Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 31, 2013

စစ်တွေတွင် အကြမ်းဖက် တိုက်ခိုက်ခံရ၍ ရဲတပ်သား တစ်ဦးသေဆုံး


(နိရဉ္စရာ- ၁ ဇန်န၀ါရီ) / မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မှန်စီ ဒုက္ခသည်စခန်းတွင် လုံခြုံရေးတာဝန်ကျသည့် ရဲတပ်သား နှစ်ဦးကို ဘင်္ဂလီအုပ်စု တစ်ခုက တိုက်ခိုက်သည့်အတွက် ရဲတပ်သားတစ်ဦး သေဆုံးပြီး နောက်တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသည့် ရဲတပ်သားမှာ စစ်တွေမြို့ပြင် (၈) မိုင်ခန့် အကွာရှိ  မှန်စီရဲစခန်းမှ ကိုသန့်ဇင်ဝင်း(၂၂)နှစ် (ဘ) ဦးကျော်ဝင်း ဖြစ်သည်။

စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ၀န်ထမ်းတစ်ဦးက ယခုလို ပြောသည်။

“ သေတာက တစ်ဦးပါ။ ညဥ့် တစ်နာရီ ၁၅ မိနစ်မှာဆုံးသွားပါတယ်။ နေ့အားဖြင့်ဆိုရင်တော့ အင်္ဂါနေ့ မနက် အစောကြီးမှာပါ” ဟု သည်။

စစ်တွေတွင် နှစ်ဦးစလုံး သေဆုံးသွားကြောင်း သတင်းဖြစ်နေသော်လည်း သေဆုံးသူ တစ်ဦးသာဖြစ်ကြောင်း၊ နောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးကုသနေရကြောင်း ၎င်းက ပြောဆိုသည်။

ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတက်ရောက် ကုသနေရသူမှာ ကျော်ကျော်မိုး (၂၂) နှစ် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား ကိုယ်စားပြု ထုတ်ပြန်သော “ သာစွဌာနေရခိုင်ပြေ” သတင်းတွင်လည်း သေဆုံးသွားသူမှာ တစ်ဦးဖြစ်ကြောင်း၊ အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ယင်းသတင်းတွင် ယခုလို ဖေါ်ပြထားသည်။

“ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ည နေ (၅) နာရီ အချိန်တွင် စစ်တွေမြို့နယ်၊ မှန်စီရဲကင်းတွင် တာဝန် ထမ်းဆောင် နေသော ရဲတပ်သား သန့်ဇော်ဝင်းနှင့်ကျော်ကျော်မိုးတို့ (၂)ဦးသည် ရဲကင်း အနီး ပတ်ဝန်းကျင် နယ်မြေ သတင်း စုံစမ်းဆောင်ရွက်စဉ် ရဲကင်းအနောက်ဘက်(၃)ဖာလုံ ခန့်အကွာ တရုတ် သင်္ချုံင်း အရောက်တွင် သင်ချိုင်းအတွင်းရှိ အုတ်ဂူများအား ဖျက်ဆီးလျှက်ရှိသော အမည်မသိ ဘင်္ဂလီ (၈)ဦး ခန့်အားတွေ့ရှိရကြောင်း၊ သို့အတွက် အုတ်ဂူများကို မဖျက်ဆီးရန်တားမြစ်စဉ် ၎င်းအမည်မသိ ဘင်္ဂလီ (၈)ဦးခန့်မှ အသင့် ပါလာသော သံတူရွင်းများဖြင့် ၀ိုင်းဝန်းရိုက်နှက်ကြကြောင်း၊ ရဲတပ်သား သန့်ဇော်ဝင်းတွင် ဦးခေါင်းယာဘက် ဂျိုစောင်း(၁) လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ(၂) ချက်(စိုးရိမ်ရ)၊ ရဲတပ်သား ကျော်ကျော်မိုးတွင် ဦးခေါင်းယာဘက် ဂျိုစောင်း(၁)လက်မခွဲခန့် ပေါက်ပြဲ ဒဏ်ရာ(၂)ချက်၊ နဖူးယာဘက်တွင်(၁)လက်ခန့်ရှိ ပေါက်ပြဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း” ဖေါ်ပြပါသည်။

ရဲတပ်သား သန့်ဇင်ဝင်းသည် ဦးခေါင်းတွင်ရရှိသော ဒဏ်ရာကြောင့် အင်္ဂါနေ့ နံနက်(၁)နာရီကျော်ခန့်တွင် ကွယ်လွန်ခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖေါ်ပြထားသည်။

တာဝန်ကျ ရဲတပ်သား (၂) ဦးအပေါ် လူသတ်မူ ကျူးလွန်သူများအား သင်ချိုင်းအတွင်း ကျူးကျော်၍ အုပ်ဂူများကိုဖျက်ဆီးခြင်း၊ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ခြင်း စသည့် ပြစ်မူများဖြင့် စစ်တွေမြို့ ရဲစခန်းတွင်(ပ)၃၁၃/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၇/၃၃၃ အရ အမှုဖွင့်ထားသည်ဟု သိရှိရသည်။

ယခုအမူနှင့် ဆက်စပ်ပြီး ပြစ်မူ ကျူးလွန်သူများဟု သံသယ ဖြစ်ခံရသူ ဘင်္ဂလီ(၃)ဦးကို ရဲက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
Burmesenews narinjara

မလေးရှားမှာ မြန်မာ အမျိုးသမီး ၂ ဦး အသတ်ခံရ


မလေးရှားနိုင်ငံမှာ မြန်မာအမျိုးသမီး ၂ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပြန်ပါပြီ။ Jalan Baru နယ် Kampung Setol အရပ်က ရထားလမ်းဘေးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတယ်လို့ ဒီကနေ့ ထုတ် မလေးရှား အခြေစိုက် The Star Online သတင်းတပုဒ်က ဖော်ပြထားပါတယ်။

အသတ်ခံရသူ မြန်မာအမျိုးသမီး ၂ ဦးရဲ့ ဓာတ်ပုံ- The Star Online

အသက် ၂၁ နှစ်ရှိ မဋ္ဌေးဋ္ဌေးသန်းကို အသက် ၄၁ နှစ်ရှိ မသန်း ဆိုသည့် အမျိုးသမီးနဲ့အတူ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

မလေးရှား စီအိုင်ဒီ အကြီးအကဲ ရဲ့လက်ထောက် ဖြစ်သူ Mazlan Kesah က ပြောတာမှာတော့ မနေ့ည သန်းခေါင်လောက် က အခင်းဖြစ်ရာ အနီးဖြတ်သွားသူတဦးက အော်သံကြားပြီးနောက် ဒီ မြန်မာအမျိုးသမီး ၂ ဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ တာလို့ ဆိုပါတယ်။

“သူတို့ ၂ ဦးလုံးက ပွဲချင်းပြီး သေဆုံးခဲ့တာပါ” လို့ မလေးရှား စီအိုင်ဒီအရာရှိ မာဇလန်က ပြေပါတယ်။

တန်ဘိုးရှိပစ္စည်းတွေလည်း ယူသွားတာ မရှိတော့ လုယက်မှုလို့ ပြောရမှာလည်း သူ့အနေနဲ့ မပြောလိုသေး ပုံပါ။ သူက ပြေတာမှာတော့ အခု သေဆုံးသွားခဲ့သူ မြန်မာအမျိုးသမီး ၂ ဦးဟာ စက်ရုံအလုပ်သမားတွေဖြစ် ပြီး အလုပ် လက်မဲ့ ဖြစ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့ဟာ လမ်းလျှောက်လာရင်း အခုလို တိုက်ခိုက်ခံလိုက်ရတာဖြစ်မယ်လို့လည်း သူကဆိုပါတယ်။

“မြန်မာ အမျိုးသား ၂ ဦးကိုတော့ အခင်းဖြစ်ပွားရာနေရာအနီး ဘတ်စ်ကား ဂိတ်တခုမှာ အခင်းဖြစ်ပြီး နာရီဝက်မှာ ဖမ်းမိ ထားတယ်” လို့ သူက ဆက်ပြောထားပါတယ်။

အသက် ၃ဝ ဝန်းကျင်ရှိတဲ့ အဲဒီ သံသယဖြစ်ခြင်းခံရသူ မြန်မာအမျိုးသား ၂ ဦးကိုတော့ မျက်မြင်သက်တဦး ရဲ့ အကူအညီနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီး ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သံသယဖြစ်သူ မြန်မာအမျိုးသား ၂ ဦးကိုတော့ စစ်ဆေးမှုတွေ လုပ်နေပြီး အမှုမှန်ပေါ်ပေါက်ရင်တော့ သူတို့ဟာ လူသတ်မှုနဲ့ အရေးယူခံရမယ်လို့ သတင်း က ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အခုထိ လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ လက်နက်ပစ္စည်း တစုံတရာကိုမှ ရှာမတွေ့ရသေးဘူးလို့ စီအိုင်ဒီ အရာရှိက ပြောထားပါသေးတယ်။

အိမ့်သံစဉ် ~

ဧရာဝတီ Facebook / ဧရာဝတီ Twitter

အမေရိကန် မိကျောင်းများနှင့် မြန်မာ့စပါးအုံးတို့၏ နယ်မြေလုစစ်ပွဲ


အမေရိကန် မိကျောင်းများနှင့် မြန်မာ့စပါးအုံးတို့၏ နယ်မြေလုစစ်ပွဲ မြန်မာ့မျိုးရင်း စပါးအုံးမြွေများသည် သဘာဝ ဥယျာဉ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားသည့် အဲဗားဂလိတ်၏ ဂေဟစနစ်ကို ကြီးကြီးမားမား ခြိမ်းခြောက်လာနေသလို အဲဗားဂလိတ်၏ အထွဋ်အထိပ် ကြီးစိုးသူများအဖြစ် သတ်မှတ်ထားသည့် အမေရိကန် မိကျောင်းများနှင့်ပါ အားပြိုင်လာနေပြီ ဖြစ်သည်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ နာမည်ကျော် အဲဗားဂလိတ် သဘာဝ ရွှံ့နွံတောကြီးအတွင်း မြန်မာ့မျိုးရင်း စပါးအုံးမြွေများ ကျူးကျော်ဝင်ရောက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ရှိသူများ  အခက်ကြုံနေရသည်။ အဆိုပါ စပါးအုံးမြွေများသည် သဘာဝ ဥယျာဉ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားသည့် အဲဗားဂလိတ်၏ ဂေဟစနစ်ကို ကြီးကြီးမားမား ခြိမ်းခြောက်လာနေသလို အဲဗားဂလိတ်၏ အထွဋ်အထိပ် ကြီးစိုးသူများအဖြစ် သတ်မှတ်ထားသည့် အမေရိကန် မိကျောင်းများနှင့်ပါ အားပြိုင်လာနေပြီ ဖြစ်သည်။ အဲဗားဂလိတ်ကို ထိန်းသိမ်းစောင့်ရှောက်သည့် ဝန်ထမ်းများက မြန်မာ့မျိုးရင်း စပါးအုံးများကို နှိမ်နင်းရန် အစီအစဉ်သည် မိမိတို့အတွက် အောင်နိုင်ခြေ မရှိသော တိုက်ပွဲကို ဆင်နွှဲနေရခြင်းနှင့် တူနေကြောင်း ဝန်ခံထားသည်။

ယခုသီတင်းပတ် အစောပိုင်းကမူ အဲဗားဂလိတ် အမျိုးသားဥယျာဉ်၏ Facebook ဝက်ဘ်ဆိုက် စာမျက်နှာတွင် မိကျောင်းတစ်ကောင်က စပါးအုံးမြွေ တစ်ကောင်ကို သတ်ဖြတ်ကိုက်ခဲထားသည့် ဓာတ်ပုံကို လွှင့်တင်ထားခဲ့သည်။ အဲဗားဂလိတ်၏ အဏ္ဏဝါဘုရင်များဖြစ်သည့် မိကျောင်းများသည် စပါးအုံးမြွေများနှင့် ရင်ဆိုင်ရာတွင် များသောအားဖြင့် အနိုင်ရတတ်သော်လည်း တစ်ခါတစ်ရံတွင်လည်း မြွေများက အသာစီးရသွားတတ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ အဲဗားဂလိတ် အနီးတွင် နေထိုင်သည့် စတိဗ်ဂရင်းက "မိကျောင်းတွေက သိပ်မြန်တယ်။ ပြီးတော့ စူးစိုက်မှုလည်း အားကောင်းတယ်။ မိကျောင်းနဲ့မြွေ တိုက်ပွဲဖြစ်နေတာကို ကျွန်တော် မြင်ဖူးတယ်။ မြွေကို မိကျောင်းက သတ်ဖြတ်ပစ်လိုက်နိုင်တယ်"ဟု ပြောကြားခဲ့သည်။

အဲဗားဂလိတ်၏ Facebook စာမျက်နှာတွင် "အဲဗားဂလိတ်မှာ အမေရိကန် မိကျောင်းတွေကသာ အားအကောင်းဆုံး သားရဲတွေ ဖြစ်ပါတယ်။ သူတို့ဟာ စပါးအုံးတွေကို စားသောက်ဝါးမြိုနိုင်ကြတယ်။ ဒါပေမဲ့ တစ်ခါတစ်လေတော့လည်း အခြေအနေက ပြောင်းပြန် ဖြစ်သွားတတ်တယ်"ဟု ရေးသားထားသည်။ မြန်မာ့မျိုးရင်း စပါးအုံးများတွင် သတ်သတ်မှတ်မှတ် သားကောင်ဟူ၍ မရှိဘဲ တွေ့ရာမြင်ရာ သက်ရှိကို ဖမ်းစားလေ့ရှိသည်။ ၎င်းတို့သည် အလွန်မျိုးပွားနှုန်း မြန်ဆန်ပြီး အဲဗားဂလိတ်တွင် အရေအတွက် လျင်မြန်စွာ တိုးပွားလာခြင်းမှာ သစ်တောရေးရာ ဝန်ထမ်းများအတွက် ခေါင်းခဲစရာ အခြေအနေ ဖြစ်နေသည်။

