Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 28, 2014

ညှိနှိုင်းမှုဖြင့် ဒီကေဘီအေတပ် ဆုတ်ခွာပေးပြီးဓားစာခံများပြန်လွှတ်ပေး


ကလို့ထူးဖောတပ်ဗိုလ်ကြီးတစ်ဦး နေအိမ်နှင့်၎င်း၏ဖခင်ဖြစ်သူ နေအိမ်တို့ကိုတပ်နှင့်ရဲ
အဖွဲ့များမှ စက်တင်ဘာ ၂၀ ရက်နေ့တွင်ဝင် ရောက်ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်
ရာတွေ့ရှိခြင်းမရှိသည့် နောက် စက်တင်ဘာ၂၆ ရက်နေ့ နံနက်တွင်နေအိမ်ရှာဖွေခံရသည့် ဒီကေဘီအေကလို့ထူးဖောတပ်မှ ဗိုလ်ကြီးစောဝင်းဇော်အပါအ၀င် ဗိုလ်ကြီးစောတိုးအောင် (ခ) ခေါင်ကြီးနှင့်အင်အား ၂၂ ဦးခန့် လက်နက်အပြည့်အစုံဖြင့်ကလိုင်း ကနိုင်ကျေးရွာအုပ်စု၊ ကရင်တော အပေါ်ရွာသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းသို့ရောက်ရှိလာသော ကြောင့် ခမရ (၂၀၈) တပ်မှတာဝန် ရှိသူများ၊ စရဖ၊ သတင်းတပ်ဖွဲ့ (SB ရဲတပ်ဖွဲ့တို့က ယင်းနေ့နံနက်  (၈း၃၀) အချိန်ခန့်တွင်ကရင်တော ကျေးရွာ ဒီကေဘီအေစခန်း၌ ငြိမ်းချမ်းရေးမူဘောင်အရမြို့ပေါ်သို့ ယူနီဖောင်းလက်နက်ခဲယမ်းတို့ဖြင့် လာရောက်ခွင့်မရှိဘဲ ယခုကဲ့သို့ လာရောက်ခြင်းမှာ မည်သည့်ရည် ရွယ်ချက်မည်သို့သောအကြောင်း ကြောင့်လာသည်ကိုတွေ့ဆုံမှုဆွေး နွေးမှုပြုလုပ်ကြရာ ဗိုလ်ကြီးစော ၀င်းဇော်မှ ၎င်းခရီးသွားနေသည့် အချိန်တွင် ၎င်းအိမ်နှင့်၎င်း၏ဖခင် အိမ်တွင်ဖောက်ခွဲရေးပစ်္စည်းရှာဖွေ သည့်ကိစ္စ ဗိုလ်ကြီးစောတိုးအောင် မှ စက်တင်ဘာ ၂၀ ရက်နေ့က မုဒုံမြို့တွင် မိမိတို့တပ်ဖွဲ့ပိုင်လက် နက်ကိုအစိုးရဘက်မှရှာဖွေသိမ်း ဆည်းသွားသည့်ကိစ္စနှင့် အခြား ကိစ္စများကိုဆွေးနွေး၍ပြေလည်မှု ရလုနီးအချိန်တွင် ဒီကေဘီအေ တပ်ဖွဲ့မှဗိုလ်ကြီးတစ်ဦးထံသို့ဖုန်း ၀င်လာပြီးနောက်လာရောက်ဆွေး နွေးသည့်တာဝန်ရှိသူများနှင့်ရဲ သတင်းတပ်ဖွဲ့ (SB)၊ စရဖမှတပ်ဖွဲ့ ၀င်များကိုထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ယင်းနောက်ကျိုက်မ ရောရဲတပ်ဖွဲ့စခန်းမှအခင်းဖြစ်လမ်း အတိုင်း ယာဉ်တားဆီး၍စစ်ဆေး ရေးဆောင်ရွက်ပြီးပြန်လာသည့် ယာဉ်တစ်စီးကိုဒီကေဘီအေတပ် စခန်းအရှေ့တွင်ဒီကေဘီအေတပ်ဖွဲ့ များမှတားဆီး၍ယာဉ်ပေါ်၌လိုက် ပါလာသည့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် သုံးဦးနှင့်အတူမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးတို့ကို၎င်းင်းတို့စခန်းသို့ဖမ်းဆီး ခေါ်ဆောင်သွားပြီး ယင်းကား မောင်းဒရိုင်ဘာကိုမူခေါ်ဆောင် သွားခြင်းမရှိဟုကျန်ရစ်ခဲ့သော ကားဒရိုင်ဘာဦးမြင့်ဦးကဆိုသည်။

