Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 30, 2013

ပထမဆုံး Apple ကွန်ပြူတာ

 ၁၉၇၆ ခုနှစ်တုန်းက Apple တို့ ပထမဆုံး ကွန်ပြူတာကို ဖန်တီး ပါတယ်။ အမည်ကိုတော့ Apple 1 လို့အမည်ပေထားပါတယ်။

ဖန်တီးသူကတော့ co founder - Steve Wozniak ဖြစ်ပါတယ်။ ကြည့်လိုက်ရင် လက်နှိပ်စက်ကြီး တစ်လုံးလိုပါပဲ အလုံးရေ ၈၀၀ လော်က ထုတ်ပြီး တစ်လုံး ဒေါ်လာ ၅၀၀ ဝန်းကျင်နဲ့ ရောင်းချ ပါတယ်။ သို့ပေမယ့် မော်နီတာတပ်တပ်၊ Transformer ပြန်ဝယ်တတ် နဲ့ ဆို တစ်လုံးရဲ့  တန်ဖိုးက ဒေါ်လာ ၆၆၆ လောက် ရှိသွားပါတယ်။

သာမန်အတိုင်းဆိုရင် လက်နှိပ်စက်လို ဖြစ်နေပြီး မော်နီတာနဲ့ ချိတ်ဆက်မှပဲ ကိုယ်ရိုက်ထည့်တဲ Input တွေကို မြင်တွေ့ရမှာ ဖြစ် ပါတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ ပစ္စည်းလေး တစ်ခုပါ။ ယနေ့လေလံဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၄ သိန်းဝန်းကျင်ပေါက် ခဲ့တဲ့ ကွန်ပြူတာ ဖြစ်ပါတယ်။

Apple 1/ Apple I လို့ အမည်ရတဲ့ ယင်းလက်နှိပ်စက် ကွန်ပြူတာဟာ Apple ရဲ့  ပထမဆုံး ကွန်ပြူတာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham (TSJ team)
-
http://blog.techspace.com.mm/2013/04/apple_30.html

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး (

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ြ
ဖန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။


ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။
ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။
အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ကိုသက်တန့် ဆီမှ ကူးယူဖော်ပြပါသည်။

Ref:It Group
ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ြ...
ဖန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။
ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။


ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။
ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။
အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ကိုသက်တန့် ဆီမှ ကူးယူဖော်ပြပါသည်။

Ref:It Group

ခါးနာသောသူများအတွက်။


  ======================================
 
အခု နည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ
စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။

နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ်ပုံကတော့ မတ်တပ်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀) ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။

ငွေမကုန်သောနည်း .............
ဤနည်းကား စားဆေး၊ လိမ်းဆေးမဟုတ်ပါ။ ငွေကြေး ကုန်ကျမှုလည်း မရှိပါ။ လွယ်ကူပါသည်။
( ဘဲဥစားသုံးနည်းလည်းကောင်းပါသည် )
ခါးကိုက် ခါးနာရောဂါ ပျောက်ကင်းသက်သာကြပါစေ။
Mg Mandalay
 Mg Mandalay စာကြည့်ခန်း

ထောပတ်သီးက တိရစ္ဆာန်တွေအတွက် အဆိပ်ဖြစ်

30 April 2013  |



အထူးသဖြင့် ထောပတ်သီးက ငှက်၊ ကြောင်၊ ခွေး၊ ယုန် တို့အပြင် အခြားသော အိမ်မွေးတိရစ္ဆာန်တော်တော် များများကို အဆိပ်ဖြစ်စေ ပါတယ်။

ကျွဲ၊နွား၊မြင်း၊ ဆိတ်၊ ယုန်၊ ကြက်၊ငှက်၊ ကြောင်၊ ခွေး တို့အပြင် ငါးတို့လို တိရစ္ဆာန်တွေကိုတောင် ထောပတ်က အဆိပ်ဖြစ်စေပါတယ်။ စားသုံးမိတဲ့ ပမာဏ အနည်းအများအလျောက် သေ တဲ့အထိ ဖြစ်စေနိုင် ပါတယ်။

တိရစ္ဆာန် တော်တော်မျးများမှာ ထောပတ်သီး နဲ့ ဆက်စပ်အစား အစာ ကျွေးမွေး မိခြင်းကြောင့် ဝမ်းလျှောခြင်း၊ အသဲပတ်လည် တစ်ရှူးတွေ ရေမြှုပ်ထွက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ခြင်း၊ ခန္ဓာကိုယ် လှဲကျလောက်သည်ထိ အားပျက်သွားခြင်း အစရှိသဖြင့် ရောဂါ လက္ခဏာအမျိုးမျိုး ပြသပြီး အချိန်မှီ ဖြေဆေး မပေးနိုင်ရင် သေနိုင်ပါတယ်။

ဒါကြောင် တိရစ္ဆာန်တွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ထောပတ်သီး မကျွေး မိ စေရန်တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

Facebook အကြောင်း သိကောင်းစရာ




၁။ ကမ္ဘာပေါ်တွင် လူ ၁၃ ဦးမှ ၁ ဦးတိုင်းက Facebook သုံးသည်။

၂။ မိနစ် ၂၀ တိုင်းတွင် ဓာတ်ပုံပေါင်း ၂၇၁၆၀၀၀ (၂၇ သိန်းကျော်)  Facebook ပေါ်သို့ ရောက်သည်။

၃။ မိနစ် ၂၀ တိုင်းတွင် Comments ပေါင်း ၁၀.၂ သန်း Facebook ပေါ် ရောက်သည်။

၎။ မိနစ် ၂၀ တိုင်းတွင် Friend request ၁.၉၇၂ သန်း accept လုပ်နေကြသည်။

၅။ မိနစ် ၂၀ တိုင်းတွင် Status Update ပေါင်း ၁.၈၅၁ သန်း Facebook ပေးသို့ ရောက်ရှိ သည်။

၆။ အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား Facebook အသုံးပြုသူများထဲတွင် ၄၈ ရာခိုင်နှုန်းသော အရေအတွက်က အိပ်ယာထတိုင်း Facebook ဝင်စစ်သည်။

၇။ တစ်လတွင်း မိနစ်ပေါင်း ဘီလီယျံ ၇၀၀ လူသားစုစုပေါင်းတို့ Facebook ကို အသုံးပြုသည်။

၈။ မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုသူက ကွန်ပြူတာဖြင့် အသုံးပြုသူထက် အရေအတွက် ၂ ဆ ပိုမို Active ဖြစ်သည်။

၉။ Texas Hold’em Poker အမည်ရ Page သည် ကမ္ဘာပေါ်တွင် Like အများဆုံး Facebook Page ဖြစ်သည်။

၁၀။ အမေရိကန်သည် ကမ္ဘာပေါ်တွင် Facebook အသုံးပြုသူ အများဆုံး နိုင်ငံ ဖြစ်ပြီး ၁၅၅ သန်းသော လူဦးရေက အသုံးပြုသည်။ ယင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ အသုံးပြုသူ၏ ၂၃.၆ ရာခိုင်နှန်း ဖြစ်သည်။

၁၁။ Facebook သည် ကမ္ဘာပေါ်တွင် တတိယမြောက် လူကြည့် အများဆုံး ဗီဒီယိုဝဘ်ဆိုဒ် တစ်ခုကဲ့သို့ ဖြစ်လာပြီး ကြည့်ရှုသူ ၄၆.၆ သန်း ကျော်လွန်ခဲ့ပြီး ဖြစ်သည်။
-
Ref: techblog