အဲဗားဂလိတ် ဒေသတွင် ပေါက်ဖွားသည့် ဇာတိရင်းမြစ် မဟုတ်သော စပါးအုံးမြွေများသည် အဆိုပါ ရွှံ့နွံတောကြီးအတွင်း ကောင်ရေ တစ်သိန်းမျှထိ ရှိနေပြီဟု ယူဆရသည်။ မြန်မာ့မျိုးရင်း စပါးအုံးမြွေ တစ်ကောင်သည် (၂၃)ပေထိ ရှည်လျားလာတတ်ပြီး ကိုယ်အလေးချိန် ပေါင်(၂၀၀)မျှထိ လေးလံကာ တယ်လီဖုန်းလိုင်း တိုင်တစ်လုံးစာမျှထိ လုံးပတ်ကြီးထွားနိုင်သည်။ အဲဗားဂလိတ်တွင် အမေရိကန် မိကျောင်းမျိုးနွယ်များ ရှင်သန်နေသည်မှာမူ နှစ်သန်းပေါင်း (၁၅၀)မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် (၁၈)ပေထိ ကြီးထွားပြီး ကိုယ်အလေးချိန် ပေါင်(၆၀၀)ထိ ထွားကျိုင်းလာနိုင်ကြောင်း သိရှိရသည်။

Planet Myanmar Network

လှည်းကူးမြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၃၀.၁၂.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် လှည်းကူးမြို့နယ်၊ ဖောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဂုံမင်းလျှိုကျေးရွာအပိုင်၊ သစ်နီပင်တောစခန်း အနီးရှိ ၀ါးတစ်လက်ချောင်းစပ်တွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သစ်နီပင်တောစခန်းနေ ကရင်(ခ)မြင့်ဇော်၊ (၅၁)နှစ်၊(ဘ)ဦးအေးမောင်မှာ ယာဂုတ်ပိုးပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ချိုစောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ၃၀.၁၂.၂၀၁၃ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် သေဆုံးသူ ကရင်(ခ)မြင့်ဇော်သည် အရက်မူးပြီး ချောင်းအတွင်းရေချိုးနေသော ဇနီးဖြစ်သူမသန်းသန်းမြင့်အား ဆဲဆိုကြိမ်းမောင်းကာ တောခုတ်ဓါးဖြင့်လိုက်လံခုတ်စဉ် ဇနီးဖြစ်သူ မသန်းသန်းမြင့်မှာ သားဖြစ်သူအောင်ဆန်းဦး(သေဆုံးသူ၏မယားပါသား) ထံထွက်ပြေးသွားခဲ့ကြောင်း၊ ပထွေးဖြစ်သည့် သေဆုံးသူမှ အောင်ဆန်းဦးအား မိခင်ဖြစ်သူမသန်းသန်းမြင့်နှင့် ပေးစားဆဲဆိုခြင်းများ ပြုလုပ်ခဲ့၍ အောင်ဆန်းဦးနှင့်ထပ်မံစကားများကြကာ လုံးထွေးသတ်ပုတ်
ခဲ့ကြကြောင်း၊ ထိုသို့အခင်းဖြစ်ပွါးစဉ်သေဆုံးသူကိုင်ဆောင်ထားသော ဓါးအား အောင်ဆန်းဦးမှလုယူပြီး ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အောင်ဆန်းဦးအား ဖောင်ကြီးနယ်မြေရဲစခန်း (ပ)၁၃၃/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တရားစွဲဆိုခံရသူ ၁၂၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြု


Wednesday, January 1, 2014

နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တရားစွဲဆို ခံထားရသူ ၁၂၀ ကျော်ကို ဒီဇင်ဘာ ၃၁ ရက်တွင် လွှတ်ပေး လိုက်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သော နိုင်ငံရေး အကျဉ်းသားများတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈၊ မတရားအသင်းနှင့် ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အကျဉ်းကျခံရသူ အများဆုံး ပါဝင်ပြီး ပအိုဝ့် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO မှ တစ်သက် တစ်ကျွန်း ကျခံသူနှစ်ဦး ပါဝင်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) အပါအဝင် နိုင်ငံရေးပုဒ်မ (၇) ခုနှင့် ပတ်သက်ပြီး အချုပ်ကျပြီး တရားစွဲဆိုခံနေရသူ ၁၂၅ ဦးကို လွှတ်ပေးလိုက်ပြီး အဆိုပါ အမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်းကို ပိတ်သိမ်းလိုက်ကြောင်း ၎င်းကပြောကြားသည်။
“အားလုံးကို ကျခံနေတဲ့ အမှုတွေ အားလုံးကို လျှော့ပေါ့ ပေးလိုက်တဲ့သဘော ပါ” ဟု ၎င်းကဆိုသည်။

လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီမှ နိုင်ငံရေး အကျဉ်းသား ၃၅ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် တင်ပြခဲ့ရာ ခြောက်ဦးသာ လွတ်မြောက်ခဲ့ကြောင်း၊ ကျန်နေသူများမှာ နိုင်ငံရေးအမှုများ အားလုံးကို လျှော့ပေါ့ ပေးသော်လည်း အခြားအမှု များကြောင့် အကျဉ်းထောင်များအတွင်း ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။

၎င်းအပြင် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်တွင်မပါဝင်သော လယ်ယာမြေမှုများ၊ ပုံနှိပ် အက်ဥပဒေများနှင့် တရားစွဲဆိုခြင်း ခံထားရသူ ၇၀ ကျော် ကျန်ရှိကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ဝင် ဦးသက်ဦးက ပြောကြားသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သော အမှုများတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၊ အများပြည်သူအကျိုး ပျက်စီးစေမှု ၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်မှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများနှင့် ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေများ ပါဝင်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဒီဇင်ဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

ကြံ့ခိုင်ရေး အခြေခံဥပဒေ ပြင်ဆင်ချက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန် ခက်ခဲဆဲ


ပြီးခဲ့သည့် မေလ ၁ ရက်က ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ လူငယ် ညီလာခံ၌ သူရ ဦးရွှေမန်းနှင့် သူရ ဦးအေးမြင့် လူငယ် ကိုယ်စားလှယ်များကို လိုက်လံ နှုတ်ဆက်စဉ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)
ထက်နိုင်ဇော်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၅၉(စ) အပါအ၀င် အချက် ၅၀ ကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က ပြင်ဆင်ရန် စီစဉ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေးအတွက် ခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၇ ရက် မှ ၃၀ ရက် အထိ ကျင်းပခဲ့သော ကြံ့ခိုင်ရေး ပါတီ ဗဟို ကော်မတီ အဆင့် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အချက် ၇၃ ချက် တင်ပြရာ၌ ၂၂ ချက်ကို ပယ်ဖျက်၍ ၅၁ ချက် ကို ပြင်ဆင်ရန် အတည်ပြုခဲ့ကြောင်း ကြံ့ခိုင်ရေး ပါတီက ပြောသည်။
ပြင်ဆင်ချက်များ ထဲတွင် သမ္မတ အရည်အချင်း ပြင်ဆင် သတ်မှတ်ခြင်း အပါအ၀င် တိုင်း ဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ခန့်အပ်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ရွေးချယ်ခွင့် ရရှိ စေရန်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဥပဒေ ပြဋ္ဌာန်း၍ တာဝန်ပေး ဆောင်ရွက်ရန် ဆိုသော အချက်များ ပါဝင်ကြောင်း လည်း ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြော ပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတဖြစ်ခွင့် အရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် ပုဒ်မ ၅၉(စ)တွင် တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရဆိုသော အချက်ကို ကြံ့ခိုင်ရေး ပါတီက ပြင်ဆင်ပေးရန် လွှတ်တော်သို့ တင်သွင်းမည်ဟု သဘောတူခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာ ရန် အတားအဆီးများစွာ ရှိနေသေးကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာသူများက ပြောဆိုကြသည်။
NLD နေပြည်တော် ခရိုင် ဥက္ကဋ္ဌ ဦးမင်းသူက ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သားနှစ်ဦးကို မွေးဖွားခဲ့သည့် အချိန်တွင် မြန်မာ သံရုံးသို့ သွားရောက်ပြီး နိုင်ငံသား မှတ်ပုံတင် ခဲ့ကြောင်းကို ၁၉၈၉ ခုနှစ်က  ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော် ပြောဆိုထားကြောင်း၊ သားနှစ်ဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်းကို ရှင်း လင်း ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးသည် ယခုအခါ ဗြိတိန်နိုင်ငံသားများ ဖြစ်ကြပြီး မွေးဖွားချိန်မှ ၁၉၈၉ ခုနှစ် အထိ မြန်မာနိုင်ငံ သားများ ဖြစ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် နိုင်ငံရေးအရ တပ်မတော် အစိုးရက မြန်မာနိုင်ငံသား အဖြစ် ရုပ်သိမ်းခဲ့သည့် အတွက် ၎င်းတို့နှစ်ဦးကို (Stateless) နိုင်ငံမဲ့ ဖြစ်မသွားစေရန် ဗြိတိန်နိုင်ငံက နိုင်ငံသား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော့် အမြင်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က သေသွားပြီ ဆိုတော့ ပြဿနာ မရှိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံလိုက်ရင် ရပြီ။ ဒါဆို သူ သမ္မတအဖြစ် အရွေးခံခွင့် ရှိပြီ”ဟု ဦးလှဆွေက ဧရာဝတီသို့ ပြော သည်။
မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ လက်ရှိ အာဏာရ ပါတီဖြစ်သော ကြံ့ခိုင်ရေး ပါတီ၏ သဘောထား တခု တည်းနှင့်သာ ဒေါ်ဆောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘဲ ဖြတ်ကျော်ရမည့် အဆင့်များစွာ ရှိနေသေးကြောင်း၊ လွှတ်တော်ထဲတွင် ယင်းအချက်ကို ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်မှု အပါအ၀င် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ပြုလုပ်ရမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။
နိုင်ငံရေး သဘောအရ ကြံ့ခိုင်ရေး ပါတီ အနေဖြင့် သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ပေးလိုကြောင်း သဘောထား ရှိသည်ဟု ထုတ်ပြရုံသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သမ္မတ ဖြစ်ခွင့် ပုဒ်မကို ပြင်ဆင်နိုင်ရန် လွှတ်တော်ထဲတွင် အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းကျော် ရှိရန် လိုအပ်သည့် အတွက် တပ်မတော်၏ သဘောထားမှာ အရေးကြီး လာကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောဆိုသည်။
“ကြံခိုင်ရေး ပါတီက ပြင်ပေးဖို့ သဘောတူရုံလောက်နဲ့ ဒေါ်စု သမ္မတ မဖြစ်နိုင်သေးဘူး။ လွှတ်တော်ထဲမှာ ဒီကိစ္စကို ပြန်ဆွေးနွေးရင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတယ်။ ကြံ့ခိုင်ရေး အပါအ၀င် တခြားပါတီတွေနဲ့ တိုင်းရင်းသားတွေ ထောက် ခံဦး။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တယောက် မထောက်ခံရင် ဘာမှလုပ်လို့ မရဘူး။ လွှတ်တော်က သဘောတူ သွားရင်တောင် ဖွဲ့စည်းပုံမှာပါတဲ့ အချက် ၇၄ ချက်လောက်က တနိုင်ငံလုံးမှာ လူထု ဆန္ဒခံယူပွဲ လုပ်ပြီး ပြင်မှရမယ်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။
တနိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ မဲပေးပိုင်ခွင့် ရှိသည့် လူဦးရေ အားလုံးထောက်ခံမှ သာလျှင် ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ ဖြစ်နိုင်ခြေ နည်းပါးသည်ဟုလည်း ၎င်းက ပြောသည်။
တပ်မတော် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပြီး ဖြစ်သော်လည်း အသေးစိတ် မထုတ်ပြန်နိုင် သေး ကြောင်း ၊ သို့သော် မကြာမီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဝေလင်းက ဧရာဝတီသို့ ပြောကြားသည်။
NLD ပါတီကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စီစဉ်နေကြောင်း၊ ဖွဲ့စည်းပုံ အခန်း(၁၂)၌ ပြင်ဆင်ခွင့် ပေးထားရာ ထိုအခန်း (၁၂) ကိုပင် ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ပြောသည်။
“အခန်း(၁၂)ကိုလည်း ပြင်ဖို့လုပ်မှာပါ။ ဟို ၇၅ ရာခိုင်နှုန်းကျော် ဆိုတာလည်း ပြင်ရမယ်။ ကျနော်တို့ ၅၉(စ) ကိစ္စအပါအ၀င် ပြင် ရမယ့် အကြောင်းတွေ အားလုံးကို မကြာခင်ထုတ်ပြန်ပေးဖို့ ရှိပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၂)တွင် ပုဒ်မ ၇၀ ကျော်ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၉ ရက်တွင် NLD ပါတီ၏ ၂၀၁၃ ခုနှစ် အတွက် ဒုတိယအကြိမ် ဗဟို ကော်မတီ အစည်းဝေး ကျင်းပခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည် ဖြစ်စေ၊ မပြင်သည် ဖြစ်စေ NLD ပါတီ အနေဖြင့်၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက အစည်းဝေး အပြီးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုသည်။
“ဒီလို အခြေအနေမှာ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ မ၀င်သင့်ဘူးဆိုတာ သဘောတရားရေး အရ ပြောတာ။ ဒေါ်စုက NLD အတွက် ပြောခဲ့တာ မဟုတ်ဘူး။ သဘောတရားရေးအရ ပြောခဲ့တာ။ ဒီနေ့အစည်းဝေးက NLD ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်တဲ့ အစည်းဝေး မဟုတ်ဘူး။ ရွေးကောက်ပွဲ ၀င်ဖို့ အရင်ကတည်းက ဆုံးဖြတ်ပြီးသား။ ဒါကြောင့် ၀င်ဖြစ်အောင် ၀င်မယ်လို့ ကျနော် ပြောတာ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
NLD ပါတီသည် ယင်း၏ ပြိုင်ဖက်ပါတီ ကြံ့ခိုင်ရေး ပါတီနှင့် နှလုံးရည်အရ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ပြင်း ထန်မည် ဖြစ်ကြောင်း၊ NLD အနေဖြင့် ပုဒ်မ ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြင်ဆင် လိုသော အချက် ၁၆၈ ချက် ရှိကြောင်း ထုတ်ပြန် ပြောဆိုသည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အကြံပြုချက် များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီသို့ ဒီဇင်ဘာလ ၂၄ ရက်က ပေးပို့ခဲ့သည်ဟု ထုတ်ပြန်သည်။
အကြံပြုချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် အရွေးခံနိုင်မည့် ပုဒ်မကို ပြင်ဆင်ပေးရန် တောင်းဆိုမှု မပါဝင်ဘဲ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးမှု ၊ ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ဖြစ်စဉ် ၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားမှ ဆုံးဖြတ်ထားသော အမျိုးသား အင်အားစု အားလုံး ပါဝင်သည့် ညီလာခံ တရပ် ဖြစ်ပေါ်လာရေး ကြိုးပမ်းနေမှု ဖြစ်စဉ်များ အားလုံးကို ဆက်စပ် ညှိနှိုင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပေဒေ ပြင်ဆင် ပြောင်းလဲမှုများကို ဥပဒေကြောင်းအရ ခိုင်မာစွာ အတည်ပြုနိုင်ရန် အကြံပြုထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ခက်ခဲ တင်းကျပ်လွန်းပါက ဥပဒေအရ ဖြေရှင်းနိုင်မှု မရှိဘဲ သွေးထွက် သံယိုမူများ၊ အုံကြွမှုများဖြင့် ပြောင်းလဲရသည့် အခါ နိုင်ငံ အတွက် များစွာသော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ယင်း အကြံပြုစာတွင် ပါရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထောက်ခံ ဆန္ဒ ခံယူပွဲကို ၂၀၀၈ ခုနှစ် မေလ ၁၅ ရက်တွင် တပ်မတော် အစိုးရက မြို့နယ်ပေါင်း ၂၇၈ မြို့နယ်တွင် ပြုလုပ်ခဲ့ရာ လူဦးရေ ၉၉.၀၇ ရာခိုင်နှုန်း တက်ရောက်ခဲ့ပြီး ယင်းတို့အနက်မှ ၉၂.၄ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း ထိုအချိန်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုး က ကြေညာခဲ့သည်။