““စက်တင်ဘာ (၂၆) ရက်နေ့ မနက်ကကျိုက်မရောယာဉ်ထိန်းရဲ တပ်ဖွဲ့ကကျွန်တော့်ဆီမှာကားလာ ငှားတယ်၊ သူတို့စခန်းဘက်လမ်း (ကျိုက်မရောကျွန်းရွာ) လမ်းဘက် ကနေနံနက် (၇း၀၀) လောက် ကျွန်းရွာလမ်းဘက်မှာယာဉ်စစ်ဖို့ သွားတယ်၊ စစ်ပြီးလို့ပြန်အလာပေါ့၊ အဲဒီစခန်းရှေ့ရောက်တော့ (၁၀း၁၀) မိနစ်လောက်ရှိပြီ၊ အဲဒီမှာ ဒီကေ ဘီအေတွေကတားတယ်၊ ရဲတွေ ကိုလည်းတွေ့ရောမင်းတို့အောက် ကိုဆင်းဆိုပြီးပြောတယ်၊ ပါလာတဲ့ (၄) ယောက်လုံးကိုစခန်းထဲကိုဆွဲ ခေါ်သွားတယ်၊ ကျွန်တော်တို့တစ် ယောက်ပဲကားနားမှာထားခဲ့တယ်၊

သူတို့မခေါ်သွားဘူး၊ နောက်(၁၀) မိနစ်အကြာမှာတော့ ခမရ (၂၀၈) တပ်ကားလာတော့ ဒီကေဘီအေ စစ်သားတစ်ဦးကဟေ့ရပ် အောက် ကိုဆင်းခဲ့လို့အော်ပြောတယ်၊ အဲဒီ မှာအနောက်ကပါလာတဲ့စစ်သား တွေက ဆင်းလာတယ်သေနတ် တွေနဲ့၊ ဒီကေဘီအေက လက်တွေ ကိုမြှောက်ထားသေနတ်တွေအောက် ချ အောက်မချရင်ပစ်မယ်လို့ပြော တော့ စစ်သား (၈) ယောက် လောက်ကသူတို့ပါလာတဲ့သေနတ် တွေကိုအောက်ချလိုက်ချိန်မှာ အရှေ့မှာထိုင်နေတဲ့ဗိုလ်မှူးကတော့ မဆင်းနဲ့ပြန်တက်ပြန်တက်ဆိုပြီး လှမ်းအော်ပြောပြီးတော့ ကားကို နောက်ပြန်ဆုတ်တယ်၊

အဲဒီမှာ D.K.B.A တပ်ကဗိုလ်ကြီးတစ်ဦး  ကဟေ့ကောင်တွေပစ်ပစ်ဆိုပြီး အော်ပြောတာနဲပစ်လိုက်တာ ဗိုလ်မှူးတစ်ဦးကပေါင်မှာထိသွား တယ်၊ သူ့ပေါင်ကိုလက်နဲ့အုပ်ထား တာကျွန်တော်သေသေချာချာမြင် လိုက်တယ်၊ ကားမောင်းတဲ့စစ်သား တစ်ဦးလည်းသေနတ်ထိမှန်သွား တယ်၊ ပြီးတာ့သေနတ်ထိမှန်သွား တဲ့စစ်သားတွေကတော့ကားပေါ် ကနေဆင်းပြေးပြီး တပ်ဘက်ခြမ်း ကိုဦးတည်သွားတာတွေ့ရတယ်၊