Facebook တို့ ဘယ်လိုငွေရသလဲ

အကြမ်းဖျင်း ရှင်းပြရုံလေးပါ။ တော်တော်များများ သိချင်မှာပဲနဲ့ တူပါတယ်။ လက်ရှိ စာရေးသူတို့ အသုံးပြုနေတဲ့ Facebook က အခမဲ့ ကြီးလေ။
အကောင့်အခမဲ့ လုပ်လို့ရ။ ပုံတွေတင်လို့ရ။ စာတွေအလကားပို့ရ။ ခင်သူ မင်သူတွေနဲ့ တွေ့ဆုံ၊ ပြောဆိုလို့ ရအောင် ဖန်တီးထားပေးတဲ့ Facebook က အခမဲ့ကြီး ဖြစ်နေတော့ သူတို့ ဘယ်လို ပိုက်ဆံရသလဲ၊ စီးပွားရှာသလဲဆိုတာ စဉ်းစားစရာပဲလေ။ ဒီတော့ Facebook က ငွေရပုံ ငွေရနည်းလေးကို အကြမ်းဖျင်း မြင်ရသလောက် လေး မျှဝေ ပါ့မယ်။
အဓိက အကြောင်းအရင်း
စကားပုံက အရှိသား။ ငါးပွက်ရာ ငါးစာချတဲ့။ ဘာပဲ ဖြစ်ဖြစ် တစ်နေရာရာမှာ ဘုရားပွဲ စည်လာရင် အဲ့နေရာမှာ ဈေးသည်က မဖြစ်မနေ ပေါ်ကိုလာတော့မှာပဲ။ ဟုတ်ကဲ့။ အခုလည်း ဒီလိုပါပဲ။ Facebook က ရေကန်ကြီးပါ။ ကျနော်တို့ကတော့ ငါးတွေပေါ့။ Facebook ဆိုတဲ့ ရေကန်ကြီးထဲကို ခုန်ဆင်းမိတဲ့ စာရေးသူတို့က ပွက်ပွက်ဆူအောင်ထနေပြီး ငါးစာလာချကြတော့တာပဲ။ ငါးစာ ဘယ်သူ ချတာပါလဲ။
ငါးစားချသူများကတော့ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပါတယ်။ ရေကန်ပိုင်ရှင်က မတ်ဇူကာဘတ်တို့ အုပ်စု၊ ငါးစာလာချသူတို့က စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငါးများ ကတော့ ကျနော်တို့လို Facebook အသုံးပြုသူတွေပေါ့။
Page သည်သာ အဓိက
သူအဓိက ငွေရတာ Facebook Page ကနေပါ။ Facebook ရဲ့  ရည်ရွယ်ချက်က အဲဒါပါပဲ။ အလကား ပေးသုံးနေရတဲ့သူ့တို့အဖြစ် က ငွေရှာဖို့ မလွယ်ဘူးလေ။ ဒီတော့ ပိုက်ဆံပေးစရာမလိုပဲ အခမဲ့ ဆောက်လို့ရတဲ့ မြေကွက်တွေ လျှောက်ပေးတော့တာပေါ့။ ဒီတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး ပိုင်ရှင်တွေက ယင်းမြေကွက်ကို အလကား ယူလိုက်ပါလေရော။
ယင်းမြေကွက် Facebook Page ကို သီချင်း၊ ဂီတ၊ အယ်လ်ဘမ်၊ အဝတ်အထည်၊ ပစ္စည်း၊ အိမ်သုံး၊ စက်ရုံသုံး၊ အနုပညာ၊ မီဒီယာ အစရှိသဖြင့် စုံနေအောင် သုံးကြတယ်လေ။
ပွဲဈေးမှာဆိုင်ဖွင့်ဖူးသလား။ ကိုယ့်ဆိုင် လူလာဖို့အတွက် မြေနေ ရာ ကောင်းကောင်းရမှ။ ကိုယ့်ဆိုင်ဆီ ရောက် လမ်းကောင်းကောင်းလေး ခင်းထားပေးမှ ရတာလေ။ ဒီမှာလာပါပြီ။ Facebook က ဒီနေရာမှာ ပိုက်ဆံ ရပါတယ်။ ကိုယ့် Page ကို၊ ကိုယ့် ကုန်ပစ္စည်းကို လူသိများ၊ Like များဖို့အတွက် Facebook က ပရိုမိုးရှင်း အမျိုးမျိုး လုပ်လို့ရအောင် Feature တွေပေးတယ်လေ။ ယင်း Feature ရဖို့ကျတော့ ငွေသွင်းမှ ရမှာ တစ်ရက်မှ ဒေါ်လာ ၅၀ မကုန်တဲ့ ကြော်ငြာ မျိုး နိုင်ငံခြားမှာ လေသလပ်အောင် မဟတ်မပါဘူး။ တစ်ရက်ကို ဒေါ်လာ ထောင်သောင်းချီပြီး Facebook ကိုငွေပေးတယ်လေ။ ကျနော့ Page လေး Like တက်အောင်။ ကျနော့ ကုန်ပစ္စည်း ကို Like များ၊ Share များအောင် ဆိုပြီးတော့ပေါ့။ ခုနေ Facebok ဘေးက နေရာကို ကြည့်လိုက်လေ။ Recommended page တွေ၊ Feature page တွေ၊ Promotion Page တွေ စုံနေတာပဲ။
တစ်နေ့ကို ဒေါ်လာ ၅၀ တန် ကုမ္မဏီအခုပေါင်း သိန်း ၁၀၀ပဲ ရအုံး။ Facebook ရဲ့  ဝင်ငွေက ကန်ဒေါ်လာ သိန်း ၅၀၀  ရှိနေပါပြီ။ ကမ္ဘာမှာ Facebook သုံးသူ သန်း ၈၀၀ မကတော့ပဲ ၃ ယောက်မှာ တစ်ယောက်က Page လုပ်ထားတယ်။ တကယ် Offcial စီးပွား ရည်ရွယ် Page ကလည်း နိုင်ငံတစ်ခုတည်းမှာတင် သိန်းချီ ကို ရှိတယ်လေ။ မြန်မာမှာကျ ဒီ Feature အသုံးပြုဖို့ ခက်နေ သေး ပါတယ်။ ဒီအတွက် ဆားဗစ်ပေးတဲ့ ကုမ္မဏီတွေလည်း ပေါ်နေပါပြီ။ မြန်မာ Page တွေကြော်ငြာထားတာ အောင် မြင်နေရပြီလေ။
Facebook Game
Facebook ဂိမ်းကနေလည်း ငွေရသဗျ။ ဂိမ်းတစ်ခုလုပ်ဖို့အတွက် Developer တစ်ယောက်အနေနဲ့ အလကားမရပါဘူး။ တစ်ဒေါ်လာ ကနေ အစားစား သွင်းပြီး ဂိမ်းတွေဖန်တီးပေးပါတယ်။ နောက်တော့ ဖွဘုတ်မှာ အင်မတန် ဆော့လို့ကောင်းတဲ့ လယ်စိုက်တာတို့၊ မာဖီးယား ဂိုဏ်းစတား လုပ်တာတို့ ဖြစ်လာပါရော။ အဲဒီ ဂိမ်းစာမျက်နှာတွေ ဖွင့် တဲ့အခါ ကြော်ငြာတွေ တစ်စီတစ်တန်းကြီး တွေ့ရလိမ့်မယ်။ ဆိုဒ်ကို သွားဖို့ ခေါ်တာတွေရော၊ အဲ့ဒီမှာတင် ကြော်ငြာတာတွေရော စုံစံစိနေတာပါပဲ။ အချို့  ဆို ပိုက်ဆံထည့်မှ ဆော့ရတာမျိုး လုပ်သေးသဗျ။ ဒီမှာ Facebook က ကော်မရှင်သဘောနဲ့ ဖြတ် တယ်လေ။ Facebook ရဲ့  ဝင်ငွေက တစ်ရက်တစ်ရက်ကို ကြောက်မခန်းလိလိ များပါတယ်။
အခြားအခြားများ
အထက် ဖော်ပြပါ Page နဲ့ ဂိမ်းက စာရေးသူတို့ မြင်သလောက်ပဲလေ။ စာရေးသူတို့ မမြင်ရတဲ့ နောက်ကွယ်မှာ သူတို့ ငွေရနေတဲ့ နည်းလမ်းတွေ အများကြီး ရှိနေသေးတယ်။ ခုတောင် သတင်း ကြားနေ တယ်။ Message ပို့တာတို့ကို ပိုက်ဆံကောက်မယ်တဲ့။ နာမည်ကြီးတွေဆီ ပို့လေလေ ပိုက်ဆံကုန်လေလေတဲ့လေ။ Friend Request တောင်အလကားပို့လို့မရတော့မယ့် အနေအထား တစ်ခု အလားတောင် ထင်မှတ်ရတယ်။ Facebook မှာ ရှယ်ယာဝင်တွေ လည်း အများကြီး ရှိပါတယ်။ မတ်ဇူကာဘတ်က ဦးဆောင်နေပေမယ့် သူတစ်ယောက်တည်း ပိုင်ပါတယ်ဆိုတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
နိဂုံးချုပ်
သို့ပေမယ့် တော်တော်လေး လှတဲ့ ရေကန်တစ်ခုတော့ သူ ဆောက်ပေး နိုင်ခဲ့တယ်လေ။ သူ့ရေကန် ကောင်းမှုကြောင့် စာရေး သူတို့လည်း ကန်ပျော်တဲ့ ငါးတွေ ဖြစ်ကုန်ကြပြီ။ Facebook ကိုအခြေခံ ပြီးတော့ ဆိုးကျိုးထက် ကောင်းကျိုးတွေက ပိုပြီးတော့ များနေတော့လည်း တစ်ဖက်တစ်လမ်းက ကျေးဇူး တင်ရမှာပေါ့။
စာဖတ်သူတို့ထဲမှာလည်း ရေကန်တစ်ခုဆောက်ချင်သူများ ရှိရင် မတ်ဇူကာဘတ်ကို အတုယူလို့ ကြိုးစားဖန်တီးနိုင်ပါကြောင့် တိုက်တွန်း အကြံပြုလိုက် ရပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)

ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ်တဲ့

၂ဝဝ၇ ခုနှစ်က ကျန်းမာရေးသတင်းတပုဒ်ထွက်ပါတယ်။ Hepatitis B အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။ Contact sports အာကစား လုပ်သူတွေအချင်းချင်း ချွေးကနေကူးနိုင်တယ်လို့ ဓါတ်ပုံနဲ့ ဖေါ်ပြထားပါတယ်။ သုတေသနလုပ်သူတွေက အိုလန်ပစ် နပမ်းသမား (ယောက်ျား အသက် ၁၈-၃ဝ) ၇ဝ ကို စမ်းခဲ့တာပါ။

HIV ကတော့ "မကူးစက်နိုင်တဲ့နည်းလမ်းတွေ" ထဲမှာ ချွေးကိုလည်း ထည့်ထားတာ သတိပြုသင့်ပါတယ်။
• Touching or Hugging ထိကိုင်၊ ပွေ့ဖက်ခြင်း၊
• Utensils, Towels, Bedding မီးဖိုချောင်သုံးပစ္စည်းတွေ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း တွဲသုံးတာ၊
• Sweat or Tears ချွေး နဲ့ မျက်ရည်၊
• Swimming pools, Saunas, Hot tubs, Toilets ရေကူးကန်၊ ရေနွေး၊ အပူငွေ့၊ အိမ်သာ အတူသုံးတာ၊
• Coughs or Sneezes ချောင်းဆိုး၊ နှာချေ။

