CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မြင်းခွာရွက်ဟာ စားစရာ လဲဟုတ်၊ ဆေးလဲ ဟုတ်တယ် ဆိုတာ မြန်မာတွေ သာမကာ တခြား
လူမျိုးတွေ ကပါ မှတ်ယူ ကြတယ်။ Sanskrit သင်္သက ရိုက်ဘာသာ နဲ့ Mandooka Parni
ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို
Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola)
လို့ ပါတယ်။ မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1.အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2.အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3.ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4.အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5.အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။..
Source from - http://maruthura.blogspot.com/
See more Villager Myanmar
Credit & Copy From >> Villager Myanmar
အချစ်
ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုအတွက် "အချစ်"လိုအပ်တယ်။ ရူးရူးသွပ်သွပ်ချစ်တဲ့အချစ်မျိုးမဟုတ်ဘဲ နည်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြတဲ့အချစ်မျိုးဖြစ်တယ်။ ဥပမာ-- ဂရုစိုက်တဲ့အချစ်၊ ကရုဏာအချစ်၊ တန်ဖိုးထားတဲ့အချစ်တွေဖြစ်တယ်။
အမျိုးသမီးရှုထောင့်ကနေ ပြောရရင် စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အိမ်ထောင့်တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့ရဲ့ရင်ဘတ် အနက်ရှိုင်းဆုံးနေရာမှာ အချစ်ကို တောင့်တမျှော်လင့်တတ်ကြတယ်။
တစ်ခါတလေမှာ အိမ်ထောင်ရေးထဲကအချစ်ဟာ ရိုးရှင်းသာမန်လွန်းပါတယ်။
ရိုးရှင်းတဲ့ အပွေ့အဖက်လေးတစ်ခု၊ ဂရုစိုက်တဲ့ စကားတစ်ခွန်း၊ ကြင်နာတဲ့
အကြည့်တစ်ချက်၊ ရေအေးလေးတစ်ခွက်၊ တိုရှင်းတဲ့ စာတိုလေးတစ်ကြောင်း၊
စိတ်လိုလက်ရ အပြုံးလေးတစ်ခုက သင့်အနားမှာရှိတဲ့ အမျိုးသမီးကို
ကာလအတိုင်းအတာတစ်ခုအထိ ဒါမှမဟုတ် တစ်သက်တာ ပျော်ရွှင်မှုတွေဖြစ်စေပါတယ်။ အဓိက,က သင့်စိတ်ထဲမှာ ဇနီးမယားအတွက် အဆုံးမဲ့တဲ့အချစ် ရှိနေဖို့ပဲ လိုပါတယ်။
အမျိုးသားရူထောင့်ကနေ ပြောရရင် သူတို့ဟာ အိမ်ထောင့်တာဝန်၊ မိသားစုတာဝန်၊
အလုပ်စတဲ့ ဖိအားတွေနဲ့ စိတ်ပင်ပန်း၊ လူပင်ပန်းရတာမို့
ပိုအားနည်းပျော့ညံ့ပြီး အချစ်ကို ပိုလိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့
ကလေးငယ်ဟာ ချော့မော့ဂရုစိုက်တာကို ပိုလိုအပ်သလိုမျိုး ဇနီးမယားဖြစ်သူတွေက
ကိုယ့်လင်ယောက်ျားကို ပိုကြင်နာ၊ ပိုချစ်ခင်တတ်ဖို့ လိုအပ်ပါတယ်။
.
Nine Nine Sanay @ နိုင်းနိုင်းစနေ<
မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သည်။
ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေသည်ကို ဆရာမက ဘေးမှ ခြောင်းပြီး နားထောင်နေသည်။
"ကောင်းဇော်ရေ။ ဒီမှာ ကြည့်ပါအုံး။ ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတစ်လုံး။ အရမ်းစားလို့ကောင်းမှာပဲာ့။"
"ငါ့ကိုလည်း တစ်ခြမ်းကျွေးပါလား အိအိရယ်။ ငါလည်း စားချင်လို့ပါ။ "
"အောင်မှာ။ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာပဲာ့။
နင့်ကို ကျွေးရင် ငါ နည်းနည်းပဲ စားရမှာပေါ့။ မကျွေးဘူးပာာ။ "
"အိအိရာ။ နင် တော်တော် အကျင့် ပုပ်တာပဲ။ မကျွေးချင်ဘဲ ငါ့ကို ဘာလို့ပြတာလဲ။
အခု ငါကမြင်တော့ အရမ်းစားချင်တာပေါ့။ နင်ငါ့ကို ကျွေးပာာ။"
"သေလိုက်ပါလား။ မကျွေးပါဘူး။"
ကောင်းဇော်က သူများနှင့်မတူပါ။ လိုချင်ရင် မရမက ယူတတ်သည်။ အိအိက ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည်။
"မကျွေးရင် လုတယ်ပာာ"
ပန်းသ်ီးလုပြီး ပြေးသွားသည်။ အိအိ ငိုပြီ။ သူ့အပြစ်နဲ့သူ ခံရပြီ။
မကျွေးချင်ရင် မပြရဘူးလေ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့။ ဆရာမဆီ
သွားတိုင်သည်။