ပထမဆုံးဇာတ်ကား ရိုက်ကူးရေးဖြစ်တဲ့အတွက် အခက်အခဲတွေရှိနိုင်ပေမယ့် ကြိုးစားသွားမယ့် ခိုင်သဇင်ယုဝါ

မျက်နှာချိုချိုနဲ့ ချစ်စရာသွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ခိုင်သဇင်ယုဝါဆိုတဲ့ ကောင်မလေးကို အားလုံးသတိပြုမိသားဖြစ်မှာပါ။ သူမနဲ့ တွေ့ဆုံခိုက်လေး သူမရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှု အကြောင်း၊ သရုပ်ဆောင်ပညာပိုင်းတွေအပြင် New Year အစီအစဉ်အကြောင်းလေးတွေ မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘အခု ညီမ ပြည်သွားဖို့ရှိတယ်။ နောက်ပြီး အဆာဟိ ထီးပွဲလေး လျှောက်ဖို့ရှိတယ်။ နယ်က Dcash က Hair showလေး လျှောက်ဖို့ရှိတယ်။ ညီမက Dcashရဲ့ မော်ဒယ်လ်ဆိုတော့ သူတို့ရှိုးတိုင်း နယ်သွားပေးရတယ်။ နောက်ပြီးတော့ ဇာတ်လမ်းတွဲရိုက်ဖို့ ရှိတယ်။ ဒီ၁လပိုင်းမှာ ရိုက်မှာပေါ့နော်။ အစက ဒီဇင်ဘာမှာရိုက်ဖို့စီစဉ်ထားတာ ရက်ချိန်းမရလို့ ရွှေ့သွားတာ။ တောင်ကြီးမှာ သွားရိုက်ရမှာပါ။ သရုပ်ဆောင်ပညာနဲ့ပတ်သတ်ပြီး အခွေတွေ ငှားကြည့်ဖြစ်တယ်။ မှန်ရှေ့မှာ သရုပ်ဆောင်ဖြစ်တယ်။ ပထမဆုံးကား ဖြစ်တဲ့အတွက် အခက်အခဲတော့ ရှိနိုင်ပါတယ်။ ဇာတ်လမ်းတွဲဆိုတာက ရှည်တယ်လေ။ မနန်းသူဇာက ဥာဏ်လင်းအောင်နဲ့က ပထမတစ်ဘ၀၊ မနန်းသူဇာက မွေးလာတဲ့နောက်ဘ၀က ညီမပါ။ မနန်းသူဇာရော ညီမရော နေရာရတယ်။ မျှလည်း မျှတဲ့အတွက် လက်ခံဖြစ်တာပါ။ ညီမအတွက် အခွင့်အရေးရှိမယ်ဆိုရင် ဇာတ်လမ်းတွေကို လက်ခံရိုက်ကူးသွားမှာပါ။ ညီမရဲ့ ပထမဆုံးဇာတ်ကား ဖြစ်တဲ့အတွက် အမှားတွေပါရင် သည်းခံပြီးကြည့်ပေးကြပါ။ New Yearက ရန်ကုန်မှာပဲရှိမှာပါ။ ပရိသတ်ကြီးအားလုံး Happy New Yearပါ။ နှစ်သစ်မှာ ပရိသတ်ကြီးအားလုံး အလုပ်အကိုင်တွေ အဆင်ပြေပါစေ’လို့ သူမက ပရိသတ်အတွက် ဆုတောင်းပေးသွားပါတယ်။
Trend Myanmar

ရန်ကုန်တွင် ကျူးကျော်အလုံးအရင်း တိုးပွားမှု အရေးယူတော့မည်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် တွံတေးမြို့နယ် တို့တွင် ကျူးကျော် အိမ်ခြေများ အလုံးအရင်း တိုးပွားနေမှုကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျူးကျော်အိမ်ခြေ တည်ဆောက်မှု ပြဿနာများကို သေချာစွာ စိစစ်နေသောကြောင့် အရေးယူမည့် အချိန်ကာလ ကိုမူ လတ်တလောတွင် ပြောကြားနိုင်ခြင်း မရှိကြောင်း အဆိုပါ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
"သူတို့ (ကျူးကျော်နေထိုင်သူများ) ကို မြေကွက်တွေ ချထားပေးမယ် ဆိုတဲ့ သတင်းတွေက လျှောက်ပြောနေတာပါ၊ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမှာပါ" ဟု ၄င်းကဆိုသည်။

ပန်းလှိုင်မြစ်ကမ်း ပေါ်တွင် နေထိုင်သူများမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၄င်းတို့၏ နေအိမ်များကို ဒီဇင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားကာ ဖျက်သိမ်း ပြောင်းရွှေ့ပေးရန် စာဖြင့် ညွှန်ကြားထားသဖြင့် နေစရာမြေ မရှိခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်ကာ တောများခုတ်ထွင် ရှင်းလင်း၍ နေထိုင်ရန် တဲများဆောက်လုပ်ခြင်း ဖြစ်ကြောင်း အိုးအိမ်မဲ့ တည်ဆောက်ရေး ခေါင်းဆောင် ဦးကျော်ထက်နိုင်က ပြော ကြားသည်။

လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာ တစ်လျှောက်တွင် အစိုးရက မြေကွက်များ ချထားပေးမည် ဆိုသော သတင်းများ ဒီဇင်ဘာ လဆန်းပိုင်းက ထွက်ပေါ်လာ ပြီးနောက် ယင်းနေရာများတွင် မြေကွက်များကို ဦးယူ နေကြပြီး ပန်းလှိုင်မြစ်ကူး တံတားအနီး ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်ရှိ မြေနုကျွန်းများ၊ ဥယျာဉ်ခြံများ တွင်လည်း “ဆင်းရဲဒုက္ခ ရောက်နေသည့် အိုးမဲ့အိမ်မဲ့ ပြည်သူများ သောင်ထွန်းမြေနုကျွန်း ပေါ်တွင် ခေတ္တယာယီ တဲထိုး နေထိုင်ရာဒေသ” ဟူ၍ ဗီနိုင်းပိုစတာများ စိုက်ထူကာ အဆောက်အအုံများ ထောင်နှင့်ချီကာ ဆောက်လုပ်လျက်ပြီး ယင်းတို့အထဲတွင် သာသနာ့ အဆောက်အအုံ တစ်ခုလည်း ပါဝင်သည်။

"သူတို့က ဒီမှာ မင်းမဲ့စရိုက် ဆန်ဆန်ပဲ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေလည်း ဒီအတိုင်း ကြည့်နေရတယ်။ ဒီမှာရှိတဲ့မြေကွက် လပ်မှန်သမျှ သူတို့ကလွဲပြီး တခြားလူ မဦးရဘူး။ တဲထိုးပြီးရင် တခြားလူကို ပြန်ရောင်း စားတယ်" ဟု တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

ယင်းအပြင် လှိုင်သာမြို့နယ်၊ စက်မှုဇုန် အချို့ရှိ ပိုင်ရှင်ရှိ မြေကွက်များ ပေါ်တွင်လည်း လူအုပ်စု အလုံးအရင်းဖြင့် နေအိမ်၊ အဆောက် အအုံများ ဝင်ရောက်ဆောက်လုပ်ခြင်းများ ရှိနေပြီး ဒေသခံ ကျေးရွာသားများနှင့်လည်း မကြာခဏ ပဋိပက္ခများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပန်းလှိုင် မြစ်ကူးတံတား အနီးတွင် ခလောက်ချိုက် ကျေးရွာအုပ်စု၊ ပဒံရေကျော် ကျေးရွာတွင် ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ဒီဇင်ဘာ ၂၈ ရက်နေ့များက လည်းကောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ များတွင်လည်းကောင်း ကျူးကျော် ဝင်ရောက်သူတို့နှင့် ဒေသခံကျေးရွာသား များအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

The Voice Weekly

အင်းစိန်ထောင်မှ ညနေပိုင်းတွင် ငါးဦးထပ်မံလွှတ်

ဒီဇင်ဘာ ၃၁ရက် လွတ်ငြိမ်းချမ်းသာခွင့်တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာသူများ (ရုပ်/သံ)

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စာရင်းထဲတွင် မပါဝင်သော ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုနှင့် အကျဉ်းကျသူ ငါးဦး အင်းစိန်အကျဉ်းထောင်မှ ညနေ ၄နာရီခွဲခန့်တွင် ထပ်မံလွတ်မြောက်လာကြောင်း AAPP-Bမှ အထွေထွေအတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကိုပြောသည်။

အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာလ ၃၁ရက် နံနက်ပိုင်းက ကိုတင်ထွဋ်ပိုင်၊ ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင်တို့ သုံးဦးလွတ်မြောက်ခဲ့သဖြင့် ယခုငါးဦးနှင့်ဆိုလျှင် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ရှစ်ဦးရှိပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP-B၏ စာရင်းအရ နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူများနှင့် တရားရင်ဆိုင်နေရသူ စုစုပေါင်း ၁၈၉ယောက်ရှိပြီး ယနေ့ ၄နာရီခွဲအချိန်အထိ လွတ်မြောက်လာပြီးသူ စုစုပေါင်း ၁၃၀ဦးရှိသည်။ ထို့အပြင် ဒီဇင်ဘာ ၃၁ရက်တွင် တိုင်းရင်းသားအဖွဲ့အစည်းများဘက်မှ ပေးပို့လာသောစာရင်းအရ လွှတ်ပေးရန်ကျန်သော အကျဉ်းသား ၁၄ဦးတိုးလာသဖြင့် စုစုပေါင်း ၇၃ဦးကျန်ရှိနေသေးသည်။

မဇ္ဈိမသတင်းဌာန

မြန်မာအမျိုးသမီး နှစ်ဦး ပီနန်မြို့အနီးမှာ အသတ်ခံရ

2013-12-31

မလေးရှားနိင်ငံ ပီနန်မြို့အနီး ကမ်ပုန်ဆီတောကျေးရွာ ရထားလမ်းဘေးမှာ မြန်မာအမျိုးသမီး နှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာကို ရဲတပ်ဖွဲ့က တွေ့ရှိရကြောင်း မလေးရှားနိုင်ငံထုတ် The Star သတင်းစာမှာ ဒီနေ့ ဖေါ်ပြထားပါတယ်။

အသတ်ခံရသူ အမျိုးသမီး ၂ ဦးအနက် အသက် ၂၁ နှစ်အရွယ် မဌေးဌေးသန်းဆိုသူဟာ လည်ပင်းမှာ ဓါးဒဏ်ရာတွေ့ရပြီး အသက် ၄၁ နှစ်အရွယ် မသန်းဆိုသူကတော့ မျက်နှာနဲ့ကိုယ်ခန္ဓာမှာ ဓါးဒါဏ်ရာတွေ တွေ့ရှိရတယ်လို့ သတင်းကဆိုပါတယ်။

အမျိုးသမီး ၂ ယောက်စလုံး နေရာတင် ပွဲချင်းပြီး သေဆုံးပုံရတယ်လို့ ရဲဘက်က ပြောပါတယ်။

မျက်မြင်သက်သေ တစ်ဦးရဲ့ ပြောပြချက်အရ အခင်းဖြစ်ပွားပြီး မိနစ် ၃၀ လောက်အကြာမှာ မြန်မာနိုင်ငံသား နှစ်ဦးကို ဘတ်စကားဂိတ်မှာ ရဲကဖမ်းဆီးလိုက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့အဖွဲ့က ဦးရန်နိင်ထွန်းက အခုလိုပြောပါတယ်။

