Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 30, 2013

အိမ်ထောင်ရှင်မ အရင့်အမာတွေတောင် မသိသေးသော ဆေးလက်ဖက် ကြက်ဥပြုတ်


Tuesday, October 1, 2013

အစာပြေ လုပ်စားနိုင်ဖို့ ဆေးလက်ဖက် ကြက်ဥပြုတ်နှင့် ခရုဆီလေးပါ။ ဒီချက်နည်းလေးက တောင်ပိုင်းတရုတ်ပြည်နယ်က ချက်နည်းပါ။ အရင်ဆုံး ကြက်ဥကို အကျက်ပြုတ်ပြီမှ အခွံကို ခြေပြီ လက်ဖက်ခြောက်၊ တရုတ်အမွှေးအကြိုင်တွေနဲ့ ရောပြုတ်ရတာပါ။ လက်ဖက်ရည်နံ့လေးနဲ့ အရသာက ခရုဆီကြောင့် ချိုစိမ့်စိမ့်လေးပါ။ အပူ၊ အအေး နှစ်မျိုးလုံး စားလို့ကောင်းပါတယ်။ လုပ်ရလည်း လွယ်တာမို့၊ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
ကြက်ဥ – ၈-၁၀လုံး
Lipton tea လက်ဖက်ခြောက်ထုပ် – ၂ထုပ် (သို့) လက်ဖက်ရည်ခြောက်အမဲ – စားပွဲတင်ဇွန်း ၂ဇွန်း
Five-spices powder – စားပွဲတင်ဇွန်း တ၀က် (တရုတ်ဟင်းခတ် အမွှေးအကြိုင် City Martတွင် ၀ယ်ယူနိုင်သည်)
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ဂျင်း – ၃ပြား
နတ်နတ်ပွင့် – ၂ခု
ကြက်သွန်မြိတ် – စည်းဝက် (ချည်းထားပါ)

ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်အိုးထဲ ကြက်ဥများ ထည့်ပြီ ကျက်သည်အထိ ၅-၈မိနစ်ခန့် တည်ထားပေးပါ။

၂။ ကြက်ဥများ ကျက်သွားလျှင် ခေတ္တအအေးခံပြီ ပုံတွင် ပါသည့်အတိုင်း ဇွန်းဖြင့် ခေါက်ကာ ကြက်ဥခွံများကို ခြေပေးပါ။

၃။ ထို့နည်းအတိုင်း ကျန်ကြက်ဥခွံများကို ခြေပေးပါ။ ပြီလျှင် ဒယ်အိုးထဲ (ကြက်ဥ၊ Lipton tea၊ တရုတ်ဟင်းခတ်၊ ပဲငံပြာရည်၊ သကြား၊ ဆား၊ ဂျင်း၊ နတ်နတ်ပွင့်၊ ကြက်သွန်မြိတ်) တို့ကို ထည့်ပေးပါ။

၎။ ပြီနောက် ဒယ်အိုးထဲ ရေ(၁လီတာ) ထည့်ပြီ မီးနည်းနည်းဖြင့် ၁နာရီတည်ထားပေးပါ။

မှတ်ချက် ။ ။ ၁နာရီတည်ထားပြီလျှင် အချိန်ရလျှင် ချက်ချင်း မဆယ်သေးပဲ၊ လက်ဖက်ခြောက်ရည်ထဲ စိမ်ထားပါက ပိုမိုကောင်းမွန်သည်။

၅။ ကြက်ဥများကို ခေတ္တအအေးခံပြီ အခွံခွာပေးပြီ ဓားဖြင့် ၄ခြမ်းခြမ်းပေးပါ။

၆။ ပြီလျှင် အပေါ်မှ ခရုဆီများ၊ ကြက်သွန်မြိတ်လေးများဖြူးကာအရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Wutyee Food House

Myanmar Activists Protest Copper Mine Project


They are demanding the preservation of nearby religious structures.

ရန်ကုန်အတွက် မြေအောက်ရထား၊ မိုးပျံရထားအိပ်မက်


ရန်ကုန်မှာ  မြေအောက်ရထား၊ မိုးပျံရထား ပြေးဆွဲရေး အတွက် နိုင်ငံတကာ အကူအညီ ရယူမယ်လို့ ဗဟိုအစိုးရ ၀န်ကြီးတဦးက ပြောလိုက်ပါပြီ။


ရန်ကုန်အတွက်  မြို့ပတ်ရထားသစ် (ဓာတ်ပုံ – စတိဗ်တက္ကနာ / ဧရာဝတီ)


အဆင့်မြင့် မြို့ပတ်ရထား စတင်ပြေးဆွဲခြင်းဆိုင်ရာ တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ  ရထားပို့ဆောင်ရေး ဝန်ကြီး ဦးသန်းဌေးက ပြောကြားလိုက်တာပါ။

မြေအောက်/မိုးပျံရထား စီမံကိန်းအတွက် သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို တင်ပြပေးဖို့ နိုင်ငံ ၅ ခုကို ပြောကြားထားပြီးပြီ၊  အကောင်းဆုံး တင်ပြနိုင်တဲ့ နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။

ဒါက စိတ်ကူးပဲရှိပါသေးတယ်။ ဘယ်လိုဘယ်ပုံဖြစ်နိုင်ဖွယ်ရှိတယ် ဆိုတာကိုတော့  လုပ်ငန်းစဉ်တင်ပြမယ့်သူ ပေါ်လာမှ ရေးရေး ပေါ်လာမှာဖြစ်ပါတယ်။

ရန်ကုန်အတွက် မြေအောက်ရထား၊ မိုးပျံရထားအိပ်မက် အမှန်တကယ် လက်တွေ့ အကောင်အထည် ပေါ်လာရင်တော့ သွားရေးလာရေး ပိုမို အဆင်ပြေလာမှာပါ။
အစိုးရမင်းတို့ အုပ်စုလိုက် နေပြည်တော်ကို အလုံးအရင်း ရွှေ့သွားကြပေမယ့် ရန်ကုန်မြို့လူဦးရေက လျော့သွားတယ် မရှိဘူးလို့ ယူဆရပါတယ်။
အနာဂတ်မီဂါမြို့တော်ရန်ကုန်မှာ သွားရေးလာရေး သက်တောင့်သက်သာဖြစ်ဖို့က မြေအောက်/မိုးပျံရထားစီမံကိန်း ကယ်တင်မှ ရပါလိမ့်မယ်။

နိုင်ငံတကာမီဂါမြို့တော်ကြီးတွေမှာတော့ မြို့ပတ်အမြန်ရထားကြီးတွေက နေရာအနှံ့ လွန်းထိုးပြီး မြေအောက်လမ်းမှာပြေးလိုက်၊ မိုးပျံရထားလမ်းမှာပြေးလိုက်နဲ့ ခရီးသည် ထောင်သောင်းချီကို နေ့စဉ် အကျိုးဆောင်ပေးနေတာ အားကျစရာပါပဲ။
ရန်ကုန်မှာလည်း အိုင်ဒီယာ ဖိတ်ခေါ်ထားတယ် ဆိုတော့ - လာမယ် သို့သော် ... ကြာဦးမယ် ဆိုပါစို့။

တနင်္ဂနွေနေ့ ရှင်းလင်းပွဲမှာ ၀န်ကြီးက ရန်ကုန်အတွက် အဲယားကွန်းမြို့ပတ်ရထား အစီအစဉ်ကိုပဲ အသေးစိတ် ပြောသွားတာပါ။

ပိတ်ဆို့နေတဲ့လမ်းတွေမှာ လူပြည့်နေတဲ့ဘတ်စ်ကားနဲ့ ခရီးသွားနေတဲ့ ရန်ကုန်သူရန်ကုန်သားတွေ မြို့ပတ် ရထားပိုစီးလာနိုင်မယ့် အစီအစဉ်ဖြစ်ဖွယ် ရှိပါတယ်။
ဝန်ကြီးရဲ့ ရှင်းပြချက်၊ ရထားပို့ဆောင်ရေးဌာနလူကြီးသူမတွေ ရင်ဆိုင်နေရတဲ့ ခေါင်းကိုက်စရာအများအပြားကို ကူးယူဖော်ပြလိုက်ပါတယ်။


“ရထားတွဲတွေ အဆင့်မြှင့်တင် ပြေးဆွဲရေးကတော့ အခုချက်ချင်းလက်ငင်း ဖြစ်လာနိုင်ရန် မလွယ်သေးဘူး။ နောက်ရလာတဲ့ ချေးငွေကလည်း ရထားတွဲတွေပါ အဆင့်မြင့်ဖို့၊ ဘူတာတွေ အဆင့်မြင့်ဖို့လောက်အထိ မရဘူး။ တဖြည်းဖြည်းချင်း လုပ်သွားမှာပါ”

“ဘူတာတွေမှာ အိမ်တွေပါ ပါမယ့် အလွှာလိုက် နေနိုင်မယ့် အဆောက်အဦးတွေ ဆောက်ဖို့ စီစဉ်ထားတယ်။ ဘယ်သူနဲ့ လုပ်မလဲ ကတော့ ရွေးတုန်းပဲမို့ မပြောတတ်သေးဘူးပေါ့။ ဒါလိုတွေလုပ်မှ ရထားစီးသူ များလာမယ်။ ဒီအတွက် လုပ်မှာပါ။ ပထမဆုံး ကတော့ လမ်းပိုင်း ပြင်ပါမယ်”

“ရထားသံလမ်းပိုင်းနားက လူတွေကို သူတို့ဟာ ကျူးကျော်တွေ ဆိုတာ အကြောင်း ကြားထားပါတယ်။ ဘယ်တုန်းက စနစ်ကြောင့် ဘယ်လိုတွေ ရောက်လာလဲဆိုတာ ပြန်စစ်ရမယ်။ ခက်တော့ ခက်တယ်။ ကျူးကျော်သူတွေက ကျူးကျော်နေတာကို မသိဘဲ ဆန္ဒပြမယ်ဆိုတော့ ဥပဒေ စိုးမိုးမှုက ပြောရခက်တယ်။ တခုကတော့ အခုသံလမ်းနားက အိမ်ယာ ဘယ်လောက် ကျူးကျော်နေတယ် ဆိုတာကို စာရင်း လိုက်ကောက်နေတယ်။ ဘယ်လိုလုပ်မလဲ ဆိုတာတော့ ပြောရ စောသေးတယ်။ သေချာတာကတော့ စာရင်း စကောက်နေပါပြီ”

“လူပေါက်စေ့တော့ ဝန်ထမ်းတွေက လိုက်မကြည့်နိုင်ဘူး။ အဆင့်မြင့်မြင့် စီးချင်ရင် တယောက်ချင်းစီက စည်းကမ်းရှိဖို့ လိုတယ်။ အကောင်းအတိုင်း စီးစေချင်လို့ ချပေးရင်တောင် ဖျက်ဆီးသွားတာတွေ၊ အမှိုက်မပစ်ရဆို ပစ်တယ်။ ဥုံဖွ မန်းပြီး လုပ်လို့မှ မရတာ။ ရှေ့ကလုပ်၊ နောက်က ဖျက်ဆီးဆိုလည်း မခံနိုင်ဘူး။ အခုက ရထားက မလုပ်လို့လို့ ပြောကြတယ်”

“အကုန်လုံးကို နေ့စဉ်အလုပ် လိုက်ကြည့်စေချင်တယ်၊ မနိုင်တာ။ အမှိုက်ကောက် မနိုင်ဘူး၊ ရထားလမ်းပေါ် ဈေးရောင်း၊ရထားလာရင် ခါးလေးကော့ရှောင်နဲ့ ဘယ်လို လုပ်ရမလဲဆိုတာ တော်တော် ခေါင်းခြောက်ရပါတယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုမှ အဆင့်မမြင့်နိုင်ဘူး”

 “ပြေးဆွဲမှုတခေါက်ကို ငွေကျပ် ၁ သိန်းကျော် ရှုံးပါတယ်။ ရထားဝန်ကြီးဌာနရဲ့ လုပ်ငန်းပိုင်းအရ ပထမဆုံး အနေနဲ့ စတင်လုပ် ဆောင်တာပါ။ အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ်။ နည်းပညာနဲ့ ငွေကြေးပိုင်းကို ဝန်ကြီးဌာနကနေ တာဝန်ယူပြီး လုပ်နေပါတယ်။ ကျနော်တို့ ပြည်သူတွေက မပါဝင်ဘဲနဲ့တော့ မလုပ်နိုင်ပါဘူး။ တွဲတွေ ရေရှည်ခံဖို့ ပြည်သူတွေက ဝိုင်းထိန်း ပေးစေချင်တယ်”

“ဘူတာက ၁၃ ဘူတာပဲ ရပ်မယ်။ မြို့တပတ်ကို အရင်က ပတ်ရင် ၂ နာရီ မိနစ် ၅၀ ကြာတယ်။ ဒီရထားက အရင် ရထားတွေ ပြေးချိန်ထက် ၃၅ မိနစ် ပိုသက်သာတယ်”

ဆက်စပ်‘Rangoon Will Become a Megacity’  www.irrawaddy.org/archives/44459

ကိုးကား
ဧရာဝတီပင်မစာမျက်နှာမှာ မေခ ရေးသားတဲ့
- ဂျပန်က ချေးငွေ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်ရန်သာ သုံးမည်ဟု ဆို
http://burma.irrawaddy.org/archives/48787



ဆိတ်သားလဖ္ဘက်နှပ်

ဆိတ်သားလဖ္ဘက်နှပ်
ကျမဘယ်နေရာရောက်ရောက် ဘယ်သူနဲ့တွေ့တွေ့ ဟင်းချက်နည်းအသစ်လေးတွေကိုအမြဲစပ်စုလေ့ရှိပါတယ်။ ဒီတခါချက်ပြမဲ့ဟင်းချက်နည်းလေးက လဖ္ဘက်အသားနဲ့ ဆိတ်သားဟင်း ချက်တာပါနော်။ ကရင်လူမျိုးများချက်စားလေ့ရှိတဲ့ ပုံစံအတိုင်း ချက်တာပါ။ ကျမ သားနဲ့သမီးကို စာသင်ပေးတဲ့ ဆရာမလေး မမဆေးဆေး က ကျမ ငယ်ငယ် က လသာ ၂ က ဆရာမကြီးဒေါ်စီစီပန်းတုတ် ရဲ့ သမီး ကရင်လူမျိုးစစ်စစ်ပါ။ အဲဒီအမက ကရင်ဟင်းချက်နည်းလေးတွေ ပြောပြတော့ဘယ်လိုပျော်မှန်းမသိဘူး။ ချက်နည်းတွေရပြီး ချက်ဖို့အချိန်မပေးနိုင်နဲ့ စိတ်က တော်တော် ခိုးလို့ခုလုဖြစ်ရပါတယ်။ ဒီနေ့တော့ ကျမ ရအောင်ကို ချက်လိုက်ပါတယ်။ စားကောင်းလိုက်တာ။ ခပ်စပ်စပ်လေးနဲ့ အလွန်စားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
-ဆိတ်သား ၁ ကီလို(ကြိုက်နှစ်သက်ရာအသားသုံးနိုင်ပါတယ်)
-လဖ္ဘက် ၄ဇွန်း (စားပွဲတင်) ကျမက ချဉ်စပ်ကိုသုံးထားပါတယ်
-ဂျင်း ထောင်းပြီးသား ၃ဇွန်း
-စပါလင် ၁ချောင်း
-လေးညှင်း ၂ပွင့်၊ ဖာလာစေ့ ၃စေ့၊ ပျဉ်တော်သိမ် ၅ရွက်ခန့်၊ သစ်ကြားပိုးခေါက် ၁ခေါက်
-ကြက်သွန်ဖြူ နီထောင်းပြီးသား ၁၅၀ ဂရမ်
-ငရုတ်သီးစိမ်း၎တောင့် (ပါးပါးလှီး)
-အရောင်တင်၂ဇွန်း(စားပွဲတင်)
- curry powder ၃ဇွန်း(စားပွဲတင်) မရှိရင်မဆလာသုံးပါ။
-ငရုတ်သီးအကြမ်း ၁ဇွန်း(စားပွဲတင်)
-ဆား ၂ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၃ဇွန်း(အချိုဇွန်း)
အားလုံးစုံပြီဆိုရင် ဆိတ်သားလေးများကိုအရွယ်တော်တုံး သန့်စင်ကာ ဆား၁ဇွန်း၊ ကြက်သားမှုန့်၁ဇွန်း၊ ဂျင်း၊ ဆနွမ်းမှုန့် အနဲငယ် တို့ဖြင့် အသားထဲစိမ့်ဝင်အောင် ဆုပ်နယ်ထားပါ။
075
ဆီပူတွင်ကြက်သွန်ထောင်းများကို ထဲ့ကာ ဆီသတ်ပါ။ ဆီသတ်နေစဉ် စပါလင် လေးညှင်း ၊ဖာလာစေ့၊ ပျဉ်တော်သိမ်၊ သစ်ကြားပိုးခေါက် နှင့် အရောင်တင်မှုန့်၊ curry powder ၊ငရုတ်သီးအကြမ်း စသည်တို့ကိုထဲ့မွှေပေးပါ။
076
အနံ့လဲမွှေးလာပြီး ကြက်သွန်များ ကျွတ်ခါစပြုရင် ဆိတ်သား နယ်ထားတာများနှင့် လဖ္ဘက်၊ ငရုတ်သီးစိမ်းပါးပါးလှီး များထဲ့ ဆား၊ ကြက်သားမှုန့် များပါထဲ့လုံးပါ။
078
079
081
စိတ်ရှည်ရှည်လုံးနေရင်းနဲ့ ဆီပြန်လာပါမယ်။ အဲဒီ အခါမှ အသားမြုတ်အောင် ရေထဲ့ မီးအေးအေးနဲ့ နှပ်ထားပေးပါ။ အသားနူးလာပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ။
082
028
လဖ္ဘက်ကအညှီနံ့ကို ပျောက်စေပြီး အရသာကို ပိုကောင်းစေပါတယ်။ ထမင်းပူပူ နဲ့ ရှူးရှူးရှဲရှဲစားလို့အလွန်ကောင်းတဲ့ ကရင်ဟင်းတမျိုးဖြစ်ပါတယ်ရှင်။
ဓနုဖြူဒေါ်စောရီ
http://htetfamily.com/2013/09/30/%E1%80%86%E1%80%AD%E1%80%90%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%96%E1%81%BB%E1%80%80%E1%80%B9%E1%82%8F%E1%80%BD%E1%80%95%E1%80%B9/

