Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 31, 2013

AIDS ဖြစ်ပွားမှု သုည အဆင့်ထိ ရောက်ရှိရေး သုတေသန မော်လမြိုင်ကို ရွေးချယ်



AIDS ရောဂါ ဖြစ်ပွားမှု သုည အဆင့်ထိ ရောက်ရှိရေး သုတေသန ပြုလုပ်ရန် မော်လမြိုင် မြို့ကို ရွေးချယ် ထားကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။ AIDS ရောဂါ ဖြစ်ပွားမှု လျော့နည်း ပပျောက် သုည အဆင့်ထိ ရောက်ရှိရေး သုတေသနပြုလုပ် ခြင်းကို အာဆီယံ နိုင်ငံများရှိ မြို့များတွင် ပြုလုပ်ရန် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ အာဆီယံ ၈ နိုင်ငံတွင်းရှိ မြို့ ၁၃ မြို့တွင် သုတေသန ပြုလုပ်ရန် သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

ပြည်နယ် ခုခံအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ သန့်ဇင်မင်းက မြန်မာနိုင်ငံ အနေဖြင့် သုတေသန ပြုလုပ် ရန် မော်လမြိုင်မြို့ကို ရွေးချယ် ရခြင်းမှာ မော်လမြိုင်မြို့သည် နယ်စပ် မြို့ဖြစ်ခြင်း၊ တစ်ဖက်နိုင်ငံသို့ ဝင်ထွက် သွားလာမှု လွယ်ကူခြင်း၊ စီးပွားရေး ကောင်းမွန်ခြင်း၊ သုတေသန ပြုလုပ်ရန် မြို့အနေ အထား၊ လူဦးရေ အနေအထား၊ အလွှာ စုံရှိခြင်း၊ NGO အဖွဲ့အစည်း များလည်း ရှိခြင်း တို့ကြောင့် ရွေးချယ် ရခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် AIDS ရောဂါဖြစ်ပွားမှုမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် ကောက်ယူသော စာရင်းအရ လူနာဦးရေ ၂ဝ၆ဝဝဝ ခန့် ရှိကြောင်း အာဆီယံ နိုင်ငံ များအတွင်း AIDS ရောဂါဖြစ်ပွားမှု အများဆုံး သုံးနိုင်ငံ တွင် မြန်မာနိုင်ငံ ပါရှိကြောင်း၊ AIDS ရောဂါ ကာကွယ်ရေးကို မြန်မာနိုင်ငံ အနေဖြင့် အမျိုးသားရေး အသွင် တိုက်ဖျက်ရမည့် ရောဂါတစ်ခု အဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်း များ ကို မော်လ မြိုင်မြို့ တွင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် များမှသည် ရောဂါရှိ သူများအထိ တစ်ဦးချင်း စစ်တမ်းကောက် ယူသွားမည် ဖြစ်ကြောင်း၊ သုတေသနပြု တွေ့ရှိ ချက်များကို အဖြေရှာပြီး တင်ပြ သွားမည်ဖြစ်ပါ ကြောင်း၊ လုပ်ငန်း များကို ဇူလိုင်လကုန် အထိ ဆောင်ရွက်ပြီး အစီရင်ခံ တင်ပြ သွားမည်ဖြစ်ပါ ကြောင်း၊ တွေ့ရှိ ချက် များကို အခြေခံ၍ ဆုံးဖြတ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သုတေသနပြု ချက်များမှ တွေ့ရှိချက် များကို အခြေခံ၍ ၂ဝ၁၅ ခုနှစ်တွင် သုည အဆင့် ရောက်ရှိရေး ရည်မှန်း ချက်များကို အကောင်အထည် ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ခုခံအား ကျဆင်းမှု နှင့် ကာလ သားရောဂါ တိုက်ဖျက်ရေး စီမံချက် မန်နေဂျာ ဒေါက်တာမြင့်ရွှေ က ပြောသည်။

ထူးထူး (မော်လမြိုင်)

ကိုယ့်ရဲ့ ညှို့အားအပြင်းဆုံး နေရာက မျက်လုံး

ကိုယ့်ရဲ့ ညှို့အားအပြင်းဆုံး နေရာက မျက်လုံးလို့ ထင်တယ်ဆိုတဲ့ မာရီနာ

၂၀ဝ၈ ခုနှစ်မှာ တင်မိုးလွင်ရဲ့ Talent & Model မှာ မော်ဒယ်လ် သင်တန်း တက်ရောက် ခဲ့ပြီး ရှိုးအတော် များ များလျှောက် လှမ်းခဲ့ကာ Miss ဆု ပေါင်းများစွာ ကိုလည်း ရရှိခဲ့သူပါ။ ဗီယက်နမ်နိုင်ငံ မှာ အာဆီယံနိုင်ငံ များထဲမှ မြန်မာ နိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ Top 5 အထိ ရွေးချယ် ခံရပြီး The Best Talent ကိုရရှိခဲ့သူပါ။ Java Creamy ကြော်ငြာမှာ ပရိသတ်မှ မာရီနာ အနေနဲ့ သိရှိခဲ့ပြီး "စိုင်းစိုင်း ကိုချစ် တယ်" ၊ "ဖော်မြူလာမုဆိုး" ၊ "ဧဒင်ရဲ့ နတ်သမီး" စတဲ့ ဇာတ်ကား ကြီးများ ထဲမှာ ပါဝင် သရုပ်ဆောင် ခဲ့သလို ယခု လက်ရှိ မှာလည်း Heart & Soul ထုတ်လုပ်ရေးနဲ့ ဇာတ် ကားများ ရိုက်ကူးနေပြီး ကုမ္ပဏီတစ် ခုနဲ့ ခေါင်းဆောင် မင်းသမီး ရိုက်ကူး တော့မှာပါ။

"မာရီနာ ဆိုတာက ဦး ပဉ္ဇင်း တစ်ပါးပေးတဲ့ နာမည်ပါ။ နာမည် အရင်းက သန္တာနွယ်လို့ ခေါ်တယ်။ မာရီနာဆိုတာ ဘယ်လို အဓိပ္ပာယ် မျိုးလဲတော့ မသိဘူး။ ကိုယ်နဲ့လိုက်မယ့် ပုံစံလည်း ဖြစ်ရမယ်။ ဘိုလည်း ဆန်ရမယ်ဆိုပြီး ရွေး လိုက်တဲ့နာမည်ပေါ့" လို့ဆိုလာတဲ့ မာရီနာကို 8days Cover အဖြစ် ရွေးချယ်ဖြစ်ခဲ့ ပါတယ်။ သူက နာဂတိုင်းရင်း သူတစ်ယောက် ဖြစ်ပါတယ်။ မာရီနာ လို့ဆိုရင် သူ့ကိုတခြား တစ်ယောက်နဲ့ တွဲပြီး မြင်တတ်ကြပါ တယ်။ သူ့ဓာတ်ပုံနဲ့ တခြားသူရဲ့ မင်္ဂလာဆောင်သတင်းတွဲပြီး ဖော်ပြ ခံရတာမျိုးကြုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနာမည်နဲ့ပဲ သူ့အနုပညာ အလုပ် တွေကိုကြိုးစား ခဲ့ရတာကြောင့် သူက နာမည် ပြောင်းဖို့တော့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

Q. နာမည်မှားတဲ့ ကိစ္စအပေါ် မာရီနာ အနေနဲ့ ဘာပြောချင်တာ ရှိသေးလဲ။

A. ကိုယ်လုပ်ထားတဲ့ အနုပ ညာလှုပ်ရှားမှု တွေက အများကြီးရှိ တော့ နာမည်ပြောင်းဖို့ မရှိပါဘူး။

Q. အနုပညာ လမ်းမပေါ်မှာ လျှောက်လှမ်းတဲ့ အခါ ဘယ်လောက် ထိစိတ်ပင်ပန်း ခဲ့ရ ပါပြီလဲ။

A. အရမ်းကြီး စိတ်ပင်ပန်း တာမျိုးတော့ မရှိပါဘူး။ ဘာသာရေး နဲ့တွဲပြီး အနုပညာ အလုပ်ကိုလုပ် လာခဲ့ တာဆိုတော့ အရမ်းကြီးခက် ခက်ခဲခဲ မျိုးတော့ ဘဝမှာ မရှိခဲ့ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင်တော့ မာရီနာလိုချင်တဲ့ ပန်းတိုင် နေရာတစ် ခုကိုရောက်လာ မှာပါလို့ ယုံကြည် ထားတယ်။ ရိုးရိုးသားသားနဲ့ကြိုး စားသွား မယ်လို့ ခံယူထား ပါတယ်။

Q. လူတွေ စိတ်ဝင် စားအောင် လုပ်ကြတဲ့ Popular ကိစ္စရပ်မျိုး တွေကို မာရီနာ စိတ်ဝင် စားလား။

A. လူတိုင်းကတော့ Popular ဖြစ်အောင်တော့ လုပ်ကြမှာပဲ။ မာရီနာက Popular မဖြစ်ချင်ဘူး။ ကိုယ့်ရဲ့ အနုပညာ လမ်းကြောင်းကို ရိုးရိုးသားသား ကြိုးစားမယ်။ Popular ဖြစ်အောင်ရည်ရွယ်ပြီးလုပ်တာ မရှိဘူး။ အဲဒါကလည်း ရေရှည်တည် ထင်မယ်။ ကောင်းတဲ့နည်းနဲ့ Popular လုပ်တာတော့ ကိစ္စမရှိပေမယ့် မကောင်းတဲ့ နည်းကတော့ ရေရှည် လည်းမတည်တံ့ ပါဘူး။

Q. အနုပညာ လောကမှာ နာ မည်ပျက် မရှိအောင် နေတယ်လို့ မင်း သမီးကြီး တစ်ယောက်က ပြောတော့ မာရီနာကရော ဘယ်လိုနေသင့် တယ်လို့ထင်လဲ။

A. အဲဒီခံယူချက် ကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် ကလည်း ပြောထားတဲ့ အတိုင်းလိုက် လုပ်နိုင်ရင် ပိုကောင်း တာပေါ့။ အနု ပညာရှင် တစ်ယောက် ဆိုတာက အားလုံးရဲ့ရှေ့ဆောင်လမ်းပြ ဖြစ်နေ တာကိုး။ ကောင်းကောင်း မွန်မွန် လျှောက်လှမ်း ရင်တော့ အကောင်း ဆုံးပဲ။ တစ်ခါတလေ ကိုယ်ကမ ဟုတ်ဘဲနဲ့ သတင်းတွေ ထွက်လာ တာမျိုးတွေ ရှိတယ်။ အဲဒါကလည်း ကိုယ်ကိုယ်တိုင် ပေါ်မှာပဲ မူတည်ပါ တယ်။

Q. မာရီနာ မကြိုက်တဲ့ ဖက်ရှင် ပုံစံမျိုးက ဘယ်လိုမျိုးတွေ ဖြစ်မယ်လို့ ထင်လဲ။

A. မာရီနာ မကြိုက်တဲ့ ဖက်ရှင် က ဂါဝန်ကြီးတွေ၊ ဖောင်းဖောင်းပွ ပွကြီးတွေ ဝတ်ရတာ မကြိုက်ဘူး။ အကြိုက်ဆုံးက ကိုယ်လုံး ပေါ်အ ကျပ်လေးတွေ ကြိုက်တယ်။ ဂျင်း ဘောင်းဘီအတို၊ စွပ်ကျယ်လေးနဲ့ ရိုးရိုးရှင်းရှင်း လေးကို ကြိုက်တယ်။ မာရီနာရဲ့ သူငယ်ချင်းတွေ ကလည်း ပြောတယ်။ မာရီနာက Cute ပုံစံ မျိုးနဲ့ မလိုက်ဘူး။ မာရီနာရဲ့ပုံစံက Strong ဖြစ်တယ်။ Sexy ပုံစံမျိုး ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးက ပိုလိုက် တယ်လို့ အကြံပေး ပါတယ်။

Q. မာရီနာရဲ့ခန္ဓာကိုယ်က ထွားပြီး Sexy ကျတယ်လို့ ပြောရင် လက်ခံလား။

A. ဟုတ်ကဲ့ လက်ခံပါတယ်။ မာရီနာကို ဓာတ်ပုံဆရာတွေ ကမြင် လိုက်တာနဲ့ Sexy ပုံစံမျိုးတွေရိုက် တာများတယ်။ အဲဒီအပေါ်မှာ လက်ခံတယ်။ အဲဒီ လိုပုံစံနဲ့လိုက် တာကိုး။ တစ်ခါတလေ ကျရင်လည်း ဃကအန ပုံစံမျိုး လုပ်ချင်တယ်။ မလိုက် ဖူးဖြစ်နေ တယ်ပေါ့။ (ရယ်လျက်)

