Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 30, 2013

ဦးခင်ညွန့်သည် ရာဇဝတ်သား တရားခံ တစ်ဦး ဖြစ်သည်

ယခင် စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေချိုးဖောက်သော ရာဇဝတ်သားများဖြစ်ပြီး ပြစ်မှုကျူးလွန်သူများ ဖြစ်သည်ဟု တချိန်က အများပြည်သူ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့ကြရသည်ထိ ရက်စက်စွာ ညှင်းဆဲခဲ့တတ်သော စစ်ထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်း ဦးခင်ညွှန့်က ပြောဆိုလိုက်ခြင်းသည် ကျက်သရေ တုံးလွန်းလှသည်။
ဦးခင်ညွှန့် ယင်းသို့ပြောကြားခြင်းမှာ ဦးမြတ်ခိုင်ရေးသားသော ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတွင် ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုနေခြင်းများကိုလည်း လက်မခံ ပယ်ချလိုက်သည့်အပြင် ယခင်စစ်အစိုးရလက်ထက် သူ ဦးဆောင်သော စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ တရားလက်မဲ့ လက်လွန်ခြေလွန်မှုများကြောင့် အကျဉ်းထောင်အတွင်း အသက်သေဆုံးခဲ့သူများ၊ အသက်မသေသော်လည်း ဘဝပျက်ခဲ့ရသူများကို နှစ်သိမ့်တောင်းပန်ရန် ရှိ မရှိ ဧရာဝတီ၏ မေးမြန်းချက်ကို “ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ”ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
ဦးခင်ညွန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သူ၊ အပြစ်မဲ့သူများကို ဖမ်းဆီးထိန်းသိမ်းပြီး ထောင်တွင်း၌ လူမဆန်စွာ နှိပ်စက် ညှဉ်းပမ်းမှု များတွင် အဓိက တာဝန်ရှိခဲ့သူ ဖြစ်သည်။ သူ၏ ရေကြည်အိုင် စစ်ကြောရေး စခန်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော နှိပ်စက် ညှဉ်းပမ်းရေး စခန်း တခု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှ စတင်ရေလျှင် ထောင်အတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူ ၁၄၀ သေဆုံးခဲ့ရသည်အတွက် တာဝန်ရှိသည့်အထဲတွင် ဦးခင်ညွန့် ထိပ်ဆုံးမှ ပါသည်။
စာရေးဆရာ ဗိုလ်မှူးဟောင်း ဦးသော်က၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကို စသည့် ပုဂ္ဂိုလ်များ သေဆုံးခဲ့ရမှုများ၌ သူ၏ ပရောဂ မကင်းခဲ့ပေ။ ထိုသူတို့သည် ဦးခင်ညွန့် ခေါင်းဆောင် ခဲ့သော ထောက်လှမ်းရေး အဖွဲ့၏ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်းမှုကြောင့် အကျဉ်းထောင်များအတွင်း ကွယ်လွန်သွားခဲ့ရသည်။  ထို့အပြင် နှိပ်စက်ညှင်းပန်းမှုများနှင့် ထောင်တွင်း၌ ကြမ်းတမ်းဆင်းရဲစွာ နေထိုင်ခဲ့ရခြင်းကြောင့် စိတ်ရောကိုယ်ပါ နာလန်ပြန်မထူနိုင်တော့သူများ၊ မိသားစုဝင်များကိုလည်း ခြိမ်းခြောက်ခြင်း၊ စီးပွားပျက်အောင် လုပ်ခြင်း၊ ပညာရေးအခွင့်အလမ်းများ ပိတ်ဆို့ခြင်းတို့ကိုလည်း တရားဥပဒေမဲ့ လက်လွတ်စပယ် ထင်တိုင်းကြဲခဲ့သေးသည်။
ယခု လက်ရှိတွင်လည်း ထောက်လှမ်းရေး အဖွဲ့၏  နှိပ်ကွပ်မှုဒဏ် မျိုးစုံ ခံစားခဲ့ရသော စိတ်ဒဏ်ရာရသူများ၊ ဝေဒနာများဖြင့် နာလံ မထူခဲ့ရသူများ၊ အသက် သေဆုံးခဲ့ရသူများ၊ ထောင်တွင်း၌ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ရသူများစွာမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် ပုံစံ အမျိုးမျိုးဖြင့် ရှိနေကြဆဲ ဖြစ်သည်။ တိုင်းပြည်ရှေ့ရေး အကျိုးမျှော်၍ ပြန်လည်ရင်ကြားစေ့ရေး စိတ်ထားဖြင့် ခံစားခဲ့ကြရသမျှ မြိုသိပ်ထားရခြင်းကို ဦးခင်ညွန့်က မလေးမစား စော်ကားမော်ကား ပြောဆိုလိုက်ပေပြီ။

စစ်ဝတ်စုံကို မချွတ်တမ်း ဝတ်ခဲ့ပြီး ၎င်းအာဏာရှိခဲ့သော ကာလတွင် တန်ခိုးထွားခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို  ယခုအခါ တိုက်ပုံအင်္ကျီဝတ်၍ လူထုရှေ့သို့ မျက်နှာပြောင်တိုက် ပွဲထုတ်သူကလည်း မရှား။ ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက် မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဦးခင်ညွန့်နှင့် တွေ့ဆုံတိုင်း ပြောဖြစ်ကြသော စကားဝိုင်းပါ နိုင်ငံရေးနှင့် ရှေးဟောင်းနှောင်းဖြစ်များထဲမှ ဟိုတစ၊ ဒီတစကို ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ယခုအခါ “ဗိုလ်ချုပ်ကြီးဟောင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အင်တာဗျူး” အမည်ရှိ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေကာ ရန်ကုန် ကရဝိတ်ခန်းမတွင်  မိတ်ဆက်ပွဲကျင်းပရာ အာဏာရှင် ဦးနေဝင်း၏မြေး အပါအဝင် နီးစပ်သူများ တက်ရောက်ခဲ့ကြသည်။
ယင်းစာအုပ်ကို နောက်ကျောဖုံးတွင် “သမိုင်းဝင် အင်တာဗျူးများကို စုစည်းထုတ်ဝေထားခြင်း” ဟု ဖော်ပြကြော်ငြာထားသော်လည်း အမှန်တရားများကို အရှိအရှိအတိုင်း မကွယ်မဝှက်၊ မထိန်မချန် ဖွင့်ဟခြင်း မဟုတ်ဘဲ ယခင်စစ်အစိုးရက အမှန်တရားကို ရှာဖွေဖော်ထုတ် တင်ပြနေခဲ့သော သတင်းဌာနများအား ရိုးစွပ်ခဲ့သော “မိုးလုံးပြည့် မုသာဝါဒ”ဟူသော စကားကို ဤနေရာတွင် ပြန်သုံးစွဲလျှင် အင်မတန် အံဝင်ဂွင်ကျလှသည်။ မြန်မာပြည်တွင် သမိုင်းကို အရုပ်ဆိုးစေသော လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် အဓိက တာဝန်ရှိသောသူတဦးဖြစ်သည့် ဦးခင်ညွန့်၏ အင်တာဗျူးမှ အဖြေစကားများသည် ဆင်သေကို ဆိတ်ရေဖြင့် ဖုံးရန် ကြိုးစားမှုသက်သက်မျှ ဖြစ်သည်။
အပြစ်ကင်းသူ တဦးကဲ့သို့ ဟန်ဆောင်၍ ပြည်သူလူထုရှေ့တွင် မျက်နှာပြောင်တိုက် လိမ်ညာတတ်သော စစ်ကောင်စီ အတွင်းရေးမှူး ၁ ခေတ်ကား သမိုင်းတွင် တခန်းရပ်ခဲ့ပြီးဖြစ်ကြောင်း ဦးခင်ညွန့် မျက်မှောက်ပြုမိပုံမပေါ်သေး။ အသိုင်းအဝိုင်းကြီးခဲ့ပြီး ဘုန်းတန်ခိုးတောက်ပခဲ့သည့် ရွှေရောင်နေ့ရက်များကို ပြန်မျှော်လင့်နေပါက ဦးခင်ညွန့် အမှားကြီးမှားပြီဖြစ်သည်။ သမိုင်းကို ချန်လှပ်၍သော်လည်းကောင်း၊ သမိုင်းကို ပြောင်းပြန်လှန်၍သော်လည်းကောင်း ဖြေဆိုထားသော ဤစာအုပ်သည် အတိတ်က မှားယွင်းမှုများကို သင်ခန်းစာယူ ရှောင်ရှားပြီး အနာဂတ်တွင် ကောင်းရာမွန်ရာများ ဖြစ်ထွန်းစေရေး ယခု ပစ္စုပ္ပန်တွင် သမိုင်းအမှန်ကို ကမ္ဗည်းတင်ရန် ကြိုးပမ်းနေခြင်းများအတွက် မည်သို့မျှ အထောက်အပံ့မဖြစ်ဟုသာ ဆိုရေးရှိက ဆိုလိုက်ရပေကြောင်း။
Irrawaddy

နိုင်ငံရေး အကျဉ်းသားများ “အပြစ်ရှိတယ်” ဟု ဦးခင်ညွန့် ပြော


ကြာသပတေးနေ့ စာအုပ်မိတ်ဆက်ပွဲ အခန်းအနားတွင် တွေ့ရသော ဦးခင်ညွန့် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဇာနည်မာန်
ယခင် စစ်အစိုးရလက်ထက်က ဖမ်းဆီးထောင်ချခံခဲ့ရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများသည် ဥပဒေကိုချိုးဖောက် ခဲ့သည့် ရာဇ၀တ်သားများသာဖြစ်ကြောင်း မြန်မာနိုင်ငံ၏ စစ်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်းက ပြောကြား လိုက်သည်။
ကြာသပတေးနေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော အခန်းအနားတခု၌ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က နိုင်ငံရေး အကျဉ်း သားဟောင်းများသည် အကြောင်းမဲ့သက်သက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည် ဆိုသည့် အချက်ကို ပယ်ချခဲ့၏။
“သူတို့တွေက သူတို့ကိုယ် သူတို့ ကာကွယ်တဲ့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးထောင်ချခံရတယ်လို့ ပြောကြပါတယ်၊ တကယ်တော့ သူတို့ ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိပါတယ်” ဟု ဆိုသည်။
စစ်အုပ်ချုပ်ရေးလက်ထက်က အလွန်အရှိန်အ၀ါကြီးသော မြန်မာနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွှန့်သည် ၂၀၀၃ ခုနှစ်တွင် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ နောက်တနှစ်ကြာသောအခါ စစ်အစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရပြီး အကျင့်ပျက် ခြစားမှု၊ အမိန့်မနာခံမှု တို့အတွက် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခြင်း ခံခဲ့ရသည်။
ထို့နောက် နေအိမ်အကျယ်ချုပ်ဖြင့် ၈ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သော အရပ်သားအမည်ခံ အစိုးရက နိုင်ငံရေး အကျဉ်းသားဟောင်းများကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးသည့် အချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
“အစိုးရက ကျနော်ဟာ ဥပဒေကို ချိုးဖောက်တယ်လို့ ယူဆတဲ့အတွက် ကျနော်တောင်မှ ထောင် ၄၄ နှစ်ကျခဲ့ပါတယ်။ ကျနော် သူတို့ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာခဲ့ရပါတယ်။ လူတယောက်ဟာ အပြစ်ရှိ မရှိဆိုတာက အဲဒီအချိန်မှာ အုပ်ချုပ်တဲ့ အစိုးရရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ အစိုးရက ခင်ဗျား ဥပဒေကို ချိုးဖောက်တယ် လို့ ယူဆမယ်၊ အပြစ်ပေးမယ် ဆိုရင် ခင်ဗျားဟာ အပြစ်ရှိလို့ပဲ။ ဒါကို ကန့်ကွက်ဖို့ အကြောင်းမရှိပါဘူး” ဟုလည်း ဗိုလ်ချုပ် ကြီးဟောင်း ခင်ညွန့်က ပြောသည်။
ကြာသပတေးနေ့က ပြုလုပ်ခဲ့သော မော်နီတာ ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ရေးသားသည့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နဲ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲ အခန်းအနားတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရင်း သူက ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ အဆိုပါစာအုပ်သည် ဂျာနယ်တွင်  ဦးမြတ်ခိုင်နှင့် ဦးခင်ညွှန့်တို့ သီးသန့် တွေ့ဆုံ စကားဝိုင်းများကို စုပေါင်းထုတ်ဝေလိုက်သော စာအုပ် ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု လူထု ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း ခဲ့၍ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းမှ စခဲ့သော စစ်အုပ်ချုပ်ရေးစနစ်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော စစ်ထောက်လှမ်းရေးဌာန ခေါင်းဆောင် ဖြစ်သည်။ သူ၏ စစ်ထောက်လှမ်းရေး တပ်ဖွဲ့များသည် မြန်မာနိုင်ငံ တလွှားမှ ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်ခြင်းနှင့် ထောင်ချခြင်းတို့ အတွက် အဓိက တာဝန်ရှိခဲ့သည်။ ထိုသို့ ရက်စက်ကြမ်းတမ်းမှုများကြောင့် ဦးခင်ညွန့်ကို Prince of Evil မိစ္ဆာမင်းသားဟု ဒေသတွင်း လွတ်လပ်သော သတင်းဌာနများက အမည်ပေးခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသားမရှိဟု စစ်အစိုးရလက်ထက် တလျှောက်လုံးနှင့် လက်ရှိ ဦးသိန်းစိန် အစိုးရပင် ကနဦးက ငြင်းဆိုလာခဲ့ရာက ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ ပြန်လွှတ်ပေးခဲ့ပြီး ယခုနှစ်ကုန်ပိုင်း အရောက်တွင် ကျန်နေသူများကို ပြန်လွှတ်ပေးမည်ဟု သမ္မတဦးသိန်းစိန် အစိုးရက ကတိပေးထားသည်။
ယခုလ အစောပိုင်းက အကျဉ်းသား ၆၉ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးခဲ့ရာတွင် ထိုအရေအတွက်သည် အကျဉ်းထောင်များအတွင်းတွင်  ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး၏ တ၀က်ခန့်သာ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က ဆိုသည်။
လက်ရှိပြုပြင်ပြောင်းလဲရေးများကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းများသည်လည်း စစ်ထောက်လှမ်းရေးအဖွဲ့၏ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်မှုများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနိုင်ကြပြီဖြစ်သည်။ အဓိက အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ၀ါရင့်စာနယ်ဇင်းသမားကြီး ဦးဝင်းတင်က ယခင်လက ပြုလုပ်ခဲ့သည့် ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းမှုတွင် စစ်ခေါင်းဆောင်များအနေဖြင့် ၁၉၈၈ အရေးအခင်းတွင် ရက်စက်စွာသတ်ဖြတ်ခဲ့ရများနှင့် အကျဉ်းထောင်များ အတွင်းတွင် နှိပ်စက်ညှဉ်းပန်းခဲ့မှုများအတွက် တောင်းပန်သင့်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ အခြား ဒီမိုကရေစီရေးလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းများကလည်း သဘောတူကြသည်။
ကြာသပတေးနေ့ စာအုပ်မိတ်ဆက်ပွဲတွင် ယင်းသို့တောင်းဆိုနေမှုများအတွက် တစုံတရာ မှတ်ချက်ပေးရန် ဧရာဝတီက မေးမြန်းခဲ့ရာ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်က “ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ” ဟုသာ ပြန်လည်မေးခွန်းထုတ်ခဲ့ပြီး အခြားမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်ဖြစ်သော ၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျာက “ပြည်သူ အားလုံးကို တောင်းပန်ရမှာပါ။ ကျနော်တို့က စစ်အစိုးရကို အမြဲတမ်း ဆန့်ကျင်ခဲ့တဲ့အတွက် ကျနော်တို့မှာ အပြစ်ရှိတယ်လို့ သူတို့က ပြောပါတယ်။ သူနဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ သိထားရမှာက ကျနော်တို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ကာကွယ်ခွင့်တွေဟာ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရက်စက်စွာ တားမြစ်ကန့်သတ်ခံခဲ့ရတယ် ဆိုတာပါပဲ။ ကျနော်တို့ဟာ အကျဉ်းထောင်တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသလို၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အဓမ္မ စစ်ဆေး မေးမြန်း မှုတွေ လုပ်ခံခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ မိသားစုတွေလည်း ထိခိုက် ခံစားခဲ့ရပါတယ်။ လူတိုင်းက ဗိုလ်ချုပ်တွေနဲ့ သူတို့လူတွေကို ကြောက်ရွံ့နေခဲ့ကြရတယ်။ ပြန်လည် တောင်းပန်ဖို့နဲ့ လုပ်ခဲ့တဲ့ အမှားတွေအတွက် တာဝန်ယူဖို့တောင်းဆိုတာက လက်စားချေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့က သူတို့ကို အရင်က ဖြစ်ခဲ့တာတွေကနေ သင်ခန်းစာယူပြီးတော့ လက်ရှိအချိန်နဲ့ အနာဂါတ်ကာလမှာ ဒီလိုလမ်းအတိုင်း ဆက်မလျှောက်စေချင်လို့ပါ” ဟု ဦးမင်းဇေယျာက ပြောသည်။
နိုင်ငံရေး အကျဉ်းသား ဟောင်းတဦး ဖြစ်သော ဦးရဲအောင်ကလည်း လယ်သမားများ၊ အလုပ်သမားများတို့၏ အခြေခံအခွင့်အရေးများအတွက် လှုပ်ရှားတောင်းဆိုနေသူများ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ တရားစွဲဆို ထောင်ချခံရခြင်းများ ရင်ဆိုင်နေကြရဆဲဟု ဆိုသည်။
“ဦးခင်ညွန့် အနေနဲ့ ခုချိန်မှာ အရင်ထက်စာရင် ပိုပြီး ပွင့်လင်းမြင်သာမှုရှိနေပြီ ဆိုတာကို နားလည်သင့်ပါတယ်။ ဒါပေမယ့် ခု ထွက်လာတဲ့ သူ့ရဲ့ အင်တာဗျူးစာအုပ်နဲ့ တခြားဗိုလ်ချုပ်ဟောင်းတွေ ပြောကြားချက်တွေအရဆိုရင် ပွင့်လင်း မြင်သာမှု မရှိသေးပါဘူး။ ခုချိန်ထိ သူတို့ ပွင့်ပွင့်လင်းလင်း အတိတ်ကို ထုတ်ဖော် မပြောရဲသေးဘူး။ ဖုံးကွယ်ဖို့ပဲ သူတို့ အမြဲ ကြိုးစား နေကြတယ်” ဟုလည်း ဆိုသည်။

