Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 30, 2013
ကမ္ဘာဂြိုဟ်မှသက်ရှိများ၏အစသည် အင်္ဂါဂြိုဟ်မှဖြစ်ကြောင်း သိပ္ပံပညာရှင်များပြော
ကမ္ဘာပေါ်တွင် သက်ရှိများမပေါ်ပေါက်မီအချိန်တွင် မားစ်ဂြိုဟ်၌သက်ရှိများပေါ်ပေါက်ခဲ့ချေရှိဟု သိပ္ပံ ပညာရှင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။
လေ့လာတွေ့ရှိချက် အသစ်များအရလွန်ခဲ့သည့်နှစ်ပေါင်း ဘီလီယံများစွာက သက်ရှိများစတင်ရန် မားစ် ဂြိုဟ်မှာ ကမ္ဘာဂြိုဟ်ထက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းဆိုသည်။
ယင်းတွေ့ရှိချက်မှာ သက်ရှိများစတင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော မော်လီကျူးများ မည်သို့ စုစည်းခဲ့သည်ဆိုသည့်အပေါ် အခြေခံသည်။
တွေ့ရှိချက်အားရှင်းပြသည့် သီအိုရီအသေးစိတ်အား ပါမောက္ခစတိဗ်ဘန်နာက အီတလီနိုင်ငံ ဖလော့ရင့် မြို့တွင်ကျင်းပခဲ့သည့် Goldschmidt အစည်းဝေးပွဲတွင် ရှင်းပြခဲ့သည်။
သိပ္ပံပညာရှင်များအနေဖြင့် သက်ရှိများဖြစ်ပေါ်ရန်အတွက် အလွန်ရေးပါသည့် မော်လီကျူးအစိတ်အပိုင်း သုံးခုဖြစ်သော အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA, DNA နှင့် ပရိုတိန်းများ ပထမဆုံးအကြိမ်အဖြစ် မည် သို့အတူတကွတည်ရှိခဲ့သည်အား စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ထုများပေါင်းစပ်ဖြစ်ပေါ်စေသည့် အဆိုပါမော်လီကျူးများမှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း သုံးဘီလီယံခန့်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ ပေါင်းစပ်ဖြစ်တည်မှုမှာ ကာဗွန်အခြေခံ ဓာတ် သတ္တိများဖြစ်သော သက်ရှိများအား ဖြစ်ပေါ်လာစေသည့် အော်ဂဲနစ်ဓာတ်ပေါင်းများထက် ပိုမိုရှုပ်ထွေး သည်ဟုသိရသည်။ RNA မှာ အထက်ဖော်ပြပါ မော်လီကျူးသုံးခုအနက် အစောဆုံးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
သက်ရှိများဖြစ်ပေါ်လာစေရန်အတွက် အခြေခံကြသည့် အော်ဂဲနစ်မော်လီကျူးများအား အပူနှင့်အလင်း တို့အား ပေါင်းထည့်လိုက်ခြင်းဖြင့် RNA, များ ရိုးရှင်းစွာ ဖြစ်ပေါ်လာခြင်း မရှိပေ။ ယင်းအစားမည်းနက် ထူ ထပ်သည့် အရာများသာ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။
အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA မှာသတ္တုဓာတ်များ၏ သလင်းကျောက်မျက်နှာပြင်ရှိ အက်တမ်ပုံစံ ပြားဖြင့်ပုံသွင်းရန် လိုအပ်သည်။
RNA အားပုံသွင်းရန် အကောင်းဆုံးဖြစ်သည့် သတ္တုများမှာ ကမ္ဘာ့အစောပိုင်းကာလများတွင် ပင်လယ်ပြင် အတွင်း၌ ပျော်ဝင်နေသည်ဟု သိရသည်။ သို့သော်၎င်းတို့ မှာ မားစ်ဂြိုဟ်ပေါ်တွင် ပိုများသည်ကို တွေ့ရှိ ရကြောင်း ပါမောက္ခဘန်နာကဆိုသည်။ ယင်းတွေ့ရှိချက်အရ သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ ပြီးယင်း၏ဂြိုဟ်အပိုင်းအစများ ကမ္ဘာပေါ်သို့ ကျရောက်လာသည့်အတွက် ကမ္ဘာပေါ်တွင် သက်ရှိများပေါ် ပေါက်လာသည်ဟုအမေရိကန်နိုင်ငံ Gainesville ရှိသိပ္ပံနှင့် နည်းပညာဆိုင်ရာ Westheimerတက္ကသိုလ် မှ ပါမောက္ခဘန်နာက ပြောကြားလိုက်သည်။
သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ပြီး၊ ယင်းမှတစ်ဆင့် ကမ္ဘာဂြိုလ်ပေါ်သို့ ရောက်ရှိခဲ့သည်ဆို သည့်ယူဆချက်မှာ ယခင်ကတည်းကရှိနှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါမောက္ခဘန်နာ၏ ယူဆချက်မှာ ယခင်တည်ရှိခဲ့ပြီးဖြစ်သည့် သက်ရှိတို့၏ ဒေသအစနှင့် သက်ဆိုင်သည့် သီအိုရီအား အားနည်းသွားစေခဲ့သည်။
သို့သော် ကမ္ဘာကြီးကဘယ်အချိန်က စတင်ခဲ့သလဲဆိုသော ပြဿနာနှင့်ပတ်သက်ပြီး မေးခွန်းများက တော့ကျန်နေဆဲဖြစ်သည်။ သို့သော်ကမ္ဘာပေါ်တွင် သက်ရှိများစတင်ရန်အတွက် လိုအပ်သော မော်လီ ဘက်နမ်နှင့် ဘိုနိုဓာတ်သတ္တုများဖွဲ့တည်နိုင်သည့် အခြေအနေတော့
မဟုတ်သေးပေ။ မားစ်ဂြိုဟ်အနေ ဖြင့် ခြောက်သွေ့သော ပတ်ဝန်းကျင်ရှိခြင်းကလည်းသက်ရှိများဖြစ်ပေါ်ရန် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ခဲ့သည်။
Mizzima - News in Burmese
မြန်ဆန်သော Firefox အဖြစ် လုပ်ဆောင်ခြင်းနည်းလမ်းများ
မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။ 
(၁) FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။ 
(၂) network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။
(၃) network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။
(၄) network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကို TRUE ပြောင်းလိုက်ပါ။ (၅) network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာRIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲကNEW ကိုရွေးပြီး BOOLEANကိုတဆင့် ရွေးပေး ပါ။ ပေါ်လာတဲ့ New booleanvalue pop-up window ထဲမှာ content.interrupt.parsing လို့ရိုက်ထည့် ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUE ထားပေးပါ။
(၆) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 2250000 လို့ထားလိုက်ပါ။
(၇) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ 750000 လို့ထားပါ။
(၈) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUE ထားပေးပါ။
(၉) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။
(၁၀) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။
(၁၁) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။
အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..>
https://www.facebook.com/notes/myanmar-forward/မြန်ဆန်သော-firefox-အဖြစ်-လုပ်ဆောင်ခြင်းနည်းလမ်းများ/654532081232236
ရောင်စုံ နှင်းဆီ (သက်တံ့နှင်းဆီ)
ရောင်စုံနှင်းဆီ တကယ်ရှိပါတယ်။ နယ်သာလန် ကုမ္မဏီနှစ်ခုက ၂၀၀၄ ခုနှစ်မှာ စိုက်ပျိုးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
နှင်းဆီက သဘာဝအတိုင်းတော့ မဟုတ်ပါဘူး။ ပွင့်ချက်မှာ အရောင် စုံ ပေါက်အောင် သိပ္ပံနည်းကျ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပင်စည်ကို ရှင်သန်ဖို့လောင်းထဲရေထဲမှာ ဓာတုဆေးများပါဝင်ပါတယ်။ အရောင်စုံ လင်တဲ့ အရည်များ ဖြစ်ပြီး သီးခြားအရောင်တစ်ခုဆီအတွက် အရောင် ပါသော ဓာတ်မြေသြဇာရေနဲ့ လောင်းပေးရတာ ဖြစ်ပါတယ်။
ယင်းသို့ လောင်းပေးပြီးနောက် ပွင့်လာတဲ့ နှင်းဆီကတော့ ဝါ၊စိမ်း၊ နီ၊ ပြာ၊ လိမ္မော်၊ ဖြူ၊ ပန်း၊ ခရမ်း အစရှိသဖြင့် ကိုယ့်စိတ်ကြိုက် အရောင်ထွက်စေပါ တယ်။ သက်တံ့ကဲ့သို့ အရောင်စုံလင်စွာ ဖူးပွင့်နေတဲ့ နှင်းဆီပန်းပွင့်ကို ယခု ကဲ့သို့ တွေ့မြင်ရပါတယ်။
---
Ref:unsualfact.