" မြန်မာ မိန်းကလေးနှစ်ယောက် သူတို့ အလုပ်ကနေ ပြန်အလာမှာ သူတို့ လမ်းတစ်ဝက်ကနေ အလုခံရတယ်ပေါ့ သေသွားတဲ့ ကောင်မလေးနှစ်ယောက်နဲ့ ပတ်သက်ပြီးတော့ ရဲကနေ မသင်္ကာတဲ့ မြန်မာ ယောင်္ကျာလေးနှစ်ယောက်ကို စစ်ဆေးမေးမြန်းနေတယ်၊ သတင်းအဲ့လောက်ပဲ သိရတယ်၊ တချို့ကလည်း သတင်းထွက်တာက ကောင်မလေးမှာ ဆွဲကြိုးပါခဲ့တယ်အလုခံရတယ်၊ နောက်ပြီးတော့ ကောင်မလေးက ပြန်ပြီးခုခံတာပေါ့နော်၊ ပြန်ခုခံတော့ ကောင်မလေးကို အသေလုပ်ထက်လိုက်တယ် ဖေ့ဘုတ်မှာတက်တာနဲ့ သတင်းက နည်းနည်းလွဲနေတယ်"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် အတည်ပြုချက်ရရှိနိုင်ဖို့ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရပါတယ်။

သမ္မတလွတ်ငြိမ်းခွင့်အမိန့်ဖြင့် အိုးဘိုထောင်မှ ၅၀၅ ခ ပြစ်ဒဏ်သင့် ၉ ဦးလွတ်မြောက်


မန္တလေး၊ မဇ္ဈိမ။ ။နိုင်ငံတော်သမ္မတမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ဒီဇင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့ရာ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)မှ နိုင်ငံတော်ဆူပူစေရန် လှုံ့ဆော်မှု ၅၀၅(ခ) ဖြင့် စွဲဆိုကာ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား ၉ဦးကို ဒီဇင်ဘာ ၃၁ရက် နေ့လယ် ၂ နာရီခွဲတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသည်။

ယနေ့လွတ်မြောက်လာသော ကိုးဦးသည် ကျောက်ဆည်မြို့၊ လက်ပံရွာမှ ၃ ဦး၊ မန္တလေးမြို့ မင်းတဲအီကင်းရပ်မှ ၃ ဦး၊ မန္တလေးမြို့ ၃၅ လမ်းဆူပူမှုမှ ၃ ဦး တို့ဖြစ်သည်။

“နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၉ ဦး လွတ်ငြိမ်းခွင့်ရတာဖြစ်ပါတယ်။ အားလုံးက မိတ္ထီလာအရေးအခင်းပြီးနောက်ပိုင်း ဆူပူအောင်လှုံ့ဆော်မှုနဲ့ ပါဝင်ပတ်သတ်လို့ ပြစ်ဒဏ်ကျခံရတာ ဖြစ်ပါတယ်။ ၈လလောက် အိုးအိုထောင်မှာ နေခဲ့ရပြီး လွတ်ငြိမ်းခွင့်ရတာဖြစ်ပါတယ်"ဟု နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ရုပ်မြင်သံကြားက ဒီဇင်ဘာ ၃၀ရက်ည ၈နာရီသတင်းတွင် အကျဉ်းသားမျာ လွှတ်ပေးမည်ဟု ကြေငြာသဖြင့် မိသားစုများက ဒီဇင်ဘာလ ၃၁ ရက် မနက် ၇ နာရီဝန်းကျင်ခန့်ကပင် လာရောက် စောင့်ဆိုင်းခဲ့ကြသည်။

"ကျွန်တော့်ညီက တပ်ကုန်းရွာသစ် ဗလီဖျက်တဲ့အထဲ ပါတယ်ဆိုပြီး အဖမ်းခံရတာ ထောင်၃နှစ်ချခံရတယ်။ ပြန်လွှတ်မယ်လို့ယုံကြည်လို့လာကြိုတာပါ "ဟု တပ်ကုန်းမြို့မှလာရောက်သူ ကိုအောင်မျိုးလတ်က မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း NLD ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမြမြကလည်း "ဒါဟာလုပ်သင့်တဲ့အလုပ်ကို လုပ်တာပါ။ ဒီလိုလွှတ်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ လွှတ်ပြီးပြန်မဖမ်းဖို့လည်းလိုတယ်။ နိုင်ငံရေးဇာတ်ခုံပေါ်ကို အားလုံးတင်ပေးလိုက် တယ်လို့မြင်တယ်။ ကျန်တာကတော့စောင့်ကြည့်ရမှာပေါ့"ဟု မဇ္ဈိမကိုပြေသည်။

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ ငါးဦး၊ ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုနှင့် အကျဉ်းကျသူ ငါးဦး အပြင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံရသူ၊ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၁၃၀ဦး ရှိပြီဖြစ်သည်။

အောင်ကိုဦး
Mizzima - News in Burmese
အင်္ဂါနေ့၊ ဒီဇင်ဘာလ ၃၁ရက်၊ ၂၀၁၃ခုနှစ်။

ပုဒ်မ(၁၈)ကို ပယ်ဖျက်မည်

ငြိမ်းချမ်း စွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ ဒေကိုပြင်ဆင်ထားသည့် ဥပဒေ ကြမ်းတွင် ပုဒ်မ၁၈ကို ပယ်ဖျက် ထားပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် နေသည့် အဆိုပါပုဒ်မအပြင် မူလဥပဒေပါ ပြဋ္ဌဌာန်းချက်တချို့ ကိုလည်း ပြင်ဆင်ထားကြောင်း ဒီဇင်ဘာ ၁၃ရက်ထုတ် နိုင်ငံ တော်ပြန်တမ်း၏ ဖော်ပြချက် အရ သိရသည်။

ယင်းပြန်တမ်းတွင် ပြင် ဆင်သည့် ဥပဒေကြမ်း၌ မူလ ဥပဒေပါ အခန်း(၇) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းမှ ပုဒ်မ၁၈ကို ဖြုတ်ထားပြီး ဥပဒေပါခွင့်ပြုမိန့် ဆိုသည့် စာသားများနေရာတွင် အကြောင်းကြားစာ၊ အကြောင်း ပြန်ကြားစာ စသည့် စကားလုံး များဖြင့် အစားထိုးထားတာကာ အခန်း(၄) ခွင့်ပြုမိန့်ထုတ်ပေး ခြင်းနှင့် ငြင်းပယ်ခြင်းစာသား နေရာတွင် အကြောင်းကြားစာ အား ကူညီဆောင်ရွက်ခြင်းဟူ ၍ ပြင်ဆင်ထားသည်ကို တွေ့ ရသည်။

အခန်း(၄)ပုဒ်၅ကို ပြင်ဆင် ထားချက်အရဆိုပါက သက် ဆိုင်ရာ  မြို့နယ်ရဲတပ်ဖွဲ့မှူးသည် သက် ဆိုင်ရာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ၏အကူအညီဖြင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ ရပ်ရွာ အေးချမ်းသာယာ ရေး(သို့) ပြည်သူ့အကျိုးငှာပြ ဋ္ဌဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်စေရန် အကြောင်း ကြားစာပေးပို့သူနှင့် ညှိနှိုင်းဆွေး နွေး ပူးပေါင်းဆောင်ရွက်ပေး ရမည်ဟုပါရှိသဖြင့် ယင်းပုဒ်မ ပြင်ဆင်ချက်အရ ယခင်ကဲ့ သို့ ခွင့်ပြုမိန့် လျှောက်ထားခြင်းကို ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ် ခြင်းပြုနိုင်သည်ဆိုသည့် စာသား ကို ပယ်ဖျက်ထားသည်ကိုတွေ့ ရပြီး ယခင်နိုင်ငံရေးအင်အားစု များနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများမှ တောင်းဆိုထား သည့် အချက် အများစု ကို ပြင် ဆင်ပေးထားသည်ကိုလည်း တွေ့ရသည်။

သို့ရာတွင် ထိုသို့နိုင်ငံ တော်ပြန်တမ်းပါ ငြိမ်းစုစီဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်း တွင်ပြင်ဆင်ထားသည့် အချက် များနှင့်ပတ်သက်၍ ပုဒ်မ-၁၈ ကိုဖျက်သိမ်းပေးထားမှုမှာ အ ပြုသဘောဆောင်သော်လည်း တချို့ပြင်ဆင်ချက်များမှာ စကားလုံး အရ ပြင်ဆင်မှုများသာဖြစ် ကာ ဥပဒေ၏ အနှစ်သာရ ပြောင်းလဲမှုကိုမူ မတွေ့ရသေး ကြောင်း၊ လွှတ်တော်၏ဆုံးဖြတ် မှုအခြေအနေကို စောင့်ကြည့် ရန်လိုအပ်နေသေးကြောင်း ပုဒ်မ -၁၈ဖျက်သိမ်းရေး လှုပ်ရှားနေ သူများနှင့် အဖွဲ့ အစည်း အသီး သီးမှ ပြောကြားကြသည်။

လက်ကျန်နိုင်ငံရေးအ ကျဉ်းသားများ စိစစ်ရေးကော် မတီဝင် ဦးရဲအောင်က ''ဒါကို ကျွန်တော် သေချာတော့ မသိ ဘူး။ ဒါပေမဲ့ ဒီပြင်ထားတဲ့ဟာ မှာ ပြန်လှည့်ထားတာရှိတယ်။ ဘာလဲဆိုတော့ ခွင့်ပြုမိန့်ဆိုတဲ့ နေရာမှာ အကြောင်းကြားစာ ဆိုပြီး စကားလုံး နဲ့ပြန်လှည့်ထား တာဖြစ်တယ်။ ပြီးတော့ အ ကြောင်းကြားစာကို လက်ခံပြီး ရင် ပြန်ပြီးအကြောင်းကြားစာ ကို စောင့်ရဦးမယ်။ ကျွန်တော် တို့လိုချင်တာက နိုင်ငံတကာမှာ လဲ ရှိပြီးသားပါ။ အကြောင်း ကြားရမယ် ဆိုတာ ကို လက်ခံ တယ်။ ဒါပေမဲ့ ခွင့်ပြုမိန့်(အ ကြောင်းကြားစာ)ကို ပြန်စောင့် ရမယ်ဆိုတာကို လိုချင်တာမ ဟုတ်ဘူး။ ဒါဟာ စကားရပ်နဲ့ပဲ လှည့်ထားတာဖြစ်တယ်''ဟု သုံးသပ်ပြောသည်။

ပုဒ်မ-၁၈ကို ဖြုတ်ထားပြီး ၁၈နှင့် အရေးမယူသော်လည်း ခွင့်ပြုခြင်းမရှိဘဲ လုပ်မည်ဆို ပါက တခြားပြစ်ဒဏ်များဖြင့် အရေးယူမည်ဆိုသည့် သဘော ဖြစ်နေကြောင်း အမှန်တကယ် ဖြစ်သင့်သည်မှာ ဥပဒေတစ်ခု ပြဋ္ဌဌာန်းမည်ဆိုပါက အခြေခံ ဥပဒေ တွင် ပါသည့် အချက်များ နှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရှုစစ် ဆေးရမည်ဖြစ်ကာ အခြေခံ ဥပဒေခုံရုံးသို့ ပေးပို့ဆန်းစစ် သင့်ကြောင်း၊ ယခုအခြေအနေ သည် ခုံရုံးကိုမေ့ထားသကဲ့သို့ ဖြစ်နေကြောင်း၊ ငြိမ်းစုစီဆိုသည် မှာ နိုင်ငံတကာတွင် ရှိပြီး သား ဖြစ်ကာ မြန်မာနိုင်ငံတွင်လည်း ရှိသင့်သည့် ဥပဒေတစ်ခုဖြစ် ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီ စနစ်၌ လူတစ်ဦးစီ၏အခွင့်အ ရေးကို ကူညီစောင့်ရှောက်ပေး ကာ တခြားတစ်ဖက်တွင် ပြည် သူများ၏လွတ်လပ်ခွင့်ကို ကာ ကွယ် စောင့် ရှောက် ပေးသည့် ဥပဒေမျိုးဖြစ်သင့်သည်ဟု ယင်း က ဆက်လက်ပြောသည်။

ပုဒ်မ-၁၈ဖြင့် ဖမ်းဆီးခံခဲ့ ရပြီး ဒီဇင်ဘာ၁၁ရက်တွင် ပြန် လည်လွတ်မြောက်လာခဲ့သည့် ဦးဒီငြိမ်းလင်းက ''အခုလို ပုဒ်မ -၁၈ကိုဖြုတ်ထားတာ ပြင်ဆင် ချက်အချို့ကို ပြင်ဆင်ပေးထား တာက အပြုသဘောဆောင် ပေမယ့် ဘယ်လို ပုံစံနဲ့ပြင် ဆင် ထားတယ်ဆိုတာလဲ မသိသေး ဘူး။ လွှတ်တော်မှာ ဒါကိုဆွေး နွေးဖို့ရှိတယ်ဆိုတာလဲ သိထား ရတဲ့အတွက် စောင့်ကြည့်ရဦး မယ်။ စာသားအရ ပြောင်းလဲ ထားပေမယ့် အနှစ်သာရအ ပြောင်းအလဲက ဘယ်လိုရှိလာ မလဲ လွှတ်တော် မှာဆွေး နွေး တဲ့အခါ အပြင်မှာလဲ အားလုံး က ဒါကို ပြင်းပြင်းထန်ထန်ကန့် ကွက်နေကြတယ်ဆိုတာလဲ သိ ပြီးသားဖြစ်တဲ့အတွက် ပြည်သူ့ အသံ၊ ဆန္ဒ ဘယ်လောက်ထိ ဖော်ဆောင်နိုင်မလဲ ကြည့်ပြီး မှ လက်တွေ့လက်ခံ ရပါလိမ့် မယ်''ဟု ဆက်သွယ် မေးမြန်း မှုကို ဖြေကြားသည်။

ပြင်ဆင်သည့်ဥပဒေကြမ်း ပါ ပြင်ဆင်ထားသည့်အချက် များမှာ စကားအားဖြင့် ပျော့ ပျောင်းလာသော်လည်း ဥပဒေ အရ တင်းမာလျက်ရှိပြီး ခွင့်ပြု မိန့်တောင်းခံခြင်းကို လုပ်မြဲအ တိုင်း တောင်းခံရမည်ဖြစ်ခြင်း ပုဒ်မ-၁၉ကို ပြင်ဆင်ခြင်းမရှိ သည့် အတွက် ယင်းပုဒ်မပါပြစ် ဒဏ်များအတိုင်း ချမှတ်ခံရမည် ဖြစ်ခြင်းတို့ကြောင့် ပြင်ဆင်ချက် တချို့ရှိလာသော်လည်း ယင်း တို့မှာမလုံလောက်ဘဲ ဥပဒေ တစ်ခုလုံးကို ဖျက်သိမ်းသင့် ကြောင်း ရှေ့နေများကွန်ရက် အဖွဲ့ဝင် တရားလွှတ် တော်ရှေ့  နေ ဦးကြီးမြင့်က ပြောသည်။