Q. မာရီနာရဲ့စိတ်ထဲမှာ ဖြစ် ချင်တဲ့ ဘဝရည်မှန်းချက် ပန်းတိုင်က ရော..

A. မာရီနာလိုချင်တဲ့ ပန်းတိုင် က နိုင်ငံတကာ အဆင့်မီတဲ့ ပညာ ရှင်အဆင့် Photo Model ဖြစ်ချင် တာ။ ကိုယ့်မြန်မာပြည်ရဲ့ဂုဏ် ဆောင်ပေါ့။ အဲဒီအတွက် အ ကောင်းဆုံး ဖြစ်အောင် ကြိုးစားသွား ပါ့မယ်။ အဓိက ဖြစ်ချင်တဲ့ စိတ်ပေါ့။

Q. နိုင်ငံတကာအဆင့်မီတဲ့ Photo Model ဆိုတော့ မြန်မာ့ ယဉ်ကျေးမှုနဲ့ သွေဖယ်တဲ့ အဝတ်အ စားတွေဝတ်ရတော့မှာ ဆိုတော့ အဲ ဒီလိုမျိုးကို မာရီနာ လုပ်ရဲလား။

A. ကိုယ်က ဒါလုပ်ရတော့ မှာကိုး။ နိုင်ငံတကာ အဆင့်မီအောင် ကိုယ်ကလုပ်ရတော့မှာ ဆိုတော့ ခေါင်းထဲ ထည့်တွက်လို့ မရတော့ပါ ဘူး။ လုပ်ရ တော့မှာပေါ့။ အခုချိန် မှာ မြန်မာပြည်မှာ ကိုယ်က လုပ်နေ တော့ မြန်မာပြည်ရဲ့ယဉ်ကျေးမှု တွေ ထည့်တွက် နေရတာပေါ့။ ပြန် ထောက်ရ တာပေါ့။ တကယ်လို့ မြန် မာ့ယဉ်ကျေးမှုနဲ့ သွေဖယ်တဲ့ အဝတ် အစားမျိုးနဲ့ ရိုက်ခဲ့ရမယ် ဆိုရင်လည်း မြန်မာပြည် ကိုယ်စားပြုတဲ့ Photo Model အနုပညာရှင် တစ်ယောက် အနေနဲ့ပဲ မြင်စေချင် ပါတယ်။ အမြင် မစောင်းစေ ချင်ပါဘူး။

Q. မာရီနာရဲ့ဘဝမှာ ဒုတိယ ပန်းတိုင်ကရော...

A. ဒုတိယ ပန်းတိုင်ဆိုရင်တော့ စီးပွားရေးပဲ လုပ်ဖြစ်မယ် ထင် ပါတယ်။

Q. မာရီနာရဲ့ ညှို့အား အပြင်းဆုံးနေရာက

A. မျက်လုံးပေါ့။ ဒါကလည်း သူငယ်ချင်းတွေ၊ ပရိသတ်တွေက ပြောကြတာပါ။ Model သင်တန်း စတက်ခါစ တုန်းကတော့ မျက်လုံး ကသေနေတာ။ အဲဒါကြောင့် မျက် လုံးကိုဆွဲဆောင်မှု အပြည့်ရှိအောင်၊ ဖယောင်းတိုင် ကိုကြည့်ပြီး လေ့ကျင့် ဖြစ်တယ်။ နောက်ပိုင်းတော့ မလုပ် ဖြစ်တော့ဘူး။ ကင်မရာ ရှေ့ရောက် တာနဲ့ မျက်လုံးက အလိုလို သူ့ဘာ သာသူ ဆွဲဆောင်မှု ပြည့်ဝသွားတယ် လို့ခံစားဖူးတယ်။

Q. Cover Interview ရဲ့ နောက်ဆုံးအနေနဲ့ မာရီနာရဲ့ပရိ သတ်ကို ဘာများပြောချင်ပါသေး လဲ။

A. နာမည်ကလည်း အမြဲ တမ်းမှားမှား နေတော့ သေချာလေး ကွဲကွဲပြားပြား သိပြီး အားပေး စေချင် ပါတယ်။ မာရီနာက နာဂတိုင်းရင်း သူပါ။ မာရီနာမှာ လိုအပ်ချက် ရှိရင် လည်း ပရိသတ်က အားမနာတမ်း ဝေဖန်ပေးပါ၊ အကြံပေးပါလို့ ပြော ချင်ပါတယ်။ ပရိသတ်လည်း ကျန်း မာပါစေလို့ ဆုတောင်းရင်း နှုတ် ဆက်လိုက် ပါရစေ။  

ထွန်းမြင့်ဇော်

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ(နေလင်းသိုက်)


ကျနော် လိမ့်ပိတ် ပာက်ခံရပြီးနောက်မှာ ပာက်နည်းပညာကိုတော်တော်လေးကို လေ့လာဖြစ်ပါတယ်။

ရင်နာနာနဲ့ပါသွားတဲ့ pages လေးတွ group လေးတွေ တွေးတိုင်း အခုချိန်ထိ နှမြောနေတုန်း ဘဲ ။ သူငယ်ချင်းတို့လည်း မပာက်ခံရအောင် တစ်ခေါက်လောက် ဖတ်ပြီး ဝင်လေ့လာသွားပါအုံး ။ သူငယ်ချင်းတွေကိုလည်း ဝေမျှလိုက်ပေါ့။။။။။။။။။။။။။။။။
...
အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ "ဆေး" စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။


နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။
===================================================

နေလင်းသိုက်
www.facebook.com/naylinthike

How To Hack Facebook(နေလင်းသိုက်)



ကျနော် လိမ့်ပိတ် ပာက်ခံရပြီးနောက်မှာ ပာက်နည်းပညာကိုတော်တော်လေးကို လေ့လာဖြစ်ပါတယ်။

ရင်နာနာနဲ့ပါသွားတဲ့ pages လေးတွ group လေးတွေ တွေးတိုင်း အခုချိန်ထိ နှမြောနေတုန်း ဘဲ ။ သူငယ်ချင်းတို့လည်း မပာက်ခံရအောင် တစ်ခေါက်လောက် ဖတ်ပြီး ဝင်လေ့လာသွားပါအုံး ။ သူငယ်ချင်းတွေကိုလည်း ဝေမျှလိုက်ပေါ့။။။။။။။။။။။။။။။။

How To Hack Facebook ပါ..