Aung Kham (ရိုးရာလေး)
ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။
ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ် အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။
ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။
ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham  စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။
Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန်--
http://en.wikipedia.org/wiki/Mortar_boards
-
အောင်ခမ်း ( ရိုးရာလေး )
နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများအပိုင်း (၃)
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားလုံးတွဲများ(Phrases) နှင့် စကားပြောပုံစံ (Pattern) များကိုဆက်လက် မျှဝေလိုက်ပါသည်။ 
ဖော်ပြထားသောဥပမာဝါကျများကိုအခြေခံကာလိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။
I would like to + (verb)- လုပ်ပါရစေ (လုပ်ချင်သည်ဟုလည်းဆိုနိုင်ပါသည်။)
တစ်စုံတစ်ခုကိုလုပ်ချင်သောအခါ ပုံမှန်အားဖြင့် ‘I want to + (verb)’ ပုံစံကိုသုံးနိုင်ပါသည်။ သို့ရာတွင် ပိုမိုယဉ်ကျေးစွာသုံးနှုန်းပြောဆိုလိုသောအခါ ယခုဖော်ပြထားသော “I would like to + (verb)” ပုံစံကိုအသုံးပြုနိုင်ပါသည်။ လုပ်ပါရစေဟု ဘာသာပြန်နိုင်သော်လည်း လုပ်ချင်သည်ဟုလည်း ဘာသာပြန်နိုင်ပါသည်။ အဆင်ပြေသလို ဘာသာပြန်နိုင်ပြီးအရေးကြီးသည်မှာ ပိုမိုယဉ်ကျေးသည့် အသုံးအနှုန်းအဖြစ် သုံးခြင်းကို နားလည်ရန်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ “I’d like to” ဟုအတိုကောက် ပုံစံဖြင့်လည်းတွေ့ရတတ်ပါသည်။
- I would like to answer that question.
ဒီမေးခွန်းကို ကျွန်တော် ဖြေပါရစေ။
- I would like to compete in a cooking contest.
ဟင်းချက်ပြိုင်ပွဲမှာ ကျွန်တော် ဝင်ပြိုင်ပါရစေ။
- I would like to explain myself.
ကျွန်တော်ကိုယ်တိုင် ရှင်းပြပါရစေ။
- I would like to practice.
ကျွန်တော် လေ့ကျင့်ပါရစေ။
- I would like to become a doctor.
ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။
- I would like to see you more often.
ငါ မင်းကိုဒီထက်ပိုပြီးမကြာခဏတွေ့ပါရစေ။
I plan to + (verb) - စီစဉ်ထားသည်။
မကြာခင် ကာလတွင် လုပ်ဆောင်ချင်သည့်၊ လုပ်ရန် အစီအစဉ်ရှိသည့် ကိစ္စများကိုပြောဆိုရာတွင် သုံးနိုင်ပါသည်။
- I plan to find a new apartment.
တိုက်ခန်းအသစ် တစ်ခန်းရှာဖို့ စီစဉ်ထားတယ်။
- I plan to relax on vacation.
အားလပ်ရက်မှာအနားယူဖို့ စီစဉ်ထားတယ်။
- I plan to wash my car.
ကားရေဆေးဖို့ စီစဉ်ထားတယ်။
- I plan to adopt a child.
ကလေးလေးတစ်ယောက်လောက် မွေးစားဖို့ စီစဉ်ထားတယ်။
- I plan to watch a movie.
ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားတယ်။
- I plan to save more money.
ပိုက်ဆံတွေ ပိုစုဖို့ စီစဉ်ထားတယ်။
I've decided to + (verb) - တစ်စုံ၊ တစ်ခုကိုလုပ်ရန် ဆုံးဖြတ်ချက် ချသည်။
'I've'သည် 'I have' ၏ အတိုကောက်ရေးသားထားသောပုံစံဖြစ်ပြီး အဆင်ပြေသလိုရေးသားနိုင်ပါသည်။
တစ်စုံ၊ တစ်ခုကိုပြုလုပ်ဆောင်ရွက် ရန်အတွက်ဆုံးဖြတ်ချက်ချ သည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။
- I've decided to accept the job.
ဒီအလုပ်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။
- I've decided to change my bad habits.
အကျင့်တွေ ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ။
- I've decided to extend my membership at the gym.
အားကစားရုံမှာအသင်းဝင် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပြီ။
- I've decided to hand over my responsibilities.
ကျွန်တော့် တာဝန်တွေကိုလွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။
I was about to + (verb) - အဆင်သင့် ဖြစ်နေသည်။
မကြာခင် လုပ်ဆောင်တော့မည့် ကိစ္စရပ် တစ်ခုခုကိုလုပ်တော့မည်၊ အဆင်သင့် ဖြစ်နေသည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။
- I was about to go out.
အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ အပြင်သွားတော့မလို့။
- I was about to go to dinner.
ညစာစားဖို့ အဆင်သင့် ဖြစ်နေပြီ။
- I was about to go to bed.
အိပ်ရာဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ အိပ်ရာဝင်တော့မလို့။
- I was about to go to work.
အလုပ်သွားဖို့ အဆင်သင့် ဖြစ်နေပြီ။
- I was about to call you.
မင်းကို ငါ ဖုံးဆက်တော့မလို့။
- I was about to mow my grass.
မြက် ရိတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။
- I was about to order us some drinks.
ငါတို့ အတွက် သောက်စရာတစ်ခုခုမှာတော့မလို့။
“အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်းအင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
www.siraungkou-umk.blogspot.com" class="scaledImageFitWidth img" src="http://sphotos-b.ak.fbcdn.net/hphotos-ak-ash4/p480x480/268920_569923603039342_275413585_n.jpg" style="top: -32px;" height="182" width="136" />
အင်္ဂလိပ်စကားပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သောစကားလုံးတွဲများ(Phrases) နှင့် စကားပြောပုံစံ (Pattern) များကိုဆက်လက် မျှဝေလိုက်ပါသည်။
ဖော်ပြထားသောဥပမာဝါကျများကိုအခြေခံကာလိုအပ်သလိုဆပွားအသုံးပြုနိုင်ပါသည်။
I would like to + (verb)- လုပ်ပါရစေ (လုပ်ချင်သည်ဟုလည်းဆိုနိုင်ပါသည်။)
တစ်စုံတစ်ခုကိုလုပ်ချင်သောအခါ ပုံမှန်အားဖြင့် ‘I want to + (verb)’ ပုံစံကိုသုံးနိုင်ပါသည်။ သို့ရာတွင် ပိုမိုယဉ်ကျေးစွာသုံးနှုန်းပြောဆိုလိုသောအခါ ယခုဖော်ပြထားသော “I would like to + (verb)” ပုံစံကိုအသုံးပြုနိုင်ပါသည်။ လုပ်ပါရစေဟုဘာသာပြန်နိုင်သော်လည်းလုပ်ချင်သည်ဟုလည်းဘာသာပြန်နိုင်ပါသည်။ အဆင်ပြေသလိုဘာသာပြန်နိုင်ပြီးအရေးကြီးသည်မှာပိုမိုယဉ်ကျေးသည့် အသုံးအနှုန်းအဖြစ် သုံးခြင်းကိုနားလည်ရန်သာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ “I’d like to” ဟုအတိုကောက် ပုံစံဖြင့်လည်းတွေ့ရတတ်ပါသည်။
-       I would like to answer that question.
ဒီမေးခွန်းကို ကျွန်တော် ဖြေပါရစေ။
-       I would like to compete in a cooking contest.
ဟင်းချက်ပြိုင်ပွဲမှာ ကျွန်တော် ဝင်ပြိုင်ပါရစေ။
-       I would like to explain myself.
ကျွန်တော်ကိုယ်တိုင်  ရှင်းပြပါရစေ။
-       I would like to practice.
ကျွန်တော် လေ့ကျင့်ပါရစေ။
-       I would like to become a doctor.
ကျွန်တော် ဆရာဝန်တစ်ယောက် ဖြစ်ချင်တယ်။
-       I would like to see you more often.
ငါ မင်းကိုဒီထက်ပိုပြီးမကြာခဏတွေ့ပါရစေ။
I plan to + (verb) - စီစဉ်ထားသည်။
မကြာခင် ကာလတွင် လုပ်ဆောင်ချင်သည့်၊ လုပ်ရန် အစီအစဉ်ရှိသည့် ကိစ္စများကိုပြောဆိုရာတွင် သုံးနိုင်ပါသည်။
-       I plan to find a new apartment.
တိုက်ခန်းအသစ် တစ်ခန်းရှာဖို့ စီစဉ်ထားတယ်။
-       I plan to relax on vacation.