ဒီကေဘီအေတပ်ဖွဲ့ဝင်တွေကတော့ ဟေ့ပြေးပြီပြေးပြီပစ်ပစ်ဆိုပြီး တော့တရစပ်ပစ်တော့တာပဲ၊ ကျွန်တော်မြင်တွေ့လိုက်ရတယ်၊ လက်မြှောက်ထားတဲ့စစ်သားတွေ ကို မင်းတို့အင်္ကျီတွေချွတ် မင်းတို့ နေရာရောက်ရင်ငါတို့အင်္ကျီချွတ် ရသလို ငါတို့နေရာရောက်ရင်လည်း မင်းတို့အင်္ကျီချွတ်ဆိုပြီးပြောနေပြီး တော့ သူတို့စခန်းနားကဘောလုံး ကွင်းနားမှာပထမဒူးထောက်ခိုင်း ထားတယ်၊

 နောက်တော့မှောက် အိပ်ထားခိုင်းတယ်၊ သူတို့စခန်းရှေ့ ကနားနေဆောင်မှာလည်း အဲဒီ လမ်းကနေခရီးသွားတဲ့ရွာကရွာ သားတွေကိုလည်းထွက်သွားလာ ခွင့်မပြုဘူး”” ဟုမျက်မြင်တွေ့ရှိရ သူဦးမြင့်ဦးကဆိုသည်။ အဆိုပါ ဗိုလ်မှူးနှင့်စစ်သားများသည်ဆွေး နွေးပွဲတွင်ရှိနေသော ၎င်းင်းတို့၏ ဗိုလ်မှူးဖြစ်သူနောက်သို့လိုက်လာ သည့်အဖွဲ့ဟုဒေသခံများ၏ပြော ကြားချက်အရသိရသည်။


တိုက်ခိုက်မှုဖြစ်ပွားပြီးနာရီဝက် ခန့်အကြာအခင်းဖြစ်နေရာနှင့် (၂) ဖာလုံခန့်အကွာတွင် မွန်ပြည် နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဗိုလ်မှူးကြီးဋ္ဌေးမြင့်အောင် ဦးဆောင်သည့်အဖွဲ့များရှေ့ဆင့် နောက်ဆင့်ရောက်ရှိလာပြီး ကျိုက် မရောမြို့မိမြို့ဖ (ကရင်အမျိုးသား) တို့ကို မေတ်္တာရပ်ခံပြီး ယင်း အဖွဲ့နှင့် စေ့စပ်ညှိနှိုင်းရန် စီစဉ်ခဲ့သော်လည်း ကရင်လူမျိုး မြို့မိမြို့ဖတချို့မရှိသဖြင့်အဆင်မ ပြေခဲ့ပါဟု ၎င်းစုရပ်နေရာတွင်ရှိ နေခဲ့သောမြို့မိမြို့ဖတစ်ဦးကဆို သည်။