ဆရာမက ဖြစ်ကြောင်း ကုန်စင်သိပြီးသား။ ကောင်းဇော်ကို ထိုင် ထ အခါ ၅၀လုပ်ခိုင်းပြီး အပြစ်ပေးလိုက်သည်။
ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမ စကားပြောလေသည်။
"ကလေးတို့ရေ။ အခု ကောင်းဇော်နဲ့ အိအိတို့ ပြောတာတွေ ဆရာမ အကုန်ကြားတယ်။
အိအိက ပန်းသီးကို ကောင်းဇော်မြင်အောင်ပြတယ်။ စားချင်လာအောင် အရသာရှိကြောင်း
ပြောတယ်။ အရမ်းစားချင်လာတော့ သူမကျွေးဘူး။ အဲ့ဒီတော့ ကောင်းဇော်က
စိတ်မထိန်းနိုင်ဘဲ လုစားလိုက်တယ်။ တကယ်ဆိုရင် အိအိမှာလည်း အပြစ်မကင်းပါဘူး။
သူ့အပြစ်နဲ့ သူ ခံရတာ။
ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ။
အခုခေတ်မှာ မိန်းကလေးတွေပာာ ယောက်ျားလေးတွေ မြင်အောင် ရင်သားတွေ ပေါင်တွေ
ပြတဲ့ အ၀တ်အစားတွေ ၀တ်ကြတယ်။ ခုန ပန်းသီးလိုပေါ့။ မကျွေးချင်ဘဲ
သူတစ်ပါးမြင်အောင်ပြတာပာာ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ။
မိန်းကလေးတွေက ဒီလို အတွင်းသားတွေပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ျားတွေက
ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတတ်တယ်။ သမီးတို့လည်း နောင်တချိန်
အရွယ်ရောက်လာရင် လုံလုံခြုံခြုံ ၀တ်ကြပါလို့ ဆရာမ မှာချင်တယ်။"
"ပာုတ်ကဲ့ပါ ဆရာမ။ သမီးတို လုံလုံ ခြုံခြုံ ၀တ်ပါ့မယ်။"
» မကျွေးချင်ဘဲ မပြပါနဲ့။ လုစား ခံရတတ်တယ်။
နားလည် သဘောပေါက်ပါစေ။
ပြည်ငြိမ်း
Credit & Copy From >>ပြည်ငြိမ်း
မြေနီကုန်း city mart မှာ တွေ့ခဲ့တာ သဘောကျလွန်းလို့ ရိုက်ခဲ့တာပါ။
photo Credit >Tun Myat Thu
ကင်ဆာ ဆေးသွင်း ကုသမှု ခံယူကြတဲ့ လူနာများတွင် ကြွက်သားနှင့်
ကိုယ်အလေးချိန် ကျခြင်းစတဲ့ ပြဿ နာများနှင့် ရင်ဆိုင်ရလေ့ ရှိတတ်ပါ တယ်။
လူကပိန်ပြီး အင်အား ချည့်နဲ့ ကျလာ နိုင်ပါတယ်။ ကင်ဆာ ဂျာနယ် မှာ သုတေသီ
များရဲ့ ပုံနှိပ် ဖော်ပြချက် အရ အိုမီဂါ-၃ ဖက်တီး အက်စစ်ပါဝင် တဲ့
ငါးကြီးဆီ အားဆေးက ဤကင်ဆာ ကို ပြုလုပ်ခဲ့တဲ့ ဆေးသိပ္ပံ စာရေးဆရာ များ၏ ပြောကြား
ချက်အရ ဤငါးကြီး ဆီသည် ကင်ဆာပျံ့လာတဲ့ အဆင့်များ မှာ ပြောင်းလဲ သွားတဲ့
နည်းလမ်းတချို့ ကို တားဆီးပေးနိုင်တဲ့ သတ္တိရှိတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်
ကြွက်သား နှင့် ကိုယ်အလေးချိန် ကျခြင်း တို့ကို တားဆီးပေးနိုင် လိမ့်မယ်ဟု
ဆိုပါတယ်။
လက်ဖက်ခြောက် သောက်ပါက ကျန်း မာသက်ရှည် စေတယ်လို့ ပြောကြပေမယ့် တိကျတဲ့
သက်သေပြ နိုင်မှု ယခု ထိ များများ မရှိလှပါ။ အမေရိကန် သိပ္ပံ ပညာရှင် များ၏
လေ့လာချက် အရ လူကြိုက်များ နာမည် ကြီးလှတဲ့ ဆေး ဖက်ဝင် လက်ဖက်ခြောက် ၃
မျိုးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေး ကြည့်ရာ ကောင်းမွန်တဲ့ အရည်အသွေး အ
မြောက်အမြား တကယ် ပါဝင်ကြောင်း တွေ့ခဲ့ ရပါသတဲ့။ Chamomil
Tea ခေါ် လက်ဖက် ခြောက်တွင် ဗက်တီး ရီးယား ပိုးသတ် နိုင်ခြင်းနှင့်
သွေးကျဲစေ ခြင်းစတဲ့ ဂုဏ်သတ္တိများ ရှိကြောင်း တွေ့ရတဲ့ အပြင် Hibiscus Tea
သွေးတိုး ရောဂါ အပျော့စား လူနာများတွင် သွေးကျအောင် လုပ်ပေး နိုင်ကြောင်း
တွေ့ရပါတယ်။ တစ်ဖန် ပူရှိန်း ပါဝင်တဲ့ လက်ဖက်ခြောက် တွေကတော့ ပိုးမွှား
သန့်စင် ပေးခြင်း၊ ဗိုင်းရပ်စ် ပိုးသတ်ပေး ခြင်း၊ ကင်ဆာ အကျိတ် မဖြစ်အောင်
ကာကွယ် ပေးခြင်းနှင့် ဓာတ်တိုး ဆန့် ကျင်ပစ္စည်းများ ပါဝင် ဂုဏ်သတ္တိရှိ
ကြောင်း တွေ့ခဲ့ရ ပါတယ်။
မေ
https://www.facebook.com/photo.php?fbid=434678053290400&set=a.329330483825158.78075.322396224518584&type=1&theater
ဆာဒင်း ငါးဟာ ထမင်းပွဲပေါ် မှာရှိတဲ့ ဟင်းလျာများထဲက ကျန်း မာရေးနှင့်
အညီညွတ်ဆုံး ဟင်းလျာ တစ်ခု ဖြစ်ပါတယ်။ အိုမီဂါ-၃ ဖက်တီး အက်စစ် ကြွယ်ဝစွာ
ပါနေတဲ့ ထိုပင် လယ်ငါးကို သွေးလွှတ်ကြော ကျန်းမာ ရေးအတွက် စားကိုစားသုံး
ရမယ်လို့ နှလုံး အထူးကု ဆရာဝန်များက ညွှန် ကြား ထားပါတယ်။ ဆာဒင်းဟာ ဆံပင်