အားလပ်ရက်မှာအနားယူဖို့ စီစဉ်ထားတယ်။
-       I plan to wash my car.
ကားရေဆေးဖို့ စီစဉ်ထားတယ်။
-       I plan to adopt a child.
ကလေးလေးတစ်ယောက်လောက် မွေးစားဖို့ စီစဉ်ထားတယ်။
-       I plan to watch a movie.
ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားတယ်။
-       I plan to save more money.
ပိုက်ဆံတွေ ပိုစုဖို့ စီစဉ်ထားတယ်။
I've decided to + (verb) - တစ်စုံ၊ တစ်ခုကိုလုပ်ရန် ဆုံးဖြတ်ချက် ချသည်။
'I've'သည် 'I have' ၏ အတိုကောက်ရေးသားထားသောပုံစံဖြစ်ပြီးအဆင်ပြေသလိုရေးသားနိုင်ပါသည်။ တစ်စုံ၊ တစ်ခုကိုပြုလုပ်ဆောင်ရွက် ရန်အတွက်ဆုံးဖြတ်ချက်ချ သည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။
-       I've decided to accept the job.
ဒီအလုပ်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။
-       I've decided to change my bad habits.
အကျင့်တွေ ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ။
-       I've decided to extend my membership at the gym.
အားကစားရုံမှာအသင်းဝင် သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပြီ။
-       I've decided to hand over my responsibilities.
ကျွန်တော့် တာဝန်တွေကိုလွှဲပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ။
I was about to + (verb) - အဆင်သင့် ဖြစ်နေသည်။
မကြာခင် လုပ်ဆောင်တော့မည့် ကိစ္စရပ် တစ်ခုခုကိုလုပ်တော့မည်၊ အဆင်သင့် ဖြစ်နေသည်ကိုပြောလိုသောအခါ သုံးနိုင်ပါသည်။ 
-       I was about to go out.
အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ အပြင်သွားတော့မလို့။
-       I was about to go to dinner.
ညစာစားဖို့ အဆင်သင့် ဖြစ်နေပြီ။
-       I was about to go to bed.
အိပ်ရာဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ၊ အိပ်ရာဝင်တော့မလို့။
-       I was about to go to work.
အလုပ်သွားဖို့ အဆင်သင့် ဖြစ်နေပြီ။
-       I was about to call you.
မင်းကို ငါ ဖုံးဆက်တော့မလို့။
-       I was about to mow my grass.
မြက် ရိတ်ဖို့ အဆင်သင့် ဖြစ်နေပြီ။
-       I was about to order us some drinks.
ငါတို့ အတွက် သောက်စရာတစ်ခုခုမှာတော့မလို့။
အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်းအင်္ဂလိပ်စာအရည်အသွေးတိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)
www.facebook.com/aungkou
Read more: နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများအပိုင်း (၃) - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:866335#ixzz2dSrdst9f
လူဖြစ်ချင်နေတဲ့သစ်ပင်တွေ
ကြံကြံဖန်ဖန်ရှာဖွေရိုက်တတ်တဲ့ ဓာတ်ပုံဆရာတွေကိုပဲချီးကျူးမိပါတယ်။
သဘာဝတရားကြီးက ဟာသပဲဗျာ။
ဒီဗီဒီယိုလေးကြည့်ပြီး ရီမောပျော်ရွှင်နိုင်ကြပါစေ။
၈ နှစ်သားနဲ့ ၆၁နှစ်အရွယ်အမျိုးသမီးမင်္ဂလာပွဲ
Eight-Year Old Sanele Masilela walks down the aisle with his 61-year-old bride Helen Shabangu at their wedding ceremony in Tshwane, South Africa၈ နှစ်သားနဲ့ ၆၁နှစ်အရွယ်အမျိုးသမီးလက်ထပ်ပွဲဆင်နွှဲကြတယ်ဆိုယုံနိုင်ကြပါ့မလား။
ဒီလက်ထပ်ပွဲက တောင်အာဖရိက မှာတကယ်ပဲဖြစ်ခဲ့ပါတယ်။
ပုံမှာတွေ့ ကြတဲ့အတိုင်းပဲမင်္ဂလာဝတ်စုံတွေဝတ်ဆင်ပြီး ပရိသတ် ၁၀၀ရှေ့ မှောက်မှာ အနမ်းတွေခြွေ ခဲ့ကြပါတယ်။ ဝေဖန်ပြောဆိုမှုတွေရှိပေမယ့် သူ့ မိသားစုကတော့ ဒါရိုးရာဖြစ်ပြီးတကယ့်တရားဝင်လက်ထပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။
Ceremony: The schoolboy kisses his 61-year-old bride, who is already married and a mother of five. He said he had been told to tie the knot by his ancestors
လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)
လမ်းလျှောက်တတ်သော သစ်ပင် တကယ့်အပြင်မှာ ရှိပါတယ်။ သူ့ကို Socratea exorrhiza လို့ခေါ်ပြီး Walking Palm လို့လည်း လူသိများပါတယ်။
အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက် လမ်းလျှောက်နိုင်ပါ တယ်။ လမ်းလျှောက်တတ်သော သစ်ပင်ဆိုတာထက် အသက်ရှိသော သစ်ပင်လို့ဆိုရင် ပိုမှန်ပါတယ်။ အမြစ်ရဲ့  ကြီးထွားမှုနှုန်း၊ မြေထဲ စိုက်ဝင် မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။ သစ်ပင်တစ်ပင်ပင်က သူ့အပေါ် လဲကျရင် အလိုအလျောက် ပြန်ထနိုင်ပါတယ်။ မြေဇီမြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြား နေရာတစ်နေရာကို အလို အလျောက် ပြောင်းရွေ့ ပါတယ်။
အပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြားမြင့်နိုင်ပြီး ပတ်လည် လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ ဒါကြောင့် အမြစ်ကို လည်း မြေထဲမှာပဲ အားလုံး မြှုပ်မနေစေပဲ ခြေထောက်များပမာ ထုတ်ထား တာမျိုးကိုလည်း ယခုလို မြင်တွေ့ရပါတယ်။ ဒါကြောင့် သူ့ကို လမ်းလျှောက် တတ်သော သစ်ပင် လို့ အများက အသိမှတ်ပြု ထားကြပါတယ်။
---
အသေးစိတ်ဝင်ရောက်လေ့လာရန် -http://en.wikipedia.org/wiki/Socratea_exorrhiza
Aung Kham (ရိုးရာလေး)
ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ရေမြင်းမ (အိပြာ) ရေမြင်းလေးမွေးဖွား
၁၈ နှစ်အတွင်း ရေမြင်းအရှင် ပေါက်ဖွား
ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် ရေမြင်း အရှင်ပေါက်ဖွားခြင်း မရှိသည်မှာ ၁၈ နှစ် ကြာမြင့်ပြီးနောက် ရေမြင်းမ (အိပြာ) က သြဂုတ်လ ၂၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်က ရေမြင်း တစ်ကောင် အရှင် မွေးဖွားနိုင်ခဲ့ကြောင်း ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောကြားသည်။
၁၉၉၅ ခုနှစ်တွင် မိခင်ဖြစ်သူ အိပြာကို မွေးဖွားခြင်း ဖြစ်ပြီး အိပြာ အသက် ၁၈ နှစ်အရွယ် အရောက်တွင် ရေမြင်း အရှင်တစ်ကောင် မွေး ဖွားခြင်း ဖြစ်ကြောင်း၊ အနားကပ်၍ မရသေး၍ ယခု မွေးဖွားသည့် အကောင် ကို အထီး၊ အမ မခွဲခြားရသေးကြောင်း ရန်ကုန် တိရစ္ဆာန် ဥယျာဉ်မှ တိရစ္ဆာန် ဆေးကု ဆရာဝန် ဒေါက်တာ ထွန်းမြင့်က ပြောကြားသည်။