ဒါပေမယ့် ဘယ်လို Hack မှာလဲ လို့ တော့ ကျွန်တော်တင်ပြဆွေးနွေးမှာမဟုတ်ပါဘူး..ဘယ်လိုတွေ Hack နည်းတွေရှိလဲ. ဘယ်လိုကာကွယ်ရမလဲဆိုတာကို အလေးပေးဖော်ပြမှာဖြစ်ပါတယ်..ခင်ဗျာ!!!
ပထမဆုံးအနေနဲ့  ဘယ်လိုတွေတိုက်ခိုက်ခံရနိုင်လဲဆိုတာ ဦးစားပေးဖော်ပြပါ့မယ်
ထို့ နောက် ဒုတိယပို့ စ်အနေနဲ့  ဘယ်လိုကာကွယ်ရမလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်..
Facebook ဆိုတာ တကယ်တော့ Social Media တစ်ခုပါပဲ သင်ဘာလုပ်လဲ သင်ဖော်ပြနိုင်တယ် သင်ဘယ်လို စိတ်ခံစားနေရလဲ သင်ဖော်ပြနိုင်တယ် သင်ဘာကိုလိုချင်နေလဲ ဘာကိုစိတ်ဝင်စားလဲ သင်စိတ်ထဲက ခံစားချက်တွေ သင့်Activity တွေကို သင့်သူငယ်ချင်းတွေနဲ့  သင်မျှဝေနိုင်တယ်
ဒါမှမဟုတ် သင်ဟာ ဘာသာရေးသမားလား..သင်ဟာနိုင်ငံရေးစိတ်ဝင်စားတာလား..သင့်ဘာသာရေးနိုင်ငံရေးအမြင်တွေလဲ သင်ဖော်ပြခွင့်ရှိတယ် သို့ မဟုတ်သင်ဟာစီးပွားရေးတခုလုပ်နေတာလား ဒါမှမဟုတ် သတင်းနဲ့ ပြန်ကြားရေး ရုပ်ရှင်အနုပညာဂီတရသပေးတဲ့ Page တစ်ခုကိုထောင်ထားတာလား…
ဘာမဆိုပေါ့ ကျွန်တော်တို့ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးချကြပါတယ်..သို့ ပေမယ့်
တခါတလေ သင်နဲ့ စိတ်အကြောင်းမတိုက်ဆိုင်သူများ..သင့်ကိုမကျေနပ်သူများ သင့်ကို မဟုတ်ကဟုတ်က မသမာချင်သူများ..သို့ မဟုတ် သမီးရည်းစားချင်းသင်္ကာမကင်းဖြစ်တဲ့အခါ.
ကျွန်တော်တို့ ကြားရတဲ့စကားသံတစ်ခုကတော့ ကျွန်တော်/ကျွန်မတို့ ရဲ့  Facebook အကောင့်ခိုးခံထိသွားပါပြီး..Hacked ခံထိပါပြီး..ဆိုတဲ့စကားသံတွေ ခနခန Social Media လောကမှာမြင်နေကြားနေကြရပါတယ်..
ကျွန်တော်/ကျွန်မတို့ ဘယ်လိုနည်းနဲ့  အကောင့်ပြန်ယူရမလဲ ဒါမှမဟုတ်နောက်တစ်ခါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ..အထွေထွေသော ပြသနာတွေမြင်နေကြားနေရပါတယ်…ဒါဘာကြောင့်လဲ ကျွန်တော်တို့  အိုင်တီလောကနဲ့ အကျွမ်းတ၀င်ထိတွေ့ နေတဲ့ လူတချို့ တောင်မှာ အခန့်မသင့်ရင် Hacked ခံရပါတယ် ..သာမန် အသုံးပြုသူအနေနဲ့ ကတော့
hacked ခံထိဖို့ က ၈၅% လောက်ကို သေချာနေပါတယ်…IT နဲ့ ပတ်သက်ပြီး ဗဟုသုတပိုင်းဆိုင်ရာနည်းပါးမှုဟာလဲ ကျွန်တော်တို့ ကို ခြိမ်းခြောက်နေတဲ့ လက်နက်ကြီးပါပဲ…Online ပေါ်မှာမည်သူမဆို သားကောင် (Victim) ဖြစ်သွားနိုင်တဲ့သဘောရှိပါတယ်..
အမှန်တကယ်တော့ facebook ဆိုတဲ့အရာကြီးဟာ တကယ်ကို လုံခြုံမှုရှိလွန်းတဲ့ Website တစ်ခုပါပဲ..Facebook ရဲ့  Security System ကိုချိုးဖောက်ဖို့ ဆိုတာ တကယ်ကိုမလွယ်ကူပါဘူး..
ဒါဆိုရင် မေးခွန်းတော့ရှိလာပါပြီး…
ဘာကြောင့် ဒီလောက်လုံခြုံတဲ့ Facebook အကောင့်ဟာ ဘာလို့  အခိုးခံရပါသလဲ?
ဒီမေးခွန်းကိုမဖြေခင်မှာ ကျွန်တော် အောက်ပါ အချက် (၆) ချက်ကို ဆွေးနွေးပေးပါ့မယ်…
တစ်ချက်ချင်းစီမှာ အပေါ်ကမေးခွန်းကိုအဖြေပေးမယ့် အကြောင်းအရာတွေ၇ှိပါတယ်..
1- Keylogging – Installing Keylogger ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
2-Phishing – Creating Fake Facebook Login Page ( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
3-Using Victims Mobile ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
4-Stealing facebook cookies of victim( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
5- Revealing saved Facebook passwords on web-browsers( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
6-Bypassing Facebook’s Security Question( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
——————-
အပေါ်က အချက်တွေထဲမှ နံပါတ် ၃နဲ့  ၆ ကတော့ Password Reserting နဲ့ တူပါတယ် Password Reserting ဆိုတာက သင် ဖေ့ဘွတ်ပတ်စ်ဝက်မေ့တဲ့အခါ ပတ်စ်ဝက်အသစ်ကိုထည့်သွင်းရာတွင် လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်စွက်ပြီးအသစ်ပြန်လည်ရယူတဲ့နည်းဖြစ်ပါတယ်..(မိမိခိုးယူမယ့်လူရဲ့ နဂိုမူလ Password ကိုသိဖို့ မလိုပဲ Password Reset အနေနဲ့ ခိုးယူခြင်းဖြစ်ပါတယ်)
ပထမနည်း ၁နဲ့ ၂ ကတော့ ပိုင်ရှင်လုံးဝမသိပဲ သူ့ ၏ facebook ကိုဝင်တဲ့အီးမေးလ်နဲ့  facebook password ကို အသုံးပြုပြီးဝင်ရောက်တဲ့နည်းဖြစ်ပါတယ် မူလ password ကို Hack လိုက်တဲ့နည်းဖြစ်ပါတယ်
ဒါဆိုတစ်ချက်ချင်းလေ့လာကြည့်ရအောင်ဗျာ..
1-KeyLogging- For Hacking Facebook Account *
ဒီနည်းက ရိုးရှင်းပြီး အလွန်ကိုထိရောက်တဲ့ နည်းလမ်းပါပဲ တိုက်ခိုက်မယ့်လူအနေနဲ့  မည်သည့်  Hacking Knowledge မှ ကောင်းကောင်းမွန်မွန် သိဖို့ မလိုပါဘူး ကွန်ပျူတာကိုအခြေခံကျွမ်းကျင်မှုရှိရင် Hack နိုင်ပါပြီး…
Keylogger Software ဆိုပြီး နာမည်ကြီးပျံ့ နှံ့ နေတဲ့ အတိုင်းပါပဲ မိမိအသုံးပြုမယ့် ကွန်ပျူတာမှ ဒီSoftware ကိုမသမာသူက ကြိုတင် Install လုပ်ထားလိုက်ပါတယ်..
သင်ထိုကွန်ပျူတာကို အသုံးပြုတဲ့အခါ သင့်ရဲ့ ဖေ့ဘွတ် Username and Password ကိုရိုက်ထည့်လိုက်တာနဲ့  ဒီဆော့ဝဲလ်က နောက်ကွယ်ကနေ အကုန်လုံးကိုမှတ်သားထားမှာဖြစ်ပါတယ်..
သင်အသုံးပြုပြီးပြန်သွားတဲ့အခါ မသာမာသူမှ ထိုဆော့ဝဲလ်အားဖွင့်လှစ်ပြီး သင့်ရဲ့  Data တွေကို ရယူသွားပါလိမ့်မယ် ထိုဆော့ဝဲလ်ဟာ သင်(သာမန် User) မမြင်နိုင်တဲ့ Background Process အနေနဲ့  ကွန်ပျူတာမှာ Processing လုပ်နေပါတယ်
Keylogger software ကိုယနေ့ခေတ်မှာ Facebook အကောင်ခိုးယူဖို့တင်မကပဲ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်..
ထို Keylogger ကို (၂)မျိုးထပ်မံခွဲခြားနိုင်ပါတယ်
-Software Keylogger
-Hardware Keylogger -zပါပဲ…
*Software Keylogger ဆိုတာကတော့အပေါ်ကကျွန်တော်ပြောသလိုပဲ ကွန်ပျူတာထဲသွင်းပြီး အသုံးပြုရတဲ့နည်းလမ်းပါပဲ သူက ဆော့ဝဲလ်တခုအနေနဲ့ တည်ရှိပါတယ် (အားနည်းချက်အနေနဲ့ ကတော့-နားလည်သူတွေကဒီSoftware Run ထားခြင်းရှိမ၇ှိကို သိရှိနိုင်ကြပါတယ်)
*Hardware KeyLogger ကတော့ Hardware တခုအနေနဲ့ ရပ်တည်ပါတယ် သူက USB Pen Drive လိုပါပဲ သူ့ မှာ အချက်အလက်တွေမှတ်ဖို့  Internal Memory တပ်စင်ထားပါတယ်..
သူ့ ကို ကွန်ပျူတာနဲ့  keyboard ချိတ်ဆက်ပေးမယ့် ကြိုးရဲ့ ခေါင်းနဲ့  ကွန်ပျူတာ System ပုံးအနောက်မှ ကီးဘုတ်ချိတ်ဆက်မယ့် USB Port သို့ မဟုတ် PS2 Port ကြားမှာ ကြားခံအနေနဲ့ တပ်ဆင်ထားပါတယ်..
သူ့ ရဲ့အလုပ်လုပ်ပုံကတော့ ကီးဘုတ်ကနေရိုက်သမျှ စာအားလုံးကို ကွန်ပျူတာတဲ့ Instruction အနေနဲ့ မ၀င်ခင်မှာ အကုန်ကြားခံဖမ်းယူမှတ်သားခြင်းပဲဖြစ်ပါတယ်..
ဒီပစ္စည်းလေးတပ်ဆင်ထားတာကိုတော့ ကွန်ပျူတာ System ပုံးကိုသတိထားနိုင်မှသိနိုင်ပါတယ်…
——————————————-
2-Phishing – For Hacking Facebook Account *
Hacked နည်းတွေထဲက နည်းလမ်းဟောင်းတစ်ခုဖြစ်ပြီး Facebook အကောင့်တခုတည်းသာမက password protected လုပ်ထားတဲ့ မည်သည့်အကောင့်ကိုမဆို( e.g Gmail,yahoomail)
Hackတဲ့အခါမှာအသုံးချနိုင်ပါတယ်…သင်ဘယ်လောက်ပဲ Phising နဲ့ ပတ်သက်ပြီးတိုက်ခိုက်လာနိုင်တဲ့ နည်းလမ်းတွေကိုနားလည်သိ၇ှိထားပါစေအုံး မထင်မှတ်တဲ့ အမှားလေးတစ်ခုကနေသင့်ရဲ့  Facebook ကို အခိုးခံရနိုင်ပါတယ်..
ဘာလို့ လဲဆိုတော့ ဒီနည်းလမ်းက လှည့်ကွက်တွေများတယ် သင့်ရဲ့ စိတ်အာရုံက ဖမ်းစားနိုင်မယ့် မက်လုံးတစ်ခုခုနဲ့ သင့်ကို တိုက်ခိုက်သူ တွေက တိုက်ခိုက်ရန်အကွက်ဆင်နေမှာဖြစ်ပါတယ်..ပုထုဇဉ်လူသားတွေပီပီ..တခါတလေ သတိမမူလို့ ဂူမမြင်လိုက်တဲ့ သာဓကတွေလဲရှိသားလား..
Popular အဖြစ်ဆုံး Phishing Hack နည်းကတော့.. Facebook ရဲ့  Login Home Page အတုကို ဖန်တီးပြီး Hack တဲ့နည်းပါပဲ…
မသမာသူဟာ သင့်ဆီသို့ နည်းအမျိုးမျိုးနဲ့  Fake Facebook Login Link Address တစ်ခုကိုမရောက်ရောက်အောင်ပို့ မှာဖြစ်ပါတယ်.အဲဒီ အတုဟာ တကယ့်အစစ်နီးပါ တူညီပါတယ်..
အဲဒီလို လင့်တစ်ခုသင့်ဆီေ၇ာက်လာပြီဆိုပါတော့ သင်ကလဲ အတု မှန်းမသိလိုက်ဘူးဆိုပါတော့..
သင်ပုံမှန်အတိုင်း သင့်ရဲ့  username and password ပေးပြီး…
Enter တစ်ချက် Click တစ်ကလစ်မှာပဲ…သင့်ရဲ့ username နဲ့  password မှန်မမှန်တိုက်ဆိုင်စစ်ဆေးပြီးဝင်ခွင့်ပေးဖို့  ပုံမှန်လုပ်ငန်းစဉ် Facebook ရဲ့  Database Information Server ကို မပို့ တော့ပဲ မသမာသူဆီပို့ ပေးလိုက်ပါတယ်…
ထိုအခါ မသမာသူက သင့်ရဲ့  Username နဲ့  Password ကိုလက်ခံရရှိပြီးဖြစ်ပါတယ်…..
ကျွန်တော်ဒီပို့စ်နဲ့ အတူ တင်ထားပေးတဲ့ ပုံမှာ ကြည့်ရှုပြီး အလွယ်တကူနားလည်သိမြင်နိုင်ပါတယ်..
ပုံမှာမြင်တဲ့အတိုင်းပါပဲ…Hacker ကတော့ Trick တွေသုံးပြီးသူ့ ရဲ့ သားကောင်ကို Login Page အတု ပို့ ပြီး…လှည့်စားနေပါပြီး..
ဒီနည်းလမ်းကိုသုံးတဲ့သူက ဘာကြောင့် ခက်ရလဲဆိုတော့ Fake Facebook Login page တခုကိုတည်ဆောက်ရတာအရမ်းမခက်ခဲပေမယ့် လူတွေဟာ အခုတော့ဒီ Phishing ရဲ့ နည်းလမ်းသဘောသဘာဝကို အတိုင်းအတာတခုထိနားလည်လာကြတဲ့အခါ
တော်တန်ရုံလှည့်စားလို့ မရတော့ပါဘူး..ဒါကြောင့်ခက်ခဲတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်..သင့်ရဲ့ လိမ်ညာလှည့်ဖျားမှု Trick သုံးနိုင်တဲ့အခြေအနေအပေါ်မူတည်ပါတယ်..အထူးသဖြင့် Mobile ပေါ်က Facebook User တွေကို တိုက်ခိုက်မယ်ဆိုရင်တော့အနည်းစယ်ခက်ခဲပါလိမ့်မယ်
ဘာလို့ လဲဆိုတော့ Mobile ပေါ်မှာ URL Link တွေကို အလွယ်တကူ checks လုပ်ဖို့ ခက်ခဲလို့ ပါပဲ မဟုတ်လား??
———————————
*Using Victims Mobile to Hack Facebook Account
ဒီနည်းက ကျွန်တော်ကနဦးတင်ပြခဲ့သလိုပဲ Password Reserting နည်းပါပဲ နကိုမူလ password ကို Breaking လုပ်ပြီး..၀င်ရောက်တဲ့သဘောပါပဲ..
ဒီနည်းတွေက ချစ်သူကြား သူငယ်ချင်းတွေကြား.မှာရေပန်းစားပါတယ်..လွယ်လွန်းပါတယ်Forgot Password လို့ လုပ်ပီး
ကြိုးစားရုံပါပဲ..ဒါပေမယ့် သင်ရဲ့ သားကောင်ဖုန်းနံပါတ်ကိုသိဖို့ လို သလို Facebook ကြီးကပြန်ပို့ လာမယ့် sms ထဲက Code ကိုဖတ်ဖို့  သင်ဟက်မယ့် သူငယ်ချင်း သို့ မဟုတ်ချစ်သူရဲ့ အနားမှာနေဖို့ တော့လိုမှာပေါ့နော်..
နည်းလမ်းကို တော့ ကာကွယ်တဲ့နည်းပို့ စ်ကိုတင်ပြတဲ့အခါ ထည့်ရေးပေးပါ့မယ် ဒါပေသိ…သင်မြန်မာနိုင်ငံမှာနေထိုင်သူဆိုလျှင်တော့ ဒီနည်းလမ်းကို လက်ရှိမှာ အသုံးချလို့ မရပါဘူး..မြန်မာပြည်ကို sms ပို့ လို့ မရလို့ ပါပဲ
(*တခါတလေမြန်မာပြည်မှာလူဖြစ်ရတာ ကျေနပ်စရာတွေထဲက တစ်ခုပေါ့..သင့်အကောင့်ကိုလုံခြုံမှုတခုပေးနိုင်လို့ လေ )
—————————————————-
-Stealing Facebook Cookies of your Victim *
တိမ်မယောင်နက် လွယ်မယောင်နဲ့ ခက်တယ်လို့ ပဲဆိုရလိမ့်မယ့် နည်းလမ်းပေါ့…
ဒီနည်းလေးကိုမပြောခင်မှာ – What is Cookie?
စားစရာတော့မဟုတ်ဘူးနော်…အဲဒါ Danger !!
Cookie သို့ မဟုတ် HTTP Cookie( Hyper Text Transfer Protocal), Web Cookie, Browser (firefox,Chrome,Internet Explore,Safari,Opra,Maxthon) Cookie
ဒါတွေအားလုံးက text File လေးတစ်ခုပါပဲ ဘယ်လို File လဲ www.google.com
 
