Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 31, 2013

အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ

 Q and A Over 18 Readings (135)


အသက် ၁၈ နှစ်ပြည့်မှဖတ်ပါအတွက် မေးခွန်း-အဖြေတွေကို အချိန်မအားလို့ တင်မပေးနိုင်တာ အတော်ကြာသွားပြီ။ အခုကြိုးစားပြီး ပြန်တင်ပါတယ်။

အမေး။ ကျွန်တော်တို့ သိချင်တာက (၁) အခုကိုယ်ဝန်လနုချိန် (၂ လလောက်) မှာ Ultrasound ရိုက်လို့ ရ/မရ (ပျက်သွားမှာ စိုးလို့ပါ) (၂) အဖြူဆင်းနေတာက ကိုယ်ဝန်အတွက်ရော လူကြီးအတွက်ပါ ထိခိုက်မှု ရှိနိုင် /မရှိနိုင်ကို သိချင်လို့ပါ။ ဆေးစစ်ထားတဲ့ Result တွေနဲ့ OG ပြထားတာတွေကို တွဲပြီး ဆရာ့ဆီ ပို့ပေးလိုက်ပါတယ်။

အဖြေ။ ၁။ Ultrasound က ကိုယ်ဝန်ကို ဘာမှ မဖြစ်စေပါ။
၂။ အဖြူဆင်းတာအကြောင်းခံ အမျိုးမျိုးရှိတယ်။ အလွယ်ဆုံးက Metronidazole tablet တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။
၃။ EDD ခန့်မှန်းမွေးမဲ့ရက်က ၈-၃-၁၄ ဖြစ်ပါမယ်။
၎။ ကိုယ်ဝန်အတွက်စာတွေ အများကြီး ရေးထာတာရှိပါတယ်။ စိတ်ဝင်စာရင် ဖတ်နိုင်ပါတယ်။

အမေး။ ကျွန်တော့်ကောင်မလေးနဲ့ အတူနေတာ ၁.၇.၂ဝ၁၃ နေ့ကပါ။ သူ ရာသီလာမဲ့ရက်က ၁၉ ရက်နေ့ပါ။ ဒါပေမဲ့ သူ ရာသီမလာဘူးဖြစ်နေတယ်။ ရာသီကျော်နေတယ်။ ရာသီလာချင်တဲ့ လက္ခဏာတော့ ပြပါတယ်။ ဘာတွေလဲဆိုတော့ ဗိုက်အောက်တယ်။ ခါးကိုက်တယ်ဆီးစပ်နာတယ်။ ရင်သားတင်းတယ်။ အဲ့လိုတွေသာ လက္ခဏာ ပြပြီးတော့ ဘာမှမထူးခြားလာပါဘူး။ အဲ့ဒါကျွန်တော်တို့ ဘယ်လိုလုပ်ရမှန်းလဲ မသိပါဘူး။ ကျွန်တော်တို့ အတူနေတုန်းက ကျွန်တော်တို့ ကွန်ဒုံးမသုံးပဲနဲ့ ဆက်ဆံမိတာပါအဲ့ဒါကြောင့် ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိပါဘူးဆရာ။

အဖြေ။ Urine for pregnancy test ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။
ကိုယ်ဝန်မလိုချင်သေးရင် စနစ်တကျ တားဆေး-တားနည်းသုံးပါ။

အမေး။ သမီးအသက် 27 ပါ။ အခု ဒုတိယကိုယ်ဝန် 6 လ (23 ပတ်)ထဲမှာပါ။ အမွှာကိုယ်ဝန်ပါ။ ခြေထောက်တွေရောင်နေလို့ စိုးရိမ်ရလားရှင်။ ပထမသားဦးတုန်းက ကိုယ်ဝန် 7လ (28ပတ်)နဲ့ စောမွေးထားဖူးလို့ ကလေးက အသက်မရှင်ပါဘူး။ 2 ရက်ပဲခံပါတယ်။ အခုဒုတိယကိုယ်ဝန်မှာ စောမွေးနိုင်ပါသလားရှင်။ စောမွေးမှာကြောက်လို့ပါ။ အနေအထိုင်၊အသွားအလာ အားလုံး ဂရုစိုက်ပါတယ်။ ဗိုက်ကတော့ တော်တော်လေးတင်းပြီ တစ်ခါတစ်ခါ နာပါတယ်။ ညဆိုလည်း အိပ်လို့ သိပ်မပျော်ပါဘူး။ ကလေးလည်း အရမ်းလှုပ်ပါတယ်။ ကိုယ်ဝန်လစေ့အောင် ဘယ်လိုလုပ်ရမလဲရှင်။

အဖြေ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်ရောင်တတ်သူ များတယ်။ (၁) ဆီးစစ်ရမယ်။ (၂) သွေးဖိအားတိုင်းရမယ် ဆီထဲမှာ အနယ်ပါရင်၊ သွေဒဖိအားများရင် ဆေးလိုမယ်။ အငန်လျှော့ဘြိ့နဲ့ မတ်တတ်ရပ်တာနည်းစေဘို့ လိုမယ်။ ကလေးတခါ စောမွေးဘူးတိုင်းတော့ အမြဲ စောမမွေးပါ။ ဒါပေမဲ့ OG ပြသင့်တယ်။ ကိုယ်ဝန်ကို အပ်ထားပါ။ ကာကွယ်ဆေး ၂ ခါထိုးပါ။ ဆရာရေးတာတခု ဖတ်ပါ။

အမေး။ သမီးသိချင်တာလေးကိုမေးချင်လို့ပါ။ လိင်ဆက်ဆံတာ မဟုတ်ဘဲ (မရိုသေစကား အမျိုးသား အဂါင်္က သုပ်ရည် ပါးစပ်ထဲဝင်ရုံနဲ့ တစုံတခုဖြစ်နိုင်ပါသလား) လက်မှာပေနေပြီး ယောနိထဲမှာ လက်နဲ့လိင်ဆက်ဆံသလိုမျိုးလုပ်ရင်ကော ကိုယ်ဝန်ရနိုင်ပါသလားရှင်။ ရာသီလဲ မလာလို့ပါရှင်။

အဖြေ။ ယောက်ျားသုက်ရည် ပါးစပ်ထဲဝင်တာကနေ ဘာမှ မဖြစ်ပါ။ မျိချလဲ မဖြစ်ပါ။ ဒါပေမဲ့ ယောက်ျားလေးလိင်အင်္ဂါမှာ ကူးစက်ရောဂါကင်းရမယ်။ မိန်းကလေး ပါးစပ်၊ နှုပ်ခမ်းမှာလဲ အနာအဆာကင်းရမယ်။ သုက်ရည်ဟာ ကိုယ်ထဲကနေ ထွက်လာပြီး ကြာကြာမရှင်ပါ။ သူနေတဲ့ ဝန်ကျင်အပေါ်မူတည်ပြီး အသက်ရှင်ပါတယ်။ လက်မှာပေနေတာက မိန်းကလေးရဲ့ မိန်းမကိုယ်ထဲဝင်ရင် ကိုယ်ဝန် % ပြည့် မရဘူး၊ ရတယ် ပြောမရပါ။ အခြေအနေ တခုခြင်းကို ကြည့်ရမယ်။ မိန်းကလေးဟာ ကိုယ်ဝန်ရနိုင်တဲ့ရက်ဖြစ်ရမယ်။ အဲဒီလမှာလဲ မျိုးဥထွက်ရမယ်။ ဗဂျိုင်းနားထဲရောက်နေမဲ့ သုက်ပိုးတွေက သားအိမ်အဝကနေ သားအိမ်ထဲဝင်သွားမယ်၊ သုက်ပိုးတွေကလဲ ရှင်သန်၊ သန်မာ၊ များပြားမှသာ ကိုယ်ဝန်ရပါမယ်။ ပို့တဲ့ လင့်ခ်ကစာတွေကို ဖတ်နိုင်ပါတယ်။

အမေး။ ကျနော့မိန်းမက ၂၇ နှစ်ပါ။ ကိုယ်ဝန်ဆောင်တားဆေးစားနေပါတယ်။ ဆေးနာမည်က yasmin ပါ။ ၂၁ လုံးပါရှိပါတယ်။ ရာသီစလာရက်ကစပြီး သောက်ရတာပါ၊ ၁၄ လုံးမြောက်နေ့မှာ ဆေးသောက်ပြီး နာရီဝက်ခန့်အကြာမှာ အစာမကြေလို့ အန်တယ်၊ ဆေးပါသွားသလား မပါသွားဘူးလားဆိုတာ မသိလိုက်ရပါ၊ မည်သို့ တားဆီး ကာကွယ်ရမည်ကို ညွန်ကြားပေးစေလိုပါတယ်။

အဖြေ။ Birth Control pills 25 FAQs ကိုယ်ဝန်တား စားဆေး အမေး-အဖြေ ၂၅ ခု

အမေး။ ဆရာ 1 ရက်နေ့မှာ ရာသီလာပြီး နောက်လ 1 ရက်နေ့မှာ ရာသီလာသူတွေမှာ ရာသီလာပြီး 11 ရက်အတွင်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးဆိုတာ ဟုတ်ပါသလားဆရာ။ တစ်ချို့က 7 ရက်အတွင်းလို့ပြောပါတယ်။ ဘယ်ဟာ အမှန်ပါလဲဆရာ။ ကျွန်တော် 9 ရက်နေ့က ဆက်ဆံမိလို့ပါ။ အရေးပေါ်တားဆေးသောက်ဖို့လိုပါသလား။ ထို 11 ရက်အတွင်း လိင်ဆက်ဆံရင် ကိုယ်ဝန်လုံးဝမရနိုင်ခြေ % ဘယ်လောက်ရှိပါသလဲ။ စိတ်ချရပါသလားဆရာ။

အဖြေ။ ၁၁ ရက်အထိ မရပါ။ ပို့တဲ့စာကို ဖတ်ကြည့်ပါ။
Calendar method ပြက္ခဒိန်နည်း

အမေး။ ကျွန်တော့အသက် ၂၈ နှစ်ရှိပါပြီ၊ ယောက်ျားလေးတစ်ယောက်ပါ။ အိမ်ထောင်နဲ့ပါ။ ရန်ကုန်မှာနေပါတယ်။ အိမ်ထောင်ကျတာတော့ နှစ်လလောက်ပဲရှိပါသေးတယ်။ နားနဲ့မနာ ဖဝါးနဲ့နာပါဆရာ။ ကျွန်တော်မိန်းမနဲ့ အတူတူနေပြီးတိုင်း ပြီးသွားတာနဲ့ ကျားအင်္ဂါတစ်လျှောက်လုံး နာနေပါတယ်။ နောက်ထပ်အတူနေလို့လဲမရလို့ပါ။ အဲဒီလိုဖြစ်နေတာ ၂ နှစ်ခွဲလောက်ရှိပါပြီ၊ အိမ်ထောင်မရှိတော့ ခဏတစ်လေဖြစ်တာပါဆိုပြီးတော့ပေါ့ပေါ့နေမိတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်ကတော့ ဆီးပိုးဝင်တယ် ဆိုပြီး ဆေးခန်း သွားပြ လို့ ဆေးသောက်ခဲ့ရပါတယ်၊ ဆေးခန်း နှစ်ခေါက် သုံးခေါက်လောက်သွားတယ်၊ ဆေးတွေပဲသောက်ရပြီးမသက်သာတာနဲ့ ဆက်မသွားဖြစ်တော့ဘူး။ အခု အိမ်ထောင်ပြုလိုက်တော့မှသိ လာရတယ်ဆရာ။ ဆေးခန်းလဲထပ်မသွားဖြစ်ပါဘူး။

အဖြေ။ ဆီးလမ်းပိုးဝင်တာ ပျောက်ရင် ကောင်းသွားမှာပါ။ မပူပါနဲ့။ စာတပုဒ်ပို့လိုက်တယ်။ ဆေးတပါတ်လည်လို့ မပျောက်သေးရင် ဆေးပြောင်းရမယ်။ ဆေးတွေက နိုင်ပါတယ်။ လိုသေးရင် မေးပါ။
Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင်

အမေး။ ကျနော့်ကောင်မလေးက အခု အသက် နှစ်ဆယ့်တစ်နှစ်ပြည့်ပြီးပါပြီ။ အခု ၇လပိုင်း ၁၇ ရက်နေ့က မမျှော်လင့်ပဲ ကျနော်တို့နှစ်ယောက်နယ်ကျွံမလိုဖြစ်မိပါတယ်။ ကျနော့် penis နဲ့ သူ့ virgina နှစ်ခု ကြားမှာတော့ အဝတ်ပါပါတယ်။ ထိမိပါတယ်။ အထဲထိတော့မရောက်ပါဖူးခဗျာ။ ဒါပေမယ့် အဲ့အချိန်မှာ ကျနော့် penis က သုက်တခါ လွှတ်ထားပါတယ်။ ပြောင်အောင်စင်အောင်လည်း သုတ်ထားပါတယ်။ အခု သူကပြောပါတယ်ဆရာ အရင်က ရက်နှစ်ဆယ်ကျော်ရင် ရာသီလာပါတယ်။ ဒါပေမယ့်အခု ၂၃ရက်ထိရှိတာတောင်မလာသေးတဲ့အတွက် သူလည်း စိတ်ပူနေပါတယ်။ ကျနော်တို့ ထိမိကပ်မိတဲ့အတွက်များ သန္ဓေအောင်နေတာပါလား။ ဒါမှမဟုတ် ထန်းသီးကြွေခိုက် ကျီးနင်းခိုက် နောက်ကျနေတာပါလား။ ဘာလို့ဆို သူ့နောက်ဆုံးရက်က ၂၈ ရက် လောက်ထိ နောက်ကျတတ်လို့ပါ။

အဖြေ။ ပြောတဲ့အတိုင်းနဲ့တော့ ကိုယ်ဝန်မရစေနိုင်ပါ။ သုက်ရည်က မိန်းကလေး ဗဂျိုင်းနားထဲကို ဝင်မှသာ ရနိုင်ပါတယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်ကျော်လို့မှ မလာရင် သေချာအောင် ဆီးစစ်နိုင်ပါတယ်။

အမေး။ Lichen mitidus က ဘာရောဂါပါလဲ ကူးတက်ပါသလားဆရာ ဘာတွေကတဆင့်ကူးလဲသိခြင်ပါတယ်

အဖြေ။ Lichen nitidus ဆိုတာ နာတာရှည်အရေပြားရောဂါတမျိုးဖြစ်တယ်။ ရှားတယ်။ ဘာလို့ဖြစ်သလဲ မသိနိုင်သေးဘူး။ ကလေးတွေနဲ့ လူရွယ်တွေမှာ အဖြစ်များတယ်။ ၁-၂ မီလီမီတာကြီးတဲ့အကွက်လေးတွေရှိမယ်။ အသားညိုသူတွေမှာ ခပ်ဖြူဖြူနေမယ်။ မနာဘူး၊ တခါတလေမှသာ ယားမယ်၊ တခါတလေ အရေခွံကွာသလိုဖြစ်မယ်။ အရေပြားမှာသာ အဓိဖြစ်ပေမဲ့ ကျားလိင်အင်္ဂါမှာလဲ ဖြစ်နိုင်တယ်။ ဆေးကုဘို့ဆိုတာလဲ တိတိကျကျမရှိဘူး။
topical and systemic steroids စတီရွိုက်စားဆေး-လိမ်းဆေး၊ topical tacrolimus လိမ်းဆေး၊ cetirizine စားဆေး၊ levamisole, etretinate, acitretin, itraconazole, cyclosporine စားဆေး၊ dinitrochlorobenzene လိမ်းဆေး၊ psoralen plus UV-A light နဲ့ narrow-band UV-B light အလင်းရောင်ကုသနည်းတွေသုံးတယ်။
အမေး။ ကျွန်တော့်မိန်းမ ကိုယ်ဝန် ၃ လရပါပြီ။ ခုသွေးနဲနဲဆင်းနေပါတယ်။ ၃ စက်လောက်ပါ။ အဲ့ဒါစိုးရိမ် ရပါသလား။ ပုံမှန်လားဆိုတာ ရှင်းပြပေးပါအုံး။

အဖြေ။ မစိုးရိမ်ပါနဲ့အုံး။ နားပါ။ ဆေးရုံတက်နေရသလို နားပါ။ ဆင်းတာ များလာရင်တော့ ဆရာဝန်ပြပါ။
Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း

အမေး။ ရာသီလာနေသောကာလတွင် ဆက်ဆံပါက ကိုယ်ဝန်ရနိုင်ပါသလား။ အမြန်ဖြေပေးစေလိုပါသည်။ ဆက်ဆံပြီးချိန်တွင်လည်း ရာသီဆက်လာပါသည်။

အဖြေ။ Calendar method ပြက္ခဒိန်နည်း

အမေး။ ကျွန်တော်မိန်းမက ကလေးမွေးပြီးတာ ၁၂ ရက်ပဲရှိသေးတယ်ဆရာ ဗိုက်ခွဲမွေးတာပါ ဒီနေ့ထိ သွေးဆင်းတယ်ဆရာ။ ကျွန်တော်တို့ အတူတူနေမိတယ်ဆရာရယ် ကိုယ်ဝန်ရနိုင်မလားဆရာ။ အရေးပေါ်တားဆေး သောက်လို့ရလားဆရာ။
အဖြေ။ သွေးကတော့ အနည်းဆုံး ၁၅ ရက်အထိဆင်းမယ်။ တလခွဲအထိ အကာအကွယ်မပါဘဲ အတူနေပေမဲ့ ကိုယ်ဝန်မရစေပါ။ ၄၅ ရက်နောက်မှာ တားနည်း-တားဆေး စနစ်တကျသုံးပါ။ ဆရာရေးထားတာတွေရှိပါတယ်။
Pregnancy and Sex (3) ကလေးဖွါးပြီး အတူနေခြင်း