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွေ့ခံရသည့် ဒေသခံများ၏ ကျွဲ နွားများကို CPI ၏ လုံခြုံရေးများ ခိုးသတ်စား

 
30 Sep 2013

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွေ့ခံထားရသည့် ရွာသားများ၏ ကျွဲ၊နွားများကို CPI ၏ လုံခြုံရေးများမှ သတ်ဖြတ်စားသောက်မှုရှိ နေသော်လည်း CPI တို့၏ လုပ်ငန်းဆိုင်း သို့သွားရောက်ခွင့်မရှိသည့် အတွက် လက်ဆုတ်လက်ကိုင် သက်သေပြစရာများ မရှိဖြစ်နေကြောင်း ဒေါင်ပန်ကျေးရွာမှ ပြောင်းရွေ့ခံထားရသည့် ဦးမုန်ရာ က ယနေ့ ကျင်းပသေည့် မြစ်စုံရေကာတာ စီမံကိန်း ရပ်ဆိုင်းမှု (၂)နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။

၎င်းက “ကျွန်တော်တို့နေခဲ့တဲ့ နေရာတွေမှာသူတို့ က ကန့်သတ်နယ်မြေတွေ လုပ်လိုက်တယ်။ကျွန်တော်တို့ ကျွဲ၊နွား တွေက နဂိုနေရာမှာဘဲနေ တယ်။ဒါတွေကို လုံခြုံရေးတွေက သတ်စားတယ်။ကျွန်တော်တို့ကို မ၀င်ခိုင်းတာလည်း ဒါခိုးစားချင်လို့ဘဲ” ဟုပြောသည်။

ဒေသခံများ၏ ကျေးရွာများကို ကန့်သတ်နယ်မြေပြုလုပ်လိုက်သည့် အတွက် ဒေသခံများ စားဝတ်နေရေး အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။ မိမိ၏ကျွဲနွားများကို သွားရောက်မောင်းနှင်ရာတွင် CPI လုံခြုံရေးများ ကို မှတ်ပုံတင်ပေးပြီး ၄င်းတို့၏ ကဒ်များဖြင့်သာ သွားရောက်မောင်းနှင် နေရသည့် အတွက် အခက်အခဲများစွာ ရှိနေကြောင်းလည်း သိရသည်။

တန်ဖရဲကျေးရွာဒေသခံတစ်ဦးက “ဒီအောင်မြင်သာရွာမှာက ကျွဲ၊နွားတွေတောင် မနေချင်ဘူး။ဟိုရွာကိုဘဲ မြစ်ထဲကနေ ရေးကူးပြီး ပြန်ပြန်သွားတယ်။ဒီမှာက စားကျက်မရှိဘူးလေ” ဟုပြောသည်။

အဆိုပါကန့်သတ်နေမြေဟုသတ်မှတ်ထားသည့် နေရာမှာ ဒေသခံများ၏ မူလကျွဲ၊နွား စားကျက်မြေများ ဖြစ်သည်။

ယခုပြောင်းရွေ့နေရာချထားသည့် အောင်မြင်သားကျေးရွာသစ်မှာ ၂၀၀၆ ခုနစ်တွင် ကျိန်ခရန် ရေကာ တာကျိုးပေါက်စဉ် တိုက်စားကျန်ရစ်ခဲ့ သည့်မြေနေရာဖြစ်သဖြင့် အပေါ်ယံမြေဆီလွှာ ခန်းခြောက်ကာ မည်သည့် ပေါ်က်ပင်မျှ ကောင်းမွန်စွာ ရှင်သန်ခြင်းမရှိပေ။

ထို့ပြင်ရွာသစ်တွင် စားကျက်မြေမရှိခြင်း၊ ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေနေရာမရှိခြင်း၊ သစ်တောသယံဇာတ များကို လက်လှမ်းမီနိုင်မှုမရှိခြင်း၊ ငါးဖမ်းခြင်း၊ရွေကျင်ခြင်းများ ပြုလုပ်ရန် နေရာမရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းနှင့် ရွာသစ်ပတ်ဝန်းကျင်တွင်လည်း ပုဂ္ဂလိက ပိုင်မြေနေရာများ သာ ဖြစ်သည့် အတွက် ထင်းမီးအတွက်ပင် လျှင် ကြောင့်ကြနေရခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံများကပြောသည်။
 Jade Land မှယူသည်။
 post by kachinwavesnews

မန္တလေးမြို့က အနုပညာ ထုတ်ကုန် အသစ် (သို့မဟုတ်) အလင်္ကာခေတ်

အချိန်တို အတွင်း ပရိသတ် အားပေးမှုကို ရရှိနေတဲ့ မန္တလေး မြို့က မော်ဒယ် အလင်္ကာခေတ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေး ပါမယ်။ သူ့ဓာတ်ပုံတွေကို ဘေဘုတ်တွေ၊ မဂ္ဂဇင်း၊ ဂျာနယ် တွေမှာအတွေ့ ရများလာပြီ ဖြစ်သလို၊ ဗီစီဒီနဲ့ ကြော်ငြာတွေ မှာလည်း တွေ့နေရပါပြီ။
အလင်္ကာခေတ် ကတော့ ကွန်ပျူ တာတက္ကသိုလ် ကျောင်းသူ အဖြစ်ကျောင်း တက်ခဲ့ မန္တလေး ကွန်ပျူတာတက္ကသိုလ်မှာ First Year ကနေ Final အထိ တက် ဖြစ်ခဲ့ပြီး ထင်ရှားခဲ့တာပါ။ အလင်္ကာခေတ်ကတော့ ၂ဝ၁၁ မတ်လ ၂၃ ရက်နေ့မှာ အနုပညာလောက ထဲကို စတင်ဝင်ရောက်ခဲ့ပြီး အဲဒီနေ့ကတော့ သူ့အတွက် မှတ်မှတ် ရရပါပဲလို့ “ကွန်ပျူတာတက္ကသိုလ်ပထမနှစ်မှာ ရှိုး လျှောက်ဖို့ဖြစ်လာတယ်။ Queen ရွေးပွဲပေါ့။ အဲဒီမှာ Queen ဖြစ်သွား တယ်အဲဒါနဲ့ သူ ငယ်ချင်းတွေက ပြောပေးလို့ MRTV-4 ရဲ့ စတိုင်ရှိမှ စတားဖြစ်တယ် ပွဲလာ လုပ်တာကို ဝင်ပြိုင်ရင်း ‘စတိုင်ရှိမှ စတားဖြစ်မယ်’ ဆုရသွားတယ်။
အဲဒီ မှာ ဆက်တိုက်လုပ်ဖြစ် သွားတာပါ။ ညီမ ပြိုင်တဲ့ပြိုင်ပွဲ တိုင်းမှာ Miss လည်း ချိတ်တယ်။ ရန်ကုန်မှာ သွားပြိုင်တယ်။ မစ္စဗက်ဆီဗန်ဖို့မှာ ပထမဆုနဲ့ Best Shin Awardဆုပါရခဲ့တယ်” လို့ ပြောပြခဲ့ ပါတယ်။ အလင်္ကာခေတ်က သူ့အနေနဲ့ ပြိုင်ပွဲတွေ ဝင် ပြိုင်ရင်း လူသိများ လာရာက အခု အခါ မှာတော့ သရုပ်ဆောင် လုပ်ဖို့ ရန်ကုန်ထုတ် လုပ်ရေး တွေက ကမ်းလှမ်းမှုတွေ ရရှိ ထားတယ်လို့ ပြောပါတယ်။ အလင်္ကာ ခေတ်ဆိုတဲ့ သူ့ရဲ့နာမည်ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီး “ညီမနာမည် အရင်းက အေးမို့မို့အောင် ပါ။ ညီမက တနင်္ဂနွေ သမီးဆိုတော့ လိုက်ဖက်မယ့် အမည်ကို လျှောက်ရွေးတော့ အလင်္ကာခေတ် ဆိုတဲ့ နာမည်ကို ညီမ ဓာတ်ပုံဆရာ ကပဲ တွေးပေးတာပါ။
သူကအလင်္ကာလို့ ရွေးပေးထားပြီးမှ ခေတ်ကို ထည့်လိုက်တာ အလင်္ကာ ခေတ်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။ သူ့အနေနဲ့ မန္တလေးကို ငယ် ငယ်ကတည်းက ပြောင်းလာတာမို့ မန္တလေးသူလို ဖြစ်နေပြီး မန္တလေးမှာဘုရား တွေဖူးရတာ၊လျှောက်လည် ရတာကိုကြိုက်ပြီးသူ့အနေ နဲ့ အောင် မြင်တဲ့ သရုပ်ဆောင်ဖြစ်ဖို့ ရည်မှန်းထားတာမို့ အခုအခါမှာ သရုပ်ဆောင်မှု ပညာကိုလေ့လာ နေသလို၊ ရှမ်း သံဝဲနေတဲ့သူ့အသံ ကိုအဓိကထားပြင်ဆင် နေတယ်လို့ အလင်္ကာခေတ်က ပြောပြခဲ့ ပါတယ်။ 

အမေရိကားရဲ့ ကျေးလက်ဆီသို့


ကျေးလက်ဒေသဘက်သွားဖို့ ကားလမ်းတွေကို အမေရိကားမှာ ပြည်နယ်အစိုးရတွေက တာဝန်ယူ ဖောက်လုပ် ပေးပါတယ်။ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်ဖောက်လုပ်ကြတယ်။ ကားလမ်းတွေရဲ့ ခိုင်ခံ့မှုကိုလည်း ကွန်တိန်နာတွေသွားလို့ရတဲ့အထိ ခိုင်ခံ့အောင် တည်ဆောက်ကြတယ်။ လမ်းရဲ့ဘေးဘက်မြေပို နေရာကိုလည်း အကျယ်ကြီးချန်ထားပြီး လမ်းကိုတည်ဆောက်တယ်။ ရည်ရွယ်ချက်ကတော့ နောင်နှစ်ပေါင်းများစွာကြာလို့ စည်ကား လာတဲ့အခါ မော်တော်ကားလမ်းတွေကို အဝေးပြေးကားလမ်းတွေအဖြစ် ကားလမ်းချဲ့လို ရအောင်ပါ။ လမ်းဘေး နှစ်ဖက်နှစ်ချက် ကားလမ်းမြေဟာ ပေ ၂၀၀ ကနေ ပေ ၃၀၀ လောက်အထိ ကျယ်ဝန်းတာကို တွေ့ရတယ်။

ကားလမ်းတွေကို ဝှေ့ဝိုက်ဖောက်လုပ်တဲ့အခါ ညာကွေ့လမ်းကို ညာဘက် စောင်းထားပြီး၊ ဘယ်ကွေ့လမ်းကို ဘယ်ဘက်စောင်းလို့ စနစ်တကျဖောက်ထားတာ တွေ့ရတယ်။ ကားကို ညာဝိုက်မောင်းတဲ့အခါ ညာဘက်လမ်း အခြမ်းဟာ နိမ့်နေတဲ့အတွက် ကားကို အရှိန်နဲ့မောင်းတဲ့အခါ ကားရဲ့ဟန်ချက်က ပိုပြီးကောင်းသွားတယ်။ ဒီတော့ ကားက မမှောက်တော့ဘူး။ ဘယ်ကွေ့လမ်းကို ဘယ်နိမ့် ညာမြင့်လုပ်ထားတော့ ဘယ်ဘက်ကို အရှိန်နဲ့ဝိုက်လို့ရပြန်တယ်။ ဒီလို လမ်းဖောက်တဲ့စနစ်တွေကို ကျွန်တော်အခုမှ မြင်ဘူးပါတယ်။ အရင်က ကျွန်တော်လည်း တောကျခဲ့ပါတယ်ဗျာ။ မြန်မာပြည်မှာ မမြင်ခဲ့ဘူးတာလည်း ပါတာပေါ့။ ဒီက အင်ဂျင်နီယာတွေရဲ့ သုတေသနပြုချက်လည်း ကောင်းတာကိုး။

ဆီးနှင်းတွေကျတဲ့အချိန် လမ်းတွေမချောအောင် ကပ်တရားလိုလို၊ ရာဘာလိုလိုဖြစ်နေအောင် လမ်းခင်းတဲ့ စနစ်ကိုလည်း အခုမှ မြင်ဘူးတယ်။ ကျေးလက်တွေဆီသွားတဲ့ ကားလမ်းတွေဟာ တောင်တွေတောတွေကို ဖြတ်ဖောက် ရတာကြောင့် ပိုပြီး safety ဖြစ်အောင် ဖောက်လုပ်ကြတာကို အတုယူဖွယ် တွေ့ရတယ်။ မတိုးတက်တဲ့ နိုင်ငံတွေမှာတော့ တောရွာသွားတဲ့ လမ်းတွေကို ပစ်စလက်ခတ် ဖြစ်သလိုဖောက်ကြတယ်။ အတွေးအခေါ် ပြောင်းပြန်ဖြစ်နေတယ် ဆိုပါတော့။

လမ်းတွေရဲ့ မချောမကြမ်းမျက်နှာပြင်ကလည်း ကားလမ်းချော်မှုကို နည်းပါးသွားစေတယ်။ ကားလမ်းဟာ ချောနေရင် မိုးရေ၊ှဆီးနှင်း စသည်ဖြင့် ရေစိုသွားတဲ့အခါ လမ်းချော်တတ်တယ်။ လမ်းကြမ်းနေရင်လည်း တာယာနဲ့ ကားလမ်းပွတ်တိုင်တဲ့အခါ ဆူညံသံထွက်လာတယ်။ နောက်ပြီး တာယာလည်း ကုန်မြန်တာပေါ့။ သူတို့တတွေရဲ့ လမ်းခင်းပုံစနစ်က ကားမောင်းလိုက်ရင် ဆူညံသံ မကြားရဘူး။ လမ်းအောက်ခံကို နက်နက်ထိုင်ထားတာကြောင့် အထိုင်ငြိမ်တယ်။ ချိုင့်ခွက်လို ချိုင့်သွားတာ အတွေ့ရဘူး။

ကျေးလက်တွေဆီ သွားတဲ့အခါ နိမ့်လိုက်မြင့်လိုက် လမ်းတွေမှာ ညိမ့်ညိမ့်ညောင်းညောင်း ကားကို မောင်းရင်း ဘေးဘက်ဝဲယာစိုက်ခင်းတွေကို တမျှော်တခေါ်ငေးမော စိတ်ကူးယဉ်ရတာ ကာရံတွေ၊သံဇဉ်တွေ ခေါင်းထဲရောက်ရောက် လာ သလိုပါဘဲ။ မြေပဲခင်း၊ အာလူးစိုက်ခင်း၊ မြက်စိုက်ခင်း၊ ပြောင်းစိုက်ခင်းတွေဆီက ဖြတ်သန်းတိုက်ခတ်လာတဲ့ သန့်ရှင်းတဲ့ သဘာဝလေကို ရှူရတာဟာလည်း နောက်ကျိနေတဲ့ စိတ်တွေကို လန်းဆန်းသွားစေတယ်။ တောင်တွေကို ကွေ့ကာဝိုက်ကာ ဖောက်ထားတဲ့ ကားလမ်းတွေကို အရှိန်နဲ့မောင်းရင်း အဝေးတဖက်ဆီက မြင်နေရတဲ့ တောတောင် ရှုခင်းတွေဟာလည်း ကဗျာတွေ၊စာတွေ ဖွဲ့ပြနေသလိုပါဘဲ။ တခါလေ ကာရံတွေ၊ တခါတလေ စကားလုံးအနုနုတွေ၊ တခါတလေ ပန်ချီကား လှလှတွေ ရင်ထဲရောက်ရောက်လာတယ်။ ချစ်သူစုံတွဲတွေအတွက် တေးတပုဒ်၊ စာရေးဆရာ တွေအတွက် ကဗျာတပုဒ်၊ စာတပုဒ်ကို သယ်ငင်ယူဆောင်လာလေသလား သဘာဝပန်းချီကားကြီးရယ်။

အမေရိကန်နိုင်ငံမှာ ကျေးလက်တွေဆီ သွားတဲ့အခါ တချို့သောနေရာတွေမှာ National Park တွေကို တွေ့ရမယ်။ National Park တွေကို ပြည်နယ်အစိုးရက ပြုလုပ်ပေးထားတယ်။ အပန်းဖြေအနားယူနိုင်ဖို့ camping နေရာတွေ ပြုလုပ်ပေးထားတယ်။ မိသားစုအလိုက် အပန်းဖြေကြတယ်။ သူငယ်ချင်းတွေစုပြီး ပျော်ပွဲစားထွက် အပန်းဖြေကြတယ်။ ထိုထို နေရာများမှာ ချစ်သူတွေ ချစ်တင်းနှောကြတယ်။ မိသားစုတွေ ပျော်ကြတယ်။ သူငယ်ချင်းတွေ ဘီယာနဲ့ ကြက်ကင် မြီးကြတယ်။ တောတောင်တွေရဲ့အလှမှာ ဘဝရဲ့ ပင်ပန်းမှုအမောတွေကို အပန်းဖြေကြတယ်။ ဒီအခါ မြို့ပြ အလှတွေ ထိုင်ငိုသွားတယ်။ သူတို့ကို ဘယ်သူ ကမှ အဘက်လုပ်ဖော်မရကြလို့။

မြို့ပြအလှတွေ လိုက်မမီနိုင်တဲ့ သဘာဝအလှကို ကျေးလက်မှာသာ တွေ့နိုင်တယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်တွေကို ကျေးလက်ဒေသမှာ အမြောက်အများ ရနိုင်တယ်။ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေကိုလည်း ကျေးလက်တောရွာတွေမှာသာ စားသုံးနိုင်တယ်။ မြို့ပြရဲ့ ကုန်တိုက်ကြီးတွေပေါ်က ရက်သိတ်အသီးအနှံတွေကို ငြီးငွေ့နေ တဲ့ ကျွန်တော့်အဖို့တော့ အခုလို ကျေးလက်တွေဆီ ရောက်တဲ့အခါကြတော့မှဘဲ လတ်ဆတ်တဲ့ သီးနှံတွေကို ငမ်းငမ်း ဆမ်းဆမ်း စားဖြစ်ပါတော့တယ်။