ကို ကြည့်မယ်ဆိုပါတော့..ဒါဆို google web server ကနေ သင့်ရဲ့  browser ကိုပို့ လိုက်တဲ့ text File ကို cookie လို့ ခေါ်ပါတယ်..
သင့်ရဲ့  Browser ကတော့ ဒီဖိုင်လေးကို သိမ်းပြီး သင်ဒီweb site ကို ကြည့်နေသမျှ သင်နဲ့ ဒီဆိုဒ်ကိုbrowser က ဒီဖိုင်လ်လေးကိုပြန်ပို့ ခြင်းဖြင့်ဆက်သွယ်ပေးနေမှာဖြစ်ပါတယ်..
ဒါဆိုရင် ဒီ Cookie တွေက ဘယ်လိုအသုံးကျတာလဲ…သူကတော့ user Authentication,identification တွေကိုလုပ်ပေးတာဖြစ်တယ်..
ဒီCookie တွေဟာ software မဟုတ်ဘူး သူတို့ တွေဟာ Virus တွေကိုမသယ်ဆောင်နိုင်ဘူး..ဒါပေမယ့်သူတို့ တွေဟာ Keylogger တွေလိုပဲ သင်ဒီBrowser မှာ ဘယ်တွေ သွားပီးဘာတွေကြည့်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာတွေကို ဒီ Cookie တွေကနေ
လိုက်လို့ ရပါတယ်.ဒီ cookie file လေးဟာ မသမာသူတွေရဲ့ ခိုးယူမှုသင်ခံရပြီးဆိုပါစို့  သူကတော့ သင့်ရဲ့  web access တွေကို ရရှိသွားပါပြီးဒါကို cookiestealing.
အတိုချုံးပြောရမယ်ဆိုလျှင်တော့ သင်ဖေ့ဘွတ်အကောင့်ကိုlog out မလုပ်ရသေးပဲ သင်ကွန်ပျူတာရှေ့ကနေ အတော်တန်ကြာ away from PC လေးလုပ်နေတယ်ဆိုပါတော့ သေချာတယ် ကျွန်တော်ကတော့ သင့်မုန့်ကိုခိုးစားတော့မှာပဲ
ဒါပေမယ့် တကယ်လို့များသင်ဟာfacebook ကို HTTPS ဆိုတဲ့ secure ပိုဖြစ်တဲ့ protocol နဲ့ သုံးနေမယ်ဆိုရင်တော့ ကျွန်တော်အတွက်တော့ဘယ်လိုမှခိုးယူဖို့ မဖြစ်နိုင်ပါဘူး…
—————————————————–
-Revealing saved Facebook passwords from web browsers*
တူးမယ်ဆွမယ်..ခင်ဗျားတို့ သိမ်းထားတဲ့ Password တွေကို..မယုံမရှိနဲ့ ကျွန်တော်ထိဖူးတယ် အဖြစ်အပျက်က ဒီလို ကိုယ်ရဲ့ ပေါ့ဆမှုပေါ့ သူကခိုးတာမဟုတ်ဘူး ကိုယ်က ပေးလိုက်မိတာပါ…ကိုကိုရယ် Firefox ကသုံးလို့ မကောင်းဘူး ဗီဒီယိုကြည့်ရတာအဆင်မပြေဘူးဆိုလို့  ကဲဘေဘီရေ ရော့ ဆိုပြီး ကျွန်တော်သုံးနေတဲ့ Chrome ကိုပို့ ပေးလိုက်တယ်..ကျွန်တော်ကလူပျင်းလေ ကိုယ့်ပါစင်နယ် Laptop မှာဆိုတော့ Password တွေ အကောင့်တွေ Auto Save ထားတာ
အကုန်ပါလေရော ကိုယ်တောင်မမှတ်မိတော့တဲ့အကောင့်တွေ သူဖွင့်လို့ ရပါလေရော အဲဒီမှာ ကွိုင်တာပေါ့ အရင်က past chat တွေနဲ့  တော်ပါသေးတယ် ချစ်သူက အကုန်သိပြီးသားကိစ္စတွေမို့ လို့ ပေါ့ နားလည်ပေးတယ်)
အဲဒီလို ထိတာ…အင်ဒီနည်းကတော့ ဒီလိုဗျ..သူကတော့ သင်သာ ကျွန်တော့်လိုအပျင်းကြောထူနေရင်တော့ ခံရပါလိမ့်မယ်..
ဖြစ်နိုင်ရင် မသိမ်းထားပါနဲ့ တခါသိမ်းထားခဲ့ရင် Clear Browse History မလုပ်မချင်း လုပ်ခဲ့ရင်တောင် Save Password ကိုပါ မဖျက်မိရင် ပြန်ဖော်နိုင်ပါတယ်…
ဒါကတော့ ဖော်လို့ ရတဲ့နေရာတွေပါ..
Chrome: Goto tools >> Options >> Personal Stuff >> Manage saved Passwords
FireFox: Goto tools >> Options >> Security >> saved Passwords
Internet Explore >> ကိုတော့ထည့်မပြောတော့ပါဘူး .ဘယ်သူမှသူ့ ကိုကရုမစိုက်တာ
————————————
နောက်ဆုံးနည်းကတော့ Bypassing Facebooks Security Question *
Facebook ရဲ့  အဓိက Security အားနည်ချက်တစ်ခုပေါ့..အဲလိုမြင်လို့ လဲရသလို အဲလိုမဟုတ်ပဲတကယ်လို့ များမိမိအကောင့်ပတ်စ်ဝေါ့ မေ့သွားတဲ့အခါ ပြန်လည်ရယူနိုင်ဖို့  ကူညီထားတဲ့ အခန်းကဏ္ဍတခုပဲ..
ဒါကိုပဲ မသမာသူတွေက အသုံးချ..ယုံကြည်မှုကို နားလည်ပါးရိုက်လုပ်စားတဲ့အကွက်လို့ ပြောရရင်ပိုမှန်မယ်..
တချို့ ချို့ က ဒါကို Social Engineering Attack လို့ လဲခေါ်ပါတယ်..
သူကဘယ်လိုလဲတခါတလေ သင့်ပတ်စ်ဝက်မေ့တဲ့အခါ Forgot your password ကိုနှိပ်ပီး အသစ်တစ်ခုResert လုပ်ပြီဆိုပါတော့
သင့်သူငယ်ချင်းနာမည်တွေကိုမေးမယ် ဓာတ်ပုံတွေကို ဘယ်ဟာက ဘယ်သူလဲဆိုပီး Multiple Choice ခိုင်မယ်…ဒါမှမဟုတ် Security Question တွေမေးမယ်..
ဒါဆိုရင်တော့ သင်ဖောက်လို့ ရလောက်ပါပီ သင့်သူငယ်ချင်း သို့ မဟုတ်ချစ်သ မောင်နှမ တွေရဲ့  အကောင့်ဆိုလျှင် သင် သူငယ်ချင်းတချို့ လဲသိနိုင်သလို Photo တွေလဲသိနိုင်မှာပဲ…Security Question တွေကိုလဲသိနိုင်ခန့်မှန်းနိုင်မှာပါ…
နောက်လာမယ့် ကာကွယ်နည်းပို့ စ်မှာ ပိုအသေးစိတ်ရှင်းလင်းပေးပါ့မယ်
—————————–
ကဲဒါဆိုရင် ကနဦးကျွန်တော်မေးထားတဲ့ မေးခွန်းကိုပြန်လည်ဖြေကြည့်ရအောင်ဗျာ..
Facebook ရဲ့ Security System ဟာအရမ်းကို ခိုင်မာလွန်းပါတယ် ဒါဆိုဘာလို့ အခိုးခံရလဲ?
ရှင်းပါတယ် ခိုးဖို့ ကြိုးစားသူက ၇၀% အားထုတ်မှု၃၀%သော အားနည်းချက်ကတော့ကျွန်တော်တို့ User တွေရဲ့ ဗဟုသုတနည်းပါးမှုနဲ့ သတိလျော့မှုတွေကြောင့်ပဲဖြစ်ပါတယ်
အသေအချာပြောနိုင်တာကတော့ ဘယ်လောက်တော်တဲ့ Hacker ဖြစ်ပါစေအုံး..Facebook ရဲ့  username & password တွေကို သိုလှောင်ထားတဲ့ Database Server ထဲကို ချိုးဖျက်ဝင်ရောက်ပြီး ကျွန်တော်တို့ ရဲ့  Username and Password ကို မရယူနိုင်ဘူးဆိုတာပါပဲ..
Facebook ရဲ့  Security Credential တွေကတော့ တကယ် Strong ဖြစ်ပါတယ်….
စကားချပ်အနေနဲ့ Hack ချင်သူတွေကိုသတိပေးချင်တာကတော့
သင်ဟာအချိန်မရွေး မုဆိုးကနေ သားကောင်ဘ၀ကိုရောက်သွားနိုင်တယ်ဆိုတာပါပဲ
ဘယ်လိုအခြေအနေမျိုးလဲ ….Ready Made Software တွေပေါ့ Facebook Recovery Software ,Faceboook Hacking Software တွေရှိတယ် ရမယ် ၁၀၀%အာမခံတယ် ပိုက်ဆံပေးပြီးသာဝယ်လိုက် ရစေရမယ်ဆိုတဲ့
စွဲဆောင်မှုတွေကြေငြာချက်တွေကိုယုံစားမိတဲ့အခါ သင်ဒီဆော့ဝဲလ်တွေကို ၀ယ်ယူဖို့  အွန်လိုင်းပေါ်ကနေ ၀ယ်ယူတော့မယ်ဆိုပါဆို သင့်ID နဲ့  Password က အချိန်မေ၇ွး..ပါသွားနိုင်တယ်ဆိုတာကိုသတိချပ်သင့်ပါတယ်..
ဥပမာ -သင့်က Hack ချင်ပီ hack နည်းရှာရင်းနဲ့  ဒါလေးကိုတွေတယ်ဆိုပါတော့ သူကတောင်းတော့မယ်
သင့်ရဲ့  Facebook Login email and password နဲ့  သင်ဟက်ချင်တဲ့လူရဲ့  profile link ကိုပေးပါဆိုပြီးတော့ပေါ့ ကိုယ်ကလဲငမ်းငမ်းတက်ရချင်စောနဲ့ ပေး..အဲဒီမှာအေးတာပါပဲ..ကဲ သူခိုးလက်ဓားရိုးကမ်းတယ်ဆိုတာပါပဲ..
အဲဒီလူတွေကလဲလည်တယ် သင်ယုံချင်အောင်ပေးပို့ ရမယ်အီးမေလ်ကိုဒီလိုနာမည်တွေပေးတယ်ဗျ..
password.recovery@facebook.com အစသဖြင့်ပေါ့ ကဲဘယ်လောက်ပုံမှားရိုက်တတ်တယ်ဆိုတာပါပဲ..သေချာဆုံးတစ်ခုကတော့ Hack ချင်သူများ အနေနဲ့ခေါင်းထဲထည့်ရမှာကတော့ Facebook အကောင့်ကို ဟက်ဖို့  ဆော့ဝဲလ် လုံးဝလုံးဝမရှိသေးဘူးဆိုတာပါပဲ….

နေလင်းသိုက်
www.facebook.com/naylinthike

Quadruplets.. Seeing is Believing or Is It?

အရိပ်ပြဇာတ်


ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ

Tuesday, May 28, 2013

ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၂)ရပ်ကွက်ရှိ ကျူးကျော်အိမ်များအကြားတွင် ဆောက်ထားသော အိမ်လေးတစ်လုံး ထဲ၌ အသက် (၄၀)အရွယ် ကိုမောင်ဝင်းတစ်ယောက် လှဲနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေးဘ၀ကပင် အဘိုးဖြစ်သူကို ကွမ်းဝယ်ပေးရာမှစပြီး (၉)နှစ်သားအရွယ်တွင် ကွမ်းစားတတ် လာခဲ့ကြောင်း ဆိုသည်။ သူ အသက်(၄၀) အရွယ်မှာတော့ အစာမျိုလမ်းကြောင်းကင်ဆာ ဝေဒနာကို ခံစားနေရပေပြီ။

လွန်ခဲ့သော (၁)နှစ်ခန့်မှစကာ လည်ချောင်းများနာလာခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေးမပြေလည်မှုကြောင့် ဝေဒနာများ ခံစားရပြီး (၅)လကျော် ကြာမှသာ ဆေးစစ်မှုခံရာမှ အစာမျိုလမ်းကြောင်းကင်ဆာဖြစ်နေသည်ကို သိခဲ့ရကြောင်း ၄င်းကဆိုသည်။ထို့ကြောင့် ရောဂါပျောက်ကင်းသည်အထိ ဆေးကုသမှု ခံယူရန်ဆိုသည့် အချက်သည် ငွေကြေးပမာဏ တတ်နိုင်သည့် အပေါ်တွင်သာ မူတည်နေကြောင်း ကိုမောင်ဝင်းက ပြောသည်။

အစာမျိုလမ်းကြောင်း ကင်ဆာ ခံစားနေရခြင်းမှာ ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု ဆေးစစ်ချက် အဖြေအရ သိလိုက်ရသည့်အချိန်တွင် နှစ်ပေါင်း(၃၀)ကျော် စွဲမြဲစွာစားခဲ့သည့် ကွမ်းယာများကိုသာ အပြစ်တင်နေ မိတော့သည်။

“အခုတော့ ကွမ်းရဲ့ဆိုးကျိုးတွေကိုခံစားနေရပါပြီ ။ ရောဂါဖြစ်တော့ အလုပ်လည်း မလုပ်နိုင်တော့ဘူး။ မိသားစု တာဝန်တွေလည်း မကျေပွန်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ကိုမောင်ဝင်းက ပြောသည်။ သူ ကျန်းမာရေးကောင်းနေစဉ်က ဆိုက္ကားနင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး သားသမီး(၅)ယောက်ကို ရှာဖွေကျွေးခဲ့ရကြောင်း ပြောသည်။