အဆိုပါ ရေမြင်းမ အိပြာ ယခု မွေးဖွားခြင်းသည် တတိယအကြိမ်မြောက်
ဖြစ် ပြီး ပထမအကြိမ် မွေးဖွားသည့် ရေမြင်းမှာ တစ်ရက်သာ ရှင်သန်ခဲ့ကာ ဒုတိယ အကြိမ်တွင်လည်း ရေမြင်း အသေသာ မွေးဖွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခု နို့မတိုက်သေးတော့ စိတ်မချရသေးဘူး။ နို့ဦးရည် မရသေးတော့ စိတ်ပူနေရသေးတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် ရေမြင်း ခြောက်ကောင်ရှိပြီး ရေမြင်းအမ ငါးကောင်ရှိကာ အထီး တစ်ကောင်သာ ရှိကြောင်း ဒေါက်တာ ထွန်းမြင့်က ရှင်းလင်း ပြောကြားသည်။
“မျိုးစပ်ဖို့ အထီး ရှားနေတာပေါ့” ဟု ၎င်းက ဆိုသည်။
သက်တမ်း နှစ် ၄၀ ရှိ ရေမြင်းများသည် ကိုယ်ဝန်ဆောင်ချိန် ရှစ်လခန့် ကြာမြင့်တတ်ပြီး အစာချေ အားကောင်းသည့်အတွက် တစ်ရက်လျှင် ပေါင် ၁၀၀ ခန့် စားကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ ရေမြင်းမ (အိပြာ) ကို ဂျုံ၊ ဖွဲ၊ ကန်စွန်းရွက်၊ ကနဖော့၊ အာလူး၊ ငှက်ပျောသီး၊ ကန်စွန်းဥနှင့် လိုအပ်ချက်အရ ဆားနှစ်ကျပ်သားခန့်ကျွေးကြောင်း ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ထံမှ သိရသည်။
ရလေး
The Voice Weekly
ကင်ညာတွင် အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်
ဆီလ်ဗက်စတာ အမ်ဝမ်ဝါ
ကင်ညာနိုင်ငံတွင် အမျိုးသမီး (၁)ဦးကို အမျိုးသား (၂)ဦးက ခွဲဝေ လက်ထပ်ခဲ့ကြောင်း သတင်းများ က ဖော်ပြခဲ့ သည်။ အဆိုပါ အမျိုးသမီးသည် အမျိုးသား (၂)ဦးလုံးနှင့် (၄)နှစ်ကျော်ကြာအောင် ချစ်ကြိုက်နေခဲ့ခြင်း ဖြစ်ပြီး ယင်းတို့အနက်မှ တစ်ဦးဦးကို အရွေးခက်နေကြောင်း ဖွင့်ဟခဲ့သည်။ နောက်ဆုံးတွင်မူ အမျိုးသား (၂)ဦးဖြစ်သော ဆီလ်ဗက်စတာ အမ်ဝမ်ဝါနှင့် အီလီဂျာ ကီမာနီတို့ နှစ်ဦး သဘောတူ ညှိနှိုင်းကာ အမျိုးသမီးနှင့် တစ်အိမ်တည်း အတူနေထိုင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် အမျိုးသမီး၏ ကလေးများကိုလည်း နှစ်ဦးအတူ ပျိုးထောင်သွားရန် ၎င်းတို့ချင်း သဘောတူညီမှု ရရှိသွားခဲ့သည်။
ရှေ့နေများက အဆိုပါ လက်ထပ် ထိမ်းမြားမှုသည် ပါဝင်ပတ်သက်သူ အားလုံးက ဥပဒေကြောင်းအရ အသိအမှတ်ပြု လက်ခံလျှင် တရားဝင်ကြောင်း ပြောကြားခဲ့သည်။ သတင်းများက အမည်ဖော်မပြသော အမျိုးသမီးသည် အီလီဂျာရော၊ ဆီလ်ဗက်စတာနှင့်ပါ (၄)နှစ်ကျော်ကြာ ချစ်သူအဖြစ် နေထိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦး အမျိုးသမီးအတွက် ရန်ဖြစ် သတ်ပုတ်ခဲ့ကြသည့်နောက် မွမ်ဘာဆာခရိုင် ရဲမှူးဖြစ်သူ အက်ဒ်ဟာလာ အက်ဘ်ဒူရာမန်က နှစ်ဦးအတူ လက်ထပ်ကြရန် အကြံပြုခဲ့ပြီး ယင်းကိစ္စက လက်တွေ့ ဖြစ်မြောက်သွားခြင်းဟု သိရသည်။
"ကျွန်တော်တို့ ဇနီးနဲ့ ပတ်သက်ပြီး အပြန်အလှန် ခြိမ်းခြောက်တာမျိုး မပြုလုပ်ဖို့၊ သဝန်မတိုဖို့ အချင်းချင်း သဘောတူညီမှု ယူခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဇနီးကလည်း တစ်ယောက်ယောက်ကို အတည်တကျ ရွေးဖို့အတွက် သူအဆင်သင့် မဖြစ်နိုင်ဘူးလို့ ဝန်ခံထားခဲ့ပါတယ်"ဟု ၎င်းတို့ နှစ်ဦးက ကင်ညာ၏ NTV သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဆီလ်ဗက်စတာက "ကျွန်တော်တို့ချင်း တစ်ယောက်ရဲ့ အခွင့်အရေးကို တစ်ယောက် လေးစားရပါမယ်။ ချစ်ချင်ခင်ခင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ရပါမယ်။ ဒီသဘောတူညီမှုအတွက် ဘယ်သူကမှ ကျွန်တော်တို့ကို အတင်းအကျပ် ဖိအားပေးခဲ့တာ မဟုတ်ပါဘူး"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
မုဆိုးမ တစ်ဦးဖြစ်ပြီး ကလေးနှစ်ဦး မွေးဖွားထားသည်။ သူမ၏ ဆန္ဒအရ သတင်းများက အမျိုးသမီး၏ အမည်ကို ဖော်ပြမှု မပြုခဲ့ချေ။ ကင်ညာမိသားစုရေးရာ ဥပဒေ အကြံပေး ဂျူဒီသွန်ဂိုရီက ဥပဒေ သတ်မှတ်ချက်တွင် အမျိုးသမီး တစ်ဦးကို ခင်ပွန်းတစ်ဦးထက် အပြိုင်ယူထားရန် တိတိကျကျ တားမြစ်ထားမှု မရှိကြောင်း ပြောကြားခဲ့သည်။ "ဒီကဏ္ဍကို ကင်ညာ ဥပဒေမှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ မရှိပါဘူး။ ဒါဟာ သီးခြား သဘောတူညီမှုနဲ့ လက်ထပ်တဲ့ အခြေအနေအဖြစ် မှတ်ယူနိုင်ပါတယ်။ ခုချိန်မှာ တကယ့်မေးခွန်းက ဒီအမျိုးသား နှစ်ယောက်ဟာ အမျိုးသမီးရဲ့ အပြိုင်ခင်ပွန်းလင် ဘဝကို ဘယ်လို အသားတကျ ဖြတ်သန်းမလဲ ဆိုတာပါပဲ"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ကင်ညာတွင် ယောက်ျားတစ်ဦးက အမျိုးသမီးများကို အပြိုင်လက်ထပ်သည့် ကိစ္စမျိုးမှာ ရှားပါးသော အခြေအနေ မဟုတ်သော်လည်း အမျိုးသမီး တစ်ဦးက ယောက်ျားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်ခြင်းသည် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် သတင်းမျိုး ဖြစ်လာကြောင်း သိရှိရသည်။
From: Planet Myanmar Network
Source 
ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာမင်းသမီး နောင်တရ
ဘ၀တွင် ပထမဆုံးရိုက်ကူးသည့် အပြာကားဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံးမသုံးဘဲကာမစပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကား ထုတ်လုပ်ရေး လုပ်ငန်းတွင် ကွန်ဒုံးမသုံးမနေရဟူသော စည်းမျဉ်းအကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်ဩသွားမည်ဖြစ်ကြောင်းအမေရိကန်အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ ၂၈ရက်နေ့တွင် ပြောကြားသည်။
အပြာရုပ်ရှင်ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှတစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည်ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံးအပြာကားဖြစ်သော Weiner & Meကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့် ကွန်ဒုံးမသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။သို့ရာတွင် လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်းတစ်ခု၌ကွန်ဒုံးမသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာမင်းသမီး ကင်မရွန်းဘေးမှာအိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံရပြီဖြစ်ကြောင်း ဩဂုတ်လလယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာလယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်ရေးလုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်းရပ်ဆိုင်းလိုက်သည်။