ထို့နောက် D.K.B.Aဗိုလ် ကြီးစောတိုးအောင်(ခ)ခေါင်ကြီးမှ (၁၂း၃၀) အချိန်ခန့်တွင် အစိုးရ တပ်ဖွဲ့ယာယီအခြေချနေရာယူ ထားသည့်နေရာရှိ စရဖ ဦးဆန်း လွင်ဦးထံဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး နယ်/လုံဝန်ကြီးနှင့်ဖုန်းပြောဆိုရာ တွင် ဗိုလ်ကြီးစောအောင်တိုးမှ ““ကျွန်တော်တို့အဖွဲ့တပ်ဆုတ်ပေး မယ် အဘတို့ဘက်မှလမ်းဖယ်ပေး ပါ”” ဟုတောင်းဆိုခဲ့ရာ နယ်လုံဝန် ကြီးက ““မင်းတို့ဘယ်လိုဖြစ်ကြ
တာလဲကွာ တစ်ဖက်မှာလည်းငြိမ်း ချမ်းရေးတွေဆွေးနွေးနေတာ မင်းတို့  ဘာလို့ပစ်ခတ်ကြတာလဲ”” ဟုပြောစဉ် ဗိုလ်ကြီးစောအောင်တိုးက ““ဖော ကားကြီးဝင်လာလို့ပစ်ရတာပါ””ဟု ပြောသဖြင့် ၀န်ကြီးက ““မင်းတို့ လဲမင်းတို့သွားရင်မင်းတို့လူမပါဘူး လား၊ တပ်ကလဲသူတို့ဗိုလ်မှူးတွေ သွားတော့သူတို့လူတွေပါမှာပေါ့၊ မင်းတို့ကစပစ်တယ်လေ၊

မင်းတို့ ဆုတ်မယ်ဆိုရင်ငါတို့လမ်းဖွင့်ပေး မယ်၊ မင်းတို့ဖမ်းထားတဲ့ ဓားစာခံ တွေကိုတော့ထားခဲ့”” ဟုပြောဆို ပြီး တစ်ဖက်မှလည်းစိတ်ချရတဲ့ နေရာရောက်ရင်ထားခဲ့မည်ဟုပြော ဆိုခဲ့ပြီး နယ်လုံဝန်ကြီးကလည်း ““မင်းတို့ဖမ်းထားတဲ့ ဓားစာခံတွေ ကိုဒီမှာပဲထားခဲ့ မင်းတို့ဘက်ထိ ခေါ်သွားမယ်ဆိုရင်တို့လက်မခံ နိုင်ဘူး”” ဟုပြောကြားခဲ့သည်။

ဒီကေဘီအေတပ်ဖွဲ့ဘက်မှလည်း ဗိုလ်မှူးကြီးစောစန်းအောင်ထံတင် ပြ၍ပြန်လည်ဆက်သွယ်မည်ဟု ပြောကြားပြီးဖုန်းဆက်သွယ်မှုပြန် လည်မပြုလုပ်ခဲ့ဟုသိရသည်။


၎င်းနောက် နိတုံကျေးရွာ လမ်းဆုံအနီးရှိမွန်ငြိမ်းချမ်းကာကွယ် ရေးတပ်ဖွဲ့အမှတ် (၃) တပ်ရင်းမှ ဒုဗိုလ်မှူးကြီးနိုင်ပလိုင်စောမှ နယ် လုံဝန်ကြီးတို့အဖွဲ့နှင့်အတူရှိနေ သောမွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ကွပ်ကဲရေးရုံးမှတာဝန်ရှိသူ တို့ထံ ဒီကေဘီအေအဖွဲ့၎င်းတို့ စခန်းအနီးရောက်ရှိလာနေကြောင်း သတင်းပို့ခဲ့၍ ဖမ်းဆီးထားသည့် ဓားစာခံများကိုမွန်ငြိမ်းချမ်းရေးစခန်း တွင်ထားခဲ့ပြီး နိတုံလမ်းဆုံအတိုင်း ဆုတ်ခွာရန်၊ တပ်မှလမ်းဖွင့်ပေး ထားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူး ကြီးနိုင်ပလိုင်စောကိုဒီကေဘီအေ ဖွဲ့နှင့် ထပ်မံညှိနှိုင်းပေးရန်နယ်လုံ ၀န်ကြီးနှင့်မွန်ငြိမ်းချမ်းကာကွယ် ရေးတပ်ဖွဲ့ကွပ်ကဲရေးရုံးမှတာဝန် ရှိသူတို့ကပြောဆိုခဲ့ကြောင်း တာ ၀န်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။