အမေး။ ကျွန်တော့သားမှာ အသက် ၂ နှစ် ကျော်ပါပြီ။ သိချင်တာ ၂ ခုရှိ လို့ပါ။ ကလေးတွေ ဘယ်အချိန် စကားစ ပြောတတ်ပါသလဲ။ ကျွန်တော့သားက ခုထိ စကားမပြောသေးလို့ပါ။ နောက်တခုက ကလေးက အိပ်ချင်လာရင် လူတွေပေါ် အတင်းတက်ပါတယ်။ ပြီးရင် အတင်းလူကို ဖက်ခိုင်းပြီး သူ့ဒူးနဲ့ တိုက်ပါတယ်။ အခုနောက်ပိုင်း သတိထားမိ လာတာက အဲဒီအချိန်မှာ သူ့ဂျိုးက ထောင်နေတာပါ။ ဖြစ်တတ်တဲ့သဘာဝလား။ ဘာလုပ်လို့ရမလဲသိချင်လို့ပါ။ တခါတုန်းက ဒေသန္တရဆေးခန်းက ဆရာဝန်ကတော့ပြောဘူးပါတယ်။ ကလေးဂျိုး အရည်ပြား ရှည်နေတယ်ဆိုပြီး။

အဖြေ။ ပန်းအဖျားအရေပြားရှည်နေတာ ဘာမှလုပ်စရာမလိုပါ။ ပိတ်နေရင်သာ ဆီးအသွားရခက်ရင်ငိုမယ်။ ငယ်ငယ်နဲ့ ပန်းအဖျားပြုပြင်ပေးရတတ်တယ်။ ရှည်နေတာကို အရွယ်ရောက်ပြီးနောက်မှ လိုသေးရင် ပြင်ပေးနိုင်တယ်။ ပန်းသန်မာသလိုနေတာ စိုးရိမ်စရာမရှိပါ။ ဆေးလဲ မလိုပါ။ ရောဂါမဟုတ်လောက်ပါ။ စာတပုဒ်ပို့ပါတယ်။
Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ

အမေး။ ကျွန်တော့်ချစ်သူက ပြီးခဲ့တဲ့ (ဇွန်လ၊ ၆ ရက်ကနေစပြီး ရာသီလာပါတယ် ၁ဝ ရက်နေ့အထိပါ) ၁၁ ရက်နေ့ မှာ ပြီးပါတယ်။ အဲဒီမတိုင်ခင် တစ်လအတွင်းမှာလည်း (၁)ရက် လာလိုက်၊ (၂)ရက်လာလိုက် ဖြစ်ဘူးပါတယ်။ အများဆုံးဖြစ်တာကတော့ (ဇွန်လ ၆ရက်နေ့ မှ ၁ဝ ရက်နေ့)အထိပါ။ အဲဒီနောက် ဇွန်လ(၁၅)ရက်နေ့မှာ အတူနေဖြစ်ကြပါတယ်။ ကွန်ဒုံးသုံးပါတယ်။ ဆေးမသုံးပါ။ နောက်ထပ် ဇွန်လ(၃ဝ)ရက်နေ့မှာလည်း နေဖြစ်ပါတယ်။ ကွန်ဒုံးလဲသုံးပါတယ်၊ (Levonorgestrel 0.75mg) ပါတဲ့ဆေးလည်း တစ်ပြိုင်တည်း (၂)လုံးတိုက်လိုက်ပါတယ်။ ဇူလိုင်(၅)ရက်နေ့မှာ ဖုန်းနဲ့ ပြောရတော့ ရင်သား တင်းနေလို့ဆိုပြီးပြောပါတယ်။ ခေါင်းလည်းကိုက်တယ်လို့ပြောပါတယ်။ ရာသီလာနေလို့ လားဆိုတော့ မလာဘူးလို့လဲ ပြောပါတယ်ခင်ဗျာ။အဲဒီနောက်ပိုင်း ကျွန်တော်လည်းမမေးဖြစ်ပါဘူး။ ခု (၁၆)ရက်နေ့မှာ ကျွန်တော်တို့ပြဿနာဖြစ်ပြီး လမ်းခွဲလိုက်ပါတယ်။ ကျွန်တော် စိုးရိမ်တာက အရင်နေခဲ့တဲ့ရက်တွေမှာ ကိုယ်ဝန်ရှိလာနိုင်မလား သိချင်ပါတယ်ခင်ဗျာ။

အဖြေ။ ပြောတဲ့အတိုင်းဆိုရင် ကိုယ်ဝန်မရနိုင်ပါ။ ရင်သားတင်းတာက ဆေးကြောင့်လဲဖြစ်နိုင်ပါတယ်။ သေချာချင်ရင်တော့ ရာသီလာရမဲ့ရက်နောက် တပါတ်ကျော်အထိမလာသေးရင် ဆီးစစ်ပါ။

အမေး။ HPV ဆိုတဲပိုးအကြောင်း သိချင်လို့ပါ ဘယ်မှာ ဖတ်ရမလဲ

အဖြေ။ HPV and Marriage သားအိမ်-ကင်ဆာ ကာကွယ်ဆေး
HPV Vaccine for young women သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/10/hpv-vaccine-for-young-women.html
HPV vaccine ယောက်ျားတွေ အထူးသဖြင့် (ဂေး) တွေအတွက် ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2012/03/hpv-vaccine.html

အမေး။ ကျွန်တော်က ရန်ကုန်ကပါ။ ကျွန်တော့်အသက်က ၁၈ နှစ်ရှိပါပြီ။ ကျွန်တော်ကအရပ်က ၆ ပေနီးပါးရှိပြီး ခန္ဓာကိုယ်သွယ်ပါတယ်။ ခန္ဓာကိုယ်ကလူကြီးလိုဖြစ်ပေမယ့် လိင်အင်္ဂါမှာ ပြဿနာရှိနေပါတယ်ဆရာ။ လိင်အင်္ဂါထိပ်က အသားမာမတက်တာကြောင့် လိင်အင်္ဂါနိုးလာရင် အပေါ်အရေပြားက လိင်တံထွက်လာတိုင်း တခုခုနဲ့တိုက်မိရင် အရမ်းနာပါတယ်ဆရာ။ သူငယ်ချင်းတွေဆို ထိပ်ကမာနေပြီး ကျွန်တော်က ဘာလိုအပ်နေလို့လဲမသိလို့ပါ။ ရေပြင်းပြင်းထိရင်တောင် နာပါတယ်ဆရာ။ ဘယ်လို အသားမာတက်အောင်လုပ်ရမလဲ ပြောပြပေးပါလို့ မေးပါရစေ။

အဖြေ။ ဆေးရယ်လို့ မလိုပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ ထိမှုဆိုက်မှု နည်းသေးရင် အဲလိုပါဘဲ။ တဖြေးဖြေးချင်း ခံနိုင်ရည်ရှိလာမယ်။ အသားမာရယ်လို့တော့ မခေါ်ပါ။ အာရုံကြောလေးတွေက အာရုံခံကောင်းလွန်းနေသေးတာပါ။ အဆင်ပြေလာပါလိမ့်မယ်။

အမေး။ သမီးအသက်က ၁၉ ပါ။ ရာသီမလာခင် အဖြူဆင်းတဲ့ အခါကြရင် သွေးရည်ကြည်လိုမျိုးထွက်နေပါတယ်ဆရာ။ အခု ရာသီ လာနေတဲ့အခါလဲ အရင်လတွေထက် အရမ်းများပြီး သွေးခဲလေးတွေလဲ အရင်ကထက်ပိုများနေလို့ပါ။ အဲဒါ ရောဂါများ ရနေသလားသိချင်လို့ပါဆရာ။

အဖြေ။ ရောဂါမဟုတ်လောက်ပါ။ သိထားအောင် ဒီစာကိုတော့ ဖတ်ထားပါ။
Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

အမေး။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူနဲ့က ရည်းစားဖြစ်နေတာ ကြာပါပြီ.၊ အတူနေ ချစ်သူ သဘောမျိုး ဖြစ်နေကြပါပြီ။ ငွေကြေး မပြည့်စုံသေးလို့ မယူဖြစ်သေးပေမယ့် မကြာခဏ လိင်ဆက်ဆံ ဖြစ်ကျပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပြ ပါရစေ ဆရာ။ ကျွန်တော်တို့ စပြီး ဆက်ဆံတုန်းက Ecee2 ကို တော်တော်သုံးပါတယ်။ သုံးတာကြာလာတော့ နည်းလမ်းမှားသွားတာလည်း မသိဘူး။ သူ့မှာ ကိုယ်ဝန်ရှိသွားပါတယ်။ အဲ့တာနဲ့ အသက်ကလည်း ယူဖို့ အဆင်သင့် မဖြစ်သေးတော့ နှစ်ဦးသဘောတူပဲ သားအိမ်ခြစ်ချရပါတယ်။ မြန်မာငွေ ၁ သိန်းခွဲလောက် ကုန်ခဲ့ရပါတယ်။ (ခေတ်မီ စက်ပစ္စည်းတွေနဲ့ သုံးပြီး ခြစ်ပေးတယ်လို့ ပြောပါတယ်)၊ အဲ့တာနဲ့ အကုန်ပြန်အဆင်ပြေတော့ ကျွန်တော်တို့လည်း ထပ်ပြီး ဆက်ဆံကြပါတယ် Ecee2 ပဲ ဆက်သုံးဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်ရှိပါတယ်ဆရာ။ အဲ့တာနဲ့ အဲ့ဆရာမ ဆီမှာပဲ။ ထပ်ပြီးခြစ်ချရပါတယ်။ နောက်တစ်ခေါက်တော့ ၂ သိန်း ကျော်ကျော်လောက် ပေးလိုက်ရပါတယ်။ (ယူလို့ကလည်း ဘယ်လိုမှမဖြစ်သေးတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပေးခဲ့ရပါတယ်။) အခုတော့ ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးသုံးပါတယ်။ ကျွန်တော်တို့က မကြာမီ လက်ထပ်တော့မှာပါ။ သူကလည်း ကလေး လိုချင်ပါတယ် ကျနော်ကလည်းလိုချင်ပါတယ်။ ဒါပေမဲ့ ကျနော့စိတ်ထဲမှာ Ecee2 သုံးခဲ့တာတွေရယ် ၂ ကြိမ်တောင် ခြစ်ချခဲ့ရတာတွေအတွက် ကျွန်တော်တို့ တကယ်ယူမယ့် ကလေးမှာ တခုခု ချို့ယွင်းလာမှာကို အရမ်း တုန်လှုပ်နေမိပါတယ်။ အဲ့လိုမျိုး ဆိုးကျိုးတွေ ရှိလာတတ်လား။ ဒါမှမဟုတ် အဲ့လို လုပ်ခဲ့တဲ့အတွက် ဘယ်လို ဆိုးကျိုးတွေ ရှိလာနိုင်သေးလဲဆိုတာ သိချင်ပါတယ်။ ဒုတိယအကြိမ် ခြစ်ချခဲ့တာတော့ အခု ၂ နှစ် နီးပါးလောက် ကြာပါပြီ။

အဖြေ။ မပူပါနဲ့။ အရေးပေါ်တားဆေးဆိုတာ ဟော်မုန်းတွေပါတယ်။ ဟော်မုန်းဆိုတာ ဆေးတွေလိုပါပဲ အချိန်ကျရင် ကိုယ်ထဲမှာ မရှိတော့ပါ။ ဒါကြောင့် နောက်လတွေမှာ ရာသီပြန်လာတာပါ။ အရေးပေါ်တားဆေး ခဏခဏသုံးရင်တော့ မကောင်းပါ။ စာရေးထားတာကို ဖတ်ပါ။ ပုံမှန် တားဆေး-တားနည်းတွေက ဈေးလဲချိုပြီး စိုးရိမ်စရာလဲ နည်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးမရမှာ ပူစရာမရှိလောက်ပါ။
Emergency Contraception (4) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၁) http://dts-medicaleducation-adult.blogspot.in/2012/03/emergency-2.html
Emergency Contraception (5) တားဆေး-တားနည်း အရေးကြီးမှ သုံးရတယ် (၂) http://dts-medicaleducation-adult.blogspot.in/2012/03/emergency.html

အမေး။ ဆရာရှင့် စိတ်ကူးယဉ်ကိုယ်ဝန် (သို့) လေဖျင်းရောဂါဆိုတာ ရှိတယ်လို့သိရပါတယ်။ ကိုယ်ဝန် မလိုချင်တဲ့သူတွေစိတ်နဲ့ ပတ်သတ်ပြီး ဖြစ်တဲ့ရောဂါလို့ ဆိုပါတယ်။ နောက်ပြီးသမီး အခုလက်ရှိဖြစ်နေတာနဲ့ ကိုက်ညီနေလို့မေးမြန်း ကြည့်တာဖြစ်ပါတယ်။ အောက်ပါလင့်မှာသမီးတွေ့လို့ပါ။
http://www.ashinsirinda.com/index.php?option=com_content&view=article&id=1071:2012-02-10-01-24-37&catid=74:2011-09-26-19-30-52&Itemid=177

အဖြေ။ ရှိနိုင်ပါတယ်။ ဆရာတို့ဆေးပညာမှာတော့ မပါဝင်ပါ။ ကိုယ်တိုင်လဲ မတွေ့ဘူးသေးပါ။

အမေး။ ရာသီနောက်ကျနေလို့သွေးပေါ်ဆေးထိုး လိုက်တော့ရာသီပုံမှန်ပြန်လာနေတယ်ဆိုရင်ကိုယ် ဝန်ဖြစ်နိုင်လားရှင့်။ အဲတာ ကိုယ်ဝန်ရှိမရှိဆီးစစ် ကြည့်စရာလိုသေးလားဖြေကြားပေးပါရှင့်။

အဖြေ။ သိချင်ရင်သာ စစ်ပါ။

အမေး။ ကျွန်တော့အသက် 32 နှစ်ရှိပါပြီ။ အိမ်ထောင်ရှိပါတယ်။ လိင်ကိစ္စလိုက်စားခဲ့ခြင်းမရှိပါဘူး။ ကျွန်တော့်အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပါတယ်။ သူနဲ့လိင်မဆက်ဆံရတာ နှစ်လသုံးလလောက်ကြာတော့ မာဆက်က ကောင်မလေးနဲ့ ဆက်ဆံဖြစ်ပါတယ်။ အဲ့ဒီမှာ ဆက်ဆံပြီးမှသိရတာက အဲ့ဒီကောင်မလေးက ရာသီလာနေတဲ့အချိန်ဖြစ်နေပါတယ်။ ကျွန်တော် တော်တော်ကြောက်သွားတယ်။ သူနဲ့ဆက်ဆံတုံးကတော့ ကွန်ဒုံးသုံးထားပါတယ်။ ဒါပေမဲ့စိတ်ထဲမှာ အခုချိန်ထိ မသန့်ဖြစ်နေပါတယ်။ အဲ့ဒီကောင်မလေးမှာ AIDS ရှိနေမယ်ဆိုရင် ကျွန်တော့ကိုကူးနိုင်ပါလားခင်ဗျာ။ သူ့သွေးတွေကို ကျွန်တော် ရေသွားဆေးမှ ကျွန်တော့အရင်းပိုင်းမှာတွေ့တာပါ။ တစ်သက်မှာ ဒီတစ်ခါဘဲသွားမိပြီး အဲ့ဒီတစ်ခါကြောင့် ရောဂါများဖြစ်မလားဆိုတဲ့ ဆိုက်ကို အရမ်းဝင်နေပါတယ်ဆရာ။ ဘယ်လောက်ကြာမှ စစ်ရင် တိတိကျကျ အဖြေထွက်နိုင်မလဲခင်ဗျာ။ တကယ်လို့ရှိနေခဲ့ရင် အခုလုပ်ပေးနေတဲ့ ကုသမှုကိုခံယူရင် လူက အကောင်းအတိုင်း နေနိုင်လားခင်ဗျာ။ ပြီးတော့ သက်တန်း ဘယ်လောက်ထိနေနိုင်မလဲခင်ဗျာ။ ပြီးတော့ ဘေးထွက်ဆိုးကျိုးဘာတွေရှိနိုင်မလဲ။ အကာအကွယ်ဖြစ်အောင် သောက်လို့ရမဲ့ဆေးများရှိလားဆရာ ကျွန်တော်ဆက်ဆံခဲ့တာ 18-7-2013 ရက်နေ့ကပါ။

အဖြေ။ စိတ်မပူပါနဲ့။ ကွန်းဒွမ်က တဖက်သားမှာ ကူးစရာရျိနေလဲ ကာကွယ်ပါမယ်။ HIV စစ်ချင်ရင် နောက် ၃ လနေမှသာ အစောဆုံးစစ်နိုင်ပါမယ်။ ကိုယ်ဝန်ရှိနေစဉ်လဲ အတူနေလို့ရပါတယ်။
Pregnancy and Sex (1) ကိုယ်ဝန်ဆောင်စဉ် အရင်လိုနေလို့ရသလား (၁)