ဘရတ်ပစ်တ်ကိုမိမိ၏ဇာတ်ရုပ်တွင်သရုပ်ဆောင်စေလိုဟု ဘက်ဟမ်းဆို


ကမ္ဘာ့ဘောလုံးလောက၏ အထင်ကရ ကြယ်တစ်ပွင့် ဖြစ်ခဲ့ဖူးသည့် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းက မိမိ၏ ဘဝကို သရုပ်ဖော်သော ရုပ်ရှင်တစ်ခု ရိုက်ကူးဖြစ်ပါက ပစ်တ်ထက် ပိုမိုသင့်တော်သူ မမြင်မိဟု ထောက်ခံခဲ့ခြင်း ဖြစ်သည်။
ဘရတ်ပစ်တ်ကို မိမိ၏ဇာတ်ရုပ်တွင် သရုပ်ဆောင်စေလိုဟု ဘက်ဟမ်းဆိုမိမိ၏ အကြောင်းကို ရုပ်ရှင် ရိုက်ကူးပါက မင်းသားနေရာအတွက်ဘရတ်ပစ်တ် ကို ထောက်ခံ လိုကြောင်း ဒေး ဗစ်ဘက်ဟမ်း က ပြော ကြား လိုက်သည်။ ကမ္ဘာ့ဘောလုံးလောက၏ အထင်ကရ ကြယ်တစ် ပွင့် ဖြစ်ခဲ့ဖူးသည့် အင်္ဂလန် လက်ရွေး စင် အသင်းခေါင်းဆောင်ဟောင်းက မိမိ၏ ဘဝကို သရုပ်ဖော်သော ရုပ်ရှင်တစ်ခု ရိုက်ကူးဖြစ်ပါက ပစ်တ် ထက် ပိုမိုသင့်တော်သူ မမြင်မိဟု ထောက်ခံခဲ့ခြင်း ဖြစ် သည်။ ဘောလုံးကစားခြင်းမှ အနားယူခဲ့ပြီဖြစ်သော ဘက်ဟမ်းသည် ဟောလီးဝုဒ် နာမည်ကျော်မင်းသား ပစ်တ်၏ အခိုင်အမာ ပရိသတ် တစ်ဦး လည်း ဖြစ် သည်။ ၎င်းက မိမိနေရာအတွက် သရုပ်ဆောင်နေသော ပစ်တ်ကို တွေ့မြင်လိုကြောင်း ဖွင့်ဟခဲ့သည်။

TalkSport၏ ရေဒီယို အစီအစဉ်တွင် ၎င်း၏အကြောင်း ရုပ်ရှင်ရိုက်ဖြစ်ပါက မည်သည့်မင်းသားကို ရွေးချယ်လိုကြောင်း မေးမြန်းရာ ဘက်ဟမ်းက “ပစ်တ်က မဖြစ်မနေ ရွေးရမယ့်သူပဲဗျ။ ကျွန်တော့် ဇာတ်ရုပ်မှာ သူ့ကိုပဲ သရုပ်ဆောင်စေချင်တယ်။ နောက်တစ်ယောက် မဖြစ်မနေ ရွေးဆိုရင်တော့ လီယိုနာဒို ဒစ်ကာပရီယိုနဲ့ ဘရက်ဒ်လေ ကူးပါးတို့ထဲက တစ်ယောက်ယောက်ပေါ့လေ။ သူတို့အားလုံး ခပ်ဖြောင့်ဖြောင့်တွေချည်းပဲ မဟုတ်လား”ဟု ရယ်ရယ်မောမော တုံ့ပြန် ဖြေဆိုသွားသည်။
အသက်(၃၈)နှစ်ရှိ ဘက်ဟမ်းသည် ဘောလုံးကျွမ်းကျင်မှုအပြင် လူမှုဘဝပုံရိပ်ကြောင့်ပါ နာမည်ကျော်သော ကြယ်တစ်ပွင့် ဖြစ်ခဲ့သည်။ ဘက်ဟမ်းသည် အားကစားနယ်ပယ်မှ အနားယူခဲ့သော်လည်း ခန္ဓာကိုယ် ကျစ်လစ်ကြံ့ခိုင်မှုကို ဆက်ထိန်းထားဆဲ ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီးလည်း ၎င်းက “ကျွန်တော့်ဇနီး ဗစ်တိုးရီးယားက ကျွန်တော့်ခါး အရွယ်အစားကို ခဏခဏ တိုင်းကြည့်နေရတာ အမောပဲဗျ။ ကံကောင်းပါတယ်။ ခုထိ ကျွန်တော် ပုံမပျက်သေးဘူး”ဟုလည်း အရွှမ်းဖောက်သွားသည်။

စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်၏ အစစ်ခံချက် ( ၂၈-၅-၂ဝဝ၈ ရက်နေ့)

အပိုင်း(၄)

(မှတ်ချက် -
အပိုင်း-၁ မှာ ဒီဇာတ်လမ်းတွေရဲ့အစကို ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက် ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည် ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့် မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေ မှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာ ကို တွေ့နိုင်ပါတယ်။

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။

ဒီအမှုတွဲထဲမှာ နာမည်ကြီးအနုပညာရှင်တွေအတော်များများနဲ့ အောင်ဇော်ရဲမြင့်၊ ကျော်စွာမြင့်၊ စည်သူသာအေးတို့လို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ပါဝင်ပတ်သတ်နေပါတယ်။ အဲ့သလို တရားဥပဒေရဲ့အထက်မှာ ရှိနေသူများ ပါဝင်ပတ်သတ်နေတာကြောင့် ဒီအမှုတွဲထဲမှာပါတဲ့ တရားခံအားလုံးလိုလို အပြစ်ပေး အရေးယူခြင်း မခံခဲ့ရပါဘူး။- မိုးဇေညိမ်း)

စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်၏ အစစ်ခံချက် ( ၂၈-၅-၂ဝဝ၈ ရက်နေ့)

၁။ အမည် - စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်
၂။ အသက် - (၃ဝ)နှစ်၊ ၆-၉-၇၇
၃။ မှတ်ပုံတင်အမှတ် - ၁၂/အစန (နိုင်) ၁၇၁၁၂ဝ
၎။ အဘအမည်/ - ဗိုလ်မှူးကြီးကိုကို ( အငြိမ်းစား)
နေရပ် - သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
၅။ အမိအမည် - ဒေါ်အေးအေးမြင့် (ဘ) ဦးမောင်ရီ၊ ၅၄ နှစ်
နေရပ် - မ/၃၃၃၊ဗိုလ်ဥာဏလမ်း၊ (ရ) မိုင်
၆။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
၇။ လက်ရှိနေရပ်လိပ်စာ - သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
၈။ မွေးရပ်ဇာတိ - ရန်ကုန်မြို့
၉။ ပညာအရည်အချင်း - ၁ဝ တန်း
၁ဝ။ အလုပ်အကိုင် - ရုပ်ရှင်သရုပ်ဆောင်
၁၁။ ဇနီး / ခင်ပွန်း - မရှိပါ။
၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ - (၁)မသဇင်ကိုကို (အစ်မ)
၁၃။ သား/သမီးများ - မရှိပါ
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၂၈-၅-၂ဝဝ၈/ ဝ၁၃ဝ
၁၅။ ကိုယ်ပုံသဏ္ဍာန် - အရပ် ၅ ပေ ၄ လက်မ၊ မျက်နှာသွယ်၊ နှုတ်ခမ်းပါး၊ နှာတံပေါ်စင်း၊ မျက်ခုံးတို

ကိုယ်ရေးရာဇဝင်အကျဉ်း

ကျွန်မအား အထက်ပါမိဘနှစ်ပါးမှ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆ လမ်းတွင် မွေးဖွားခဲ့ပြီးနောက်၊ အသက် ၁၁ နှစ်အရွယ်တွင် မရမ်းကုန်းမြို့နယ်၊ ၇မိုင်ခွဲ၊ တေးနုယဉ်လမ်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ထိုနေရာတွင် ၂/၃ နှစ်ခန့်နေထိုင်ပြီး မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃၃ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပါသည်။ ယခုလက်ရှိအိမ်တွင် မိခင်ဖြစ်သူနေထိုင်လျက်ရှိပါသည်။

ကျွန်မသည် အ မ က (၆) ကျောက်တံတားတွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ ထ က (၂) ကမာရွတ်၊ အင်းစိန်စော်ဘွားကြီးကုန်းရှိ အ ထ က ကျောင်း၊ မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်းကျောင်း၊ အ ထ က (၂) စမ်းချောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး (၁ဝ) တန်းထိ ပညာသင်ကြားခဲ့ပါသည်။ ၁ဝ တန်းကို အောင်သည်အထိ ပညာသင်ကြားခြင်းမရှိတော့ပါ။

မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်

လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်တွင် ရုပ်ရှင်သရုပ်ဆောင်ချောရတနာ မိတ်ဆက်ပေးသည့် အတွက် အောင်ဇော်ရဲမြင့်နှင့် စတင်သိကျွမ်းခဲ့ပါသည်။ ထိုအချိန်က ကျွန်မမှာလည်း ချစ်သူရည်းစားရှိခဲ့သည့်အတွက် အသိအကျွမ်းအနေဖြင့်သာ သိရှိခဲ့ပါသည်။၂ဝဝ၇ခုနှစ်၊အောက်တိုဘာလ၊နိုဝင်ဘာလခန့်တွင် အောင်ဇော်ရဲမြင့်မှ ဖုန်းဆက်သွယ်လာပြီး ၄င်းမှာဇနီးဖြစ်သူအေးမြအောင်နှင့်တရားဝင်ကွာရှင်းတော့မည် ဖြစ်ကြောင်းကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပါသည်။ ကျွန်မမှ အောင်ဇော်ရဲမြင့်မှာ အေးမြအောင်နှင့် လက်ထပ်သွားသည့်ကို မသိလိုက်ခဲ့ပါ။ ယခုကွာရှင်းတော့မည် ဖြစ်ကြောင်းသိသည့်အခါ သူ့ကိုအားပေးစကား ပြောကြားပြီး ဆက်သွယ်မှု ရှိလာခဲ့ပါသည်။ အောင်ဇော်ရဲမြင့်လက်ထပ်သည့်နေ့မှာ သူ၏မွေးနေ့ဖြစ်သည့် မေလ ၁၃-ရက်နေ့တွင် အေးမြအောင်နှင့်လက်ထပ်ခဲ့ပြီး ၆လခန့်အကြာတွင် ကွာရှင်းခဲ့ခြင်းဖြစ်ပါသည်။ သူ့ဇနီး အေးမြအောင်နှင့် အဆိုတော်ရဲလေးတို့ တိတ်တဆိတ် ချစ်ကြိုက်နေကြောင်း သိရသဖြင့် ကွာရှင်းခဲ့ခြင်း ဖြစ်ကြောင်း ကြားသိရပါသည်။

အောင်ဇော်ရဲမြင့်နှင့်အေးမြအောင်တို့ ကွာရှင်းသည့်(၂ဝဝ၇ခုနှစ်၊အောက်တိုဘာလ၊နိုဝင်ဘာလခန့်) နေ့၌ပင် အောင်ဇော်ရဲမြင့်မှ ကျွန်မအားချစ်ခင်ကြောင်းပြော၍ ကမ်းလှမ်းခဲ့ပါသည်။နောက်ပိုင်းတွင် ကျွန်မနှင့်တွဲ၍ သွားလာမှုများရှိခဲ့ကာ ကန်တော်ကြီးဟိုတယ်၊ Pioneer CLUBနှင့် BME One CLUB တို့၌ သွားလာလေ့ ရှိပါသည်။

ရဲတံခွန်တာဝါတွင် နေထိုင်ခြင်း

လွန်ခဲ့သည့် (၃/၄)လခန့်မှစ၍ ကျွန်မသည် အောင်ဇော်ရဲမြင့်နေထိုင်သည့် ရဲတံခွန်တာဝါသို့လိုက်ပါ၍ နေထိုင်ခဲ့ပါသည်။ အောင်ဇော်ရဲမြင့်သည် CLUB များသို့သွားပြီးအပြန်တွင် သူငယ်ချင်းများမှာ အတွဲများဖြင့် လိုက်လာပြီး စုရုံး၍ စားသောက်နေထိုင်လေ့ရှိကြပါသည်။ ကျွန်မမှ ရဲတံခွန်တာဝါတွင် လိုက်ပါနေထိုင်သည်ကို ကျွန်မ၏ မိဘနှစ်ပါးမှသိရှိသကဲ့သို့ အောင်ဇော်ရဲမြင့်၏မိဘနှစ်ပါးကလည်း သိရှိပါသည်။ ကျွန်မမိဘများ အနေဖြင့် အောင်ဇော်ရဲမြင့်မှာ ဆိုးသွမ်းသည်ဟုသတင်းကြားသည့်အတွက် သဘောမတူကြပါ။ အောင်ဇော်ရဲမြင့်၏မိဘများဘက်မှ မည်သို့မျှ မပြောပါ။

ကျွန်မရဲတံခွန်တာဝါသို့ရောက်ရှိနေထိုင်ပြီးနောက်ပိုင်း အောင်ဇော်ရဲမြင့် ထံသို့လာရောက်တတ်သူများမှာ ဂန္တဝင်နှင့်၎င်း၏ ညီမဝမ်းကွဲ မငယ် (M-၃ အဆိုတော်)၊ ပြည့်ဖူးခိုင်နှင့် ၄င်း၏ရည်းစား Pioneer Club DJ ဝင်းအောင်၊ သင်ဇာဝင့်ကျော်နှင့် ၄င်း၏ရည်းစား စည်သူမိုးမြင့်၊ မင်းနိုင်နှင့်၎င်း၏တူ ကျော်သူဝင်းတို့မှာ ကလပ်တွင် တွေ့ဆုံကြ ပြီးနောက် ၄င်းတို့၏ကားများဖြင့် ရဲတံခွန်တာဝါသို့ လိုက်လာခဲ့ပါသည်။ ထို့နောက် DJ အခန်း(TV ကြည့်နေသည့်အခန်း) ထဲသို့ ဝင်ရောက်ကာ Ecstasy ဆေးပြားများသုံး၍ ကကြပါသည်။

ကျွန်မနှင့် အောင်ဇော်ရဲမြင့် မတွဲမီက အောင်ဇော်ရဲမြင့်နှင့်ဂန္တဝင်တို့ ရည်းစားအဖြစ် တွဲခဲ့ပါသည်။ ယခုကျွန်မနှင့် တွဲနေသည့်ကာလအတွင်း ကျွန်မနှင့် အောင်ဇော်ရဲမြင့်တို့ အဆင်မပြေရန်ဖြစ်၍ ကျွန်မ၏ မိခင်ရှိသည့် မရမ်းကုန်း ၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃ရှိနေအိမ် သို့ပြန်ခဲ့ပါသည်။ ထိုအချိန်အတွင်း ဂန္တဝင်၊ ပြည့်ဖူးခိုင်နှင့် နိုင်လင်း၊ ကျော်သူဝင်း၊ မင်းနိုင်တို့အုပ်စု ရဲတံခွန်တာဝါရှိ အောင်ဇော်ရဲမြင့်နေအိမ်သို့ ကလပ်မှအပြန်တွင် လိုက်လာကြပါသည်။ ကျော်သူဝင်းနှင့် အောင်ဇော်ရဲမြင့်တို့ မပြေလည်သည့်ကိစ္စကို လိုက်ပါတောင်းပန်ကြခြင်း ဖြစ်ပါသည်။ ၄င်းတို့အုပ်စုထဲမှာ M-3 မှ အဆိုတော် မငယ်ဆိုသူမှာ အောက်တိုဘာလခန့် တွင် ရဲတံခွန်တာဝါသို့ ရောက်ရှိလာပြီး ညအိပ်ခဲ့ကြောင်း နံနက်မိုးလင်းသည့်အခါ ကျော်သူဝင်း၊ ပြည့်ဖူးခိုင်၊ နိုင်လင်းတို့မှ လာရောက်၍ ကြိုသွားကြောင်း၊ နောက်တစ်နေ့တွင် ဂန္တဝင် တစ်ယောက်တည်း ရောက်လာပြီး မငယ်အား ယမန်နေ့က မည်သည့်အတွက် ခေါ်သွားကြောင်း မေးမြန်းသည်ကို သိရှိရပါသည်။

Ecstasy ဆေးပြားများသုံးစွဲဖူးခြင်း

ကျွန်မသည် အောင်ဇော်ရဲမြင့်နှင့် ရည်းစားမဖြစ်မီက ၂ဝဝ၇ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလခန့်တွင် ရွှေကောင်းဟော့ပေါ့ ပိုင်ရှင် (တရုတ်မအမည်မသိ) ၄င်း၏ရည်းစား ဦးဖိုးဌေး၊ (အိုက်ဟောက်၏တပည့်၊ မန္တလေးမြို့သား) တို့နှင့်အတူ BME-1 တွင် တွေ့ဆုံလေ့ရှိပါသည်။ တွေ့ဆုံသည့်အခါများတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးမှ ကျွန်မအပါအဝင် ရုပ်ရှင်မင်းသမီးများအား Ecstacsy ဆေးပြား ၁ ပြား/တစ်စိတ်စီ တိုက်လေ့ ရှိပါသည်။ ကိုကလပ်သည် အထူးသဖြင့် ရုပ်ရှင်မင်းသမီးများကို Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်လေ့ ရှိပါသည်။ ကလပ်များသို့ ရုပ်ရှင်သရုပ်ဆောင်များလာပါက ကလပ်တွင် ဧည့်သည်စည်ကားစေရန်အတွက် ဆေးပြားများကို တိုက်ကျွေးခြင်းဖြစ်ပါသည်။

BME-1 မှ အထူးအခန်းများ

BME-1 တွင် အထူးအခန်းတွင် ထားလေ့ရှိပြီး ထိုအခန်းများသို့ အိုက်ဟောက်၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ J Donuts ကိုအေးဝင်း၊ ကိုသက်နိုင်၊ ကိုတေဇ၏တပည့် နားကွင်းသူရ၊ ယုံးဖူကော (ဖားကန့်တွင် ကျောက်လုပ်သူ) ပဲအရောင်းအဝယ်လုပ်သူ ကုလားလူမျိုး ဦးမြင့်သန်းတို့ လာရောက်လေ့ရှိပါသည်။ ၄င်းတို့နှင့် သိကျွမ်းသူ အမျိုးသမီးငယ် အဖော်များကို ခေါ်လာပြီး သီးသန့်ကခုန်ကြခြင်း ဖြစ်ပါသည်။ အိုက်ဟောက်မှ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို၊ ပပဝင်းခင်နှင့် ဇင်ဇင်ဇော်မြင့် တို့အား ခေါ်ယူ၍ ကခုန်ကြပြီး ထိုရုပ်ရှင် သရုပ်ဆောင်များကို ခေါ်ယူစဉ် အိုက်ဟောက်မှ ၅ သိန်းပေးပါသည်။ BME-1 ရှိ အထူးခန်းတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးနှင့် လာရောက်သူ အမျိုးသမီးကလေးများ Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်ကြောင်း၊ အလားတူ အပြင်ဘက်ရှိ ခန်းမတွင်လည်း လိုက်၍တိုက်ကြောင်း၊ ထို့အပြင် ထမင်းစားပန်းကန်ပေါ်တွင် K-Powder အမှုန့်များကို ထည့်ပေးထားပြီး နှစ်သက်သူ သုံးစွဲရန်တင်ပေးထားပါသည်။

အက်စ်ကားဘိတ်ဟိုတယ်သို့သွားရောက်ခြင်း
ကျွန်မသည် ၂ဝဝ၇-ခုနှစ် စက်တင်္ဘာလခန့်တွင် ကိုဖိုးဌေး၊ ကိုဖိုးဌေး၏ရည်းစားဖြစ်သူ မယမင်းတို့နှင့်အတူ ကမာရွတ်၊လှည်းတန်းလမ်းမကြီးပေါ်ရှိ အက်စ်ကားဘိတ် ဟိုတယ်သို့သွားရောက်ခဲ့ပါသည်၊ဟိုတယ်တွင် J Donuts ကိုအေးဝင်းမှ BME-1 မှ DJ ကိုပါခေါ်ပြီး ပါတီပွဲပြုလုပ်ခဲ့ပြီး ထိုနေ့က ကျွန်မနှင့်အတူ ကိုသက်နိုင်၊ နားကွင်းသူရ၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ယုံဖူကော (ကိုတေဇနှင့်တွဲနေကျအမျိုးသမီး) တို့ လာရောက်ကြပါသည်။ သီးသန့် ပါတီပွဲဖြစ်၍ လူသိများကိုသာဖိတ်ခြင်းဖြစ်ပါသည်၊ ထိုပါတီပွဲတွင်လည်း စိတ်ကြွဆေးပြားကို လူတိုင်းသို့တိုက်ပါသည်။

အောင်ဇော်ရဲမြင့်နှင့် WY အတူသုံးစွဲခြင်း

၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလခန့်က အောင်ဇော်ရဲမြင့် နှင့်စတင်ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့်ချစ်ကြိုက်ပြီး WY ဆေးပြားကို အတူသုံးစွဲခဲ့ပါသည်၊အောင်ဇော်ရဲမြင့်နှင့် မကြိုက်ခင်(၂) လခန့်ကစ၍ ၄င်းဆေးပြားအား ဂန္တဝင်၊ မငယ်၊ကျော်သူဝင်း၊ကိုမင်းနိုင်၊ပြည့်ဖူးခိုင်၊နိုင်လင်း၊သင်ဇာဝင်ကျော် တို့နှင့်အတူ စတင်သုံးစွဲခဲ့ပါသည်။ ၄င်းတို့နှင့် အတူ Golden Hill တွင် (နိုက်ဆင်း)မရှိသည့်ရက်များတွင် သုံးစွဲခဲ့ဘူးပါသည်၊ ၄င်းနောက် နိုဝင်္ဘာလဆန်းတွင် ၄င်းအဖွဲ့နှင့်တွဲသည်ကို မိခင်မှမကြိုက်သဖြင့် မိသားစုအားလုံး(၉)ရက် တရားစခန်း ဝင်ချိန်တွင် လိုက်ပါဝင်ရန်ခေါ်သါားခဲ့ပါသည်၊ တရားစခန်းမှ ပြန်လာခဲ့ပြီးနောက်ပိုင်း နိုဝင်္ဘည(၁၃)ရက်နေ့တွင် အောင်ဇော်ရဲမြင့် မှကန်တော်ကြီး Lake View စားသောက်ဆိုင်တွင် ထမင်းဖိတ်ကျွေးပြီး၊ ၄င်းနေ့တွင် ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့်ချစ်ကြိုက်နေစဉ်အတွင်း ဂန္တဝင်တို့အဖွဲ့မှ မကြိုက်ရန်တားမြစ်ပြီး ၊အားလုံးမှ အဆက်အသွယ်ဖြတ်သွားကြပါသည်၊ တစ်ပါတ်ခန့်ကြာသောအခါမှ အောင်ဇော်ရဲမြင့်အား ပြန်လည်စကားပြော ကြပါသည်။