ဦးမောင်ဝင်းအနေဖြင့် လွန်ခဲ့သည့် (၃)လမှစ၍ အလုပ်မလုပ် နိုင်တော့သဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် (၉)တန်းကျောင်းသားဖြစ်သည့် သားအကြီးဆုံးမှာ ဖခင်နေရာတွင် ၀င်၍ ဆိုက္ကားနင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဖြေရှင်းနေရကြောင်း သိရှိရသည်။

“ ကျွန်တော်က အရင်လို မိသားစုအတွက် ရှာမပေးနိုင်တဲ့အပြင် ကျွန်တော့်ကြောင့် မိသားစုအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခု ပိုနေတဲ့အတွက် မိသားစုကိုလည်း အားနာလှပါပြီ။ ကျွန်တော့လို မဖြစ်အောင်လည်း လူတိုင်း ကွမ်းစားတာကို ဆင်ခြင်စေချင်တယ်။ သင်ခန်းစာယူစေချင်တယ် ” ဟုဆိုသည်။

ရန်ကုန်သွားဆေးတက္ကသိုလ်၏ သုတေသနပြုချက်အရ (၁)နှစ်လျှင် သွားနှင့်ပတ်သက်သည့် ရောဂါဖြစ်ပွားသူ (၉၀၀၀)၀န်းကျင်ရှိပြီး ၄င်းတို့အထဲမှ ခံတွင်းကင်ဆာဖြစ်ပွားသူဦးရေမှာ (၂၅၀)၀န်းကျင်ရှိကြောင်းနှင့် အဆိုပါခံတွင်းကင်ဆာနှင့်ပတ်သက်၍ ဆေးကုသမှုခံယူသူဦးရေမှာ (၂၅)ယောက်ဝန်းကျင်သာ ရှိကြောင်း သိရသည်။

အရှေ့တောင်အာရှအတွင်း ခံတွင်းကင်ဆာဖြစ်ပွားမှုသုတေသနအဖွဲ့အား တင်ပြရန်အတွက် ရန်ကုန် သွားဆေးတက္ကသိုလ်နှင့် ဆေးသုတေသီများပူးပေါင်း၍ ၂၀၁၁ ခုနှစ်က မြန်မာပြည်တစ်ပြည်လုံး၌ ဆေးရွက်ကြီးနှင့် ဆက်နွယ်နေသည့် ခံတွင်းကင်ဆာသုတေသနများ ပြုလုပ်ခဲ့ကြသည်။

ကွမ်းစားခြင်းကြောင့် သွားကိုအရောင်ညစ်စေခြင်း၊ ကြွေလွှာပြုန်းတီးစေခြင်း၊ မေးရိုးအဆစ်ရောဂါရခြင်း၊ သွားကျောက်တည်ကာ သွားဖုံးဝေဒနာခံစားရခြင်းတို့အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ခံတွင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ အစာမျိုလမ်းကြောင်းကင်ဆာနှင့် အသည်းကင်ဆာများအား ဖြစ်ပွားစေပြီး ၄င်းကင်ဆာများ ဖြစ်ပွားပါက အသက်ရှင်နိုင်ခြေမှာ (၆၀)%ထက် မပိုကြောင်း သွားဘက်ဆိုင်ရာဆေးပညာရှင်များကဆိုသည်။

“ ကွမ်းကို တောက်လျှောက်စားပါများရင် သွားကျင်လာမယ်။ အစပ်မစားနိုင်တာတွေ၊ လျှာထူတာတွေဖြစ်ပြီး အရသာကို ကောင်းကောင်းမခံစားနိုင်တော့ဘူး" ဟု မကွေးမြို့မှ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ဦးထွန်းဇော်ကပြောသည်။

မြန်မာနိုင်ငံ၌ ဆေးရွက်ကြီးကြောင့် ကင်ဆာဖြစ်ပွားနှုန်းမှာ (၇၀%)ခန့်ရှိကာ ကွမ်းယာထဲ၌ ဆေးရွက်ကြီးထည့်၍ စားသုံးသောသူများတွင် သွားနှင့်ပါတ်သက်သော ရောဂါဝေဒနာအား ခံစားရပြီး အဆိုပါသွားနှင့် ပတ်သက်သည့်ရောဂါများခံစားရသူများ၏ လေးပုံတစ်ပုံခန့်သည် ကွမ်းစားခြင်းကြောင့် ဖြစ်သည်ဟု သွားဘက်ဆိုင်ရာဆရာဝန်များက ဆိုသည်။

"ခံတွင်းသန့်ဆေးနဲ့ ငုံပေးတာတွေ, ကွမ်းချိုးကို ဆေးပေးတဲ့ သီးသန့်သွားဆေးပေးခန်းတွေလိုမျိုး မြန်မာနိုင်ငံမှာရှိဖို့ လိုအပ်ပါတယ် " ဟုဆက်ပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရမှ ကွမ်းစားခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသော ဥပဒေမရှိသော်လည်း ဆေးရုံများနှင့် စာသင်ကျောင်းအချို့တွင် ကွမ်းမစားရန် သတ်မှတ်ထားခြင်း၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ စွန့်ခြင်းအတွက် ဒဏ်ငွေ(၅၀၀၀)ကျပ်အထိ ပေးဆောင်ရန် ဒဏ်ကြေး သတ်မှတ်ထားခြင်းမျိုးကို ဆေးရုံအုပ်ကြီးများနှင့် ကျောင်းအုပ်ကြီးများမှ အသိပေးနှိုးဆော်ချက်များ ပြုလုပ်ထားကြသည်။

“အများပြည်သူကလည်း ကွမ်းစားရင် ဒီလိုဖြစ်နိုင်ပါလားဆိုပြီး ဆင်ခြင်မယ်, ကျန်းမာရေးဝန်ကြီးဌာနတို့၊ နိုင်ငံတော်အစိုးရတို့ အနေနဲ့လည်း ပြည်သူတွေကို ကွမ်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ ပေးတာတွေ၊ မူဝါဒ ချမှတ်တာတွေ လုပ်ပေးသင့်တယ်” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှ သွားနှင့်ခံတွင်းဆရာဝန်တစ်ဦးက ပြောသည်။

ပြည်တွင်းစာနယ်ဇင်းတစ်ခုတွင် ၀င်ရောက် လုပ်ကိုင်နေသည့် အသက်(၃၀)အရွယ် ကိုထွန်းထွန်း ဆိုသူကလည်း ပြီးခဲ့သည့်နှစ်အတွင်းက ကွမ်းစားနေစဉ် အသက်ရှုကြပ်ကာတက်သွားခြင်းမျိုး ကိုယ်တွေ့ နှစ်ကြိမ် ကြုံခဲ့ဖူးကြောင်းဆိုသည်။

“ကွမ်းစားနေတုန်း လည်ချောင်းထဲမှာ ကွမ်းဖတ်ဆို့ပြီး တက်သွားတာ၊ဘေးနားမှာလူရှိနေလို့ တော်သေးတယ်။ လူသာမရှိရင် အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတယ်လို့ ဆရာဝန်က ပြောတယ်” ဟု ၄င်းကဆိုသည်။

ကွမ်းစားသောယဉ်ကျေးမှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း(၂၀၀၀)ခန့်မှ စတင်ခဲ့ပြီး ကမ္ဘာတ၀ှမ်းလုံးတွင် ခံတွင်းနှင့် စပ်လျဉ်းသော ရောဂါများဖြစ်ပွားနေသူ ခန့်မှန်းခြေဦးရေမှာ နှစ်စဉ်(၃၉၀,၀၀၀) သို့မဟုတ် (၅၈%) ရှိပြီးအိန္ဒိယတိုက်ငယ်နှင့် အရှေ့တောင်အာရှတို့၌ အဓိကဖြစ်ပွားလျက်ရှိကြောင်း၊ ကွမ်းစားများသော နိုင်ငံများတွင် ခံတွင်း၊လည်ချောင်းနှင့်အစာပြွန်ကင်ဆာ ရောဂါများဖြစ်နှုန်း မြင့်မားကြောင်း၊ အပြည်ပြည် ဆိုင်ရာကင်ဆာသုတေသနအဖွဲ့(IARC) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်မူ ကွမ်းကိုဆေးအဖြစ်သုံးခြင်းနှင့် ကွမ်းစားခြင်းဓလေ့ စတင်ပေါ်ပေါက်ခဲ့ သည်နှင့်ပတ်သက်၍ “ မြန်မာအစတကောင်းက" ဟု ဆိုရိုးရှိခဲ့သည့်အတိုင်း တကောင်းခေတ်ဦးအချိန်က တကောင်းမင်းများ လက်ထက်တွင် ကွမ်းစားခြင်းအလေ့အထရှိခဲ့ကာ အိန္ဒိယနိုင်ငံမှ အစ ပြု၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြောင်းကို ဆရာကြီးဒဂုန်နတ်ရှင်၏ " မြန်မာ့ရိုးရာကွမ်းဓလေ့ " စာအုပ်တွင် ရေးသား ဖော်ပြထားသည်။

ကွမ်းရွက်ကြီးသည် ဆေးဖက်ဝင် အရွက်အမျိုးအစားထဲ၌ ပါရှိသော်လည်း ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် အမွှေးအကြိုင်များတွင် နိုက်ထရိုစမင်း၊ အလ်ကာလွိုက်နှင့် ပိုလီဖီနောဓါတ်များ အပါအ၀င် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်းအမျိုး(၃၀)ခန့် ပါဝင်သောကြောင့် ထုံးမှ ခံတွင်းသားများကို လောင်စေကာ ထိုမှတဆင့် ကင်ဆာဖြစ်စေသောဓါတ်များ အထဲစိမ့်ဝင်နိုင်အောင် အားပေးလျက်ရှိကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်များက ဆိုသည်။

http://myitmakhamediagroup.com/detail.php?newid=4653

City (ပုဂံမြို့ ဟောင်းတနေရာက လူမှုကူညီရေးဆေးခန်း)

လက်တို့ပြီးတော့ ပြောရဦးမယ်။
-------------------------------------------------------------------------------
ကြည့်တတ်တော့ မြင်တယ်။ မြင်တဲ့အမြင်က မှန်တော့ အတွေးအကြံလည်း မှန်သွားပြီး အခု လူမှုကူညီရေးဆေးခန်းဖွင့်တာ အထူးအောင်မြင်နေပြီ။ အောင်မြင်တယ်ဆိုတာ ရည်ရွယ်ချက်အတိုင်း မရှိဆင်းရဲသားတွေကအစ အားလုံးသောဝေဒနာရှင်တွေရဲ့ အားကိုးအားထားရာ ဖြစ်လာတာကို ဆိုလို တာပါ။ ဆေးခန်းကြီးဟီးထနေအောင် ဆောက်လုပ်နိုင်တာမဟုတ်ဘူ...း။ လိုအပ်ချက်တွေ အများကြီးပဲ။ ဒူးနာခါးနာဝေဒနာရှင်များကို လက်တို့လိုက်ကြပါ။ အမြင်ရှိတဲ့ ငွေရှိတဲ့တတ်နိုင်တဲ့ အလှူအတန်းဝါသနာ ပါတဲ့ ဘုန်းကံပါရမီရှင်များကိုလည်း လက်တို့ပြီး ပြောလိုက်ကြပါ။
လိပ်စာက
ပုဂံမြို့ဟောင်း တောင်ဘီရွာ နတ်ထောင့်ကျောင်းတိုက် ဧရာဝတီမြစ်ကမ်းနဘေး
ဓမ္မောသဓအေးရိပ်သာယာလူမှုကူညီရေးဆေးခန်း
ဖုံး-၀၉၂၀၄၂၁၄၃ ဖုံး-၀၉၂၀၄၂၅၆၆ (By sawkhinhtay SAAYADAW)

ဦးဏှောက်ကျန်းမာရေး

 
Friday, May 31, 2013

ဦးဏှောက်ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆောင်ရန် ရှောင်ရန်များကို ဒီလိုဆိုထားပါတယ်။

၁။ မနက်စောစောစာ မစားခြင်း

တညလုံး အစာမစားပဲနေရပြီးတဲ့နောက် မနက်စောစောစာ မစားပဲ ထပ်နေပြန်မယ်ဆိုရင် သွေးထဲမှာရှိတဲ့ သကြားဓါတ်ပမာဏ နည်းလာပါတယ်။ အဲဒီအခါ ဦးဏှောက်ကို
ပေးတဲ့အာဟာရလည်း မလုံမလောက်ဖြစ်သွားတာကြောင့် ဦးဏှောက်ချို့ယွင်းမှုကို
ဖြစ်စေပါတယ်။