အမေး။ ကျွန်မ အသက် ၂၅ ကျော်ပါပြီရှင့် အိမ်ထောင်မရှိ အပျိုပါရှင့် ကျွန်မကိုယ်ကျွန်မစိုးရိမ်မိလို့ပါ။ ကျွန်မရင်သားက အရွယ်အစား မညီဖြစ်နေလို့ပါ။ လက်နဲ့လည်း စမ်းသပ်တာ ထူးခြားဘာမှမတွေ့ပါဘူး။ အနည်းငယ်ကြီးနေတာ ဘာကြောင့်ပါလဲရှင့်။ ဘာတွေများဖြစ်နိုင်လဲဆိုတာသိချင်လို့ပါ။

အဖြေ။ အကျိတ်ရှိ-မရှိသာ စမ်းကြည့်နေပါ။ မရှိရင် ပူစရာမဟုတ်ပါ။ နည်းနည်းမတူတာ ပုံမှန်ပါ။ စမ်းနည်း မသိရင်ပြောပါ။ ရေးထားတာရှိပါတယ်။ ထူးခြားရင် ပြန်ပြောပါ။ မေးရင် ရာသီအကြောင်းလဲရေးပါ။

အမေး။ အခုတလော အသက်ရှူရတာ အရမ်းကြပ်ပြီး ရင်ဘတ်ကြီးလေးနေသလို ဖြစ်နေပါတယ်။ သမီးက တညင်းသီး အရမ်းကြိုက်ပါတယ်။ နေု့တိုင်းလိုလို စားဖြစ်နေပါတယ်။ အဲဒါနဲ့များ ဆိုင်ပါသလား။ သမီး အသက်က ၂၂ ပါ။ ဖြစ်တာမကြာသေးပါဘူး။

အဖြေ။ ဒီအတိုင်းတော့ ပြောမရသေးပါ။ ရပ်တ်၊ အသက်ရှူတာဆိုရင် နားကြပ်နဲ့စမ်းဘို့လိုမယ်။ တညင်းသီးက ဆီးကို တခုခုဖြစ်စေတယ်။ အသက်ရှူလမ်းကို မထိခိုက်ပါ။ ရောဂါဆိုးတာ မဟုတ်လောက်ပါ။ လိုသေးရင်တော့ မေးပါ။ စုံအောင်ထည့်ရေးပါ။

ငါးရှဥ့်ကိုဒီလိုဖမ်းတယ်


https://www.facebook.com/photo.php?v=603574153026933&set=vb.421640921220258&type=2&theater

ကွန်ပျူတာဆက်စပ် ဝေါဟာရ



သိပြီးတဲ့ သူတွေရှိသလို မသိသေးတဲ့ သူတွေအတွက် ဗဟုသုတအနေနဲ့
သိမှတ်ရသလောက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
င်္Format သို့မဟုတ် ဖိုင် extention ရဲ့ အရှည်စာလုံးတွေပါ

* AVI = Audio Video Interleave
* RTS = Real Time Streaming
* SIS = Symbian OS Installer File
* AMR = Adaptive Multi-Rate Codec
* JAD = Java Application Descriptor
* JAR = Java Archive
* JAD = Java Application Descriptor
* 3GPP = 3rd Generation Partnership Project
* 3GP = 3rd Generation Project
* MP3 = MPEG player lll

ဆက်ဖတ်ရန်>> http://adlock.in/8HkBl



သိပြီးတဲ့ သူတွေရှိသလို မသိသေးတဲ့ သူတွေအတွက် ဗဟုသုတအနေနဲ့
သိမှတ်ရသလောက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
င်္Format သို့မဟုတ် ဖိုင် extention ရဲ့ အရှည်စာလုံးတွေပါ

* AVI = Audio Video Interleave
* RTS = Real Time Streaming
* SIS = Symbian OS Installer File
* AMR = Adaptive Multi-Rate Codec
* JAD = Java Application Descriptor
* JAR = Java Archive
* JAD = Java Application Descriptor
* 3GPP = 3rd Generation Partnership Project
* 3GP = 3rd Generation Project
* MP3 = MPEG player lll
* MP4 = MPEG-4 video file
* AAC = Advanced Audio Coding
* GIF = Graphic Interchangeable Format
* JPEG = Joint Photographic Expert Group
* BMP = Bitmap
* SWF = Shock Wave Flash
* WMV = Windows Media Video
* WMA = Windows Media Audio
* WAV = Waveform Audio
* PNG = Portable Network Graphics
* DOC = Document (Microsoft Corporation)
* PDF = Portable Document Format
* M3G = Mobile 3D Graphics
* M4A = MPEG-4 Audio File
* NTH = Nokia Theme (series 40)
* THM = Themes (SonyEricsson)
* MMF = Synthetic Music Mobile Application File
* NRT = Nokia Ringtone
* XMF = Extensible Music File
* WBMP = Wireless Bitmap Image
* DVX = DivX Video
* HTML = Hyper Text Markup Language
* WML = Wireless Markup Language
* CD - Compact Disk.
* DVD - Digital Versatile Disk.
* CRT - Cathode Ray Tube.
* DAT - Digital Audio Tape.
* DOS - Disk Operating System.
* GUI - Graphical User Interface.
* HTTP - Hyper Text Transfer Protocol.
* IP - Internet Protocol.
* ISP - Internet Service Provider.
* TCP - Transmission Control Protocol.
* UPS - UninterruptiblePower Supply.
* URL - Uniform Resource Locator.
* USB - Universal Serial Bus.
* VIRUS - Vital Information Resource Under Seized.
* 3G - 3rd Generation.
* GSM - Global System for Mobile Communication.
* CDMA - Code Divison Multiple Access.
* UMTS - Universal Mobile Telecommunication System.
* SIM - Subscriber Identity Module.
* HSDPA - High Speed Downlink Packet Access.
* EDGE - Enhanced Data Rate for GSM [ Global System for Mobile
Communication] Evolution.
* VHF - Very High Frequency.
* UHF - Ultra High Frequency.
* GPRS - General Packet Radio Service.
* WAP - Wireless Application Protocol.
* TCP - Transmission Control Protocol .
* ARPANET - Advanced Research.

Khun Nay(AMMG)

လူသုံးများတဲ့ VLC Player အသစ်လေး 2.0.8


လူသုံးများတဲ့ VLC Player အသစ်လေး 2.0.8

VLC Player လေးကတော့ လူအတော်များများသုံးကြမယ်လို့ထင် ပါ တယ်
FLV ဖိုင်တွေကို အဓိက ဖွင့်သူများအတွက် အသုံးဝင်ပါတယ် နောက်ပြီး
format အတော်များများကိုလည်း အခြား Player ထက်သာပြီး
ဖွင့်နိုင်တော့ ရေပန်းစားနေတာပေါ့ အခုကတော့ အသစ်လေးထွက်လို့ 

တင်ပေးလိုက်တာပါ လိုချင်သူများဒေါင်းထားအုံးနော်

-ညာဘက်က SKIP ဆိုတာလေးကိုနှိပ်၍ ကျော်ပေးပါခင်ဗျာ

Wrap Dress Tutorial


" ယာဉ်အန္တရယ်မဖြစ်ပွားဖို့အရေးအကြီးဆုံးက စည်းကမ်းပါဟုဆိုသူ ဂျေညီညီ"


Popular Journal

ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ်၊ မေလ၏ နေ့လယ်ခင်း တစ်ခု တွင် တေးသံရှင်ဂျေညီညီ တစ် ယောက် ကားအက် ဆီးဒင့် ဖြ စ်ခဲ့သည်။ ၄င်း၏ ကား အင်းစိန်ဘက်မှ မြို့ထဲဘက် သို့ မောင်းလာစဉ်
မြို့ထဲမှလာ သော ရွှေ ငါး ကားတစ်စီးမှ ဂငယ်ကွေ့ကွေ့ရန် ဂျေညီညီ ကားကို လမ်းဖြတ်တွင် ခေတ္တ စောင့်ဆိုင်းနေစဉ် ထိုရွှေငါး ကားအား မြို့ထဲဘက်မှလာ သော ၁၂ဘီးဘိလပ်မြေ ဖျော်ကားက ဖြတ်တိုက် မိရာ ထိုအရှိန်ဖြင့်ပင် ဂျေညီ ညီ၏ ကားကိုပါ ဝင်ရောက်ရိုက်ခတ် မိသဖြင့် ကားရောလူပါ ထိခိုက်၍ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံ တွင် ကာလအတန်ကြာ အချိန်ယူ ကုသခဲ့ရသည်။

ယခုကာလတွင် ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သော် လည်း ၄င်း၏ ညာဘက် လက်ချောင်းများမှာမူ လှုပ် ရှားမှု ပြုလုပ်ရန် မလွယ်ကူ တာ့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

" ကျွန်တော့်ရဲ့ လူမှုရေး တွေ၊ စီးပွားရေးတွေအားလုံး ကသောင်းကနင်းဖြစ်ကုန်တာပေါ့ဗျာ။ ကျွန်တော့်ရဲ့ ရုပ်ဆင်းအင်္ဂါတွေလည်း ပျက်သွားတယ်။ ကျွန်တော့်ရဲ့ ညာဘက်လက်လည်း ဂစ်တာ တီးလို့ကို မရတော့တဲ့ အခြေ အနေဖြစ်သွားတယ်။ တစ်ဖက် ကတော့ ထောင်၃လ ကျသွား တယ်။ ကျွန်တော်ကတော့ တစ်သက်လုံး မသန်စွမ်းဖြစ် သွားတာပေါ့။ ကျွန်တော့်ရဲ့ မျက်နှာတွေ ပြန်ပြင်ရတာ တွေ၊ ကျွန်တော့်မိသား စု ရုန်း ကန်ခဲ့ရတာတွေ၊ ဘဝတစ် လျှောက်လုံးအတွက် ညာ ဘက်လက်သုံးလို့မရတော့ တာတွေ ဒါတွေက အမှတ်တရတွေပါပဲ" ဟု ဂျညီညီက ယာဉ် တိုက်မှုဖြစ်စဉ်ကြောင့် သူ၏ ဆုံးရှုံးမှုများကို ပြောပြသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွား ခဲ့သော ယာဉ်တိုက်မှုများတွင် ကိုယ်ပိုင်ယာဉ်ချင်းတိုက်မိမှု နည်းပါးပြီး လိုင်းကားများ၊ ကုမ္ပဏီကားများ၊ သစ်လုံး ကားများသာ အများဆုံးဖြစ် သည်ကို မြင်မိသည် ဟုလည်း ဂျေညီညီကပြောပြီး ယာဉ် တိုက်မှုကြောင့် ထွက်ပြေး သော ယာဉ်မောင်းများကို ပြန်လည် ဖမ်းမိသည့်အကြောင်းချင်းရာမျိုးလည်း သိပ်မတွေ့ရဟု ဂျေညီညီကသုံးသပ်သည်။

" ကျွန်တော်တို့တွေက လူလူချင်းအနိုင်ကျင့်ခံ ၊အစော် ကားခံနေကြရတာ။အတို ချုပ် ပြောရရင်တော့ထိရောက်တဲ့ အရေးယူမှု လိုနေပါပြီ။ ကြာ ရင် ကျွန်တော်တို့ ပြည်သူတွေ လမ်းတွေပေါ်မှာ အသက် တွေ ပေးကြရ၊ ခန္ဓာကိုယ် တွေ စတေးကြရနဲ့ ပိုဆိုးကုန် တော့မယ်" ဟု ဂျေညီညီက ယာဉ်စည်းကမ်းနှင့် ပတ် သက်၍ သူ၏အမြင်ကို ပြောသည်။

ဆက်လက်၍ ဂျေညီညီ က မြန်မာပြည်တွင် အရေး ကြီးဆုံးမှာ စည်းကမ်းပင် ဖြစ်သည်ဟုလည်း သူ၏ အတွေ့အကြုံအရပြောပြ သည်။
" ရဲရှိနေတဲ့အချိန်ဆိုရင် တော့ကို ဘယ်သူမှမကျော်ကြဘူး။ ရဲမရှိရင်တော့ ကျော်ကြတယ်။ ဒါကြီးကယဉ်ကျေးမှု ဖြစ်နေပြီလား။ ဥပဒေက ကျွန်တော်တို့ ပြည်သူတွေကို မကာကွယ် တော့ဘူးလား။

အဲဒါ လေးက အဓိကပါပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ ဘာမှမလိုပါ ဘူး။ အလိုအပ်ဆုံးက စည်း ကမ်းပါ။ စည်းကမ်းကိုထပ်မြင့် တော့ ဥပဒေ။ စာအုပ်ထဲမှာ ရှိဖို့ထက် အသက်ဝင်ထိ ရောက်ဖို့ လိုပါတယ်" ဟု ဂျေညီညီက သူ၏ကိုယ် တွေ့ဖြစ်စဉ်နှင့် ယာဉ်စည်း ကမ်း၊လမ်းစည်းကမ်း အတွက် သူမြင်မိသမျှတို့ကို အကြံ ပြု ပြောကြားခဲ့သည်။

ရဲရဲ

( လမ်းပန်းဆက်သွယ်ရေးနှင့် အန္တရာယ်ကင်းစင်ရေးအထူးပြုအချပ်ပိုမှ )

မိခင်ဖြစ်ခွင့် အိပ်မက်ကို ထိခိုက်စေနိုင်သည့် အချက်သုံးရပ်

အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေး မွေးဖွားနိုင်မယ့် မိခင်ဖြစ်ခွင့် အိပ်မက်ကို ခြိမ်း ခြောက်နေတဲ့ အရာသုံးမျိုးကို သတိပြုဆင်ခြင်သင့် ပါတယ်။
အိမ်တွင်း လေထုညစ်ညမ်းမှု
အိမ်တွင်း လေထုညစ်ညမ်းမှု များတာဟာ အမျိုးသမီးတွေရဲ့ သွေးလှည့်ပတ်မှု စနစ်၊ ကိုခံ စွမ်းအားစနစ်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ဇီဝကမ္မ ဆိုင်ရာ လုပ်ငန်းဆောင်တာတို့အပေါ် တိုက်ရိုက် သက်ရောက်မှု ဖြစ်စေပြီး မျိုးအောင်နိုင်စွမ်းကို ထိ ခိုက်စေနိုင်ပါတယ်။
ဆေးလိပ်ငွေ့
ဆးရွက်ကြီးမှာ အဆိပ်ဖြစ်စေတဲ့ ဒြပ်အများ အပြားပါဝင်ပြီး သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေ နိုင်ပါတယ်။ ဆေးလိပ်မသောက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက် တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျတာ၊ လမ စေ့ ကလေးမွေးဖွားတာနဲ့ ကလေးအသေမွေးတာ တို့ ဖြစ်နိုင်ခြေများပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေအနေနဲ့ မျိုးအောင်နိုင်စွမ်း ထိခိုက် မှုလည်း ရှိတတ်ပါတယ်။
အဖြူရောင် ကောက်နှံစာ အများအပြား
အခွံချွတ်ထားတဲ့ ကောက်နှံစာတွေဟာ အခွံ ချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်၊ ခေါက်ဆွဲညိုစတာတွေလောက် ကျန်းမာရေးနဲ့ မညီညွတ်နိုင်ပါဘူး။ အခွံချွတ်ထားတဲ့ ထမင်းဖြူ၊ ခေါက်ဆွဲဖြူ စတာတွေကို များများ စားတာကြောင့် အမျိုးသမီးဟော်မုန်း ဟန်ချက်ညီမျှမှုကို အဟန့် အတားဖြစ်စေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေ နိုင်ပါတယ်။