ကျေးလက်ဒေသ ထွက်ကုန်တွေကို ကွန်တိန်နာကားကြီးတွေနဲ့ မြို့ပြတွေဆီ သယ်ဆောင်ကြတယ်။ ဒါကြောင့် လည်း ကျေးလက်တွေဆီသွားတဲ့ ကားလမ်းတွေကို ကွန်တိန်နာကားကြီးတွေ မောင်းလို့ရတဲ့အထိ ခိုင်ခံ့အောင် တည်ဆောက် ထားတာဖြစ်တယ်။

သိုး၊ဆိတ်၊နွားမွေးမြူရေးတွေကိုလည်း ဟိုးအဝေးဘက်ဆီက မြူတွေအုပ်ဆိုင်းနေတဲ့ တောင်ခြေတွေမှာ တွေ့နေရ တယ်။ အမေရိကန်နိုင်ငံမှာ နွားနို့ဟာ ရေလိုပေါတယ်။ နို့စားနွားဘယ်လောက်ပေါလဲဆိုတာ ရေလိုပေါတဲ့ နွားနို့ကိုသာ ကြည့်ကြပေတော့။ ထူးခြားချက်က နို့ဆီ မထုတ်ပါ။ cheese မျိုးစုံကိုသာ ထုတ်လုပ်ပါတယ်။ အရည်အသွေးမျိုးစုံ ရှိတဲ့ cheese မျိုးစုံ အမေရိကားမှာ အလွန်ပေါများပါတယ်။ နွားနို့မျိုးစုံကိုလည်း ရေဝယ်သလို ဝယ်လို့ရပါတယ်။

သိုး၊ဆိတ်၊နွားစတဲ့ တိရစ္ဆာန်ချေးတွေကနေ ထုတ်လုပ်တဲ့ သဘာဝ မြေသြဇာစက်ရုံတွေကိုလည်း ကားလမ်းနဲ့ အလွန်ဝေးတဲ့ တောင်ခြေတွေနားမှာ လှမ်းတွေ့နေရတယ်။ အံ့သြစရာကောင်းတာက ဘယ်လိုအနံ့အသက်မှ မရတဲ့ အချက်ပါဘဲ။ ရလို့ကတော့ လေထုညစ်ညမ်းမှုနဲ့ ငြိပြီသာမှတ်ပေတော့။ စက်ရုံအများစုဟာ ကားလမ်းနဲ့ အဝေးမှာ တည်ဆောက်ထားကြတာ ထူးခြားချက်တခုလိုဖြစ်နေတယ်။ သဘာဝမြေသြဇာ ထုတ်လုပ်တဲ့ စက်ရုံတွေကို ကျေးလက် တွေဆီ သွားတဲ့အခါမှသာ တွေ့ရတယ်။ ကုန်ကြမ်းထွက်ရှိရာနေရာမှာ တည်ဆောက်ထားတာလည်းပါတယ်။ လူနေအိမ်ခြေ တွေနဲ့ အလွန့်အလွန် အလှမ်းဝေးတဲ့နေရာတွေမှာ တည်ဆောက်ကြတာလည်း ဖြစ်တယ်။

အမေရိကန်နိုင်ငံမှာ ကျေးလက်နဲ့ မြို့ပြဟာ အလှမ်းဝေးနေပေမယ့် လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းတာ ကြောင့် နာရီပိုင်းအတွင်း အရောက်သွားနိုင်တယ်။ တနာရီကို ၅၅-မိုင်ကနေ ၆၅-မိုင်၊ မိုင် ၇၀ နှုန်းအထိမောင်းခွင့် ပေးထားတဲ့ ကားလမ်းတွေကြောင့် မိုင် သုံးလေးရာခရီးလည်း ခဏလေးပါဘဲ။ အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေကြတာပါ။ ကျွန်တော်ကိုယ်တိုင် အမေရိကန် ကျေးလက်တွေဆီ အကြိမ်ကြိမ် နေ့ချင်းပြန်သွားနေခဲ့တာ အကြိမ်မနဲတော့ပါ။ လမ်းပန်း ဆက်သွယ်ရေးရဲ့ အရေးပါမှုဟာ တိုးတက်မှုအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ အမေရိကန်နိုင်ငံရဲ့ တိုးတက်မှု ကို ကြည့်ပြီး ပိုသိလာတယ်။

ခရီးလမ်းရဲ့အရေးပါမှု၊ ဆက်သွယ်ရေးစနစ်ရဲ့ အရေးပါမှုတွေကြောင့် စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ အမေရိကားမှာ ကျေးလက်နဲ့ မြို့ပြ အတူတူပါဘဲ။ ဒါကြောင့် ကျေးလက်ဒေသဟာ အနေခေါင်လှပါလားဆိုတဲ့ ဝေါဟာရ အမေရိကားတွင် သုံးစားမရပါ။ ကျေးလက်နေ ပြည်သူအများစုသည် ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေနဲ့ ငွေကြေးပို၍ ပြည့်စုံကြတယ်။ အိမ်ကြီးအိမ်ကောင်း၊ ကားကြီးကားကောင်းတွေ၊ ထွန်စက်မျိုးစုံတွေ ပိုင်ဆိုင်ကြတယ်။ မြို့ပြနေလူတန်းစားအများစုကတော့ ဟိတ်ဟန်တွေကြီး အကြွားတွေထုတ်နိုင်ကြပေမယ့် ကားအကြွေး၊ အိမ်အကြွေး၊ တီဗွီအကြွေး၊ ကွန်ပြူတာအကြွေးတွေနဲ့ အကြွေးပတ်လည်ဝိုင်းနေကြတယ်။ မသိသူတွေအတွက်တော့ မီလျံနာသူဋ္ဌေးတွေ လိုပါဘဲ။ အကြွေးကင်းသူ အမေရိကားရဲ့မြို့ပြတွေမှာ မရှိသလောက်ပါ။

မြို့ပြလူတန်းစား အများစုက ကုမ္ပဏီတွေမှာ အလုပ်သမားလုပ်ကြတယ်။ ကျေးလက်နေ လူတန်းစားက ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတယ်။ လုပ်ငန်းရှင်တွေဖြစ်တယ်။ အားလပ်ချိန်မှာ အနားယူတာ အပန်းဖြေတာ၊ အမဲလိုက်တာတွေနဲ့ ဘဝကိုပျော်အောင် နေထိုင်သွားကြတယ်။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ဖင်ကုပ်ချိန်မရှိ အောင် လုပ်ကြရတဲ့ မြို့ပြနဲ့တော့ မတူပါ။ တိုးတက်နေတဲ့ အမေရိကားမှာ လက်လုပ်လက်စား အများစုဟာ မြို့ပြဒေသမှာ အခြေချနေထိုင်ကြပြီး၊ ကျေးလက်နေ လူတန်းစားတို့မှာ ငွေကြေးပြည့်စုံကြသူများဖြစ်ကြောင်း ကျေးလက်ဒေသဆီသို့ ရောက်ခဲ့မှ ကျွန်တော်ကိုယ်တိုင် သိလိုက်ရပါတော့တယ်။

မင်းကျော်ကျော်ထွန်း (မော်လမြိုင်)
၂၀၁၃ စက်တင်ဘာလ ၃၀၊ တနလာင်္နေ့။

https://www.facebook.com/photo.php?fbid=390183694444828&set=a.308663785930153.1073741825.100003596036847&type=1

လှပစွာ လမ်းလျှောက်နည်း


Monday, September 30, 2013

-ခေါင်းမော့ထားပါ

-သင့်ပခုံးများ သဘာဝအတိုင်း လျှော့ကျသွားသည်အထိ သင့်လည်ပင်းကို ဆန့်တန်းပါ။(သင်သည် သင့်ခေါင်းထိပ်မှ ကြိုးနှင့်ဆွဲထားသော ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည်ဟု သဘောထားပါ)

-တောင့်တင်းနေသော ပခုံးများသည် လမ်းလျှောက်ပုံကို အကျည်းတန်စေ သည်။ သို့အတွက် ပခုံးများကို ဖြေးညှင်းစွာမြှင့်ပြီး ရှေ့ဖက်သို့ ကိုင်းခြင်းနှင့် နောက်ဖက်သို့ လှန်ခြင်း လေ့ကျင့်ခန်းကို လေ့ကျင့်ပေးပါ။

-ကျောကိုဖြောင့်မတ်စေရန် အသက်ပြင်းပြင်းရှည်ရှည် ရှူပေးပါ။

-ဝမ်းဗိုက်ကို ရှပ်ထားပါ။

-တင်ပါးကြွက်သားများကို တင်းခြင်း လျှော့ခြင်းကို လေ့ကျင့်ခန်းကို ၂၅-ကြိမ်မျှ ပြုလုပ်ပါ။

-လမ်းလျှောက်သည့်အခါ လှမ်းသည့်ခြေကိုသာ ကွေးပါ။ ထေက်ထား သည့်ခြေပေါ်တွင် တစ်ကိုယ်လုံး အလေးချိန် ရှိပါစေ။

မင်္ဂလာသတင်းစဉ်

ဟင်္သာတမြို့တွင် ကလေးငယ်တစ်ဦး ဓာတ်ဆီပက် မီးရှို့ခံရမှုဖြစ်ပွား

ဟင်္သာတမြို့တွင် ကလေးငယ်လေးတစ်ဦး ဓာတ် ဆီဖြင့် ပတ်ပြီး မီးရှို့ခံရမှုတစ်ခု စက်တင်ဘာ ၂၈ က ဖြစ်ပွား ခဲ့ကြောင်း ကာယကံရှင် ကလေး၏ မိခင်ဖြစ် သူ ဒေါ်စိန်အိက မဇ္ဈိမကို ပြောသည်။

“ကလေးကို ဈေးဝယ်လွှတ်လိုက်တာကနေ မီးရှို့ ခံရ တာပါ၊ ခုကလေးက နောက်ကျောပိုင်းမှာ မီးလောင်ခံ ထားရပါတယ်” ဟု ဒေါ်စိန်အိက ဆိုခဲ့ သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်၊ သီရိအောင်မြေ (၇) လမ်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။ ဓာတ်ဆီပက်၍ မီးရှို့ခံရသူမှာ အသက်(၁၀)နှစ်ရှိ ဟိန်းထက်အောင် ဆိုသည့် ကလေးငယ် ဖြစ်ပြီး မီးလောင် မှုကြောင့် အသက်အန္တရာယ် မရှိသော်လည်း နောက်ကျောပိုင်းတွင် မီးလောင် ဒဏ်ရာများ ရရှိ ခဲ့သည်ဟု ယင်းတို့အား ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်စွာက မဇ္ဈိမသို့ ပြောပြခဲ့ သည်။

“အသက် ၁၉ လောက်ရှိတဲ့ကလေးက လုပ်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ်ပါ ခံသင့် ခံထိုက်တဲ့ ပြစ်ဒဏ်ကိုတော့ ပေးသင့် ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနေ့က ဈေးဝယ်ထွက်လာသော မောင်ဟိန်းထက်အောင်ဆိုသူအား တစ်ရပ်ကွက်အတွင်းနေ လူငယ်တစ်ဦးက ဓာတ်ဆီဆိုင်မှ ဆီဝယ်ပြီး ပတ်ဖျန်းကာ မီးခြစ်ဖြင့် မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ကလေးငယ်၏ မိဘများက ဆိုသည်။

ထို့ကြောင့် အဆိုပါ အဖြစ်အပျက်အား ရပ်ကွက်အုပ်ချုပ်မှူးရုံးသို့ သွားရောက်တိုင်တန်းရာတွင် တစ်စုံ တစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည့်သော်လည်း ယင်းနေ့ တွင် အမှုဖွင့်ပေးခြင်းမရှိသဖြင့် စက်တင်ဘာ ၂၉ ရက် နံနက်တွင် ထပ်မံသွားရောက်တိုင်တန်းမှ အမှုဖွင့်ပေး ခဲ့ကြောင်း လိုက်ပါကူညီသူ ကိုကျော်စွာက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟင်္သာတမြို့နယ် ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒု-ရဲအုပ် အောင်စေညွန့်က “လောလောဆယ်တော့ မီးရှို့သွားတဲ့သူကို လိုက်ရှာနေပါတယ်။ ဒီကိစ္စက ကလေးချင်း စရင်းနောက်ရင်း နဲ့ ဖြစ်သွားတာပါ၊ တိုင်တန်းခံရသူက ပထမကလေးတစ်ယောက်ကိုလည်း အဲလိုပဲ စပါတယ်။ ဒါပေမဲ့ မီးကို အချိန်မီငြှိမ်းနိုင်တယ်၊ အခုကလေးကျမှ လက်လွန်သွားတာပါ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲတိုင် တန်းခံထားရသူမှာ အသက် (၁၄)၀န်းကျင်ရှိ ကလေးတစ်ဦးဖြစ်ကြောင်းနှင့် ယင်းအား အရေးယူရန် ရဲစခန်းက (ပ)၂၂၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၂၄ဖြင့် စစ်ဆေးရန် ဆောင်ရွက်လျက် ရှိသည်ဟု ဟင်္သာတ အမှတ် (၁)ရဲစခန်းမှ ဒု-ရဲအုပ် မျိုးမင်းကလည်း မဇ္ဈိမသို့ အတည် ပြုပြောကြားခဲ့သည်။

