Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 29, 2014

ဝေါထရိတ်စင်တာ အထိမ်းအမှတ်ပြတိုက် မေလတွင် တရားဝင်ဖွင့်မည်

ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)
နယူးယောက်၊
၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တွင် အကြမ်းဖက်တိုက်ခိုက်ခံရသော ကမ္ဘာ့ ကုန်သွယ်ရေးစင် တာ(World Trade Center) အထိမ်းအမှတ်ပြတိုက်ကို မေ ၂ဝ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြတိုက်ဖွင့်ပွဲအခမ်းအနားကို မေ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ၆ ရက်တာကာလကို ကိုယ်စားပြု ရည်ရွယ်သူ များအတွက် ဖွင့်လှစ်ပေးသွားမည်ဟု ပြတိုက် အကြီးအကဲဖြစ်သူ ဂျိုးဒန်နေးလ် က ပြော ကြားခဲ့သည်။ ရည်ညွှန်းဖွင့်လှစ်သော အကြို ၆ ရက်တာကာလသည် သက်ဆိုင်ရာမိသား စုဝင်များ ကယ်ဆယ်ရေးလုပ်သားများ၊ အ သက်ရှင် လွတ်မြောက်ကျန်ရှိသူများ၊ မန်ဟန် တန် ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းများ အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ၂၄ နာရီ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

ပြတိုက်တွင် သမိုင်းဝင် ဝေါထရိတ်စင် တာ၏ ဖောင်ဒေးရှင်းနယ်နိမိတ်၌ ပြသထား သောပြခန်းနှစ် ခန်းပါဝင်ပြီး "In Memoriam" ပြခန်းတွင် ၉/၁၁ တိုက်ခိုက်မှုနှင့် ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗုံးခွဲတိုက်ခိုက်မှု တို့ကြောင့် အသက်ဆုံးရှုံးခဲ့ကြသော အမျိုး သမီး၊ အမျိုးသားနှင့် ကလေးငယ် ၂၉၈၃ ဦး တို့၏ အထိမ်းအမှတ်များကို ပြသထားပြီး အခြားပြတိုက်တွင် စက်တင်ဘာ ၁၁ ရက် ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက်ခိုက်မှု အပါအဝင် ကမ္ဘာတစ်ဝန်းအကြမ်းဖက်တိုက် ခိုက်မှုများ၏ သမိုင်းကြောင်းများ ကို ပြသထား မည်ဟုသိရသည်။

ယင်းအကြမ်းဖက် တိုက် ခိုက်မှုများကို အမှတ်တရပစ္စည်းများ တစ်ဦး ချင်းစီ၏ အနုပညာလက်ရာများ၊ ဓာတ်ပုံများ၊ အသံနှင့် ဗီဒီယိုမှတ်တမ်းများဖြင့် ပုံဖော်ပြသ ထားကြောင်း သိရသည်။

Ref: Xinhua News Agency
Yangon Media Group

No comments:

Post a Comment