ဇွန်

facebook ဟာ ပဋိပက္ခတွေကို သယ်ဆောင်လာပြီလား

၂၀၀၄ ခုနှစ်တွင် အမေရိကန်ကျောင်းသား မက်ဇူကာဘတ်ခ်မှ စတင်ခဲ့သည့် Facebook ဟု ခေါ်သော လူမှုကွန်ရက် သူငယ်ချင်း အချင်းချင်း တွေ့ဆုံဆွေးနွေးကြရန် ရည်ရွယ်၍ တည်ထောင်ခဲ့ရာမှ စတင်ကာ ၂၀၁၃ ခုနှစ်၏ ယနေ့အချိန်တွင် facebook စာမျက်နှာသည် နေ့စဉ်ဘဝများ၏ ရောင်းဝယ်ဖောက်ကားရာ တွေ့ဆုံငြင်းခုံ ကြရာ၊ သတင်းဖတ် ရှုရာ၊ ကောလဟာလတို့ ဆုံစည်းရာ၊ လူမှုရေး လုပ်ငန်းတို့ ထွန်းကားရာ ကုန်ပစ္စည်းများ ကြော်ငြာရာ၊ ခံစားချက်များ ဖော်ထုတ်ပြသရာ၊ ဆဲဆိုသံများ၊ ဆူညံရာ နေရာအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။
ဟားဗက်တက္ကသိုလ်မှ ကျောင်းသား များအတွက်သာ ရည်ရွယ်၍ တည်ထောင်ခဲ့ သော Facebook စာမျက်နှာကို မက်ဇူကာ ဘတ်ခ်က ၂၀ဝ၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး အသုံးပြုရန်ခွင့်ပြုခဲ့သည်။ ထိုအချိန်မှစတင် ကာ လူမှုရေးကွန်ရက်တစ်ခုအဖြစ် အခိုင် အမာ ရပ်တည်ခဲ့သည့် Facebook သည် ကမ္ဘာ့လူဦးရေ၏ ၁၃ ဦးလျှင် တစ်ဦး အသုံး ပြုသည်အထိ ကျယ်ပြန့်လာခဲ့သည်။ 
အမည်ဝှက် လူတန်းစား
Facebook စာမျက်နှာတွင် အမည် ရင်းနှင့် နေထိုင်ပြောဆိုသည့် စာမျက်နှာများ ရှိသလို အမည်ဝှက်လူတန်းစားဟု ခေါ်ဆို နိုင်သော မည်သူဟု မှန်းဆ၍မရသော စာမျက်နှာများဖြင့် ပြောဆိုဆောင်ရွက်သူတို့ ရှိနေကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
ယနေ့ မျက်မှောက်ခေတ်၏ မျက်နှာစာ တွင်လည်း လူမှုကွန်ရက် Facebook သည် မျက်စိဒေါက်ထောက်ကြည့်နေရသည့် နေရာ တစ်ခုဟုပင် ဆိုရမည့်အခြေအနေ ဖြစ်လာခဲ့ သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြော ပြောခွင့်မရခဲ့သည့် ၂၀၁၁ ခုနှစ်အထိ တိုးတိုး တိတ်တိတ်သာ ပြောဆိုဆွေးနွေးကြရသည့် အကြောင်းအရာများသည်ယနေ Facebook တွင်တော့အကျယ်တဝင့်ငြင်းခုံကြရာ၊ အုပ်စု ဖွဲ့၍ တိုက်ခိုက်ရာ၊ အခြားသော ယဉ်ကျေးမှု များကို အလွယ်တကူ မြည်းစမ်းခွင့်ရသော နေရာတစ်ခုအဖြစ် အရေးပါလာတော့သည်။
" အကောင့်တုတွေ ဘာကြောင့် ထား လဲ၊ အကောင့် အတုတွေ ထားတာက တစ် နည်းအားဖြင့် ပြောရရင် အရင်ခေတ် တုန်းက ကျွန်တော်တို့ အရင်အစိုးရလက်ထက်တုန်း က အင်တာနက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်၊ အီလက်ထရောနစ် ဥပဒေလိုဥပဒေတွေနဲ့ ပြစ်ဒဏ်ပေးတာတွေ ရှိတဲ့အတွက်ကြောင့် လူတွေမှာ မိမိရဲ့ Identity အမှန်ကို ဖုံးကွယ်တဲ့အကျင့် စွဲလာတယ် လို့ ကျွန်တော်တို့ ယူဆပါတယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ဒီလို မိမိရဲ့ Identity ကို ဖုံး ကွယ်ပြီး ပြောဆိုဆွေးနွေး လာတာတွေဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ ကျွန် တော်တို့ ပြောလို့ရပါတယ်" ဟု နို
ထို့ပြင် မြန်မာနိုင်ငံ၏ ယနေ့ခေတ် Facebook သုံးစွဲသူပေါင်း ရှစ်သိန်းရှိနေပြီး ထိုအကောင့်များ ထဲမှ လေးသိန်းသည် နာမည် အတုများဖြင့် သုံးစွဲသည့် အကောင့် အတုများ ဖြစ်ကြောင်း၊ ယခင်အစိုးရ၏ တင်းကျပ်မှုများကို ကျော်လွှားရန် အင်တာ နက်များကို သုံးစွဲခဲ့ရကြောင်း၊ သို့သော် ကောလာဟလများ ဖောင်းပွနေကြောင်း ၎င်းက ယင်းပွဲတွင် ဆက်လက်ပြောသည်။ Facebook ဟုခေါ်ဆိုသော လူမှုရေး ကွန် ရက်ကြောင့် အချိန်တိုအတွင်း သတင်းများ အားလျင်မြန်စွာသိရှိနိုင်ပြီးအပေါင်းအသင်း ဟောင်းများနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိနိုင် သည့် နေရာတစ်ခုဖြစ်သော်လည်း သုံးစွဲသူ အချို့၏ တစ်ဖက်အစွန်းရောက်သည့် လုပ် ရပ်နှင့် ရေးသားမှုများက သုံးစွဲသူများကို ထိခိုက်နစ်နာမှုများဖြင့် ကြုံတွေ့နေရခြင်းများ ကို နေ့စဉ်မြင်တွေ့နေရပေသည်။
" Facebook ကို သုံးတာ သတင်းတွေ သိချင်လို့၊ မိတ်ဆွေအပေါင်းအသင်း တွေနဲ့ အမြဲထိတွေ့နေချင်လို့၊ အသိုင်းအဝိုင်းကို ကျယ်ပြန့်ချင်လို့ပါ။ Facebook ကနေ သတင်းအချက်အလက်တွေ အချိန်နဲ့အမျှ ရတယ်။ အပြစ်ကတော့ ဆဲတာဆိုတာ လော်ဘီလုပ်တာ စတဲ့ တလွဲ အသုံးချတာ တွေပဲ" ဟု မြန်မာသတင်းထောက်များ ကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ကိုသူရ မျိုးက ပြောသည်။
ပဋိပက္ခများ၏ ကစားကွင်းလော
 ယနေ့ မျက်နှာစာ၏ လူမှုကွန်ရက် အသုံးချသူများတွင် ဘာသာရေးနှင့် နိုင်ငံ ရေးများတွင် အများဆုံး အသုံးပြုကြ၊ ပြော ဆိုလာကြသည်ကို မြင်တွေ့နေရပြီး သိသိ သာသာပင် အုပ်စုဖွဲ့တိုက်ခိုက်ခြင်းများကို လည်း မြင်တွေ့နေရလေသည်။ မြန်မာ့နိုင်ငံ ရေး၏ ပွင့်လင်းမြင်သာသော အပြောင်း အလဲကို လူမှုရေးကွန်ရက်တွင် တွေ့မြင် နေရပြီး ထိုစာမျက်နှာအား အသုံးချသော နိုင်ငံရေး လှုပ်ရှားမှုများ၊ ဝါဒဖြန့်မှုများ၊ ပဋိပက္ခလှုံ့ဆော်မှုများကို နေ့စဉ်မြင်တွေ့နေ ကြောင်း သုံးစွဲသူများက ဝေဖန်ပြောဆိုလာ ကြသည်။
" Facebook ကို အသုံးချပြီး လူမှုရေး တွေ လုပ်ဆောင်ကြတယ်၊ အလှူဒါနတွေ လုပ်ဆောင်ကြတယ်၊ ဒါက အင်မတန်ကို ကောင်းပါတယ်၊ ပြီးတော့ ဘယ်သူတွေ ဘာလုပ်နေတယ်၊ ခိုးနေသလား၊ ဝှက်နေ သလားဆိုတာ ချက်ချင်းသိနိုင်တယ်။ ဒါက တော့ ကောင်းပါတယ်၊ နိုင်ငံရေးလှုံ့ဆော်မှု တွေ လုပ်နေကြတာကိုလည်း တွေလာရ တယ်။ ဒါပေမယ့် ပဋိပက္ခဆိုတာ အဲ့ဒီက စတယ်ဆိုတာတော့မဟုတ်ဘူး။ အကြောင်း တရားတစ်ခုအဖြစ်တော့ ဟုတ်တာပေါ့" ဟု မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်း ဒေသကြီး) ဥက္ကဠ ဦးကျော်စောမင်းက သုံးသပ်ပြောကြားသည်။
 ရန်ကုန်တိုင်းဒေသကြီး နာရေးကူညီမှု အသင်းမှ ဦးကျော်သူက လူမှုရေးကွန်ရက် Facebook သည် ကြည့်ဖို့လောက်သာ ကောင်းကြောင်း၊ ဝေဖန်အကြံပြုသူများ၏ စကားများကို လိုက်နာသင့်သည်များကို လိုက်နာစရာများ ရှာတွေ့နိုင်ကြောင်း၊ အကျိုးမရှိပြောဆိုနေသူများ၊ စကားများအား အချိန်ကုန်ခံ မကြည့်ကြောင်းနှင့် အကျိုးရှိရှိ အသုံးချစေချင်ကြောင်း ပြောဆိုသည်။
ဆိုရှယ်မီဒီယာ ဖြစ်သော Facebook သည် သည် အတွေ့အကြုံ မရင့်ကျက်သူများ၊ အွန်လိုင်းသုံးစွဲသက် မကြာသေးသူများအား ယုံကြည်မှုအမှားများဖြစ်စေကြောင်း မြန်မာ သတင်းထောက်များကွန်ရက်မှ ပြန်ကြား ရေးတာဝန်ခံ ကိုသူရမျိုးက " Facebook ပေါ်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ် အောင် လှုံ့ဆော်တာတွေ တွေ့လာရတယ်။ မုန်းတီးရေးစကားတွေ ပြောလာတယ်။ အခုမှ Facebook ကို စသုံးတဲ့ လူတွေက တော့ ယုံတယ်ပေါ့။ များသောအားဖြင့် သူတို့က င်္ခေနဘသသု မှာ သတင်းဖတ်ချင် လို့ သုံးကြရင်း လှုံ့ဆော်သူတွေရဲ့ သား ကောင်ဖြစ်ရတာ"ဟု ၎င်းကဆိုသည်။
ဆိုရှယ်မီဒီယာ၏ သက်ရောက်မှုများ ကို မြန်မာနိုင်ငံသာမက အခြားနိုင်ငံများ လည်း တွေ့ကြုံကြရလေသည်။ အမေရိကန် နိုင်ငံ၏ ၂၀ဝ၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ကွင်းဆင်းလေ့လာချက်အရ ၂၀ဝ၀ ခုနှစ် နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာများကို အသုံးချပြီး လူဖြူများကြီးစိုးရေး အသားပေး ပြောဆိုမှုများ ၃၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က မြန်မာနိုင်ငံတွင် တိကျစွာ ထုတ်ပြန်ထားသော စာရင်းဇယားမရှိသော် လည်း ဆက်သွယ်ရေး ပုံမှန်အင်တာနက် ချိတ်ဆက် အသုံးပြုနေသူ ၁ ဒသမ ဝ၅ သန်း ရှိနေပြီး Facebook သုံးစွဲနေသည့် အကောင့် ရှစ်သိန်းရှိကြောင်း၊ ထို့ကြောင့် အင်တာနက်သုံးစွဲသူများ၏ ၈၀ ရာခိုင်နှုန်း တွင် င်္ခေနဘသသု အကောင့်ရှိကြောင်း ပြော ဆိုခဲ့သည်။
သတင်းနှင့် ပတ်သက်ပါက ယုံကြည် စိတ်ချရသည့် မီဒီယာ Wesite များ ရှိနေ သော်လည်း ခိုင်လုံခြင်းမရှိသည့် သတင်း များကို အမည်ဝှက်မျိုးစုံဖြင့် ရေးသားဖြန့်ဝေ လာကြပြီး လူမျိုးရေးနှင့် ဘာသာရေး ပဋိ ပက္ခဖြစ်စေနိုင်သည့် အသုံးအနှုန်းများ သုံးစွဲ လာကြသည်။ " ကျွန်တော်တို့က အရင် ထိန်းချုပ်မှု စနစ်ကို ပြန်သွားဖို့မဟုတ်ဘူး၊ ဆင်ဆာမရှိ တော့ဘဲ လူအဖွဲ့အစည်းက မိမိဘာသာမိမိ ဘယ်လိုထိန်းကျောင်းမယ်ဆိုတာကို အဖြေ ရှာဖို့ လိုလာပြီ၊ ခုတော့ ပြုပြင်ပြောင်းလဲ ရေးနဲ့ တည်ဆောက်ရေးကို သွားလို့မရဘဲ ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေး ကိုပဲ သွားနေရတယ်၊ ရှေ့မရောက်ဘဲ နောက်ကြောင်းပဲ ပြန်လှည့်နေရတယ်"ဟု ဦးရဲထွဋ်က ဇွန်လ ၂၈ ရက်နေ့တွင် ပြုလုပ် သည့် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
ထို့ပြင် လူမှုရေးကွန်ရက်ပေါ်မှ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းများနှင့်ပတ်သက်ပြီး "ကိုယ်စီ ဆုပ်ကိုင်ထားတဲ့ အမှန်တရားချင်း ပြိုင်နေ ကြတယ်လို့ပဲ မြင်တယ်၊ အဲဒီပြိုင်ဆိုင်မှုက အကျိုးဖြစ်မလား အဆိုးဖြစ်မလားဆိုတဲ့ သုံးသပ်နေတဲ့အကျင့် အားနည်းနေတယ်လို့ မြင်ပါတယ်"ဟု ရန်ကုန် ပြည်သူ့အကျိုး ဆောင်ကွန်ရက်မှ ကိုဝေဠုက ပြောသည်။ မြန်မာနိုင်ငံတွင် အီလက်ထရောနစ် ဥပဒေ ရေးဆွဲနေဆဲအချိန်ဖြစ်သည့် အတွက် ယင်းဥပဒေ ထွက်ပေါ်လာပါက အသရေ ဖျက်မှု၊ ဆူပှုမှုဖြစ်ပေါ်စေရန် ဖန်တီးမှု ပုဒ်မ၊ အဆိုးဝါးဆုံးကတော့ နိုင်ငံတော်လျှို့ဝှက် ချက်ပေါက်ကြားမှု စသည့်ပြစ်မှုများ ထည့် သွင်းရေးဆွဲလာနိုင်ကြောင်း မြို့နယ် တရား သူကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။
ကွန်မြူနစ် စနစ် ကျင့်သုံးသည့် တရျုတ် နိုင်ငံတွင် လူမှုရေး စာမျက်နှာဖြစ်သည့် Facebook သုံးစွဲမှုအား ပိတ်ပင်ထားသော် လည်း ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင် ယင်းစာမျက်နှာ အား ပိတ်ဆို့ရန်မှာ မဖြစ်နိုင်သော်လည်း ထိန်းကျောင်းရန် လိုအပ်လှပေသည်။
နိုင်ငံတကာတွင် Cyber Police ဟု ခေါ်သော အင်တာနက် စောင့်ကြည့်ရုံ ထောက်အဖွဲ့ထားရှိခဲ့ပြီး လူမှုရေး စာမျက်နှာမှ တစ်ဆင့် ခြိမ်းခြောက်မှုနှင့် ဆူပူအြွုံကစေရန် ကြံစည်မှုများရှိပါက ထိန်းသိမ်းမှုများကို လုပ်ဆောင်လျက်ရှိရာ ထိုအဖွဲ့များပင် လို အပ်လာပြီလောဟု မေးခွန်းထုတ်စရာပင် ဖြစ်လာခဲ့လေပြီ။ " Facebook မှာက ဘယ်သူဘာပြော နေတာလဲဆိုတာ ရှာရလွယ်တယ်။ Profile အမှန်သုံးတယ်။ ပြီးတော့ မိတ်ဆွေသူငယ် ချင်းတွေရှိနေတော့ ဘယ်သူ ဘာပြောနေ တယ်ဆိုတာ ရှာရလွယ်တယ်။ ဒါ့ကြောင့် အကောင့်တုတွေ၊ နာမည်ပြောင်တွေ သုံးပြီး ပြောဆိုနေကြတာတွေဖြစ်တာပဲ"ဟု ကျော် စောမင်းက သုံးသပ်ရှင်းပြသည်။ လူမှုကွန်ရက် Facebook ဖြင့် အောင် မြင်လာခဲ့သည့် အလှမယ် နန်းခင်ဇေယျာက ဂျပန်နိုင်ငံမှာ ပြိုင်ခဲ့တုန်းက Facebook သာမရှိရင် ဆုရခဲ့မှာမဟုတ်ပါဘူး၊ အရေးပါ တယ်ဆိုပေမယ့် အရမ်းကြီးတော့ အရေးမပါ ပါဘူး၊ ခုတစ်လော Facebook မှာ ရန် ဖြစ်ကြတယ်၊ ဆဲဆိုကြတာကို တွေ့ရတယ်၊ အဆိုးဆုံးကတော့ အဟက်ခံရတာပေါ့၊ ကောင်းတာလေးကတော့ အပြင်ထွက် ဈေး ဝယ်စရာမလိုဘဲ အွန်လိုင်းကတင်ပဲ ဈေး ဝယ်လို့ရနေတာပါပဲ" ဟု Venus News နှင့် တွေ့ဆုံခဲ့စဉ် ဖြေကြားခဲ့သည်။
နိုင်ငံတော်အစိုးရက ဆက်သွယ်ရေး လိုင်းများ တိုးချဲ့ပေးပြီး လူတန်းစားမရွေး လွယ်ကူစွာ အသုံးချနိုင်ရန် တန်ဖိုးနည်း မိုဘိုင်းဖုန်းများကိုလည်း ကျပ် ၁၅၀ဝ ဖြင့် ချပေးခဲ့ရာ လာမည် ၂၀၁၄ ခုနှစ်တွင် ခြောက်ဆထိ တိုးချဲ့ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့လူဦးရေ သန်း ၆၀ တွင် မိုဘိုင်း အသုံးပြုသူ ၇ ဒသမ ၃ သန်းသာ ရှိသော ကြောင့် လူဦးရေ၏ ၇၅ ရာခိုင်နှုန်း မိုဘိုင်း ဖုန်းအသုံးပြုနိုင်ရန် အစိုးရမှတိုးချဲ့ပေးမည် ဖြစ်ရာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကောလာဟလများ ပိုမိုဖြစ်ပွားဖွယ်ရာ ရှိသည်ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြား သည်။
"ဆူပူမှုတွေမှာ လူအတုတွေ ဝင်လာ သလို င်္ခေနဘသသု မှာလည်း လူအတုတွေ ဝင်လာပြီး လှုံ့ဆော်မှုတွေဖြစ်အောင် လုပ် လာမှာကို သတိထားရမယ်၊ နစ်နာစေလိုတဲ့ စိတ်နဲ့မဟုတ်ဘဲ သင့်မြတ်သော၊ တရား မျှတသော ဥပဒေတွေနဲ့ ထိန်းကျောင်းပေး ဖို့တော့ လိုပါလိမ့်မယ်"ဟု သတင်းစာဆရာ ကျော်စောမင်းက သုံးသပ်ပြီး မြန်မာ သတင်းထောက်များကွန်ရက်မှ ပြန်ကြား ရေးတာဝန်ခံ ကိုသူရမျိုးက "အခုနောက်ပိုင်း ဖုန်းတွေချပေးတယ်၊ ဖုန်းနဲ့လူတွေ သုံးလာ ကြာတယ်၊ လူသုံးများလာတယ်ပေါ့၊ ဒီလို လူသုံးများလာတာကနေ Facebook ပေါ် မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ် အောင် လှုံ့ဆော်တာတွေ တွေ့လာရတယ်။ အခုမှ င်္ခေနဘသသု ကိုစသုံးတဲ့ လူတွေက တော့ ယုံတယ်ပေါ့၊ များသောအားဖြင့် သူတို့က င်္ခေနဘသသု မှာ သတင်းဖတ်ချင် လို့ သုံးကြရင်း လှုံ့ဆော်သူတွေရဲ့ သား ကောင်ဖြစ်ရတာ၊ နောက်ပိုင်း မိုဘိုင်းဖုန်း တွေ ပိုချလာမယ် လူတွေပိုသုံးလာမယ်၊ ဒါဆိုရင် င်္ခေနဘသသု ဟာ ပဋိပက္ခဖန်တီးသူ တွေရဲ့ ကစားကွင်းဖြစ်လာနိုင်ဖို့ရှိတယ်" ဟု ဆိုသည်။
စာမျက်နှာသည် ယနေ့ လူကြီးလူငယ်မရွေး စိတ်ကျက်စားရာ၊ သတင်းဖတ်ရာ၊ ပေါက် ကွဲထွက်ရာ နေရာကြီးဖြစ်လာခဲ့ပြီး ယင်း နေရာအား အခြေခံသည့် ခွဲခြားဆက်ဆံ ပြောဆိုမှုများ၊ ပဋိပက္ခဖြစ်စေရန် လှုံ့ဆော် ရေးသားမှုများ ကြီးထွားလာပြီး ယဉ်ကျေးမှု၊ ခံယူချက်နှင့် ပင်ကိုစိတ်များ ပျောက်ကွယ် သွားမည်ကို စိုးရိမ်ကြောင်း လူမှုကွန်ရက် Facebook သုံးသူအချို့ကပြောကြပြီး ယင်း တို့ကို ထိန်းသိမ်းရန် ပြောဆိုရေးသား သူ တို့သည် ချင့်ချိန်ပြီးယုံကြည်ရန် လိုအပ် ကြောင်း လူအတုများ၏ သွေးခွဲမှုကို မခံရ စေရန် သတိရှိဖို့လိုအပ်ကြောင်း သုံးသပ် ကြလေသည်။