ဇော်ဇော်ထွေး | Mizzima Burmese

လယ်တီဆရာတော်ကြီး၏ သိမ်နှင့်စေတီ မဖျက်ရေး လတ်တလော သဘောတူညီချက်ရ


 မန်းသားလေး
လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော် ဘုရားကြီး၏ ဘုရားစေတီနှင့် သိမ်တော်ကို မဖျက်သိမ်းရေး လွှတ်တော်တွင် ဆွေးနွေးနေစဉ် ကာလအတွင်း မပျက်မစီး၊ နေရာမရွှေ့ဘဲ မူလနေရာအတိုင်း ထားရှိရန် သဘောတူညီမှုကို ယနေ့ ညနေ ၄ နာရီက ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် လူအင်အား ၅၀ ကျော်နှင့် သံဃာများက မန္တလေးမှ လက်ပံတောင်းသို့ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော် ခဲ့ကြပြီး ၂၉ ရက်နေ့ ည ၈ နာရီခွဲတွင် စစ်ကိုင်းမြို့ စိန်ရတနာ ဓမ္မာရုံသို့ အရောက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စတင် ဆွေးနွေးခဲ့ကြရာ ယနေ့ညနေ ၄ နာရီတွင် ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။
လမ်းလျှောက် ဆန္ဒထုတ်ဖော် သူများသည် အချက် ၃ ချက်ကို အဓိက တောင်းဆိုခဲ့ရာမှ ပြေလည်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအချက်မှာ လယ်တီ ဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့် ဘုရားစေတီအား လွှတ်တော် တင်စဉ် ကာလအတွင်း ပျက်စီးမှုမရှိစေရန်၊ လမ်းလျှောက် ဆန္ဒပြသူများကို အဖမ်းအဆီး မလုပ်ရန်နှင့် ဆန္ဒပြရန် လာရောက်သူများကို လွတ်လပ်စွာ ဘုရားဖူးခွင့် ပေးရန်တို့ ဖြစ်သည်။
တောင်းဆိုမှု ပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင် ဒေသခံပြည်သူများ၊ နိုင်ငံရေး အင်အားစုများနှင့် သံဃာများ လမ်းလျှောက် ချိန်တွင် ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ်ခဲ့သေးသည်။
အဆိုပါအဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်နေ့က မန္တလေးတိုင်း အမရပူရ မြို့နယ် ကပ်ကျော် စေတီမှနေ၍ နေ့လယ် ၁၂ နာရီ အချိန်တွင် စတင် ထွက်ခွာခဲ့သည်။ ယင်း ကပ်ကျော်စေတီတွင် မန္တလေးတိုင်း အတွင်းရှိ ရဲအာဏာပိုင်များက လမ်းလျှောက် ချီတက်မှုကို ပိတ်ဆို့ တားဆီးခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။
“ကပ်ကျော် ဘုရားကနေ ထွက်ခွင့်မပေးဘဲ ပိတ်ထားတယ်။ အဲဒီကနေ ရဲတွေက ရှေ့ဆက်မသွားဖို့ တားတယ်။ ဦးဇင်းတို့ကလည်း လမ်းဆက်လျှောက်တယ်။ နောက်တော့ လမ်းလျှောက်တဲ့ သူတွေနဲ့ ဦးဇင်းကို ရဲတွေက ဆွဲတယ်။ လွယ်အိတ်ကိုလည်း ဆွဲတယ်၊ သင်္ကန်းစလည်း ဆွဲတယ်။ စစ်ကိုင်း တံတားကြီးပေါ်လည်း ရောက်ရော လမ်းလျှောက်တဲ့ သူတွေကို အကြမ်းဖက်တော့တာပါဘဲ” ဟု လမ်းလျှောက်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ဆရာတော် ဦးဓမ္မသာရက ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်း အမရပူရမြို့နယ် ရဲမှူး ဦးရွှေပိုက “လမ်းလျှောက်ဆန္ဒပြတာ ဥပဒေနဲ့ မညီတဲ့တွက် အရေးယူလို့ ရပါတယ်။ အခုဟာက ခွင့်ပြုမိန့် မတင်တဲ့အတွက် ဆန္ဒ ဖော်ထုတ် လမ်းလျှောက်တာကို တားရတာပါ။ သူတို့ သွားချင်တဲ့နေရာကို ကျနော်တို့ ကားတွေနဲ့ လိုက်ပို့မှာပါ” ဟု ဆိုသည်။
လမ်းလျှောက်သည့် အဖွဲ့နှင့် မန္တလေးတိုင်း ရဲတပ်ဖွဲ့တို့ နှစ်ဘက်ညှိနှိုင်း ခဲ့သော်လည်း ဆက်လက် လမ်းလျှောက်ခဲ့သည့် အတွက် စစ်ကိုင်းတံတားပေါ်တွင် စစ်ကိုင်းရဲများ၏ ဟန့်တားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်ကိုင်း တံတားပေါ်၌ ရဲအင်အား ၁၀၀ ကျော်က သံဆူးကြိုးများ ကာရံပိတ်ဆို့ပြီး လမ်းလျှောက် ဆန္ဒပြသူများကို ဖမ်းဆီး ဟန့်တားခြင်းများ ပြုလုပ်ခဲ့သည်။
“ကျမတို့ လမ်းလျှောက်တာကို ရဲတွေက ပိတ်ဆို့ပြီး တားတယ်။ ကျမတို့အထဲက နှစ်ဦးကို အချုပ်ကားနဲ့ တင်ပြီး ၀င်ဖမ်းတယ်။ နောက်တော့ ကျမတို့က ဖမ်းဆီးထားတဲ့ သူတွေကို လွှတ်ပေးဖို့ အတင်းတောင်းဆိုတဲ့ အတွက် အချုပ်ကားပေါ်က အဖမ်း ခံရတဲ့သူတွေကို လွတ်ပေးပါတယ်” ဟု လမ်းလျှောက်ဆန္ဒပြသူများထဲမှ မမြင့်က ပြောသည်။
လယ်တီသိမ်ကို စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖျက်သိမ်းမည်ဟု သိရှိထားသည့်အတွက် အချိန် နှောင့်နှေးကြန့်ကြာနေမည် စိုးသောကြောင့် လမ်းလျှောက်ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ မတင်ပြနိုင်ခဲ့ကြောင်း လမ်းလျှောက် ဆန္ဒပြသည့်အဖွဲ့မှ ကိုစည်သူက ရှင်းပြသည်။
လယ်တီ ဆရာတော်ဘုရားကြီး၏ သိမ် မဖျက်သိမ်းရေးအတွက် လမ်းလျှောက်သည့် အဖွဲ့များသည် စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီအနီး စိန်ရတနာ ဓမ္မာရုံတွင် ညအိပ် နားနေစဉ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“သိမ်ဖျက်တာ မဖျက်တာထက် ကျနော်က ပဋိပက္ခတွေ ဆိုးဆိုးဝါးဝါး မဖြစ်အောင် ကာကွယ် တားဆီးလိုက်တာပါ။ အမှန်ဆို ဒီနေ့က လွှတ်တော်ကို သွားရမယ့် ရက်ပါ။ ကျနော် ခွင့်တိုင်လိုက်တယ်။ နောက်ပြီး နှစ်ဘက် အဖွဲ့စည်းတွေကြားထဲမှာ ၀င်ပြီး ဆွေးနွေးပေးတယ်။ ဟိုဘက်က တောင်းဆိုတဲ့ အချက်တွေနဲ့ ဒီဘက်က ဖြည့်ဆည်းပေးမယ့် အချက်တွေကို ညှိနှိုင်း ပေးတဲ့သဘောပါ။ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ သိမ်ကို တတ်နိုင်ရင်တော့ မဖျက်စေချင်ပါဘူး။ ဒါပေမယ့် အကျိုးနဲ့ အပြစ်တွက်ပြီး ကျနော်တို့ ချင့်ချိန်ရပါမယ်။ အခု ဒီကိစ္စကိုလည်း ပုလဲမြို့နယ်က အမတ် ဒေါ်ခင်စန်းလှိုင်က အမျိုးသား လွှတ်တော်မှာ တင်ပါလိမ့်မယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၃ ရက်နေ့က လက်ပံတောင်း တောင်၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို ရှင်းလင်းရန် အတွက် ယင်းကျေးရွာသို့ သွားရောက်စဉ် လယ်တီတောရ ဆရာတော်၏ သိမ်နှင့် စေတီမှာ သမိုင်း အထောက်အထားအရ မရှိကြောင်း၊ ဆရာတော် သီတင်းသုံးလျှင်လည်း တနှစ်သာ သီတင်းသုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းသိမ်နှင့် စေတီမှာ လယ်တီ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဆောက်လုပ်ခဲ့သော သိမ်နှင့် စေတီဟု သမိုင်းကြောင်း အရ သော်လည်ကောင်း၊ စာအုပ်စာတမ်းများ အရသော်လည်ကောင်း အတိအကျ မပြောနိုင်သော်လည်း ဆရာတော် ဘုရားကြီးသည် လက်ပံတောင်းတောင် ၀န်းကျင်တွင် ၀ါ ၃ ခါ ဆိုခဲ့ဖူးသည်မှာ ၎င်း ရေးသားထားသည့် ဒီပနီကျမ်းများ စာအုပ်၏ နောက်ဆုံး အပိုဒ်တွင် ကြည့်က သိနိုင်ကြောင်း မုံရွာမှ ဆရာတော် ဦးတိက္ခဉာဏက ဧရာဝတီသို့ ပြောသည်။
“ဦးဇင်းအနေနဲ့ မီးလောင်ဗုံး ထိခဲ့လို့လည်း ဘာမှ မဖြစ်ဘူး။ ဒီကိစ္စကို စပြီး ပါဝင်လာခဲ့တဲ့ အကြောင်းကလည်း လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သာသနာရေး အထင်ကရ ဘုရားစေတီတွေကို မဖျက်ဆီးစေချင်တာပါ။ သိမ်ဆိုတာက သံဃာနဲ့ သက်ဆိုင်တယ်။ ဒီသိမ်မရှိရင် သံဃာဆိုတာလည်း မဖြစ်လာဘူး။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကား ကိုတော့ ဦးဇင်းမငြင်းလိုဘူး။ တကယ်လည်း သမိုင်းဆိုင်ရာ အထောက်အထား ပြပါဆိုရင် မပြနိုင်ဘူး။ ဒါ့ကြောင့် ဒီသိမ်နဲ့ စေတီကို လယ်တီ ဆရာတော်ကြီး တည်ခဲ့တယ်လို့ မပြောဘဲ ဆရာတော်ဘုရားကြီးရဲ့ သာသနာ့ အနွှယ်တွေကို မဖျက်ဆီး၊မရွှေ့ပြောင်းဘဲ ဒီအတိုင်းလေးပဲ ဆက်လက် တည်ရှိပေးပါလို့ တောင်းဆိုတာပါ” ဟု အထက်ပါ ဆရာတော်က မိန့်သည်။
ဆရာတော် ဦတိက္ခဉာဏသည် လက်ပန်းတောင်းတောင် မီးလောင်ဗုံးတွင် ဒဏ်ရာရရှိခဲ့သည့် ဦးပဉ္ဇင်း တပါးဖြစ်ပြီး ယခုကိစ္စတွင်လည်း ကိုယ်တိုင် ပါဝင် လမ်းလျှောက်ခဲ့သည်။
လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ချက်အရ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်နှင့် စေတီကို ဖျက်သိမ်းမည်ဟု ဆိုလျှင် ယခု လမ်းလျှောက် ဆန္ဒပြ အဖွဲ့များက အသက်နှင့် ရင်းကာ ကာကွယ်သွားမည် ဖြစ်ပြီး ဆက်လက် လမ်းလျှောက် ချီတက် ဆန္ဒပြ သွားဦးမည် ဖြစ်ကြောင်း သိရသည်။
ဆရာတော် ဦးတိက္ခဥာဏ မီးလောင်ဗုံးဒဏ်ရာရရှိခဲ့စဉ် က ပုံ။2012 ခုနှစ် နိုင်ဝင်ဘာလ(၃၀)ရက်နေ့ နံနက်(၄)နာရီအချိန်ခန့် မှ ပုံ။

ဓာတ်ပုံ-သလ္လာဝတီတိုင်းမ်

မြန်မာ့ဆေးဖက်ဝင် လင်းနေ ပင်

28 September 2013 at 15:53

Item Name ------- Sweet-Flag (လင်းနေ)
Category ---------- Raw Material
Botany Term ------ Acorus calamus Linn
Species Family --- Araceae
အေးမြသော ရာသီဥတု ရှိသည့် ဒေသများရှိ အင်းအိုင် ချောင်းမြောင်း တစ်ဝိုက်တွင် ပေါက်ရောက်သည်။ 
သဘာဝ အလျောက် ပေါက်ရောက် သော်လည်း အိမ်သုံးဆေး အဖြစ် အသင့် အတင့် စိုက်ပျိုး ကြသည်။ ချင်းပင် ကဲ့သို့ပင် စိုက်ပျိုး ရသည်။ 

အပင်

ပင်ပျော့ ပင်ငယ် မျိုးဖြစ်၏။ အမြင့် ၃ ပေ ခန့်ထိ မြင့်သည်။ ပင်စည်မှာ မြေအောက် ပင်စည် ဖြစ်သည်။ အနံ့ ထင်ရှား သည်။ ပင်စည်သည် ဥတက် သဖွယ် ဖြစ်ကာ ဥများရှိ အဆစ်များ အဖြူရောင် ရှိသည်။ 

အရွက်

အလျား ၃ ပေ ခန့်ထိ ရှည်သည်။ ရွက်ပြား သေးသွယ် ရှည်လျားပြီး ချောသည်။ ရွက်လယ်ကြော ထင်ရှား သန်မာသည်။ မြေအောက် ပင်စည်မှ မြေပေါ်သို့ ယပ်တောင် သဖွယ် ဖြန့်ထွက်သည်။ ရွက်ထိပ်သည် ဓါးသွားဦး ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။

အပွင့်

ရှည်လျားသော ပန်းခိုင် ပေါ်တွင် စိမ်းဝါရောင် အပွင့် များစွာ ပွင့်၏။ အဖူးခွံ အစိမ်းရောင် ရှိ၍ အရွက်နှင့် တူသည်။

အသုံးဝင်ပုံ

မြေအောက်ပင်စည်။

အာနိသင်

မြန်မာ ဆေးကျမ်း များအလိုအရ လင်းလေ သည်စူးရှ သော အနံ့ ရှိ၏။ ခါး၍ စပ်ဖျဉ်းဖျဉ်း အရသာ ရှိ၏။ နူးညံ့စွာ ၀မ်းသက် စေ၍ ဆီးရွှင်စေ၏။ လည်ချောင်း ကို အကျိုးပြု၏။ အညစ် အကြေးနှင့် ဆီးကို သန့်ရှင်းအောင် ပြုတတ်၏။ 

 မြေအောက်ပင်စည်အသုံးပြုပုံ

 ၁။ လင်းလေ အကြီး နှင့် အငယ် ရှိသည့် အနက် ဆေးသုံး အဖြစ် အကြီးကို သုံး၏။ လင်းလေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။
၂။ လင်းလေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ၀မ်းနာ၊ ၀မ်းရောင် ပျောက်၏။
၃။ လင်းလေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။
၎။ လင်းလေ ဆေးခြောက်နှင့် စမုန်ဖြူ တို့ကို ဆတူ ရော၍ အတွင်းလိပ်ခေါင်း သို့ မှိုင်းတိုက်ပေး လျှင် လိပ်ခေါင်း မြင်းသရိုက် ရောဂါ ပျောက်၏။
၅။ လင်းလေမှုန့် ကို နွားနို့ ခပ်နွေးနွေး ဖြင့် သောက်လျှင် လည်ချောင်းနာ ခြင်း ပျောက်၏။
၆။ လင်းလေကို ဆေးခါးကြီး နှင့် ရောစပ်၍ အဖျား ရောဂါ ကျဆေး အဖြစ် သုံး၏။
၇။ သူငယ်များ သန်ထသော် လင်းလေကို သတ်ပြီးသား ရှိန်းခိုနှင့် ဆတူ ရော၍ တိုက်လျှင် ၀မ်းတွင်းရှိ သန်ကောင်များ ကျဆင်း လာ၏။
၈။ လင်းလေမှုန့် နှင့် ချင်းခြောက်မှုန့် ကို ဆတူ ယူ၍ ပျားရည်နှင့် ရောသောက်သော် နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ ခြင်း ပျောက်၏။
၉။ ၀က်ရူးနာ နှင့် စိတ်နောက် ရောဂါ အတွက် လင်းနေမှုန့် ကို ပျားရည်နှင့် ရော၍ လျက်ပေးရ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
source>>https://www.facebook.com/myanmarherbal

မြန်မာ့ဆေးဖက်ဝင် ဥသျှစ် ပင်


Item Name ------- Bael Fruit (ဥသျှစ်ပင်)
Category ---------- Raw Material
Botany Term ------ Aegle marmelos
Species Family ---- Rutaceae

မြန်မာ နိုင်ငံ တစ်ဝန်းလုံးတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည အပင်လတ်မျိုးဖြစ်ပြီး ပေ(၃ဝ) မှ ပေ (၄ဝ) အထိမြင့်သည်။ အကိုင်းအခက်များ ရှုပ်ထွေးပြီး သန်မာသည်။ ရွက်လွှဲထွက်၍ သုံးရွက် မွှာပေါင်းဖြစ်သည်။ ရွက်မြွှာများ ဘဲဥပုံ ရှည်မျောမျော ဖြစ်၍ အရင်း အနည်းငယ်သွယ်ဝိုက်ပြီး အဖျားချွန်သည်။ အဖြုရောင်ပွင့်သည်။ အသီး လုံးဝိုင်းပြီး အပေါ်ခွံ မာကျောသည်။ အစေ့များစွာပါသည်။

♦အပင်

ပင်လတ် မျိုးဖြစ်၍ အမြင့် ၂၅ ပေခန့် ထိမြင့်သည်။ အခေါက် ကြမ်းပြီး ညိုဖျော့ဖျော့ အရောင် ရှိသည်။ အပွေးများ အစင်းလိုက် ရှိသည်။ အကိုင်း အခက်များ ရှုပ်ထွေးပြီး သန်မာသည်။ ၁ လက်မခန့် ရှည်သော ဆူးချွန်များ အလှည့်ကျ ထွက်သည်။

♦အရွက်

ရွက်လွှဲ ထွက်သည်။ သုံးရွက် မြွှာပေါင်း ဖြစ်သည်။ ရွက်မြွှာများ ဘဲဥပုံ ရှည်မျောမျော ဖြစ်၍ အရင်း အနည်းငယ် သွယ်ဝိုင်းပြီး အဖျားချွန်သည်။ အလယ်အရွက် အကြီးဆုံး ဖြစ်သည်။ ရွက်ပြား ချောပြီး အနား ပတ်လည် အ၀ိုက်ငယ် ကလေးများ ရှိသည်။ အနံ့သင်း၏။ ရွက်ပြား ချောသည်။

♦အပွင့်

ကြီးမားပြီး အဖြူရောင် ရှိသည်။ မွှေး၏။ ကဆုန် ၊ နယုန် လများတွင် ပွင့်သည်။

♦အသီး

စိမ်းဝါရောင် ရှိ၍ ကြီးမားသည်။ လုံးဝိုင်းပုံ ဖြစ်ပြီး အပေါ်ခွံ မာကျောသည်။ အတွင်း၌ လိမ္မော်ရောင် အစေးများဖြင့် လိမ်းကျံနေသော အစေ့များ ရှိ၏။ နယုန်လ မှာပင် သီးကင်းထွက်၏။

♦အသုံးဝင်ပုံ

အရွက်၊ အသီး။

♦အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ ဥသျှစ်သီးမှည့် သည်ချို၏။ ပူ၏။ အနည်းငယ် စပ်ရှိန်း၍ သလိပ်ကို ယုတ်လျော့စေ၏။ သွေးကို ပွားစေခြင်း၊ လေသလိပ်၊ သည်းခြေနာ၊ အစာမကြေနာ နှင့် အပူကို နိုင်၏။ ၀မ်းကို ရွှင်စေ၏။ အဖျားကို နှိမ်နင်း နိုင်၏။

♦အရွက်အသုံးပြုပုံ

၁။ ဥသျှစ်ရွက် ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပေးက ကလေးများ ၀မ်းပျက် ရောဂါနှင့် ချွဲသလိပ် ကျပ်ရောဂါ ပျောက်ကင်း၏။
၂။ ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ ကွင်းပေး ပါက မျက်စိနာ ရောဂါ ပျောက်၏။
၃။ ဥသျှစ်ရွက် ညှစ်ရည်ကို နံနက် ည သောက်ပေးပါက ဖျားခြင်း၊ မျက်ရည်ပူ ယိုခြင်း၊ ချောင်းဆိုး ခြင်းများ ပျောက်၏။
၎။ အနာ၊ အဖု အပိမ့်များကို ၄င်းအရွက်စိမ်း ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍ ရင်းလျှင် ပြည်ပေါက်၏။
၅။ ကလေးများ သန်ထလျှင် ဥသျှစ်ရွက် ညှစ်ရည်ကို အရွယ်အလိုက် ချင့်၍ တိုက်ပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
source>>https://www.facebook.com/myanmarherbal
 

လယ်တီ ဆရာတော်ကြီးသိမ် မဖျက်ဆီးရေး အာဏာပိုင်များ ညှိုနှိုင်းပေးမည်

လယ်တီ ဆရာတော်ကြီး သိမ်မဖျက်သိမ်းရေး အာဏာပိုင်များမှ သက်ဆိုင် ကုမ္မဏီများနှင့် ညှိုနှိုင်းပေး သွားမည် ဖြစ်ကြောင်း ဆန္ဒပြ လမ်းလျှောက်ရာတွင် ပါဝင်သူတစ်ဦးထံမှ သိရသည်။ ဆက်လက် ညှိုနှိုင်းနေ ဆဲပါ။ သုံးချက်တောင်းဆို ထားတာ။ မလိုက်လျောနိုင်ရင် ဆက်ချီတက်မယ်။ သူတို့ ဘက် ကတော့ ဆက်ထွက်စေချင်ပုံ မရဘူး။ မလိုက်လျောနိုင်ရင် ဆက်ထွက်မယ်ဟု ဆန္ဒပြလမ်းလျှောက်ရာတွင် ပါဝင်သူ မမော်က ပြောသည်။
လယ်တီ ဆရာတော်ကြီး သိမ်မဖျက်ရေးအတွက် လက်ပံတောင်းတောင် ဒေသခံ ၄၇ ယောက်နှင့် သံဃာတော်များ အပါအ၀င်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ၊ ပြည်သူလူထု တစ်ရာခန့် မနေ့နေ့လယ် ၂ နာရီခွဲခန့်မှ မန္တလေးမြို့ အမရပူရမြို့နယ် ကပ်ကျော်ခွေ့မှ စတင်လမ်းလျှောက် ဆန္ဒပြခဲ့ရာ စစ်ကိုင်းကောင်းမှု တောင်အနီးစည်တီး ဘုန်းကြီးကျောင်းအတွင်း ခရီးတစ်ထောက်နား ညအိပ်ခဲ့ပြီ ယနေ့်နံနက်ခင်းခရီး ဆက်ရာတွင် အာဏာပိုင် အဖွဲ့အစည်းမှ တားဆီးခဲ့သည်။
နောက်လမ်းလျှောက် ဆန္ဒပြကြသူများမှ ဆက်လက် လမ်းမလျှောက် စေလိုပါက အချက်သုံးချက် လိုက်လျှောပေးရန်တောင်းဆို ခဲ့သည်။ လယ်တီ ဆရာတော်ကြီး၏သိမ် လုံးဝမဖျက် ဆီးရေး၊ လယ်တီဆရာတော်ကြီး သိမ်အား မည်သူမဆို ၀င်ရောက် သွားလာခွင့်ပြုရန်နှင့် ယခု ဆန္ဒပြရာတွင် ပါဝင် သူများကို ဖမ်းဆီးတရားစွဲခြင်း မပြုရန် တောင်းဆိုထားရာ ပထမ အချက်ဖြစ်သည့် လယ်တီဆရာတော်ကြီး၏ သိမ်မဖျက်သိမ်းရေး အတွက် အာဏာပိုင်များမှ ကြားဝင်ညှိုနှိုင်းပေးသွား မည်ဖြစ်ကြောင်း လမ်းလျှောက် ရာတွင် ပါဝင်သူများ ထံမှ သိရသည်။