ကောင်းမြတ်ကျော်၊ ရွှေရည်မဉ္ဇူ

Yangon Media Group

ကမာရွတ်မြို့နယ် တွင် ကိုရင်လေး(၁)ပါး ရထားကြိတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၃၁.၁၂.၂၀၁၃ ရက်နေ့ ၀၅၁၅ အချိန်တွင် ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ ကမာရွတ်ဘူတာနှင့် ဟံသာဝတီ ဘူတာအကြားတွင် ကိုရင်လေး(၁)ပါးမှာ ရထားကြိတ်ခံ ရသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ အဆိုပါ ကိုရင်လေးမှာ အသက်(၁၂)နှစ်ခန့်ရှိပြီး ဘွဲ့အမည်၊ ဘုန်းကြီးကျောင်း နေရပ်လိပ်စာတို့အား မေးမြန်း၍မရဘဲ ရထားကြိတ်ခံ ရသဖြင့် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ၀ဲနားနောက်ပေါက်ပြဲ၊ ယာလက်မောင်းရင်းမှပြတ်၊ ယာခြေခုံပေါက်ပြဲ၊ ယာခြေချောင်းများပြတ် နေသည့်ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသလျက်ရှိကြောင်းတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါကိုရင်လေးမှာ ၃၁.၁၂.၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန်ခန့်တွင် ကမာရွတ်ဘူတာ အလွန် ကမာရွတ်(၆)ရပ်ကွက်၊ မိုင်တိုင်အမှတ် ၄/၅ နေရာ၌ ရထားသံလမ်းအား ဖြတ်ကူးစဉ် အင်းစိန်ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသော ခရမ်း(၁)မြို့ပတ်ရထားဖြင့် တိုက်မိအကြိတ်ခံရခြင်းဖြစ်ကြောင်း
သိရှိရသဖြင့် ကိုရင်လေး၏ ဘွဲ့အမည်၊ ကျောင်းနေရပ်လိပ်စာတို့ အားသိရှိနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

ဘန်ကောက်မှာ ရဲတွေ ဆန္ဒပြ

ထိုင်းနိုင်ငံ အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးတဲ့နောက် ရာနဲ့ချီတဲ့ ရဲဝန်ထမ်း အမျိုးသား မျိုးသမီးတွေ က ဘန်ကောက်မြို့မှာ ချီတက်ဆန္ဒပြကာ သူတို့ကို အကာအကွယ်ပေးနိုင်မယ့် အာဏာတိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အထွေထွေ ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်တဲ့ နေရာမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆန္ဒပြသမားတွေက တားမြစ်ပိတ်ဆို့ဖို့ ကြိုးစားရာက ဆန္ဒပြသမားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး သေဆုံးသွားရတဲ့ ရဲတယောက်အတွက် ရဲအရာရှိ ငါးရာက တမိနစ် ငြိမ်သက်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီ ဖြစ်ရပ်မှာ ဆန္ဒပြသမားတယောက်လည်း သေဆုံးခဲ့ပါတယ်။

ဆန္ဒပြသမားတွေကို ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ်ကို ဖျက်သိမ်းစေချင်ပြီး အရင်ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ လက်ရှိ အစိုးရကို ဖြုတ်ချကာ ရွေးကောက် တင်မြှောက်ထားတာ မဟုတ်တဲ့ ကောင်စီ အဖွဲ့တခုနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

Credit  : BBC



Police lower ranks demand right to fight back 
 Published: 30 Dec 2013 at 16.38 Online news: Politics About 500 Metropolitan Police Bureau officers, most of them low-ranking, gathered at the...

Please credit and share this article with others using this link:http://www.bangkokpost.com/news/politics/387306/rare-police-protest-as-lower-ranks-demand-right-protest-themselves-from-protesters. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Post Publishing PCL. All rights reserved.

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်








ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ရောက် အရွေးခံနိုင်ရေး အဟန့်အတား ဖြစ်နေသဖြင့် ပြင်ဆင်ပေးရန် နိုင်ငံရေးပါတီ အချို့နှင့် အနောက်နိုင်ငံ အစိုးရအချို့က တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်မည်ဟု ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြား သည်။
ယင်းအချက်ကို ပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီအစည်း အဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်ကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက် အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

ယင်းအချက်ကို ကြံ့ခိုင်ရေးပါတီက နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ များသည် မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြင်ဆင်လိုက်ကြောင်း ဦးလှဆွေက ပြောကြားသည်။

"သားသမီး အတွက်ကတော့ ကန့်သတ်ချက် ဖြစ်နေသေးတယ်။ ချွေးမတွေ သမက်တွေကို လျှော့ပေးဖို့ ပါတီက လွှတ်တော်သို့တင်ပြမယ်။ ချွေးမတွေ သမက်တွေ နိုင်ငံခြားသားဖြစ်လို့ ပြဿနာ မရှိဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည်က သားတွေကို မြန်မာနိုင်ငံသား ခံယူပေးလိုက် ရင် သူ ၂၀၁၅ မှာ သမ္မတ ဖြစ်နိုင်သွားပြီ၊ သူ့အမျိုးသားက မရှိတော့ဘူး ဆိုတော့ ဘာမှပြောစရာ အကြောင်းမရှိတော့ဘူး" ဟု ဦးလှဆွေက ဆိုသည်။

ယင်းသို့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သို့ တင်ပြပေးမည် ဟုဆိုသော်လည်း ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည် ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၉၅ (စ) ပြင်ဆင်ခြင်း ရှိ မရှိကို စောင့်ကြည့်ရ ဦးမည် ဖြစ်ကြောင်း NLD ပါတီ၏ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည်ကို အဟန့်အတား ဖြစ်နေသောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိထားပြီး လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ အများဆုံး ရှိသည့် နိုင်ငံရေးပါတီတစ်ခု ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ၂၅၉ ဦးနှင့် အမျိုးသား လွှတ်တော်တွင် ၁၂၉ ဦး ရှိသည့်အပြင် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင်လည်း ကိုယ်စားလှယ်ဦးရေ အများဆုံးပါဝင်သည့် ပါတီတစ်ခုဖြစ်သည်။
ယင်းကြောင့် ပြည်ထောင်စု လွှတ်တော်၌ အဆုံးအဖြတ် ခံယူရာတွင် ကြံ့ခိုင်ရေး ပါတီ၏ သဘောထားမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

သို့သော် အချို့သော အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရာတွင် ပြည်ထောင်စု လွှတ်တော်ရှိ ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံ သဘောတူမှသာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်ရမည် ဆိုသော အခြေခံ ဥပဒေ အခန်း(၁၂)ပုဒ်မ ၄၃၆(က)အရ အခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံး တစ်ဦး ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီက စိစစ်တွေ့ရှိချက် များကို အခြေခံပြီး ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ကန့်ကွက် မည်မဟုတ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ်ဝေလင်းက ဒီဇင်ဘာ ဒုတိယပတ်တွင် ပြောဆိုထားသည်။

Credit  : The Voice Weekly

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ရန် ပျူမြို့ဟောင်း သုံးမြို့ထဲမှ ဟန်လင်းမြို့ဟောင်းအားလာမည့် ဇန်န၀ါရီတွင် လာရောက်စစ်ဆေးမည်



ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ခေတ်ပြိုင်အထောက်အထားများ တောင်းခံနေပြီး နောက်ဆုံးစစ်ဆေးရန်ကျန်ရှိနေသည့် ဟန်လင်းမြို့ဟောင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း ICOMOS မှ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။ “ လာရောက်စစ်ဆေးတဲ့အဖွဲ့တွေက တော်တော်လေးကို တိတိကျကျတောင်းနေတယ်။ အဓိက ကတော့ သမိုင်းအထောက်အထားပါ။ ပျူတွေရဲ့ သမိုင်းကြောင်းက ဒီလောက်အထိရှိခဲ့ပြီးမှ ခေတ်ပြိုင်အထောက်းက ဘာလည်းပေါ့။ အန်ကယ် ခပ်လျော့လျော့ပြောတာတော့ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးရဲ့ စံနှုန်းနဲ့ သတ်မှတ်တယ်ဆိုတော့ ဖြစ်ချင်မှလည်း ဖြစ်လာမယ်။ တစ်ခုတော့ ရှိတာပေါ့၊ ဟိုတုန်းကဘယ်လိုပဲ တင်ပြ တင်ပြ လာမစစ်ဆေးပေးပေမဲ့ အခုတော့ လာစစ်ဆေးပေးတယ်”  ဟု ဦးအေးမြင့်ကြူက ဆိုသည်။  
     
ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်ရန် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများနှင့် နေရာဒေသများဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ICOMOS မှစစ်ဆေးရေးအဖွဲ့များက အောက်တိုဘာလ ပျူမြို့ဟောင်း တစ်ခုဖြစ်သည့် သရေခေတ္တရာမြို့ဟောင်းရှိ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား စစ်ဆေးခဲ့ပြီး အခြားပျူမြို့ဟောင်း တစ်ခုဖြစ်သည့် ဗိဿနိုးမြို့ဟောင်းကိုလည်း ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ အနက်မြို့ပြများအဖြစ် တည်ထောင်နေထိုင်သည့် ခေတ်ကာလတွင် အစောဆုံးတည်ထောင်ခဲ့ကြသော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူခေတ်မြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် အဆိုပြုအမည်စာရင်းကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနသို့ ပေးပို့ခဲ့ရာ ၎င်းတို့က လက်ခံခဲ့ပြီးဖြစ်ကာ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်/မဖြစ်အား ၂၀၁၄ ခုနှစ် ဇွန်လတွင် ကျင်းပမည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
eleven media group

နှစ်သစ်ကူးည လည်ပတ်လိုသူများအတွက် ပြည်တွင်းရေကြောင်းသင်္ဘော အငှားလိုက်မည်


နှစ်သစ်ကူးညတွင် မြစ်ကြောင်းအတွင်း သင်္ဘောစီးပြီး နှစ်သစ်ကူးပွဲတော်နှင့် ပါတီပွဲများကျင်းပလိုသူများ အနေဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ သဘောင်္များ ငှားရမ်းသွားမည်ဟု ပို့ဆောင်ရေးဌာန မှူး ဦးရှိန်းယောက ပြောသည်။

ရန်ကုန်မြင်ကွင်းကိုကြည့်ရှုနိုင်ရန် အစီအစဉ်တွင် ရန်ကုန်မြစ်ကမ်းမှ သီလ၀ါဆိပ်ကမ်း၊ ဗိုလ်တထောင် ဆိပ်ကမ်းတို့အထိ ပို့ဆောင်ပေးမည့် နှစ်ထပ်သင်္ဘောများကို ငှားရမ်းပေးသွားမည် ဖြစ်သည်။
“ငှားရမ်းချင်သူတွေအတွက် သင်္ဘောတွေက အလုံလောက်ရှိပါတယ်။ဈေးနှုန်းကတော့ သွားမယ့်လူတွေ ရဲ့ခရီးနဲ့ သင်္ဘောအမျိုးစားပေါ်မူတည်ပြီး ညှိနှိုင်း ဆုံးဖြတ်ကြမှာပါ။ ဒီနှစ်မှ စပြီး အခုလို နှစ်သစ်ကူးည တွေမှာ သင်္ဘောတွေနဲ့ အပန်းဖြေ ဖြတ်သန်းဖို့ ငှားရမ်းခွင့်ပေးတာပါ”ဟု ဦရှိန်းယောက ပြောသည်။

ငှားရမ်းမည့်သင်္ဘောများမှာ နှစ်ထပ်သင်္ဘောများဖြစ်ပြီး တစ်စီးလျှင် လူဦးရေ၂၀၀ တင်နိုင်သော သင်္ဘော နှင့် လူဦးရေ ၃၀၀ တင်နိုင်သော သင်္ဘောများဖြစ်ပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဌာနခွဲများတွင် စုံစမ်းငှားရမ်းနိုင်ကြောင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ပို့ဆောင်ရေးဌာနခွဲမှ စီမံ ကွပ်ကဲမှုအရာရှိ ဦးသန့်စင်ဦးက ရှင်းပြသည်။

“အခုချိန်ထိတော့ လာရောက်ငှားရမ်းကြတာ တစ်စီးပဲရှိသေးတယ်။ မသိတာကြောင့်လည်းဖြစ်နိုင်တယ်။ မြစ်ထဲမှာ လေညှင်းခံရင်း နှစ်သစ်ကူးညကို ဖြတ်သန်းရမှာဆိုတော့ တစ်မျိုး ပိုဆန်းတယ်လေ”ဟု ၎င်းက ဆိုသည်။

နှစ်သစ်ကူးညတွင် ငှားရမ်းပြေးဆွဲ သင်္ဘောအမည်များမှာ ဗညား၊ ဗန္ဓုလ၊ ဗလကျော်ထင်၊ ဗညားဦး အစ ရှိသော နှစ်ထပ်သင်္ဘောများဖြင့် ငှားရမ်းပြေးဆွဲမည်ဖြစ်သည်။

Credit  : Mizzima

ရှစ်တန်းကျောင်းသူတစ်ဦး ဆွဲကြိုးချ၍ အဆုံးစီရင်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာတွင် ယခုလ ၂၉ ရက် မနက် ၈ နာရီအချိန်က ရှစ် တန်းကျောင်းသူတစ်ဦးသည် မိမိကိုယ်ကိုဆွဲကြိုးချ၍ အဆုံးစီရင်ခဲ့သည်ဟု ဘုတလင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အဋ္ဌမတန်းကျောင်းသူ မအိမွန်ဖြိုး အသက်(၁၄)နှစ်ဆိုသူဖြစ်ပြီး ယခုလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်က ရွာ၏ တောင်ဘက်၊ ယာခင်းတော သွားရာလမ်းဘေးရှိ မန်းကျည်းပင်၌ ဆွဲကြိုးချ၍ မိမိ ကိုယ်ကို အဆုံးစီးရင်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ရဲဌာန၏ စစ်ဆေးပေါ်ပေါက်ချက်များတွင်တွေ့ရ သည်။