ကျွတ်ခြင်းကို လျှော့ချ ပေးရာတွင် ကူညီနိုင်တဲ့ အပြင် ဆံချည်မျှင်
အိတ်များကို ပုံမှန် ကြီးထွားအောင် ကူညီပေးတဲ့ အတွက် ဆံပင်ပါးခြင်း
အတွက်လည်း ကောင်း မွန်စေပါတယ်။ ဦးရေပြား ကျန်းမာရေး အတွက် အထောက်အကူ
ဖြစ်စေပြီး ဆံသားကို မခြောက်သွေ့အောင် ပျော့ ပျောင်းအောင် ထိန်းသိမ်းပေး
နိုင်ပါ တယ်။ ဒါ့အပြင် ဆာဒင်း ငါးတွင် ပါဝင် သော သံဓာတ်ကို ခန္ဓာကိုယ်မှ
အလွယ် တကူ စုပ်ယူ နိုင်ပါတယ်။ သံ ဓာတ်ဟာ ဆံကေသာ ကျန်းမာရေး အတွက်
အရေးကြီးတဲ့ အာဟာရ ဓာတ် တစ်မျိုး ဖြစ်ပါတယ်။
https://www.facebook.com/photo.php?fbid=434449859979886&set=a.329330483825158.78075.322396224518584&type=1&theater
ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေပါ သလား။
ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်း ပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကို
စမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာ ကိုယ်
တစ်ခုလုံး ပေါ်က သေးငယ်တဲ့ သွေးကြော လေးအပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင်
ကောင်းကောင်း သက်ရောက် စေတယ်လို့ တွေ့ရှိထား ပါတယ်။ အဲဒီ ပစ္စည်းဟာ
သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။ မျက်စိ ကျိန်းခြင်း၊
မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens) ပျက်စီး နိုင်ခြေ၊
အတွင်းတိမ် ရောဂါ ခံစားရ နိုင်ခြေ၊ မျက်ကြည်လွှာ ထိခိုက်မှု ကြောင့်
အမြင်အာရုံ ဆုံးရှုံးနိုင်ခြေ စသည့် အခွင့်အလမ်း များကို လျော့ နည်း
စေပါတယ်။ မျက်လုံး ပတ်ဝန်း ကျင်မှာရှိတဲ့ အရေပြားတွင် အရေး အကြောင်း
ဖြစ်ပေါ်လာမှုကို လျှော့ချ နိုင်တယ်။ အသက်ကြီး လာသည့်အခါ အမြင်အာရုံ ကြည်လင်
စေရန်လည်း အထောက်အကူ ပြုစေနိုင်ပါတယ်။
https://www.facebook.com/photo.php?fbid=434449463313259&set=a.329330483825158.78075.322396224518584&type=1&theater
မိတ်ထွက် လာရင် ပထမဆုံး လုပ်ရမယ့် အလုပ်က သင့်ခန္ဓာကိုယ်ကို အအေးခံဖို့
ပဲဖြစ်တယ်။ တတ်နိုင် သမျှ လေအေးပေးစက် တပ်ထား တဲ့ အခန်းထဲမှာ နေပါ။
ရေအေးနှင့် ရေချိုးပါ။ ယင်းနောက် မိတ်ထွက် လို့ ယားယံခြင်းမှ သက်သာစေဖို့
အောက်ပါ အလွယ်နည်း များကို အသုံးပြု နိုင်ပါတယ်။
ရေခဲကြပ်ထုတ် ကပ်ပေးပါ
အအေး ဓာတ်က ယားယံ ခြင်းနှင့် အရောင်ကို လျော့ပါးကျဆင်း စေပါ တယ်။ ၄ နာရီ
ဒါမှမဟုတ် ၆ နာရီခြားပြီး ရေခဲကြပ် ထုပ်ကို မိတ် တွေ အပေါ်မှာ ကပ်ပေးပါ။
တစ်ကြိမ်ကို ၁၀ မိနစ်ကြာ အချိန်ယူပါ။
ရှားစောင်း လက်ပပ် အစေးနှင့် လိမ်းကျံပေးပါ
ရှားစောင်း လက်ပပ်မှ အစေး သို့မဟုတ် ဂျယ်လ်(gel) ကို ယားယံခြင်း သက်သာ
စေဖို့နှင့် အနာကျက် မြန်စေဖို့ ရှေးကပဲ သုံးစွဲ လာခဲ့တာ ဖြစ်တယ်။
ယင်းအစေးကို မိတ်ထွက်ရာ နေရာမှာ တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ် လိမ်းကျံပေးပါ။
မလိမ်းကျံမီ အရေပြား ကို ရေနှင့် ဆေးကြော ထားပါ။
ကယ်လမင်း လိမ်းဆေး(calamine lotion )လိမ်းပါ
စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းကို လျော့ပါး စေနိုင်ပါတယ်။
ဦးလှမြင့်(ဂန္ဓာမာ)
https://www.facebook.com/photo.php?fbid=434448309980041&set=a.329330483825158.78075.322396224518584&type=1&theater
တရုတ်ပြည်၊ ဂျီလင်း ခရိုင်မှ ဝမ်ဇီရှန် ဆိုတဲ့ အမျိုးသားဟာ လည်ပင်း
တစ်ဝိုက်မှာ ကြီးမားတဲ့ အကျိတ်ကြီး ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။ ၂၀ဝ၅
ခုနှစ် ဟော်မုန်း ကုသမှု ခံယူပြီး နောက်ပိုင်း မှာ သူ့လည်ပင်းဟာ စတင်ထူထပ်
လာတယ်လို့ ဆို ပါတယ်။ အဲဒီ အကျိတ်ဟာ အဆီကျိတ် ဖြစ်ပြီး အဆီဆဲလ်တွေ
ကြီးထွားမှု လွန်တဲ့ ဘီနိုင်းအကျိတ် ဖြစ်တယ်လို့ သိရပါတယ်။
သူ့အနေနဲ့ ခွဲစိတ် ကုသဖို့ လိုအပ် ပေမယ့် ခွဲစိတ် နိုင်ဖို့အတွက် ငွေအလုံ