အဆိုတော် ဂျက်မြသောင်းကို ဂီတအစည်းအရုံးမှ တောင်းပန်


ပန်းမြတ်ဇော် | တနင်္လာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၅၇ မိနစ်

အဆိုတော်ဂျက်မြသောင်းကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများက ၎င်းတို့၏ ရေးသားမှု လွဲမှားရခြင်းနှင့် ပတ်သက်ပြီး တောင်းပန်လိုက်သည်။ အဆိုပါတောင်းပန်မှုကို စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဂီတအလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားလိုက်သည်။

ဂျက်မြသောင်း၏ “နှလုံးသွေးများ ရပ်တန့်သွားပါစေ” သီချင်းအား အဆိုပြိုင်ပွဲတစ်ပွဲမှ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ သုံးစွဲခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ဂျက်မြသောင်းက မိမိ၏ ခွင့်ပြုချက်မရယူဘဲ မည်သည့် ပြိုင်ပွဲမှ ယှဉ်ပြိုင်ခြင်း မပြုရန် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) မှ တစ်ဆင့် တားမြစ်ပေးရန် အကူအညီ တောင်းခံခဲ့ရာမှ ယင်းသို့နားလည်မှု လွဲမှားခြင်းခဲ့ကြခြင်း ဖြစ်သည်။

“ဂျက်မြသောင်းကိစ္စမှာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) က ရေးသားတဲ့စာနဲ့ပတ်သက်ပြီး ဂီတအစည်းအရုံးဘက်မှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ အဲဒီအတွက် အဆိုတော် ဂျက်မြသောင်းကိုလည်း တောင်းပန်ပါတယ်။ အဆိုတော် ဂျက်မြသောင်းရဲ့ဆန္ဒက ဒီသီချင်းကို တခြားသူတွေဆိုဖို့ တားမြစ်တာ လုံးဝမဟုတ်သလို သဘောတူ ခွင့်ပြုချက်ရရှိအောင် ယူဖို့ပါ” ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိသူက ဆိုသည်။

“ဂျက်မြသောင်းနဲ့ပတ်သက်ပြီး အစည်းအရုံးက ထုတ်ပြန်တာက TV Channel နှင့် မီဒီယာများဆိုပြီး ရေးသား ထုတ်ပြန်ထားတယ်။ နောက်ပြီး တေးသံရှင် ဂျက်မြသောင်းက ၎င်းကိုယ်တိုင်ရေးသား သီဆိုထားသော သီချင်းများအား မည်သည့်ပြိုင်ပွဲများတွင် ပါဝင်ခွင့်မပြုပါရန် ဂီတအစည်းအရုံးအား တင်ပြလာပါသဖြင့် လူကြီးမင်းတို့၏ ဌာနမှ လိုအပ်သလို သိရှိဆောင်ရွက်နိုင်ရန် အကြောင်းကြားအပ်ပါသည်ဟု ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အဆိုတော် ဂျက်မြသောင်းရဲ့ကိစ္စမှာ TV Channel နှင့် မီဒီယာများလို့ သုံးနှုန်းခဲ့တာက မီဒီယာဆိုတာ မူပိုင်ခွင့်နဲ့ပတ်သက်ရင် သတင်းတွေ၊ စာနယ်ဇင်းတွေကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ FM တွေကလည်း မီဒီယာထဲမှာ ပါဝင်တာကြောင့် မီဒီယာများလို့ သုံးနှုန်းခဲ့တာပါ” ဟု အာဆီယံနိုင်ငံများ အသိဥာဏ် ပစ္စည်းဆိုင်ရာအဖွဲ့အစည်း၏ အမှုဆောင် ဦးအောင်စိုးဦး က ဆိုသည်။

ဂီတအစည်းအရုံးအနေဖြင့် တေးသီချင်းမူပိုင်ခွင့်များကို ဖြေရှင်းရာတွင် CNC အဖွဲ့မှသာ လုပ်ကိုင်သွားမည်ဖြစ်သည်။

အယ်ရှာဘတ်နှင့် ကင်ညာ စစ်ဖြစ်နေပြီဟု ကင်ညာအစိုးရ ကြေညာ


နိုင်ရိုဘီ၊ စက်တင်ဘာ ၂၈

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အယ်ရှာ ဘတ် စစ်သွေးကြွအုပ်စုနှင့် ကင်ညာနိုင်ငံ စစ်ဖြစ်နေပြီဟု ကင်ညာ အစိုးရအဖွဲ့က ကြေညာ လိုက်ကြောင်း Reuters သတင်း တွင် ဖော်ပြထားသည်။

ကင်ညာမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွအုပ်စုက အကြမ်းဖက် တိုက်ခိုက် ခဲ့ခြင်းကြောင့် အရပ်သားနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံးခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက် မှုကြီးများ ထပ်မံဖြစ်ပွားခြင်း မရှိအောင် ကာကွယ်ပေးမည်ဟုအစိုးရ အရာရှိများက ကင်ညာ ပြည်သူများ ကို အာမခံ ပြောကြားသည်။

သို့သော်လည်း အစ္စရေး လူမျိုးများ ပိုင်ဆိုင်သည့် ဝက်ထ်ဂိတ် ဈေးဝယ်စင်တာနှင့် မြို့တော်အတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများကို အယ်ရှာဘတ် အုပ်စုက အသေခံ ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်နေပြီး အယ်ရှာ ဘတ် စစ်သွေးကြွ အဖွဲ့ဝင်များ နိုင်ရိုဘီမြို့တော်တွင်း ခိုအောင်းနေကြောင်း ကင်ညာ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIS) က ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက သတိပေးခဲ့ကြောင်း ကင်ညာ သတင်းစာ သုံးစောင်တွင် ထုတ်ဖော် ရေးသားခဲ့ကြသည်။

ကင်ညာ ထောက်လှမ်းရေး အဖွဲ့၏ သတိပေးချက်နှင့် နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့များ၏ သတိပေးချက်များကို ကင်ညာအစိုးရနှင့် စစ်ဘက်က အရေးယူ လုပ်ဆောင်ခြင်း မရှိသည်ကို Nation, Standard, Star သတင်းစာသုံးစောင်၏ မျက်နှာဖုံး စာမျက်နှာများတွင် မေးခွန်း ထုတ်ရေးသားလိုက်သည်။
“ဒါက ဟုတ်တယ်၊ မဟုတ်ဘူးလို့ တိတိကျကျ ဖြေလို့ရတဲ့ အဖြေမျိုး မဟုတ်ဘူး” ဟု ကင်ညာ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် အီရင်ဂိုက Reuters သတင်းကို ပြောကြားလိုက်သည်။

ထို့အပြင် နေ့စဉ်နေ့တိုင်း ထောက်လှမ်းရေး သတိပေးချက်များ ရရှိနေပြီး အရေးယူမှုများ ဆောင်ရွက်နေသလို အကြမ်းဖက်ရန် ကြံစည်မှုများစွာကို ဖယ်ရှားနိုင်ခဲ့ကြောင်း ထောက်လှမ်းရေး သတိပေးချက်များ ရရှိရုံဖြင့် မည်သည့် ဖြစ်ရပ်မျှ မဖြစ်ပွားနိုင်ဟု မဆိုနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
“ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ စစ်ဖြစ်နေပါတယ်။ ကင်ညာ လူငယ်လေးတွေကို အယ်ရှာဘတ်အုပ်စုက အစွန်းရောက်ဝါဒ သွတ်သွင်းပြီး ကင်ညာတွေကို သတ်ဖြတ်ခိုင်းဖို့ နေ့စဉ် ကြိုးပမ်းနေပါတယ်” ဟု အီရင်ဂိုက မှတ်ချက်ပြုသည်။

ဝက်ထ်ဂိတ် ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကင်ညာ လုံခြုံရေး အကြီးအကဲကို တနင်္လာနေ့၌ ကျင်းပမည့် လွှတ်တော် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ကော်မတီ အစည်းအဝေး တွင် မေးမြန်းလိမ့်မည်ဟု အများက မျှော်လင့်နေချိန်တွင် သတင်းစာများ၏ အထက်ပါအတိုင်း ရေးသားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ၂၀၀၈ ခုနှစ်တွင်း ဖြစ်ပွားခဲ့သည့် သုံးရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှု ကဲ့သို့သော လက်ပစ်ဗုံးများ၊ ချေမှုန်းရေး ရိုင်ဖယ်များ အသုံးပြု တိုက်ခိုက်မှုမျိုး ကင်ညာနိုင်ငံ၌ ဖြစ်ပေါ် နိုင်သည်ဟု NIS အဖွဲ့က ဖေဖော်ဝါရီလအတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ကင်ညာ သတင်းစာ The Star တွင် ဖော်ပြထားသည်။

ထို့အပြင် အယ်ရှာဘတ် စစ်သွေးကြွ အုပ်စုသည် ကင်ညာနိုင်ငံတွင်း လက်နက်ကိုင် ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိခြင်းကြောင့် တိုက်ခိုက်မှုကြီးများ ဆက်လက် ပြုလုပ်နိုင်မည်ဟု အများက မျှော်လင့်ထားပြီး ယင်းလုံခြုံရေး ခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်ရေးမှာ ကင်ညာသမ္မတ ကင်ယာတာအတွက် အဓိက စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည်။

ဆိုမာလီယာ အခြေစိုက် အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ခေါင်းဆောင်ကလည်း ကင်ညာနိုင်ငံတွင်း ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခြိမ်း ခြောက် ပြောကြားထားသည်။

အယ်ရှာဘတ် စစ်သွေးကြွအုပ်စု၏ စစ်ဆင်ရေး စွမ်းရည်သည် ဆိုမာလီယာ နိုင်ငံတွင်းသာမက ပြင်ပနိုင်ငံများတွင်လည်း အကြမ်းဖက် တိုက်ခိုက်နိုင်ကြောင်း အနောက်နိုင်ငံများက သတိပေးထားပြီး ဝက်ထ်ဂိတ် ဈေးဝယ်စင်တာ တိုက်ခိုက်မှုက ယင်းသတိပေးချက်ကို အတည်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

ပါကစ္စတန်သည် အကြမ်းဖက်သမားများ မွေးဖွားရာ ဗဟိုချက်ဖြစ်နေကြောင်း အိန္ဒိယ၀န်ကြီးချုပ်ပြော


ပါကစ္စတန်နိုင်ငံအနေဖြင့် “အကြမ်းဖက်သမားများအား မွေးဖွားရာ ဗဟိုချက်ဖြစ်ခြင်းမှ ရပ်တန့် သင့်ကြောင်း” အိန္ဒိယ၀န်ကြီးချုပ် မိုဟာမန်ဆင်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်အား ၎င်းနှင့် မတွေ့ ဆုံမီ ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ထို့အပြင် ဒေသတွင်းပြိုင်ဘက်များ ဖြစ်ကြသော အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုကောင်း လိုသည့် ပါကစ္စတန်နိုင်ငံ၏ ဆန္ဒနှင့် မိမိ၏ ဆန္ဒမှာလည်း တစ်ထပ်တည်းဖြစ်သည်ဟု မစ္စတာဆင်းက ပြောကြား လိုက်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ကလည်း ဒေလီအစိုးရနှင့် “ဆက်ဆံရေးအသစ် ထူထောင်ရန်” နယူးယောက်မြို့ တွင် တွေ့ဆုံခြင်း မပြုမီ ဆော်သြထားသည်။ အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးမှာ ကက်ရှ်မီးယား နယ်စပ် အငြင်း ပွားရာမှ တစ်ဆင့် ပေါ်ပေါက်လာသော သွေးထွက်သံယို တိုက်ခိုက်မှုများကြောင့် အေးစက် လျက်ရှိ သည်။

အိနိ္ဒယတို့ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအတွင်းရှိ ရဲစခန်းတစ်ခုနှင့် စစ်စခန်းတစ်ခုအား လွန် ခဲ့သော ကြာသပတေးနေ့တွင် စစ်သွေးကြွများမှ ၀င်ရောက်တိုက်ခိုက်ရာ အနည်းဆုံး လူ ၁၀ ဦးခန့်သေဆုံး သွားခဲ့ ရသည်။

၂၀၀၈ ခုနှစ်တွင် မွန်ဘိုင်းမြို့တွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယို တိုက်ခိုက်မှုများမှာ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွများ၏ လက်ချက်ဖြစ်သည်ဟု အိနိ္ဒယနိုင်ငံမှ ကြေညာထားပြီး ပါကစ္စတန် အစိုးရ အနေဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများအား အပြစ်ပေးရန် တောင်းဆိုထားသည်။

မစ္စတာဆင်းက မိမိအနေဖြင့် ပါကစ္စတန် ၀န်ကြီးချုပ် ရှရစ်၏ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လိုသည့် မျှော်လင့် ချက်နှင့် တစ်သဘောထားတည်းရှိသော်လည်း ကက်ရှ်မီးယားမှာ “အိန်္ဒိယနိုင်ငံ၏ နယ်မြေဒေသ တစ်ခု ဖြစ်သည်” ဟု အလေးအနက် ပြောကြားသွားသည်။

AFP/ Mizzima Burmese

လူပေါင်း (၁၅ဝ)ခန့် သေဆုံးစေသော ကင်ညာ mall အကြမ်းဖက်မှု


ကင်ညာနိုင်ငံ Nairobi mall တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု၌ အကြမ်းဖက်သမားများက ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့သူများအား တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်အောင်ကို နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြသည်ဟု ကင်ညာစစ်သားများက ပြောဆိုခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများက ဓားစာခံများအား မျက်လုံးများ ဖောက်ထွင်းထားခဲ့ခြင်း ၊ ကိုယ်လက်အင်္ဂါ အပိုင်းပိုင်း ဖြတ်တောက်ထားခဲ့ခြင်း ၊ မျက်နှာကြက်တွင် တွဲလောင်းဆွဲထားခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသတ်ခံခဲ့ရသော အမျိုးသားများဟာဆို သင်းကွပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ၎င်းတို့၏ မျက်လုံးများ မဖောက်ထွင်းမီ ၎င်းတို့၏ လက်ချောင်းများအား ပလာယာများဖြင့် ဖြတ်တောက်ခံခဲ့ရကြောင်း ၊ ထို့နောက် မျက်နှာကြက်တွင် တွဲလောင်း ဆွဲထားခြင်းတို့ကို ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။

mall အတွင်းရှိ စားသောက်ဆိုင်များ၏ ရေခဲသေတ္တာထဲတွင် ကလေးငယ်များ၏ အလောင်းများဟာ ဓါးတန်းလန်း ထိုးစိုက်လျက် ဒီအတိုင်းထည့်ထားခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။

ရှုံးနိမ့်နိုင်ချေရှိသော အကြမ်းဖက်သမားများက ၎င်းတို့ ဘယ်သူ ၊ ဘယ်ဝါဆိုတာတွေကို သိရှိခြင်းမှ ကာကွယ်ရန် ပြာဖြစ်အောင် မီးလောင်စေသော အပြင်းဆုံးသော ကိုယ်ကို မီးရှို့ခြင်းဖြင့် ၎င်းတို့အား ပြာအဖြစ်သာ တွေ့ရှိခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့သော သေဆုံးသူများ၏ အလောင်းများဟာ mall ကြမ်းပြင်တွင် ပြန့်ကျဲနေခဲ့ပြီး တတိယ mall ကိုမူ ကင်ညာ စစ်ဆင်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်သမားများ တိုက်ခိုက်ကြရာ၌  မီးရှို့ခဲ့ကြောင်း သိရသည်။

ကင်ညာ ကြက်ခြေနီတပ်ဖွဲ့က ထုတ်ပြန်သောစာရင်းအရ လူ(၇၁)ဦးဟာ ထိုအကြမ်းဖက်မှု၌ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ အပြောအရ အကြမ်းဖက်သမားများဟာ မျက်လုံးတွေ ၊ နားရွက်တွေ ၊ နှာခေါင်းတွေကို လှီးဖြတ်ပစ်ခဲ့ပြီး လက်များကို ဓါးများ ၊ ပလာယာများဖြင့် ခဲတံချွန်သလိုမျိုး လှီးဖြတ်ခဲ့ကာ မိမိ၏သွေးဖြင့် မိမိ၏နာမည်ကို ရေးစေခဲ့ကြောင်း ၊ ကလေးများကိုလည်း ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။


Mall ခေါင်မိုးရှိ ကားရပ်နားရာနေရာကို အစိုးရအဖွဲ့များ ရောက်ရှိချိန်တွင် ကင်ညာစစ်သားများက ဒုံးကျည်ဖြင့် ပစ်ပြီးကူသောကြောင့် အမိုးပြိုကျခဲ့ပြီး mall အပေါ်အလွှာ သုံးထပ်လည်း ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူပေါင်း (၁၅၀)ခန့်အထိဟာ ထို mall အတွင်းတွင် အသတ်ခံထားရဟန် ရှိကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်တွင် ဓါးစာခံများအား တဘက်နားမှ တဘက်နားအထိ လှီးဖြတ်ခြင်း ၊ လည်ဖြတ်ခံရခြင်းတို့ဖြင့် သုံးလွှာလသာဆောင်များမှ ပစ်ချခြင်း ခံခဲ့ရကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့တွေ လာချိန်တွင် အကြမ်းဖက်သမားထဲက လက်ဖြောင့်သေနတ်သမားက ကယ်ဆယ်ရေးအဖွဲ့များအား (၂၄)နာရီနီးပါး ကြာအောင်ပင် တန်ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