အဆိုပါ သေဆုံးကျောင်းသူသည် ၎င်း၏နေအိမ်ရှိ ကုတင်ပေါ်တွင် နာရေးကိစ္စအလို့အငှာ ပြင်ဆင်ထားရှိသည်ကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ထို့အတွက်ကြောင့် ဘုတလင် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၅/ ၂၀၁၃ အရ အမှုဖွင့်၍ သေဆုံးရခြင်း အခြေအနေများကို ဆက် လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

Credit  : Mizzima

တရုတ်ကိုတန်ပြန်ဖို့ မြန်မာကိုအကူအညီပိုပေးမည့် ဂျပန်


အတွဲ (၁၂)၊ အမှတ်(၄၁)
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက မြန်မာနိုင်ငံအား ဂျပန်ယန်းငွေ ၆၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၆၁၀)ကို အကူအညီအသစ်အဖြစ်ပေးရန် ကတိပေးလိုက်ခြင်းသည် အာရှဒေသတွင် တရုတ်သြဇာလွှမ်းမိုးမှုကို ဂျပန်နိုင်ငံက တုံ့ပြန်တိုက်ခိုက်သည့် နောက်ဆုံးလတ်တလော ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်သည်။
အရှေ့ပင်လယ်မှ ကျွန်းများပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ယခုနှစ်အတွင်း ဂျပန်နှင့်တရုတ်၏ တင်းမာမှုများကလည်း ပိုမိုဆိုးရွားလာနေသည်။ ပြီးခဲ့သည့်လက တရုတ်ကအဆိုပါဒေသတွင် ၄င်း၏လေကြောင်းကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ကြေညာလိုက်သည့်အတွက် အခြေအနေကို ပိုဆိုးသွားစေသည်။
ဂျပန်ဝန်ကြီးချုပ်မစ္စတာအာဘေးသည် ပြီးခဲ့သည့်တစ်နှစ် သူအာဏာရရှိလာသည့်အချိန်ကတည်းက ဒေသတွင်း တရုတ်၏သြဇာတိုးလာခြင်းကို တုံ့ပြန်ကာကွယ်ရန် အာရှနိုင်ငံများနှင့် ဂျပန်၏မဟာမိတ်ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်လာသည်။
ထိုအထဲတွင် သယံဇာတကြွယ်ဝပြီး တရုတ်၏သြဇာလွှမ်းမိုးမှုကို နှစ်ကာလကြာရှည်စွာခံနေရသော မြန်မာနိုင်ငံလည်းပါဝင်သည်။ မြန်မာကလည်း စစ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရသို့ အသွင်ပြောင်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးသည့်အချိန်ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်အာဘေးက တနင်္ဂနွေနေ့တွင် ဂျပန်သို့ရောက်ရှိလာသည့် မြန်မာသမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဒေသတွင်း အဆင်းရဲဆုံးဖြစ်နေသည့် မြန်မာနိုင်ငံ၏ အခြေခံလူနေမှုအဆောက်အအုံများမြှင့်တင်ရန် အကူအညီများပိုပေးရန် ကတိပေးခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ ဂျပန်သည် တရုတ်နှင့်ရေပိုင်နက်အငြင်းပွားနေသည့် ဗီယက်နမ်ကိုလည်း ယန်းငွေ ၁၀၀ ဘီလီယံ အကူအညီပေးရန် ကတိပေးထားခဲ့၏။    
ဂျပန်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း ဂျပန်ကပူးပေါင်းဆောင်ရွက်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ကပြောသည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင်ရှိသည့် အဆိုပါစီမံကိန်းကိုဦးဆောင်နေသော အီတာလျံ-ထိုင်းကုမ္ပဏီ၏ ငွေကြေးအရင်းအနှီးနည်းပါးမှုကြောင့် နှောင့်နှေးကြန့်ကြာနေရ၏။
ဂျပန်က ထိုကဲ့သို့မြန်မာတွင် ပိုမိုတက်ကြွစွာလှုပ်ရှားလာရခြင်းမှာ တရုတ်ကို ဒေသတွင်းမှ တိုက်ထုတ်နေချင်သည့် အမေရိကန်၏ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်သည်။ အမေရိကန်နှင့်ဂျပန်သည် တရုတ်အရှေ့ပင်လယ်အတွင်းမှ တရုတ်နိုင်ငံ၏လေကြောင်းကာကွယ်မှုဇုန်နှင့်ပတ်သက်ပြီး အဓိကကန့်ကွက်နေကြသူများဖြစ်ကြသည်။
“ဂျပန်ရဲ့ မြန်မာမှာပတ်သက်မှုကို ဒေသတွင်းအမေရိကန်က တရုတ်ကိုပထုတ်မှုလို့ တရုတ်နိုင်ငံဘက်ကလည်း မြင်နေတာကရှင်းပါတယ်”ဟု အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ရှိ ဂျော့ခ်ျတောင်းတက္ကသိုလ်က မြန်မာ့ရေးရာကျွမ်းကျင်သူ ပါမောက္ခဒေးဗစ်စတိန်းဘတ်ကပြောကြားသည်။
မြန်မာစစ်အစိုးရက ၂၀၁၁ ခုနှစ်တွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများလုပ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပခဲ့သည်။ အပြန်အလှန်အားဖြင့် မြန်မာအစိုးရအပေါ် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ကလည်း စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့သည်။
နိုင်ငံအတော်တော်များများနှင့် နိုင်ငံတကာကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တန်းစီလာနေကြသည်။ မြန်မာ့စီးပွားရေးသမားအချို့ကို ပိတ်ဆို့မှုပြုလုပ်ထားဆဲဖြစ်သည့် အမေရိကန်ပြည်ထောင်စုထက်ပင် ဂျပန်နိုင်ငံက မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ပိုပြီးတက်ကြွနေသည်။
မြန်မာအပေါ်တင်နေသည့်အကြွေး အမေရိကန်ဒေါ်လာ ၇၂ ဘီလီယံနီးပါးကို ဂျပန်ကလျှော်ပစ်ခဲ့သည်။ ယခုအချိန်ထိဆိုလျှင် ၀န်ကြီးချုပ်ရှင်ဇိုအာဘေး အာဏာရလာကတည်းက မြန်မာကိုအကူအညီပေးသည့်ငွေမှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရှိနေပါပြီ။ ရန်ကုန်အနီးရှိ ဧက ၂၀၀၀ ရှိ သီလ၀ါစက်မှုဇုန်ကိုလည်း ဂျပန်က ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။
သို့သော်လည်း မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသော တရုတ်နိုင်ငံက မြန်မာ၏အကြီးဆုံးသော ရင်းနှီးမြှုပ်နှံသူအဖြစ် ယခုထိရှိနေဆဲဖြစ်ပါသည်။ တရုတ်က မြန်မာတွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်ထားပြီး မြန်မာ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားသည်။ ဂျပန်၏မြန်မာတွင် မြှုပ်နှံမှုမှာ ဒေါ်လာ ၂၉၂ သန်းသာ ရှိပါသေးသည်။
ဂျပန်၏ မြန်မာတွင် ပတ်သက်မှုအခန်းကဏ္ဍကြီးထွားလာသည်ကို တရုတ်က ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်မနေပါဟု တရုတ်နိုင်ငံကငြင်းဆိုပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ရန်ဟူလျန်းက မေးမြန်းခန်းတစ်ခုတွင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးဟာ မြန်မာအတွက် ကံကောင်းခြင်းတွေပါ။ သူတို့ဝင်လာတာက ကျွန်တော်တို့က ထွက်ရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး”ဟု ဖြေကြားခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် မြန်မာတွင် တရုတ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုအများအပြားပြုလုပ်ခဲ့ကြသည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၄ ဘီလီယံမြှုပ်နှံထားသော တရုတ်၏သဘာဝဓာတ်ငွေ့ပိုက်လိုင်းကလည်း မကြာသေးမီလပိုင်းကမှ ဖွင့်လှစ်ခဲ့သည်။
သို့သော်လည်း တရုတ်နှင့် မြန်မာစီးပွားရေးဆက်နွှယ်မှုတွင် ပြဿနာများစွန်းထင်းလာခဲ့သည်။ တရုတ်၏ဧရာဝတီမြစ်ဆုံစီမံကိန်းကို သဘာ၀၀န်းကျင်ထိခိုက်မှု အကြောင်းပြချက်ဖြင့် မြန်မာအစိုးရကပယ်ဖျက်ခဲ့သည်။ အခြားစီမံကိန်းများမှာလည်း ဆန္ဒပြမှုများဖြင့် ရင်ဆိုင်နေရသည်။
“တရုတ်ကုမ္ပဏီတွေဟာ မြန်မာက သယံဇာတတွေကိုပဲ ထုတ်ယူဖို့စိတ်ဝင်စားတယ်။ သူတို့က စစ်အစိုးရဆီက မျက်နှာသာရအောင်လုပ်ပြီး သဘာ၀၀န်းကျင်အတော်များများကို ဖျက်ဆီးပစ်နေတယ်”ဟု ထားဝယ်စီးပွားရေးဇုန်၏ ဖွံ့ဖြိုးမှုများကို စိစစ်နေသော ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့က ဒါရိုက်တာအဖွဲ့ဝင် ဦးရဲလင်းမြင့်ကပြောကြားသည်။
ဂျပန်နိုင်ငံ၏ ထားဝယ်စီမံကိန်းတွင် ပါဝင်ပတ်သက်လာမှုသည် တရုတ်စီးပွားရေးနယ်ချဲ့များ၏ ကျူးကျော်မှုကိုတားဆီးနိုင်မည်ဟု သူကမျှော်လင့်ထားသည်။
စင်ကာပူအခြေစိုက် တရုတ်ရေးရာကျွမ်းကျင်သူ နိုင်ငံရေးပညာရှင် ဂျွန်လီကတော့ မြန်မာတွင် တရုတ်၏အလိုမကျဖြစ်မှုများသည် ဂျပန်နိုင်ငံအတွက် လမ်းဖွင့်ပေးသလိုဖြစ်လာမည်ဟု သုံးသပ်ပါသည်။ သို့သော် တရုတ်နိုင်ငံကတော့ သူ၏မဟာဗျူဟာမြောက်သော နေရာဒေသမှ ဆုတ်ခွာလိုစိတ်ရှိဟန်မတူဟု ဂျွန်လီကပြောသည်။
“တရုတ်က မြန်မာမှာ နိုင်ငံရေးအရ ပတ်သက်မြှုပ်နှံမှုတွေ ဆက်လုပ်ချင်ရင်တော့ ဂျပန်လုပ်ငန်းတွေအတွက် ခြေကုပ်ရဖို့ခက်လိမ့်မယ်”
(The Wall Street စာစောင်ပါ Abe Pledges More Aid for Myanmar ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

Japan's Abe pledges more aid for Myanmar

First Japanese leader to visit Myanmar in more than three decades vows to provide all possible economic assistance.

Last Modified: 25 May 2013 12:36
Listen to this page using ReadSpeaker
Email Article
Print Article
Share article
Send Feedback
Japanese companies are eager to invest in Myanmar after the country started opening up in 2011 [AFP]
Shinzo Abe, accompanied by a large business delegation, is visiting Myanmar - the first by a Japanese prime minister in more than three decades.
The visit is being seen by security analysts as part of Japan's attempt to reassert its position as a top economic partner of Myanmar after decades of poor relations with the previous military regime.
Abe toured Myanmar's mausoleum, which commemorates the national hero, General Aung San, and was due to meet Aung San's daughter Aung San Suu Kyi, Myanmar's democracy icon, and the current leader, Thein Sein, in the capital Naypyitaw.
On Saturday, Abe promised to provide "all possible assistance" to help boost Myanmar's economy, lauding a major industrial zone near Yangon as a symbol of development for the impoverished nation.
"Japan is happy to support nation-building in Myanmar," he said after visiting the Thilawa Special Economic Zone - a 2,400-hectare project which will include a port and industrial park - led by trading companies Mitsubishi Corp, Marubeni Corp and Sumitomo Corp.
Japanese companies are eager to invest in Myanmar after it started to open up when Thein Sein took office in 2011.
With the US and the EU relaxing sanctions, Japan has moved quickly to capitalise on Myanmar's resources and its new economic environment without sanctions.
Investment projects
Read More

ရွှေကိုင်ရန်အချိန်ကောင်းလား


အတွဲ (၁၂)၊ အမှတ်(၃၉)
မြန်မာနိုင်ငံတွင် ငွေကြေးအနည်းငယ်ဖြင့် ကာလတိုအတွင်း တိုးပွားလာအောင် လုပ်စရာလုပ်ငန်းဟူ၍ များများစားစားမရှိပေ။ ရွှေနှင့်ဒေါ်လာသည် ငွေကြေးကစားသူများသာမက ငွေကြေးအင်အားနည်းသူများ ၀င်ရောက်ကစားနိုင်သော ဈေးကွက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

သို့သော် လက်ရှိတွင် ရင်းနှီးမြှုပ်နှံချင်သူတို့ စဉ်းစားရမည့်အချက်များရှိနေသည်။ ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအကျနှင့်အတူ တအိအိကျလာခြင်းဖြင့် ၂၀၁၃ ခုနှစ်၏ အနိမ့်ဆုံးဈေးကို နိုဝင်ဘာ ၂၉ ရက်က စံချိန်ချိုးလိုက်ပြီဖြစ်သည်။

ဒေါ်လာဈေးမှာမူ ရွှေဈေးအနိမ့်ဆုံးရောက်ချိန်တွင် အမြင့်ဆုံးသို့ နိုဝင်ဘာ ၂၉ ရက်က ရုတ်တရက်ရောက်ရှိသွားသည်။