အလောက် မရှိတာကြောင့် မခွဲနိုင် သေးဘူးလို့ ဆိုပါ တယ်။ အဆီကျိတ်ဟာ
ပျော့ပျောင်းပြီး အရေပြား အောက်မှာ ပေါ်တတ် ပါတယ်။ များသော အားဖြင့် ပခုံး၊
လည်ပင်း၊ ရင်ဘတ်၊ လက်မောင်း ဒါမှမဟုတ် နောက်ကျောမှာ ဖြစ်တတ် ပါတယ်။
လူတစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်ပေါ် တတ်ပြီး ဒုက္ခမပေး တတ် ဘူးလို့ သိရပါတယ်။
အကယ်၍ အဲဒီ အဆီကျိတ် ဟာ ကြီးမားနေရင် ဒါမှမဟုတ် မိမိအတွက် သက် သောင့်သက်သာ
မရှိရင် ခွဲစိတ်ပြီး ဖယ်ရှား ပစ်ဖို့ လိုပါတယ်။ များသော အားဖြင့်
အချင်းတစ်စင် တီမီတာနဲ့ သုံးစင်တီမီတာကြား အရွယ်သာ ရှိတတ် ပြီး အဆီဆဲလ်တွေ
ကြီးထွားမှု များတာကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။
ဒေါက်တာခင်မိုးမိုး
အိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်းကို
ဆေးသုတေသနပညာရှင်များ၏ သုတေသနပြုချက်အရ သိရှိကြရပြီး ဖြစ်သဖြင့်
အိပ်ရေးဝအောင် အိပ်နိုင်ဖို့ အရေးကြီးလိုအပ်ပါသည်။ အလုပ်သမားများသည်လည်း
အလုပ်ပင်ပန်းလွန်း၍ ညအိပ်ချိန်တွင် အိပ်မပျော်တတ်။
ကျောင်သားကျောင်းသူများသည်လည်း ပညာခေတ်ကြီးမှာ နည်းပညာများကို အပြိုင်အဆိုင်ကြိုးစားကြရ၍ ည,ည အိပ်မပျော်တတ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများသည်လည်း
ဈေးကွက်စီးပွားရေးစနစ်မှာ တိုးတက်ကြီးပွားနိုင်စေရန် စဉ်းစားနေကြရသဖြင့်
ည,ည အိပ်ရေးမဝ၊ အိပ်ရေးပျက်သောညများ တဖြည်းဖြည်းများလာကြသည်။ ကြာတော့လည်း
စိတ်ဖိစီးမှုတွေ များပြားလာပြီး ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါသည်။
လူတန်းစားအသီးသီး ဖြစ်ပေးတတ်သော အိပ်မပျော်သည့်ဝေဒနာကို ပျောက်ကင်းစေပြီး
အိပ်ရေးဝဝ အိပ်နိုင်ရန်၊ ကောင်းစွာအိပ်ပျော်ရန် နည်းလမ်းများရရှိဖို့
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဆေးသုတေသန ပညာရှင်များသည်
သုတေသနပြုလေ့လာစမ်းသပ်ပြီးနောက်
တွေ့ရှိရသော အဖြေ(၇)ချက်ကို ထုတ်ဖော်ကြေညာပေးခဲ့သည်။ သိပ္ပံနည်းကျ
စမ်းသပ်တွေ့ရှိထားသည့် အိပ်ပျော်အောင် လေ့ကျင့် လုပ်ကိုင်နေထိုင်ရမည့်
နည်း(၇)နည်းမှာ---
(၁) အချိန်မှန်မှန် အိပ်ပါ---
မိမိ၏အိပ်ချိန်ကို သတ်မှတ်ထားပါ။ နေ့စဉ် ည(၁၀)နာရီအိပ်မည်ဟု ဆုံးဖြတ်ထားပါက
ယင်းအချိန်တွင် အိပ်ဖြစ်အောင်အိပ်ပါ။ ထိုသို့ လေ့ကျင့်ထားခြင်းဖြင့်
ည(၁၀)နာရီသို့ ရောက်ရှိလျှင် အိပ်ချင်လာသည့် အလေ့အကျင့်ကို
ရရှိသွားလိမ့်မည်ဖြစ်သည်။ အချိန်မှန်မှန်အိပ်ခြင်းဖြင့် အိပ်ပျော်စေသည့် အလေ့အကျင့်ကောင်းကို ရနိုင်ပါသည်။
(၂) ညဥ့်နက်သည်အထိ စာမဖတ်ပါနဲ့---
မိမိ၏အိပ်ချိန်ကို (၁၀)နာရီသတ်မှတ်ထားပါက မည်မျှစိတ်ဝင်စားဖွယ်ကောင်းသည့် စာအုပ်ကိုပင်ဖြစ်စေ ည(၁၀)နာရီထက်ပိုပြီး မဖတ်သင့်ပေ။
သို့မဟုတ်ပါက မိမိရရှိထားပြီးဖြစ်သော အလေ့အကျင့်ကောင်းသည် ပျက်သွား၍
မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်တတ်သည်။ ထိုနည်းတူ
ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ကြည့်တတ်သူများသည်၎င်း၊ အင်တာနက်ကြည့်တတ်သူများသည်၎င်း၊ မိမိသတ်မှတ်ထားသောအိပ်ချိန်ကို မထိခိုက်ရန် အထူးသတိထားသင့်ကြပါသည်။ သို့မဟုတ်ပါက အလေ့အကျင့်ကောင်းသည် ပျက်စီးသွားတတ်ပါသည်။
(၃) အတွေးနယ် မချဲ့ပါနဲ့---
တနေ့လုံး အလုပ်ပင်ပန်းခြင်းနှင့် စိတ်ဖိစီးမှုဒဏ်များကြောင့်
ညအချိန်အိပ်ရာဝင်ခါနီးတွင် အိပ်မပျော်ဖြစ်တတ်သည်။ ထိုအချိန်မျိုးတွင်
မိမိ၏စိတ်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်လျှင် အတွေးနယ်ချဲ့ကာ စိတ်သည်
ဟိုရောက်ဒီရောက်နှင့် ကမ္ဘာကိုပတ်၍ နေတတ်သည်။ ထိုအခါ တော်တော်နှင့်
အိပ်၍မပျော်တော့ပါ။ ထိုအချိန်မျိုးတွင် စိတ်ကို တည်ငြိမ်အောင်
အကောင်းဆုံးပြုနည်းမှာ မိမိ၏စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီး
ပုတီးစိပ်ခြင်းနှင့် တရားမှတ်ခြင်းတို့ကို ပြုလုပ်ပေးခြင်းက
အကောင်းဆုံးဖြစ်သည်။
(၄) ကိုယ်တွင်းအနွေးဓာတ် ရရှိရန် လုပ်ဆောင်ပါ---
ညအိပ်ရာဝင်ခါနီးတွင် ကိုယ်တွင်းအနွေးဓာတ်ရရှိအောင်
ဆောင်ရွက်ပေးခြင်းသည်လည်း ကောင်းစွာ အိပ်ပျော်စေပါသည်။ ကိုယ်တွင်း
အနွေးဓာတ်ရရှိစေရန် ရေနွေးနှင့် ရေချိုးပေးနိုင်သည်။ ရေနွေးနှင့်
ရေချိုးပေးခြင်းဖြင့် တကိုယ်လုံးရှိ အကြောများ ပြေလျော့သွားပြီး လူလည်း
လန်းဆန်းလာပါသည်။ တနေ့လုံး အလုပ်လုပ်ခဲ့ရ၍ ခံစားရသော မောပန်းမှုများမှာလည်း
ပျောက်ကင်းသက်သာသွားစေသည်။ စာရေးသူကိုယ်တွေ့ဖြစ်သည်။ စာရေးသူ စင်ကာပူသို့
ရောက်ရှိခဲ့စဉ်က တနေကုန်မရောက်ဖူးသေးသည့် ထင်ရှားသော နေရာများနှင့်
ကုန်တိုက်ကြီးများကို တနေရာပြီးတနေရာ နေရာအနှံ့ လှည့်လည်သွားရောက်
ကြည့်ရှုခဲ့ပါသည်။ ညအချိန်ရောက်မှ ဝိုင်အမ်စီအေဟိုတယ်သို့ ပြန်ရောက်ခဲ့ရာ
လူမှာ မလှုပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပါသည်။ ပင်ပန်းလွန်းသဖြင့်
ရင်မောပြီး အိပ်၍မပျော်တော့ပါ။ ရေနွေးဖြင့် ရေချိုးလိုက်ရန် အကြံပေး၏။
ရေနွေးဖြင့် ရေချိုးပြီးသောအခါ အံ့သြဖွယ်
ကောင်းလောက်အောင် လူမှာ လန်းဆန်းသွားပါသည်။ ထို့နောက် အိပ်ရာသို့
ဝင်ရောက်အိပ်သောအခါကောင်းစွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။
(၅) ကော်ဖီ မသောက်ပါနဲ့---
အိပ်ခါနီး အချို့က ကော်ဖီခါးခါးတခွက်လောက် သောက်ပြီးမှ အိပ်တတ်ပါသည်။
အိပ်ခါနီး ကော်ဖီသောက်တတ်သည့် အလေ့အကျင့်သည် ကောင်းသည်ဟု မဆိုင်နိုင်ပါ။
အဘယ့်ကြောင့်ဆိုသော် အိပ်ခါနီး ကော်ဖီသောက်ခြင်းသည်လည်း အိပ်မပျော်ခြင်းကို
ဖြစ်စေသောကြောင့် ဖြစ်သည်။ ကော်ဖီတွင် ကဖိန်းဓာတ်ပါဝင်၍ သောက်သုံးသူကို
စွဲလမ်းစေသည့်အပြင် သောက်ပါများလျှင် မျက်စိကြောင်၍ အိပ်မပျော်ဖြစ်တတ်သည်။
တခုခုသောက်လိုသောဆန္ဒရှိပါက နွားနို့သောက်၍ အိပ်သင့်ကြောင်း
ကျန်းမာရေးပညာရှင်များက အကြံဉာဏ် ပေးတတ်သည်။ မြန်မာလူမျိုးတို့သည်
အိပ်ခါနီး မိသားစုစကားဝိုင်းများတွင် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတို့ကို
စားသောက်တတ်ကြသည်။ လက်ဖက်ကြောင့်လည်း မျက်စိကြောင်ကာ
အိပ်မပျော်ဖြစ်တတ်ပါသည်။
(၆) အရက်မသောက်ပါနဲ့---
အိပ်ခါနီးအချိန်တွင် အရက်သောက်ခြင်းသည်လည်း အိပ်ပျော်မှုကို
အနှောင့်အယှက်ဖြစ်စေသည်။ အချို့သူများသည် အရက်မူး ကျွဲခိုးပေါ် ဆိုသကဲ့သို့
အရက်မူးလာလျှင် စကားကို တွင်တွင်သာပြောပါသည်။ အိပ်ချိန်ရောက်လျှင်
အိပ်ရန်ကိုပင် မေ့လျော့ကာနေတတ်သည်။ သို့ဖြင့် အရက်ကြောင်, ကြောင်ပြီး
အိပ်မပျော်သောရက် များများလာသောအခါ စိတ်ဝေဒနာရှင်များအဖြစ်သို့ ရောက်ရှိသွားတတ်ပါသည်။
(၇) အိပ်ခါနီး ဆူညံသံကင်းရမည်---
အိပ်ခါနီးအချိန်တွင် ဆူညံလွန်းသောအသံများကို ကြားရပါက အိပ်ပျော်မှုကို
အနှောင့်အယှက်ဖြစ်ကာ အိပ်၍မပျော်တတ်ပေ။ တခါတရံ အိပ်ပျော်နေစဉ်ပင်
လန့်၍နိုးတတ်ပါသည်။ သို့သော် သာယာငြိမ့်ငြောင်းသော တေးဂီတသံများမှာမူ
အိပ်ပျော်ခြင်းကို ဖြစ်စေသည်ဟု ကျန်းမာရေး သုတေသီတို့က ပြောကြားကြပါသည်။
ကလေးငယ်များပင်လျှင် တေးဂီတသံများကြောင့် အချိန်တိုအတွင်း
အိပ်ပျော်သွားတတ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု ဗြိတိန်ပညာရှင်များက
ပြောကြားခဲ့သည်။
အိပ်ပျော်အောင် ကောင်းကောင်းအိပ်နိုးကြမှသာလျှင်
ကာယသုခ၊ စိတ္တသုခ ဟူသော နှစ်ဖြာသောသုခနှင့် ပြည့်စုံနိုင်ကြပြီး
ရောဂါဘယလည်း ကင်းဝေးကြမည်ဖြစ်ပေသည်။ ထိုသို့ ကျန်းမာကြံ့ခိုင်မှသာလျှင်
လုပ်ငန်းခွင်တွင်လည်း အဆင်ပြေချောမွေ့ကြမည်ဖြစ်သည်။
ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(IQ)ဖြစ်ကြောင်း
အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက
ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို
သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊
(EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။
ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည်
နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊
အလုပ်မှ ထွက်ခဲ့ ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး
ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက
အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက
ထိုအုပ်ချုပ်ရေးမှူး သည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင်
ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။
(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင်
စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။
နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -
(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)
(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း
(Impulse Control)
(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)
(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking)
……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို
မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ
ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး
နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ
ဖြစ်နေတတ်သည်။
သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို
သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊
မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။
နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည်
သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး
နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု
မေးစရာပေါ်လာနိုင်ပါသည်။
ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက
နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။
နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း
မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏
သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။
ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော
၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊
ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင်
နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော
ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ
အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည်
ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည်
ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး
ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။
ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က
အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော်
ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည်
ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင်
ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး
နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။
ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင်
အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊
ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။
နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင်
မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန်
လိုအပ်သည့်အချက်များကို တင်ပြပါမည်။
နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….
