရာကုတင်ထက် အရမ်းကြီးနေလို့ ထောင်ကနေလွှတ်ပေးခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ် လူထွားကြီး ဂျုဒ်မက်ဒ်ကက်ဖ် ဟာ အကျဉ်းသားဝတ်စုံတွေနဲ့ လည်း မတော်တဲ့အတွက် ထောင်အပြစ်ဒဏ်ကလွှတ်ပေးဖို့ တရားသူကြီးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ရာဇ၀တ်မှုအမြောက်အများကို ၀န်ခံထားတဲ့ မက်ဒ်ကက်ဖ်ဟာ Klinefelter လို့ ခေါ်တဲ့ ကြီးထွားမှုဖြစ်စဉ် မမှန်တဲ့ရောဂါကို ခံစားနေရသူပါ။
လူထွားကြီးမက်ဒ်ကက်ဖ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက သူ့ ကိုယ်လုံးကြီးနဲ့ ယှဉ်မယ်ဆိုရင် တော်တော်ရယ်စရာပါ။ မက်ဒ်ကက်ဖ်ဟာ အပြစ်မရှိတဲ့အမျိုးသမီးတစ်ယောက်ကို လေသေနတ်နဲ့ ပစ်ပြီး ခြောက်လှန့် ခဲ့တဲ့အမှု၊ ခရစ်စမတ်လက်ဆောင်တွေ ခိုးယူခဲ့မှု နဲ့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ အစည်းရုံးကို လာဘ်ထိုး ထားတဲ့ငွေတွေကို ခိုးယူခဲ့မှုရယ်ကြောင့် အမှုရင်ဆိုင်နေရတာပါ။
အချုပ်ထဲမှာ ၇၅ ရက်ကြာနေထိုင်ခဲ့ပြီးနောက် မက်ဒ်ကက်ဖ်ကို ချမှတ်ထားတဲ့ထောင်ဒဏ်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ မက်ဒ်ကက်ဖ်တစ်ယောက် အချုပ်ခန်း ထဲနေထိုင် ခဲ့စဉ်ကလည်း သူ့ ရဲ့ ကြီးမားလွန်းတဲ့ခန္ဓာကိုယ်ကြီးနဲ့ တော်တဲ့ အကျဉ်းသားဝတ်စုံနဲ့ ကုတင် တွေမရှိလို့ သူ ဒုက္ခရောက်ခဲ့ရပါသေးတယ်။
မက်ဒ်ကက်ဖ်ဟာ အရပ် ၇ပေ၂လက်မ ရှိပေမယ့် ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်မျိုးသာရှိတယ်လို့ လည်း သိရပါတယ်။
Ref: Mirror.co.uk
Trend Myanmar