အောင်ဇော်ရဲမြင့်နှင့်ချစ်ကြိုက်ပြီး၊၄င်းမှ WY သုံးဘူးလားဟုမေးရာ ဂန္တဝင်တို့နှင့် သုံးဘူးကြောင်းပြောပြ ခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် အောင်ဇော်ရဲမြင့်၏အိမ်တွင် ၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလမှစ၍ နေ့စဉ် ရှူတင်သွားကာနီးတွင် ကျွန်မမှ (၂)လုံးသုံးစွဲပြီး အောင်ဇော်ရဲမြင့်မှ ဘယ်နှစ်လုံးသုံးသည်ကိုမသိရှိပါ၊ နိုက်ဆင်းရှိသည့်ရက်များတွင် အိမ်သို့ညနေ(၆)နာရီခန့်တွင် ပြန်လည်ရောက်ရှိပြီး၊ ညနေ ရှူတင်မသွားခင် (၆)နာရီခွဲခန့်တွင် (၂/၃)လုံးသုံးစွဲပြီးမှသွားပါသည်၊ နိုက်ဆင်းမရှိသည့်ရက်များတွင် မိဘအိမ်၊ စက်ချုပ်ဆိုင်၊ အလှပြင်ဆိုင် များသို့ အလှည့်ကျသွားပြီး မိဘအိမ်တွင် ပြန်အိပ်ပါသည်၊ တစ်ခါတစ်ရံ ကလပ်သို့ အောင်ဇော်ရဲမြင့်နှင့်အတူ သွားရောက်ခဲ့ပါသည်၊ တစ်ပါတ် (၃)ကြိမ်ခန့် ကလပ်သို့ရောက်ဖြစ်ပါသည်၊ ကလပ် တွင် ကိုမင်းနိုင်တို့ရှိသည့်နေ့၌ ကိုမင်းနိုင်တို့အဖွဲ့မှ အစ်မ ဘာ (ON) ထားလဲ၊ ရှိတယ် ယူမလား၊ သောက်မလားဟု အမြဲမေးတတ်ပါသည်။

အိမ်မှ ရှူတင်သွားပြီးအပြန် ကလပ်သို့ မငယ် တို့အုပ်စုနှင့်အတူသွား၍ က ပါသည်။ အောင်ဇော်ရဲမြင့်နှင့် စိတ်ဆိုးနေစဉ် မြဝတီနှစ်ပါတ်လည် ရိုက်စဉ် ၂ဝဝ၈-ခုနှစ် မတ်လ ခန့်ကတစ်ကြိမ်၊ ၂ဝဝ၈-ခုနှစ် ဧပြီလ သင်္ကြန်မတိုင်ခင် (၁၁)ရက်နေ့က တစ်ကြိမ် ကိုမင်းနိုင်တို့အဖွဲ့နှင့် ဘလေဇွန်တိုက်ခန်းတွင် ကလပ်မှအပြန် လိုက်ပါ၍ WYဆေးပြားများ သုံးစွဲခဲ့ပါသည်။ သင်္ကြန်အကြို (၁၂)ရက်နေ့တွင် အောင်ဇော်ရဲမြင့်မှ အတင်းလာခေါ်၍ ပြန်လိုက်သွားပြီး အကြတ်နေ့တွင် စတားကလပ် မဏ္ဍပ်သို့ ကေခိုင်ရဲမြင့် ခေါ်သဖြင့် ကျွန်မတို့ နှစ်ဦးသွားရောက်ခဲ့ပါသည်။

နောက်တစ်နေ့ သင်္ကြန်အကြပ်နေ့တွင် ည(၁ဝ)နာရီခန့် BME-1 သို့ ရောက်ရှိခဲ့ပါသည်၊ ထိုညတွင် ကလပ်မှ ပိတ်ထားပြီး ကားအစီး(၂ဝ)ခန့် တွေ့သည့်အတွက်မေးရာ မောင်ဝိတ်မှ သင်္ကြန်တွင်းတစ်ခုလုံး ငှားထားသည်ဟု ပြောနေစဉ် မောင်ဝိတ် ထွက်လာပြီး အထဲတွင် ကိုပြည်အောင် (ဦးအောင်သောင်း၏ သား) ရှိတယ်၊ မင်းနဲ့ ရှော့ရှိသလားဟု မေးရာ မရှိကြောင်းပြောသဖြင့် အထဲသို့ဝင်ခွင့်ရရှိခဲ့ပါသည်၊လူရှင်းသည့်စားပွဲဝိုင်းတွင်နေရာ ချပေးပြီး မောင်ဝိတ်မှ စကားပြောဧည့်ခံပြီး ခဏအကြာထွက်သွားပါသည်၊ ၄င်းနောက် ဝိတ်တာ မှ ရေသန့်ဗူး တွင် ဆေးပြားများရောစပ်ထားသည့် အရက်နှင့်ကိုကာကိုလာရောစပ်ပြီး လာချပေးပါသည်။ ထို့နောက် အောင်ဇော်ရဲမြင့်နှင့်နှစ်ဦးအတူ မနက်(၄)နာရီခွဲအထိက ဖြစ်ကြပါသည်။
သင်္ကြန်အတက်နေ့တွင် အင်းယားလိတ် DJ ဘားကလပ်သို့ ည(၁၁)နာရီခန့်တွင် ရောက်ရှိခဲ့ပြီး DJ ကို မြန်မာသီချင်း ဖွင့်ခိုင်းရာမှ ဝိတ်တာနှင့် စကားများရာမှ ကျွန်မ နှင့်ပါအကြီးအကျယ်စကားများရန်ဖြစ်ပြီး ပြန်လာခဲ့ကြပါသည်။

ပြန်လည်ဖတ်ပြရာမှန်ကန်ကြောင်းအောက်တွင်လက်မှတ်ရေးထိုးပါသည်။

အစစ်ခံသူ
စံပယ်ကိုကို(ခ)ဇာဇာသိမ့်(ခ)နဝရတ်

iD မဂ္ဂဇင်း၏ အထူးမှတ်တမ်း ဗီဒီယိုတွင် ပါဝင်ပေးခဲ့သည့် မီရန်ဒါကားရ်


Miranda Kerr on Cover for Cleo July 2013
i-D မဂ္ဂဇင်း၏ အထူးထုတ်မှတ်တမ်းဗီဒီယိုတွင် မီရန်ဒါကားရ်က ညှို့အားပြင်း ပုံရိပ်တစ်ခုအဖြစ် ပါဝင် ကူညီသွားခဲ့ကြောင်း သိရှိရသည်။
မဂ္ဂဇင်း၏ ၃၃ နှစ်ပြည့် အထူးထုတ်အဖြစ် ဗီဒီယိုမှတ်တမ်းတို တစ်ခုကိုပါ အမှတ်တရ ရိုက်ကူးခဲ့ရာ A မှ Z ထိ အင်္ဂလိပ်အက္ခရာ ၂၆ လုံးဖြင့် ခေါင်းစဉ်များခွဲကာ မော်ဒယ်လ်များက ကိုယ်ဟန်ပြပေးခဲ့သည်။ ယင်းကဲ့သို့ ခေါင်းစဉ်များ သတ်မှတ်ရာတွင် ၁၉၈၀ မှ ၂၀၁၃ ခုနှစ်အတွင်း မဂ္ဂဇင်း၏ အပေါက်ဆုံး ခေါင်းစဉ်များကို ရွေးထုတ်ထားခြင်းဖြစ်သည်။ယခုအစီအစဉ်ကို ဒါရိုက်တာ ဂျရမီရိုဇန်နှင့် ဖက်ရှင်ဒါရိုက်တာ ချာလော့တီ စတော့ဒေးလ်တို့က တာဝန်ယူ ရိုက်ကူးခဲ့ပြီး A-Z of wink ဟု အမည်ပေးထားသည်။
ဩစတြေးလျ စူပါမော်ဒယ်လ်ကမူ bအက္ခရာအတွက် babewatch ဆိုသော ကဏ္ဍတွင် ကိုယ်ဟန်ပြပေးခဲ့သည်။ သူမသည် အလွန်သေးငယ်သည့် chanel ရေကူးဝတ်စုံလေးဖြင့် ကိုယ်ဟန်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘီကနီသည် ၁၉၉၆ ခုနှစ်က မော်ဒယ်လ်
စတယ်လာတန်နော့တ် ဝတ်ဆင်ပြခဲ့ပြီးနောက် လူပြောများ နာမည်ကြီးခဲ့ဖူးသည်။ i-D က အဆိုပါဖြစ်ရပ်ကို တစ်ကျော့ပြန် အောက်မေ့စေသည့် အနေဖြင့် မီရန်ဒါနှင့် ပုံစံသစ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မဂ္ဂဇင်း အယ်ဒီတာ ဟိုလီရှက်လီတန်က “i-D ဟာ နှစ်ပေါင်း ၃၀
အတွင်း ဖက်ရှင်နယ်ပယ်ရဲ့ အရည်အသွေး အပြည့်ဆုံးသူတွေကို စုစည်းပြီး ဒီဗီဒီယိုကို ဖန်တီးခဲ့တာပါ။ စူပါမော်ဒယ်လ်တွေ၊ ဒီဇိုင်နာတွေ ပူးပေါင်းပြီး ဒီအထူးထုတ် ဗီဒီယိုလေးကို ဖန်တီးနိုင်ခဲ့တာ ပျော်ရွှင်မိပါတယ်” ဟု ပြောကြားသွားသည်။

ကမ္ဘာကျော်Khan Academy မြန်မာပြန် ဝက်ဘ်ဆိုက်အတွက် ဘာသာပြန်သူများ Volunteer လုပ်နိုင်

တော်တော်ကောင်းတဲ့ စိတ်ကူးလေးပါ။ Online သင်ခန်းစာများကို
ပို့ချနေသော ကမ္ဘာကျော် Khan Academy Website အားမြန်မာဘာသာ
ဖြင့် လွှင့် တင်ထားပြီး အဆိုပါ Web Site တွင် မူရင်း ဗီဒီယိုသင်ခန်းစာများ
ကို မြန်မာဘာသာပြန်ဆိုကာ တင်ဆက်ထားသည်။

ပညာရပ်နယ်ပယ်ပေါင်းစုံအတွက် ထုတ်လွှင့်ထားသော ဗီဒီယိုဖိုင်သင်
ခန်းစာများအားလုံးကို မြန်မာဘာသာစကားဖြင့် ပြန်ဆိုဖော်ပြနိုင်ရန်အတွက်
Volunteer များအဖြစ်လုပ်ကိုင်လိုသူများ ဆက်သွယ် နိုင်ကာ ပါဝင်လုပ်ဆောင်နိုင်ဖို့ဖိတ်ခေါ်ထားပါတယ်။

ယခုအခါမှာ သင်ကြားရေးဆိုင်ရာ ဗီဒီယိုဖိုင်ပေါင်း ၁၀၀ ကျော်ကို မြန်မာ
ဘာသာပြန် ဖြင့် အခမဲ့ကြည့်ရှုနိုင်နေပြီဖြစ်ကာ မကြာမီမှာ DVD များကို အခ
မဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အသေးစိတ်သိရှိလိုပြီး မြန်မာဘာသာပြန် Online သင်ခန်းစာများကို ကြည့်ရှုလိုပါက

http://www.khanacademyburmese.org/
 


တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။မြန်မာ့ပညာရေးတိုးတက်ဖို့အတွက် တစ်တပ်တစ်အားဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ကြစေဖို့ Tech Space ဝိုင်းတော်သားများက ဆန္ဒပြုလိုက်ပါတယ်။

---------------------------------

Nyein Chan(TSJ Tech Team)

အခက်အခဲတွေကို ခေါင်းထဲမထည့်ဖို့ ပြောလိုက်တဲ့အောန်ဆိုင်း


ကျောင်းတက်နေရင်းကနေ မော်ဒယ်လောကထဲကို အမှတ်မထင်ဝင်ရောက်လာခဲ့တဲ့ အောန်ဆိုင်း ဟာ အခုအချိန်မှာတော့ မော်ဒယ်လောကမှာ နေရာတစ်နေရာရရှိကာ ရပ်တည်လို့နေပါတယ်။ မကြာမီမှာလည်း ကိုရီးယားနိုင်ငံမှာကျင်းပမယ့် Asian New Star Content ပြိုင်ပွဲကို လေ့လာ သူအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားခံထားရသူမို့ နိုင်ငံတကာပြိုင်ပွဲတွေအပေါ် သူမရဲ့အမြင်နဲ့ သူမ ရဲ့အနုပညာအကြောင်းကို အခုလိုမေးခွန်းထုတ်ခဲ့ပါတယ်။

ညီမ အခုရက်ပိုင်း ဘာတွေလှုပ်ရှားနေလဲ။

အခု အောန်ဆိုင်း ဓာတ်ပုံရိုက်ဖို့တွေရှိတယ်။ နောက်ပြီး CHIC မဂ္ဂဇင်းနဲ့ ရှိုးလျှောက်ဖို့ရှိတယ်။ နောက်ပိုင်း တော့ ရှိုးပွဲတွေပဲများမယ်ထင်ပါတယ်။


ညီမကို ကိုရီးယားနိုင်ငံမှာကျင်းပမယ့် Asian New Star Contest ပြိုင်ပွဲကို တက်ရောက်ဖို့ ဖိတ် ထားတယ်လို့သိရတယ်။ အဲဒီတက်ရောက်မယ့် အစီအစဉ်လေးကို ပြောပါဦး။

ဟုတ်တယ်။ ညီမကို မြန်မာနိုင်ငံဘက်က ဖိတ်တာပါ။ ကျွန်မတို့နိုင်ငံကိုယ်စားပြု မော်ဒယ်တွေနဲ့အတူ အဲဒီ နိုင်ငံက ထင်ရှားတဲ့အနုပညာရှင်နှစ်ဦးပါ တက်ရောက်ခွင့်ရတာပါ။ လာမယ့် ၂၀၁၄ ဇန်န၀ါရီမှာ သွားရမှာ ပါ။ အရင်နှစ်ကတော့ ကိုဆန်းထွဋ်နဲ့ ချမ်းချမ်းက တက်ရောက် ခွင့်ရခဲ့ပါတယ်။

ဇာတ်ကားတွေကိုရော လက်ခံရိုက်ကူးနေပြီလား။

ဇာတ်ကားတွကိုတော့ ပရိသတ်တွေ ရိုက်ဖို့ပြောကြတယ်။ နောက်ပြီး ဒါရိုက်တာတွေကလည်း ကမ်းလှမ်း လာပါတယ်။ အောန်ဆိုင်းအနေနဲ့တော့ ဇာတ်ကားတွေကို လက်ခံရိုက်ကူးဖို့ မဖြစ်နိုင်သေးပါဘူး။ အစီအ စဉ်လည်း မရှိသေးပါဘူး။