(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို
ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။
စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ
နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။
အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။
ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို
ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည်
နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည်
ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း
ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။
မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန်
ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို
မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့်
ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။
လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို
ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။
သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း
နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော
ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော
ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။
လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင်
အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။
"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ။
ပန်းသီး တွေဟာ ပက်တင်း (Pectin) အထွက် ကောင်းတဲ့ ဇာစ်မြစ် တစ်ခု ဖြစ်တယ်။
ပက်တင်းက ဗိုက်ပြည့်တဲ့ ခံစား မှုမျိုး ပေးတဲ့ ရေထဲ ပျော်ဝင်တဲ့ ဖိုင်ဘာ
တစ်မျိုး ဖြစ်တယ်။ American College of Nutrition ရဲ့ လေ့လာမှု တစ်ခုအရ
ပက်တင်း ၅ ဂရမ် (ပန်းသီး ၃ လုံးခန့်) က လူတွေကို ၄ နာရီ ကြာအထိ
ဗိုက်ပြည့်နေ စေကြောင်း တွေ့ရတယ်လို့ ပြောတယ်။
Post By ACM
အသက်အရွယ်အိုမင်းလာသည်နှင့် မှတ်ဥာဏ်များ ဦးနှောက်
ဆဲလ်များပျက်စီးသွားတတ်ခြင်းကို ယုံကြည်ပါသလား။
စမ်းသပ်လေ့လာချက်များအရ ထိုအဆိုသည် တကယ်တမ်း
အားဖြင့် အပြည့်အ၀မှန်ကန်ခြင်းမရှိပါ။ အသက် ၆၀ကျော် ၇၀အရွယ်များသည် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ
နှစ်စဉ်တစ်ရာခိုင်နှုန်းနီးပါး လျော့ကျသွားနိုင်သော်လည်း အသက် ၈၀ကျော်အရွယ်မှာမူ နှစ် ရာခိုင်နှုန်း မြင့်တက်လာ
သည်ကို တွေ့ရပြန်သည်။
လက်ရှိအသက်အရွယ်ထက် ဆယ်နှစ်ခန့်ငယ်ရွယ်သည်ဟု၊ ထင်ရသူများ၊ အရွယ်နှင့်မလိုအောင် ပေါ့ပါးစွာခံစားတတ်သူ၊
ပြုမူတတ်သူများအား စိတ်ပိုင်းဆိုင်ရာ လေ့လာချက်အရ အရွယ်တင်သူတို့အဖြစ် သတ်မှတ်နိုင်ပြီး၊ အောက်ပါ
အကြောင်းအရာများမှာအရွယ်တင်ခြင်း၏ အဓိကအကြောင်း
အရာများဖြစ်ကြသည်။
အရွယ်တင်သူများသည်
* ကိုယ့်အကြောင်းသာ ကိုယ်စိတ်ဝင်စားသည်။ ပကတိ ရှိရင်းစွဲ
အတိုင်း အရိုးသားဆုံးနေထိုင်သည်။
* ကိုယ့်ကိုယ်ကို ရှုံ့ချဝေဖန်ခြင်း အပြစ်တင်ခြင်းမပြု။
* ပေါ့ပါးသွက်လက်စွာ လူငယ်တစ်ယောက်လို အလုပ် ဆက်လုပ်
တတ်သည်။
* ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေတတ်သည်။ ကာလ
ဒေသနှင့် လိုက်ရောညီထွေ စိတ်ကိုမျှတစေတတ်သည်။
* ပျော်ပျော်ရွှင်ရွှင်နေတတ်သော စိတ်ထားကို မွေးမြူထားလေသည်။
ထို့ကြောင့် .. သင် အရွယ်တင်အောင် နေထိုင်ပါ .. ။
စာရေးဆရာမ လင်ဒါဖီးလ် (Lynda Field) ၏ 60 ways to
chage your life ဆိုသည့် စာအုပ်လေးကို မှီငြမ်းကိုးကား
လျှက် စိတ်ကူးနှင့်ပေါင်းစပ်ကာ ဘာသာပြန်ဆိုရေးသားထား
ခြင်းဖြစ်ပါသည်။
နန်းအသင်္ခယာ
ငါးအများ စုဟာ ရေထက် ပိုပြီး သိပ်သည်းဆ များကြ ပါတယ်။ ဒါကြောင့်မို့
ငါးတွေဟာ သေဆုံး သွားတာနဲ့ ချက်ချင်း ရေထဲကို နစ်မြုပ်သွား ကြပါတယ်။
လူတစ်ဦး ရေနစ်သွား သလိုပါပဲ။ ဒါပေမယ့် လူတွေနဲ့ ငါးတွေဟာ အချိန်ကြာ လာတာနဲ့
ခန္ဓာကို ရေပေါ်ကို ပြန်လည် ပေါ်လာစေဖို့ ဖော့ဂုဏ် သတ္တိကို ပြန်လည်ရရှိ
လာကြပါတယ်။ ခန္ဓာကိုယ်ထဲ မှာရှိတဲ့ သေဆုံးပြီး ဘတ်တီးရီးယား တွေကနေ
ဂက်စ်အငွေ့တွေကို ထုတ်လွှတ်တတ် ကြပါတယ်။ အဲဒီ ဂက်စ်အငွေ့တွေ များပြား
လာတာနဲ့ အမျှ ခန္ဓာကိုယ်တွင်း ခေါင်းတစ်လုံး ပြည့်နှက် သွားပြီး
ခန္ဓာကိုယ်ကို ရေပေါ်ပေါ် စေပါတယ်။
ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။
၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။
ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို
အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်
ကလည်း တော်တော်ပြင်းပါတယ်။
သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple
လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို
သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့
တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ
မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။
အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်း
လို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။
ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။
အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့
က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်
လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ
ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထား
ပါတယ်။
မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်
လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း
ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်
ထားပါတယ်။
ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။
Ref: wiki
ရိုးရာလေး
10 February 2011
အော်. .ကြော်ငြာ .. ကြော်ငြာ. ..