Hepatitis B virus အသဲရောင် (ဘီ) ဗိုင်းရပ်စ်ဟာ သွေး နဲ့ သွေးပါနေနိုင်တဲ့ ကိုယ်ခန္ဓာအရည်ကနေတဆင့် ကူးစက်နိုင်တယ်။ နည်းလမ်းတွေကတော့
(၁) Sexual contact လိင်ကတဆင့်၊
(၂) Blood transfusions and transfusion with other human blood products သွေးနဲ့ သွေးထဲကတခုခုကို လှူခြင်း နဲ့ သွင်းခြင်း၊
(၃) Re-use of contaminated needles and syringes ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက် ပြန်အသုံးပြုခြင်း၊
(၄) Vertical transmission from mother to child ကလေးမီးဖွါးနေစဉ် မိခင်ကနေ ကလေးကိုကူးခြင်းတို့ဖြစ်တယ်။ မိခင်လောင်းဟာ HBsAg အပေါင်း ဖြစ်နေပြီး ဘာမှ မလုပ်ဘဲ (ဆေးမကုဘဲ) နေရင် သူကနေ မွေးလာမဲ့ကလေးကို မွေးနေတုံးကူးနိုင်တဲ့ အခွင့်အလမ်း ၂ဝ% ရှိတယ်။ မိခင်လောင်းဟာ HBeAg အပေါင်းပြနေသူဆိုရင် သူကနေမွေးလာမဲ့ကလေးကို မွေးနေတုံး ကူးနိုင်တဲ့ အခွင့်အလမ်း ၉ဝ% ရှိတယ်။
နောက်ပြီး အတူနေမိသားစုအတွင်းမှာ အရေပြားနဲ့ အရေပြားနုတွေမှာ မြင်ရတာ ဖြစ်ဖြစ် မမြင်ရတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာ အနာအဆာ ရှိတာကနေတဆင့် ကူစက်နိုင်သေးတယ်။ HBV ပိုးပါနေတဲ့ တံတွေး-သွားရည်ကနေလဲ အဲလိုရှိနေသူကို ကူးလာနိုင်တယ်။ ဒါပေမဲ့ Hepatitis B တွေနေတဲ့ လူကြီးတွေရဲ့ ၃ဝ% မှာ ဘယ်နည်းလမ်းကနေ ကူးလာခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးလို့ မရတာတွေ့ရတယ်။ (ဘီ) ပိုးကာကွယ်ဆေး စနစ်တကျ ထိုးတားရင် ပိုးရှိသူမိခင်ကနေ နို့တိုက်လို့ကူးတယ်ဆိုတာ မတွေ့ရသေးပါ။

Sweat Can Transmit Viral Infections http://news.softpedia.com/news/Sweat-Can-Transmit-Viral-Infections-48302.shtml?fb_action_ids=304402569689733&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=288381481237582

ေါးက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၃ 


Monday, April 29, 2013

ဦးအံ့ကြီး ။ Steve Addis & William Craw Ford


 
U Ant Gyi, Steve Addis & William Craw Ford
၁၉၆၁ ဧပြီလ ရန်ကုန်မြို့  တွင် ဦးအံ့ကြီး ။ Steve Addis & William Craw Ford တို့ ဖျော်ဖြေကြတာ မျှဝေခံစားကြစေလိုပါတယ် ခင်ဗျား။


ဆေးလိပ်သောက်ကြဦးမလား

 

ခလေးဘယ်လိုမွေးသလဲ

ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဆင်းတုတော်

 
တရုတ်နိုင်ငံ Sichuan ပြည်နယ်တောင်ပိုင်း Minjiang, Dadu နှင့် Qingyi မြစ်ဆုံ၊ Leshan မြို့ မြစ်ကမ်းပါးဆောင်း တစ်နေရာ ရှိ ကျောက်ဆောင်တွင် ထွင်းထုထားသော Leshan Gian အမည်ရ ဗုဒ္ဓဆင်းတုတော် ရှိသည်။

ယင်းကျောက်တောင်နံရံတွင် အေဒီ ၆၁၈-၉၀၇ တွင် ထွင်းထုတည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ထိုခေတ်အချိန်အခါ၌ ကမ္ဘာ့ (ဥာဏ်တော်) အမြင့်ဆုံး ဆင်းတုတော် ဖြစ်ခဲ့ဖူးသည်။
...
ယနေ့အချိန်အခါအထိတွင် Leshan Gian Buddha သည် ကမ္ဘာ့အကြီး ဆုံး ကျောက်ဆောင်ပေါ်ထွင်းထုသော ဆင်းတုတော်အဖြစ် အသတ်မှတ်ခံ ထားရကြောင်း သိရသည်။
---
Ref:Weirdoworld
International news for myanmar
See more


ရည်းစားစာ (၃)



ကြယ်တွေကို မဆွတ်နိုင်ဘူး
ကောင်းကင်ကို ထမ်းမတင်နိုင်ဘူး
ယုံ … ပါ ။

အလိုလို ရွေ့လျားသွားတဲ့ အသွားတွေမှာ
လူဟာ လူလိုပဲ တိမ်းမူး
ရှိလား မရှိလား မသိတဲ့ အပြန်မှာ
ရင်ခုန်စွာ အရူးရင့်ခဲ့ပေါ့ ။

မြန်ချင်မြန် နှေးချင်နှေး
သံသရာ တစ်ပြေးမှာ ထိရှ ခွင့်ကိုမျှော်
ငါ့ ဂီတနဲ့ ငါ ပျော်ခဲ့ရ ။

သစ်သစ် ဟောင်းဟောင်း
လိုချင်သူအတွက် အကောင်း
အဲသလို အကျိုးအကြောင်းတွေ အတွက်
မွှေးလိုက်တဲ့ မီးပါ
………………..
…………………
ငါ့ နှလုံးသားတစ်ပြ သာသာမှာ
နင့် လည်တိုင်လေး တစ်ပြန်စာ ။

အိုင်လွယ်ပန်

Smart and Obedient Cat


New Dance - Birdie Style


Sunday, April 28, 2013

InstaCollage Pro V1.0.1 For Android

InstaCollage Pro V1.0.1 For Android
-----------------------------------------
မိမိတို့ဓါတ်ပုံများကိုစိတ်ကြိုက်ပြင်ဆင်ပြီး Facebook , twitter , Flickr , Instagram အစရှိတဲ့လူမှုကွန်ရက်တွေမှာမိတ်ဆွေတွေကိုဝေမျှချင်သူတွေအတွက် နှစ်သက်စရာကောင်းတဲ့ Feature တွေစုံလင်စွာပါတဲ့ application လေးပါ.
မိမိတို့စိတ်ကြိုက်ပြင်နိုင်ရန် အသင့်ပြုပြင်ထားသော Collages များ…နောက်ခံပုံများပြုပြင်နိုင်သော Pattern များ..Effect များ..Frame များ…ပါဝင်ပါတယ်..
ထို့အပြင် ပြင်ဆင်ပြီးသောဓါတ်ပုံများပေါ်တွင် Colourful Fonts & Text များလည်းရေးနိုင်ပါတယ်..

ဒါကြောင့် ဖုန်းထဲမှာဓါတ်ပုံပြုပြင်ရတာဝါသနာပါသူတွေဆောင်ထားသင့်တဲ့ application လေးပါခင်ဗျာ…ဒီဆော့ဝဲလ် လေးကို google play မှာ $1.00 Dollar နဲ့ဝယ်ယူ သုံးစွဲရမှာ ဖြစ်ပါတယ် ..

MMAS မှာတော့ freedownload ရယူ သုံးစွဲနိုင်ပါတယ် ။InstaCollage Pro V1.0.1 -ကိုအောက်က link မှာရယူပါ။
http://www.myanmarmobileapp.com/2013/04/28/instacollage-pro-v1-0-1/
 

This is cool



အနုပညာရှင်များ၏ ကျေဇူးဆပ်သည့်အလှူ

 