၎င်းအားရှင်းလင်းရန် မျက်ရည်ယိုဗုံး သုံးခဲ့ချိန်တွင် အကြမ်းဖက်သမားတစ်ဦးက အသေခံဖောက်ခွဲခဲ့သဖြင့် supermarket အတွင်းရှိ ဒါဇင်ပေါင်းများစွာသော လူများ သေဆုံးစေခဲ့သော မီးလောင်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်နာရီဝက်ကြာချိန်တွင် mall ဟာ တာဝန်ရှိသူများ လက်ထဲသို့ ပြန်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဆေးဝန်ထမ်းများ ၊ စစ်ဆင်ရေးအဖွဲ့များနှင့် အနံ့ခံခွေးများဟာ သေဆုံးသူများ ၊ mall အတွင်း ပိတ်မိနေသူများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ရှာဖွေတွေ့ရှိနိုင်ဖို့ အလို့ငှါ အထူးအားသွန်ခွန်စိုက် ကြိုးစားလျက် ရှိကြောင်း သိရသည်။

လွန်ခဲ့သော စနေနေ့က အကြမ်းဖက်သမား (၁၀)ဦးကနေ (၁၅)ဦးခန့်ဟာ mall ထဲကို ဝင်စီးခဲ့ တာဖြစ်ကြောင်း ကင်ညာ ရှိ တာဝန်ရှိများက ပြောဆိုခဲ့သည်။

ထိုစစ်ဆင်ရေးတွင် ကင်ညာ စစ်သားများအား အသေပစ်ဖမ်းဖို့ အမိန်းခြင်းခံခဲ့ရပြီး နှိမ်နင်းရာ၌ အကြမ်းဖက်သမား (၅)ဦး သေဆုံးခဲ့ကာ အခြား (၁၀)ဦးအား ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။

Source : Daily Mail
From: ပုံရိပ်(burmesehearts.com)

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ - အသက်ကြီးကြီးမမကြီးတွေကို ချစ်နေသောမောင်လေးများနှင့် အသက်ငယ်ငယ်မောင်လေးတွေကို ချစ်နေတဲ့ မမကြီးတို့ မဖြစ်မနေဖတ်ဖို့


Q: ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက အကြံဉာဏ် တောင်းမလို့ပါ ဆရာ။ ဘယ်လို လုပ်ရင် ကောင်းမလဲလို့။

ပြီးတော့ မိန်းကလေးတွေ သွေးဆုံးပြီးသွားရင် HIV/AIDS ရောဂါကို သူတို့ဆီက မကူးတော့ဘူးဆိုတာ သေချာလားဆရာ။ ကျွန်တော် မေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။

Q: သည်ဘလော့(ဂ်)ထဲက Last Post On Masturbation ဆိုတဲ့ စာရဲ့ အောက်မှာ မေးသွားတဲ့ မေးခွန်းပါ။ စာရောက်နေတာ တစ်လကျော် နှစ်လနား နီးနေပြီ ဖြစ်ပေမယ့် ကျွန်တော့်မှာ ဗျာများနေတာနဲ့ အခုမှ အဖြေပေးလိုက်နိုင်ပါတယ်။

ယောက်ျားလေးက ငယ်နေပြီး မိန်းကလေးက အသက်ကြီးနေရင်၊ ဒါမှမဟုတ် ရွယ်တူဖြစ်နေရင် အဲလို ချစ်သူစုံတွဲတွေ အိမ်ထောင်ပြုတဲ့အထိ ကျွန်တော်က လုံးဝ အားမပေးချင်ပါဘူး။ “ယောက်ျားပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အမှန်တော့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့ စကားလို့တောင် ဆိုနိုင်ပါလိမ့်မယ်။

ယောက်ျားနဲ့ မိန်းမတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေ ကွာခြားပါတယ်။ အလားတူပဲ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ယိုယွင်းမှုမှာလည်း အကြီးအကျယ် ကွာပါတယ်။ ယောက်ျားလေးတွေ ၁၃-၄ နှစ်မှာ ပုဆိုးကွင်းသိုင်းနဲ့၊ ဘောင်းဘီတိုနဲ့ ကလေးတစ်ယောက်လို အရပ်ထဲ လည်ဆော့လို့ ကောင်းနေပေမယ့် မိန်းကလေး အဲဒီ့အရွယ်ဟာ အပျိုရည် အပျိုသွေးတွေ စတင်နေပါပြီ။ အမျိုးသမီးတို့ရဲ့ လစဉ်ဓမ္မတာ သွေးပေါ်တာလည်း အဲဒီ့အရွယ်လောက်ဆိုရင် စပါပြီ။ ပြောရရင် အဲဒီ့အရွယ်ဟာ မိန်းကလေးတွေ လင်ယူသားမွေးဖို့အတွက် စတင် ပြင်ဆင်ချိန်ပါပဲ။ ယောက်ျားလေးတွေအတွက်ကျတော့ အဲဒါက တစ်နှစ်၊ နှစ်နှစ်လောက် နောက်ကျပါတယ်။ အလွယ်ပြောရရင် ကြီးကောင်ဝင်ရာမှာ မိန်းကလေးက ယောက်ျားလေးတွေထက် စောပါတယ်။ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ဖန်မှာတင် သည်အချက်က တအားသိသာပါတယ်။

ကြီးကောင်ဝင်ရာမှာ ယောက်ျားတွေထက် စောသလို အရွယ်ကျရာမှာလည်း မိန်းမတွေက ယောက်ျားတွေထက် စောပြန်တယ်။ မိမိကိုယ်မိမိ တအား ထိန်းသိမ်းတတ်တဲ့ မိန်းမတွေ၊ ဘ၀ပေး ကုသိုလ်ကောင်းတဲ့ မိန်းမတွေကျတော့ ၅၀ ကျော်၊ ၆၀ လောက်အထိ အပြင်ပန်းအမြင်မှာ တင့်တင့်တယ်တယ် ရှိနေနိုင်သေးတာ မှန်ပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်ပန်းမှာသာ တင့်တယ်နေပြီး အတွင်းပိုင်းက ယိုယွင်းနေတာတွေကိုကျတော့ သူ့အိမ်ထောင်ဖက်မှသာ သိနိုင်တာမျိုးပါ။

အများစုအတွက်ကတော့ ၄၀ ကျော်လာ၊ ကလေးသားမြေး ရပြီးချိန်မှာ အပြင်ပန်းမှာတင်ပဲ ပုံပျက်ပန်းပျက် ဖြစ်လာတတ်ပါတယ်။ အတွင်းပိုင်း ယိုယွင်းမှုကလည်း သိသာလာတတ်တယ်။

ပြဿနာက ကျွန်တော့်ဆီ စာရေးလာတဲ့ အသက် ၂၀ လူငယ်လေးရဲ့ သူငယ်ချင်းတွေ ပြောသလို မိန်းမတွေ ၄၀ ကျော်လာချိန်မှာ လိင်စိတ်တွေ ကုန်ခမ်းသွားတာ မဟုတ်ပါဘူး။ လိင်စိတ်ဆိုတာ ခြောက်ခမ်းရိုးထုံးစံလည်း မရှိပါဘူး။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာနေရင် လိင်စိတ်ဟာ အရွယ်သုံးပါးစလုံးမှာ ရှိနေနိုင်ပါတယ်။

မိန်းမတွေရဲ့ လိင်စိတ်ဟာ ယောက်ျားတွေလို မဟုတ်ဘဲ အလကားနေရင်း ထကြွမနေတတ်တာတော့ အမှန်ပါပဲ။ အဲဒါကျတော့ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်အရွယ် မိန်းမဖြစ်ဖြစ်၊ ဘယ်လောက် သွေးသားကောင်းကောင်း၊ တစ်ဖက်သားရဲ့ လှုံ့ဆော်မှု မရှိဘဲနဲ့ မိန်းမတစ်ယောက်ရဲ့ လိင်စိတ်ဟာ အလကားနေရင်း ထ ဖြစ်ခဲလှပါတယ်။ ရှားရှားပါးပါး၊ တစ်ထောင်တစ်ယောက်၊ တစ်သောင်းတစ်ယောက်လောက်သာ ယောက်ျားများနည်းတူ အလကားနေရင်း လိင်စိတ်တွေ နိုးကြားတတ်တာပါ။

ယောက်ျားတွေကတော့ အားအားရှိ သည်စိတ်က ဦးဆောင်နေပါတယ်။ မျက်စိအာရုံ၊ နားအာရုံကြောင့်၊ ဘာမဟုတ်တဲ့ အတွေ့အထိခဏတာလေးကြောင့် လိင်စိတ် နိုးကြားလွယ်တာ ယောက်ျားများပါပဲ။ အပြာကားတွေ၊ အပြာစာအုပ်တွေရဲ့ အဓိက ပရိသတ်ဟာ ယောက်ျားသားများသာ ဖြစ်ပါတယ်။ မိန်းမသားတွေက မကြည့်ဖူး၊ မမြင်ဖူးသေးလို့သာ ခဏတဖြုတ် ကြည့်ကြပါလိမ့်မယ်။ ယောက်ျားတွေလို စွဲစွဲလန်းလန်းကြီး မဖြစ်ကြပါဘူး။ တချို့မိန်းမတွေဆိုရင် အဲဒါတွေ ကြည့်ပြီး၊ ဖတ်ပြီး၊ အော်ဂလီဆန်လာ၊ ရွံရှာစက်ဆုပ်လာတတ်ကာ နဂိုက ရှိနေတဲ့ လိင်စိတ်တောင် ငုပ်ကုန်တတ်ပါတယ်။

ပြောချင်တာက အလကားနေရင်း လိင်စိတ်နိုးကြားတတ်တဲ့ ယောက်ျားသားတစ်ယောက်ဟာ အရွယ်လွန်နေသည့်တိုင် သည်စိတ်တွေ ပြင်းပြနေတတ်တဲ့ သဘာဝကိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ “ဖွဲတစ်ဆုပ်နိုင်တဲ့အထိ” သည်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ယောက်ျားတစ်ယောက်ဟာ ကိုယ်နဲ့ ရွယ်တူလည်းဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်လည်းဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မိန်းမတစ်ယောက်ကို မြင်ရုံနဲ့ ရင်မခုန်တော့တာတော့ အင်မတန် သေချာတဲ့အချက်ပါ။ အဲဒီ့မတိုင်ခင် နှစ် ၂၀ လောက်ကတော့ သည်မိန်းမအပေါ် မြင်ရုံနဲ့ ရင်ခုန်ခဲ့ဖူးမှာ မှန်ပေမယ့် နှစ် ၂၀ လောက် ပေါင်းဖက်လာပြီးတဲ့အခါမှာတော့ သူ့အတွက် သည်မိန်းမဟာ ရင်ခုန်စရာ တစ်စက်မှ မရှိတော့မှာ သေချာပါတယ်။ ယောက်ျားတို့ရဲ့ အချိန်မရွေး၊ နေရာမရွေး၊ လူပုဂ္ဂိုလ်မရွေး နိုးကြားနိုင်တဲ့ လိင်စိတ်အရ အဲဒီ့မိန်းမကို လိင်ဆက်ဆံဖို့အတွက်တော့ နိုးကြားချင် နိုးကြားနေနိုင်ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ၄၅ နှစ် ယောက်ျားတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဖက်မှအပ တခြားတစ်ပါးသော မိန်းမများကိုသာ ရင်ခုန်နေပါပြီ၊ လိင်စိတ်အရလည်း ပိုမို နိုးကြား တောင့်တနေတတ်ကြပါပြီ။ ခါရာအိုခေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေဆီ ရောက်နေတဲ့ ယောက်ျားတွေရဲ့ အရွယ်တန်းကို ကြည့်ရင် ၄၀ နဲ့ အထက် ပရိသတ်က အဆမတန် များပြားနေတာကို တွေ့ရမှာပါ။ သည်အချက်နဲ့တင် ကျွန်တော်ပြောနေတဲ့ “နွားအို မြက်နုကြိုက်”လာတဲ့ သဘောက အလွန်ထင်ရှားပါတယ်။

အဲ… ယောက်ျားက ၄၅ နှစ်၊ မိန်းမက ၅၀၊ ဒါမှမဟုတ် ၅၅ နှစ်ဖြစ်နေရင်တော့လား၊ အဲဒီ့ယောက်ျားဟာ ကျင့်ဝတ်စည်းကမ်းတွေအရသာ သူနဲ့ ပေါင်းလာခဲ့တဲ့ မိန်းမ အပေါ်မှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနေဦးမှာပေမယ့် လစ်တာနဲ့ ကြောင်သူတော် ကြွက်သူခိုး လုပ်နေမှာလည်း မလွဲပါဘူး။ ဒါမှမဟုတ်လည်း အတွင်းလှိုက်ပြီး တရိရိနဲ့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတော့မှာပါ။ လူရှေ့မှာလည်း ကိုယ့်မိန်းမကို ပွဲမထုတ်ရဲတဲ့ ဘ၀ကို ရောက်နေတာတွေလည်း ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ဖူးပါတယ်။

ခြွင်းချက်တော့ ရှိသပေါ့။ ယောက်ျားက ခြေမဲ့လက်မဲ့၊ မိန်းမက ပိုက်ဆံချမ်းသာတယ်၊ ဘ၀ ရပ်တည်မှုအတွက် အဲဒီ့မိန်းမက ခုနစ်ဆွေး ရှစ်ဆွေးလည်းဖြစ်၊ အမယ်ကြီးအိုကြီးလည်း ဖြစ်နေသည့်တိုင် အဲဒီ့မိန်းမကို အိမ်ထောင်ဖက်အဖြစ် ပေါင်းဖက်လိုက်တဲ့ လူငယ် ယောက်ျားတစ်ယောက်စ နှစ်ယောက်စလည်း ကျွန်တော် မြင်ခဲ့ဖူးပါတယ်။ သူတို့ကကျတော့ ငွေမက်လို့ ယူထားတာမို့ အဲဒီ့မိန်းမကြီးတွေ ကြည်ဖြူဖို့အရေးအတွက် စိတ်မပါဘဲ တအား ကြင်နာပြ၊ တအား ယုယပြနေတာတွေလည်း တွေ့ဖူးပါတယ်။

နောက်တစ်မျိုးက မိန်းမလည် သိန်းကြွယ်တွေပါ။ သူတို့က ယောက်ျားတကာနဲ့ နေခဲ့ဖူးပြီး ယောက်ျားကျောကို ကောင်းကောင်းသိထားကြသူတွေဖြစ်ပါတယ်။ အဲလို မိန်းမတွေကျတော့လည်း လင်ငယ်ငယ်လေးကို မလှုပ်နိုင်အောင် အနုနည်းနဲ့ ချုပ်ထားတဲ့ အတတ်ပညာတွေကို တတ်ကျွမ်းကြတာမို့ သူတို့ လင်လေးတွေခမျာ မလူးသာ မလွန့်သာ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် အဲလို မိန်းမမျိုးက သိပ်ကို နည်းတဲ့ အနည်းစုမျှသာ ဖြစ်ပြီး လင်လေးတွေကလည်း မလစ်လို့သာပါ၊ လစ်တာနဲ့ သူတို့ကလည်း ကွယ်ရာမှာ ခြေများဖို့ အသင့်ဖြစ်နေတတ်ကြပါတယ်။ မိန်းမလည် သိန်းကြွယ်တွေကလည်း အဲလို ခြေများတာကို သိသွားရင် မသိချင်ယောင်ဆောင်နေပြီး သူတို့နည်းနဲ့ သူတို့၊ လင်ကလေးတွေ သူတို့ချည်တိုင်ကို အချိန်တန်ရင် ပြန်ခစားလာအောင် လုပ်ထားတတ်ကြပါတယ်။

အဲတော့ကာ အားလုံးကို ချုပ်လိုက်မယ်ဆိုရင် ယောက်ျားတို့ရဲ့ အခါခပ်သိမ်း နိုးကြားနေတတ်တဲ့ လိင်စိတ်၊ ယောက်ျားတွေရဲ့ ရိုးလွယ်တဲ့စိတ်၊ ယောက်ျားတွေရဲ့ မိန်းမ တစ်ယောက်တည်းနဲ့ မရောင့်ရဲတတ်တဲ့ မွေးရာပါ သဘာဝများကြောင့် “ယောက်ျား ပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ စကားက ပေါ်ပေါက်လာရတာပဲလို့ အတတ်ပြောနိုင်ပါတယ်။

ယောက်ျားနဲ့ မိန်းမ အသက် ၁၈ နှစ်လောက်များ ကွာနေလို့ကတော့ အဲဒီ့ယောက်ျားဟာ သူ့မယားလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မ၀နိုင်အောင် ဖြစ်နေမှာ သေချာပါတယ်။ ယောက်ျားက ၄၀၊ မိန်းမက ၂၂ နှစ်၊ ယောက်ျားက ၅၀ မိန်းမက ၃၂ နှစ်၊ ယောက်ျားက ၆၀၊ မိန်းမက ၄၂ နှစ်… ယောက်ျား ဘယ်အရွယ်ပဲ ရောက်သွားသွား သူ့မိန်းမက ရိုးချင်စရာ မကောင်းတော့မှာ တအား သေချာလို့ နေပါတယ်။ ကျွန်တော့်မျက်စိအောက်မှာလည်း အဲလို လင်မယားတွေ တွေ့ဖူးပါတယ်။ အမလေးဗျာ… အဲလို ယောက်ျားကြီးတွေများ သူတို့ မိန်းမကို ချစ်လိုက်တာမှ တုန်လို့။ ဖူးဖူးလည်း ဘာမှုတ်ကြသလဲ မမေးနဲ့။ ဟိုမိန်းမလေးတွေ အအေးတောင် မိကုန်မလား အောက်မေ့ရတယ်။