စစ်တပ်နဲ့ အိမ်ဝယ်သူ ထိပ်တိုက်တွေ့ မယ်


” ရန်ကင်း Golden City ကွန်ဒိုမီနီယံ ရဲ့ မြေပိုင်ရှင်ဟာ တပ်မတော် ဖြစ်ပြီးတော့..
အဲဒီမြေမှာ ကွန်ဒိုဆောက်မယ့် လုပ်ငန်းရှင် တွေကို ဒီလိုလေးတွေ့ ရမယ်..။”
မနှစ်ကမှ စင်ကာပူမှာ IPO တင်တာလို့ ပြောတယ် ။ စင်ကာပူနိုင်ငံသားတွေ
ဆိုလို့ အတွင်းရေးမှုးနဲ့ စတုတ္ထမြောက်အဆင့် ဒါရိုက်တာ တစ်ဦးပဲ ပါတယ်။
ကျန်တာတွေက စီချွမ်ကလာတဲ့ တရုတ်တွေ ။ သူတို့ အနေနဲ့ ဘယ်မှာမှ စီမံကိန်း
မလုပ်ဖူးသလို ၊ လက်ရှိ သူတို့ ရဲ့ IPO Capital Amount က ဒေါ်လာ သုံးသန်း ပဲ
ရှိပါတယ် ။ ဒီငွေက မြန်မာနိုင်ငံက တတိယအဆင့်လောက်ပဲရှိတဲ့ သူဌေးတစ်ဦးပိုင်တဲ့
အဆောက်အဦးတစ်ခုစာပဲ ရှိမှာပါ ။ စစ်တပ်ပိုင်မြေအတွက် မြေအသုံးချခွင့် ပရီမီယံကြေးကမြေတစ်ဧကကို ဒေါ်လာ ၂ သန်းပါ ၊ မြေငှားရမ်းခွင့်က တစ်စတုရန်မီတာကို ၁၈ ဒေါ်လာ နှုန်းနဲ့ ပါ ။ ဥပဒေအရ စစ်တပ်ပိုင်မြေပေါ်တွင်
မည်သည့်အဆောက်အဦးဆောက်သည်ဖြစ်စေ အခန်းလိုက် အပြတ်ရောင်းချပိုင်ခွင့်မရှိ၊
ငှားရမ်းခွင့်သာရှိတယ်လို့ သိထားပါတယ် ။ ကုမဏီရဲ့ စင်ကာပူ ရုံးချုပ်က Geylang Road # 01-02 . Oriental Venture Building နဲ့ အနီးတစ်ဝိုက်ဟာ အပျော်အပျက်တွေအများဆုံးနေထိုင်ရာရပ်ကွက်လို့ သိရပါတယ် ။ တရုတ်နိုင်ငံ စီချွမ် ၊ ရှန်ကျန်း နဲ့  ဟောင်ကောင် က တရုတ်သုံးဦးဖြစ်တဲ့ Zhu XiaoLin , Sun YanPing , နဲ့  Kwan Wan Hing Venus တို့ က ဦးဆောင်ပြီးတော့ ၂၀၁၃ ခုနှစ် ပထမခြောက်လအတွင်းက စင်ကာပူကုမဏီအဖြစ် စာရင်းသွင်းခဲ့ကြတာဖြစ်တယ် ။
သူတို့တွေက စစ်တပ်ပိုင်မြေပေါ်က ကွန်ဒိုကို ဆောက်ပြီး အခန်းတွေကို အနည်းဆုံး
ကျပ် သိန်း ၄၀၀၀ ကနေ ကျပ် သိန်း ၁ သောင်းလောက်အထိ အခန်းပေါင်း ၁၀၀၀ကျော်ကနေ ငွေတွေ သဲ့ယူကြတော့မှာပါ ။ တပ်မတော်ကို နှစ်စဉ်ငှားရမ်းခ ပေးတာမှာ ဥပမာအားဖြင့် ၁၀ နှစ်စာ အရင်ပေးထားတယ်ဆိုရင် အခန်းတွေကလည်းရောင်းပြီးသွားတာနဲ့ သူတို့ က
စင်ကာပူကိုပြန်ပြီးတော့ ကုမဏီဖျက်ပါတယ်ဆိုတာနဲ့  ဒီဘက်မှာ နှစ်စဉ်အခွန်တွေ
ဘယ်သူက ဆက်ပြီးသွင်းမှာလဲ ၊ အိမ်ဝယ်ထားသူတွေက အိမ်ကို ဂရန်အတုနဲ့ ပိုင်ရတော့မယ် – စစ်တပ်ကလည်း အခွန်ဆက်မသွင်းလို့  ကွန်ဒိုကို ပြန်သိမ်းရင် စစ်တပ်နဲ့ အိမ်ခန်းဝယ်ထားသူတွေ ထိပ်တိုက်တွေ့ တော့မယ်။
စိုး၇ိမ်တာက နှစ်ခုပါ – မြန်မာက ငွေတွေကို သူတို့ အများကြီး သဲ့ယူသွားမယ် ။
စစ်တပ်နဲ့ အိမ်ဝယ်သူ ထိပ်တိုက်တွေ့ မယ် ၊ နောက်တစ်ခုက ကွန်ဒိုဈေးကွက်ကို
ဒီဂယက်က ရိုက်ခတ်မှုရှိလာမယ် ၊ ဒါဆို ဖွံ့ ဖြိုးဖို့ အလားအလာမှာ အာရှဓန ဘဏ်ပြိုလဲသွားတုန်းက ဖြစ်စဉ်မျိုး တစ်ကျော့ပြန်ဖြစ်လာနိုင်တယ်။
ကျွန်တော်က ပညာရှင်တော့မဟုတ်ဘူး တစ်ခုပဲ သတိပေးချင်တာက
အိမ်ဝယ်မယ့်သူတွေ သတိလေးထားပေးကြဖို့ ပါ
အလိမ်မခံရစေချင်လို့ ပါ….( လူကြီးတွေအနေနဲ့ တိုင်းတစ်ပါးက လိမ်တာလေးကို မခံရစေချင်လို့ ပါ )
Credit to Moe Tain
via Myanmar Latest News

ပျောက်ဆုံးမလေးရှားလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို ဆက်လက်ရှာဖွေ


ခရီးသည်နဲ့ အမှုထမ်းစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ MH370 မလေးရှားလေယာဉ် ပျောက်ဆုံးနေတာ ရက်သတ်တပတ် ၄ ပတ် ရှိနေပါပြီ။
အိန္ဒိယ သမုဒ္ဒရာတွင်းပစ္စည်းတချို့ တွေ့ထားတယ်ဆိုတဲ့ ရှာဖွေရေး ဧရိယာအသစ်မှာ လေယာဉ်တွေက ပျောက်ဆုံးလေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို မတ်လ ၂၉ ရက်နေ့က ဆက်လက်ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် နယူးဇီလန်နိုင်ငံ လေတပ်အခြေစိုက်စခန်းကို ပြန်ရောက်လာတဲ့ တော်ဝင်လေတပ်ဗိုလ်ကြီးနဲ့ လေယာဉ်မှူးတို့ကတော့ အဲဒီပစ္စည်းတွေဟာ လိမ္မော်ရောင် စာတမ်းတွေနဲ့ အစိမ်းရောင် ငါးဖမ်းကြိုးတွေ ငါးဖမ်းပိုက်တွေ ဖြစ်နေလို့ ငါးဖမ်းယာဉ်တစီးက အမှိုက်သရိုက်တွေသာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)
ပျောက်ဆုံး မလေးရှား လေကြောင်းပိုင် လေယာဉ်အား အိန္ဒိယသမုဒ္ဒရာတွင် လိုက်လံရှာဖွေနေစဉ် (ဓာတ်ပုံ -ရိုက်တာ)
ဒီနေ့အတွက် စိတ်ပျက်စရာ အကောင်းဆုံးကတော့ ရာသီဥတု အခြေအနေတွေက ရှာဖို့ တကယ့်ကို ကောင်းနေပေမယ့် မြင်ခဲ့သမျှ အရာတိုင်းက ငါးဖမ်းလုပ်ငန်းသုံး ရေပေါ်ပေါ်တဲ့ ဗော်ယာတွေချည်းပါပဲ ကျနော်တို့ ပင်လယ်သတ္တ၀ါတွေ လင်းပိုင်တွေ ဝေလငါးတွေကိုတောင် မြင်ခဲ့ပါသေးတယ်လို့ နယူးဇီလန် တော်ဝင်လေတပ်ရှာဖွေရေး လေယာဉ်က ဗိုလ်ကြီး ရော့ဒ် ရှီယာရာက ပြောပါတယ်။ တရုတ်စစ်လေယာဉ် တစီးကတော့ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အနောက်ဘက် မိုင် ၁၁၅၀ အကွာမှာ သံသယဖြစ်ဖွယ် အရောင်မျိုးစုံနဲ့ ပစ္စည်းတွေကို မတ်လ ၂၉ ရက်နေ့က တွေ့ထားတယ်လို့ ရှင်းဟွာ သတင်းဌာနက ဆိုပါတယ်။
ပျောက်ဆုံးမလေးရှားလေယာဉ်ဟာ မတ်လ ၈ ရက်နေ့က အရပ်ဖက် ရေဒါမျက်နှာပြင်က ပျောက်သွားခဲ့ ပြီးတဲ့နောက် ပိုပြီး မြန်မြန် မောင်းနှင်ခဲ့တယ်လို့ ရေဒါနဲ့ ဂြိုလ်တုကရတဲ့ အချက်အလက်တွေအပေါ် သုံးသပ်ချက် အသစ်က ဆိုပါတယ်။ အဲဒီနောက် မတ်လ ၂၈ ရက်နေ့က ရှာဖွေရေး ဧရိယာကို နဂိုခန့်မှန်းဒေသရဲ့ မြောက်ဘက် ၆၈၅ မိုင်အကွာ နေရာကို သြစတြေးလျ အာဏာပိုင်တွေက ပြောင်းရွှေ့သတ်မှတ်ခဲ့ပါတယ်။
ကျန်ခဲ့တဲ့ ရက်သတ်တပတ်ကတော့ မလေးရှားဝန်ကြီးချုပ်က လေယာဉ်ပေါ်ပါသမျှအားလုံး သေဆုံးကုန်ပြီလို့ ယူဆရကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့် မိသားစုဝင်တွေကတော့ လေယာဉ်ပေါ်က သူတို့ မိသားစုဝင်တွေ အသက်ရှင်လျက် ရှိသေးတယ်လို့ မျှော်လင့်ကြကြောင်း မီဒီယာတွေကို ပြောခဲ့ကြပါတယ်။
လေယာဉ်ပေါ် လိုက်ပါသွားသူ IBM အမှုဆောင်အရာရှိက လေယာဉ်ပြန်ပေးဆွဲခံရပြီး သူ့ကို တခြားလူတွေနဲ့ ခွဲခြားချုပ်နှောင်ထားခံရတယ်လို့ ဖိုရမ်တခုပေါ်မှာ ရေးခဲ့ကြောင်း သတင်းမီဒီယာ မဟုတ်တဲ့ အင်တာနက်စာမျက်နှာတချို့ပေါ်မှာ ပျံ့နှံ့နေပါတယ်။
လောလောဆယ်မှာတော့ လေယာဉ်ပျောက် ရှာဖွေရေးကို နိုင်ငံပေါင်း ၂ဒါဇင်က လေယာဉ်နဲ့ သင်္ဘောအစီး ၆၀ လောက်က ရှာဖွေနေတာပါ ဒါပေမယ့် လေယာဉ်ပျောက်နဲ့ ဆက်စပ်တဲ့ ဘာသက်သေပစ္စည်းကိုမှ ရှာဖွေတွေ့ရှိကြောင်း အတည်မပြုနိုင်သေးပါဘူး။

ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြပွဲ တကြော့ပြန်ဆင်နွှဲ

 
ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘုရင် Chulalongkorn ရုပ်တုရှေ့မှာ ဆန္ဒပြနေစဉ်။ (မတ်လ ၂၉၊ ၂၀၁၄)
ထိုင်းကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ဒီနေ့ တကြော့ပြန် ဆင်နွှဲနေကြပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ကော်မတီရဲ့ အတွင်းရေမှူးချုပ် Suthep Thaunsuban က ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဦးဆောင်ချီတက်နေပါတယ်။ ဖေဖေါ်ဝါရီလက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက မတ်လ ၂၁ ရက်နေ့က ပယ်ဖျက်ခဲ့ပြီးတဲ့နောက် ဒီနေ့  ပထမဆုံးအကြိမ်အဖြစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြတာ ဖြစ်တယ်လို့ Suthep Thaunsuban ကပြောပါတယ်။

"ပြည်သူတွေက အစိုးရကို လက်မခံတော့ဘူးဆိုတာကို ဆန္ဒထုတ်ဖေါ်တဲ့အနေနဲ့ ပြောပြချင်တာဖြစ်ပြီး လူထုက နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ချက်ချင်း လုပ်ဖို့ တကယ့်ကို လိုလားနေကြတာဖြစ်ပါတယ်-”လို့ ပြောသွားတာပါ။