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၂၇၊ ၂၀၁၃

မြန်မာ့ရုပ်ရှင်လောက၏ ဖွားဖက်တော်(ရုပ်ရှင်ဖခင်ကြီး) ဟု တင်စားခေါ်ဝေါ်ခဲ့ကြသော ပညာရှင်ကြီးတစ်ဦး ရှိခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်ကြီးသည် လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်း၌ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သူ အသက် (၉၇) နှစ် အသက်အရွယ်ရှိ ရုပ်ရှင်ဖခင်ကြီး ဒါရိုက်တာကြီး ဘဘဦးတင်ယု ဖြစ်ပေသည်။ ဘဘဦးတင်ယု ကွယ်လွန် ချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှာ အယူသီးမှုတိုက်ဖျက်ရေး လူမှုရေးဟောပြောပွဲများ ဖြင့် နယ်ဝေးသို့ရောက်ရှိ နေချိန်ဖြစ်သည်။ ဦးကျော်သူအနေဖြင့် ဘဘဦးတင်ယု၏ ဈာပနအား ကိုယ်တိုင်နိဗ္ဗာန် ယာဉ်မောင်းနှင်၍ သင်္ဂြိုလ်ပေးခွင့်မရရှိခဲ့သော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်ပြီး အဆင်ပြေ ချောမွေ့စွာ သင်္ဂြိုလ်ပေးနိုင်ခဲ့သည်။ ဘဘဦးတင်ယု၏ ရက်လည်ပြီးနောက် ကျန်ရစ်သူမိသားစုများတို့မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ဘဘအားရည်စူး၍ အလှူငွေ (၂) သိန်းတိတိ လာရောက်လှူဒါန်းခဲ့သည်။ ထိုအချိန်တွင် ဘဘဦးတင်ယု၏ ဇနီး ဒေါ်မြင့်မြင့်ရီမှ ဦးကျော်သူနှင့် တွေ့ဆုံခွင့်တောင်းခံသော်လည်း နယ်ခရီးမှ ပြန်လည်မရောက် ရှိသည့်အတွက် တွေ့ဆုံခွင့်မကြုံခဲ့ပေ။
ထို့နောက် ၂၆.၄.၂ဝ၁၃ ရက်နေ့တွေင် “ကွယ်လွန်သူ ဘဘဦးတင်ယုအားရည်စူး၍ ဇနီး ဒေါ်မြင့်မြင့်ရီ မိသားစု” တို့မှ ဒုတိယအကြိမ်မြောက်ထပ်မံ၍ အလှူငွေကျပ် (၂) သိန်းတိတိအား လှူဒါန်းချိန်တွင် ဦးကျော်သူနှင့် တွေ့ဆုံဖြစ်ကြသည်။ အမေ ဒေါ်မြင့်မြင့်ရီ၏ ဆန္ဒပြည့်ဝခဲ့တော့သည်။ တိုက်ဆိုင်စွာဖြင့် ယင်းနေ့ နံနက် (၁၂းဝဝ) နာရီအချိန်ခန့်တွင် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း သည် မိခင်နှင့်အတူ  နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေကျပ် (၁ဝ) သိန်းတိတိအား ဒုတိယအကြိမ်မြောက် ထပ်မံ၍ လှူဒါန်းခဲ့သည်။ အဆိုပါငွေများသည် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်းမှ ၂ဝ၁၃ ခုနှစ်၊ မဟာသင်္ကြန်ရက်များ အတွင်းဖျော်ဖြေပွဲမှ အများပြည်သူတို့ ချီးမြှင့်ပေးခဲ့သော အနုပညာကြေးများအား အများပြည်သူ ပရိတ်သတ်တို့အား ကျေးဇူးဆပ်သည့်အနေဖြင့် ယခုကဲ့သို့ အများပြည်သူတို့၏ လူမှုဒုက္ခများအားထိရောက်စွာ ကူညီပေးနေသောနာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ အမှန်စင်စစ် ဝိုင်းစုခိုင်သိန်းသည် နှစ်ဆန်းတစ်ရက်နေ့တွင် လာရောက်လှူဒါန်း၍ လှူဒါန်းလိုသော်လည်း အနုပညာအလုပ်များဖြင့် မအားလပ်သည့် အတွက် ယခုမှလာရောက်၍ လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် ထို့နောက် ၂၇.၄.၂ဝ၁၃ ရက်နေ့တွင် ရွှေမင်းဝံ သာသနာ့ ရိပ်သာ၌ တရားစခန်းဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ဝိုင်းစုခိုင်သိန်း လှူဒါန်းခဲ့သော အလှူငွေ များအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း သို့လာရောက်၍  ဆေးကုသမှုခံယူကြသော လူနာများ၏ ကျန်းမာရေးအတွက် တစ်တပ်တစ်အား အင်အားတစ်ခု ဖြစ်စေခဲ့ပြီဖြစ်သည်။
ထို့အပြင် ၂၂.၄.၂ဝ၁၃ နေ့ရက်တွင် မကြာသေးမီအချိန်မှ ပြည်ပမှ ပြန်ရောက်ရှိလာသော တေးသံရှင်/ အဆိုတော် ယုဇန နှင့်ခင်ပွန်းအပြင် မိဘများဖြစ်ကြသော ဟင်္သာတ ဦးမြင့်ငွေနှင့်ဇနီး ဒေါ်တင်တင်အေး မိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၃) သိန်းကျပ်အား လာရောက်လှူဒါန်းခဲ့သည်။ အနုပညာသမားများမှ လူမှုအကျိုးပြုလုပ်ငန်းများအတွက် အနုပညာကြေးများလှူဒါန်းခြင်းသည် ပရိတ်သတ်များအား ကျေးဇူးဆပ်ခြင်းဟု ပင် ကျွန်တော်ရှုမြင်မိပါသည်။ ထိုသို့ ရုပ်ရှင်ဖခင်ကြီး ဘဘဦးတင်ယုအားရည်စူး၍ ကျန်ရစ်သူမိသားစုများ၏ အလှူ ဒါန၎င်း၊ သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း၏ နှစ်သစ်ဦး အနုပညာကြေး အလှူဒါန၎င်း၊ တေးသံရှင် အဆို တော် ယုဇန၏ မိဘများအားအမှူးထား၍ လှူဒါန်းရသော အလှူဒါနသည်၎င်း ထိုထိုသော လှူဒါန်းမှုတို့သည် အနု ပညာရှင်များမှ အများပြည်သူ လူထုပရိတ်သတ်တို့အား ကျေးဇူးဆပ်သည့် ကုသိုလ်ထူးတို့အား နာရေးကူညီမှု  အသင်း(ရန်ကုန်)မှ အများပြည်သူတို့နည်းတူ မုဒိတာပွားကာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

(၁၈) နှစ်ပြည့်မှဖတ်ပါ- Pro-Life and Pro-Choice အသက် နဲ့ အဖျက်

ကိုယ်ဝန်ကို တရားဝင်ဖျက်သင့်-မသင့် အသံတွေကြားလာရပြီ။ လွှတ်တော်အထိရောက်ပြီး ဆရာဝန်တွေကနေ အမေလို့ခေါ်ကြတဲ့ ပါမောက္ခတဦးကလည်း သူ့အမြင်ကိုတင်လာပြီ။ အသက်ဆုံးရှုံးမှုနည်းနိုင်တယ်လို့ပြောတာဟာ ဖျက်သာဖျက်လို့ ပြောတာမဟုတ်ပါ။ ကျွန်တော့်အမြင်ကတော့ ချက်ချင်းဆုံးဖြတ်တာ မသင့်သေးလို့ထင်ပါတယ်။

ဒီ (အစ်ရှူး) ကို ပွင့်ပွင့်လင်းလင်း ငြင်းနေကြတာ အမေရိကားမှာတောင် အတောမသတ်နိုင်သေးပါ။ နှစ်ဖက်လုံးမှာ အားသာတာတွေရော အားနည်းတာတွေပါရှိတယ်။ အမေရိကားမှာလည်း (ဒီမိုကရက်) တွေက Pro-choice ကိုယ်ဝန်ဖျက်ရေး အားပေးပြီး၊ ဘာသာရေးကို ပိုလေးစားတဲ့ (ရီပတ်ဘလစ်ကန်) တွေက Pro-life အသက်ရှင် ရပ်တည်ခွင့်ဘက်က နေတယ်။

ဘာသာရေးက အများကြီး လွှမ်းမိုးတာတွေ့ရတယ်။ (ရိုမင်ကက်သလစ်) အများစုနေတဲ့ (အိုင်ယာလန် ရီပတ်ဘလစ်) မှာ ကိုယ်ဝန်ဖျက်ခြင်းဟာ တရားဝင်မဟုတ်ပါ။ မနှစ်က အိုင်ယာလန်မှာ အိန္ဒိယအမျိုးသမီး သွားဆရာဝန် (ဆာဗီတာ ဟာလက်ပါနာဗာ) ကို ဆေးရုံက ကိုယ်ဝန်ဖျက်မပေးလို့ သေဆုံးသွားတော့ ပွက်လောရိုက်သွားခဲ့တယ်။ ဆရာဝန်တွေက ဥပဒေကိုသာ လိုက်နာကြရတယ်။ အဖြစ်အပျက်တခုလောက်နဲ့တော့ ဥပဒေပြောင်းဘို့တွန်းအားက မလုံလောက်သေးပြန်ပါ။

Pro-Life (ပရို-လိုက်ဖ်) အသက်ရှင်ရေး အလေးပေးသူများ
လူ့အသက်ကို ကာကွယ်ပေးဘို့ အစိုးရကနေ တားမြစ်ပေးရမယ်။ Intent ဘယ်လိုရည်ရွယ်ချက်ရှိနေနေ၊ Viability ရှင်နိုင်သေးတယ်-မရှင်နိုင်တော့ဘူး နဲ့ Quality-of-life နေရလို့လည်း အရည်အသွေးပြည့်-မပြည့် ဆိုတာတွေကို တွက်မနေဘဲ လူ့အသက်ဆိုရင် အကာကွယ်ပေးရမယ်လို့ ဆိုလိုတယ်။ သူတို့က ဒါတွေကို တားချင်ကြတယ်။
• Abortion ကိုယ်ဝန်ဖျက်တာ၊
• Euthanasia and assisted suicide ကိုယ့်ကိုယ်ကိုသတ်သေတာနဲ့ အဲလိုမျိုးကိုအကူအညီပေးတာ၊
• The death penalty တရားခံကို သေဒဏ်ချမှတ်တာ၊
• War, with very few exceptions (ချွင်းချက်နည်းနည်းကလွဲရင်) စစ်ပွဲတွေ။