သူတို့လောက် မကွာပါဘူး။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် ၇ နှစ်ပဲ ငယ်ပါတယ်။ ဒါပေမယ့် အဲဒီ့အရွယ် ကွာဟမှုကလည်း ကျွန်တော်တို့ အိမ်ထောင်ရေး သာယာခြင်းရဲ့ အဓိက အချက်တစ်ချက်ထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက်ဆိုရင် မကြာခင် ၂၃ နှစ် ပြည့်ပါတော့မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော် မရိုးနိုင်သေးပါဘူး။ လိုချင်တပ်မက်နေဆဲသာ ဖြစ်ပါတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ၀ါသနာ သိပ်ကြီးလွန်းလို့ သူနဲ့ အိမ်ထောင်မကျခင်ကရော၊ သူနဲ့ အိမ်ထောင်ကျပြီးတဲ့ နောက်မှာပါ ရည်းစားတွေ ထားဖြစ်ခဲ့သေးပေမယ့် တကယ်တမ်းမှာ ကျွန်တော့်မိန်းမကို ကျွန်တော် ဘယ်သူနဲ့မှ မလဲနိုင်၊ အစားမထိုးနိုင်ပါဘူး။ (ဒါကတော့ သွေးသားကိစ္စအပြင် တခြား အရေးကြီးတဲ့ စိတ်နေသဘောထားတွေလည်း ပါဝင်နေပါတယ်။)

အမှန်ကို ၀န်ခံရရင် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျူးလွန်ခဲ့တဲ့ အမှုတွေထဲမှာ ကျွန်တော့်ထက် အသက် ၁၈ နှစ်ငယ်သူ တစ်ဦးလည်း ပါပါတယ်။ သူ့ကိုကျတော့ လိင်ပိုင်းအရ ကျွန်တော် အတော်သာယာသွားခဲ့ဖူးပါတယ်။ ကျွန်တော်လည်း ယောက်ျားပီပီ မြက်နုကြိုက်တဲ့ နွားအိုကြီး ဖြစ်ခဲ့ဖူးတာပေါ့ခင်ဗျာ။ အတည်ယူဖို့အထိတောင် မကြံကောင်း မစည်ရာ ကြံခဲ့ဖူးပါတယ်။ အဲလောက် မွှန်သွားတာပါ။ ကံသီလို့သာ ကျွန်တော် ဒုက္ခမတွေ့ရတာပါ။

အဲတော့ အခု လူငယ်လေးကိုလည်း ကျွန်တော်က ပြင်းပြင်းထန်ထန် တားချင်ပါတယ်။ ကျွန်တော်အခု ပြောတဲ့ စကားတွေအားလုံးက အသက်အရွယ်၊ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လူ့ခန္ဓာဗေဒ၊ လိင်စိတ်နဲ့တကွ လူ့စိတ်နဲ့ လူ့အပြုအမူတို့ရဲ့ အပြောင်းအလဲများအပေါ်မှာ သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ထားတဲ့ စိတ်ပညာသဘောတွေလည်း အနည်းနဲ့ အများ ပါဝင်ပါတယ်။

အရာတိုင်းမှာ ခြွင်းချက်ရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ခြွင်းချက်ဟာ ခြွင်းချက်မျှသာ ဖြစ်ပြီး ယေဘုယျက ယေဘုယျပါပဲ။ ကိုယ့်ကျမှ အဲဒီ့ ခြွင်းချက်အတိုင်း ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆခြင်းဟာ ထီထိုးတာနဲ့ တူပါတယ်။ ထီလက်မှတ် အစောင်ပေါင်း တစ်သိန်း၊ တစ်သန်းမှာ တစ်ယောက်သာ ပေါက်နိုင်တာမျိုးပါ။ ဒါမှမဟုတ်လည်း ကံကို ယုံပြီး မီးပုံထဲ ခုန်ချလိုက်သလိုသာ ဖြစ်နိုင်ပါတယ်။ ခြွင်းချက်အရ မီးပုံထဲ ကျသွားပေမယ့် မီးမလောင်ခဲ့ဖူးသူတွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ်လည်း အဲဒီ့ ခြွင်းချက်ထဲ ပါတန်ကောင်းရဲ့လို့ တွေးကာ ခုန်ချလိုက်မယ်ဆိုရင် ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ လောင်မြိုက်တော့ ကိုယ်ပဲ ခံရမှာပါ။

“မိန်းမတွေများ နှာခေါင်းမပါရင် ဟိုသင်းတောင် စားတယ်”လို့ အပြောခံရတဲ့ အခု ကျွန်တော့်ဆီ စာရေးလာတဲ့ ၂၀ အရွယ် လူငယ်လေးရဲ့ ရည်းစားလို ၂၉ နှစ်အရွယ် မိန်းမပါ။ အဲဒီ့မိန်းမမှာ နှာခေါင်းလည်း မပါ၊ ဦးနှောက်လည်း မပါရှာပါဘူး။ ဦးနှောက်က ရိုးရိုးလေးပါပဲ။ အသက်အရွယ်ဆိုတာ ရပ်နေတဲ့ အရာမဟုတ်ဘူးဆိုတာလေးကို မြင်ဖို့လေးလောက်ပဲ လိုပါတယ်။ အခု ၂၀/၂၉ ပေမယ့် နောက် နှစ်၂၀ ကြာရင် ၄၀/၄၉ဆိုတာကို မြင်ဖို့ပါ။ ၄၀ အရွယ် ယောက်ျားသားတွေကို ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျော့လို့၊ မော့လို့၊ ၃၀ ကျော်အလား ထင်ယောင်မှားလောက်အောင် နုပျို စိုလန်းနေဆဲ ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။

၄၉ အရွယ် မိန်းမသားတွေကိုလည်း ပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုရင် ရွဲပလဲပြီး ပုံမလာ ပန်းမလာနဲ့ မိန်းမချင်းတောင်မှ မျက်နှာလွှဲလိုက်ချင်စရာ ဖြစ်နေတာက အများစုဆိုတာကိုလည်း မြင်ရပါလိမ့်မယ်။ ၅၀/၅၉ ဆိုရင်တော့ မပြောပါနဲ့တော့ဗျာ။ ဟုတ်ကဲ့… ကျွန်တော် ၅၄ နှစ်ထဲမှာပါ။ အိမ်က မိန်းမကို အားနာလွန်းမက အားနာလာလို့သာ ကျွန်တော့် ခြေကို မနည်း ချုပ်ထားရပါတယ်။ စိတ်ထဲမှာတော့ ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်တွေ တွေ့ရင် သရိုးသရီဖြစ်လို့ ကောင်းနေဆဲဖြစ်သလို ကျွန်တော် ဆွတ်ရင် ညွတ်ကျလာနိုင်တဲ့ အရွယ်လှလှ သူငယ်မတွေလည်း မကြာခဏ ဆုံနေရဆဲပါပဲ။ အင်း… ၅၉ နှစ် မိန်းမဆိုရင်တော့ ယောက်ျားလေးတွေက “အမေ” “အမေကြီး”စသဖြင့် ခေါ်ပြီး ရိုသေနေကြမှာဖြစ်တဲ့အပြင် ဘယ်အစ်ကို ပုရိသကမှလည်း အဲဒါကြီး ကြည့်ပြီး နိုးကြားလာနိုင်စရာ အကြောင်း မမြင်တော့ပါဘူး။

သူ့ဦးနှောက်ကို သည်လောက်လေး သုံးလိုက်ရုံနဲ့ သည် ၂၀ အရွယ် လူငယ်လေးနဲ့ ဆက်စခန်းသွားတာကို ရပ်တန်းက ရပ်သင့်ပါပြီ။

ချစ်တာကတော့ဗျာ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်မှာ မဆို ချစ်လို့ ရပါတယ်။ အထူးသဖြင့် အချစ်ဆိုတာဟာ မပေါင်းမဖက်ဘဲ နေလိုက်တာနဲ့ တစ်ပြိုင်နက် ရင်ထဲမှာ သေတစ်ပန် သက်တစ်ဆုံး သိမ်းထားပြီး ကြည်နူးစရာ ကောင်းနေတတ်တဲ့ အရာမျိုးပါ။ သည့်ထက် တစ်ဆင့်မြှင့်ပြီး ပြောရရင် ချစ်တယ်လို့တောင် ဖွင့်မပြောလိုက်ဘဲ ရင်ထဲမှာ သိမ်းထားလိုက်ရတဲ့ အချစ်မျိုးတွေက ဖွဲမီးလို ကိုယ့်ကို တငွေ့ငွေ့လောင်ပြီး သေသည်အထိ ချစ်မဆုံးအောင် ဖြစ်နေတတ်စမြဲပါ။

အချစ်ရဲ့ သင်္ချိုင်းက အိမ်ထောင်ရေးသာ ဖြစ်ပါတယ်။ အဲဒါကို အိမ်ထောင်သည် အတော်များများ သတိထားမိကြပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး အများစုမှာ အကြွင်းအဖြစ် ကျန်ရစ်တာက သံယောဇဉ်သာ ဖြစ်ပါတယ်။ အချစ် မဟုတ်တော့ပါဘူး။

နောက်ဆုံးတစ်ချက်က သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကောင့်သားကများ တီထွင်လိုက်သလဲ မသိဘူး။ ကိုယ့်သင်္ချိုင်း ကိုယ်တူးတဲ့ ယုံတမ်းစကား အလွဲကြီးပါခင်ဗျား။

ကျွန်တော်ကတော့ ပြောသင့်တဲ့ စကားကို ပြောလိုက်ပြီးပါပြီ။ ကျန်တာတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါ။

by lettwebaw

အိမ်အကူ အလုပ်လုပ်ရမည်ဟုဆိုပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများကို အမှုဖွင့်


အိမ်အကူ အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများကို အရေးယူပေးရန် စက်တင်ဘာ ၂၉ ရက်တွင် တိုင်ကြားသဖြင့် ဒလရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၄ ရက်က လှိုင်သာယာမြို့နယ်အတွင်း အိမ်အကူ အလုပ်ရမည်ဟု မ-----က ပြောဆိုကာ လိမ်လည်စေခိုင်းခဲ့သည်ဟု ဒလမြို့နယ်တွင် နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းလိုက်သည်။

လှိုင်သာယာမြို့နယ် ရပ်ကွက်မသိ၊ ဘုရားလမ်းရှိ ကို-----ဆိုသူ အသက်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦး၏ နေအိမ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် မ-----က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တိုင်တန်းသူက ဆိုထားသည်။

ယင်းအပြင် ကို-----ဆိုသူနှင့် ၎င်း၏ ဇနီး----တို့က သူမအား ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် ထွက်ပြေးလျှင် ခြေထောက်များအား ရိုက်ချိုးပြီး ခန္ဓာကိုယ်အား ဓါးနှင့် မွန်းခြင်းတို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ကြသဖြင့် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုထားသည်။

ထို့နောက် စက်တင်ဘာ ၂၇ ရက်တွင် ဒလမြို့ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၉ ရက်တွင် မ---နှင့် လှိုင်သာယာမှ ကို----တို့ဇနီးမောင်နှံတို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက (ပ)၄၃၂ /၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲတိုင်တန်းခံထားရသူများကို ဖမ်းဆီးစစ်ဆေးမည်ဖြစ်ကာ ပြစ်မှုထင်ရှားပါက ပုဒ်မ၃၇၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနမှ စုံစမ်းသိရသည်။

ဇော်ဇော်ထွေး |Mizzima - News in Burmese

တောင်ကျရေပြင်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် ပျက်ဆီးရှုံးမှုများ


စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စက်တင်ဘာ(၂၉) ရက်ညပိုင်းမှ စ၍ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် နေရဉ္ဇရာချောင်း၊ ဥပုသ်ချောင်း၊ နန်းကလိန်
ချောင်းတို့ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ပျက်ဆီးဆုံးရှုံးမှုများစွာ
ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းချောင်းများ ရေကြီးရေလျှံမှုကြောင့် ဆိပ်ကမ်းသာတံတား ၊ ဥပုသ်ချောင်းတံတား၊ နတ်တံခါးချောင်းတံတားများ အပါအဝင် တံတားစုစုပေါင်း (၁၅)စင်းပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်ခိုင်ဖြိုးရုံးမှ တိုင်းဒေသကြီးအစိုးရသို့ ပေးပို့သည့် စာရင်းအရ သိရသည်။
“ကာယကံမေတ္တာ လူမှုကူညီရေးက မော်လိုက်ကလေးရွာနှင့် သဖန်းအိုင်ရွာကို သွားပြီး ရေဘေးဒုက္ခ ရောက်သူတွေကို ကူညီမှုလုပ်ခဲ့ပါတယ်။ ဆန်(၁၀)တင်းနှင့်ငါးပိ၊
ဆား၊ ဆီတွေ လှူခဲ့ပါတယ်။ ခိုင်းနွားနှင့်ကျွဲတွေ ဆုံးရှုံးမှု များတယ်လို့ သိရတဲ့အတွက် စာရင်းပြုစုဖို့ ပြောထားပါတယ်။ မနက်ဖြန်တော့ ကာယကံမေတ္တာ ကုသိုလ်ဖြစ် ဆေးခန်းက ရေဘေး ဒုက္ခသည်တွေကို လှည့်လှည် ဆေးကုသမှု ပေးပါမယ်။ ရန်ကုန်နာကူက လှူထားတဲ့ ဆေးပစ္စည်းတွေကို လက်တွေ့ သွားလှူကြမှာပါ”ဟု ကာယကံမေတ္တာ လူမှုကူညီသူများ ဦးဆောင်ဆရာတော် ဥုးဓမ္မိက က
မိန့်ကြားသည်။

“မြို့ပေါ်မှာတင် ဒုက္ခသည် စခန်း (၇)ခု ဖွင့်ထားရတဲ့ အခြေနေကို ရောက်နေပါတယ်။ မြို့အနီးနားရွာတွေက ရေဘေး ဒုက္ခသည်တွေ အပါအ၀င် ရေဘေးဒုက္ခသည်
အိမ်ထောင်စု စုစုပေါင်း(၂၈၉)စုခန့် ရှိနေပါတယ်။ တိုင်းဒေသကြီး အစိုးရရဲ့ အစီအစဉ်နဲ့ ရေဘေးဒုက္ခသည် အိမ်ထောင်စု တစ်စုကို ဆန်လေးပြည်စီ
လှူပါတယ်။ နန်းကလိန်ချောင်း တံတားကိုလည်း ဖြတ်သန်း သွားလာနိုင်အောင် နေ့ချင်းပြီး ဆောင်ရွက်ထားမှု အခြေနေရှိပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်းက ပြောသည်။

ကလေးမြို့ ရေကြီးမှုသည် မြစ်သာမြစ်နှင့် ချင်းတွေမြစ်ရေထောက်၍ တက်သည့်
ပုံစံမျိုး မဟုတ်ဘဲ တောင်ကျချောင်း ရေများပြီး ရေစီးသန်သောရေကြီးမှု ပုံစံဖြစ်ကြောင်း၊ တောင်သူများ အတွက် ခိုင်းနွားနှင့်ကျွဲများ မျောပါဆုံးရှုံးမှု
ပမာဏများပြီး စာရင်းပြုစုလျက်ရှိကြောင်း၊ ကျေးရွာများတွင် ရေစီးမျောပါသည့် လူပျောက်စာရင်းကိုလည်း ပြုစုလျက်ရှိကြောင်း၊ စက်တင်ဘာ(၃၀)ရက်နေ့ အထိ မြစ်သာဖြစ်ရေမှာ ၁၁၅၈ စင်တီမီတာနှင့် ချင်းတွင်းမြစ်ရေမှာ ၁၁၅၆ စင်တီမီတာရှိ နေကြောင်း ကလေးဝမြို့ မိုးဇလ ဌာနမှ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age

ခင်ဝင့်ဝါရဲ့ လျော်ကြေး တချို့ကိုလှူမယ့် ဂျွန်လွင်နဲ့ စကားစမြည်





Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့ လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်နဲ့ စာချုပ်ရှိထားပေမယ့် တဘက် ကုမ္ပဏီနဲ့ တနှစ်စာ ကျပ်သိန်းတထောင် စာချုပ် ထပ်ချုပ်ခဲ့တာကြောင့် ဂျွန်လွင့်ထံကို ခင်ဝင့်ဝါရဲ့ အဒေါ်က ခင်ဝင့်ဝါ ကိုယ်စား လျော်ကြေး ကျပ် သိန်းသုံးဆယ် ပြန်လျော် ပေးခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ဆီမှာ အေဂျင်စီ စာချုပ်ရှိတယ်။ ခင်ဝင့်ဝါရဲ့ အဒေါ်က ရောက်လာတယ်၊ ဟိုဘက်က ကုမ္ပဏီက ကျမတို့ကို သိန်းတထောင်နဲ့ ချုပ်ထားပါတယ်တဲ့၊ အဲဒါကြောင့် သိန်းတထောင်နဲ့ ချုပ်ထားတော့ကျမတို့က သိန်းတထောင် ဟိုဘက်ကို မလျော်နိုင်င်ပါဘူးတဲ့၊ စော်ကားတယ်လည်း မထင်ပါနဲ့ သိန်းသုံးဆယ်ကို လက်ခံပြီးတော့ စာချုပ်ကို ပယ်ဖျက်ပေးပါဆိုတော့ ကျနော်က ဘာဟြေရမှာလဲ။ ခင်ဝင့်ဝါက အဲဒါကို အင်တာဗျူးတွေထဲမှာ ဟြေတာက ကောလာဟလပါလို့ ဆိုတော့ အဲဒါကို ကျနော်က ဘာလုပ်ရမှာလဲ။ ကျနော့်အတွက်ကတော့ သိန်းသုံးဆယ်လည်း ရတယ်၊ သူက ကျနော်နဲ့ လက်မတွဲချင်လို့ သူ့အဒေါ်က လာပြီးလျော်တယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ကျေနပ်တယ်၊ ကျေနပ်တော့ သူ့အလုပ်သူဆက်လုပ်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီကို ရှင်းပြပါတယ်။

သူ့သင်တန်းမှာတော့ သင်တန်းတက်တဲ့ သူတွေ စည်းစနစ်ရှိအောင် အေဂျင်စီ စာချုပ်နဲ့ ချုပ်ထားတယ်၊ သင်တန်းဆင်းတဲ့ နေ့မှာ မော်ဒယ်လ် တယောက်ကို သဘောကျတယ်ဆိုရင် အဲဒီမော်ဒယ်လ်နဲ့ စာချုပ်ချုပ်တယ်လို့ သိရပါတယ်။