အဆင့်မြင့်ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုးကူးစက်ခံ ထားရခြင်းရှိမရှိအပူတပြင်းသွားရောက်စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ လယ်သာမှာ သက်ပြင်းချနိုင်ခဲ့သည်။လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကိုစွန့်ခွာမည် မဟုတ်သော် လည်း နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှရိုက်ကူးတော့မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။အမေရိကန်နိုင်ငံရှိ ပြည်နယ်အတော်များများတွင် အပြာကားထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်ဝင်ခန်းများကို ကွန်ဒုံးသုံးရိုက်ကူးရမည်ဟု ညွှန်ကြား ချက်ထုတ်ပြန်ထားသော်လည်း ထုတ်လုပ်သူနှင့်မင်းသားမင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှုခံယူသူများဖြစ်သဖြင့် ထိုသို့ညွှန်ကြားရန်မလိုကြောင်း၊ ကွန်ဒုံး အသုံးပြုပါကရုပ်ရှင်ကြည့်ပရိသတ်ကို ကျေနပ်မှုအပြည့်ပေးနိုင်လိမ့်မည်မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။
အင်ဝိုင်ဒေးလီး
Ref: အမေ့အိမ်
အမျိုးသမီးပါးကို ဓားဖြင့်ခြစ်မှုအတွက် ၅ ဦးကို ဖမ်းဆီး
ရန်ကုန်မြို့က အမျိုးသမီးတယောက်ရဲ့ပါးကို ဓားနဲ့ခြစ်မှုအတွက် သံသယဖြစ်ဖွယ် ၅ ယောက်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook မှာ ရေးထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။
တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၀
၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊ (၄၆)နှစ်၊ (ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြိုရန် ဆိုက္ကားဖြင့်သွားစဉ် ကျောင်းလမ်းဆုံအရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးက ဆိုက္ကားအားတားကာ ကျန်တစ်ဦးမှသံပြားဝိုင်းဖြင့်ခြစ်ခဲ့သဖြင့်
ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ
စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ စုံစမ်းဖေါ်ထုတ်ခဲ့ရာ
ပြစ်မှုကျူးလွန်သူတရားခံများဖြစ်သည့် လှဌေး၊ (ဘ)ဦးကျော်သိန်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ လှတိုး၊ (ဘ)ဦးစံရင်၊ (၁၃)ရပ်ကွက်၊ (၁၀)တောင်၊ သာကေတမြို့နယ်၊
ဟိန်းမင်းလတ်(ခ)အောင်အောင်၊ (ဘ)ဦးဖိုးထောင်၊ အားကစားကွင်းဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မိုးသူ၊ (ဘ)ဦးသန်းဌေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နှင့် ဇော်ကြီး၊ (ဘ)ဦးသောင်းစိန်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။
အမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ် ဖြစ်ကာ
ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက်
ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊
လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့က ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်းမပြုဘဲ မိုးသူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့်
အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင် ဇော်ကြီးမှပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊
လှဌေးက ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးကငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင်အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
  • ဧရာဝတီ Facebook / ဧရာဝတီ Twitter 
  •  
  • =====================
    တောင်ဥက္ကလာက ဓားနဲ့ပါးကို ခြစ်တဲ့အမှုပေါ်ပြီ
    ===========================
    ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။
    ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်ဟာ ကျောင်းကြိုဖို့ အာဿက(၂၂) လမ်း အအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ မျက်နှာပြင် အား ဓားဖြင့်လှီးခံရ၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရတယ်။
    အိမ်နီးချင်း ရန်ငြိုးထားပြီး ဒေါ်ချိုချိုဝင်း နှင့် အိမ်နီချင်းဖြစ်သူ ဦးလှဌေး (မုန့် မျိုးစုံလုပ်ငန်း) က လူငှားရမ်း စေခိုင်း ခဲ့တာလို့ သိရပါတယ်။ ကိုယ်တိုင် မလုပ် ဘဲ လူငှားပြီး လုပ်ခိုင်းတာကြောင့် ကြားက ပူးပေါင်း ပါဝင်သူ အပါအ၀င် တရားခံ (၅)ဦး ဖမ်းဆီးထားကြောင်း သိရပါတယ်။
    အဆိုပါ တရားခံတွေကတော့ ရာကွတ် (၃၅)နှစ် ၊ ဟိန်းမင်းထက် (၃၂)နှစ်၊ လှတိုး(၅၃)နှစ် ၊ မိုးသူ (၂၇)နှစ် (မျက်နှာအား ဓားဖြင့်လှီးခဲ့သူ) နှင့် လှဌေး (၅၉)နှစ် (ငှားရမ်းစေခိုင်းသူ) တွေ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။
    by Myanmar News Now
“ကြိုးခွေဗေဒင်" (ပလောင်ရိုးရာဗေဒင်)
Ko Soe Myint Kyi
Dec 25, 2012
မိန်းကလေးတစ်ယောက်ရဲ့ အနာဂတ် ကံကြမ္မာကိုသိချင်တယ်ဆိုရင် ပလောင် ရိုးရာဗေဒင်နည်းနဲ့ ကြည့်လို့ ရပါတယ်။
ကြိုး တစ်ချောင်းကိုယူပါ။
၁။ဘယ်ဘက်ခြေဖနောင့်မှစပြီးခြေချောင်းတွေ ကိုကွေ့ ပတ်ကာဖနောင့်မှာကြိုးစပြန် ဆုံတဲ့ အထိတိုင်းပါ။
ပြီးတော့ ညာဘက်ခြေထောက်၊ပြီးရင် ဘယ်လက်၊ညာလက် အားလုံးကို စောစော ကလိုတိုင်းပါ။
၂။တစ်ခါတိုင်းပြီးတိုင်းကြိုးစကိုထုံးထားပါ။
အဲဒီတော့ ခြေနှစ်ဖက်၊လက်နှစ်ဖက်တိုင်း ပြီးတဲ့ အခါမှာ ကြိုး စမှာအထုံး ၄ ထုံး ရှိနေ မှာပါ။
၃။မိန်းကလေးရဲ့ ဖနောင့်ကစပြီးတော့  နောက်ကြောတစ်လျှောက် ခေါင်းအထိ အောင် တိုင်းလို့ ရခဲ့ တဲ့ ကြိုးစကိုချပါ။
ကြိုး စအဆုံးဟာဘယ်နေရာကိုရောက်နေ သလဲဆိုတာမှတ်ထားပါ။
အဟောကတော့ အောက်ပါအတိုင်းဖြစ်ပါ တယ်။
က။ကြိုးစဟာ နှာရောင်ကြားလောက်ပဲ ရောက်နေရင် ဆုံးဖြတ်ချက်တွေမှားလိမ့် မယ်။ဒုက္ခတွေ့ မယ်။အခက်အခဲတွေနဲ့ ကြုံ ရလိမ့်မယ်။
ခ။ ကြိုး စဟာနှာခေါင်းအထိရောက်ရင် ဘ၀မှာပင်ပန်းစွာနဲ့ရုန်းကန်လှုပ်ရှားရလိမ့်  မယ်။