Pro-Choice (ပရို-ချွိုက်စ်) အဖျက်အားပေးသူများ
သူတို့ဘက်က လျှောက်လဲချက်ကတော့ လူတိုင်းဟာ ကိုယ့်မျိုးပွါးစနစ်ကို ကိုယ့်ဘာသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသင့်တယ်။ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟာ သူများတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မထိပါးသ၍ ဒီအခွင့်အရေးရှိရမယ်လို့ ဆိုပါတယ်။ သူတို့က ဒါမျိုးတွေကို လိုချင်ကြတယ်။
• Celibacy and abstinence လက်မထပ်ဘဲ အတူနေခွင့်၊
• Contraception use ကိုယ်ဝန်တားဆေး-တားနည်းတွေ နဲ့ Emergency contraception use အရေးပေါ်တာဆေး-တားနည်းတွေ တရားဝင် ရောင်းချ၊ ဝယ်ယူခွင့်၊
• Abortion, for the first two trimesters of pregnancy (၆ လအထိ) ကိုယ်ဝန်ကို တရားဝင် ဖျက်ချခွင့်၊
• Childbirth ကိုယ့်ကိုယ်ဝန်က ဘယ်လိုကနေရလာလာ ကလေးမွေးခွင့်ဆိုတာတွေကို လိုခြင်ကြတယ်။

အယူအဆ ပဋိပက္ခ
လိုလားတာတွေတခုမကပေမဲ့ အဓိကဖြစ်တာက ကိုယ်ဝန်ဖျက်ရေးမှာဖြစ်ပါတယ်။ အသက်သမားတွေဆိုတာက မရှင်နိုင်လောက်ဘူးဆိုပေမဲ့လည်း လူအသက်ဟာ အဖိုးမဖြတ်နိုင်လောက်ဘူး၊ ဒါကြောင့် အကာကွယ်ပေးထိုက်တယ်။ သူတို့က ကိုယ်ဝန်ဖျက်တာမှာ ဥပဒေအရသာလုပ်ရမယ်။ အဖျက်သမားတွေဆိုတာက ကိုယ်ဝန်အဆင့်တွေမှာ ရှင်သန်နိုင်ပြီဆိုတဲ့အဆင့်ကို သက်သေပြလို့မရသေးရင် လူပုဂ္ဂိုလ်လို့ မခေါ်နိုင်သေးဘူး။ အစိုးရဟာ အမျိုးသမီး တဦးချင်းရဲ့ ကိုယ်ဝန်ကို ဖျက်-မဖျက်ဆိုတာပေါ်မှာ စွက်ဖက်ခွင့်မရှိရဘူး။

ဘာသာရေးနဲ့ အသက်ရဲ့ မွန်မြတ်ခြင်း
နိုင်ငံရေးသမားတွေဟာ ဘာသာရေးရဲ့ အရေးပါမှုကို သိရတယ်။ ပြဿနာအရင်းအမြစ်ကို မြင်ရမယ်။ Immortal soul မသေနိုင်တဲ့ဝိဥာဉ်ဟာ ကျား-မ မျိုးစေ့တွေ ပေါင်းစပ်လိုက်တာနဲ့ ဖြစ်ပြီလို့ယုံကြည်သူနဲ့ Personhood လူပုဂ္ဂိုလ်ရယ်လို့ ဖြစ်လာခြင်းဟာ မသေနိုင်တဲ့ဝိဥာဉ်ကနေစတယ်လို့ ယုံကြည်သူအကြား နည်းနည်းသာ ခြားနားပါတယ်။ ရက်သတ္တ ၁ ပါတ် ကိုယ်ဝန်ကိုဖျက်ပြစ်တာ (သတ်ပြစ်တာ) နဲ့ အသက်ရှူဘူးသူကို သတ်ပြစ်တာကွာသလို နေပါမယ်။ အသက်ဘက်မှာ နေသူတွေက ကိုယ်ဝန်ဖျက်ရခြင်းရဲ့ ရည်ရွယ်ချက်မတူနိုင်တာကို သတိထားပါတယ်။ ဒါပေမဲ့ တမင်တကာသတ်သတ်၊ မတတ်သာလို့သတ်သတ် ရလဒ်နဲ့ အကျိုးဆက်ဟာ အတူတူပါဘဲ။

တိုင်းသူပြည်သားများ ဘာသာရေးတမျိုးမက ယုံကြည်တာကို လက်ခံခြင်းနဲ့ ဘာသာရေးမခွဲခြားတဲ့ အစိုးရရဲ့တာဝန်
အမေရိကန်အစိုးရအနေနဲ့ ကျား-မ မျိုးစေ့နှစ်ခု ပေါင်းလိုက်တာနဲ့ မသေနိုင်တဲ့ဝိဥာဉ်ဖြစ်ပြီ ဆိုတဲ့အချက်၊ လူပုဂ္ဂိုလ်ဖြစ်ခြင်းကို ဘာသာရေးအရ အဓိပ္ပါယ်ဖွင့်ဆိုမှု ရှင်းရှင်းလင်းလင်း မပါသေးဘဲ လက်ခံလို့ မဖြစ်နိုင်ပါ။ တချို့ဘာသာရေးအစဉ်အလာကတော့ ကိုယ်ဝန် (ကလေး) လှုတ်လာပြီဆိုတာ အသက်ရှိလာပြီလို့ ယူဆကြတယ်။ တချို့ဘာသာရေးအယူအဆက မွေးလာလာခြင်းလို့ ဆိုတယ်။ တချို့ဘာသာ (ဗုဒ္ခဘာသာ) မှာ မသေနိုင်တဲ့ဝိဥာဉ်ဆိုတာ မရှိဘူး။

သိပ္ပံပညာကကော အဖြေပေးနိုင်သလား
မသေနိုင်တဲ့ဝိဥာဉ်ဆိုတာကို သိပ္ပံပညာက သက်သေမပြနိုင်ပါ။ အလားတူ မြင့်မြတ်သန့်စင်မှုဆိုတာအတွက်လည်း သက်သေမပြနိုင်ပါ။ လွန်လွန်ကြွံကြွံပြောသေးတာက “ရူပဗေဒအရ လူ့အသက်နဲ့ ကျောက်ခဲ ဘယ်ဟာကသာသလဲ ဆိုတာကို သက်သေမပြနိုင်ပါ” တဲ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သိပ္ပံကမပြောနိုင်ဘူးဆိုတဲ့ လူမှုရေး၊ စိတ်လှုတ်ရှားမှု အကြောင်းတရားတွေကိုလည်း အလေးထားကြ၊ တန်ဘိုးထားကြတယ် မဟုတ်ပါလား။

သိပ္ပံကမပြနိုင်တဲ့ လူပုဂ္ဂိုလ်ဖြစ်ခြင်းကို ဦးနှောက်ဘက်ကနေ စဉ်းစားနိုင်ပါတယ်။ Development of the Neocortex ဦးနှောက်-အာရုံကြော ဖြစ်ပေါ်၊ ဖွံ့ထွားလာခြင်း ဖြစ်စဉ်မှာ ဆေးပညာရှင်တွေ လက်ခံထားကြတာက ကိုယ်ဝန် (သန္ဓေသား) ဒုတိယသုံးလရဲ့နောက်ပိုင်း၊ ဒါမှမဟုတ် တတိယသုံးလအစောပိုင်းမတိုင်မီမှာ Emotion and Cognition စိတ်လှုတ်ရှားမှုနဲ့ မှတ်သားမှုအသိဥာဏ်တွေက ဖြစ်မလာနိုင်သေးဘူး။

အသက်ဘက်ရပ်တည်နေသူ တချို့တွေက ငြင်းဆိုတာတခုရှိပါသေးတယ်။ အသက်ဖြစ်တည်လာခြင်းဟာ DNA ဖြစ်လာပြီဆိုကတည်းက လူပုဂ္ဂိုလ်ဖြစ်ခြင်းဆိုတာစတယ်။ တဖက်က စဉ်းစားနိုင်တာလည်း ရှိပြန်ပါသေးတယ်။ ကိုယ်ထဲက အူအတက်နဲ့ အာသီးဆိုပါစို့ ထုတ်ပြစ်လိုက်ပေမဲ့ လူကိုသတ်ပြစ်လိုက်တာလို့ နီးနီးစပ်စပ်တောင်မှ ပြောမရပါ။ DNA ဘက်ကနေ ငြင်းဆိုချက်ရဲ့ နောက်အားနည်းချက်ကတော့ Gene therapy မျိုးဗီဇကုသနည်းကြောင့် လူသသစ်တဦး ဖြစ်လာတာ ဟုတ်-မဟုတ် ဘယ်လိုပြောမလဲ ဆိုတဲ့မေးခွန်း ရှိလာတာဖြစ်ပါတယ်။

တရားဥပဒေအရ လူသတ်မှုဆိုတာမှာ သေသူရဲ့ကိုယ်ခန္ဓာရှိရမယ်၊ တကိုယ်လုံးမဟုတ်တောင်မှ လုံလောက်တဲ့ အစိတ်အပိုင်း (တစ်ရှူး) ကို ပြနိုင်ရမယ်။ ဒဿနအမြင် နဲ့ ဘာသာရေး အကြောင်းပြချက်အတွက် လူသတ်မှုဆိုပြီး တရားစွဲလို့မရပါ။

၁၉၈ဝ တုံးက အမေရိကန်သမတ (ရော်နယ်-ရီဂင်) ပြောခဲ့တာရှိပါတယ်။ “အစိုးရက မှားတယ်ဆိုရင် အသက်ဘက်က ကာကွယ်လို့သာ ဖြစ်ပါမယ်။” လက်တွေ့ဘဝမှာ အမှားဆိုတာက သက်သေအထောက်အထား မလုံလောက်ဘဲ တရားစွဲခြင်း ဖြစ်ပြန်ပါတယ်။