၂။ အစာအလွန်အကျွံစားခြင်း

အစာများကို အတိုင်းအဆ မရှိ အလွန်အကျွံစားခြင်းဟာ ဦးဏှောက်မှာရှိတဲ့ သွေးကြောများကို မာစေပြီး စိတ်စွမ်းအားကို ကျစေပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ ဦးဏှောက်ကို ကျုံ့ ၀င်သွားစေပြီး Alzheimer ရောဂါကိုဖြစ်စေပါတယ်။

၎။ သကြား ဓါတ်အလွန်အကျွံစားသုံးခြင်း

သကြားဓါတ်၊ အချိုဓါတ်ကို အလွန်အကျွံစားသုံးပါက ပရိုတိန်းနှင့် အခြား အာဟာရဖြစ်စေသော ပစ္စည်းများ စုပ်ယူမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ဦးဏှောက် ရဲ့
အာဟာရမပြည့်ခြင်းနဲ့အတူ ဦးဏှောက်ရဲ့ဖွံဖြိုးမှုတွေကို နှောက်ယှက်ပါတယ်။

၅။ လေထုညစ်ညမ်းခြင်း

ဦးဏှောက်ဟာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့နေရာတခုဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုရှိုက်တဲ့အခါ ဦးဏှောက်ကို အောက်ဆီဂျင်ရောက်ရှိတဲ့ပမာဏလည်း နည်းသွားပြီး
ဦးဏှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှောက်နှေးစေပါတယ်။

၆။ အိပ်ရေးပျက်ခြင်း

အိပ်စက်ခြင်းဟာ ဦးဏှောက်ကို အတန်အသင့်အနားရစေပါတယ်။ ကာလအတန်ကြာ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းဟာ ဦးဏှောက်မှာရှိတဲ့ ဆဲလ်များကို ပျက်စီးစေပါတယ်။

၇။ ဦးခေါင်းကို အုပ်၍ အိပ်စက်ခြင်း

ဦးခေါင်းကို အကာအရံတခုခုဖြင့် အိပ်စက်ခြင်းဟာ ဦးခေါင်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို များစေပြီး အောက်ဆီဂျင်ပမာဏကို နည်းစေပါတယ်။ ဒါကြောင့်လည်း
ဦးဏှောက်မှာရှိတဲ့ဆဲလ်တွေကို သေစေပါတယ်။

၈။ ဦးဏှောက် အနားမရခြင်း

နေမကောင်း ဖြစ်နေစဉ်ကာလတွင်ပင် ဦးဏှောက်ကို အလုပ်များစွာ လုပ်စေခြင်းများဖြစ်သော စာကျက်ခြင်း၊ အလုပ်ပြင်းထန်စွာ အလုပ်လုပ်ခြင်းတို့ဟာ ဦးဏှောက်ရဲ့ ဆဲလ်များ
ပိုမိုပျက်စီးဖို့အကြောင်းအရင်း ဖြစ်စေပါတယ်။

၉။ ဦးဏှောက်ကို အလုပ်မလုပ်စေခြင်း

တွေးခေါ်ခြင်းဟာ ဦးဏှောက်လေ့ကျင့်ခန်း တမျိုးဖြစ်ပြီး ဦးဏှောက်မှာရှိတဲ့ ဆဲလ်များကို သန်စွမ်းစေပါတယ်။ စဉ်းစားတွေးခေါ်ခြင်းမရှိတဲ့ ဦးဏှောက်ဟာ
အနည်းနဲ့အများဆိုသလို ပျက်စီးဖို့ဖြစ်လာနိုင်ပါတယ်။

၁၀။ စကားနည်းခြင်း

ကျိုးကြောင်း ဆီလျော်တဲ့စကားပြောဆိုခြင်းဟာ ဦးဏှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန် စေပါတယ်။
ဒါကြောင့် အထက်ပါအချက်တွေကို လေ့လာပြီး မိမိဦးဏှောက်ကို ပိုမို ကျန်းမာသန်စွမ်းအောင် လုပ်ဆောင် သင့်တယ်လို့ထင်မြင်မိပါတယ်။

ပုဂံအွန်လိုင်းမီဒီယာ

City (တောင်ကြီးမြို့အနီးက သဘာဝလှိုင်ဂူအသစ်တွေ့ )


တောင်ကြီးမြို့အနီးက သဘာဝလှိုင်ဂူအသစ်တွေ့
Friday, May 31, 2013

ယခင် တောင်ကြီးမြို့ ဘုရားဖြူရပ် ပညာဗောဓိ ကိုရင်လေးကျောင်းအနီး နိပ္ဘန်ေ၇ွှဂူ တောရကျောင်းတွင် သီတင်းသုံးနေထိုင်သော ဆရာတော် အရှင်စန္ဒောဘာသ မှာ တပ်မှမြေနေရာသိမ်းရာတွင်ပါဝင်သွားသဖြင့် ဓမ္မရတနာကျောင်းတိုက်တွင် စိတ်ထိခိုက်စွာဖြင့် ပြန်လည်သွားေ၇ာက်ပြီး သီတင်းသုံးနေထိုင်လျက်၇ှိပြီး အဆက်အသွယ်မရခဲ့သည်မှာ တနှစ်နီးပါးခန့်ကြာမြင့်ခဲ့သည်။

၁၄ ရက်နေ့မနက်တွင် ဦးဇင်းစန္ဒော ဆိုင်သို့ကြွလာပြီး ၀မ်းသာနေဟန်ဖြင့် ဒကာကြီးးဇင်းဂူတစ်လုံးတွေ့ထားတယ်လို့ ပြောပြီး နေ့လည်ကျရင်လိုက် ကြည့်ပါလားဟု ၀မ်းသာသောစိတ်ဖြစ်ပြောဆိုနေသဖြင့် တင်ပါ့ ဦးဇင်း တပည့်တော်လိုက်ကြည့်ချင်တယ် လို့ပြောလိုက်ပါသည်။

နေ့လည်ပိုင်းဂူဝကိုရောက်မှ ဂူမှာသဘာဝလှိုင်ဂူဖြစ်ပြီး သဘာဝအငွေ့အသက် လွန်စွာပေါများသော ဂူကြီးဖြစ်ကြောင်းတွေ့ ရှိရပါတော့သည်။

ဂူမှာလမ်းနှစ်ခွရှိပြီး တလမ်းမှာေ၇ှးယခင် နဂါးများနေထိုင်သည့် လက္ခဏာ များတွေ့ရှိရသည်။ကျောက်ပုံနဂါးကိုယ်ထည် ဦးခေါင်းတော်မှာ တဆက်တည်းဖြစ်နေပြီး တရားထိုင်ရမည့်နေရာတွင် ပလ္လင်ပုံစံ သဘာဝပြုလုပ်ပေးထားသလို ဖြစ်နေပါသည်။

နောက်တလမ်းတွင် ဂူပေါက်ဝမှာ လူတစ်ဝင်စာ အလျားလိုက်ဝပ်သွားရပြီး တော်တော်ကျည်းမြောင်းစွာငုံဝင်ရပြီးဂူတဖက်အရောက်တွင်မှာတော့ဂူလွင်ပြင်ကြီးကို စိတ်ကြည်နူးဖွယ် တွေ့ရှိပါသည်။

သဘာဝ ကျောက်စောင်း၊ သက်တန့်အရောင်စုံ ကျောက်ပန်းစွဲ၊ ကျောက်စက်ဝိုင်း ကျောက်နဂါး မဟူရာချောက် လင်းနို့အကောင်များ ဇီဝဗေဒကျောက်များကို တွေ့ခဲ့ရပါတယ်။

ဂူကိုစိတ်ဝင်စားသူဆိုတော့ ဂူရဲ့သဘာဝအငွေ့အသက်ကိုခံစားရတာ အင်မတန်စိတ်ချမ်းသာတယ်။ ဂူမှာ ယခုအခါမီးများမရှိသေးတဲ့အတွက် ဓါတ်ပုံရိုက်ရာတွင် အခက်အခဲဖြစ်မူ့ကြောင့် ဦးဇင်းစန္ဒော သီးတင်းသုံးနေထိုင်ပြီးမှ လွန်စွာကြည့်ရူဖွယ်ကောင်းသော သဘာဝအလျောက်ဖြစ်ပေါ်နေသော ထိုလှိုင်ဂူမှ ထူးခြားဆန်းကြယ်သော တွေ့ရှိခဲ့သောအရာများစွာ တင်ပေးပါအုံးမည်။

သဘာဝဂူအား သဒ္ဒါဖြင့်ပြီး သွားရောက်လေ့လာလိုပါက ဦးဇင်းအရှင်စန္ဒောဘာသ - ၀၉ ၄၉၃၆၁၇၃၄ ၀၉၄၅၈၀၄၁၂၀၀

ကျေးဇူးဖြင့်
Shwe Kyar War

Crazy bike skills

Online မှာ မုန့်ဖိုး ရှာမယ်။

  • ပိုက်ဆံရှာမယ် လို့ မပြောပဲ မုန့်ဖိုး ရှာမယ် လို့ ခေါင်းစီးတပ်လိုက်တာကတော့ အကြောင်းရှိပါတယ်။
    ချက်ချင်းလက်ငင်း ပိုက်ဆံ တစ်ပွေ့တစ်ပိုက်ကြီးရနိုင်တယ့် အလုပ်မဟုတ်သလို...
    ကိုယ့်ကို တစ်လတစ်ခ မှန်မှန် လခ ပေးမယ့် အလုပ်တစ်ခုလည်း မဟုတ်ပါဘူး။

    ဒါဆို...
    အဲ့ဒါက ဘာလဲ...
    ဘယ်သူတွေသုံးမှာလဲ...
    ဘယ်လိုသုံးရမှာလဲ...

    ပထမဆုံး "အဲ့ဒါက ဘာလဲ" နဲ့ မိတ်ဆက်ပေးပါမယ်။
    ကျွန်တော် ပြောပြမယ့် မုန့်ဖိုးရှာနည်း Website ကတော့ Adf.ly (
    http://adf.ly/) ပါ။
    Adf.ly ရဲ့ အဓိက Function ကတော့ URL Shortening Service လို့ခေါ်တဲ့ URL အတိုကောက် လုပ်ပေးခြင်းဖြစ်ပါတယ်။
    ဥပမာ -
    https://www.facebook.com/pyaythar ဆိုတဲ့ URL ကို http://adf.ly/Pnl3z ဆိုပြီး Shorten (အတိုကောက်) လုပ်ပေးလိုက်ပါတယ်။
    အဲ့ဒီ
    http://adf.ly/Pnl3z ကို သုံးပြီး Access လုပ်လျှင်လည်း Original URL ကို ရောက်သွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အတိုကောက် URL မှတစ်ဆင့် သွားလျှင် ငါးစက္ကန့်စောင့်ပြီးမှ သွားနိုင်ပါတယ်ခင်ဗျ။ ဒါဆို Adf.ly အကြောင်း အနည်းငယ်သိပြီထင်ပါတယ်။

    ကဲ..."ဘယ်သူတွေသုံးမှာ"လဲ ဆိုတော့...
    မိမိမှာ Blog ရှိတဲ့လူတွေ၊ Website ထောင်ထားတဲ့သူတွေ၊ မိမိ Personal Link တွေကို တခြားလူတွေ share ချင်သူများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
    မိမိရဲ့ Blog တို့၊ Website တို့ကို တခြား နေရာတွေမှာ ညွှန်းချင်တယ်ဆိုရင် ဒါလေးကို သုံးသင့်ပါတယ်။
    ဥပမာ...မိမိ Website (
    www.infotech4myanmar.com) ကို ညွှန်းမယ်ဆိုရင် ဒီလို အရှည်ကောက်ကြီး လုပ်မယ့်အစား စောစောကလို တိုသွားအောင် ဒီ Adf.ly ကပဲလုပ်ပေးနိုင်ပါတယ်။ ဒါဆို Share ရတာလည်း အဆင်ပြေသွားတာပေါ့...
    အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တချို့ Download Link တော်တော်များများမှာ ဒီ Adf.ly URL ကနေတဆင့် သွားကျတာကို ကောင်းကောင်း တွေ့ဖူးကြမှာပါ။

    ဒီခေတ်ကြီးမှာ ပိုက်ဆံတစ်ရာ နှစ်ရာ ရှာရတာကအစ မလွယ်တော့ပါဘူး။
    ဒါကြောင့်...ဒီနည်းနဲ့ ပိုက်ဆံရှာတယ်ဆိုတာကလည်း အဲ့လောက်ကြီး မလွယ်ပါဘူး။
    ကိုယ့်ရဲ့ Adf.ly URL ကို Click လုပ်တိုင်း ပိုက်ဆံရမှာမှန်ပေမယ့်လည်း...
    လူအယောက် ၂၀ Click ရင်တောင် ဒေါ်လာ ၀.၀၁ လောက်ရဖို့မသေချာပါဘူး။
    ဒါပေမယ့် ဒီ Adf.ly နဲ့ပဲ ပိုက်ဆံ ထောင်ကျော် ရှာနိုင်သွားတဲ့ Blogger တွေ၊ Internet User တွေလည်း အများကြီးပါပဲ...
    Adf.ly ကပေးတဲ့ Money Rate ကို အသေးစိတ်သိချင်ရင်တော့...
    http://adf.ly/rates.php မှာ လေ့လာနိုင်ပါတယ်။