အခုချိန်မှာ အောန်ဆိုင်းအနေနဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရရှိလာတဲ့ အောင်မြင်မှုအပေါ် ကျေ နပ်ပြီလား။

အောန်ဆိုင်း ကျေနပ်ပြီလို့တော့ မခံယူထားပါဘူး။ ဘာလို့လဲဆိုတော့ ဒီမော်ဒယ်အလုပ်ကို တန်ဖိုးထား တယ်။ အကောင်းဆုံးဖြစ်အောင်လို့ အမြဲတမ်း ပြင်ဆင်နေတယ်။ ကြိုးလည်းကြိုးစားနေတယ်။ ကျေနပ် လားဆိုတာထက် အမြဲ တမ်းတိုးတက်နေအောင် ကြိုးစားနေ ပါတယ်။

အခုချိန်မှာ Miss ပြိုင်ပွဲတွေ အများအပြားဝင်ပြိုင်ခွင့်ရရှိလာခြင်းက မော်ဒယ်တွေအတွက်တ ကယ့်မျှော်လင့်ချက် ကောင်းတစ်ခုလား။

ကောင်းတဲ့နိမိတ်လက္ခဏာတွေပါပဲ။ အများကြီး အခွင့်အလမ်းတွေပွင့်လာခြင်းပါ။ အရင်တုန်းက သိပ်မရှိခဲ့ တဲ့အရာတွေအခုချိန်မှာ လုပ်ဆောင်ခွင့်ရရှိလာခြင်းက မြန်မာနိုင်ငံအတွက် ရေရှည်ကောင်းမွန်မှုတွေပါပဲ။

မော်ဒယ်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အလှအပနဲ့ ဖက်ရှင်ကိုဘယ်လိုဂရုစိုက်လဲ။

အဓိက,ကတော့ အစားအသောက်ကို ပိုပြီးဂရုစိုက်တယ်။ အဲဒီလိုဂရုစိုက်ခြင်းက ကိုယ့်ရဲ့ကျန်းမာရေးရယ်၊ အလှအပအတွက်က ပိုပြီးထိရောက်မှုရှိမယ်ထင်တယ်။ ဖက်ရှင်ကတော့ အခုအင်တာနက်တွေပေါ်လာ တော့ လေ့လာကြည့်ပြီး ကိုယ်စိတ်ကြိုက်တွေ့တဲ့ ဖက်ရှင်ကို ဒီဇိုင်နာနဲ့ ပြန်လည်ပြီး ဘယ်လိုဒီဇိုင်းထွင်ရ မလဲဆိုပြီး စဉ်းစားကြပါတယ်။

ကိုယ်တိုင်ရော ပြည်ပနိုင်ငံတွေမှာ နိုင်ငံ တကာမော်ဒယ်အနေနဲ့ သွားရောက် လုပ်ကိုင်ဖို့ရှိလား။

ညီမရဲ့အရပ်အမောင်းက နိုင်ငံတကာကို သွားရလောက်အောင်ကို မမီဘူးထင်ပါတယ်။ သွားကြတဲ့သူတွေ ကိုလည်း သူတို့အစားဂုဏ်ယူပါတယ်။

ညီမရဲ့ အခုချိန်ထိ အနုပညာအပေါ်ခံယူချက်က။

ဒီအလုပ်ကို တန်ဖိုးထားတယ်။ ဒါကြောင့်မို့ ပိုပြီးကြိုးစားမယ်။ အခက်အခဲတွေဆိုတာက လူတိုင်းကြုံတွေ့ ကြရတာဖြစ်ပေမယ့် အောင်မြင်မှုလိုချင်သူတိုင်းအတွက် ဒါတွေကို ခေါင်းထဲမထည့်နိုင်ပါဘူး။

ဘုန်းနေလ (ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese

Awn Seng ဓာတ်ပုံတွေ  ဒီလင့် http://www.venuscurves.com/search/label  ကိုကလစ်ပြီး /Awn%20Seng ကြည့်လို့ ရပါတယ်။
 

ပင်တဂွန်နှင့် နာဆာကို ဟက်ခဲ့သူ

Jonathan James လို့အမည်ရတဲ့ လူငယ်တစ်ဦးပါ။ ပင်တဂွန်စစ်ဌာနချုပ်က ကွန်ပြူတာတွေကိုဟက်ခဲ့ပြီး နာဆာက ဆာဗာကွန်ပြူတာကိုပါ ၂၁ ရက် Down သွားအောင် ဟက်သွားခဲ့သူ ဖြစ်ပါတယ်။ အဲ့တုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ပြီး အထက်တန်းကျောင်းသားဘဝမှာတင် ကျောင်းက ကွန်ပြူတာလုံခြုံရေး စနစ်တွေကို ဖျက်ဆီးမှုကြောင့် လူသတိထားခံလာရသူ ဖြစ်ပါတယ်။ ဗာဂျီနီးယား ပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်အခွဲ သုတေသနစစ်စခန်း တစ်ခုက ကွန်ပြူတာပေါင်းမြောက်များစွာကို ၁၉၉၉ ခုနှစ် အောက်တိုဘာလက စဟက်ပါတယ်။ သူ့ကြိုးစားမှုကြောင့် စစ်တပ်က ကွန်ပြူတာ များ ပျက်ဆီးခဲ့ပြီး နောက်ထပ်ခြေလှမ်းအနေနဲ့ နာဆာက ဂြိုလ်တုထိန်းချုပ် ကွန်ပြူတာ ဆာဗာကို လှမ်း Hack ပါတယ်။

Backdoor ကိုအသုံးပြုပြီး လုံခြုံရေးအတားအဆီးအားလုံးကို bypass လုပ်သွားတာပါ။ နောက်တော့ ကွန်ပြူတာပေါင်း ရာကျော် လျှို့ ဝှက်ကုဒ်နံပါတ်များ ပျောက်ဆုံးရပြီး ကမ္ဘာ့အပြင်ရောက်နေတဲ့ ဂြိုလ်တု နဲ့အကာသ စခန်းများကို ထိန်းချုပ်ရန် အခက်အခဲများ ဖြစ်စေပါတော့တယ်။ ယင်းအတွက် အဖြေရှာဖို့နာဆာတို့ ၃ ပတ်အချိန်ယူလိုက်ရပြီး ပြုပြင်မှုအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၁၀၀၀ ကုန်ကျခဲ့ပါတယ်။ Server Down တဲ့ ၂၁ ရက်အတွင်း ဆုံးရှုံးရတဲ့ ငွေကြေး ပမာဏ မပါရှိသေးပါဘူး။

ဒါနဲ့ IP Source ကိုရအေင်ယူပြီး ဖလော်ရီဒါက ၁၅ နှစ်သား james ကို ကွန်မန်ဒိုများ ဝင်စီးပါတောတယ်။ ၆ လ အချုပ်ထဲ နေခဲ့ရပြီး အိမ်အကျယ်ချုပ်ကို နှစ်နဲ့ချီချ ပါတယ်။ ယင်းအတွက် ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်တဲ Jonathan James ဟာ တရားရုံးတော်ချိန်းဆိုချက်ကို ၂၀၀၈ ခုနှစ်မှာ နောက်တစ်ခါ ထပ်သွားရမှာ ဖြစ်ပါတယ်။ ကြားထဲ ကာလမှာ သူဟာ အမြဲစောင့်ကြည့်ခံရပါတယ်။ ကွန်ပြူတာကိုလည်း ဘယ်အကြောင်းအမျိုးမျိုးနဲ့မှ အသုံးပြုခွင့် မပေးပါဘူး။ သို့ပေမယ့် စောင်ကြည့်ကာလမှာတင် James ဟာ ဝါသနာကို မစွန့်လွတ်ပြီး Hacking ကို ဆက်လိုက်စားပါတယ်။

အမေရိကန်က နာမည်ကြီးဟက်ကာများနဲ့ ပူးပေါင်းမိလာပြီး ဟက်ကာ လောကမှာ အချင်းများစရာများ ဖြစ်လာပါတယ်။ ဒီလိုနဲ့ Hacking နဲ့ပက် သက်လို့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး စိတ်ကျရောဂါဝေဒနာ ခံစားလာရပြီး ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်နေ့မှာ သေဆုံးနေတဲ့ Jonathan James ကိုတွေ့ရှိခဲ့ပါတယ်။

ရေချိုးခန်းထဲမှာ သေနတ်တစ်လက်နဲ့ ကိုယ့်ခေါင်းကိုယ်ပစ်ပြီး လုပ်ကြံ ခဲ့တာ ဖြစ်ပါတယ်။ စာလည်းချန်ခဲ့ပါတယ်။ သူချန်ထားတဲ့ စာမှာ သူအစွပ်စွဲခံရတဲ့ Hacking အမှုတစ်ခုပါဝင်ပါတယ်။ စပါမားကတ် Network တစ်ခုကို ဟက်ကာများ Hack ထားတဲ့အမှုတစ်ခုပါ။ သူပါဝင်တယ်ဆိုတဲ့အချက် မဟုတ်ကြောင်း တရားမျှတမှုဟူသည့်အချက်အပေါ်မှာ သူအယုံအကြည် မရှိတော့ကြေင်း ဘာညာနဲ့ စာတစ်စောင်ချန်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတော့ အသက် ၁၅ နှစ်အရွယ်မှာတင် ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာကို Hack နိုင်တယ်။ သိုပေမယ့် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့တဲ့ James ဟာ ကမ္ဘာ့ Hacker လောကမှာ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်တစ်ခု အဖြစ် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။
..
Ref: wiki
အောင်ခမ်း ( smart.com.mm )

ကျူး​ဘား​တော်​လှန်​ရေး​နှင့် ​ပြောက်​ကျား​စစ် ​ဗွီ​ဒီ​ယို​ဂိမ်း ​လူ​ကြိုက်​များ


ဖီ​ဒယ်​ကတ်​စ​ထ​ရို​နဲ့ ​ချေ​ဂွေ​ဗား​ရား​တို့ ​ဦး​ဆောင်​တဲ့ ​ကျူး​ဘား​တော်​လှန်​ရေး​နဲ့ ​ပြောက်​ကျား​စစ်​ကို ​ပုံ​ဖော်​ထား​တဲ့ ​ဗွီ​ဒီ​ယို ​ဂိမ်း​အ​သစ်​တ​ခု​ဟာ ​ဟာ​ဗား​နား​မြို့​ရဲ့ ​ကွန်​ပြူ​တာ​ဂိမ်း​ဆိုင်​ခန်း​တွေ​မှာ ​လူ​ကြိုက်​များ​လာ​နေ​ပါ​တယ်။
ဒီ​ဂိမ်း​မှာ၊ ​ဂိမ်း​က​စား​သူ​တွေ​ရဲ့ ​တာဝန်​က ​ကျူး​ဘား​က ​ဘာ​တ​စ္စ​တာ ​အာ​ဏာ​ရှင်​စ​နစ်​ကို ​ဖယ်​ရှား​ဖို့​ဖြစ်​ပါ​တယ်။
Gesta Final (​နောက်​ဆုံး ​စွမ်း​ဆောင်​ချက် ​လို့ ​အ​မည်​ရ​တဲ့ ​ဒီ ​ဗွီ​ဒီ​ယို​ဂိမ်း​မှာ ​က​စား​သူ​ကို၊ ​မ​က္က​ဆီ​ကို​က​နေ ​ကျူး​ဘား​ကို ​ဂ​ရမ်​မာ​သ​င်္ဘော​စီး​သွား​ပြီး ​လူ​ထု​ပုန်​ကုန်​မှု​ကို ​ဦး​ဆောင်​ဖို့​သွား​ကြ​တဲ့ ​မူ​လ​သူ​ပုန် ၈၂ ​ဦး​ထဲ​က ​တ​ယောက်​အ​ဖြစ်​နဲ့ ​ပါဝင်​စေ​ပါ​တယ်။
သ​မိုင်း​၀င်​တိုက်​ပွဲ​တွေ​ကို ​အ​ဆင့် ၅ ​ခု​ခွဲ​ပြီး ​နာ​မည်​တွေ ​ပေး​ထား​ပါ​တယ်။ ​ဂိမ်း​က​စား​သူ​တွေ​က ​စိမ်း​လန်း​တဲ့​တော​အုပ်​တွေ၊ ​လ​မု​ပင်​ပေါက်​တဲ့ ​နွံ​တော​တွေ​ကို​ဖြတ်​ကျော်​ပြီး​၊ ​ဘာ​တ​စ္စ​တာ​ရဲ့ ​စစ်​သား​တွေ​ကို ​ခေတ်​ဟောင်း​ရိုင်​ဖယ်​သေ​နတ်​တွေ ​အ​သုံး​ပြု​ပြီး ​တိုက်​ခိုက်​ဖို့ ​သုံး​ဘက်​မြင် ​သေ​နတ်​သ​မား​အ​ဖြစ် ​ကိုယ်​တိုင် ​ပါဝင်​တဲ့​ပုံ​စံ ​လုပ်​ထား​တာ​ပါ။
ဒီ​ဂိမ်း​က ​နိုင်​ငံ​ရဲ့​တော်​လှန်​ရေး​အ​သိ​စိတ်​ဓာတ်​နဲ့ ​ဆက်​စပ်​ပေး​ဖို့ ​မျှော်​လင့်​ထား​ပါ​တယ်​လို့ Gesta Final ​ထုတ်​လုပ်​သူ ​ဂျော့ ​လူဝစ်စ် ​ရို​ဆဲလ်​က ​ရိုက်​တာ​သ​တင်း​ဌာ​န​ကို ​ပြော​ပါ​တယ်။
ချေ​ဂွေ​ဗား​ရား​စ​တိုင် ​ဘယ်​ရီ​ကက် ​ဦး​ထုပ် ​ဆောင်း​ထား​တဲ့​ပုံ၊ ​ကက်​စ​ထ​ရို​လို ​သံ​လွင်​ရောင် ​ဦး​ထုပ်​ဆောင်း​ထား​တဲ့ ​စစ်​သား​ပုံ​တို့​ကို ​ထည့်​ထား​ပါ​တယ်။
ဒီ ​သုံး​ဘက်​မြင်​ဂိမ်း​ဟာ ​ဈေး​ကွက်​တင်​ရောင်း​ဖို့ ​ဒီ​ကျွန်း​နိုင်​ငံ​ရဲ့ ​ပ​ထ​မ​ဆုံး ​စီး​ပွား​ဖြစ်​ထုတ်​လုပ်​တဲ့ ​ဂိမ်း​အ​ဖြစ် ​စီ​စ​ဉ်​ထား​တာ​ပါ။
ဖီ​ဒယ်​ကတ်​စ​ထ​ရို ​ပါ​တဲ့ ​ဂိမ်း​ဟာ ​အ​ခု​မှ ​ပ​ထ​မ​ဆုံး​တော့​မ​ဟုတ်​ပါ​ဘူး​။ ၂၀၁၀ ​ခု​နှစ်​က “Call of Duty: Black Ops” ​ဗွီ​ဒီ​ယို​ဂိမ်း​ဟာ၊ ​သ​မ္မ​တ​ဟောင်း ​ကတ်​စ​ထ​ရို​ကို ​လုပ်​ကြံ​တဲ့ ​ဇာတ်​လမ်း​ဆင်​ထား​တာ​ကြောင့် ​ကျူး​ဘား​မှာ ​အ​ငြင်း​ပွား​မှု​တွေ ​ဖြစ်​စေ​ခဲ့​ပါ​တယ်။
Gesta Final ​ဂိမ်း​က​တော့ ​ကတ်​စ​ထ​ရို​ရဲ့ ​ကွန်​မြူ​နစ်​တော်​လှန်​ရေး​ကြောင့် ​ထွက်​ပြေး​ခဲ့​ကြ​တဲ့ ​အ​မေ​ရိ​ကန် ​ကျူ​ဘား​လူ​မျိုး​အ​သိုင်း​အ၀ိုင်း​နဲ့ ​သ​ဘော​ထား ​ကွဲ​စေ​လိမ့်​မယ်​လို့​လည်း ​မျှော်​လင့်​ထား​ပါ​တယ်။