ခင်နှင်းကြည်သာ 

သက်မဲ့ ဘုရားနှင့် သက်ရှိ ရဟန်းတွင် ဘယ်အလှူ မြတ်သနည်း


မိတ်ဆွေတစ်ဦးက မေးလာသော မေးခွန်း ဖြစ်ပါသည်။
"ပရိတ်နိဗ္ဗာန်ပြုပြီးဖြစ်သောဘုရားရှင် နှင့် သက်ရှိထင်ရှား သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းတော် ဤရတနာနှစ်ပါးကို ဆွမ်းလှုခြင်းတွင် မည်သည်က မြတ်ပါသနည်း" ဟူ၍ ဖြစ်ပါသည်။ စာဖတ်သူတို့လည်း မည်သို့ ထင်မြင်ပါသနည်း။
ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကပင် ဘုရားသားတော် ရဟန်းများ ကို ကိုးကွယ်ဆည်းကပ်ရန် မှာကြားခဲ့ပြီးသား ဖြစ်သည်။ ယင်းသို့ မှာကြားခဲ့ခြင်းကြောင့် ယနေ့တိုင် ဘုရားသားတော် ရှင်ရဟန်း၊ ဆရာတော် များကို ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ သို့ပါသောကြောင့် သာသနာတော် တည်တံ့ပြန့်ပွားရသည်။
ထိုသို့ သာသနာအဓွန့်ရှည်စေရန် မျှော်မှန်း၍ ဟောကြားပေးအပ်ခဲ့သော ဗုဒ္ဓမြတ်စွာဘုရား၏ ကျေးဇူးတော်ကို လည်းကောင်း၊ ရှင်တော် ဘုရား ဟောကြားအပ်သော တရားတော်များကို နာကြားနေ ရသော ကြောင့်လည်းကောင်း၊ သာသနာ့ဘောင်အတွင်းတွင် နေထိုင် အသက်ရှင် နေရသောကြောင့် လည်းကောင်း အစရှိသဖြင့် အကျိုးကျေးဇူး များစွာကို သိရှိနားလည်သည့် အနေဖြင့် အသက်မရှိတော့သော်လည်း ရှိသည်အမှတ်ဖြင့် နေ့စဉ် ကိုးကွယ်ခြင်း အလုပ်သည် ထူးကဲသော ကုသိုလ်တစ်မျိုးပင် ဖြစ်သည်။ ဘုရားရှိခိုးပူဇော်သည့် အခါတိုင်း ဗိုလ်ငါးပါး ဟုခေါ်သည် သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ ဝီရိယ တို့ကပ်ပါလျှင် ပို၍ ထူးကဲ များပြားသော ကုသိုလ်ထူးကို ရအပ်သည်။
နိဗ္ဗါန်ကို ရည်မှန်း၍ ပြုသော အလှူမှန်လျှင် ပုဂ္ဂိုလ်ဆွဲ မရှိ၊ အယုတ် အလတ်၊အမြတ်မရွေး လှူဒါန်းရမည်ဟုလည်း ဟောကြားထားသည် ကိုလည်း အချက်ပိုအနေဖြင့် သိရှိ မှတ်သားစေလိုပါသည်။

ထို့ကြောင့် ရှင်တော် ရဟန်းများအား ဆွမ်းကပ်ခြင်းအပြင် နေ့စဉ် ဘုရားဆွမ်းတော်တင်ခြင်း၊ ဆီမီး၊ရေ၊ပန်း ကပ်လှူပူဇော်ခြင်း ကလည်း ပြုလုပ်အပ်သော ကုသိုလ်ထူး တစ်ခုဖြစ်ပါကြောင်း အသိပေးပြီး နိဂုံးချုပ်အပ် ပါသည်။
--
အောင်ခမ်း (ရိုးရာလေး)

learning english,


သူငယ်ချင်းရေ...

မလုပ်နိုင်ဘူးဆိုတာမရှိပါဘူး။မဖြစ်သေးတာပဲရှိတယ်။
ဒီImpossible ဆိုတဲ့စာလုံးလေးတောင်ကိုယ့်ဘက်ကကြည့်
တတ်ရင်အနက်အဓိပ္ပာယ်ကငါဖြစ်နိုင်တယ်ဆိုတာဖြစ်သွား
သေးတာပဲ။ အဓိက ကျတာက ကိုယ့်ဘက်ကကြည့်တတ်
ဖို့ပါ။ ကဲ Impossible မဟုတ်တော့ဘူးနော်..I'm possible!
ှုI'm possible! Yes, I'm possible...


** Hope **

လူနာတဦးဆေးကုသဆောင်သုံးထပ်အဆောက်အဦးပေါ်မှ ခုန်ချ

ရပ်ကွက်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် ယာဘက်အာခေါ င်၌ အကြိတ်ပေါက်နေ ၍ ခွဲစိတ် ကု သရန် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသနေသူ မမေဖြိုးအောင်၊၂၈နှစ်၊ (ဘ)ဦးမောင်အေး၊ သုံးအိမ်ကျေးရွာ၊ တွံတေးမြို့နယ်
သူသည်ဆေးကုသဆောင် သုံးထပ်အဆောက်အဦးပေါ်မှ ခုန်ချခဲ့၍ ၎င်းတွင် ယာပါးဖူးယောင် ဆုတ်ပြဲဒဏ်ရာ၊နောက်စေ့ဖူးယောင်ဒဏ်ရာ၊အပေါ်သွားနှစ်ချောင်းကျိုးဒဏ်ရာ၊ ယာလက်ဖျံကျိုး၊ ယာပေါင်ကျိုးဒဏ်ရာများရရှိခဲ့သဖြင့် ၀၄၂၅အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိပြီး အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်ငံတကာမယ်ပြိုင်ပွဲအတွက် မယ်မြန်မာ ဂုဏ်ရည်အေးကျော် ပြင်ဆင်မှုတွေ ပြုလုပ်နေ


မယ်မြန်မာ ၂၀၁၃ ဆုရ ဂုဏ်ရည်အေးကျော်အတွက် ခုချိန်ဟာ သူ့ရဲ့ နိုင်ငံတကာပြိုင်ပွဲကြီးအတွက်
ပြင်ဆင်မှုတွေကို အားသွန်ခွန်စိုက် ပြုလုပ်နေရတဲ့ အချိန်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သူ သွားရောက်ယှဉ်ပြိုင်မယ့် နိုင်ငံတကာမယ်ပြိုင်ပွဲ
(Miss International Contest) ဟာ လာမယ့် အောက်တိုဘာလကုန်ပိုင်းမှာ ဂျပန်နိုင်ငံမှာ
ပြုလုပ်မှာ ဖြစ်တာကြောင့် တစ်စစနဲ့ နီးကပ်လာပြီလည်း ဖြစ်ပါတယ်။
"အခု ဂုဏ်ရည် နေ့တိုင်း လုပ်ဖြစ်နေတာက ခန္ဓာကိုယ်ထိန်းသိမ်းမှုတွေ လုပ်တယ်။ ပြီးတော့
ပြိုင်ပွဲမှာ talent show လည်း ပါတယ်ဆိုတော့ စောင်းတီးတာကို လေ့ကျင့်နေပါတယ်။
သီချင်းအားလုံး သုံးပုဒ်ပြင်ဆင်ထားပြီး မြန်မာ သီချင်းအနေနဲ့ကတော့ နိုင်ငံတော် သီချင်းကို
ပြင်ဆင်ထားပါတယ်။
နောက်နှစ်ပုဒ်ကတော့ အင်္ဂလိပ်သီချင်းတစ်ပုဒ်နဲ့ ဂျပန်မှာ သွားပြိုင်ရမှာဖြစ်တဲ့အတွက် ဂျပန်သီချင်း
တစ်ပုဒ်ကို မြန်မာစောင်းနဲ့ အနီးစပ်ဆုံး သီချင်းရဲ့ သံစဉ်ပေါ်လွင်အောင်တီးဖို့ လေ့ကျင့်ထားပါတယ်"
လို့ ပြိုင်ပွဲအတွက် ပြင်ဆင်နေတာတွေကို ဂုဏ်ရည်အေးကျော်က မြန်မာတိုင်း(မ်)ကို ပြောပြပါ
တယ်။
ပြင်ဆင်မှုတွေ ပြုလုပ်နေစဉ်မှာ အခက်အခဲတချို့လည်း ကြုံတွေ့ရတယ်လို့လည်း ဆိုပါတယ်။
"စောင်းနဲ့ တီးဖို့ ရွေးထားတဲ့ အင်္ဂလိပ်သီချင်းက Savage garden အဖွဲ့ရဲ့  truly madly deeply
သီချင်း။ ခုလေ့ကျင့်နေတာမှာ မူရင်း အသံမထွက်ဘူး ဖြစ်နေတယ်။ ဖြစ်အောင်ကြိုးစားနေပေမယ့်
အဆင်မပြေရင်တော့ နောက်သီချင်း ပြောင်းရလိမ့်မယ်"လို့ ပြောပါတယ်။
ပြိုင်ပွဲမှာ ဘာသာစကားကလည်း အဓိကကျတာကြောင့် သူ့ကို စပွန်ဆာ ပေးထားတဲ့ Education
future generation သင်တန်းကျောင်းက ဆရာမနဲ့ အင်္ဂလိပ်ဘာသာ စကားကိုလည်း လေ့လာ
နေတယ်လို့ ဆိုပါတယ်။
"ပြိုင်ပွဲမှာ အင်တာဗျူးတွေရော၊ အရေးတွေရော ဖြေရမှာဖြစ်လို့ ဂုဏ်ရည် အင်္ဂလိပ်စာကို
အကောင်းဆုံးဖြစ်အောင် သင်ယူနေပါတယ်။ ဂျပန်စကားကတော့ အချိန်လည်းမရတော့ မသင်ဖြစ်
တော့ပါဘူး"လို့ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေတော့ ဧည့်လမ်းညွှန် စာအုပ်တွေကနေ လေ့လာထား
တယ်လို့ ပြောပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆုတစ်ဆု ပိုင်ဆိုင်ချင်တယ်လို့လည်း ဆိုပါတယ်။
"ကိုယ့်ကိုယ်ကိုယ်အတွက် ဆိုတာထက် မြန်မာအနေနဲ့ သွားရမှာဆိုတော့ မြန်မာနိုင်ငံအတွက်
ဆုတစ်ခုခု ပြန်လိုချင်မိပါတယ်။ ပရိသတ်ပေးမယ့်ဆုကို ယုံကြည်ပြီးသားဖြစ်ပေမယ့် အဲဒီဆုကို
ကျော်လွန်ပြီး ဆန်ခါတင်ထဲ ၀င်သွားတာဖြစ်ဖြစ်၊ မေးခွန်းဖြေခွင့် ရခဲ့တာပဲဖြစ်ဖြစ်၊ ဆုတစ်ခုခု
ရတာပဲဖြစ်ဖြစ် အဲလိုမျိုး မြန်မာနိုင်ငံအတွက် အရမ်း ရချင်ပါတယ်။ ရနိုင်အောင်လည်း ကြိုးစားနေ
ပါတယ်"လို့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူမျှော်လင့်ထားတာတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။
တစ်ဦးတည်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် မိတ်ကပ်ပြင်ဆင်မှုအပိုင်းကို မိတ်ကပ်
ညီညီမောင်(စမ်းချောင်း)က သင်ပေးတယ်လို့လည်း ပြောပြပါတယ်။
"ဟိုမှာက မိတ်ကပ်ပြင်ပေးမယ့်သူတွေ ရှိပေမယ့် မြန်မာဝတ်စုံဝတ်တဲ့အခါကျရင် ဆံထုံး ထုံးတာက
အစ မတူဘူးဆိုတော့ ကိုယ်တိုင်လုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ညီညီမောင်(စမ်းချောင်း) က
စပွန်ဆာပေးပြီး သင်ပေးနေတာပါ"လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။
ပြိုင်ပွဲဝင်ဖို့လည်း နှစ်လလောက်အချိန်ရသေးတာကြောင့် ဗိုက်မှာအဆီ နည်းနည်းရှိနေသေးတာကို
စိတ်တိုင်းမကျသေးတဲ့အတွက် လုံးဝမာသွားအောင် အဆီချနေတယ်လို့လည်း ဆိုပါတယ်။
ဒီနှစ်အတွက် နိုင်ငံတကာမယ်ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းက အလှမယ်ဦးရေ ၈၀ ခန့် ၀င်ရောက်
ယှဉ်ပြိုင်ကြမှာဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတော့ နိုဝင်ဘာလထဲမှာ ကျင်းပပြုလုပ်သွားမှာ
ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ၁၉၆၀ ပြည့်နှစ်က စတင်ကာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပ
ခဲ့တာဖြစ်ပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်းကစပြီး ဂျပန်နိုင်ငံမှာ ပြောင်းလဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေ နဲ့ ၁၉၆၁ ခုနှစ်တစ်နှစ်တည်းမှာသာ ပါဝင်နိုင်ခဲ့ပြီး နှစ်ပေါင်း အတော်ကြာပြီး
နောက် ၂၀၁၂ ခုနှစ်မှာ နန်းခင်ဇေယျာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မစ္စအင်တာနက်ဆုနဲ့ ပရိသတ်အကြိုက်
ဆုတွေကို ရရှိခဲ့ပါတယ်။

သားမယားအဖြစ် နေထိုင်ဆက်ဆံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်အား အင်တာနက်တွင် တင်သူ မကွေးရဲတပ်ဖွဲ့က အရေးယူ