ယင်းနောက်နေ့လည် (၁) နာရီ ၁၅ မိနစ်အချိန်တွင် စရဖ (ကမရ) မှ တပ်ကြပ်ကြီးတစ်ဦးကို လည်းကောင်း၊ ၁ နာရီ ၂၀ မိနစ် တွင်ရဲတပ်ကြပ်ကြီးတစ်ဦးကိုလည်း ကောင်း ၂နာရီ ၂၅ မိနစ်တွင် ဒု ရဲအုပ်တစ်ဦးကိုလည်းကောင်းထိန်း သိမ်းရာမှပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရသည်။
ထို့နောက် (၄) နာရီကျော် အချိန်ခန့်တွင် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့အမှတ် (၃) မှ ဒုရဲအုပ်ဗိုလ်မှူးကြီးနိုင်ပလိုင်စွမ်း စခန်းတွင် ခမရ (၂၀၈) မှ ဗိုလ် မှူးနှင့် ဗိုလ်ကြီးမှလွဲ၍အခြားဓား စာခံများပြန်လွှတ်လာခဲ့ကြောင်း ၎င်းင်းဓားစာခံများကို နယ်လုံဝန်ကြီး ၏ကားဖြင့်သွားရောက်သယ်ဆောင် လာခဲ့သော မြို့မိမြို့ဖတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဒုဗိုလ်မှူးကြီး နိုင်ပလိုင်စွမ်း မှ ကားသုံးစီးနှင့် ဆိုင်ကယ်တို့ဖြင့် ဒီကေဘီအေအဖွဲ့ကိုအတ်္ထရံမြစ် နိတုံလေဆိပ်သို့ညှိနှိုင်းသဘောတူ ညီချက်အရလိုက်ပါပို့ဆောင်ပေးခဲ့ ပြီး ဗိုလ်မှူးနှင့် ဗိုလ်ကြီးကိုဆိပ် ကမ်းတွင်လွှတ်ပေးခဲ့ကြောင်းသိရ သည်။ လက်နက်များကိုတစ်ဖက် ကမ်းသို့ရောက်ပြီး စက်လှေဖြင့် ပြန်ထည့်ပေးခဲ့မည်ဟု ဒုဗိုလ်မှူး ကြီးနိုင်ပလိုင်စွမ်းကိုကတိပေးခဲ့ ကြောင်းမြို့မိမြို့ဖတစ်ဦးကဆိုသည်။

““ရွာထဲမှာလည်းသေနတ်သံတွေ လက်နက်ကြီးအသံတွေကြားနေရ လို့နေ့လည်ကတည်းကရွာထဲကနေ ထွက်လာခဲ့တာ၊ အိမ်ကကလေး တွေလည်း သေနတ်သံကြားတော့ ကျွန်မတို့လည်းဘာမှမယူလာတော့ ဘူး၊ ကျောင်းကလည်းကလေးတွေ ကိုနေ့လည်ကျောင်းဆင်းချိန်တောင် မရောက်ဘူးကျောင်းရဲ့အနောက် ပေါက်ကနေလွှတ်ပေးလိုက်တယ်၊ အခုဖြစ်တဲ့နေရာနဲ့ ကျောင်းနဲ့က ကပ်လျက်ပဲ၊ တော်သေးတာပေါ့ ကလေးတွေကိုမထိလို့၊ အဲဒါနဲ့ ကလေးတွေကိုခေါ်ပြီး ဒီဘုရား ကြီး (ကျိုက်မရောမြို့ဆုတောင်း ပြည့်ဘုရား) ကိုရောက်လာတာ”” ဟုကရင်တောကျေးရွာနေသူတစ် ဦးကဆိုသည်။