Learning English _ တိုတိုနှင့်လွယ်လွယ်ပြောကြားပုံများ(၁၄)(၁၅)(၁၆)


 
(တိုတိုနှင့်လွယ်လွယ်ပြောကြားပုံများ)-(၁၄)

How ဖြင့်တိုတိုမေးပုံများ

ဘယ်လောက်ကျသလဲ။
How much?

ဘယ်လောက်ဝေးလဲ။
How far?

ဘယ်လောက်များလဲ။
How many? (ရေတွက်၍ရသောနာမ်များအတွက်)
How much? (ရေတွက်၍ မရသောနာမ်များအတွက်)

______________________________________________________

How+adjective+is it?

အဒါဘယ်လောက် နက်သလဲ။
How deep is it?

ဘယ်လောက်ကျယ်သလဲ။
How wide is it?

ဘယ်လောက်လေးသလဲ။
How heavy is it?

ဘယ်လောက်မြင့်သလဲ။
How hight is it?

ဘယ်လောက်ကြီးသလဲ။
How big is it?


"""""အထက်ပါမေးခွန်းများကိုဖြေကြားရာ၌ အောက်ပါပုံစံဖြင့်
ဖြေကြားလေ့ရှိပါသည်။"""""

"ဟောဒီလောက်ကြီးတယ်" ဟုပြောလိုပါက

ဟောဒီလောက်ကြီးတယ်။
It's about this big. ဟုပြောပြီး လက်ဖြင့်ပြရမည်။

အလားတူပင်-

ဟောဒီလောက်မြင့်တယ်။
It's about this high.

ဟောဒီလောက်နက်တယ်။
It's about this deep.
 
(တိုတိုနှင့်လွယ်လွယ်ပြောကြားပုံများ)-(၁၅)

အခြား Wh- စကားလုံးများဖြင့် တိုတိုမေး၊ တိုတိုပြောကြပုံများ--

ဘယ်တော့လဲ။
When?

ဘယ်အချိန်လုပ်မှာလဲ။
What time?

ဘယ်မှာလဲ။
Where?

ဘယ်ကိုလဲ။
Where to?

အဲဒါကိုပြောတာ။
That's what.

အဲဒါကြောင့်ပါ။
That's why.

ဘာကြောင့်လဲ။
Why?

ဘယ်ဥစ္စာလဲ။
Which one?

ဘယ်လမ်းကသွားရမလဲ။
Which way?


ဒီဘက်ကလာပါ။
Come this way.

ဘယ်သူ့အတွက်လဲ။
Who for?

ဘယ်သူလဲဟေ့။ (တံခါးခေါက်သံကြားသောအခါ)
Who's that?

ကျနော်ပါ။ John ပါ။
It's me. John.
(တိုတိုနှင့်လွယ်လွယ်ပြောကြားပုံများ)-(၁၆)



ပြန်တော့မလို့လား ဟုပြောလိုပါက...

ပြန်တော့မလို့လား။
Are you leaving?

ကျနော်ပြန်တော့မယ်။
I'm leaving.

ကျနော်သွားတော့မယ်။
I'm going.

ကျနော်အခု အိမ်ပြန်တော့မယ်။
I'm going home now.

အပြင်သွားမလို့လား။
Going out?

အိမ်ပြန်တော့မလို့လား။
Going home now?

ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဆို



ရန်ကုန်၊ နိုဝင်ဘာ ၂၈

နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန် အတွက် အစိုးရအနေနှင့် ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခု ပြန်လည် ဖွဲ့စည်းသင့်ကြောင်း တပ်မတော် ထောက်လှမ်းအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက်နန်းတော်တွင် ကျင်းပ ပြုလုပ်သော မြတ်ခိုင် ရေးသားသည့် ဦးခင်ညွန့်နှင့် အင်တာဗျုးစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့်
တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်နှင့် ပြည်သူများ လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

“သာမန်လူတို့ မသိနိုင်တဲ့ နည်းပရိယာယ်တွေကို
ကာကွယ်ဖို့ အတွက် ဘယ်လို နာမည်နဲ့ပဲ ဖြစ်ဖြစ် ထောက်လှမ်းရေး ဆိုတာကတော့ ရှိသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံခြုံရေးအတွက် ထောက်လှမ်းအဖွဲ့ ဖွဲ့ရန် မလိုအပ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးကိစ္စကို တပ်မတော်က တာဝန်ယူထားပြီး ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောကြားသည်။

“အာဏာရှင် ခေတ်ကလို ထောက်လှမ်းရေး အဖွဲ့တွေကို လက်ကိုင်တုတ်အဖြစ် သုံးပြီး နိုင်ငံရေးထဲ ဝင်စွက်ဖက်လာရင် ဘယ်သူ တာဝန်ယူမလဲ” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ကဲ့သို့သော အဖွဲ့အစည်းတစ်ခု အမြန်ဆုံ ဖွဲ့စည်းပေးရန်အတွက် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကတိပြုထားသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတိုက်အခံ ပါတီဝင် ရာနှင့်ချီ၍ ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

“နိုင်ငံတစ်ခုရဲ့ ပြည်တွင်း လုံခြုံရေးက ထောက်လှမ်းရေး အဖွဲ့တွေရဲ့ စွမ်းဆောင်ရည် အပေါ်မှာပဲ မှုတည်ပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်ကို ဖော်ထုတ်ဖို့၊ သံတမန် အရေခြုံထားတဲ့ သူလျှို လုပ်ငန်းတွေကို တားဆီးဖို့ စတဲ့ ကိစ္စရပ်တွေမှာ အထူးလေ့ကျင့်ထားတဲ့
ထောက်လှမ်းရေးတွေကသာ ဖော်ထုတ်နိုင်မှာပါ၊

အခု စနိုးဒန်ကိစ္စဆိုရင် ထောက်လှမ်းရေးရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ နိုင်ငံသားတွေရဲ့ အခွင့်အရေး မထိပါးအောင် ဘယ်လို စည်းကမ်းနဲ့ ထိန်းချုပ်မလဲဆိုတာ ဥပဒေ ပြဋ္ဌာန်းထားရင် ပူစရာမလိုပါဘူး” တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောကြားသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ် တာဝန်ကို ပူးတွဲ ထမ်းဆောင်နေချိန် ထောက်လှမ်းရေးအဖွဲ့မှာ ဖျက်သိမ်းခံခဲ့ရပြီး

အဂတိလိုက်စားမှု စွပ်စွဲချက်များဖြင့် နှစ်ရှည် ပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ လွတ်မြောက် လာသော်လည်း ဗိုလ်မှူးချုပ် သိန်းဆွေ အပါအဝင် တပ်ဖွဲ့ဝင် ၂၂ ဦးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းများကို ဖွဲ့စည်း ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ် တို့တွင် နှစ်ကြိမ် တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

The Voice Weekly

ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက် _ စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)


အပိုင်း-(၃)
++++++++++++
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး
၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် - ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃
၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -
၇။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
၈။ လက်ရှိနေရပ်လိပ်စာ - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၉။ မွေးရပ်ဇာတိ - ရန်ကုန်
၁ဝ။ ပညာအရည်အချင်း - နောက်ဆုံးနှစ် (သမိုင်း)
၁၁။ ဇနီး / ခင်ပွန်း - ဦးမျိုးမင်း
၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ - (၄)ဦး
(၁) စစ်ဆေးခံရသူ (၂) စိုးမြတ်ကလျာ (၃) စိုးသူရနိုင် (ယခု အမေရိကရောက် ) (၄) စိုးမြတ်နန္ဒာ
၁၃။ သား/သမီးများ - -
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၃ဝ-၄-၂ဝဝ၈ /ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့
၁၅။ ကိုယ်ပုံသဏ္ဍာန် - ဆံပင်နက်ဖြောင့်၊ ဂုတ်ထောက်၊ နဖူးကျယ်၊ မျက်ခုံးကောင်း၊ နှာတံပေါ်၊ မျက်စိနက်၊ နားရွက်ကြီးကပ်၊ မျက်နှာလေးထောင့်ကျ၊ ကိုယ်လုံးတောင့်၊ အရပ် ၅ ပေ ၆ လက်မခန့်ရှိ၊ အောက်နှုတ်ခမ်းအမာရွတ်ရှိ

ကိုယ်ရေးရာဇဝင်အကျဉ်း

၁၆။ ကျွန်မသည် ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးသမီး ဖြစ်ပါသည်။ ကျွန်မသည် ငယ်စဉ်က ခ - လ - ရ (၆) တပ် အ - မ - က ကျောင်းတွင် စတုတ္တတန်းထိပညာသင်ကြားခဲ့ပြီး ပဉ္စမတန်းကို မှော်ဘီတပ်ကြီးကုန်း အ - လ - ကကျောင်းတွင်လည်းကောင်း၊ ဆဋ္ဌမတန်းမှ ဒဿမတန်းအောင်သည်ထိ ထားဝယ် အ - ထ- က ၁ တွင် လည်းကောင်း၊ တက္ကသိုလ်ပညာအား အဝေးသင်တက္ကသိုလ် (ရန်ကုန်)တွင် နောက်ဆုံးနှစ်ထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် စတင်လုပ်ကိုင်ခဲ့ပါသည်။ ၂ဝဝဝ ခုနှစ်တွင် အမေရိကန်နိုင်ငံ SALEM မြို့နေ (ဘ) ဦးချစ်ကို၏သား ဦးမျိုးမင်းနှင့် အိမ်ထောင်ကျခဲ့ပါသည်။ ကျွန်မ၏ခင်ပွန်းမှာ အမေရိကန်နိုင်ငံတွင် ABERY ကုမ္ပဏီတွင် ငွေစာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ စားသောက်ဆိုင်လုပ်ငန်းလည်း လုပ်ကိုင်ပါသည်။ ကျွန်မတို့သည် အမေရိကန်နိုင်ငံ၊ Califonia ပြည်နယ် Salen City တွင် ၃ နှစ်ခန့် နေထိုင်ပါသည်။ ၄င်းနောက် လော့စ်အင်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး မလေးရှားစားသောက်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။ ကျွန်မခင်ပွန်း၏ မိသားစုများမှာ လာ့စ်ဗီးဂတ်စ်စီးတီး တွင်နေပါသည်။ ၄င်းမြို့တွင်လည်း နောက်ထပ်စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။

၁၇။ ကျွန်မသည် ကိုမျိုးမင်းနှင့် လက်ထပ်ပြီးနောက် ၂ဝဝ၃ ခုနှစ်၊ မေလခန့်တွင် ပထမတစ်ကြိမ်၊ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ညီမငယ် စိုးမြတ်နန္ဒာ၏ မင်္ဂလာဆောင်သို့ ဒုတိယတစ်ကြိမ် လာရောက်ရင်း ၄-လခန့် နေထိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ပြန်သွားခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် ရက်သတ္တပတ် ၂ပတ်ခန့် နေထိုင်ပြီး ၂ဝဝ၆-ခုနှစ် သင်္ကြန်မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့်အမေရိကန် နိုင်ငံ အသွားအပြန် ၄ ကြိမ်ခန့်ရှိခဲ့ပါသည်။ ကျွန်မ မြန်မာနိုင်ငံသို့ နောက်ဆုံး ပြန်လာသည့်ရက်မှာ ၂၂-၃-၂ဝဝ၈-ရက်နေ့ဖြစ်ပါသည်။ ကျွန်မ မြန်မာနိုင်ငံသို့ပြန်လာစဉ် ၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာလ တစ်ကြိမ်နှင့် ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတစ်ကြိမ်တို့တွင် ကျွန်မနှင့်အတူ ခင်ပွန်းသည် ဦးမျိုးမင်းလည်း လိုက်ပါခဲ့ပါသည်။ ကျွန်မရန်ကုန်သို့ ပြန်လာလျှင် မိဘများနေထိုင်သည့် ဖော်ပြပါလိပ်စာတွင် နေထိုင်ပါသည်။

မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်

၁၈။ ၂ဝဝ၆-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင်ကျွန်မ ရာမဆေးပြား စတင်သုံးစွဲခဲ့သည့် နေ့ဖြစ်သဖြင့် ကျွန်မအမှတ်ရနေ ပါသည်၊ ထိုနေ့မှာနှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ ဆီဒိုးနားဟိုတယ်စတိတ်ရှိုးရှိသဖြင့် သူငယ်ချင်းဖြစ်သူ ထူးမွန်၊ မြတ်ကေသီအောင်တို့နှင့်ချိန်းဆို၍ သွားရောက်ခဲ့ပြီး ဆီဒိုးနားဟိုတယ်တွင် အခန်းတစ်ခန်း ငှားယူပြီး အခန်းမှနေ၍ စတိတ်ရှိုးကြည့်ခဲ့ပြီး ရာမဆေးပြားကို စတင်သုံးစွဲခဲ့ပါသည်။ သူငယ်ချင်းဖြစ်သူ ထူးမွန်နှင့် မြတ်ကေသီအောင်တို့မှာ ယခင်ထဲကရာမဆေးပြားသုံး စွဲဘူးသူများဖြစ်၍ ၄င်းတို့မှ ရာမဆေးပြားကို ယူလာခဲ့ခြင်းဖြစ်ပါသည်။ ၄င်းအခန်းတွင်ပင် ဆေးပြားရှူသည့်ရေသန့်ဗူးနှင့် ခဲပြားကို ၄င်းတို့ ၂ ဦးမှ ပြင်ဆင်ပြီး ၃ ဦးအတူ သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ထိုနေ့က ရာမဆေးပြား ၅ ပြားကို မျှဝေသုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မမှာ ရာမ ဆေးပြား ၁ လုံးသာ သုံးစွဲခဲ့ပါသည်။

ဒွေး (ခ) သားကြီးနှင့် စိတ်ကြွဆေးပြားနှင့်ပတ်သက်၍ဆက်နွယ်ခြင်း

၁၉။ ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ခန့်တွင် ဒွေး (ခ) သားကြီး၊ ကျွန်မနှင့် မြတ်ကေသီအောင်တို့ မေမြို့သို့ ရုပ်ရှင် ကားရိုက်ရန် သွားရောက်ခဲ့ပါသည်။ ရုပ်ရှင်ကားရိုက်စဉ် သားကြီး (ခ) ဒွေးမှ ရာမဆေးပြား သုံးစွဲကြောင်း ကျွန်မ တို့မှ သိရှိထားသည့်အတွက် ကျွန်မတို့သုံးစွဲလို၍ ဒွေး (ခ) သားကြီးထံမှ ဆေးပြားတောင်းယူခဲ့သဖြင့် ၄င်းနှင့် အတူ ဆေးပြားသုံးစွဲခဲ့ပါသည်။ ထိုသို့သုံးစွဲရာတွင်လည်း ဒွေး (ခ) သားကြီးမှ ဆေးပြားသုံးစွဲရန် ပြင်ဆင်ပေး၍ သုံးစွဲခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် ရာမဆေးပြားသုံးစွဲလိုသည့်အခါ ကိုသားကြီး (ခ) ဒွေးထံသို့သွား၍ သုံးစွဲခဲ့ပါသည်။ ကျွန်မနေအိမ်တွင် သုံးစွဲရန်အတွက် ဆေးပြားလိုချင်လျှင် ကိုသားကြီးထံမှ ယူပြီး သုံးစွဲပါသည်။ ဆေးပြားဖိုးကိုတော့ ၄င်းဝယ်ယူသည့်ဈေးနှုန်းအတိုင်း ကျွန်မတို့မှ ပေးရပါသည်။ ဆေးပြား ၁ပြားလျှင် ၂ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ်အထိ ပေးရပါသည်။

ဒွေး (ခ) သားကြီး၏ ချိတ်ဆက်ပေးမှုကြောင့် မဖြိုး (ခ) ဖြိုးသူသူဝင်းနှင့်သိရှိခဲ့ခြင်း
၂ဝ။ ၂ဝဝ၇ ခုနှစ် ဒွေးမကွယ်လွန်မီ ဒွေး (ခ) ကိုသားကြီး တောင်ကြီးမြို့သို့ ရုပ်ရှင်ကားရိုက်ထွက်စဉ် ကျွန်မ ဆေးပြားလိုအပ်၍ ဒွေး (ခ) သားကြီးထံသို့ ဖုန်းဆက်ရာ ဒွေးမှ မဖြိုး၏ ဖုန်းအားဆက်ပြီး ကျွန်မတို့နှင့် ဆက်သွယ်ပေးပါသည်။ မဖြိုး၏ဖုန်းနံပါတ်ကိုလည်း ကျွန်မတို့အား ပေးခဲ့ပါသည်။ မဖြိုးအား ကျွန်မမှ ဖုန်းဖြင့် ဆက်သွယ်ရာ မဖြိုးမှ ၄င်းနေအိမ်သည် ဗဟန်းမြို့နယ်၊ နှင်းဆီကုန်းဆေးခန်းဘေးရှိ တိုက်တွင်နေထိုင်ကြောင်း၊ ဒွေးမှလည်း ဖုန်းဆက်အကြောင်းကြားထားကြောင်း၊ ဆေးပြားလိုလျှင် လာရောက်ယူရန်ပြောသဖြင့် ကျွန်မ၏ အကူအလုပ်သမားဖြစ်သူ အသေးလေးအား ဒေါ်လာလဲသည်ဟု ပြောပြီး ကျွန်မမှ ပိုက်ဆံပေးကာ မဖြိုး၏ နေအိမ်သို့ သွားရောက်ယူခိုင်းခဲ့ပါသည်။ မဖြိုးမှ ဆေးပြားများကို စာအိတ် ၂ လုံးထပ်၍ ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မ မဖြိုးထံမှ ဆေးပြားတစ်ကြိမ်ယူလျှင် ၅ဝ ပြားယူပါသည်။ မဖြိုးအား ဆေးပြား ၁ ပြားလျှင် ၂ဝဝဝိ/-မှ ၄၅ဝဝိ/-အထိ ပေးရပါသည်။

ညီမဖြစ်သူစိုးမြတ်ကလျာမှ ဆေးပြားရရှိအောင် ဆောင်ရွက်ပေးခြင်း

၂၁။ ကျွန်မသည် မဖြိုးထံမှ ဆေးပြားဝယ်ယူရာတွင် ၁ ပြားလျှင် ၄၅ဝဝိ/-နှုန်းဖြစ်ကြောင်း ညီမဖြစ်သူ စိုးမြတ်ကလျာအား ပြောပြခဲ့ရာ ညီမဖြစ်သူမှ ၄င်းထံတွင် ဆေးပြား ၁ပြားလျှင် ၄ဝဝဝိ/-နှုန်းဖြင့် ဝယ်ယူရရှိနိုင်သူ ရှိကြောင်း ပြောပြခဲ့သဖြင့် ညီမဖြစ်သူမှတစ်ဆင့် တစ်ခါယူလျှင် စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ တစ်ထုပ်ကို ကျွန်မနှင့် ဆုဒါလီတို့ တစ်ယောက်တစ်ဝက် ခွဲ၍ ယူပါသည်။ထိုသို့ ၂/၃ ကြိမ်ခန့် ညီမဖြစ်သူထံမှ ရရှိခဲ့ပါသည်။ညီမဖြစ်သူ မစိုးမြတ်ကလျာမှ ၄င်းဆေးပြားများကို မည်သည်ထံမှ ဝယ်ယူကြောင်းကိုတော့ ကျွန်မ မမေးမိ၍ မသိရပါ။ညီမဖြစ်သူစိုးမြတ်ကလျာထံမှ နောက်ဆုံးအခေါက်ကို ၂ဝဝ၈ ခုနှစ် သင်္ကြန်မတိုင်မီက ၂ဝဝပြားပါတစ်ထုပ်အား ရရှိခဲ့ပါသည်။ ၄င်းဆေးပြား၂ဝဝ ပြားထဲမှ ဆုဒါလီမှ မယူတော့သဖြင့် ကျွန်မတစ်ဦးတည်း ယူထားရပါသည်။

ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန်သွားစဉ် ယူဆောင်သွားသည့် WY ဆေးပြားများကိစ္စ

၂၂။ ကျွန်မ ယခုအခေါက် ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန် သွားရောက်ခဲ့စဉ် ကျွန်မယူထားသည့် ဆေးပြား၂ဝဝ ပြားပါထုပ်မှ ကျွန်မသုံးစွဲထား၍ အပြည့်မရှိတော့သည့် ဆေးပြားထုပ်အား အဝတ်အစား သေတ္တာထုပ် ဖြင့် ထည့်၍ ကျိုက်ထီးရိုးသို့ သွားသည့် ဘက်စ်ကားတွင် တင်ပေးလိုက်ပါသည်။ ကျိုက်ထီးရိုးသို့ ရောက်ရှိပြီး ဒါရိုက်တာကိုမိုက်တီးမှ ဆေးပြား ကျွန်မထံတွင် ရှိသေးလျှင် မျှရန်ပြောသဖြင့် ဆေးပြား၅ဝ ပြားကို ပေးခဲ့ရပါသည်။ ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးမှလည်း ၄င်းတွင်ဆေးပြားမပါ ၍ ကျွန်မထံမှ ဆေးပြား ၁ဝ ပြား အား ချေးယူသဖြင့် ပေးခဲ့ရပါသည်။ ၄င်းအား ဆေးပြားပေးပြီး နောက်တစ်နေ့တွင် ကိုလွင်မိုးထံသို့ ဆေးပြားပေးသူ ရောက်ရှိလာကြောင်း ကျွန်မအား ပြောပြပြီး ကျွန်မထံမှ ချေးယူထားသော ဆေးပြား ၁ဝ ပြားကို ပြန်ပေးသွားပါသည်။ကျွန်မတို့ ကျိုက်ထီးရိုးမှ ပြန်သည့်နေတွင် ကျွန်မထံတွင် ကျန်ရှိနေသည့် ဆေးပြား ၁ဝ ပြားကို ဒါရိုက်တာ မိုက်တီးမှ တောင်းသဖြင့် ကျွန်မပေးခဲ့ပါသည်။ကျွန်မဆေးပြားသုံးရခြင်းမှာ ကျွန်မသည် သရုပ်ဆောင် လုပ်သည့်အပြင် ဝတ္ထုဇာတ်ညွှန်းရေးသည့် အလုပ်ကိုလည်း လုပ်ပါသည်။ ကျွန်မ စိတ်ကြွရူးသွပ် ဆေးပြား သုံးစွဲပြီး ဝတ္ထုရေးလျှင် ကြာရှည်စွာ စာရေးနိုင်သည့်အတွက် သုံးစွဲခြင်း ဖြစ်ပါသည်။

အောင်ဇော်ရဲမြင့်ထံတွင် မူးယစ်ဆေးဝါးများ ရရှိနိုင်ခြင်း

၂၃။ အောင်ဇော်ရဲမြင့်ထံတွင် WY ဆေးပြားများကို အမြဲရရှိနိုင်ပြီး ၄င်းထံသို့ သွားရောက်ပါက မည်သည့် ဆေးပြား ကိုမဆို အလွယ်တကူရရှိနိုင်ပြီး အများအပြား ရှိကြောင်း ကြားဖူးပါသည်။ ရောင်းချခြင်းမဟုတ်ဘဲ သူငယ်ချင်း အပေါင်းအသင်းများအား ၄င်းနေထိုင်သည့်အိမ်တွင် အခမဲ့ အလွယ်တကူ ဝေငှသုံးစွဲကြပါသည်။

ရုပ်ရှင်လောကမှ WY ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများ

၂၄။ ကျွန်မသိရှိသလောက် ရုပ်ရှင်လောကအတွင်း WY ဆေးပြားသုံးစွဲသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) မင်းမော်ကွန်း ( သရုပ်ဆောင် )
( ခ ) နန္ဒာလှိုင် ( ယခင်သုံးစွဲ အစာအိမ်ဖြစ်၍ ယခု သုံးစွဲခြင်းမရှိ )
(ဂ ) မြတ်ကေသီအောင် ( သရုပ်ဆောင် )
( ဃ) ဆုဒါလီ ( သရုပ်ဆောင် )
( င ) အာရုံဦး ကိုဇော် ( ဒါရိုက်တာ )
( စ ) မောင်မျိုးမင်း ( ဒါရိုက်တာ )
( ဆ) ညိုမင်းလွင် ( ဒါရိုက်တာ )
( ဇ ) လွင်မိုး ( သရုပ်ဆောင် )
( ဈ ) နေထက်လင်း ( သရုပ်ဆောင် )
( ည) မိုက်တီး ( ဒါရိုက်တာ )
( ဋ ) လူမင်း ( သရုပ်ဆောင် )
( ဌ ) သဉ္ဇာဝင့်ကျော် ( သရုပ်ဆောင် )
( ဍ ) သားညီ ( သရုပ်ဆောင် )
ရုပ်ရှင်လောကမှ Ecstasy ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများမှာ-
(က) နဝရတ်
( ခ) သဉ္ဇာဝင့်ကျော်
အဆိုတော်လောက WY ဆေးပြား သုံးစွဲသည့်ဟု ကြားသိရသူများမှာ-
( က ) မျိုးကျော့မြိုင်
( ခ ) R ဇာနည်
( ဂ ) ဖြိုးကြီး

ပြန်လည်ဖတ်ကြည့်ရာ မှန်ကန်ပါသည်။
အစစ်ခံသူ - မစိုးမြတ်သူဇာ
စစ်ဆေးသူ - (၁) ရဲမှူး ဒေါ်သန်းအေး၊ မူးယစ်တရားမဝင်ငွေကြေးပစ္စည်းစုံစမ်းစစ်ဆေးရေးအဖွဲ့ 
(၂) ဒုရဲအုပ် ခင်မောင်အေး၊ ရန်ကုန်အရှေ့မူးယစ်အထူးအဖွဲ

(-ဆက်ရန်)