ရွှေဝယ်ထားရင် အရှုံးမရှိပါဘူးဟူသည့် အတွေးအခေါ်၊ ယုံကြည်ချက်တို့ကြောင့် အနိမ့်ဆုံးရွှေဆိုင်များတွင် အထည်၊ အပိုင်း၊ ဖြတ်စတို့ ရောင်းအားမြင့်တက်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များကပြောသည်။

“ရွှေဈေးကွက်က ဈေးအနိမ့်တန်းဖြစ်တဲ့ တစ်ကျပ်သား ၆၇၀၀၀၀ ကျပ်ဝန်းကျင်ကတည်းက အ၀ယ်တွေများနေတာ။ ဒီဈေးတန်းဆိုတော့ ၀ယ်သူကြိုက်ဈေးဖြစ်နေလို့ ၀ယ်အားကောင်းတဲ့ ဈေးကွက်ဖြစ်နေတယ်”ဟု အောင်သမာဓိရွှေဆိုင်တာဝန်ခံ ကိုဝင်းငယ်ကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းများက  ၆၇၀၀၀၀ ကျပ်အောက် စတင်ကျဆင်းချိန်ကတည်းက အနိမ့်ဆုံးရောက်ပြီအထင်ဖြင့် ရောင်းအားစံချိန်တင်ခဲ့သော်လည်း လက်ရှိ ဈေးအနိမ့်တန်းရောက်ချိန်တွင် ထင်ထားသလောက် ၀ယ်အားမများတော့ကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

ကမ္ဘာ့ရွှေဈေးမှာလည်း ပြီးခဲ့သည့်လများတွင် တစ်အောင်စ ၁၃၅၀ ဒေါ်လာတန်းရှိနေရာမှ တဖြည်းဖြည်းကျဆင်းလာပြီး ယခုရက်ပိုင်းတွင် ၁၂၄၀ ဒေါ်လာခန့်ထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဈေးကွက်တွင်လည်း ရွှေဈေးနှုန်းသည် ၁၂၃၅ နှင့် ၁၂၄၀ ဒေါ်လာကြားတွင် ရှိနေသည်။ လေးလခွဲအတွင်း ကမ္ဘာ့ရွှေဈေးသည် အနိမ့်ဆုံးရောက်ရှိပြီး နှစ်ဆန်းပိုင်းဈေးနှင့်ယှဉ်ပါက ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဂါးဒီးယန်းသတင်းစာတွင် ရေးသားထားသည်။

ဒေါ်လာဈေးကွက်မှာ တစ်လျှောက်လုံးဈေးငြိမ်နေရာမှ ရွှေဈေးအနိမ့်ဆုံးရောက်ရှိချိန်တွင် ဒေါ်လာဈေးအတက်မှန်းကာ ၀ယ်သူများခဲ့ခြင်းကြောင့် ရုတ်တရက် အမြင့်ဆုံးဈေးရောက်ရှိသွားခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက်တွင် လုပ်သက်ကြာနေပြီဖြစ်သော လုပ်ငန်းရှင်များကပြောသည်။

“ရွှေကျရင် ဒေါ်လာဈေးတွေတက်လာတတ်တာလည်း ထုံးစံဖြစ်နေပြီဆိုတော့ ဒေါ်လာဝယ်စုချင်တဲ့သူတွေရယ်။ ကုန်သွယ်မှုတွေအတွက် ငွေပေးချေတဲ့အချိန်မှာ ဈေးအနိမ့်နဲ့ဝယ်ထားရင် တွက်ခြေကိုက်တယ်ဆိုတဲ့သဘောနဲ့ ၀ယ်ယူကြသူတွေကြောင့် ဒေါ်လာဈေးက ထိုးတက်သွားတာ”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနာမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောသည်။

တအိအိကျလာသော ရွှေဈေးနှင့် ရုတ်တရက်မြင့်လာသော ဒေါ်လာဈေးကွက်တို့အကြားတွင် ရင်းနှီးမြှုပ်နှံမှုပြုလိုသူများသည် မိမိမြှုပ်နှံနိုင်မည့်ကာလနှင့် ရွေးချယ်မှုသည် အရေးကြီးလှသည်။

ရွှေနှင့် ဒေါ်လာဈေးနှုန်းများ အတက်အကျကြမ်းပါက နိုင်ငံအကျိုးစီးပွားအတွက်မကောင်းနိုင်ဟု စီးပွားရေးပညာရှင်များက ဆိုသော်လည်း ထိုဈေးကွက်များတွင် ဈေးကစားလိုသူကို အကျိုးများစေမည်ဖြစ်သည်။

“ရွှေက ဒီဈေးတွေထက်တော့ အများကြီးမကျနိုင်တော့ဘူး။ ပြန်တက်ဖို့ပဲရှိတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုကာလသိပ်တိုတယ်ဆိုရင်တော့ ဈေးအတက်မှန်းဖို့ ခက်တဲ့အနေအထားရှိတယ်”ဟု ရွှေဈေးကွက်ကျွမ်းကျင်သူများပြောသည်။

ထို့အတူ ဒေါ်လာဈေးကွက်သည်လည်း အတက်အကျလိုက်ကစားနိုင်ပါက တိုးပွားနိုင်သော်လည်း တက်ဈေးမျှော်မှန်းချက်ကြောင့် ၀ယ်စုမည်ဆိုလျှင်မူ များစွာထိုးတက်နိုင်ခြေနည်းပြီး အကျဘက်တွင် အားသာနေသော အနေအထားရှိနေသည်ဟုဆိုသည်။

သြဇာကြီးမားသော အမေရိကန်ဗဟိုဘဏ်၏ အဆုံးအဖြတ်ကလည်း ယခုဈေးအတက်အကျကြမ်းနေသော ဒေါ်လာနှင့်ရွှေကို ရိုက်ခတ်နေစေသည်။

ယခုဖြစ်ပေါ်နေသော ရွှေဈေးနှုန်းများ အတက်ကြမ်းခြင်း၊ ဒေါ်လာဈေးနှုန်းများမြင့်တက်ခြင်းသည် အောက်တိုဘာတတိယပတ်အတွင်းက အမေရိကန်ဗဟိုဘဏ်၏ အစည်းအဝေးတွင် ၎င်းတို့နိုင်ငံ၏ ဈေးကွက်တွင်းမှ ငွေချေးသက်သေခံလက်မှတ်များကို လစဉ် ၈၅ ဘီလီယံခန့် ၀ယ်ယူနေမှုကို ဗဟိုဘဏ်က ပြန်လည်သုံးသပ်မည်ဟု ဗဟိုဘဏ်အကြီးအကဲ၏ ပြောကြားချက်က နိုင်ငံတကာငွေကြေးဈေးကွက်ကို အကျိုးသက်ရောက်စေခြင်းလည်းဖြစ်နေသည်ဟု နိုင်ငံခြားငွေကြေးဈေးကွက်ကို စောင့်ကြည့်သုံးသပ်နေသူများက ပြောသည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးများ မြင့်တက်သွားပြီး မြန်မာအပါအ၀င် အာရှနိုင်ငံများ၏ ငွေဈေးနှုန်းများသည် ၁ ဒသမ ၆ ရာခိုင်နှုန်းထိ တန်ဖိုးများလျှော့ကျသွားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ထိုအစီအစဉ်အရ အမေရိကန်ဗဟိုဘဏ်က ဈေးကွက်တွင်း လစဉ်ထုတ်ပေးနေသော ငွေကြေးများကို တဖြည်းဖြည်းလျှော့ချမည်ဟု ဆိုထားခြင်းကို လာမည့်နှစ်ဆန်းပိုင်းတွင် စတင်ဖွယ်ရှိကြောင်း သိရသည်။ ဈေးကွက်တွင်းတွင် ငွေထုတ်ရောင်းမှုနည်းလာလျှင် ဈေးကွက်သဘောတရားအတိုင်း ဒေါ်လာတန်ဖိုးများမြင့်တက်လာနိုင်သည်။

“အမေရိကန်က ဒီလိုလုပ်ရင်လည်း သူ့နိုင်ငံရဲ့ အလုပ်လက်မဲ့အနေအထား၊ အလုပ်အကိုင်အနေအထားတွေပေါ်မူတည်ပြီး လုပ်မှာပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ နိုင်ငံခြားငွေ အ၀င်များနေတဲ့ အချိန်ဆိုတော့ ဒီဂယက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ ရေရှည်မှာ ဒေါ်လာဈေးကတော့ကျမှာပဲ”ဟု ငွေကြေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးကပြောသည်။

သို့သော် ဒေါ်လာသည် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် တစ်ကျပ်၊ နှစ်ကျပ်တက်ခြင်း၊ ကျခြင်းကလည်း အဆုံးအဖြတ်များတတ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ငွေကြေးဈေးကွက်တွင် ၀င်ရောက်နေမှုအနေအထားပေါ်မူတည်ကာ ဒေါ်လာသမားများ အကျိုးရှာနိုင်မည့် အနေအထားရှိနေသည်။ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းပေါ်မူတည်ကာ အ၀ယ်လိုက်ပြီး ဈေးပြောင်းလဲတတ်သော ရွှေဈေးကွက်၏ အနေအထားသည်လည်း ဒေါ်လာနှင့်တိုက်ရိုက်နီးပါး ဆက်စပ်မှုရှိနေသည်။

“ရွှေဈေးကွက် သဘောတရားက အတက်ကြမ်းရင် အကျများနိုင်တယ်။ အခုလို တအိအိနဲ့ကျရင် အတက်က သိပ်မမြန်နိုင်ဘူး။ ဒါပေမဲ့ ဒီဈေးတန်းကတော့ အနိမ့်ဆုံးလည်းဖြစ်နေတော့ ဒီထက်လည်း အများကြီးတော့ မကျနိုင်တော့ဘူး။ ရင်းနှီးမြှုပ်နှံသူတွေ ထားနိုင်ရင်တော့ အတက်ဘက်မှာရှိတဲ့ အနေအထားပါပဲ”ဟု ရွှေဘုံသာလမ်းအပိုင်းဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်နေသော အပိုင်းကုန်သည်တစ်ဦးက သုံးသပ်ပြောသည်။

ဒေါ်လာဈေးကွက်တွင် လေ့လာသူများက ဈေးအတက်မများနိုင်ဟု ခန့်မှန်းမှုများရှိနေသော်လည်း ယင်းဈေးကွက်သည် အတက်အကျကစားနိုင်သူများသာ အကျိုးရှိနိုင်မည့် အနေအထားရှိနေသည်ဟုဆိုသည်။

“ပြီးခဲ့တဲ့နှစ်ကဆို တစ်အောင်စကို ၁၉၀၀ ဒေါ်လာအထိ တက်သွားပြီး ပြည်တွင်းဈေးက ၇၉၃၅၀၀ ကျပ်ထိ ရောက်ဖူးထားတာဆိုတော့ အခုဈေးက အနိမ့်တန်းရောက်နေတာဆိုတော့ ရွှေဝယ်ထားဖို့ပဲ တိုက်တွန်းချင်တယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဝင်းမြင့်က ရွှေနှင့်ဒေါ်လာကြားတွင် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အနေဖြင့်
စဉ်းစားနေသူများကို အကြံပြုပြောကြားသည်။

ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် အနည်းငယ်ပြန်တက်လာသော ဈေးဖြစ်သည့် တစ်အောင်စလျှင် ၁၂၄၆ ဒေါ်လာတွင်ရှိနေပြီး ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၆၅၉၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။

အမေရိကန်ငွေလဲနှုန်းများသည် ယခင်က တစ်ယူနစ်လျှင် ၉၇၀ ကျပ်ဝန်းကျင်တွင် ရှိနေရာမှ ၉၉၁ ကျပ်ထိ ရောက်ရှိထားပြီး ဒီဇင်ဘာ ၂ရက်တွင် ၉၈၈ ကျပ်နှုန်းဖြင့် ရောင်းဈေးဖွင့်ထားသည်။

ရွှေနှင့် ဒေါ်လာဈေးနှုန်းများ တိုက်ရိုက်ဆက်စပ်မှုရှိနေသည့် သဘောတရားတစ်ခုက ဈေးတန်းတစ်ခုတွင် ငြိမ်နေခြင်းနှင့် အတက်ကြမ်းခြင်းတို့ ဖြစ်ပေါ်နေမည်ဖြစ်သည်။ လတ်တလောတွင် ရွှေဈေးစံချိန်တင်ကျခြင်းဖြစ်ပေါ်နေပြီး ဒေါ်လာဈေးသည်လည်း လေးရက်ခန့်အတွင်း စံချိန်တင်မြင့်တက်သည့်အနေအထားတွင် ကန်ဒေါ်လာနှင့် ရွှေဈေးနှုန်းတို့အကြား လုပ်ဆောင်နိုင်စွမ်းနှင့် ရွေးချယ်မှုက အရေးကြီးပေသည်။
သိမ့်သိမ့်စိုး
7 Day News Journal
 