“ကျနော့်တို့ဆီမှာ သင်တန်းတက်တဲ့ သူတွေလည်း ကျနော့်သင်တန်းက စည်းကမ်းတွေ၊ အချက်အလက်တွေကို သိတာမှ Clearly ပါပဲ၊ ကျနော်စာချုပ်ချုပ်ကတည်းက သူတို့ဆီက လျော်ကြေးလိုချင်လို့လည်း မဟုတ်ဘူး၊ ကျနော်တို့ ပွဲတပွဲလုပ်ရင် စည်းနဲ့ဘောင်နဲ့ လုပ်လို့ရအောင်၊ လူတွေခေါ်ရင် စည်းကမ်းရှိအောင်၊ စည်းနဲ့ဘောင်နဲ့ စာချုပ်ချုပ်မှသူတို့က ကြောက်မှာလေ၊ မဟုတ်ရင် သူတို့ကလာချင်လာမယ်၊ မလာချင်မလာဘူး၊ ကျမ ဒီနေ့မနက် မအားပါဘူးလို့ လုပ်ချလိုက်ရင် ကျနော်က ဘယ်လို အလုပ်လုပ်ရမှာလဲ။ သူ့အိမ်ရှေ့မှာ သွားအော်ဆဲရမှာလား။ အဲဒါကြောင့် စည်းနဲ့ဘောင်နဲ့ လုပ်ထားတာပါ” လို့ ဂျွန်လွင်က ဆက်ပြောပါတယ်။

သူ့ရဲ့ အေဂျင်စီသက်တမ်း တလျှောက်လုံးမှာ ချောရတနာက လျော်ဖူးကြောင်း၊ နောက်ပိုင်းမှာ ချောရတနာက သူတို့နဲ့ ဆက်လက် လက်တွဲကြောင်း၊ ချောရတနာရဲ့ ညီမ သန္တာဗိုလ်ကလည်း သူတို့ အေဂျင်စီမှာပဲ အလုပ်လုပ်ကြောင်း သူက ဆိုပါတယ်။

“အခု နောက်တယောက် လျော်တာက ခင်ဝင့်ဝါပေါ့နော်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဘာမှခံစားချက်မရှိဘူး၊ ဘာလို့လဲ ဆိုတော့ ကျနော်နဲ့ ပြဿနာဖြစ်တဲ့ မော်ဒယ်လ် တော်တော်များများက ကျနော့်ကို လာတောင်းပန်လိုက်တယ် ဆိုရင် ကျနော်က ဘာမှ အရေးယူခြင်းလည်းမရှိဘူး၊ အခု သူတို့က ကျမတို့ဟိုဘက်ကို သိန်းတထောင် မလျော်နိုင်ပါဘူး၊ ကျနော့်ရဲ့ သိန်းသုံးဆယ်ကတော့ ပေါလို့ပေါ့နော်၊ ရှင်းရှင်းလင်းလင်း ဟြေရရင် ပေါတဲ့အတွက် လာလျော်နိုင်တယ် ဆိုတော့ ဒါကို ကျနော် လက်ခံရမယ်လေ။ ဒါကိုကျနော်က လျော်ခွင့် မပေးနိုင်ဘူး၊ ငါနဲ့ပဲ ဆက်လုပ်ပါဆိုပြီး ဒူးထောက် တောင်းပန် ရအောင်လည်း အကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော့် အေဂျင်စီက မြန်မာနိုင်ငံမှာတင် မကဘူး၊ ကမ္ဘာကပါ သိထားတဲ့ အေဂျင်စီ ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့က ဘယ်သူ့ကိုမှလည်း တောင်းပန်မှာ မဟုတ်ဘူး။ လုပ်ချင်ရင် ပွင့်ပွင့်လင်းလင်း လာလုပ်လို့ရတယ်၊ ထွက်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ထွက်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီသည် ဘုရားလည်း မဟုတ်သလို၊ ဇရပ်လည်း မဟုတ်တဲ့အတွက် ၀င်ချင်တဲ့အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန် ထွက်လို့မရဘူး။ ရွှေတိဂုံဘုရား တောင်မှပဲ သတ်မှတ်တဲ့ အချိန်မှာပဲ ၀င်လို့ရသလို၊ သတ်မှတ်တဲ့အချိန်မှာပဲ ထွက်ပေးရတယ်။ ဒါကြောင့် စည်းနဲ့ဘောင်နဲ့ ကတော့ အမြဲတမ်း ရှိနေရမယ်” လို့ ဂျွန်လွင်က ဟြေပါတယ်။

သူ့ရဲ့ အေဂျင်စီမှာ မင်းသားမင်းသမီး အများစု စာချုပ်နဲ့ အလုပ်လုပ်ခဲ့ပေမယ့် ပြဿနာ မရှိခဲ့ဘူး၊ အောင်ရဲလင်း၊ မြင့်မြတ်၊ ရွှေမှုံရတီ စတဲ့ နာမည်ရ အောင်မြင်တဲ့ သူတွေအပြင် Miss Now How ရထားတဲ့ နှင်းယမုံဦးလည်း Star & Model Agency နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ခင်ဝင့်ဝါ အလှည့်ကျမှ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်ရတယ်လို့ ဂျွန်လွင်က ဆိုပါတယ်။

“ဒါပေမယ့် သူက ကျနော့်ဘ၀မှာ သေးမွှားတဲ့ အမှုန်လေးတခုလို့ပဲ ကျနော်မြင်တယ်၊ ပိုက်ဆံ သိန်းသုံးဆယ် လာလျော်တယ်၊ထွက်တယ်၊ ကျနော့်အနေနဲ့ မြင်တာက သူ့အဒေါ် ဟြေတဲ့စကားကတော့ ကျမတို့က သိန်းတထောင်တော့ မလျော်နိုင်ဘူး၊ ဒီလူနဲ့တော့ တနှစ် လက်တွဲရမယ်၊ တနှစ်ပြည့်ရင် ကျမတူမကို လက်ဆွဲပြီး ပြန်လာပါ့မယ်တဲ့။ ကျနော်ကတော့ အစ်မ ပြန်လာချင်လည်းလာ၊ ကြိုက်တဲ့အချိန် ပြန်လာလို့ရတယ်။ အလုပ်ကတော့ အနုပညာ ခွင်ထဲမှာ အစ်မတို့နဲ့ ကျနော်တို့ တွေ့နေကြဦးမှာပဲ၊ ဘာမှပြဿနာမရှိဘူး၊ ဟိုဘက်ကနေ အင်တာဗျူးထဲမှာ ဖြေထားတာက ကျနော်တို့က အဲဒီလိုတွေ စာအချုပ် ချုပ်မထားပါဘူး ဆိုပြီး ဟြေတာကို စာနယ်ဇင်းသမားတွေက အဲဒါကို လက်ခံတယ်ဆိုတော့ စာနယ်ဇင်းတွေက စာချုပ်ကို တောင်းမကြည့်ဘူးလား၊ ဘာလို့ တောင်းမကြည့်ဘဲ ဒီဟာကို ဒီအတိုင်းရေးတာလဲ၊ သူတို့ဟြေတာကိုပဲ ယုံမှာလား” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကနေ သင်တန်းဆင်းတာနဲ့ အလုပ်လုပ်ချင်ရင် စာချုပ်ချုပ်ရမယ်၊ စာချုပ်မချုပ်ရင်တော့ အလုပ်မလုပ်ဘူးလို့လည်း သင်တန်းစည်းကမ်းနဲ့ အလုပ်စည်းကမ်းကို သူက ရှင်းပြပါတယ်။

“ဥပမာ Forever Wedding Studio ကနေ ကျနော်တို့နဲ့ ပွဲလုပ်မယ်။ အဲဒီမှာ သူတင်လာတဲ့သူတွေ ရှိတယ်၊ အဲဒီလူတွေက ကျနော်နဲ့ အလုပ်မလုပ်ထားဘူး၊ အဆက်အစပ်လည်း မရှိဘူး၊ စာချုပ်လည်း မရှိတဲ့အတွက် ကျနော်လည်း မလုပ်ပါဘူး။ ကုမ္ပဏီက မကျေနပ်ရင် မလုပ်နဲ့၊ ဂျွန်လွင်ကလည်း ပွဲကို အပ်ပါဆိုပြီးတော့ မနက်မိုးလင်းတာနဲ့ ထိုင်ဖုန်းဆက်ပြီး Marketing ဆင်းနေတဲ့သူထဲမှာ မပါဘူး။ ကျေနပ်ရင်အပ်၊ မကျေနပ်ရင် မအပ်နဲ့၊ ကုမ္ပဏီက ပိုက်ဆံပေးတာ မှန်တယ်။ ဂျွန်လွင်က ကိုယ်လုပ်ချင်တဲ့ သူနဲ့ လုပ်မယ်။ မကျေနပ်ရင် လာမအပ်နဲ့၊ ကျနော်လည်း စိတ်မ၀င်စားဘူး” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကို ချောရတနာ လာလျော်စဉ်ကလည်း သုံးသိန်းကို လူမှုရေး ကိစ္စတခုအတွက် လှူလိုက်တဲ့အကြောင်း ဂျွန်လွင်က ပြောပြပါတယ်။

“FMI Center မှာ ချောရတနာရယ်၊ ကျနော်ရယ်၊ ဦးမြတ်ခိုင်ရယ် သုံးယောက်တိုင်ပင်ပြီးတော့ လှူလိုက်တယ်။ အခုတော့ လှူချင်လည်း လှူမယ်၊ မလှူချင်လည်း မလှူဘူး။ ဒါကျနော့်ပိုက်ဆံ ဖြစ်သွားပြီလေ။ ကျနော့်မှာ ခါးပတ်တွေကလည်း အများကြီးပဲ၊ အိတ်တွေလည်း ပုံပေါနေတယ်၊ ဒါပေမယ့် ဖိနပ်က ကောင်းကောင်း မရှိသေးဘူး၊ ဖိနပ်က ဟောင်းနေတဲ့ အတွက်ကြောင့် ဖိနပ်အသစ် မှာလိုက်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးခဲ့ပါတယ်။

ဧရာဝတီ

Timeline Photos
ခင်ဝင့်ဝါဆီက လျော်ကြေး သိန်း ၃၀ မှာ
ပုပ္ပါးမှာ ရေကန်ပြင်ဖို့ ၅ သိန်းလှူပြီး ၂၅ သိန်းကို ဖိနပ်ဝယ်စီးတဲ့ ဂျွန်လွင်။

( အလှူအတန်း ပက်စက်ပုံများပြောပါတယ် )
.......
Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့ လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်”
..အော်..တရားကျဖို့ကောင်းလိုက်တာ..လူတွေမှာတောင်စားစရာမရှိဖြစ်နေတဲ့အချိန်မှာ...အစိုမဟုတ်သူက အလုပ်ဖြစ်နေတာပြောပါတယ်...ဖနပ်တရံတောင်၂၈ သိန်းပေးစီးတဲ့အပြင်သူကတောင် ၃သိန်းထပ်စိုက်လိုက်သေးဆိုပါလား...အဟပ်..ဟပ်..ဂိ။ပြောကို..မပြောချင်တော့ ဘူး...ဟူး။

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို


ရန်ကုန်၊ စက်တင်ဘာ ၂၉

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။
“လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိသေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ ဖြစ်တယ်” ဟု ဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရုံဖြင့် ငြိမ်းချမ်းရေးဟု ပြောဆို၍ မရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည်လည်း ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်ဆောင်နိုင်သည့် ပဋိပက္ခများ ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွင်း ဥပဒေများ ပြဋ္ဌာန်းကာ အကာအကွယ်ပေးရန် လိုအပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ လွန်စွာ အရေးပါကြောင်း အထက်ပါ ဆွေးနွေးပွဲကို တက်ရောက်သည့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ သိရှိရသည်။
“နယ်စပ်မှာ ခြံစည်းရိုး ကာထားရုံနဲ့ လုံခြုံမှု မရှိသေးဘူး။ ခြံစည်းရိုးမရှိတဲ့ ချောင်းတွေက နေ့စဉ်နဲ့အမျှ လှေတွေ ဝင်ထွက်နေကြတယ်။ ပိုက်ဆံတစ်ထောင် ပေးလိုက်ရင် နတ်မြစ်ကို လှေနဲ့ ထွက်လို့ရတယ်” ဟု ရခိုင်ပြည်နယ်ကိုယ်စား တင်ပြသည့် တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အနီးရှိ ကျေးရွာများတွင် လက်နက်ကိုင် အုပ်စုများ ဝင်ရောက်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်တွင် RSO ခေါ် လက်နက်ကိုင် တပ်ဖွဲ့များ စစ်သင်တန်း ပေးနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်မည်ဆိုသည့် အစီအစဉ်ကြောင့် နယ်စပ်က ခိုးဝင်မှုများ များပြားလာကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်နှင့် ဘင်္ဂါလီလူဦးရေ အလွန်ကွာဟသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုင်းရင်းသား ကျေးရွာများကို တိုးမြှင့်ချပေးရန်၊ ဒေသခံများကို ပြည်သူ့စစ် သင်တန်းများပေးရန် လိုအပ်ကြောင်း ၎င်းတို့၏ တင်ပြချက်များအရ သိရှိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နယ်စပ်ဒေသသို့ အနည်းနှင့်အများ ဂယက်ရိုက်မှုများ ရှိနိုင်သဖြင့် နယ်စပ် အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

Man Of the Year 2013 ဆုရှင်ရွေးချယ်ပွဲကြီး ကျင်းပခဲ့

Popular Journal
Myanmar Model Management က နေ ကြီးမှူးကျင်းပတဲ့ တတိယ အကြိမ်မြောက်Man Of the Year 2013 အမျိုးသား မော်ဒယ်ရွေးချယ်ပြိုင်ပွဲကြီး ( ManHunt III ) နောက်ဆုံး ယှဉ်ပြိုင်ပွဲကြီးကို စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာ၇ီက Grand Hotel တွင်ကျင်းပခဲ့ပါတယ်။

ManHunt III ရဲ့ Man Of the Year 2013 ဆုကို နေ၀င်းက ရရှိခဲ့ပါသည်။
သိမ့်သိမ့်

ဆီးဂိမ်းပြိုင်ပွဲတွင် Ytalk မှ ဖုန်းခေါ်ဆိုမှုများကို အခမဲ့ကူညီပေးသွား မည်ဖြစ်ကြောင်း စမိုင်းပြော


အနုပညာလောကမှာ သရုပ်ဆောင်အဖြစ် အောင်မြင်မှုရခဲ့သလို ဂီတအနု ပညာ အလုပ်ကိုလည်း ဝါသနာအရ ပထမဆုံး တေးစီးရီးကို အောက်တို ဘာလထဲမှာ ထွက်နိုင် ဖို့ကြိုး စားနေသူ စမိုင်းလ်က ကိုယ်ပိုင်စီးပွားရေးဖြစ် တဲ့ Ytalk ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးလာမည့် ဆီးဂိမ်းပွဲကျင်းပရာ ကာလတစ်လျှောက်လုံးမှာ နိုင်ငံ တော် ကိုယ်စားဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အခမဲ့ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။ ဆီးဂိမ်းမှာ နိုင်ငံသား တစ်ဦးပီပီပါဝင်ပံ့ပိုးတဲ့သူမရဲ့ခံစားချက်ကို မေးကြည့်တော့ “ဆီးဂိမ်း မှာ အစ်မတို့ပါဝင်ပြီး ဒီဆက်သွယ်ရေးကို လှူဒါန်းတာကတော့ ဒီဆီးဂိမ်း မှာ လာရောက်ကစားမယ့် နိုင်ငံခြားသားတွေကို ဘာပဲဖြစ်ဖြစ် မြန်မာနိုင် ငံရောက်လို့ သူတို့မိ သားစုတွေဆီ ဆက်သွယ်လို့ရအောင်ဆိုပြီး စီစဉ်ပေးတာပါ။ သူတို့ခေါ် ချင်တဲ့နိုင်ငံကို ခေါ်လို့ရအောင် အခမဲ့စီစဉ်ပေး ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။ အဓိက ဒီဆက် သွယ်ရေးကိုလှူဖြစ် တာက အစ်မ အမျိုးသားနဲ့တိုင်ပင် ပြီးလှူဖြစ်တာလားလို့မေးကြည့်တော့ “နိုင်ငံခြားသားတွေက မြန်မာပြည်လာလို့ရှိရင် မြန်မာပြည် က ကော်မြူ နီကေး ရှင်း ခက်ခဲတယ်။

ဆက်သွယ်မှုဈေးနှုန်းမြင့်တယ်။ အဆင် မပြေဘူးဆိုတဲ့အသံကို အမြဲ ကြားရတယ်။ ပြီးတော့ ဒီဆီးဂိမ်းမှာက နိုင်ငံပေါင်း များစွာကလာပြီး ပြိုင်မှာ ဆိုတော့ အဲဒီလိုမျိုး ဟာကို ကိုယ့်တိုင်းပြည်မျက်နှာ မငယ် စေချင်တာ လည်းပါတယ်။ သူတို့ အားကစားသမားတွေကို အခမဲ့ပေးခေါ်တယ်ဆိုတာ တိုင်းပြည်လည်း ဂုဏ်တက် မယ်။ အစ်မ တို့ကုမ္ပဏီကိုလည်း လူတွေအမှတ် ပိုရလာ မယ်” လို့ ပြောပြခဲ့ပါတယ်။ ဒီလိုမျိုးစီးပွားရေးတစ်ခုဖြစ် လာဖို့ အချိန်ရော၊လူရော၊ငွေရောအကုန်ခံ ပြီးလုပ်တယ်။ ဒါငါတို့ စီးပွားရေးပဲတွေး ရင် ပိုက်ဆံယူပြီးအစ်မတို့ပဲ ချမ်း သာသွားမှာလေ။ အသွားအပြန် ဆိုတာ ရှိတယ်လေ။ အခု အဲဒီလို လုပ်တာလည်း နှစ်ဖက်စလုံးစိတ်ချမ်းသာမယ်။ ပြီးတော့ ဆီးဂိမ်းက ဒီမှာမလုပ်တာတော်တော် ကြာပြီ။ စည်းလုံးမှ တိုင်းပြည်ကလုပ် လို့ရမှာလေ။ ဒါကြောင့် ကိုယ် တတ်နိုင်တဲ့အားနဲ့ ပါဝင်ပြီး နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံကို ကူညီပံ့ပိုး ပေး တာပါ” လို့ ပြောပြခဲ့ပါတယ်။

ထူးထူး