ဆော့ဖ်ဝဲမလို Youtube ဗီဒီယို အလွယ်တကူ Download ယူနည်း

 တကယ် ဘာဆော့ဖ်ဝဲမှ မလိုပါဘူး။ Youtube က ဗီဒီယိုတွေကို အလွယ်တကူ Download ယူလို့ရပါတယ်။ ယူပုံယူနည်းကတော့ -
၁။ မိမိ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။
၂။ https နေရာတွင် s ကိုဖြုတ်ပေးပါ။
၃။ www.youtube.com နေရာတွင် www.ssyoutube.com ဖြစ်ရန် ss ကို Youtube အနောက်တွင် ထည့်ပေးပါတယ်။
ဥပမာ - ကိုယ်က https://www.youtube.com/watch?v=NG2zyeVRcbs အဲ့ သီချင်းကို ဒေါင်းမယ်ဆိုရင် s ဖြုတ် ss နှစ်လုံး ထည့်လိုက်တဲ့ အခါ
http://www.ssyoutube.com/watch?v=NG2zyeVRcbs ဆိုပြီး ဖြစ်သွား မှာပါ။ ပြီးရင် Enter ခေါက်တော့ savefrom.net ဝဘ်ဆိုဒ်ကို Direct လုပ်သွားမှာ ဖြစ်ပါတယ်။
အဲ့မှာ FLV 240p, FLV 360p, MP4 360p,WebM 360p, 3GP 144p, 3GP 240p အစရှိတဲ့ Format များစွာထဲမှာ ကိုယ်ကြိုက်ရာကို ရွေးလိုက်ရုံပါပဲ။
ကျနော်ကတော့ Download speed 64 Mbps နဲ့မို့ FLV 360p ကို ၂ မိနစ်ထပ် မကြာပဲ ပြီးသွားပါတယ်။ လက်ရှိ မြန်မာပြည်က ကော်နက်ရှင် အနေအထားနဲ့ဆိုရင် Format နိမ့်တာကို ရွေးမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အင်တာနက်လိုင်းကောင်းနေရလည်း ကိုယ် အဆင်ပြေသလို ရွေးချယ် ဒေါင်းသွား နိုင်ပါတယ်။ http မှာ s မဖြုတ်ရင် မရပါဘူး။ သူက secure ဖြစ်တဲ့အတွက် untrusted ကော်နက်ရှင်ပဲ ပြမှာ ပါ။ ပြီးတော့ youtube ရှေ့ မှာ ss ထည့်ရတဲ့ အကြောင်းက Third party application ကုမ္ပဏီဖြစ်တဲ့ savefrom.net ရဲ့  ဒိုမိန်းကို rediret လုပ်သွားလို့ပါ။
အားလုံး အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
.
အောင်ခမ်း ( ရိုးရာလေး )

ကောင်းကြသေးရဲ့လား ကြားလို့မှမတော်ဗျာ


နာဂစ်ဖြစ်တုန်းက ဘုန်းကြီးကျောင်တစ်ကျောင်းကို ပြည်ပအလှုရှင်က ဒေါ်လာ ၅၀၀၀၀ လာလှုတယ်..အစိုးရကတိုက်ရိုက်လက်မခံရဘူးဆိုပြီး အလှုငွေတွေကိုသိမ်းလိုက် တယ်...ပြီးတော့ပြန်ပေးတယ်..တစ်ဒေါ်လာ ၇ကျပ်နဲ့ ကျပ်ငွေ သုံးသိန်းခွဲ------- ဓာတ်ငွေ့ရောင်းရငွေက တစ်နှစ်ကို ဒေါ်လာ သန်းသုံးထောင်ရှိတယ်..တစ်ဒေါ်လာ ခြောက်ကျပ်ခွဲ နဲ့ လဲပြီးပြည်သူဘဏ္ဌာအဖြစ်ထဲ့ပေးတယ်.တကယ်ဆို ငွေကျပ်သန်းပေါင်း သုံးသန်းကျော်(သန်း ၃၀၀၀,၀၀၀)ရသင့်ပါသော်လည်း ကျပ်ငွေသန်း ၂၁၀၀၀ သာရခဲ့တယ်...ကျပ်ငွေသန်း ၂၉၈၀,၀၀၀ ဟာတစ်စုံတစ်ယောက်အိတ်ထဲရောက်သွားပြီ.. မြန်မာပြည်ဘတ်ဂျက်ကလိုငွေပြနေတယ်..နှစ်ပေါင်းများစွာ ဒီငွေတွေနဲ့ လူတစ်စုကချမ်းသာသွားကြပြီ.. ရပိုင့်ခွင့်တွေကိုယူတယ် လုပ်ပိုင်ခွင့်တွေနဲ့ ပြည်သူတွေကိုတိုက်ခိုက်တယ် ရှက်တတ်ရင် သေလို့ရပြီ

 ဒေါက်တာခင်မောင်ညို
http://www.thitsamyae.com/2013/11/blog-post_5331.html

ပဲစောင်းလျားသီး၏ကျန်းမာရေးအစွမ်း

 


ပဲစောင်းလျာသီးကိုပူပြီးစွတ်စိုတဲ့နိုင်ငံတွေမှာအတွေ့များပါတယ်။ယေဘုယျ အားဖြင့်နွယ်ပင်တစ်ပင်အနေနဲ့ပေါက်ရောက်တဲ့ပဲစောင်းလျားပင်ဟာပျမ်း မျှအားဖြင့်3-4မီတာလောက်မြင့်ပါတယ်။ပဲစောင်းလျားပင်ရဲ့အမြစ်ဟာအာ လူးနဲ့ဆင်တူပြီးအာလူးထက်ပရိုတင်းဓာတ်ပါဝင်မှုပိုများပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ်ပါဝင်မှု

ပဲစောင်းလျားသီးမှာဗီတာမင် အေ၊ဗီတာမင်စီ၊ကယ်လစီယမ်၊သံဓာတ်နဲ့တစ် ခြားဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ဒါ့အပြင်အင်ဇိုင်းတွေလဲပါဝင်ပါတယ်။

အရိုးစနစ်ကျန်းမာစေခြင်း

ပဲစောင်းလျားသီးမှာကယ်လစီယမ်ပါဝင်မှုများတဲ့အတွက်လူတွေရဲ့အရိုးစ နစ်အတွက်အလွန်အကျိုးပြုပါတယ်။ပဲစောင်းလျားသီးမှာပါဝင်တဲ့ကယ်လ စီယမ်ဓာတ်ဟာအရိုးစနစ်ကိုတည်ဆောက်ပေးပြီးရောဂါဝေဒနာတွေမရ အောင်ကာကွယ်ပေးကာသန်စွမ်းကျန်းမာစေပါတယ်။ 

ပရိုတင်းပါဝင်မှုမြင့်မားခြင်း

ပဲစောင်းလျားသီးမှာပရိုတင်းဓာတ်ပါဝင်မှုမြင့်မားတာကြောင့်သက်သက် လွတ်စားသူတွေအတွက်သင့်တော်ပါတယ်။

Tip

-ပဲစောင်းလျားသီးဝယ်တဲ့အခါညှိုးနေတဲ့အမျိုးအစားမ၀ယ်ပါနဲ့။ပဲစောင်းလျားသီးမှာအညိုရောင်အစက်တောင်မပါသင့်ပါဘူး။ -ပဲစောင်းလျားသီးဝယ်လာပြီးသိမ်းထားချင်ရင်အကောင်းဆုံးနည်းကပ လတ်စတစ်အိတ်ထဲထည့်ပြီးရေခဲသေတ္တာထဲထည့်ထားဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင်2-3ရက်လောက်အထားခံပါတယ်။ -ပဲစောင်းလျားသီးကိုမချက်ခင်ရေအေးနဲ့သေချာဆေးကြောပါ။
-ပဲစောင်းလျားသီးကိုပရိုတင်းဓာတ်အားဖြည့်တဲ့အနေနဲ့စားနိုင်ပါတယ်။

ကြယ်စင်
By Good Health
source >>>http://natureenergycares.blogspot.com/2013/11/blog-post_8.html#more

လည်ချောင်းတွင် အရိုးစူးပါလျှင်


(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

 (၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

 (၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

 (၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

 (၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

 (၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

 (၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။
Health Updates Journal November 6 , 2013
http://natureenergycares.blogspot.com/2013/11/blog-post_7259.html

မြန်မာ့အပြောင်းအလဲ တရုတ်ကြီးစိုးမှုက ရုန်းထွက်ရာမှ ဖြစ်ပေါ်ဟုဆို




မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းပေးပြီး အပြောင်းအလဲများ ဖြစ်ထွန်းလာခြင်းသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုနှင့် တရုတ်ကြီးစိုးမှုက ရုန်းထွက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ်လစ်တနာက ပြောသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ ဧရာဝတီသတင်းဌာန ရုံးခွဲတွင် အယ်ဒီတာများ၊ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘာတေးလ်လစ်တနာက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ပထ၀ီဝင်အနေအထားရ အလွန်အချက်အချာ ကျသော တည်နေရာ အနေအထားရှိပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားနေခြင်းမှာလည်း  ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေတို့ကြောင့် မဟုတ်ဘဲ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံ တို့ကြောင့်ဖြစ်ကြောင်း၊ အမေရိကန်တွင် ပြုလုပ်ခဲ့သော မြန်မာ့အရေးနှင့် ပတ်သက်သည့် ဖိုရမ်တခုသို့ ဖိတ်ကြားခံခဲ့ရပြီး ယင်းဆွေးနွေးပွဲတွင် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အကြောင်း တစုံတရာမျှ မပါဝင်ဘဲ အဓိကအားဖြင့် တရုတ်နိုင်ငံ၊ မြောက်ကိုရီးယား နိုင်ငံတို့နှင့် စပ်လျဉ်းသော သတင်း အချက်အလက်များကိုသာ ဦးစားပေး ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သတင်းစာဆရာ ဘာတေးလ် လစ်တနာက ပြောသည်။
အမေရိကန် အစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ထူထောင်ရာတွင်  တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံတို့က မြန်မာနိုင်ငံ အပေါ် လွှမ်းမိုးမှု ရှိသွားမည်ကို စိုးရိမ်လျက်ရှိပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရန် တောင်ကိုရီးယားနိုင်ငံကို ကြားခံ ညှိနှိုင်း ပေးမည့် နိုင်ငံအဖြစ် စဉ်းစား သုံးသပ်ခဲ့ပုံရှိကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ၂၀၁၁ ခုနှစ်တွင် အမေရိကန် နှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရာ၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ မလာရောက်မီ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ခရီးတထောက် ရပ်နားခဲ့ကြောင်း ၎င်းက ဆိုသည်။
“အမေရိကန်က မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ဝင်ပြီးနောက်ပိုင်းမှာ ကြားခံမလိုတော့ဘူး ဆိုတာကို သူတို့သိလာတယ်၊ အမေရိကန်က တရုတ်နဲ့ မြောက်ကိုရီးယားကို အရမ်းသတိထားတယ်၊ သူတို့ မြန်မာနိုင်ငံကို ဝင်လာတယ် ဆိုတာ ဒီမိုကရေစီကြောင့်လည်း မဟုတ်ဘူး၊ လူ့အခွင့်အရေး ကြောင့်လည်း မဟုတ်ဘူး၊ တရုတ်နဲ့မြောက်ကိုရီးယား ကြောင့်လို့ မြင်တယ်” ဟု ဘာတေးလ် လစ်တနာက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ အင်အားကြီးနိုင်ငံလည်းဖြစ်သည့် တရုတ်နိုင်ငံက သမ္မတဦးသိန်းစိန် အစိုးရလက်ထက် တရုတ်ကုမ္ပဏီက ဆောင်ရွက်နေသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခံရလိုက်ပြီးနောက် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု ပုံစံပြောင်းလဲလာပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုများနှင့် ထိတွေ့ ဆက်ဆံသည့် မူဝါဒကို သုံးလာကြောင်း ၎င်းက သုံးသပ်သည်။
တရုတ်နိုင်ငံသည် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကို ချည်းကပ်လာသည့်အပြင်၊ ၈၈ မျိုးဆက် ကျောင်းသားများ ကိုလည်း ချဉ်းကပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရေးပါတီများနှင့် ထိတွေ့မှုရှိလာပြီး  အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များကို တရုတ်နိုင်ငံသို့ လည်ပတ်ရန် ဖိတ်ကြားခဲ့မှုကို ကြည့်ခြင်းအားဖြင့် တရုတ်သည် မြန်မာနိုင်ငံမှ လူထုထောက်ခံမှုရှိသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ချဉ်းကပ်ခြင်းဖြင့် လူထု အမြင်ပြောင်းလဲလာစေရန် လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ဘာတေးလ် လစ်တနာက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လတ်တလော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး လုပ်ဆောင်မှုများရှိနေရာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိက ကျသော အချက်များကို ပြင်ဆင်နိုင်မည်ဟု မထင်မြင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများ ကျင်းပရမည်ဖြစ်ရာ လက်ရှိတွင် ပြင်ဆင်နိုင်မည့် အလားအလာ နည်းပါးကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီသော်လည်း ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်ပိုင်း တွင်လည်း အာဏာသိမ်းမှု ပြုလုပ်မည်ဟု မထင်မြင်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်နိုင်သည်ဆိုသော ပြောဆိုမှုများသည်လည်း မှန်းဆချက်များသာ ဖြစ်လိမ့်မည်ဟု ထင်မြင်ကြောင်း ဘာတေးလ် လစ်တနာက ဆိုသည်။
စာရေးဆရာ၊ သတင်းစာဆရာ ဘာတေးလ်လစ်တနာသည် နှစ်ပေါင်း ၄၀ ကျော်ကြာအောင် အာရှရေးရာ သတင်း၊ ဆောင်းပါးနှင့် စာအုပ်များ ရေးသားခဲ့သူဖြစ်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူတဦးဖြစ်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ လက်ထက်၊ စစ်အစိုးရလက်ထက်တို့တွင် မြန်မာနိုင်ငံပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခံခဲ့ရသူ နိုင်ငံခြား သတင်းစာ ဆရာတဦးဖြစ်သည်။