ဥက္ကဋ္ဌ လူမင်း တရားရုံးရောက်ရခြင်း

ဒီဇင်ဘာလ၂၄ရက် ၊နေ့လယ် ၁၁နာရီက ဗဟန်း တရားရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေ ခံအဖွဲ့ ဥက္ကဋ္ဌဟောင်း ဒေါ်စန်းစန်းမော် က မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဦးလူမင်း၊ ဦးဝင်းကြည်၊ ဒေါ်ကေသီကျော် ၊ဒေါ်အိမွန်အောင်၊ ဒေါ်အိထွဋ်ဝင်း တို့အား ပုဒ်မ၃၄၁ (မတရား တားဆီးပိတ်ပင်မှု) ၊ပြစ်မှု ကြီး အမှတ် (၃၉၁/၂ဝ၁၃)ဖြင့် အမှု ဖွင့်တရားစွဲဆိုခဲ့သည်။
အဆိုပါ တရား စွဲဆိုမှုနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က “ကိုယ်တိုင် ဥက္ကဋ္ဌ အနေနဲ့ နာမည်တပ်ပြီး တရား စွဲခံရလို့ တရားရုံး ကို ရောက်ဖူးတာ ပထမဆုံး အကြိမ်ပါ။ တရားရုံးသွားရ လို့ စိတ်ထဲမှာ ထိတ်လန့်ကြောက်ရွံ့ တာ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နာမည်ကိုက တရားရုံးလေ။ မ တရားရုံး မှမဟုတ်တာ။ တရားရုံးဖြစ်တဲ့ အတွက် အမှန် တရားပေါ်ပေါက်ဖို့ ပဲလေ” ဟု ပြောသည်။
ပွင့်လင်းမြင်သာတဲ့ နောက်ပိုင်း  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က တာဝန်ရှိသူတွေ တရား တဘောင် ရင်ဆိုင်ရတဲ့ အပေါ် ဘယ်လိုမြင်မိလဲ မေးကြည့်တော့ “ရုပ်ရှင် ဥပဒေ ပေါ်ပေါက် လာဖို့က တအားအရေးကြီးတယ်။ ခိုင်မာတဲ့ ဥပဒေ မရှိရင်ရုပ်ရှင် အစည်းအရုံးက ဘယ်လိုလူမျိုး၊ ဘယ် သူပဲဥက္ကဋ္ဌ တက်လုပ်လုပ် ၊ဘယ်အမှု ဆောင် အဖွဲ့ တက်တက် ဒီလိုမျိုးပြန် ပြီးတော့ တရားစွဲဆို အပြစ်တင်ပြော ဆိုမှုတွေ ခံနေရမှာပါ။ ခိုင်မာတဲ့ ဥပဒေ ရှိလာမှ ဥပဒေကို ကိုင်ဆွဲပြီး တော့ တရား စီရင်နိုင်မှာ။ ရုပ်ရှင် အစည်း အရုံး မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘူးလား ဆိုတာ မဟုတ်ဘူး ရှိ တယ်။ ဒါတွေက တင်ထားတဲ့ အဆင့် အကြမ်းအဆင့်ပဲ ရှိသေးတယ်။ ရုပ်ရှင်လောက အနေနဲ့ ဦးဇင်ဝိုင်း ဥက္ကဋ္ဌ သက်တမ်းမှာ အမျိုးသား ရုပ်ရှင် ကောင်စီ ဆိုပြီး တင်ထားတာ ရှိတယ်။ ဒါတွေက မူကြမ်း အဆင့် ရပ်တန့်နေ တဲ့ သဘောပေါ့။ ဥပဒေတွေ ခိုင်ခိုင် မာမာ ရှိလာမှ ကိုယ့် ရုပ်ရှင်လောက ကို စီရင်ပိုင်ခွင့် ခိုင်ခိုင်မာမာ ရှိလာမှာ။ ဖြစ်လာတဲ့ ပြဿနာ အပေါ်ပဲ ရင်ဆိုင်ရမှာ။ ဥက္ကဋ္ဌ တစ်ယောက် အနေ နဲ့ ရင်မဆိုင် ချင်လို့ မရဘူး။ ခေါင်းဆောင် တစ်ယောက်အနေ နဲ့ ရှောင်လွှဲလို့ မရနိုင်ဘူး။ တာဝန်ယူရ တယ်။ ရုပ်ရှင်လောက ကောင်းဖို့ဆိုတာ အဲဒီလို ဖြစ်နေသရွေ့  ရှေ့ကိုလျှောက် ချင်တဲ့ ခြေလှမ်းတွေက နောက်ပြန်ဆွဲ သလိုဖြစ်နေမှာပဲ။ ဘယ်တော့မှ ရှေ့ကို မရောက်နိုင်ဘူး။ တချို့က ရုပ်ရှင်လောက တိုးတက်ဖို့ ပြောကြဆို ကြတာ ရှိတယ်။ အသံ ကောင်းဟစ်ကြ တာလည်း ရှိတယ်။ အဲဒီအဆင့်မှာပဲ ပြီးနေကြတယ်။ အကောင်အထည် ဖော်ဖို့ ဘယ်လို လုပ်ကြမလဲ။ကိုယ် တိုင်က ဘယ်နေရာမှာ ပါဝင်သင့် သလဲ ။ခွဲခြားကြဖို့တော့ လိုအပ်တယ်။ ဟု ဦးလူမင်းက ရှင်းပြခဲ့သည်။
ထူးထူး
Popular Journal

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယားပြုကျင့်ကျူးလွန်ခဲ့သူ တရားခံပြေးနှစ်ဦး ဖမ်းဆီးရမိ




သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှုဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က မကွေးမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၅၀၆/၁၁၄ အမှုမှထွက်ပြေးတိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း 

ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင် မကွေးမြို့နယ်၊
ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌
ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန်တစ်ချောင်းအားကိုင်ဆောင်ထားသူ ခင်မောင်ကြည်(၅၄)နှစ်၊(ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြို့နယ်၊ အား ၀ိုင်းဝန်းဖမ်းဆီးရမိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ ၀င်းနိုင်(၄၁)နှစ်၊(ဖ)ဦး
ခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြိုနယ်နေသူထိုင်အား ၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတရားခံနှစ်ဦးကို ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။


Monday, December 30, 2013

မန္တလေး ကျုံးဘေးပတ်လည်တွင် လေးထပ်ထက် ပိုဆောက်ခွင့်မပြုတော့


Tuesday, December 31, 2013

မန္တလေးမြို့၊ ကျုံးဘေးပတ်လည်တွင် လေးထပ်ထက်မြင့်သော အဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုတော့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူးဦးမျိုးအောင်က ပြောသည်။

“အဆောက်အအုံတစ်ခု ဆောက်လုပ်တဲ့နေရာမှာ အထပ်ဘယ်လောက်အထိဆောက်ရမယ်ဆိုပြီး သတ် မှတ်ခွင့်ပြုထားတာ မန္တလေးမှာ မရှိပါဘူး။ ဒါပေမဲ့ ကျုံးဘေးပတ်လည်မှာတော့ လေးထပ်ထက် ပိုမ ဆောက်ရဘူး။ လေးထပ်အထိပဲ ခွင့်ပြုထားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါကန့်သတ်ချက်ကို ၂၀၁၀ ခုနှစ်၊ အစိုးရသစ် တာဝန်ယူချိန်မှ စတင် သတ်မှတ်ခဲ့သော်လည်း မန္တ- လေးဒေသခံများ သိရှိမှုနည်းသေးသဖြင့် ကျုံးဘေးပတ်လည်တွင် လေးထပ်အထက် အဆောက်အအုံ တည်ဆောက်မှုများရှိခဲ့ရာ ပြန်လည် ဖြိုဖျက်ရမှုများလည်း ရှိနေသေးကြောင်း သိရသည်။ မန္တလေးမြို့၏ အထင်ကရ အမှတ်အသားတစ်ခုဖြစ်သည့် ကျုံး၏ ပုံရိပ်နှင့် အလှကို ဖုံးကွယ်သွားစေမည့် အထပ်မြင့် အ ဆောက်အအုံများကို ဌာနဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ ဆောက်လုပ်ခွင့်ပြုမည်မဟုတ်ပေ။

အဆိုပါခွင့်ပြုမိန့်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒအတိုင်း ဆောက်ရွက်ခြင်းဖြစ်ပြီး တောင်ကျုံးနှင့် အရှေ့ကျုံးထောင့်တွင်ရှိသော ဆီဒိုးနားဟိုတယ် အဆောက်အအုံမှာ လေးထပ်ထက်ပိုသော်လည်း အ ဆောက်အအုံပုံစံနှင့် ဆောက်လုပ်စဉ်က သက်ဆိုင်ရာတာဝန်ရှိသူတို့၏ ခွင့်ပြုခြင်းတို့ကြောင့် ဖြစ်သည်။

မန္တလေးမြို့တွင် အဆောက်အအုံဆောက်လုပ်ပါက အထပ်မည်မျှဟု ကန့်သတ်ထားခြင်းမရှိသော်လည်း ကျုံးဘေးပတ်လည်ကိုမူ ခြွင်းချက်အဖြစ် ကန့်သတ်ထားခြင်းဖြစ်သည်။

Mizzima - News in Burmese

လူမဲ့ လေယာဉ်ကို အရပ်သား သုံးခွင့် ပေးတော့မယ်

၃၁.၁၂.၂၀၁၃၊ အင်္ဂါနေ့

အမေ ရိကန် ပြည်ထောင်စု လေကြောင်း ဥပဒေပြု အဖွဲ့က အမေ ရိကန် ပြည်နယ် ၆ ခု ရဲ့ သတ်မှတ် နယ်မြေ အချို့မှာ လူမဲ့ လေယာဉ်ငယ် တွေကို စီးပွားရေး လုပ်ငန်းသုံး အဖြစ် သာမန် အများ ပြည်သူ တွေကို စမ်းသပ် အသုံး ပြုခွင့် ပေးမယ်လို့ ကြေညာ လိုက်ပါတယ်။ အရင်ကတော့ လူမဲ့ လေယာဉ် တွေကို စစ်ဖက် မှာပဲ အသုံး ပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ပြည်နယ်ပေါင်း ၂၄ ခုက တင်ပြတဲ့ အဆိုပြု ချက်တွေကို စိစစ်ပြီး ၁၀ လကြာ သုံးသပ် ပြီးနောက်မှာ စမ်းသပ် အသုံးပြုခွင့် ပေးဖို့ ဆုံးဖြတ် လိုက်တာ လို့ ဆိုပါတယ်။

အွန်လိုင်း ကနေ ပစ္စည်း ရောင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ တချို့က သူတို့ ပစ္စည်းတွေကို အခု လောလောဆယ် စာတိုက် ကနေ ပို့ပေးနေတဲ့ အစား လူမဲ့ လေယာဉ် အသုံးပြု ပို့ပေးတဲ့ စနစ်ကို စမ်းသပ်ချင် နေကြ ပါတယ်။

လယ်သမားတွေ ကတော့ သီးနှံ တွေကို လူမဲ့ လေယာဉ်နဲ့ ပိုးသတ်ဆေး ဖျန်းချင် သလို ဘယ်နေရာမှာ သားငါး ပေါကြွယ်ဝတယ် ဆိုတာမျိုး ကိုလည်း လူမဲ့ လေယာဉ်နဲ့ သုတေသန လုပ်ချင် ကြပါတယ်။

ရဲတွေကလည်း လူမဲ့လေယာဉ်ကို သုံးချင်နေကြပါတယ်။ သူတို့ကတော့ ဆန္ဒပြလူအုပ်ကို ထိန်းချုပ်တာမျိုး ၊ ရာဇဝတ်မှု ကျူးလွန်တဲ့ မြင်ကွင်းကို ဓါတ်ပုံရိုက်ယူတာမျိုး၊ ကင်းလှည့်တာမျိုး၊ ဒုစရိုက်သမားကို ရှာဖွေတာမျိုး၊ ကယ်ဆယ်ရေးဆောင်ရွက်တာမျိုးကို လူမဲ့လေယာဉ်နဲ့ လုပ်ချင်တယ်လို့ ဆိုပါတယ်။

ဒီလိုအလုပ်မျိုးတွေကို ဆောင်ရွက်ဖို့ ရဲက ရဟတ်ယာဉ်ကို အသုံးပြုတဲ့အခါ တနာရီကို ဒေါ်လာရာပေါင်းများစွာ ကုန်ကျပါတယ်။ တကယ်လို့ လူမဲ့ လေယာဉ် တစီးကို အသုံးပြုမယ်ဆိုရင်တော့ နာရီများစွာကို ၂၅ ဒေါ်လာလောက်အထိ နည်းပါးတဲ့ ကုန်ကျစရိတ်နဲ့ တင်လွှတ် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဈေးချိုတဲ့ လူမဲ့လေယာဉ်တွေကို အသုံးပြုသူတွေ သိပ်များလာတဲ့အခါ လုံခြုံ ရေး ပြဿနာတွေ ပေါ်ပေါက်လာမှာကို လည်း စိုးရိမ်ပူပန်သူတွေရှိပါတယ်။

အမေရိကန်ပြည်ထောင်စု လေကြောင်း ထိန်းချုပ်ရေးရဲ့ အကြီးအကဲ မိုက်ကယ် ဟူးတာ ကတော့ လုံခြုံရေးကို အဓိက ဦးစားပေးစဉ်းစားသွားမယ်လို့ ဆိုပါတယ်။

BBC

FAA says New York, five other states chosen to host drone test sites

Besides the Empire State, testing will take place Alaska, Nevada, North Dakota, Texas and Virginia to explore the viability of using unmanned drones for commercial use, such as online retailer Amazon's Prime Air service, which aims to deliver packages to its customers using such aircraft.

Comments (6)

 A SteadiDrone EI8GHT Octocopter undergoes a test flight in a field outside the headquarters of Mensuro Ltd., a distributor for SteadiDrone Ltd. products, in Pilsen, Czech Republic, on Tuesday, Dec. 10, 2013. Amazon.com Inc. expects to be ready for drone implementation by 2015, which is when the Federal Aviation Administration is due to finalize rules on domestic use of the technology by both government and commercial entities, according to statements made by Amazon Chief Executive Officer Jeff Bezos during a Dec. 1 broadcast of "60 Minutes."










Martin Divisek/Bloomberg

Unmanned drones, which may look like the one above, are being tested in six parts of the United States. If successful, the aircraft could be utilized by the likes of Amazon to transport goods.

WASHINGTON — New York was among six states selected Monday to develop sites to test drones, a decision that likely will bring the unmanned aircraft to New York’s skies and badly needed jobs to upstate.
RELATED: SEE IT: BIRDS DOWN DRONE DEVICE
The New York site will be at Griffiss International Airport, a former Air Force base in Rome. Aerospace firms and universities in New York and Massachusetts will be involved in the research.
Six sites seen on the map above will be test sites for commercial use of unmanned drones.

faa.gov

Six sites seen on the map above will be test sites for commercial use of unmanned drones.

The Federal Aviation Administration’s selection of the test sites represents a big step toward the commercial use of drones by businesses, farmers and researchers.
RELATED: COMMERCIAL DRONE INVASION MAY NOT BE FAR OFF
Congress members lobbied to bring the work to their states. One study claims that Monday’s designation could bring 2,700 jobs to New York and Massachusetts, boosting local economies.

Read more: http://www.nydailynews.com/news/politics/6-states-chosen-drone-test-sites-article-1.1561480#ixzz2ozGW70qJ