    နောက်ဆုံး "ဘယ်လိုသုံးရမှာလဲ" ဆိုတာကတော့ ...
    http://adf.ly/ ကိုသွား...
    Facebook Account ရှိတဲ့လူတွေအတွက်ကတော့ အောက်နားမှာ Login with Facebook ကို နှိပ်ပြီး Sign Up လုပ်။
    ဒါမှာမဟုတ်လည်း Join Now ကနေတဆင့် Sign Up လုပ်လို့ရပါတယ်။
    ပြီး ရင် ကိုယ့် Account Page ကိုရောက်သွားမှာပါ။
    အဲ့မှာ မိမိ Original URL ကို အပေါ်နားမှာ Paste လုပ်...ပြီး Shrink button ကိုနှိပ်လိုက်ရင် URL အတိုကောက်ရပါပြီ။
    အဲ့ဒီ အတိုကောက်ကို Copy ကူးပြီး မိမိ share ချင်တဲ့ နေရာတွေမှာ စိတ်တိုင်းကျ share နိုင်ပါပြီ။
    ကြေငြာ Ads လေးကို ကြည့်ချင်သူများအတွက်လည်း
    http://www.youtube.com/watch?v=V8oT_WbI7og&feature=player_embedded မှတဆင့် လေ့လာနိုင်ပါတယ်။

    ဒီလောက်ဆိုရင် Adf.ly နဲ့ မုန့်ဖိုးရှာနည်းကို တီးမိခေါက်မိ သိလောက်ပြီထင်ပါတယ်။
    တိုးတက်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ ဒီလိုမျိုးလေးတွေ လုပ်လို့ရတာ သိထားရင် Internet User တွေအနေနဲ့ Enjoy ဖြစ်မိမှာပါ။
    ဘာပဲပြောပြော သိပ်မထိရောက်ဘူးဆိုရင်တောင် Knowledge တစ်ခုအနေနဲ့ သိမ်းဆည်းထားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

    ကျေးဇူးတင်ပါတယ်
    IT4M

    P.S. မိမိ Adf.ly နှင့် ရှာထားတဲ့ ပိုက်ဆံတွေကို ပြန်ထုတ်ချင်ရင်တော့ PayPal Account ရှိမှရမှာပါ။

    ~Try it, It would be a DRAW at least!~

Supraventricular Tachycardia နှလုံးခုန်မြန်ရောဂါ

လူနာက အသက် ၆၂ နှစ်၊ အမျိုးသမီးပါ။ ဆီးချိုလည်း ရှိပါတယ်။ ရန်ကုန်မှာ လုပ်ရမှာဖြစ်ပါတယ်။ ၂ဝဝ၉ မှာတစ်ကြိမ်ဘဲဖြစ်ခဲ့ဖူးပါတယ်။ လူနာက လုပ်ရမှာကြောက်နေလို့ လုပ်သင့် မသင့်မသိလို့ပါ။ SVT အကြောင်းလည်း ဗဟုသုတအနေနဲ့ သိချင်လို့ပါဆရာ။

Supraventricular tachycardia (SVT) ဆိုတာ ပုံမှန်ဖြစ်တတ်တဲ့ ကိုယ်လက်လှုတ်ရှားမှုလုပ်တာ၊ ကိုယ်ပူတာ၊ စိတ်ဖိအားများတာတွေကြောင့် မဟုတ်ဘဲ နှလုံးခုန်မြန်တာမျိုးဖြစ်တယ်။

အမျိုးအစား (၂) ခုရှိတယ်။
၁။ Atrioventricular nodal reentrant tachycardia (AVNRT) နဲ့
၂။ Atrioventricular reciprocating tachycardia (AVRT), including Wolff-Parkinson-White syndrome တွေ ဖြစ်တယ်။

တမိနစ်မှာ ၁ဝဝ ကျော်နေမယ်။ ၃ဝဝ အထိလဲ ရောက်နိုင်တယ်။ ဆေးကုလို့ဖြစ်ဖြစ်၊ သူ့အလိုလိုဖြစ်ဖြစ် ၆ဝ-၁ဝဝ ပြန်ရောက်နိုင်တယ်။ တချို့မှာ ရုတ်တရက်ဖြစ်ပြီး ရုတ်ရက်ပျောက်နိုင်တယ်။ တချို့မှာ ဘာမှ မခံစားရဘူး။ ခံစားရရင်၊ ခဏခဏဖြစ်နေရင်၊ ဖြစ်နေတာကြာရင် ဆေးကုဘို့လိုမယ်။ ဆေးစာမှာ SVT ကို Paroxysmal supraventricular tachycardia (PSVT) နဲ့ Paroxysmal atrial tachycardia (PAT) လို့လဲခေါ်သေးတယ်။

ဘာလို့ဖြစ်သလဲ
နှလုံးထဲက လျှပ်စစ်သွယ်တန်းမှုမှာ ချို့ယွင်းလို့ဖြစ်လာရတယ်။ ဘာလို့ အဲလိုလာဖြစ်သလဲကတော့ မရှင်းဘူး။ Digoxin နှလုံးဆေးနဲ့ Theophylline ပန်းနာဆေးတွေကြောင့်လဲ အဲလိုဖြစ်နိုင်တယ်။ Wolff-Parkinson-White syndrome က မိသားစုမျိုးရိုးလိုက်နိုင်တယ်။ COPD or Pneumonia အဆုပ်ရောဂါတွေကနေလဲ ဆက်ဖြစ်နိုင်တယ်။

အသက်ကိုအန္တရာယ်ပေးနိုင်တယ်ဆိုတာထက် နေရထိုင်ရခက်တာက ပြဿနာပိုဖြစ်တယ်။ ခံစားရရင်
• ရင်တုန်မယ်၊
• သွေးလွှတ်ကြောစမ်းရင် အတင်းအားကောင်းကောင်းနဲ ခုန်နေတာ စမ်းလို့ရမယ်။
• ခေါင်းမူးဝေဝေနဲ့ ပေါ့နေပြီး နေမထိဖြစ်နေမယ်။
• သတိလစ်ချင်သလောက်နီးနီး၊ တကယ်သတိလစ်ခြင်း၊
• အသက်ရှူတိုတောင်းခြင်း၊
• အသက်ရှူမြန်မယ်၊
• ရင်ပတ်နာမယ်၊
• လည်ပင်းထဲတင်းကျပ်နေမယ်၊
• ချွေးပြန်မယ်။

Electrocardiogram (EKG, ECG) ရိုက်ရမယ်။

ဘယ်လိုကုသမလဲ
SVTs ကို AV node ဆိုတဲ့နှလုံးနေရာလေးတခုနဲ့ဆိုင်တာနဲ့ မဆိုင်တာဆိုပြီး ၂ မျိုးရှိတယ်။

ဆိုင်တဲ့ဟာဆိုရင် AV nodal blocking နည်းသုံးတယ်။ Physical maneuvers ရုပ်ပိုင်းနည်း = Vagal maneuvers လို့ခေါ်တယ်။ ရင်ပတ်ထဲမှာ ဖိအားကိုများစေအာင် တမင် လုပ်နည်းဖြစ်တယ်။ ချောင်းဆိုးမယ်၊ အသက်မရှူဘဲ အောင့်ထားမယ်၊ ရှူထုတ်တဲ့အခါ အားနဲ့ထုတ်မယ်၊ နှာခေါင်းကို ပိတ်ထားပြီးမှ အသက်ရှူထုတ်မယ်။ မျက်နှာပေါ်ရေခဲတင်တာ၊ Carotid sinus massage လည်ပင်းမှာ နေရာလေးတခုကို နှိပ်ပေးနည်းလဲ သုံးနိုင်တယ်။ အသက်သိပ်ကြီးနေသူကိုတော့ မလုပ်စေပါ။

Adenosine ဆေးကို အထက်ကနည်းတွေနဲ့ မရရင် ဆေးမယ်။ ဒီဆေးနဲ့သက်သာရင် Diltiazem, Verapamil or Aetoprolol တွေနဲ့ ထိန်းထားပေးမယ်။ Adenosine ဆေးကို ကိုယ်ဝန်ဆောင်နေချိန်မှာလဲ ပေးနိုင်တယ်။

AV node နဲ့မဆိုင်တဲ့ SVT ရောဂါအမျိုးအစားဆိုရင် Sotalol နဲ့ Amiodarone ဆေးတွေပေးတယ်။

Electrical cardioversion လျှပ်စစ်နည်းနဲ့လဲ ကုသပေးချင်ပေးမယ်။ လူနာအခြေအနေက မတည်ငြိမ်ရင်၊ ဆေးတွေနဲ့လဲ မနိုင်ရင် ဒီနည်းသုံးနိုင်တယ်။ Synchronized electrical cardioversion လို့လဲခေါ်တယ်။ Catheter ablation ခွဲစိတ်နည်းလဲ ရှိတယ်။

အရက်နဲ့မတည့်ပါ။ ကေဖင်း (ကော်ဖီ) နဲ့ မတည့်ပါ။ ဆေးလိပ်နဲ့ မတည့်ပါ။ တိုင်းရင်းဆေး၊ ဟာဗယ်လ်ဆေး၊ အားဆေးဆိုပြီးဆိုင်တွေမှာ ကြော်ညာပြီးရောင်းတဲ့ဆေးတွေနဲ့ မတည့်ပါ။ Decongestants အအေးမိပျောက်ဆေး သောက်ရင် သတိထားပါ။ Cocaine, Ecstasy, or Methamphetamine တရားမဝင်ဆေးတွေနဲ့ မတည့်ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၃

City (ပျော်ဘွယ်တွင် မိုးမရွာ၍ ရပ်ကွက်အချို့ သောက်ရေပြတ်လပ်)

မန္တလေးတိုင်း၊ ရမည်သင်းမြို့၊ ပျော်ဘွယ်မြို့နယ်တွင် ယခုအချိန်အထိ မိုးရွာသွန်းမှုမရှိသေးသောကြောင့် ရပ်ကွက်တချို့တွင် သောက်သုံးရေပြတ်လတ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
...
ပျော်ဘွယ်မြို့နယ် ရန်အောင်(ရနောင်) မြို့မှ ဒေသခံ ဦးမောင်ဝင်းက”မိုးကောင်းကောင်း မရွာသေးဘူး။သောက်ရေတွင်းတွေကလည်း တော်တော်ခန်းနေပြီ”ဟု မဇ္ဈိမကို ပြောသည်။

ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့တွင် သောက်ရေတွင်း သုံးတွင်းရှိသော်လည်းနှစ်တွင်းမှာ ခမ်းခြောက်နေ ပြီဖြစ် ၍ မြို့တောင်ဘက်မှ အနက်ပေ ၄ဝ ခန့်ရှိသော သောက်ရေ တွင်းကိုသာ အားထားရခြင်းဖြစ်သည်။ ထိုတွင်းတစ်တွင်းကို ပျော်ဘွယ်မြို့ ဈေးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ကန်တော်လေးရပ်ကွက်၊သီရိမြိုင် ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ဇေယုရပ်ကွက်နှင့် ရန်အောင်မြို့အပါအဝင် အခြားရွာသုံးရွာရှိ လူဦးရေ သုံးထောင့်ငါးရာကျော်က
အားထားနေရခြင်းဖြစ်သည်။

ဒေသခံတို့၏ ရေခပ်အတွေ့အကြုံ

”ရေက မကျန်သလောက်ကိုဖြစ်နေပြီ။ ရေတွင်းထဲ ရေနည်းနည်းရောက်လာလိုက်နှစ်ယောက်လောက် ခပ်လိုက်နဲ့ ရေကကုန်သွားလိုက်နဲ့။ အခု မနက်ဆိုလေးနာရီလောက်တည်းက ထခပ်ရတယ်။ ညဆိုလည်း ညည့်နက်တဲ့အထိပဲ” ဟု ထိုသောက် ရေတွင်းမှရေကို ဂါလံပုံးဖြင့်ထည့်ကာ လိုက်ရောင်းသည့် ရန်အောင်မြို့ က ကိုထွန်းထွန်းနောင် က ပြောသည်။