သားမယားအဖြစ် နေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဗီဒီယိုခွေအား အင်တာနက်တွင် တင်မည်ဟု ဆိုကာ ကာယကံရှင် မိန်းကလေး ထံသို့ပေးပို့ပြီး အင်တာနက်တွင် အမှန်တကယ် တင်ခဲ့သည်ဟု ယူဆရသူ အား မကွေးမြို့ ၊မြို့မရဲစခန်း မှ ယမန်နေ့က အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မကွေးမြို့မှ နာမည်ကြီး စတိုးဆိုင် ၀န်ထမ်းတစ်ဦး ဖြစ်သူ အသက် ၂၉ နှစ် အရွယ်ရှိ မသက်သက် ( အမည်လွဲထား ) သည် လွန်ခဲ့သော ၉ နှစ်ခန့်က ထိုစတိုးဆိုင်သို့ မကြာခဏ ဈေးဝယ်လာလေ့ ရှိသည့် မကွေးမြို့ ၊ ကန်သာရပ်ကွက် နေသူ စိုးလွင် ၄၂ နှစ်နှင့် ငြိစွန်းကာ သားမယားအဖြစ် နေထိုင်ဆက်ဆံ ခဲ့ကြာင်း ၊ ထိုသို့ နေထိုင်လာခဲ့ရာက စိုးလွင်သည် အိမ်ထောင်သည် တစ်ယောက် ဖြစ်ကြောင်း သိရှိရ၍ အတွေ့မခံ တော့ဘဲ ရှောင်တိမ်း နေခဲ့ရာမှ လွန်ခဲ့သော ရက်ပိုင်း ( နေ့ရက်မမှတ်မိ ) က စိုးလွင် ရောက်ရှိလာပြီး ၎င်းငှားရမ်း နေထိုင်ရာ ဆီသို့ အတင်းအကြပ် ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း ၊ မသက်သက် က ငြင်းဆန်သော အခါ စိုးလွင် က မသက်သက် ၏ ပါးအားနှစ်ချက် ဆင့်ရိုက်ပြီး မသက်သက် ၏ တစ်ကိုယ်လုံးကို ရစရာ မရှိအောင် လုပ်ပြစ်မည်ဟု ခြိမ်းခြောက် ပြောဆိုကာ သားမယား အဖြစ်ပြုကျင့် ခဲ့ကြောင်း ၊ ထို့နောက်
စိုးလွင်သည် မူဆယ်သို့ သွားခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့က မကွေးသို့ ပြန်ရောက် လာကာ မသက်သက် နှင့် သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့သော ဗီဒီယိုဖိုင် အား အင်တာနက်တွင် တင်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ၊ ထို့နောက် မေလ ၂၃ ရက် နှင့် ဇွန်လ ၇ ရက်နေ့များက ၎င်းတို့နှစ်ဦး သားမယား အဖြစ်နေထိုင် ဆက်ဆံခဲ့စဉ် ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ဇွန်လ ၇ ရက်နေ့က သူမထံ ပေးပို့ခဲ့ကြောင်း ၊ သို့အတွက်
မသက်သက် သည် ရှက်၍ မန္တလေး သို့ ထွက်သွားခဲ့ ကြောင်း ၊ မန္တလေးတွင် နှစ်ပတ်ခန့်နေခဲ့ ပြီးမကွေးသို့ ပြန်လာခဲ့ ကြောင်း ၊ မကွေးသို့ ရောက်ရှိပြီး အလုပ်ပြန်ဝင်ခဲ့ရာ စတိုးဆိုင်မှ လျှပ်စစ်ပစ္စည်း အရောင်းဝန်ထမ်း ဖြစ်သူ
ကိုသော်တာ က သူမနှင့် စိုးလွင်တို့၏ ဗီဒီယိုဖိုင်အား အင်တာနက် ၀က်ဘ်ဆိုက် တစ်ခုတွင် ကြည့်ရှု ခဲ့ရကြောင်း ပြောပြသိရှိရ၍ မကွေးမြို့ ၊ မြို့မရဲစခန်းသို့ သွားရောက် တိုင်တန်း အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးမြို့မ ရဲစခန်းမှ (ပ)၁၃၇/၂၀၁၃ ၊ ပြစ်မှု ဥပဒေ ပုဒ်မ ၃၇၆/ ၅၀၀/ ၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ ကာ အမှုကို ခိုင်မာစွာ တည်ဆောက်၍ အမြန်ဆုံး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

myawady

ခေါက်ဆွဲထုပ်ကို အန္တရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်းလူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။

ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။

ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။

အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။

အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။

ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။ ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။

အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

ဒေါက်တာဦးကိုကို
By Good Health

" အမြန်လမ်းမကြီး နဲ့ပတ်သက်ပြီး စာရေးဆရာ၊ ဒါရိုက်တာနေနော်၊စာရေးဆရာမ ပုညခင်တို့ ရဲ့ အကြံပြုချက်


" အမြန်လမ်းမကြီး နဲ့ပတ်သက်ပြီး စာရေးဆရာ၊
ဒါရိုက်တာနေနော်ရဲ့ အကြံပြုချက်"
==========================

အမြန်လမ်းမကြီးပေါ်ပရိတ် ရွတ်ကြပြီတဲ့ ဖြစ်သင့်တာကြာပါပြီ လမ်းနဲ့ပတ်သက်သူတွေက ယဉ်မောင်း တွေကိုအပြစ်ပုံကြ ကားသမားတွေက တာယာတွေခနခနကွဲရ တဲ့အ ကြောင်းကိုထောက်ပြကြ ငြင်းခုံနေမယ့်အစား အရှိကို အရှိအတိုင်းလက်ခံလိုက်တာပိုကောင်းပါတယ်။

ကျွန်တော် အဲ့လမ်းကိုစ မောင်းတော့ တိုးဂိတ်ကျော်တာနဲ့ အိပ်ငိုက်တော့တာပဲဗျာ အင် မတန် အအိပ်မမက်တဲ့ကောင်တောင် အိပ်ငိုက်တယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ ဖြစ်သင့်တာက လမ်းမကြီးဟာလူတွေနဲ့ လုံးလုံးအဆက်ဖြတ်ထားတာမျိုး မဟုတ်ဘဲမကြာမကြာ ဘေးဘီဝဲယာမှာ လူတွေ ဆိုင်တွေကိုတွေ့သင့်တယ် ခုတော့၁၁၅မိုင် ကျမှလူတွေနဲ့ပြန်တွေ့ရမယ် ဆိုတဲ့အသိက ယဉ်မောင်းကို psyco ဝင်စေတယ် မိုင် ၂၀တစ်ခါလောက် ဆီဆိုင် လဘက် ရည်ဆိုင် ဖြစ်ဖြစ် ဖွင့်ပေးထားသင့်တယ် ဒါဆိုနားနားနေနေမောင်းလို့ရတယ်။။

ခုတော့ ၁၁၅ မိုင် ရောက်မှဆိုတဲ့အသိက tension ဖြစ်လာပြီး ခပ်သုတ်သုတ်ဖိမောင်းအောင် အားပေးတော့တာပဲ ပြီးတော့ ကွန်ကရစ်နဲ့ကတ္တရာဟာ friction ချင်းမတူတဲ့အတွက် ကွန် က လေ ပေါင် ပိုတက်စေတယ် နားရမယ့်နေရာ မရှိတောက်လျောက် မောင်းရ တော့တာယာတွေကွဲတယ် ကျွန်တော်တို့အမြန်မလိုပါဘူး။

နားနားနေ နေ အပန်းဖြေပြီး အေးချမ်းသာယာစွာ ခရီးသွားချင် ပါတယ် ရှူခင်းတွေကြည့်ရင်း မကြာခန ကားရပ်ပြီးလဘက် ရည်ဆင်းသောက်ချင် ပါတယ် ဖြစ်နိုင် ရင် ဖြတ်သွားဖြတ်လာ လူတွေကိုလည်းငေးမောချင် ပါတယ် လွင် ထီးခေါင် ထဲမောင်းနေရပါလားဆို တဲ့ အားငယ်စိတ်ကိုလည်း ပယ်ဖျောက်ချင် ပါတယ် ပြန်ပိတ်လို့မှမရနိုင် ပဲအရှိကိုလက်ခံပြီး လိုတာတွေပံ့ပိုးလိုက် ရင်ကောင်းသွား မှာပါ တစ်လတစ်ခါ ပရိတ ရွတ်တာ မျိုးလည်း ပုံမှန်လုပ်သင့်ပါတယ်နို့မို့ဆို တိုးဂိတ်ကျော်တာနဲ့ ငါတော့ အန္တရာယ် ဇုံထဲရောက်ပြီလို့ခံစားရ ပါကြောင်း"

ဒါရိုက်တာနေနော်က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ အကြံပြုတင်ပြထားတာတွေ့ရပါတယ်။
" အမြန်လမ်းနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်ပေါ်က
ဆရာမပုညခင်၏ အကြံပြုချက်"
=========================

အမြန်လမ်းမကြီးပေါ်မှာ ကားမောင်းရင်း အိပ်ငိုက်ကြ တဲ့အကြောင်း ခဏခဏကြားရ တော့ ကျွန်မကား မောင်းခဲ့ချိန် က ကိုယ့်နည်းကိုယ်ဟန်နဲ့ အိပ် ချင်လာကြောင်းသိရအောင် လုပ်ခဲ့တာလေး သွားသတိရပါ တယ်။

လွန်ခဲ့တဲ့ ၈လလောက်က ကျွန်မအမျိုးသားရယ် မောင် လေးရယ်နဲ့ သုံးယောက်အတူ ပုဂံညောင်ဦးကို ခရီးထွက်ဖြစ် ကြပါတယ်။ ခရီးဝေးမောင်း မှာမို့ကားဘီးလေပေါင်မများ အောင် ပြန်စစ်ရပါတယ်။လေ ပေါင်သိပ်များရင် တာယာကွဲ ထွက်မှာစိုးလို့ပါ။ အပူကြောင့် လေဟာပေါ့ပြီး ပွလာတတ်လို့ ပါ။ ကားအောက်ပိုင်းကို လည်း ခရီးဝေးသွားလို့ အဆင်ပြေ မပြေ
စစ်ရပါတယ်။

နောက်ပြီး ည ဘက်ကားမောင်းတာဟာ လူကို ရော ကားကိုပါအပူသက်သာစေ တဲ့အတွက် ညဘက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်ကနေ ည ၉နာရီ လောက်ထွက်လာကြပါတယ်။ ၁၁၅ မိုင်ထိ မောင်လေးမောင်း။ ၁၁၅မိုင်ကနေ နေပြည်တော်ထိ ကျွန်မမောင်း၊ နေ ပြည်တော်က နေ ပုဂံထိ အမျိုးသား မောင်းဖို့
တာဝန်ခွဲဝေလိုက်ပါတယ်။ ၁၁၅မိုင် feel မှာစားသောက်ပြီး ထွက်လာတော့ ည ၁၂နာရီပါ။ည၁၂ နာရီမှာမောင်းဖို့ရွေးချယ် ရတဲ့ အကြောင်းက ကျွန်မအိပ် ချိန်က ည ၂နာရီမို့ပါ။ ၁၂ နာရီဆိုတာ ကျွန်မအလန်းဆုံး အချိန်ပေါ့။

ကျွန်မဆက်မောင်း လာတဲ့ အချိန်မှာမိုးကလည်းရွာ လာပြီး မောင်လေးနဲ့ အမျိုးသား လည်းအိပ်သွားကြပါတယ်။ကျွန်မ လည်း ဒီအချိန်
အိပ်နေကျ မဟုတ်ပေမယ့် အာရုံစူးစိုက်ပြီး အမှောင်ထဲကိုပဲ ကြည့်နေရတော့ နည်းနည်း အာရုံညောင်းလာ ပါတယ်။ သီချင်းဖွင့်ထားရင် အိပ်ချင်ပြေတယ်လို့ လူအများ ထင်ကြပေမယ့်ပုံမှန်ထွက် ပေါ် နေတဲ့ ဂီတသံစဉ်ဟာ လူကို ချော့ သိပ်သလိုဖြစ်လာတတ်တာ ပါ။တကယ်တမ်းအိပ်ချင်လာရင် အနားက ဘယ်သူပဲ စကားပြော ပေးပေး ဘာသီချင်းပဲ ဖွင့်ဖွင့် လုံးဝမတွန်းလှန်နိုင်ပါဘူး။အိပ် ချင်စိတ်ဆိုတာ အတွင်းကလာ တာပါ။ အတွင်းရန်ကို အပြင်လူ မနိုင်ပါဘူး။ ကိုယ့်ခန္ဓာကိုယ့်ခံ နိုင်ရည်၊စိတ်ခွန်အား၊ ဦးနှောက် ခွန်အားတွေနဲ့ပဲ

အိပ်ချင်စိတ် ကိုတွန်း။ လှန်နိုင်တာမျိုးပါ။ ပြင်ပ အကူအညီက အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ် တမ်းသိပ်အိပ်ချင်လာရင် ဘယ်လို မှတားဆီးမရ နိုင်ပါဘူး။

ကျွန်မကားမောင်းနေချိန် မှာ ကွေ့ရှိရင် ပြထားတတ်တဲ့ မြားတွေ မြင်တိုင်း အရှိန်လျှော့ ပါတယ်။လမ်းတွေဟာ ညီညာ ပြန့်ပြူးနေလို့ပိုသတိရှိရပါတယ်။ ၁၁၅မိုင်ရဲ့ဟိုမှာဘက်မှာ ပိုဖြစ် တတ်တာကအဲ့ဒီဘက်ဟာ စိတ် လွတ်ကိုယ်လွတ် သိပ်မောင်း ကောင်းတဲ့ မြေညီများလို့ပါ။ ၁၁၅မိုင်အထိက အကွေ့တွေ များလို့တအားသတိထား မောင်း ခဲ့ရသူတွေဟာအဲ့ဒီဘက်လည်း ရောက်ရောစိတ်ကိုသက်သောင့် သက်သာဖြေလျှော့ လိုက်ကြတတ် လို့ပါ။ကားမှန်ပိတ် အဲကွန်းဖွင့် မောင်းနေတဲ့အတွက် သိပ်ကို သက်သောင့်သက်သာဇိမ်ကျ လွန်းတဲ့ အခြေအနေကလည်း သတိကို လွတ်စေတဲ့အတွက် ကီလိုမီတာ ဘယ်လောက်နဲ့ မောင်းနေသလဲဆိုတာ မကြာ မကြာကြည့်ရပါတယ်။ကားဆို တာမျိုးကမြန်လေမောင်းကောင်း၊ စီးကောင်းလေမို့လို့ပါ။

ကိုယ့်ကိုယ်ကိုယ်အာရုံညောင်း စပြုပြီလို့ သိတဲ့အချိန်မှာ ကျွန်မ သီချင်းကလေးစ ဆိုပါတယ်။သီချင်းဆိုတော့ ကိုယ့်အသံ ကိုယ်ပြန်ကြားရတယ်။ကိုယ် ကြားနေတဲ့ ကိုယ့်အသံဟာ ပုံ
မှန်လား ဘက်ထရီဒေါင်းနေတဲ့အသံလား" ကိုယ့်ဘာသာပြန် ဝေ ခွဲလို့ရတာပေါ့။ ခဏကြာတော့ အသံကလေးပြီး လျှာဝါးသလို ဖြစ်လာတယ်။ အရက်မူး သမား တွေ လျှာလေးအာလေး သီချင်း ဆိုသလိုဖြစ်လာချိန်မှာ ငါ တကယ်ဘက်ထရီ ဒေါင်းနေပြီ လို့ သိလိုက်ပြီး ကားကို လမ်း ဘေးချရပ်လိုက်ပါတယ်။

အမျိုး သားတစ်လှည့်မောင်းတဲ့အချိန် မှာ ကားနောက်ခန်းမှာ
အိပ် ပျော်သွားလိုက်တာများ လုံးဝ ဘက်ထရီမရှိတော့တဲ့ စက်ရုပ် လိုတုံးခနဲပါပဲ။ကိုယ့်ကိုယ်ကိုယ်ဘက်ထရီဒေါင်းမဒေါင်းစမ်းသပ်တဲ့ ဒီနည်းကအဝေးပြေးကားမောင်းသူတွေ၊သူများကားမောင်းရသူတွေ
အတွက်တော့ အဆင်ပြေမယ်မထင်ဘူး။

ပုညခင်

မိခင်နို့ တိုက်ကျွေးခံရသူများ အသက် ၇ နှစ်တွင် အိုင်ကျူ အဆင့် လေး ရနိုင်ဟုဆို

  
The Voice Weekly
ငယ်စဉ်ကတည်းက မိခင်နို့ကို တိုက်ကျွေးခြင်း ခံရသည့် ကလေးငယ် များသည် အသက် သုံးနှစ် အရွယ်တွင် ဝေါဟာရ အတော်များများကို အခြား မတိုက်ကျွေးသည့် ကလေးများထက် ပိုမှတ်မိပြီး၊ အသက် ခုနစ်နှစ် အရွယ် တွင် အံ့သြစရာ ကောင်းလောက်အောင် အိုင်ကျူအဆင့် မြင့်မားကြောင်း အမေရိကန် ဆေးပညာအဖွဲ့ထုတ် မဂ္ဂဇင်းတွင် ရေးသား ဖော်ပြထားသည်။

မိခင်နို့ကို အနည်းဆုံး တစ်နှစ်ခန့် တိုက်ကျွေးခြင်း ခံရသည့် ကလေးများ သည် အိုင်ကျူ အမှတ် အဆင့် လေး ရသည်အထိ မှတ်ဉာဏ်ကောင်းကြောင်း သုတေသီများက ၎င်းစာစောင်တွင် ရေးသား ထားသည်။

မိခင်နို့ကို သောက်သုံးခွင့် ရသူများသည် တစ်လလျှင် အမှတ် ဒသမ ၃၅ မှတ်ထိ တိုးလာပြီး၊ စကားပြောဆိုနိုင်စွမ်းမှာလည်း ဒသမ ၂၉ မှတ် အထိ တိုးတက်နိုင်သည်ဟု သုတေသီများက ဆိုသည်။

ပီကေဝါးသူများတွင် ဦးနှောက် မှတ်ဉာဏ် ချွတ်ယွင်းမှု စောစီးစွာ ဖြစ်နိုင်ဟုဆို

The Voice Weekly
ပီကေဝါးပြီး သွားရောဂါ ဖြစ်သူများတွင် အယ်လ်ဇိုင်းမားခေါ် ဦးနှောက် မှတ်ဉာဏ် ချွတ်ယွင်းသည့် ဝေဒနာကို စောစီးစွာ ခံစားရကြောင်း သွားနှင့် ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ စိန့်ဂျွန်ကရင်က ပြောကြား ခဲ့သည်။