ဝန်ကြီးယင်လတ်ဟာ သူ့အကို ဝန်ကြီးချုပ်ဟောင်း သတ်ဆင်ရှင်နာဝပ်ရဲ့ ကိုယ်စား နိုင်ငံကိုအုပ်ချုပ်နေတာသာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ယင်လတ်နုတ်ထွက်ပြီး ရွေးကောက်ခံမဟုတ်တဲ့ ကြားဖြတ် ယာယီအုပ်ချုပ်ရေးကောင်စီတရပ်ဖွဲ့ကို အာဏာလွှဲပြောင်းပေးဖို့နဲ့ နိုင်ငံရေးစံနစ်နဲ့ ဌာနဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဆန္ဒပြသူတွေကတောင်းဆိုနေကြတာဖြစ်ပါတယ်။

Oxford တက္ကသိုလ်၏ Lady Gore Booth Memorial ဘွဲ့လွန် ပညာသင်ဆုကို မြန်မာကျောင်းသူ/သားများ စတင်လျောက်ထားနိုင်

eduGlobal Village
"Oxford တက္ကသိုလ်၏ Lady Gore Booth Memorial ဘွဲ့လွန် ပညာသင်ဆုကို မြန်မာကျောင်းသူ/သားများ စတင်လျောက်ထားနိုင်"

၂၀၁၄ ခုနှစ်အတွက် Prospect-Burma သည် အောက်စ်ဖို့ဒ် လေဒီ Gore Booth ၏ ဘွဲ့လွန်ပညာသင်ဆုအား မြန်မာနိုင်ငံ မှ ကျောင်းသားများ အတွက် ပေးအပ်သွား မည်ဖြစ်ကြောင်း အဆိုပါ ကောလိပ်မှ ကြေညာ ခဲ့သည်။

ပညာသင် ဆုရရှိသူများသည် အောက်စ်ဖို့ တက္ကသိုလ်၊ St. Hugh ကောလိပ် တွင် မဟာဘွဲ့သင်တန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသူများအတွက် အပြည့်အဝ ထောက်ပံ့မှု ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါ ကျောင်း၏ ၀က်ဘ်ဆိုဒ် တွင် ဖော်ပြထားပါသည်။

ပညာသင်ဆုပေးမည့် ဘာသာရပ်များမှာ အုပ်ချုပ်ရေးနှင့် သံတမန်ရေးမဟာဘွဲ့၊ ပညာရေး မဟာဘွဲ့၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ မဟာဘွဲ့နှင့် သင်ကြားရေး မဟာဘွဲ့များဖြစ်သည်။

- MSc Global Governance & Diplomacy
- MSc Education
- MSc International Human Rights Law
- MSc Learning and Teaching

Prospect-Burma အား ၁၉၈၉ တွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာ လူငယ်များအား ၂၅ နှစ်ကြာမျှ ပညာသင်ဆုများ ထောက်ပံ့ပေးခဲ့သည်။ ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုချီးမြှင့်ခံရပြီးနောက် ရရှိသည့် ဆုငွေ ဒေါ်လာ တစ်သန်းကျော်အား Prospect-Burma သို့ လှူဒါန်းခဲ့သည် ။ ယခုအခါ အနှစ် ၂၀ ကျော်အတွင်း ပညာသင်ဆုပေါင်း ၁,၅ဝဝ ကျော် ကို ထောက်ပံ့ပေးပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် မရနိုင်သည့် ပညာရေး အခွင့်အလမ်းများ လမ်းဖွင့်ပေးခဲ့သည်ဟု ဆိုသည်။