နောက်ဆက်တွဲသတင်းများ အရ စက်တင်ဘာ ၂၇ ရက်နေ့ ကြားသိရသည့်သတင်းအရဆုတ် ခွာသွားသည့် ဒီကေဘီအေအဖွဲ့ သည်လာရောက်ကြိုသည့် (၉၀၁) ဒီကေဘီအေတပ်မှတပ်ရင်းမှူး စောအောင်ရင်အဖွဲ့ပူးပေါင်း၍ ကျိုက်မရောမြို့ကရင်လှိုင်ကျေးရွာ နှင့် ရွှေဝါချောင်ကျေးရွာရှိဆရာ တော် ဦးစန်္ဒိမာကျောင်းအနီးတွင် တပ်စွဲထားပြီး နံနက် ၅း၃၀ အချိန် ခန့်တွင် ဒီကေဘီအေတပ်ဖွဲ့နှင့် ဘီဂျီအက် အမှတ် (၁၀၂၀) အဖွဲ့ မှ ဗိုလ်ကြီးဋ္ဌေးနိုင်တပ်ဖွဲ့တို့ပစ်ခတ် ကြပြီး ဒီကေဘီအေတပ်ဖွဲ့မှတပ် ဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး ၁၆ တစ်လက်သိမ်းယူနိုင်ခဲ့ သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ သည့်တပ်သားကိုမူ ဒီကေဘီအေ ဘက်မှတုံ့ပြန်တိုက်ခိုက်ပြီးပြန် လည်ထုတ်ယူသွားခဲ့သည်။ နံနက် (၈း၄၅) အချိန်ခန့်တွင် ဘီဂျီအက် တပ်ရှိရာသို့ ဒီကေဘီအေတပ်မှ ထပ်မံချဉ်းကပ်ဝင်ရောက်လာသ ဖြင့်ထပ်မံပစ်ခတ်ခဲ့ကြောင်း ဒေသ ခံရွာသားများ၏ပြောကြားချက်အရ သတင်းရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒီကေဘီအေကလိုထူးဖောတပ်ဖွဲ့ မွန်ကရင်တာဝန်ခံ ဗိုလ်မှူးစော အောင်ကိုအားဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ၎င်းင်းက ““အဲလိုငါတို့ အဖွဲ့ကတပ်ဖွဲ့ဝင်တွေအိမ်မှဖောက် ခွဲရေးပစ္စည်းတွေရှိ/မရှိရှာလိုက်တဲ့ အတွက် ငါတို့ကွပ်ကဲရေးတွေရော ငါတို့ဆက်ဆံရေးတွေရော ငါတို့ ဗိုလ်ချုပ်တွေရောငါအခုပြည်နယ် မှာတာဝန်ရှိ ငါ့ကိုတောင်အကြောင်း မကြားဘဲနဲ့ ငါတို့ဂုဏ်သိက္ခာနဲ့ ငါတို့ရဲ့အကျင့်စရိုက်တွေကိုပြည်သူ လူထုမုန်းတီးအောင်ဝါဒဖြန့်အနေနဲ့ သူတို့ကငါတို့ကိုစောက်ကျင့်ယုတ် တာ ငါတို့ကဒီလိုပဲယူဆတယ်။

 နောက် အေး စစ်တပ်က၀င်မွှေတာ နယ်လုံဝန်ကြီးဦးဋ္ဌေးမြင့်အောင် တောင်မသိဘူးဆိုတဲ့ကိစ္စဟာဘာ လဲ ဒီစစ်တပ်ကဒီတိုင်းကသူတို့ သဘောနဲ့သူတို့လုပ်တာလား ငါတို့ လုပ်တာလား ငါတို့လည်းပြန်လုပ် တာမမှားပါဘူးလို့ပြောချင်တာ ငါ တို့ရဲ့ သိက္ခာတရားကိုသူတို့စချတာ  အဲဒီအတွက်ငါတို့တုံ့ပြန်တာမမှားပါ ဘူးကွာ”” ဟုဆိုသည်။

တောက်ထိန်
Hot News Journal

No comments:

Post a Comment