ပီကေ စားသူများတွင် သွားရောဂါ စွဲကပ်နိုင်ပြီး ယင်းမှတစ်ဆင့် ဗက်တီးရီးယားများသည် မှတ်ဉာဏ် ပျက်ယွင်းစေသည်အထိ ဒုက္ခပေးနိုင်ကြောင်း ဒေါက်တာကရင်က ဆိုသည်။

ပီကေဝါးခြင်းဖြင့် ကျိုးပဲ့ ပျက်စီးလာသော သွား အစိတ်အပိုင်းနှင့် သွားဖုံးများ မှတစ်ဆင့် ဗက်တီးရီးယားများ ဝင်လာတတ်ကြောင်း၊ ထိုဗက်တီးရီးယား များသည် နာ့ဗ် ဆဲလ်များ အတွင်းသို့ ဝင်ရောက်သွားခြင်းကြောင့် အာရုံကြောများ ပျက်စီးပြီး မှတ်ဉာဏ် ချွတ်ယွင်းမှုများ ကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း လန်ကက်ရှိုင်းယား ဗဟိုတက္ကသိုလ် မှ ဒေါက်တာ ဆင်မ်ရှင်ဂျရွိုင်းကလည်း ပြောကြားသည်။

၁၃ပေါင်၎အောင်စကလေး ဓမ္မတာအတိုင်းမွေး

Yangon Media Group
REF:AFP
ဒါတွမ် ဇူလှိုင် ၃၀

ကလေးမှာ တစ်စတုန်နီးပါး ရှိပြီး အရပ်၂၂ဒသမ၆လက်မ ရှိ၍ ဂျာမနီ၌မွေးဖွားခဲ့သည်။
ဂျက်လင်းန်ကလေးမှာ ဇူ လိုင် ၂၆ရက်တွင် ၁၃ဒသမ၄ရ ပေါင်ရှိသည်။ ဤမိန်းကလေးမျိုး မွေးဖွားရာတွင် ဗိုက်ခွဲ၍မွေးလေ့ ရှိသည်။ သို့ရာတွင် ဤမိန်းကလေး အား သဘာဝအတိုင်း မွေးဖွားခဲ့ သည်။
ကလေးကို လစ်ပဇစ်မြို့ တက္ကသိုလ်ဆေးရုံတွင် မွေးဖွား သည်။ ကိုယ်ဝန်ဆောင်စဉ်ကာ လ ဆီးချိုရောဂါမရှိဟု ဂျာမန် ဒါစပီဂယ်သတင်းစာက ဖော်ပြ သည်။
ဤအခြေအနေမှာ ကိုယ် ဝန် ၂၄ပတ်၌ကြီးထွားလာခဲ့သည်။ ပုံမှန်ကလေးအရွယ်ထက်ကြီးမည့် လက္ခဏာဖြစ်သည်။
သို့ရာတွင် ကလေးရော မိခင်ပါ အခြေအနေကောင်းမွန် သည်ဟုဆိုသည်။ ယခုအခါမွေး ကင်းစကလေးငယ်များအဆောင် ၌ထားရှိသည်။
ဤကလေးမှာ ဂျာမနီတွင် သဘာဝအတိုင်းမွေးဖွားသည့် အကြီးဆုံးကလေးဖြစ်သည်။
၂၀၁၁ခုနှစ်က ဘာလင်၌ မွေးဖွားခဲ့သော ကလေးမှာ ၁၃ ပေါင်ရှိသည်။ မတ်လထဲတွင် ဗြိ တိသျှမိခင်မှ ပထမဆုံးမွေးသော ကလေးမှာ ၁၅ပေါင် ရအောင်စ ရှိသောကလေးကို ဂျော့ဟုအမည် ပေးခဲ့သည်။
ဂင်းနစ်မှတ်တမ်းအရ၁၈၇၉ ခုနှစ် ကနေဒါနိုင်ငံမှမွေးဖွားသော ကလေးမှာ အလေးချိန်အများဆုံး ဟု သိရသည်။ ကလေးမှာ ၁ဝကီ လိုဂရမ်ရှိသော်လည်း မွေးပြီး ၁၁ နာရီတွင် သေဆုံးသွားခဲ့သည်။

web link - http://goo.gl/dpyW1B

ကမ္ဘာပေါ်က ဝေးဝေးရှောင် ရမယ့်ဒေသတွေ

Myanmar Online News
နံပါတ် ၁
Cité Soleil
Location: Port-au-Prince, Haiti

ဟေတီနိုင်ငံမှာရှိပါတယ်။မြို့လေးတစ်မြို့ပါ။လူဦးရေကတော့ ၂ သိန်းကနေ ၃ သိန်းကြားတည်ရှိပါတယ်။ဒီမြို့လေးကို အမေရိကန်တွေက "ဂိုသမ်(လင်းနို့လူသားကားထဲက ဒုစရိုက်မြို့တော်)"လို့တောင် ခေါ်ကြပါတယ်။ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာတစ်ခုလဲ ဖြစ်ပါတယ်။အဲဒီနေ၇ာမှာ လျှပ်စစ်မီးလဲမရပါဘူး၊စတိုးဆိုင်တွေ တည်းခိုခန်းတွေ၊စားသောက်ဆိုင်တွေလဲ မ၇ှိပါဘူး။အဆိုးဆုံးကတော့ မြို့နေလူတိုင်း လက်နက်တွေကိုင်ဆောင်သွားနေကြတာပဲ ဖြစ်ပါတယ်။ဒုစရိုက်ဂိုဏ်းပေါင်စုံရှိပြီး အဲဒီမြို့က လမ်းတွေပေါ်မှာ လူသတ်တာတွေ၊ပြန်ပေးဆွဲတာတွေ၊နှိပ်စက်တာတွေနဲ့ မုဒိမ်းမှုတွေဟာ အဲဒီဒေသမှာ ရိုးနေပါပြီ။မိနစ်တိုင်းနီးပါး ဖြစ်နေကြတာပါ။လမ်းမှာ ဖြတ်သွားနေတဲ့ လူတွေရှိပေမယ့် သင့်ကို ဘယ်သူမှ အကူအညီပေးနိုင်မှာ မဟုတ်ပါဘူး။မြို့က အမှိုက်ပုံလို ဖြစ်နေပြီး မင်းမဲ့တိုင်းပြည်ကို မမြင်ဘူးရင် အဲဒီမြို့ကို ကြည့်ရမျာဖြစ်ပါတယ်။နေထိုင်သူတွေက အသက် ၅၀ ခန့်သာ အသက်ရှည်နိုင်ပြီး AIDS ရောဂါအဖြစ်ဆုံးဖြစ်ပါတယ်။လူတိုင်းလိုလို ဖြစ်နေကြပါတယ်။မြို့နေမိန်းကလေးတွေဆိုရင် နေ့တိုင်းလိုလို အုပ်စုဖွဲ့မုဒိမ်းကျင့်မှုတွေ ခံစားနေရပါတယ်။ဒီမြို့ကို ကုသသမ္မဂ္ဂက ၂၀၀၄ ခုနှစ်မှာ မြို့မှာဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းချုပ်ဖို့ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမယ့် ၁၄ ရက်သာမြို့ကို ထိန်းထားနိုင်ပြီး နောက်ပိုင်းမှာ ကုလတပ်တွေ အကျအဆုံးများတဲ့ အတွက်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။အခုထက်ထိမြို့ဟာ အုပ်ချုပ်သူမဲ့နေပြီး နိုင်ငံတကာကလဲ လျစ်လျူရှုထားတဲ့မြို့ပါ။

ဥရောပတိုက်ကစွန့်စားသူတွေဟာ အဲဒီမြို့ကို စွန့်စားသွားရောက်ကြပေမယ့် ပြန်လာတဲ့ သတင်းကို ဘယ်သူမှမကြားရတော့ပါဘူး။စိတ်ဝင်စားတဲ့သူတွေအတွက် စွန့်စားသူတစ်ယောက်ရိုက်ထားဗွီဒီယို ရှိပါတယ်။ကြည့်ကြည့်ကြပါ။

http://www.youtube.com/watch?feature=player_embedded&v=8rHZByag0_0

မောင်စိုင်း
(ကနောင်)
Scientist Myanmar

လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို


မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြန်လည် လေ့လာစိစစ်ပြီး အသစ်ပြန်လည်ရေး ဆွဲပေးရန် အပါအ၀င် တောင်းဆိုချက် ၄ ချက်ကို တော်ဝင်ခရေ အဖွဲ့ (လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများ ကွန်ရက်) က တောင်းဆို လိုက်သည်။
“ကျမတို့က လိင်လုပ်ငန်းကို တရားဝင်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးပါဆိုပြီး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါကို လူတွေက အထင် လွဲနေတယ်။ အဓိကက ကျန်းမာရေး စောင့်ရှောက်မှုတွေကို တခြားသူတွေနဲ့ တန်းတူညီမျှ ရရှိရေး တောင်းဆိုတာပါ။ နှိပ်ကွပ်ရေး ဥပဒေထက် ကာကွယ်ရေး ဥပဒေ ဖြစ်သင့်ပါတယ်” ဟု တော်ဝင်ခရေအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီသို့ ပြောသည်။
ယနေ့ခေတ် လူမှုဘ၀နှင့် မကိုက်ညီသည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေများကြောင့် ပြစ်မှုကျူးလွန်သူများ အဖြစ် နေထိုင်ရသည့် လိင်အလုပ်သမများအား ဥပဒေစိုးမိုးရေး ၀န်ထမ်းများက အနိုင်ကျင့် ပြုမူဆက်ဆံမှုများ ရှိကြောင်း ကွန်ရက်၏ ထုတ်ပြန်ချက်ထဲတွင် ပါဝင်သည်။
တော်ဝင်ခရေ၏ နှစ်ပတ်လည် အစည်းအဝေးကို ရန်ကုန်မြို့ အိတ်ဇဲလ် တာဝါတွင် ၂ ရက်ပြုလုပ်ခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။
ဒေါ်နှင်းနှင်းယုက ဆက်လက်၍ “ရဲတွေက ထောင်ဖမ်းတာ ရှိတယ်။ တည်းခိုခန်းကို ခေါ်သွားပြီး လိင်ဆက်ဆံပြီးမှ ဖမ်းတာ ရှိတယ်။ ပြီးတော့ လိင်လုပ်သားနဲ့ ဖောက်သည်နဲ့ အတူတူ ရှိနေတဲ့အချိန်မျိုးမှာ ၀င်ဖမ်းတဲ့အခါ မိန်းကလေးကိုကျတော့ ဖမ်းပြီး ဖောက်သည်ကို ကျတော့ သက်သေအဖြစ်ပဲ ယူတယ်။ အဲဒီသက်သေက ရဲစခန်းမှာပဲ ထွက်ဆိုပြီး တရားရုံးအထိ ပါမလာဘူး” ဟု ပြောသည်။
ယင်းကွန်ရက်၏ တောင်းဆိုချက်ထဲတွင် HIV ကာကွယ် ကုသရေးလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်မည့် ဥပဒေများ ပြန်ဋ္ဌာန်းပေးရန်ဆိုသည့် အချက်လည်း ပါဝင်သည်။
မြန်မာနိုင်ငံ အနှံ့ရှိ ဒေသဆိုင်ရာ HIV/ AIDS ကူးစက်မှု ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့် ဒေသဆိုင်ရာ ကွန်ရက်အဖွဲ့ ၁၇ ခုနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့ ၃၆ ဖွဲ့တို့မှ စုစုပေါင်းအဖွဲ့ဝင် ၈၀ ကျော် တက်ရောက်သည့် တော်ဝင်ခရေ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အချက် ၄ ချက်ကို လက်မှတ် ရေးထိုး တောင်းဆိုလိုက်သည်။
ယင်းအချက်များတွင် HIVပိုးကူးစက်မှုကာကွယ်နိုင်ရန် လိင်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများ ရာနှုန်းပြည့် ကွန်ဒုံးသုံးစွဲရေးအတွက် ပညာပေးရေးလုပ်ငန်းများကို ကျန်းမာရေးဋ္ဌာနများနှင့် INGO များက ထိရောက်စွာအားစိုက်လုပ် ဆောင်ပေးရန်ဆိုသည့် အချက်လည်းပါဝင်သည်။
“လိင်လုပ်သားဆီကိုလာတဲ့ ဖောက်သည်တွေကလည်း ကွန်ဒုံးမသုံးရင် ငွေပိုပေးမယ်ဆိုပြီး စည်းရုံးတယ်။ ဗိုက်ဆာနေရင် လုပ်မိလုပ်ရာ လုပ်မှာပဲ။ နောက်မှာ သူ့ကိုမှီခိုနေရတဲ့ မိသားစုရှိနေတယ်။ ငွေပိုရတော့ ကွန်ဒုံးနဲ့ကာကွယ်ဖို့ လွတ်သွားတာမျိုး လည်းရှိတယ်။ သူတို့ကိုယ်တိုင်ကို အသိပညာပေးဖို့လိုသလို လာတဲ့ဖောက်သည်တွေ မှာလည်း ဒီအသိရှိဖို့လိုပါတယ်” ဟု ဒေါ်နှင်းနှင်းယုက ပြောသည်။
ထို့အပြင် ကျန်းမာရေးဋ္ဌာနများနှင့် INGO များသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ ၀န်ဆောင်မှုများ တိုးချဲ့ခြင်း၊ အစီအစဉ် ဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းများတွင် တော်ဝင်ခရေ အဖွဲ့ဝင်များအား ပါဝင်ခွင့် ပေးရန်၊ လျှို့ဝှက်ချက်များကို လေးစား လိုက်နာရန်နှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ART ဆေး တိုးမြှင့်ပေးသည့် အစီအစဉ်တွင် ဒေသအသီးသီးရှိ လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများအား ပိုမိုဦးစားပေးရန်လည်း တောင်းဆိုထားသည်။
နောက်ဆုံး တောင်းဆိုချက်တခုမှာ ကျန်းမာရေးကဏ္ဍနှင့် တရားဥပဒေ စိုးမိုးရေး ကဏ္ဍများ၌သာမက၊ ပညာရေးနှင့် စီးပွားရေး နယ်ပယ်များတွင် လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများနှင့် မိသားစုဝင်များအား ခွဲခြားနှိမ်ချ ဆက်ဆံမှုမပြုဘဲ၊ လူသားအဖြစ် ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများကို တန်းတူရည်တူ ခံစားခွင့်ရရှိစေရေး အသိအမှတ်ပြု ဆောင်ရွက်ပေးရန် ဟူ၍ ဖြစ်သည်။
ယင်း တောင်းဆိုချက်များကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှတဆင့် လွှတ်တော်သို့ တင်ပြဆွေးနွေး သွားနိုင်ရန် ကြိုး စားသွားမည်ဖြစ်ကြောင်း ဒေါ်နှင်းနှင်းယုက ပြောသည်။
တော်ဝင်ခရေ အဖွဲ့ကို ၂၀၁၁ ခုနှစ် ဧပြီလက မြန်မာနိုင်ငံရှိ ဒေသ ၁၀ ခုမှ လိင်အလုပ်သမ ၃၅ ဦးတို့ ကွန်ရက်ချိတ်ဆက်ကာ စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွန်ရက်သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ မြင်းခြံ၊ လားရှိုး၊ အောင်ပန်း၊ ရွှေဘိုနှင့် စစ်တွေ မြို့များရှိ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ ကွန်ရက် လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း ယင်းအဖွဲ့မှ သိရသည်။

အဆိုပါအဖွဲ့သည် လိင်အလုပ်သမများ၏ အသိပညာ၊ ဗဟုသုတ၊ စွမ်းဆောင်ရည်၊ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များ မြှင့်တင်ပြီး၊ HIV/AIDS လုပ်ငန်းစဉ် အဆင့်တိုင်းနှင့် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း လျှော့ချရေး လုပ်ငန်းများတွင် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် တက်ကြွစွာ ပါဝင်လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

Tuesday, July 30, 2013

၄၉ လမ်းထောင့် တိုက်ခေါင်မိုးထပ်က ပြည့်တန်ဆာလုပ်ငန်း ရဲဝင်ဖမ်းလိုက်ပြီ


ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလမ်းနှင့် ၄၉ လမ်းထောင့်ရှိ တိုက်ခေါင်မိုးထပ်မှ ပြည့်တန်ဆာလုပ်ငန်းကို ဇူလိုင် ၂၈ ရက် ညနေက ရဲများဝင်ဖမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ရဲများက ထိုတိုက်ခန်းတွင် အနှိပ်ခန်းအမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ၀င်ရောက်ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟုလည်း ရဲဌာနကဆိုသည်။

ထိုတိုက်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရန် ရောက်ရှိနေသည့် အမျိုးသမီး ၁၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဆိုင်တာဝန်ခံကိုလည်း ရဲများကဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ၀င်ရောက်မဖမ်းဆီးမီ ရဲများက အသွင်ယူသက်သေနှစ်ဦးကို ကြိုတင်နံပါတ် မှတ်သားထားသော ငါးထောင်ကျပ်တန် စက္ကူနှစ်ရွက်ပေး၍ ထိုအနှိပ်ခန်းကိုသွားရောက်ပြီး ပျော်ပါးလိုသူအဖြစ် ဟန်ဆောင်ကာဝင်ရောက်စေခဲ့သည်ဟုလည်း ရဲဌာနက ဆိုသည်။