အောက်စဖို့လေဒီ Gore Booth ပညာသင်ဆုသည် ပရိုစပက်ဘားမား၏ အစီအစဉ်များ အနက် ထိပ်တန်း ပညာသင်ဆု ဖြစ်ပြီး မြန်မာနိုင်ငံ နှင့် အောက်စ်ဖို့ တက္ကသိုလ်တို့ အကြား ရေရှည်ပညာရေးဆက်နွှယ်မှု အဖြစ် ရပ်တည်လျက်ရှိသည်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် နှင့် Gore Booth်တို့သည် ဗိုလ်ချုပ်အောင်ဆန်း သက်ရှိ ထင်ရှားရှိစဉ်ကပင် မိတ်ဆွေများဖြစ်ခဲ့ပြီး ၁၉၆၄-၆၇ ခုနှစ် တွင် ဒေါ်အောင်ဆန်းစုကြည် St. Hugh တက္ကသိုလ်၌ ပညာသင်ကြားစဉ် Gore Booth နေအိမ်တွင် နေထိုင်ကျောင်းတက် ကာ ဒေါ်အောင်ဆန်းစုကြည် ၏ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

လေဒီ Gore Booth သည် ပရိုစပက်ဘားမား၏ ဒုဥက္ကဋ္ဌနှင့် ဒုနာယက အဖြစ် ထမ်းဆောင်ခဲ့သည် ။ ၂ဝ၁၂ တွင် ကွယ်လွန်ချိန်အထိ ပညာဒါန အစီအစဉ် အား ထောက်ပံ့ပေးခဲ့သည်။ မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် သူမ၏ လုပ်ဆောင်ချက်အား ဂုဏ်ပြုသည့် အနေဖြင့် ၂၀၁၀ ခုနှစ်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က The Oxford-Lady Gore-Booth Memorial Graduate Scholarship အား စီစဉ် ချီးမြှင့်ခဲ့သည်မှာ ၂ နှစ်တိုင်ခဲ့ပြီ ဖြစ်သည် ။

အဆိုပါ ပညာသင်ဆုကို လျှောက်ထားရန် အသေးစိတ် အချက်အလက်များကို မေးမြန် လိုပါက Prospect Burma ၏ Communications Officer ဖြစ်သူ Wendy@prospectburma.org အား အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းနိုင်ပါသည် ။

==================
ဘာသာပြန် - KHTun
Admin - eduGlobal Village
 www.facebook.com/eduGlobalVillage

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Lady Shri Ram College တွင် "အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစင်တာ" အဆောက်အအုံသစ် ဖွင့်လှစ်

eduGlobal Village
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံတွင်နေစဉ်က ပညာသင်ကြားခဲ့သည့် နယူးဒေလီမြို့ရှိ Lady Shri Ram College တွင် ကျောင်းဆောင်သစ်အဖြစ် အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစင်တာ အဆောက်အအုံသစ်အား မကြာမီက ဖွင့်လှစ်ကြောင်း သိရှိရပါသည်။

Aung San Suu Kyi Center of Peace အဆောက်အအုံသစ်အား တိဘတ်ဘုန်းတော်ကြီး ဒလိုင်းလာမားက ဖွင့်လှစ်ပေးခဲ့ပြီး "ကျင့်ဝတ်၊ အောင်မြင်မှုနှင့် ပျော်ရွှင်မှု" ခေါင်းစဉ်ဖြင့် အဆိုပါ ကောလိပ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများအား မိန့်ခွန်း ပြောကြားခဲ့သည်။ အဆောက်အအုံသစ် ဖွင့်ပွဲမှ ဘုန်းတော်ကြီး ဒလိုင်းလာမား၏ နှစ်လိုဖွယ် အပြုံးနှင့် ကိုယ်ရည်ကိုယ်သွေးအား Facebook နှင့် Twitter ကွန်ရက်များတွင် ကျောင်းသားများက အများအပြား ဖြန့်ဝေခဲ့ကြသည်။

အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးစင်တာအား သုတေသနလုပ်ငန်းများ ပြုလုပ်ရန်နှင့် ပဋိပက အသွင်ကူးပြောင်းရေနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ဘာသာရပ် သင်တန်းများ ဖွင့်လှစ်ရန် အသုံးပြုမည် ဖြစ်သည်။