ဂ။ကြိုးစဟာပါးစပ်အထိရောက်နေရင် ပုံမှန်စီးပွားဖြစ်မယ်။ အရမ်းမချမ်းသာဘူး။
ဃ။ ကြိုး စဟာရင်ဘတ်အထိရောက်ရင် ဘ၀မှာချမ်းသာစွာနေရမယ်။ အလှူကြီး လှူရလိမ့်မယ်။ လူအများအားကိုးရသူဖြစ် လိမ့် မယ်။
ဒီအဟောတွေကမိန်းကလေးတွေအတွက် ပါ။
ဘ၀တစ်သက်စာအတွက်ဖြစ်တယ်။
ကြိုး ကိုသတ်သတ်ထားရမယ်။ ကြုံတဲ့ ကြိုး နဲ့ မတိုင်းရ။မဟောရ။
မှန်တာတွေ့ ရပါလိမ့် မယ်။
Ref: ပလောင်ရိုးရာဗေဒင်မှ။
တစ်ကောင် ဒေါ်လာ နှစ်သောင်းတန် မြင်း ၂၄ ကောင် ဝယ်ယူ
ရန်ကုန်၊ သြဂုတ် ၂၉
(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အသုံးပြုရန် ခြောက်ပေ အမြင့်ရှိ နိုင်ငံတကာအဆင့်မီ မြင်း ၂၄ ကောင်ကို တစ်ကောင်လျှင် ဒေါ်လာ နှစ်သောင်းနီးပါးနှုန်းဖြင့် သြစတြေးလျ နိုင်ငံမှ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။
ဝယ်ယူထားသော မြင်းများအားလုံး အောက်တိုဘာလ ပထမပတ် အတွင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ရောက်ရှိမည်ဖြစ်ရာ ယင်းမြင်းများကို မြန်မာ မြင်းများနှင့် ရောနှော၍ SEA Games ပြိုင်ပွဲဝင် အားကစားသမားများ မဲစနစ်ဖြင့် ပြိုင်ပွဲဝင်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယခုမြင်းများသည် မြင်းစီးအဖွဲ့ချုပ်ပိုင် မြင်းများ မဟုတ်ဘဲ မြန်မာနိုင်ငံ က ငွေကြေး ကြွယ်ဝသူ မြင်းစီး ဝါသနာရှင်များက ဝယ်ယူထားသော မြင်း များဖြစ်ရာ SEA Games ပြိုင်ပွဲ ပြီးဆုံးသည်နှင့် ပိုင်ရှင်များထံ ပြန်လည် အပ်နှံမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
သြစတြေးလျမှ ဝယ်ယူထားသော မြင်းများ သာမက ပြိုင်ပွဲတွင် အသုံးပြုမည့် မြင်းအားလုံးမှာ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ပိုင် မြင်းများ မဟုတ်ကြောင်း ပြောဆိုသည်။
(၂၇) ကြိမ်မြောက် SEA Games တွင် အောင်မြင်မှု ရရှိရန် မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်သည် ၄၈ ဧက ကျယ်ဝန်းပြီး မြင်း ကောင်ရေ ၄၀ ဆန့် မြင်းဇောင်း လေးခုရှိသည့် ဝဏ္ဏသိဒ္ဓိ မြင်းပြိုင်ကွင်းတွင် လစဉ် ပြိုင်ပွဲငယ်များ ကျင်းပလျက် ရှိသည်။
လေဆိပ်နဲ့ရန်ကုန်မြို့ထဲပြေးမယ့် မော်တော်ယာဉ်လိုင်း
ရန်ကုန်လေဆိပ်မှ  မြို့တွင်းမြို့ပြင်သို့ ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် လေဆိပ် ကြိုပို့ လွန်းပြန်ယာဉ် (Airport Shuttle) များကို  စက်တင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့)မှ စတင်  ပြေးဆွဲ တော့ မည်ဖြစ်ကြောင်း  သတင်းရရှိသည်။
ဇူလိုင်လက တွေ့ရတဲ့ ရန်ကုန်လေဆိပ် မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
ကားခမှာ နိုင်ငံခြားသား  တဦးလျှင်  ၅ ဒေါ်လာ၊  မြန်မာနိုင်ငံသားတဦးလျှင် ၃,၅၀၀ ကျပ် ဖြစ်ကြောင်း  Yangon Airport Shuttle ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။
“လေဆိပ်မှာ တက္ကစီတွေ အလုအယက် ခေါ်နေကြတာတွေကို တွေ့တော့ တနည်းနည်း နဲ့ ရှင်းအောင် လုပ်ပေးမယ် ဆိုတဲ့ သဘောပါ။
 VIP ကားတွေနဲ့ နိုင်ငံခြားသားအချို့အတွက် Wheel Chair Lift ပါတဲ့ ကားတွေလည်းဆွဲပေးဖို့ရှိတယ်” ဟု ဦးကျော်ကျော်က ဆိုသည်။
လေဆိပ်မှ ရန်ကုန်မြို့တွင်း ဆူးလေဘုရား၊ ပန်းဆိုးတန်းလမ်းအထိ ရန်ကုန်-အင်းစိန်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ကမ္ဘာအေးလမ်းကြောင်း ၃ ခု အတိုင်း ပြေးဆွဲမည်  ဖြစ်ကြောင်း၊  သိရှိရသည်။
ခရီးသည် ၁၅ဦးဆံ့သည့် Airport Shuttle ၄ စီးဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း၊
ဝန်ဆောင်မှုများ အတွက် လေဆိပ်အတွင်း ကောင်တာ ဖွင့်ရေးအတွက် ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊
 ဖုန်းဆက်ခေါ်လျှင် အိမ်တိုင်ရာကြိုသည့်စနစ်ဖြင့် လေဆိပ်သို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း  သိရှိရသည်။
လတ်တလော ရန်ကုန်လေဆိပ်တွင် ခရီးသည်စောင့်ဆိုင်းနေသော  ပါရမီ၊  ရွှေပျံလွှား၊   ရွှေလွန်းပျံကုမ္ပဏီတို့မှ တက္ကစီ စီးရေ ၃၀၀ နီးပါးရှိသည်ဟု ဆိုသည်။ 
ရွှေပျံလွှားကုမ္ပဏီမှ အငှားယာဉ်မောင်းတဦးဖြစ်သူ ကိုကျော်သူရလှိုင်က ...
“အပြိုင်အဆိုင်ဖြစ်လာတော့ ၀န်ဆောင်မှု ကောင်းတဲ့သူက အသာရမှာပေါ့။
ကျနော်တို့က ခရီးသည်တယောက်ကို မြို့ထဲခရီးကို ၇,၀၀၀ ကျပ် ယူတယ် ဆိုတာက ကားတစီးလုံးကို ငှားပေးတဲ့သဘောလေ၊
သူတို့က ၃,၅၀၀ ကျပ်နဲ့ယူတယ်ဆိုတာက လူအများစုနဲ့တင်တာကိုး၊ လုပ်ငန်းပိုင်းမှာ ထိခိုက်မှုလည်း နည်းနည်းတော့ရှိနိုင်တာပေါ့” ဟု  ပြောသည်။
မေစစ်ပိုင် -
မိကျောင်းဖမ်းးသူများ
http://animal.discovery.com/tv-shows/gator-boys/videos/wrestling-a-giant-gator.htm
Thursday, August 29, 2013
ညှင်း
Tinea Versicolor ညှင်း
Pityriasis Versicolor ညှင်း ဆို တာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။ 
မြန်မာပြည်မှာ အစစအရာရာ အလွန်ရှားပါးတဲ့ (မဆလ) ခေတ်မှာ ဆေးရှာရတာ အတော်ခက်ခဲခဲ့တယ်။ ညှင်း ပေါက်နေသူတွေကို အခုရေးမဲ့ဆေးတွေ မပေးနိုင်ဘူး။ နည်းပညာခေတ်ကလဲ ဖလင်နဲ့ရိုက်တဲ့ ကင်မရာခေတ်မို့၊ ဖလင်ဆေးတဲ့ (ဟိုက်ပို) ဆေးရည်အကျကို ဓါတ်ပုံဆိုင်ကတောင်းပြီး အလိမ်းခိုင်းခဲ့ရဘူးတယ်။ နောက်ပြီး Sodium thiosulfate ဆေးရည် လိုက်ရှာပြီး ပေးခဲ့ရသေးတယ်။ ဒီဆေးရည်က ဆေးပညာမှာလဲ အတော်အသုံးကျတယ်။ Cyanide poisoning (စိုင်းယာနိုက်) အဆိပ်သင့်တာ၊ Sulfur mustard poisoning မုံညင်းအဆိပ်သင့်တာတွေမှာလဲ သုံးတယ်။ Calciphylaxis ကျောက်ကပ်ဆေးနေရသူတွေ အခြေအနေဆိုရင်လဲ ပေးတတ်တယ်။ Ringworm ပွေး၊ Tinea versicolor ညှင်းအတွက်လဲ ပေးတယ်။
ခေတ်ပေါ်လိမ်းဆေးတွေ -
• Clotrimazole 1% solution တနေ့တခါ၊ တပါတ်ကြာလိမ်းပါ။ Clotrimazole (1%) + Selenium sulfide (2.5%) (Candid-TV) တွေကို ရောသုံးနိုင်တယ်။ Clotrimazole (Lotrimin, Mycelex) and Miconazole (Lotrimin) လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်ကြာ လိမ်းပါ။ Clotrimazole, Miconazole or Terbinafine လိမ်းဆေးတွေက ခံစားရတာကို သက်သာစေတယ်။
• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Hydrogen peroxide ကလဲ အတူတူဘဲ။ ဒါပေမဲ့ အမာရွတ်ဖြစ်မှာ စိုးရတယ်။
• Ketoconazole (Nizoral ointment and shampoo) လိမ်းဆေးဆိုရင် ၁ဝ မိနစ်ကြာ၊ နေ့စဉ်၊ ၂ ပါတ်လိမ်းပါ။ Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပါတ်ကြာအောင် လိမ်းပါ။
• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။ Selenium sulfide shampoo 1% (Selsun Blue) or 1% Ketoconazole shampoo (Nizoral) လိမ်းဆေးကို ၁၅ မိနစ်ကြာ၊ တပါတ်မှာ ၂ ကြိမ်၊ ၂-၄ ပါတ်ကြာလိမ်းပါ။ Selsun Blue ထဲမှာ 1% Selenium sulfide သာပါလို့ တချို့ကိုသာ ပျောက်စေတယ်။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာလိမ်းပါ။
ခေတ်ပေါ်သောက်ဆေးတွေ -
• Fluconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊ 
• Itraconazole (Sporanox) ၅ ရက်သောက်ပါ။ Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။ Itraconazole 400 mg တနေ့ ၁ ကြိမ်၊ ၃-၇ ရက်သောက်ပါ။ သတိထားဘို့က Atorvastatin (Lipitor) ခေါ်တဲ့ (ကိုလက်စထော) ကျဆေးနဲ့ တွဲမပေးသင့်ပါ။
• Ketoconazole 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်သောက်ပါ။ Ketoconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊ (၁) ကြိမ်တည်းသောက်ဆေးသောက်ပြီးနောက် ၁-၂ နာရီအကြာမှာ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်ရင် ပိုကောင်းတယ်။ 
• Ciclopirox (Ciclopirox olamine) ဆေးကိုလဲ အစားထိုးသုံးနိုင်တယ်။
ဒေါက်တာတင့်ဆွေ ၂၉-၈-၂ဝ၁၃
Miss Supranational 2013ပြိုင်ပွဲ နှင့် မြန်မာပြည်မှ ခင်ဝင့်ဝါ
စာလာဖတ်ကြတဲ့သူအပေါင်းကို သတင်းလေးတစ်ခုလောက် ပေးချင်ပါတယ်။ ပြောချင်တာကတော့ လေး၊ ငါးရက်လောက် ရှိပါပြီ။ ကိုယ့်ဟာနဲ့ကိုယ် အလုပ်တွေရှုပ်နေ၊ အလုပ်အတွက် စာတွေဖတ်နေရတာနဲ့ ဒီနေ့မှပဲ အမြန်ရေးရပါတယ်။
လက်ရှိအလှမယ်လောကမှာ Big 4 Pageants ပြိုင်ပွဲလို့ပြောရင် Miss Universe, Miss World, Miss Internationalနဲ့ Miss Earth ပြိုင်ပွဲလို့ အားလုံးက သိကြပါတယ်။ (မှတ်ချက်။ ကျမကတော့ .. ဒီပြိုင်ပွဲတွေထဲမှာ Miss Universeပွဲကို ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ပြီး ခုအချိန်တိုင်အောင် အဲ့ဒီပွဲကိုသာ အဓိက စိတ်ဝင်စားပါတယ်။ Miss Earthပြိုင်ပွဲကိုတော့ လုံးဝ စိတ်မဝင်စားပါဘူး။ ကြိုက်လည်း မကြိုက်ပါဘူး။) ဒီပြိုင်ပွဲကြီး (၄)ခုအပြင် လူစိတ်ဝင်စားတဲ့၊ လူသိများတဲ့ တခြားပြိုင်ပွဲတွေကတော့ Miss Tourism, Miss Grand Internationalနဲ့ Miss Supranational ပြိုင်ပွဲတို့ပါပဲ။
+++
မနှစ်ကရေးခဲ့ဖူးတဲ့ "(၂၀၁၂)ခုနှစ်ရဲ့ အလှမယ်လောကမှာ လူပြောအများဆုံးအချက် (၁၀)ချက်"ပို့(စ်)မှာ beauty expert၊ pageant expertတွေ၊ ဒီအလှမယ်လောကကို စိတ်ဝင်စားသူတွေက.. Supranational ပြိုင်ပွဲဟာ နောင်တစ်ချိန်မှာ Big 4 Pagents ပြိုင်ပွဲတွေပြီးရင် သတိထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမဲ့အခြေအနေထိ ရောက်အောင် တိုးတက်လာခဲ့တယ်လို့ ဆိုကြပါတယ်ဆိုပြီး ရေးခဲ့ဖူးပါတယ်။ "The Supra Revolution"ခေါင်းစဉ်ငယ်နဲ့ပါ။ (၂၀၁၂)ခုနှစ်တုန်းကတော့ ပြိုင်ပွဲကို ပိုလန်မှာ ကျင်းပခဲ့ပြီး Ekaterina Buraya, Miss Belarus ကဆုရခဲ့ပါတယ်။
Miss Supernational 2012 winners
1st Runner Up - Nanthawan  Wannachutha Thailand
2nd Runner Up - Michaela Dihlova Czech Republic
3rd Runner Up - Elaine Kay Moll Philippines
4th Runner Up - Sulay Castillo Ecuador
တခြား special awards တွေကိုတော့
  • Thailand နိုင်ငံမှ Nanthawan Wannachuthaက Miss Internet ဆု
  • Portugal  နိုင်ငံမှ Carmen Fernades က Miss Eleganceဆု
  • Rwanda  နိုင်ငံမှ Sabrina Simbi Kubwimanaက Miss Personalityဆု
  • Namibia  နိုင်ငံမှ Ester Shatipambaက Miss Friendshipဆု
  • Czech Republic  နိုင်ငံမှ Michaela Dihlovaက Miss Photogenicဆု
  • Vietnam နိုင်ငံမှ Lai Huong Thaoက Miss St.Georgeဆု
  • Cuba နိုင်ငံမှ Damaris Aguilarက Best National Dressဆု
  • Canada  နိုင်ငံမှKatie Sarkeက Best Top Modelဆုနဲ့
  • Denmark နိုင်ငံမှ Julia Prokopenkoက Miss Talentဆုတို့ကို ရရှိသွားခဲ့ကြပါတယ်။ 
+++
ဒီနှစ်အတွက် Miss Supernational 2013 ပြိုင်ပွဲကို 2012 winnerရဲ့နိုင်ငံက host လုပ်ရမှာမို့  Belarusနိုင်ငံမှာ ကျင်းပမှာပါ။ သြဂုတ်လ (၁၇/၁၈)မှာ နိုင်ငံအသီးသီးက အလှမယ်တွေကို camp သွင်းပြိုင်ပွဲဝင်ခိုင်းပြီး တကယ် Final Day ကတော့ စက်တင်ဘာလ (၆)ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။ ဒီနှစ်အတွက် ပြိုင်ပွဲဝင်ပေါင်း (၉၄)ယောက်ရှိပြီး မြန်မာနိုင်ငံမှ အလှမယ် ခင်ဝင့်ဝါကလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ပြိုင်မယ်လို့ သိရပါတယ်။  ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ဓါတ်ပုံတွေကိုတော့ http://www.globalbeauties.com/supranational/2013-contestants/ နဲ့ http://www.misssupranational.com/Contestants.html မှာ ကြည့်နိုင်ပါတယ်။ သူတို့ပုံတွေကို မတင်ပေးတော့ပါဘူး။ ခင်ဝင့်ဝါပုံတစ်ချို့ တော့ တင်ပေးလိုက်ပါတယ်။
Miss Myanmar Supernational 2013
ပြိုင်ပွဲဝင်တွေကို မိတ်ဆက်ပေးတဲ့နေ့က
 ကောင်မလေးက နည်းနည်းတော့ ညှက်ပေမဲ့ သဘာဝကျကျလေးနဲ့ နုနုဖတ်ဖတ်လေးလှပါတယ်။ ဒါပေမဲ့ အသက်ကငယ်လွန်းပြီး ပြိုင်ပွဲအတွေ့အကြုံ သိပ်မရှိတော့ top-20 ဝင်ပါ့မလား မသိပါဘူး။ လက်ရှိ hot list ထဲမှာလည်း သူ..မပါပါဘူး။ တခြားပြိုင်ပွဲဝင်တစ်ချို့ ကလည်း strong ဖြစ်လွန်းနေပါတယ်။ ခင်ဝင့်ဝါကိုယ်တိုင်ကတော့ အင်တာဗျူးတစ်ခုမှာ အကောင်းဆုံး ပြိုင်သွားမယ် ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် special awards တွေတော့ ရနိုင်ပါသေးတယ်။ Best National Costume ရရင်တော့ အတိုင်းထက်အလွန် ဝမ်းသာမိမှာပါ။ Miss Internet အတွက်လည်း မဲပေးလို့ရပါတယ်။ vote ပေးမယ်ဆိုရင်တော့ http://www.misssupranational.com/Contestants.htmlကိုသွား မြန်မာကို ရွေးပြီး "Vote Now" ကိုနှိပ်ရမှာပါ။