ဒီလို အသက်နဲ့ အဖျက်အငြင်းပွါးမှုမှာ ကိုယ်ဝန်ဖျက်ကြသူ အမျိုးသမီးအများစုကြီးဟာ Choice ရွေးချယ်မှုဘက် (ကိုယ်ဝန်ဖျက်တဲ့ဘက်) ကနေပြီးသာ ကိုယ်ဝန်တွေကို ဖျက်နေကြတာ ဖြစ်ပါတယ်။ Guttmacher Institute ကနေ သုတေသန လုပ်တော့ -
• ၆၈% သော အမျိုးသမီးတွေက ကလေးအမေဘဝနဲ့နေရမှာ မတတ်နိုင်လို့ ဖျက်ကြတယ်၊
• ၂၇% သော အမျိုးသမီးတွေက ကိုယ်ဝန်ကို ဖျက်ချချင်တာက အဓိကဖြစ်တယ်။
• ၂ဝ% ကတော့ ကျန်းမာရေးမကောင်းလို့ ဖျက်လိုက်ရတာပါ။
• အဲလိုကိုယ်ဝန်ဖျက်ကြတဲ့ ၃၈% ဟာ ရလာတဲ့ကိုယ်ဝန်ကို သူများ (မိဘ) တွေမသိအောင် တိတ်တဆိတ်၊ ဒါမှမဟုတ် မိဘတွေက ဖျက်စေချင်လို့ လာဖျက်ကြတာဖြစ်ပါတယ်။

Roe v. Wade ဆိုတာ အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၃ ခုနှစ်က သမိုင်းတွင်ခဲ့တဲ့ ကိုယ်ဝန်ဖျက်ခြင်းဆိုင်ရာ ဗဟိုတရားရုံး ဆုံးဖြတ်ချက်တခုကို အလွယ်ခေါ်တာဖြစ်ပါတယ်။ ဒီအငြင်းပွါးမှုဟာ ဆက်ဖြစ်နေဆဲပါ။ လူနေမှုစနစ်ကလည်း ပွင့်လင်းမှုရှိ၊ တရားစီရင်ရေးစနစ်ကလည်း လွတ်လပ်မှုရှိပြီး၊ ခေတ်မီ တိုးတက်သူတွေ နေကြတဲ့ တိုင်းပြည်ကြီးမှာတောင်မှ ကိုယ်ဝန်ဖျက်ရေးမှာ အကောင်းဆုံး အဖြေရဘို့ရာ အချိန်တွေ ယူရတဲ့သင်္ခန်းကို ထောက်ပြချင်ပါတယ်။

အနာဝတ် အလားအလာ
လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်ကဆိုရင် ကိုယ်ဝန်တားဆေး၊ တားနည်းတွေက အခုလောက် မထိရောက်သေးပါ။ အလွန်ဆုံး စနနစ်တကျ သုံးရင်တောင်မှ ၉ဝ% သာ ကာကွယ်နိုင်တယ်။ ခုခေတ်မှာတော့ ရာနှုန်းပြည့်နီးကနေ ၁ဝဝ% အထိ တားပေးနိုင်တာသာမက အရေးပေါ်တားဆေး-တားနည်းတွေကလည်း လက်တကမ်းမှာရှိနေပြီ။ ဗမာပြည်မှာ ကွမ်းယာဆိုင်မှာတောင်မှ ရဆိုဘဲ။ နောက်ဆိုလည်း ဒိထက်ဒီ ထိရောက်လွယ်ကူတာတွေ လာမှာပါ။

ကိုယ်ဝန်ဖျက်ခြင်း (အဘောရှင်း) မလိုလောက်တဲ့ခေတ်ကို ရောက်မလာဘူးလို့ မပြောနိုင်ပါ။ အခုမဟုတ်ပါခင်ဗျား။

Anti-Abortion ကိုယ်ဝန်ဖျက်ချ ဆန့်ကျင်ကြ http://dts-medicaleducation-adult.blogspot.in/2013/04/anti-abortion.html

-ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၃ 


ကချက်ကတော့လန်ထွက်နေရော...


What Happens When You Wring Out a Washcloth in Space?

https://www.facebook.com/photo.php?v=116988108502069&set=vb.236716969778947&type=2&theater

3D Painting

Simply Amazing

Two Kids Unwrap Present To Find Military Dad Home Early

လက်ဝှေ့ ကြိုးဝိုင်းမှာ..

 

Facebook နိုင်ငံသား

 ........................
(မိုးညွန့်လုလင်)

အမေရိကဆိုသော အရပ်တွင် Zuckerberg ဆိုသော နာမည်ခပ်ခက်ခက် လူငယ်တစ်ဦးနှင့် အပေါင်းအသင်း ရောင်းရင်းတစ်စက စတင်သန္ဓေတည် မွေးဖွားခဲ့သည့် Facebook သည် ယခု ဆိုလျှင် ညောင်ဦးက ကမ်းပါးပြို၊ စမ္ပာနဂိုရ် က နွားမ ပေါင်ကျိုးဆိုသကဲ့သို့ မိုင်ထောင်ချီ ဝေးကွာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးဘဝများကို ပြောင်ပြောင်တင်းတင်း တစ်နည်း၊ မသိလိုက် မသိ ဘာသာတစ်ဖုံ ခြယ်လှယ်လွှမ်းမိုး နေခဲ့ပြီ။

Social Networking Website ခေါ် မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းအချင်းချင်း အဆက်အသွယ် မပြတ်ရန်၊ အသိအကျွမ်းတိုးရန် ကူညီပေးသည့် အင်တာနက် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များသည် ယခုနှစ်များတွင် အထူးရေပန်းစားလာ ခဲ့ပြီး ကမ္ဘာအနှံ့ အထူးသုံးစွဲလာခဲ့သည်။ Facebook, Twitter တို့သည် ထိပ်တန်း လူမှုကွန်ရက်များဖြစ်ကြသည်။ မြန်မာနိုင်ငံ တွင် twitter သိပ်မသုံးကြ၊ Facebook ကိုမူ မြန်မာတို့ အသည်းစွဲ။ စာရင်းဇယား အချက်အလက်နှင့် အလှမ်းဝေးသည့် နိုင်ငံပီပီ ဘယ်သူတွေ သုံးကြသလဲ မသိနိုင် ပေမယ့် တော်တော်လေး သုံးကြတာတော့ သေချာသည်။ လူငယ်ပိုင်း၊ မြို့နေ၊ အတန် အသင့်သုံးနိုင်စားနိုင်သူ၊ ပညာတတ်၊ နည်းပညာနှင့် ယဉ်ပါးသူ စသူတို့ကမူ သုံးစွဲ သူထဲတွင် အများစုဖြစ်နိုင်သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆိုလျှင်၂၀၁၂ ခုနှစ် အောက်တိုဘာ လဆန်းက Facebook သုံးသူ သန်းတစ်ထောင် ပြည့်သွားသည်ဟု ဆိုသည်။ ဆိုလိုသည်က ကမ္ဘာပေါ်တွင် လူခုနစ်ယောက်လျှင် တစ်ယောက်သုံးနေကြသည်။ Facebook သာ နိုင်ငံဆိုလျှင် တရုတ်နှင့် အိန္ဒိယပြီးလျှင် ကမ္ဘာပေါ်တွင် အကြီးဆုံးနိုင်ငံ။ ထို Facebook တိုင်းပြည်တွင် အခြားသော မြန်မာနိုင်ငံသား များနည်းတူ ကျွန်တော်လည်း နိုင်ငံသား တစ်ဦးအဖြစ် ပါဝင်နေသည်။

မူလက Facebook ကို မသုံး၊ လိုသည်မထင်။ ပြည်ပခရီးတစ်ခု သွားရင်း ခင်သွားသည့် နိုင်ငံခြားသားသူငယ်ချင်းက ဆက်သွယ်ရန် လိပ်စာတောင်းရာမှ ဇာတ်လမ်း စသည်။ G-mail လိပ်စာ ပေးတော့ သူငယ်ချင်းက “မင်းခေတ်နောက်ကျနေပြီ။ Facebook မရှိဘူးလား" တဲ့။ အဲဒီကမှ စလိုက်သည်မှာ တဖြည်းဖြည်း Facebook လောကထဲသို့ ရောက်ရှိသွား တော့သည်။

သူ့ရဲ့အဓိက လုပ်ဆောင်ချက်က မိတ်ဆွေအပေါင်းအသင်း အချင်းချင်း ကိုယ်လုပ်နေတာ၊ ကိုယ်သိတာ၊ ကိုယ်ခံစားနေရတာ အချင်းချင်းဖလှယ်နိုင်အောင် စီမံထား သည်။ Facebook ကိုယ်တိုင်က တစ်ခုခု ရေးသားတင်ပြပေးနေစရာ မလို။ Facebook တွင် ပါဝင်သူ (ဝါ) Account ဖွင့်ထားသူတို့ တင်ထားသည့် ဓာတ်ပုံ၊ အချက်အလက်များနှင့်ပင် Facebook သည် ကြီးထွားလာသည်။ အင်တာနက် ခေတ်၏ အားသာချက်မှာ ဝေမျှရတာ အလွန်မြန်ခြင်း။ အင်တာနက်ခေတ် ယဉ်ကျေးမှု၏ အဓိကကျသော အစိတ်အပိုင်းမှာ Sharing Culture ခေါ် ဝေမျှ ခြင်းယဉ်ကျေးမှု။ Facebook သည် ဝေမျှခြင်းကို အလွန်လွယ်ကူသွားစေသည်။ ဘာမျှ ကူးရေး၊ အပင်ပန်းခံနေရန်မလို၊ ခလုတ်လေးတစ်ခုနှစ်ခု နှိပ်ရုံနှင့် ဝေမျှ လိုက်နိုင်သည်။ ပညာခေတ်ဟုလည်း ခေါ်သော ယခုခေတ်ကြီးတွင် Facebook သည် ပညာဗဟုသုတတို့ကို ဝေမျှရန်လည်း အလွန် လွယ်ကူလာသောကြောင့် ဗဟုသုတ တို့ ပြန့်ပွားလွယ်သည်။ သတင်းအချက် အလက်တွေလည်း ပြန့်ပွားလွယ်သည်။