ငြိမ်းချမ်းရေးစင်တာတွင် Lady Shri Ram ကောလိပ်၏ အမှတ်အသား မြေပန်းအိုးနှင့် ပန်းများက အရောင်အသွေး စုံလင်စွာ နေရာယူထားသည်။ မြေညီထပ် နံရံများတွင် ၁၉၆၀ ပြည့်လွန်နှစ်များမှ ၂၀၁၄ အထိ ရိုက်ကူးထားသော ကျောင်းဓါတ်ပုံများ ချိတ်ဆွဲထားသည်။ ထို့အပြင် ကျောင်း၏ ဆောင်ပုဒ် "That Alone is Knowledge that Lead to Liberation" စာသားနှင့် မာသာထရီစာ၏ အဆိုအမိန့်များကိုပါ နံရံတွင် ရေးသားထားသည်။

ဘာသာပြန် - KHTun
အက်မင် - eduGlobal Village
 www.facebook.com/eduGlobalVillage

Saturday, March 29, 2014

ဝေါထရိတ်စင်တာ အထိမ်းအမှတ်ပြတိုက် မေလတွင် တရားဝင်ဖွင့်မည်

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)
နယူးယောက်၊
၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တွင် အကြမ်းဖက်တိုက်ခိုက်ခံရသော ကမ္ဘာ့ ကုန်သွယ်ရေးစင် တာ(World Trade Center) အထိမ်းအမှတ်ပြတိုက်ကို မေ ၂ဝ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြတိုက်ဖွင့်ပွဲအခမ်းအနားကို မေ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ၆ ရက်တာကာလကို ကိုယ်စားပြု ရည်ရွယ်သူ များအတွက် ဖွင့်လှစ်ပေးသွားမည်ဟု ပြတိုက် အကြီးအကဲဖြစ်သူ ဂျိုးဒန်နေးလ် က ပြော ကြားခဲ့သည်။ ရည်ညွှန်းဖွင့်လှစ်သော အကြို ၆ ရက်တာကာလသည် သက်ဆိုင်ရာမိသား စုဝင်များ ကယ်ဆယ်ရေးလုပ်သားများ၊ အ သက်ရှင် လွတ်မြောက်ကျန်ရှိသူများ၊ မန်ဟန် တန် ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းများ အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ၂၄ နာရီ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

ပြတိုက်တွင် သမိုင်းဝင် ဝေါထရိတ်စင် တာ၏ ဖောင်ဒေးရှင်းနယ်နိမိတ်၌ ပြသထား သောပြခန်းနှစ် ခန်းပါဝင်ပြီး "In Memoriam" ပြခန်းတွင် ၉/၁၁ တိုက်ခိုက်မှုနှင့် ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗုံးခွဲတိုက်ခိုက်မှု တို့ကြောင့် အသက်ဆုံးရှုံးခဲ့ကြသော အမျိုး သမီး၊ အမျိုးသားနှင့် ကလေးငယ် ၂၉၈၃ ဦး တို့၏ အထိမ်းအမှတ်များကို ပြသထားပြီး အခြားပြတိုက်တွင် စက်တင်ဘာ ၁၁ ရက် ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက်ခိုက်မှု အပါအဝင် ကမ္ဘာတစ်ဝန်းအကြမ်းဖက်တိုက် ခိုက်မှုများ၏ သမိုင်းကြောင်းများ ကို ပြသထား မည်ဟုသိရသည်။

ယင်းအကြမ်းဖက် တိုက် ခိုက်မှုများကို အမှတ်တရပစ္စည်းများ တစ်ဦး ချင်းစီ၏ အနုပညာလက်ရာများ၊ ဓာတ်ပုံများ၊ အသံနှင့် ဗီဒီယိုမှတ်တမ်းများဖြင့် ပုံဖော်ပြသ ထားကြောင်း သိရသည်။

Ref: Xinhua News Agency
Yangon Media Group