အခုလောလောဆယ်တော့ techincal error ကြောင့်ထင်တယ်။ ပေးကြည့်တာ ပေးလို့မရပါဘူး။ သြဂုတ်လ (၁၃)ရက်နေ့  update လုပ်မယ်ဆိုပြီး (၂၁)ရက်နေ့ ရောက်တာတောင် ပေးလို့မရသေးပါဘူး။ ပွဲကဖြင့် ပြီးတော့မယ်။ ပေးလို့ရသွားရင်တော့ ခင်ဝင့်ဝါကို အားပေးပြီး မဲပေးကြပါဦးလို့။ ဒါပေမဲ့ နန်းခင်ဇေယျာတုန်းကလိုတော့ မြင်မကောင်း၊ရှုမကောင်းနဲ့ သရုပ်ပျက်တော့ မလုပ်ကြပါနဲ့။ ကိုယ့်အလှမယ်ကိုအားပေးတာပဲ ကောင်းပါတယ်။ သူများအလှမယ်တွေကို စော်ကားတာမျိုး၊ နှောင့်ယှက်တာမျိုးတော့ မလုပ်ကြပါနဲ့။ တွေ့ရာနေရာမှာ မြန်မာမြန်မာလို့ မရေးကြပါနဲ့။ တော်ကြာ မြန်မာ pageant fans တွေ.. ဖိလစ်ပင်း ပရိတ်သတ်တွေလို လူတကာရဲ့ ချဉ်ဖတ်ဖြစ်သွားမှာစိုးလို့ပါ။ ကျေးဇူးတင်ပါတယ်။
Regards, witch83 ( 21/08/2013; 3:10AM; GMT+8)
References
1. http://www.misssupranational.com
2. http://www.globalbeauties.com
3. http://en.wikipedia.org
y
http://witch83.blogspot.com/2013/08/miss-supranational-2013.html
Update on Khin Wint Wah (29th August 2013)
မနေ့ကအထိတော့ Miss Supranational 2013 ပြိုင်ပွဲရဲ့ Special awards တွေထဲကမှ ဆု(၄)ဆုကတော့ သူများတွေ ရသွားပါပြီ။
~~ Miss Supranational Eleganceဆုကို Miss Sweden
~~ Miss Supranational Personalityဆုကို  Miss Philipines ( 1st runner-upက Myanmarပါ။ ဒိုင်တွေရဲ့ 1 vote အကွာနဲ့ runner-up ဖြစ်သွားတာပါ။ Just 1 vote to Miss Phillipines ^^ )
~~ Miss Supranational Top Modelဆုကို Miss Moldova
~~ Miss Supranational Photogenicဆုကို Miss Pureto Rico တို့က ရသွားကြပါတယ်။
ဆုရသွားတဲ့ အလှမယ်တွေ
ကျန်နေသေးတဲ့ဆုတွေကတော့ Miss Internet, Miss Freindship, Miss Sti.George, Best National Dress နဲ့  Miss Talentဆုတို့ပဲ ဖြစ်ပါတယ်။ မနေ့ကကျင်းပတဲ့ပွဲမှာ finalပွဲအတွက် stand outဖြစ်တဲ့ list ထဲမှာ Myanmar ပါပါတယ်။  Global Beauties က ခင်ဝင့်ဝါကို အင်တာဗျူးပြီးတဲ့အခါမှာ.. ခင်ဝင့်ဝါဟာ အယဉ်ကျေးဆုံး၊ အချိုသားဆုံး အလှမယ်တွေထဲက တစ်ယောက်ပါပဲလို့ မှတ်ချက်ချပါတယ်။ သူ့ကိုယ်သူ အင်္ဂလိပ်စာ မကောင်းဘူး၊ ခွင့်လွှတ်ပါလို့ ပြောပေမဲ့ တကယ်တော့ သူ့အင်္ဂလိပ်စာဟာ ကောင်းပါတယ်လို့လည်း ပြောသေးပါတယ်။ နောက်ဆုံးသူတို့ပေးတဲ့ မှတ်ချက်ကတော့ သူမဟာ မြန်မာပြည်ရဲ့ တကယ့် သံတမန်ကောင်းတစ်ယောက်ပါပဲတဲ့။ ( Pagentry လောကမှာ နိုင်ငံအသီးသီးက အလှမယ်တွေကို သံတမန်လို့ ခေါ်ကြပါတယ်။)
ခင်ဝင့်ဝါကိုကြိုက်တဲ့ အချက်တစ်ချက်က နေရာတော်တော်များများမှာ ရိုးရာဝတ်စုံလေးတွေဝတ်တာကိုပါပဲ။ ဒီနေ့ သြဂုတ်လ (၂၉ )ရက်နေ့မှာ ကျင်းပမဲ့ talent ပြိုင်ပွဲမှာတော့ မြန်မာအက.. ကပြီး ယှဉ်ပြိုင်မယ်လို့သိရပါတယ်။ ဘယ်အက ကမလဲမသိဘူး။ များသောအားဖြင့်တော့ မြန်မာပြည်ကဝင်ပြိုင်ရင် ပုဂံအကနဲ့ ပြိုင်တတ်ကြပါတယ်။ သူ့ကို နတ်ကတဲ့ဝတ်စုံနဲ့ပုံတစ်ပုံတွေ့ဖူးတော့ နတ်ကကမလားလည်း မပြောတတ်ပါဘူး။ ဆီမီးခွက်အကလည်း ဆန်းမယ်ထင်ပါတယ်။ ခြေချိုး၊လက်ချိုး၊ ခါးချိုးပိုင်ရင်တော့ မြန်မာအကကို ငြိမ့်ငြိမ့်လေးကရင်လည်း လှပါတယ်။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံက အကတွေကိုလည်း လျှော့တွက်လိုမရတာ Miss Worldရဲ့ Dances of the Worldကို ကြည့်ဖူးတဲ့သူတိုင်း သိကြပါတယ်။ talent competition မှာ ကတာမဟုတ်ဘဲ တခြားဟာတွေနဲ့လည်း ယှဉ်လို့ရတော့ သူ့အတွက် နည်းနည်း ပူမိပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာအကကပြီး Miss Myanmarတစ်ယောက် Miss Talentဆုကိုရခဲ့ရင်ဆိုပြီး စိတ်ကူးယဉ်ကြည့်တာနဲ့တင် တော်တော်ပျော်ဖို့ကောင်းနေပါပြီ။ :P
 အောက်ကပုံတွေကတော့ ပြိုင်ပွဲအတွက် camp သွင်းပြီး ပါဝင်ရတဲ့ eventတွေ၊ ပြိုင်ပွဲတွေမှာပါတဲ့ ခင်ဝင့်ဝါရဲ့ပုံတစ်ချို့ ပါ။
ရှမ်းဝတ်စုံလေးနဲ့
ပါးကွက်ကလေးနဲ့၊ ကချင်လုံချည်အဖြူလေးနဲ့ =)
With Miss Belarus 
နောက်ဆုံးနေ့ပွဲအတွက်လေ့ကျင့်နေကြတာ။
လူကောင်သေးပေမဲ့၊ ကလေးလေးနဲ့တူပေမဲ့ ကိုယ်လုံးရှိတယ်။
ဘာပဲဖြစ်ဖြစ် top-20 နဲ့ သူ့ဘာသာပြိုင်ပြီးမှရမဲ့ဆုတွေမှာ ခင်ဝင့်ဝါ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နေတာကတော့ pagaentry portal တွေက ခင်ဝင့်ဝါအပေါ်ပေးတဲ့ မှတ်ချက်တွေမှာ မြင်နိုင်ပါတယ်။ ကိုယ်တွေဘက်ကတော့ မဲပေးဖို့ပဲကျန်ပါတယ်။ တစ်နေ့ကိုတစ်ခါ မဲပေးလို့ရတယ်ပြောပါတယ်။ ဒီနေရာမှာ ပေးရမှာပါ။ ခင်ဝင့်ဝါရဲ့ဓါတ်ပုံ၊ ဒါမှမဟုတ် နာမည်ကို click ပြီး vote လုပ်ရပါတယ်။  Голосов ဆိုတာလေးကို နှိပ်ရမှာပါ။ လက်ရှိတော့ ခင်ဝင့်ဝါက မဲအများဆုံး ရထားပါတယ်။ ဒါပေမဲ့ တကယ့်ပွဲက စက်တင်ဘာလ(၆)ရက်နေ့မို့ ရက်ကျန်သေးတာကြောင့် ဆက်ပြီးမဲပေးကြပါဦးလို့။
Missosologyကပေးတဲ့ People's Choice Awardအတွက် like & shareလုပ်ပေးရမှာကတော့ ဒီနေရာမှာ ပါ။  ဖိလစ်ပိုင်ပရိသတ်တွေကတော့ ထုံးစံအတိုင်း မြန်မာမယ်ကို ရစရာမရှိအောင် ပြောနေကြပါတယ်။ ဒါပေမဲ့ သူတို့နဲပြိုင် ရန်မဖြစ်ပါနဲ့။ အရင်နှစ်တွေကလည်း fan များတဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနဲ့ အင်ဒီးယားနိုင်ငံတွေကမယ်တွေကို ဆဲနေကြပါ။ Miss Supranational official Page က adminတွေဟာ သူတို့ကို ရိုင်းလို့ဆိုပြီး blockပစ်ပါတယ်။ ဒါကြောင့် သူတို့ကို ဂရုမစိုက်ပါနဲ့။ သူများနိုင်ငံကအလှမယ်တွေကို အနှောင့်အယှက်မပေးဘဲ ကိုယ့်မယ်ကိုသာ အေးအေးဆေးဆေး ယဉ်ယဉ်ကျေးကျေးနဲ့ အားပေးအထောက်အကူပြုကြပါလို့။
Regards, witch83 (29/08/2013; 1:37 PM; GMT+8)
References:
1. http://www.globalbeauties.com/supranational/miss-myanmar-tells-the-world-you-are-welcome-to-visit-my-beautiful-country/
2. http://www.globalbeauties.com/supranational/meet-4-special-awards-winners/
3. Missosology Org
4. https://www.facebook.com/misssupranationalmyanmar