Facebook ၏ သဘောက မိမိ ကိုယ်ပိုင်စာမျက်နှာ တစ်ခုဖွင့်ပြီး မိမိ သိလိုသူများထံ လျှောက်လွှာပို့ (Friend Request or Add) လုပ်ရသလို မိမိနှင့် သူငယ်ချင်းဖြစ်ချင်သူများ ကလည်း ထိုနည်း အတိုင်းလုပ်ရသည်။ လက်ခံလိုက်လျှင် သူငယ်ချင်းဖြစ်ပြီ။ ထိုနည်းဖြင့် မိမိတွင် သူငယ်ချင်းများ တိုးပွားလာသည်။

Facebook သုံးရင်း သုံးရင်း သဘောကျလာသည်။ သူငယ်ချင်းတွေနှင့် အဆက်မပြတ် သူတို့အကြောင်း သိနေရသည်။ နှစ်အတန်ကြာက အဆက်ပြတ်သွားသူ ငယ်သူငယ်ချင်း တို့နှင့် ပြန်ဆုံရသည်။ကျွန်တော်က အခြားသူမွေးနေ့ မဆိုထားနှင့် မွေးနေ့ဆိုလျှင် ကိုယ့်မွေးနေ့ပင် သတိ မရသူ။ Facebook ကျေးဇူးဖြင့် မိမိ မိတ်ဆွေ သူငယ်ချင်းများ၏ မွေးနေ့ဆိုလျှင် သူ့သတိပေးချက်ဖြင့် မွေးနေ့ဆုတောင်း ပို့နိုင်သည်။ ဝေးတစ်မြေမှသူများ၏ မင်္ဂလာဆောင် ဆိုလျှင် မသွားနိုင်လည်း Congratulation လုပ်နိုင်သည်။ ဗဟုသုတများ၊ သတင်း အချက်အလက်များလည်း လွယ်လွယ် ကူကူဖြစ်လျှင် ဖြစ်ချင်း သိရသည်၊ ကိုယ် သိတာလေးလည်း တင်ပေးနိုင်သည်။

သုံးရင်း သုံးရင်း အတော်လေးကြာ လာတော့ သတိထားမိလာသည်။ ကျွန်တော်နှင့် သိပ်မသိသူတွေ အကြောင်း မသိလိုဘဲ သိလာရသည်။ သူတို့ လုပ်နေကိုင်နေသည့် အလုပ်တွေ၊ မလုပ်ဖြစ် မကိုင် ဖြစ်သည့်အလုပ်တွေ အကြောင်း ခေါင်းထဲ အလိုလို ရောက်လာသည်။ စားပြန်သောက် ပြန်ပြီ၊ ခရီးသွားပြန်ပြီ၊ ရည်းစားနဲ့ ခွာပြဲပြန်ပြီ၊ ဟော နောက်တစ်ယောက် ရပြန်ပြီ စသည့် သောင်းပြောင်းထွေလာ စုံစီနဖာမျိုးစုံ ကြားရမြင်နေရသည်။ အိမ်နီးချင်းနှင့် စကား တစ်လနေလို့ တစ်ခါ မပြော ဖြစ်သော်လည်း မိုင်ထောင်ဂဏန်းဝေးသည့် ကနေဒါမှ အသိအကျွမ်းနှင့် ပုံမှန်စကား ပြောဖြစ်သည်။ သူ့ကလေး ဘယ်မှာ ကျောင်းထားသည်၊ သူဘာအလုပ်ရသည်၊ သူမြန်မာစာ ဒီတစ်ပတ် ချက်စားသည် အားလုံးကိုယ်က သိနေသည်။

ကျေးဇူးရှိသူများထံ ဖုန်းတစ်ချက် မဆက်ဖြစ်၊ တစ်ခေါက်တလေ မရောက် ဖြစ်အောင် အလုပ်များ နေခဲ့သော်လည်း မြင်ရလွယ်သည့် Facebook ပေါ်မှ ကိုယ်နှင့် သိရုံသိသူများ အကြောင်း အပ်ကျမပ်ကျ သိနေခဲ့သည်။ Facebook ကျွန်တော်နှင့် အပြင်မှ ကျွန်တော် ကွဲလွဲလာခဲ့သည်။ အရည်မရ အဖတ်မရ ပြောချင်ရာ များကို ခဏခဏ ပြောနေသူများကြောင့် မှတ်ဖွယ်သားဖွယ်များ၊ အဖိုးတန်သတင်း အချက်အလက်များကို “ကောက်ရိုးပုံထဲ အပ်ပျောက်ရှာ” သကဲ့သို့ ခဲခဲယဉ်းယဉ်း စစ်ထုတ်ယူလာရသည်။ မိမိသူငယ်ချင်း စာရင်းထဲမှ ပုဂ္ဂိုလ်များ၏ အရည်အသွေး သည် ထိုအခါတွင် အရေးကြီးလာသည်။ သူငယ်ချင်းစာရင်းထဲတွင် သူငယ်ချင်း ငါးထောင်ရှိနေသော်လည်း အားလုံး အရေမရ အဖတ်မရများသာ ဆိုလျှင် မိမိ Facebook သည် အမှိုက်ပုံသာသာ ဖြစ်တော့မည်။ ထိုအခါတွင် မိမိ၏သူငယ်ချင်း စာရင်းသည် အရေးကြီးလာခဲ့သည်။

မည်သူ့ကို လက်ခံမလဲ
........................

မိမိ၏ Facebook သူငယ်ချင်း စာရင်း၏ အခြေအနေကို ထိန်းချုပ်လိုလျှင် “ဘယ်သူ့ကို သူငယ်ချင်းဖြစ်စေချင်လဲ” ဟူသော မေးခွန်းကိုဖြေရမည်။

ထိုမေးခွန်းကိုဖြေရန် အဓိက အားဖြင့် နှစ်ချက်ရှိသည်။ တစ်နည်းက အရေအတွက်၊ နောက်တစ်နည်းက အရည်အသွေး။ အရေအတွက်ကိုကြည့်လျင် သူငယ်ချင်း များလေလေ ကောင်းလေလေ။ ငါးထောင်က အမြင့်ဆုံး။

အချို့က အရေအတွက် နည်းသည်ကို ကြိုက်သည်၊ ကျစ်ကျစ်လျစ်လျစ်။ ပြင်ပ လောကရှိ တကယ့်သူငယ်ချင်းများ၊ သူလေးစားသူများနှင့်သာ သူငယ်ချင်း စာရင်းကို ဖွဲ့စည်းထားသည်။ လွတ်လွတ်လပ်လပ် မိသားစုပုံများ တင်ထားမည်။ အတွင်းသတင်း၊ လျှို့ဝှက်သတင်းများ ဝေမျှမည်။ ကိုယ်ရေးကိုယ်တာတို့ကို ဆွေးနွေး ရင်ဖွင့်မည်။ အပြင်လူ အဝင်မခံ။ စိတ်အေးလက်အေး နေချင်သည်။

အချို့က ဘယ်သူဘယ်ဝါ စိစစ်ခြင်း မရှိ။ လာသမျှလူ လက်ခံသည်။ မိမိကလည်း တွေ့သမျှသူထံ သွားလျှောက်သည်။ အချို့ကမူ စိစစ်ပြီးမှ လက်ခံသည်။ စာရေးသူ၏ မူဝါဒအရဆိုလျှင် Facebook ဟူသော နာမည်နှင့်အညီ မျက်နှာပုံတင်ထားမှ လက်ခံလေ့ရှိသည်။ ခြွင်းချက်များလည်း ရှိသော်လည်း အများအားဖြင့် မျက်နှာပုံ တင်မထားလျှင် ချန်လှပ်ထားသည်။

မိသားစုဝင်များ၊ အထက်လူကြီးများ ကို လက်ခံ မခံသည်လည်း သူငယ်ချင်း စာရင်းသွင်း မသွင်း မူဝါဒနှင့် ပတ်သက်သည်။ စာရင်းသွင်းမှားလျှင် နောင်မှ နောင်တရနေလိမ့်မည်။
သူငယ်ချင်းတစ်ဦးက သူ့အမေက သူ့ကို လာပြီး မိတ်ဆွေအဖြစ် လက်ခံရန် လာအပ်သော်လည်း သူကလက်မခံ။ မိမိ သူငယ်ချင်းများနှင့်၊ ချစ်သူနှင့် ပြောချင်ရာ ပြောထားသည်ကို မိဘမောင်ဖွားများ မမြင် စေချင်၊ မသိစေချင်သောကြောင့် ဖြစ်သည်။ အမေက Facebook တွင်ရော၊ အပြင် တွင်ပါ အကြိမ်ကြိမ် Request လုပ်၊ ဖိအားပေးသော် လည်း သူက အပြတ်တောင့်ခံထားသည်။ ရုံးချိန် တွင်း မူးရူးနေပုံကို Facebook ပေါ် ဓာတ်ပုံ တက်လိုက်ပြီး မိမိ၏သူငယ်ချင်းစာရင်းတွင် ရုံးမှလူကြီး ရှိနေပြီး တွေ့သွားကာ ပြဿနာပေါ်သွားသူ များလည်း ရှိသည်။

Split Personality
....................