ရဲများ ၀င်ဖမ်းချိန်တွင် အသွင်ယူသက်သေများနှင့်အတူ မိန်းကလေးနှစ်ဦးကို အခန်းအတွင်း၌ ဖမ်းမိခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယခုအမှုတွင် ပြည့်တန်ဆာလုပ်ကိုင်သည့် အမျိုးသမီး ၁၃ ဦးကို ဗိုလ်တစ်ထောင် ရဲစခန်းတွင် အမှုအမှတ် (ပ)၁၄၀/၁၃ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့ကို ပြည့်တန်ဆာပပျောက်ရေးဥပဒေ ၃(က)/(ခ)တို့ဖြင့် တရားစွဲမည်ဖြစ်ပြီး၊ ထိုလုပ်ငန်းကို ကြီးကြပ်လုပ်ကိုင်သူကို အမှုအမှတ်(ပ)၁၄၁/၁၃ဖြင့် အမှုဖွင့်ကာ ပြည့်တန်ဆာပပျောက်ရေးဥပဒေ ပုဒ်မ ၅(၁)ဖြင့် တရားစွဲမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားဝင်လုပ်ကိုင်ခွင့် မရှိသည့်ကိစ္စဖြစ်ပြီး ရဲများက သတင်းရရှိသည်နှင့် ၀င်ဖမ်းလေ့ရှိသည်။

သို့သော် ဥပဒေကို လက်တစ်လုံးကြားလုပ်ကာ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနေသည့် အာဏာပိုင်အဖွဲ့အစည်းအချို့ကြောင့် ပြည့်တန်ဆာများ နစ်နာမှုများရှိနေသည်ဟု NLD အမတ် ဒေါ်စန္ဒာမင်းက ဇူလိုင် ၉ ရက်က ပြုလုပ်သည့် အောက်လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မြောက်ဥက္ကလာပ တည်းခိုခန်းတွင် အမျိုးသားတစ်ဦး သေဆုံး


ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က အချိန်ပိုင်း လာရောက် တည်းခိုသူ ချစ်သူ နှစ်ဦးအနက် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင် သူ ဖြစ်ပြီး အဆိုပါ တည်းခိုခန်းတွင် ချစ်သူ အမျိုးသမီးနှင့်အတူ တည်းခိုနေ စဉ် သတိလစ် မေ့မြောရာမှ ဆေးရုံသို့ ပို့ဆောင်သည့် လမ်းတွင် သေဆုံး ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်


Tuesday, July 30, 2013

အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

မိုဘိုင်းဗားရှင်း

မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။

https://lite.facebook.com/

https://touch.facebook.com/

touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ တင်လို့ ရပါတယ်။

https://upload.facebook.com/

ဒါကတော့ Page Admin များအတွက်ပါ။ ဒီတစ်လော အင်တာနက်လိုင်း ကျလွန်းလို့ ပုံတွေ တင်လို့ မရဘူးလို့ ဆိုကြပါတယ်။ ရပါတယ်။ upload.facebook.com ကို URL မှာ ရိုက်ပြီး ဝင်တဲ့အခါ Wall photo ပဲ ဖြစ်ဖြစ်၊ Create Album ပဲ ဖြစ်ဖြစ် အလွယ်တကူ တင်လို့ ရပါတယ်။

ပို့စ်အသစ်တင်ဖို့ နည်းလမ်းတွေရှာရင်း တွေ့ရှိထားတဲ့ အသုံးပြုနည်းလမ်း တွေမှာ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်။

အောင်ခမ်း (TSJ team)

အရပ်မြင့်ခြင်းနှင့် ကင်ဆာ ဆက်စပ်ဟုဆို


  • အရပ်မြင့်သည့် အမျိုးသမီးများသည် ကင်ဆာဖြစ်နိုင်သည့် ရာခိုင်နှုန်း များကြောင်း၊ အရပ်မြင့်လေ ကင်ဆာဖြစ်နိုင်ခြေ ပိုများလေ ဖြစ်ကြောင်း Cancer Epidemiology, Biomarkers & Prevention ဂျာနယ်တွင် ဖော်ပြ ထားသည်။

    Women's Health Initiative (WHI) အဖွဲ့က အသက် ၅၀ နှစ်မှ ၇၉ နှစ် အတွင်း အမျိုးသမီး ၂၀,၉၀၀ ဦးကို လေ့လာ စမ်းသပ်ကြည့်ရာတွင် ထိုရလဒ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    အမျိုးသမီးများကို အုပ်စု ငါးစု ခွဲပြီး လေ့လာရာ၌ အရပ် ၅ ပေ ၁ လက်မနှင့် အထက် အမျိုးသမီးများ တွင် ကင်ဆာ ဖြစ်ပွားမှုနှုန်း ပိုများသည်ကို တွေ့ရှိခဲ့ ရသည်။ ၅ ပေ ၁ လက်မနှင့် အထက် အရပ် တစ်စင်တီမီတာ မြင့်သွားတိုင်း ကင်ဆာ ဖြစ်ပွားနှုန်းမှာ ၁၃ ရာခိုင်နှုန်း တိုးသွားနိုင်သည်ဟု ယင်းဂျာနယ် တွင် ရေးသားထားသည်။

“ကျမက ဘာမှမတတ်နိုင်တဲ့ မိခင် တယောက်ပေါ့”

ငြိမ်းချမ်းရေး ပွဲတော်တွင် သီဆိုဖျော်ဖြေနေသည့် မီးမီးခဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


တေးသံရှင်မီးမီးခဲရဲ့ faceook စာမျက်နှာပေါ်မှာ သူ့ရဲ့ အသက် ၃၀ ပြည့် မွေးနေ့အတွက် ဆုတောင်းပေးတဲ့ သူငယ်ချင်း တွေကို ကျေးဇူးတင်ကြောင်းနဲ့ Single Mom တယောက်အဖြစ် ဖြတ်သန်းနေရပေမယ့် ပြန်ကြိုးစားသွားမယ် ဆိုတဲ့ Status တခုကို ဖတ်လိုက်ရပါတယ်။ မီးမီးခဲနဲ့ အဆိုတော် ထူးအယ်လင်းတို့ဟာ ၁၁ နှစ်ကျော်လောက် လက်တွဲခဲ့ပြီး လက်ရှိ အိမ်ထောင်ရေး အဆင်မပြေကြဘူးလို့ သိကြပါတယ်။ သူတို့ရဲ့ သမီးလေး ဖြူဖြူစင်စင်လင်း ကတော့ အခုဆိုရင် အသက် ၃ နှစ်နဲ့ ၆ လ ရှိနေပါပြီ။
အိမ်ထောင်ရေး အဆင်မပြေတဲ့ အနုပညာရှင် နှစ်ဦးကို ပရိသတ်တွေက ပြန်လည် ပြေလည် စေချင်နေကြသလို၊ သူတို့ ကွဲကွာသွားတာ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်သူတွေလည်း ရှိနေပါတယ်။ မီးမီးခဲဟာ ဆယ်ကျော်သက် အရွယ် ကတည်းက ကိုယ်ပိုင် အရည်အချင်းနဲ့ အောင်မြင်လာခဲ့တဲ့ အဆိုတော် တဦး ဖြစ်ပြီး လက်ရှိမှာ Miss Call ဆိုတဲ့ တကိုယ်တော် စီးရီးတခု
ထွက်ရှိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
လက်ရှိ သူတို့ရဲ့ အမှုနဲ့ ပတ်သက်လို့ တရားရုံးမှာ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး အခုအချိန်မှာ မီးမီးခဲဟာ သမီးနဲ့အတူ သူ့မိခင်အိမ်ရှိရာ အင်းစိန်မှာ နေထိုင်ပါတယ်။ ထူးအယ်လင်းနဲ့ သူ့ကလေးကိုတော့ တရားရုံးက ချမှတ်ထားတဲ့ ဥပဒေအတိုင်း စည်းမျဉ်းအရ ပေးတွေ့နေပါတယ်။
မီးမီးခဲဟာ Single mother တယောက်အနေနဲ့ ရပ်တည်နေရပေမယ့် သူ့ဘဝကို အားမငယ်ဘူး၊ သူ့ကိုယ်သူ မိန်းမကြီး တယောက်လိုလည်း သဘောမထားဘူးလို့ ဆိုပါတယ်။
“အိမ်ထောင် ကွဲသွားလို့ အားမငယ်ပါဘူး။ ကျမ ဘဝကိုလည်း ကျမ အဆုံးရှုံး မခံနိုင်ပါဘူး။ အနုပညာနဲ့ အသက်ရှင်နေတဲ့ သူအနေနဲ့ မိန်းမကြီး သဘောမျိုးလည်း မသတ်မှတ်ဘူး။ မိန်းကလေး လူငယ်တယောက်လို့ပဲ သတ်မှတ်ပါတယ်။ ကျမ အတွက်က အနုပညာနဲ့ဘဝ၊ ကျမ လန်းဆန်းနေမှ ဘဝက ပြည့်စုံမှာ။ စီးပွားရေးလည်း ဝါသနာမပါတော့ အနုပညာနဲ့ ပတ်သတ်ပြီး အမြဲ Update ဖြစ်ဖို့ပဲ ကြိုးစားပါတယ်။ ကလေး ကျောင်းစရိတ်နဲ့ ရှိသမျှအရာရာ အကောင်းဆုံးဖြစ်ဖို့ သူ့အတွက်ပဲပေါ့။ အစစ အရာရာကောင်းဖို့ ကြိုးစား လုပ်ကိုင်ပါတယ်။ နာမည် ကြီးဖို့ထက် ကလေး ကိစ္စအဝဝမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါတယ်။ ကလေးတယောက် အတွက် အစစအရာရာ တာဝန်ယူရတော့ စိတ်ဆင်းရဲရတာတွေ ရှိတာပေါ့။
ကိုယ်လုပ်ချင်တဲ့ အနုပညာကို မချပြရတာလည်း ရှိတာပေါ့။ အခွေလုပ်ချင်တယ်။ ထုတ်ချင်တယ်။ ဒါပေမယ့် ဒီအချိန်မှာ ဒါဖြစ်ရမယ် ပါလာတော့ မတတ်နိုင်ဘူး၊ ဖြစ်ရတာပေါ့။ ဒါပေမယ့် အားတော့မငယ်ပါဘူး။ ပရိသတ်ကို ယုံပါတယ်။ ကျမကို စောင့်နေမယ် ထင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဂစ်တာ စုတာ ဝါသနာပါတဲ့ မီးမီးခဲဟာ လက်ရှိ အချိန်မှာတော့ ဂစ်တာတလက်ပဲ ပိုင်ဆိုင်ပြီး အဲဒီဂစ်တာလေးနဲ့ပဲ သီချင်းရေး၊ သီချင်းဆို လုပ်နေရတယ်လို့ ဆိုပါတယ်။
“ကျမ အိမ်ထောင်ရေးကလည်း အဆင်မပြေ၊ ကလေးနဲ့ကျမ နှစ်ယောက်တည်း ဆိုတော့ အစ်ကို ပို့ပေးတဲ့ဂီတာ တလက်ပဲ ကျမမှာ ရှိတယ်။ အဲဒီတလက်တည်းနဲ့ပဲ သီချင်းတွေရေးတယ်၊ သီချင်းတွေ ဆိုပါတယ်၊ အဆင်ပြေအောင် ရုန်းကန်ပါတယ်။ ပရိသတ်ကို ပြောချင်တာကတော့ အခုလက်ရှိ နာမည်ကြီး အဆိုတော်တွေ၊ တေးရေးတွေရဲ့ အခွေတွေ ထွက်ပါတယ်။ အဲဒီသီချင်းတွေ နားထောင်ပေးသလို ကျမ သီချင်းတွေကိုလည်း နားထောင်ပေးပါလို့ ပြောချင်ပါတယ်” လို့ မီးမီးခဲက ပြောပါတယ်။
Myanmar Peace Centre ရဲ့ ဖိတ်ကြားချက်နဲ့ လူရွှင်တော် ဇာဂနာ (ဦးသူရ) စီစဉ်တဲ့ ငြိမ်းချမ်းရေး ပွဲတော်မှာ မီးမီးခဲဟာ သီချင်းတပုဒ် ဝင်ရောက်သီဆိုခဲ့ပါ သေးတယ်။ စစ်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းဖို့၊ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီ ပေးဖို့ စီစဉ် ကျင်းပတဲ့ ဒီငြိမ်းချမ်းရေး ပွဲတော်မှာ မီးမီးခဲ သီဆိုတဲ့ သီချင်းက “မေတ္တာတွေ” လို့ အမည်ရပါတယ်။
“အဲဒီသီချင်းရေးတဲ့သူက လင်းထက်ပါ။ ဆီးဂိမ်းအတွက် ထူးအယ်လင်းနဲ့ မဆုန်သင်းတို့ ဆိုတဲ့သီချင်းကို ရေးတဲ့သူပါ။ ပထမဆု ရထားတဲ့သူပေါ့။ ကျမတို့ မိတ်ဆွေလည်း ဖြစ်တယ်၊ မောင်လေးလည်း ဖြစ်တယ်။ သူသီချင်းရေးတာ တော်တော် ကောင်းပါတယ်။ စတိတ်ရှိုးမှာ သီချင်းသစ် တပုဒ်ကျက်ရတာလည်း ပင်ပန်းသလို၊ အရိန့်ခ်ျမန့် လုပ်ရတာလည်း ပင်ပန်းတယ်။ သီချင်းက စာသားတွေက ပြွတ်နေတာ။ ချောမွေ့အောင်ဆိုပြီး လွှင့်ဖို့ဆိုတာလည်း ခက်ခဲပါတယ်။ အဲဒီ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေကို တကယ်လည်း ငြိမ်းချမ်းစေချင်ပါတယ်” လို့ မီးမီးခဲက ဧရာဝတီကို ပြောပါတယ်။
မီးမီးခဲရဲ့ Miss Call စီးရီးက အခုလက်ရှိ ဗီစီဒီ ရိုက်ထားဆဲဖြစ်ပြီး နောက်ထပ် တခွေလုံး ရေးဆို Own Tune စီးရီးတခုလည်း ဆက်လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။ Miss Call စီးရီးကလည်း သူတဦးတည်း ရေးတာ ဖြစ်ပြီး Corqueron ဆိုတဲ့ Band နဲ့ တီးခတ်ထားတာ ဖြစ်ပါတယ်။
ခင်ပွန်းသည်ရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် အဆင်မပြေ ဖြစ်နေကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေမှုနဲ့ ပတ်သက်လို့ မေးကြည့်တော့ မီးမီးခဲက သူ့အနေနဲ့ အဲဒီကိစ္စကို မဖြေချင်ဘူးလို့ပဲ ပြောပါတယ်။
“အဲဒီလိုတော့ မဖြေချင်ဘူး။ သူလည်း အခု အောင်မြင်နေတဲ့သူပါ၊ ကျမ ဝမ်းသာပါတယ်။ ဒါပေမယ့် အခုလောလောဆယ် အရမ်း စိတ်နာနေတယ်။ သူ့ဘက်က ကလေးမျက်နှာတော့ ထောက်သင့်တာပေါ့။ အခု ကျမ အရမ်း ခက်ခက်ခဲခဲ ဖြတ်သန်း နေရတယ်။ သမီးလေးကို အခု International ကျောင်းမှာ ထားတယ်၊ ကျောင်းစရိတ်က တလကို ၄ သိန်းလောက် ရှိတယ်။ ကျမ တယောက်တည်း ရုန်းနေရတယ်။ ကျမ အိမ်ပေါ်က ဆင်းလာတော့ အဝတ်တထည် တည်းနဲ့ ဆင်းလာခဲ့တာ။ သမီးလေးကို ပြန်ကြည့်စေချင်တာပါ” လို့ မီးမီးခဲက သူ့ခံစားချက်ကို ဖွင့်ဟလာပါတယ်။
ပရိသတ်တွေ အနေနဲ့ သူ့ကို နားလည်ပေးဖို့နဲ့ တတ်နိုင်သမျှ ကြိုးစားနေတဲ့ အကြောင်းလည်း မီးမီးခဲက ပြောပါတယ်။

“ကျမက ဘာမှမတတ်နိုင်တဲ့ မိခင် တယောက်ပေါ့။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပေမယ့် ဆုံးရှုံးမှုတွေ ကြုံနေရပါတယ်။ ဒါပေမယ့် မခံနိုင်တဲ့ စုံစမ်း မေးမြန်းမှုမျိုးတွေ၊ စုံစမ်းနှောက်ယှက်တဲ့ ဒဏ်တွေ မခံနိုင်လို့ ဒီဘဝကို ရွေးခဲ့တာပါ။ ပရိသတ်တွေ အနေနဲ့ ကျမကို နားလည်ပေးဖို့ ပြောချင်ပါတယ်။ အခွင့်အရေးတခု ရဖို့ မျှော်လင့်ပါတယ်။ မျှော်လင့်ချက်က မှေးမှိန် နေပေမယ့်လည်း တေးရေး ဆရာ တယောက်အနေနဲ့ ရပ်တည်လိုက်ဦးမယ်။ ပြီးမှ ကိုယ့်အခွေ ကိုယ်ထုတ်နိုင်မယ် ထင်ပါတယ်” လို့ မီးမီးခဲက ဆိုပါတယ်။