ယင်းဒေသများတွင် ဧပြီလမှစကာ သောက်ရေတွင်းများ ရေခမ်းလာပြီးမေလတွင် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ ဒေသခံတချို့က လက်နှိပ်တုံကင်မှရေကို သောက်ရေအဖြစ် အသုံးပြုကြရသည်။ လက်နှိပ်တုံကင်မှ ထွက်သောရေသည် ပုံမှန်အချိန်တွင်ရေချိုမဟုတ်သဖြင့် သုံးရေအဖြစ်သာ အသုံးပြုကြသည်။

ရန်အောင်မြို့ရှိ မဇ္ဈိမလမ်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုသက်က ”နှစ်လလောက်တော့ ကောင်းကောင်း အခက်တွေ့နိုင်သေးတယ်။ မိုးကလည်းမရွာဘူး။ သုံးရေကလည်းရှားလာတယ်။ ကျွန်တော်တို့ဆို မော်
တာနဲ့ ဆွဲတာတောင် သံပုံးတစ်ပုံးထွက်ဖို့ကိုမလွယ်ဘူး” ဟု ဆိုသည်။

၎င်းက ဆက်ပြီး ”သောက်ရေတွင်းကို ပြင်ဖို့ အလှူရှင်တွေကိုသွားပြော
ဖို့ရှိတယ်။ အစောပိုင်းတည်းက ပြင်ဖို့ စိတ်ကူးရှိပေမယ့် မိုးရွာတာစောင့်နေ
တာ။ မိုးမရွာတော့ ပိုဆိုသွားတယ်” ဟု ပြောသည်။

၂ဝ၁ဝ နောက်ပိုင်း အခြေအနေ

ပျော်ဘွယ်မြို့သည် မိုးနည်းဒေသဖြစ်သကဲ့သို့ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင်
ရနောင်မြို့၏ ရေအတွက် အားထားရသော ဧက ၅ဝဝ ခန့်ကျယ်ဝန်းသည့် ရနောင်ကန်ကြီးပျက်စီးပြီးနောက်ပိုင်း ရေရှားပါးမှု ပိုမိုဖြစ်လာပြီး ယခုနှစ်
သည် အဆိုးဝါးဆုံးနှစ်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် မိုးရွာသီတွင် ခြောက်ခမ်းနေသော ရေကန်ထဲတွင် ကြက်သွန်ခင်း
များနှင့် စပျစ်ခြံများ ဝင်ရောက် စိုက်ပျိုးမှုကလည်း မြေအောက်ရေနည်းပါး
မှုကို ပိုဖြစ်စေကြောင်း ဒေသခံများကပြောကြသည်။

ဒေသခံများက ရနောင်ကန်ကို ပြန်လည်ပြုပြင်လိုပြီး ပြုပြင်ရန် မြို့နယ်
အဆင့်အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်း လွှတ်တော်နှင့် ပျော်ဘွယ်မြို့နယ်ရှိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များအား တင်ပြထားသော်လည်း အကြောင်းထူးခြားခြင်းမရှိသေးကြောင်း ဒေသခံ
များက ပြောသည်။

မဇ္စျိမ
See more

ပျော်ဘွယ်တွင် မိုးမရွာ၍ ရပ်ကွက်အချို့ သောက်ရေပြတ်လပ်
Re-post By ACM 31-5-2013

မန္တလေးတိုင်း၊ ရမည်သင်းမြို့၊ ပျော်ဘွယ်မြို့နယ်တွင် ယခုအချိန်အထိ မိုးရွာသွန်းမှုမရှိသေးသောကြောင့် ရပ်ကွက်တချို့တွင် သောက်သုံးရေပြတ်
လတ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပျော်ဘွယ်မြို့နယ် ရန်အောင်(ရနောင်) မြို့မှ ဒေသခံ ဦးမောင်ဝင်းက
”မိုးကောင်းကောင်း မရွာသေးဘူး။သောက်ရေတွင်းတွေကလည်း တော်
တော်ခန်းနေပြီ”ဟု မဇ္ဈိမကို ပြောသည်။

ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့တွင် သောက်ရေတွင်း သုံးတွင်းရှိသော်လည်း
နှစ်တွင်းမှာ ခမ်းခြောက်နေပြီဖြစ်၍ မြို့တောင်ဘက်မှ အနက်ပေ ၄ဝ ခန့်
ရှိသော သောက်ရေတွင်းကိုသာ အားထားရခြင်းဖြစ်သည်။ ထိုတွင်းတစ်တွင်း
ကို ပျော်ဘွယ်မြို့ ဈေးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ကန်တော်လေးရပ်ကွက်၊
သီရိမြိုင် ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ဇေယုရပ်ကွက်နှင့် ရန်အောင်မြို့အပါအဝင် အခြားရွာသုံးရွာရှိ လူဦးရေ သုံးထောင့်ငါးရာကျော်က
အားထားနေရခြင်းဖြစ်သည်။

ဒေသခံတို့၏ ရေခပ်အတွေ့အကြုံ

”ရေက မကျန်သလောက်ကိုဖြစ်နေပြီ။ ရေတွင်းထဲ ရေနည်းနည်းရောက်လာလိုက်
နှစ်ယောက်လောက် ခပ်လိုက်နဲ့ ရေကကုန်သွားလိုက်နဲ့။ အခု မနက်ဆိုလေး
နာရီလောက်တည်းက ထခပ်ရတယ်။ ညဆိုလည်း ညည့်နက်တဲ့အထိပဲ” ဟု ထိုသောက် ရေတွင်းမှရေကို ဂါလံပုံးဖြင့်ထည့်ကာ လိုက်ရောင်းသည့် ရန်အောင်မြို့ က ကိုထွန်းထွန်းနောင် က ပြောသည်။

ယင်းဒေသများတွင် ဧပြီလမှစကာ သောက်ရေတွင်းများ ရေခမ်းလာပြီး
မေလတွင် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ ဒေသခံတချို့က လက်နှိပ်တုံကင်
မှရေကို သောက်ရေအဖြစ် အသုံးပြုကြရသည်။ လက်နှိပ်တုံကင်မှ ထွက်သောရေသည် ပုံမှန်အချိန်တွင်ရေချိုမဟုတ်သဖြင့် သုံးရေအဖြစ်သာ အသုံးပြုကြသည်။

ရန်အောင်မြို့ရှိ မဇ္ဈိမလမ်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုသက်က ”နှစ်လလောက်တော့ ကောင်းကောင်း အခက်တွေ့နိုင်သေးတယ်။ မိုးကလည်းမရွာဘူး။ သုံးရေကလည်းရှားလာတယ်။ ကျွန်တော်တို့ဆို မော်
တာနဲ့ ဆွဲတာတောင် သံပုံးတစ်ပုံးထွက်ဖို့ကိုမလွယ်ဘူး” ဟု ဆိုသည်။

၎င်းက ဆက်ပြီး ”သောက်ရေတွင်းကို ပြင်ဖို့ အလှူရှင်တွေကိုသွားပြော
ဖို့ရှိတယ်။ အစောပိုင်းတည်းက ပြင်ဖို့ စိတ်ကူးရှိပေမယ့် မိုးရွာတာစောင့်နေ
တာ။ မိုးမရွာတော့ ပိုဆိုသွားတယ်” ဟု ပြောသည်။

၂ဝ၁ဝ နောက်ပိုင်း အခြေအနေ

ပျော်ဘွယ်မြို့သည် မိုးနည်းဒေသဖြစ်သကဲ့သို့ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင်
ရနောင်မြို့၏ ရေအတွက် အားထားရသော ဧက ၅ဝဝ ခန့်ကျယ်ဝန်းသည့် ရနောင်ကန်ကြီးပျက်စီးပြီးနောက်ပိုင်း ရေရှားပါးမှု ပိုမိုဖြစ်လာပြီး ယခုနှစ်
သည် အဆိုးဝါးဆုံးနှစ်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် မိုးရွာသီတွင် ခြောက်ခမ်းနေသော ရေကန်ထဲတွင် ကြက်သွန်ခင်း
များနှင့် စပျစ်ခြံများ ဝင်ရောက် စိုက်ပျိုးမှုကလည်း မြေအောက်ရေနည်းပါး
မှုကို ပိုဖြစ်စေကြောင်း ဒေသခံများကပြောကြသည်။

ဒေသခံများက ရနောင်ကန်ကို ပြန်လည်ပြုပြင်လိုပြီး ပြုပြင်ရန် မြို့နယ်
အဆင့်အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်း လွှတ်တော်နှင့် ပျော်ဘွယ်မြို့နယ်ရှိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များအား တင်ပြထားသော်လည်း အကြောင်းထူးခြားခြင်းမရှိသေးကြောင်း ဒေသခံ
များက ပြောသည်။

မဇ္စျိမ

Thursday, May 30, 2013

လူသတ် စက်ရုပ် လက်နက်




လူသတ် စက်ရုပ် လက်နက် အရေး လူ့အခွင့် အရေး ကောင်စီ ကြားနာ
လူတွေရဲ့ ထိန်းချုပ်မှု မပါဘဲ ကိုယ်တိုင် ထိန်းချုပ် နိုင်တဲ့ လူသတ် စက်ရုပ် ခေါ် နောက်ဆုံးပေါ် လက်နက် ဆန်း တွေ အသုံးပြုမှု နဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီက ကြားနာနေပါတယ်။

ဒီစက်ရုပ်တွေဟာ လူသတ်ဖို့ ဒါမှမဟုတ် ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုတင် ပရိုဂရမ် လုပ်ထားတာ ဖြစ်ပါတယ်။

ဒီစက်ရုပ် တွေဟာ စစ်မြေပြင် ရောက်တာနဲ့ လူတွေရဲ့ ထိန်းချုပ်မှု ရှိတော့မှာ မဟုတ်တဲ့ အတွက် Drone လို့ ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ် တွေနဲ့တော့ မတူ ပါဘူး။

လူသတ် စက်ရုပ်တွေကို အမေရိကန် ဗြိတိန်နဲ့ အစ္စရေး နိုင်ငံတို့မှာ ပြုလုပ် နေကြပြီး အခု အချိန် အထိတော့ အသုံး မပြုသေး ပါဘူး။

ဒီလက်နက် တီထွင်တာကို ထောက်ခံတဲ့ အဖွဲ့တွေ ကတော့ စက်ရုပ် တွေကို သုံးခြင်း အားဖြင့် စစ်မြေပြင်မှာ စစ်သားအရေ အတွက် လျော့သွားလို့ အသက် ဆုံးရှုံးမှု နည်းသွား စေလိမ့်မယ်လို့ ပြောနေကြ ပါတယ်။

လူ့အခွင့် အရေး ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့တွေ ကတော့ စစ်ပွဲကို ဘယ်လို ဆင်နွှဲကြ သလဲ ဆိုတဲ့ အရေးကြီးတဲ့ ကျင့်ဝတ် သိက္ခာပိုင်း ဆိုင်ရာ အရေးကြီးတဲ့ မေးခွန်း တွေကို စဉ်းစား ရမယ်လို့ ခုခံ ပြောကြ ပါတယ်။

ကုလ သမဂ္ဂ အစီရင် ခံစာက ဒီစက်ရုပ်တွေ အသုံးပြုရေးကို တရားဝင် ဆိုင်းငံ့ ထားဖို့ တောင်းဆို ပါလိမ့်မယ်။

ဒါပေမဲ့ လူ့အခွင့် အရေး အဖွဲ့တွေ တောင်းဆို သလို လုံးဝ ပိတ်ပင် မှာတော့ မဟုတ်ပါဘူး။

စက်ရုပ်ကို အသုံးပြုတဲ့ အတွက် အရပ်သားတွေ အများ အပြား သေဆုံးခဲ့ရင် ဘယ်သူ့မှာ တာဝန်ရှိ မလဲ ဆိုတဲ့ တာဝန်ယူမှု မေးခွန်းတွေကို ဖြေဖို့ အချိန်ပေးတဲ့ သဘော ဖြစ်ပါလိမ့်မယ်။

လူသတ် စက်ရုပ်ကို စစ်တရားခံ အဖြစ်တော့ တရားစွဲလို့ ရမှာမဟုတ်ဘူးလို့ ဂျီနီဗာရှိ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

နဂါးဆိုတာတကယ်ရှိသလား။






 http://www.venuscurves.com/2014/05/wedding-invitation-su-shun-lae.htmlကိုရီးယားမှာအလှမကိုရီးယားမှာအလှမယ်ပြိုင်ပွဲသွားဝင်နေတဲ့  မေမြတ်နိုး
http://www.venuscurves.com/2014/05/missasiapacificworld-myanmar-2014_21.htmlလတ်တလောဆယ်လီဘရစ်တီတို့ ရဲ့ သတင်းပလင်းအတင်းလေးတွေ.........

လင့်လေးတွေနှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

http://www.venuscurves.com/2014/05/press-conference-of-well-known-singer.html 


     
    http://www.venuscurves.com/2013/12/blog-post_13.html
    လဲနေသူထူပေးပါ