Facebook ပေါ်ရှိ စရိုက်နှင့် ပြင်ပရှိ တကယ့်စရိုက်တို့သည် တူချင်တူနိုင်သည်။ သို့သော် ကွာလည်းကွာခြားနိုင်သည်။ အပြင်စရိုက်နှင့် online စရိုက်တို့သည် ကွဲလွဲနေလျင် split personality ခေါ်သည့် “လူတစ်ကိုယ်၊ စိတ်နှစ်မျိုး” ဖြစ်နိုင်သည်။

အပြင်တွင် လူကြောက်သောသူများ အတွက် Facebook သည် အလွန်မက်မော ဖွယ်ကောင်းသော အရာကြီး ဖြစ်သည်။ လူ လူချင်းတွေ့လျှင် တစ်ဦးနှင့်တစ်ဦး အနည်းနှင့်အများ ရှိန်တတ်သော်လည်း Facebook ပေါ်တွင်မူ ထိုသို့ ရှိန်စရာမရှိ။ ပြောလိုရာ ပြောချလိုက်လို့ ရသည်လည်း ပါမည်။ အချို့ က အပြင်တွင် ခပ်ကုပ်ကုပ်၊ Facebook ပေါ်တွင် ဓားကြိမ်းကြိမ်းနေကြသည်။ အချို့က အပြင်တွင် ခပ်တည်တည်၊ Facebook တွင်မူ လူရွှင်တော်များ။ ထို့ကြောင့် တစ်ခါ တစ်ရံတွင် Facebook ပေါ်မှ စရိုက်ကို ကြည့်ပြီး အပြင်စရိုက်ကို ခန့်မှန်းလျှင် လွဲနိုင်သည်။ သို့သော် Facebook တွင် တွေ့ရှိပြီး အပြင်တွင် ဆုံတွေ့ပြီးနောက် အဆင်ပြေသွားသည့် Facebook ဖူးစာများလည်း များလှသည်။

အမှောင်ခြမ်း
.............

လောကရှိ အခြားသောအရာများ အားလုံးနည်းတူ Facebook တွင်လည်း အလင်းခြမ်း ရှိသလို အမှောင်ခြမ်း များလည်း ရှိသည်။ ဝေမျှရန် Share ရန် အလွယ်ဆုံး ဖြစ်ခြင်းဟူသော အားသာချက် ကိုယ်တိုင်ပင် တလွဲသုံးလျှင် အကြီးဆုံးဆိုးကွက် ဖြစ် သွားသည်။ ကိုယ့်အိမ်ထဲတွင် ကိုယ်ထိုင်ပြီး ဖြစ်သမျှ ပျက်သမျှကို မီးလောင်ရာလေပင့်၊ တို့မီးရှို့မီး လုပ်လိုလျှင် Facebook သည် အချိန်ကုန်ငွေကုန်သက်သာပြီး ထိရောက်သော လက်နက်ဖြစ်သည်။ ဘာမျှ အထွေ အထူး လုပ်ရန်မလို၊ ထိုင်ပြီး တစ်ခုပြီးတစ်ခု share နေရုံ။ ခဏချင်းပင် လူထောင်ပေါင်း၊ သောင်းပေါင်းများစွာသို့ သတင်းမှားများ၊ ဇာချဲ့သတင်းများ၊ လံကြုပ်သတင်းများ ရောက်ရှိသွားကြသည်။ ယုံလွယ်တတ်သောသူများ စုဝေးနေထိုင်ရာ မြန်မာနိုင်ငံတွင် Facebook မှ တို့မီးရှို့မီးလုပ် ခြင်းသည် စရိတ်စက သက်သက်သာသာဖြင့် “ငယ်သောအမှုကို ကြီးစေ၊ ကြီးသောအမှုကို အကျိုးနည်းစေ” နည်းလမ်းဖြစ်ကြောင်း လွန်ခဲ့သော တစ်နှစ် နှစ်နှစ် ခန့်ကစပြီး မြင်တွေ့ခဲ့ရပြီးပြီ။ Facebook တွင် ရေးထား၊ Share ထားသည်ကို တိုက်ရိုက် ကွန်ပျူတာပေါ်တွင် ဖတ်ပြီး ဒေါသအမျက် ဒီရေတက်ကြသလို အပြင်တွင် စာရွက်ထုတ် ဝေမျှသောကြောင့် အင်တာနက်နှင့် အလှမ်းဝေးသူတို့ အုန်းအုန်းကျွက်ကျွက် ဖြစ်ကြသည်လည်း များလှသည်။ Facebook ၏ ဘေးထွက်ဆိုးကျိုးကို ကာနိုင်ရန် သုံးသူတို့ ဆင်ခြင်စဉ်းစားတတ်ဖို့၊ အခံကောင်း ဖို့လိုသည်။ “ Freedom of Expression is no the license to be stupid, လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် မိုက်တွင်းနက်ရန် လိုင်စင်မဟုတ်” ဟူသော အမေရိကန်နိုင်ငံ မိတ်ဆွေတစ်ဦး ဝါရှင်တန် မြို့တော် သတင်းပြတိုက် Newseum မှဝယ်လာ လက်ဆောင်ပေးသည့် တီရှပ်ပါ စာတန်းသည် မြန်မာ Facebook သုံးသူများနှင့် လိုက်ဖက်လှသည်။

Facebook ပေါ်မှ ငွေရှာနည်း
.................................

အတွေ့ရများသည့် ဆိုးကွက်မှာ Facebook ပေါ်တွင် အချိန်ကုန်သောကြောင့် မိမိလုပ်ငန်းကိုင်ငန်း၊ ကြီးပွားရေး စီးပွားရေး အာရုံမစိုက်နိုင်ဘဲ အထိနာနိုင်သည်။ တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေး ထိခိုက်နိုင်သည်။ ကျောင်းသားဆိုလျှင် စာမေးပွဲတွင် အမှတ်ကျသွားနိုင်သလို လုပ်ငန်းရှင်ဆိုလျှင် စီးပွားရေးကျနိုင်သည်။

Facebook ကိုသုံးပြီး ငွေရှာနေသူများ ရှိသလို Facebook မှ အကောင်းဆုံး ငွေရှာ နည်းမှာ အဆင့်သုံးဆင့်သာ ဖြစ်သည်ဟူ သော သရုပ်ပြပုံလေးလည်း ရှိသည်။
အဆင့် ၁၊ Facebook မှ setting သို့သွားပါ။
အဆင့် ၂၊ deactivate (ပိတ်ပါ) ဟူသော ခလုတ်ကို နှိပ်ပါ။
အဆင့် ၃၊ အလုပ်သို့ သွားပါ။
ဆိုလိုသည်ကတော့ Facebook ကို ပိတ်ပြီး အလုပ်လုပ်ပါ ဟူသတတ်။

မိတ်ဆွေသူငယ်ချင်းများထဲတွင် မိမိကိုယ်ကို Facebook စွဲနေသည်ဟု ထင်သူများ အများအပြား ရှိနေပြီး ထိုသူတို့သည် အင်တာနက်စဖွင့်သည်နှင့် Facebook စဖွင့်သူများလည်း ဖြစ်နေသည်။ ထိုင်မိလိုက်သည်နှင့် အချိန် သုံးလေးနာရီ ကြာသွားတတ်သည်။ Facebook ကြောင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ် ထိခိုက်နေသူများ အတွက် အကြံပေးစကားက နာရီ သို့မဟုတ် ဖုန်းကို အချက်ပေးခေါင်းလောင်း နာရီဝက်လုပ်ထားပါ။ မိမိဖတ်စရာ ရှိသည်ဖတ်၊ တင်စရာရှိသည် အမြန်တင် နာရီဝက်ပြည့်သည်နှင့် ထွက်လိုက်ပေတော့။ မိမိနှစ်သက်ရာ ဘာသာစကားကို တစ်နေ့ ၁၅ မိနစ် လေ့လာလျှင် သုံးနှစ်နေလျှင် တိုင်းခြားဘာသာစကားတစ်မျိုး တတ်မြောက်နိုင်သည်ဟူသော ပီမိုးနင်း၏ အချိန် တန်ဖိုးတွက်ပြပုံကို သိလျှင် Facebook ၏ ရိုက်ခတ်ချက်ကို သဘောပေါက်နိုင်သည်။

မြန်မာတို့က ဖွဘုတ်၊ ဖြဲဘုတ်ဟု နောက်ပြောင်ခေါ်ဝေါ်ကြသည့် Facebook သည် မြန်မာနိုင်ငံသား အဖြစ်ရော Facebook နိုင်ငံသားအဖြစ်ပါ ခံယူထားသူ မြန်မာတို့မှ တစ်ဆင့် မြန်မာ့လူနေမှုဘဝ၊ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝတို့ကို ရိုက်ခတ် သြဇာသက်ရောက်နေသည်။