မြန်မာပြည်က ကြော်ငြာရိုက်ကွင်းတခု မြင်ကွင်းပါတဲ့ ... မဆုမွန်ရဲ့
ဖေ့စ်ဘုခ် ကနေ ယူပါတယ်။ ဆပ်ပြာမှုန့် ကြော်ငြာ ထင်ပါရဲ့။ မင်းသမီးလေးကတော့
ဝတ်မှုံရွှေရည်ပါ။ ခေါင်းပေါ်မှာ ဇလုံရွက်ထား သူ ကတော့ မသိဘူးပေါ့။
ဟောလိဝုဒ်အကျော်အမော်တွေသာ ဒီ ဆင်းန် ကို တွေ့ရင် လက်ဖျားခါ သွားလောက်တယ်။
ဂေါ်ဖီထုပ်ကို တစ်နှစ်ပတ်လုံး ဝယ်ယူရရှိနိုင်ပြီး စွမ်းအင်မြင့်မားတဲ့
ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်၊ သကြား၊ အမျှင်ဓာတ်၊ အဆီ၊ သိုင်ယာမင်း၊
နိုင်ယာစင်၊ ရိုင်ဘိုဖလေဗင်၊ ပန်တိုသီးနစ်အက်စစ်၊ ဗီတာမင် စီ၊ ကေ၊ B6 ၊
ဖောလိတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ဇင့် (သွပ်)
ဓာတ်တို့ ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်ကို အစိမ်းလိုက် စားလေ့ရှိသလို၊
အချဉ်တည်ပြီး၊ ဟင်းချက်ပြီး၊ စွပ်ပြုတ်လုပ်ပြီး၊ ကြော်ပြီးစားလေ့
ရှိကြပါတယ်။ အရသာရှိတဲ့ ဂေါ်ဖီထုပ်မှာ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေ
ပါဝင်ပါတယ်။
(၁) မကောင်းတဲ့ ကိုလက်စထရောကို သိသိသာသာ လျော့ကျစေပါတယ်
ဂေါ်ဖီထုပ်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေရေးမှာ
အလွန်ထိရောက်မှု ရှိပါတယ်။ ဂေါ်ဖီထုပ်ဟာ အစာခြေစနစ်ရှိ သည်းခြေအက်စစ်တွေနဲ့
ပေါင်းပြီး ခန္ဓာကိုယ်အပြင်သို့ ကိုလက်စထရောကို ထွက်သွားစေလို့ပါ။
ဂေါ်ဖီထုပ်ကို အစိမ်းလိုက် စားရင် ဒါမှမဟုတ် သုပ်စားရင် ပိုမို
အာနိသင်ရှိပါတယ်။ အစိမ်းလိုက် မစားချင်ရင် အနည်းငယ်ပြုတ်ပြီး ဆားနဲ့
ငရုတ်ကောင်းမှုန့်ဖြူးပြီး စားပေးပါ။ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်များစွာ
ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။
(၂) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
ဂေါ်ဖီထုပ်မှာပါတဲ့ ရောင်ရမ်းမှုကျစေတဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်ရဲ့
ကျန်းမာရေး အခြေအနေကို ကောင်းမွန်အောင် လှုံ့ဆော် ကူညီနိုင်ပါတယ်။
ကိုယ်တွင်း ရောင်ရမ်းမှုဖြစ်ရင် ရောဂါဝေဒနာမျိုးစုံ ဖြစ်နိုင်ခြေ ရှိပါတယ်။
ရောင်ရမ်းမှုကျစေတဲ့ အာဟာရဓာတ်တွေပါတဲ့ ဂေါ်ဖီထုပ်ကို သုံးရက်ကြာတိုင်း
အနည်းဆုံး တစ်ကြိမ်စားပေးရင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဒါပေမဲ့
ဂေါ်ဖီထုပ်ကို အကြာကြီး ချက်ပြုတ်တာမျိုး မလုပ်ပါနဲ့။ ဂေါ်ဖီထုပ်မှာပါတဲ့
ပရိုတင်းနဲ့ အာဟာရဓာတ်တွေ အားလုံး ဆုံးရှုံးသွားနိုင်လို့ပါ။ ကိုယ်တွင်းမှာ
ရောင်ရမ်းမှု ကျစေတဲ့ အာဟာရဓာတ်တွေ မရှိရင် နာတာရှည် ရောင်ရမ်းမှုဖြစ်ပြီး
ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
(၃) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်
ဂေါ်ဖီထုပ်မှာ များများပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ဓာတ်တွေက ကင်ဆာရောဂါ
အမျိုးမျိုးရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှု အမျိုးမျိုးက
သက်သေပြခဲ့ပါတယ်။ ဂေါ်ဖီထုပ်မှာ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့
ဂလူကိုစီးနိုးလိတ်ဆိုတဲ့ ဓာတ်ပါဝင်တာကြောင့်
အိုက်ဆိုသိုင်ယိုဆိုင်ယာနိတ်ဆိုတဲ့ ဓာတ်ပေါင်းအဖြစ် ကူးပြောင်းကာ
ကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးတာနဲ့ ဖျက်ဆီးတာတွေကို လုပ်ဆောင်ပေးပါတယ်။
ဒါကြောင့် ဂေါ်ဖီထုပ်ကို အရင်ကတည်းက ကင်ဆာတွန်းလှန်ပေးတဲ့ အစာအဖြစ်
သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
(၄) အစာခြေစနစ်ကို ကျန်းမာစေပြီး အစာအိမ်အနာကို ကျက်စေပါတယ်
ဂေါ်ဖီထုပ်မှာပါတဲ့ အမျှင်ဓာတ်တွေဟာ အစာခြေစနစ် ကျန်းမာအောင်
ထိန်းသိမ်းပေးနိုင်ရုံ သာမက အစာအိမ် အနာတွေကို ကျက်စေတယ်လို့ လေ့လာမှုတွေက
ဆိုပါတယ်။ ဂေါ်ဖီထုပ်မှာ ပရိုတင်းဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တို့ များစွာ
ပါဝင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။
ဂေါ်ဖီထုပ်မှာပါတဲ့ အမိုင်နိုအက်စစ်နဲ့ ဂလူတာမင်း တို့ကလည်း အူတွေကို
ကျန်းမာစေပြီး ကိုယ်တွင်းက ဘက်တီးရီးယားတွေ ထုတ်လုပ်မှုကို မျှတအောင်
ကူညီနိုင်ပါတယ်။ ဒါကြောင့် အစာကြေညက်ကာ ရောဂါဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေကို
လျော့ကျစေနိုင်ပါတယ်။
(၅) စွမ်းအင်ကို တိုးစေပါတယ်
ဂေါ်ဖီထုပ်မှာ စွမ်းအင်အဆင့် မြင့်မားစွာ ပါဝင်တာကြောင့် တက်ကြွစေပြီး
လန်းဆန်း နေစေပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ ဗီတာမင် ဘီ ဟာ စွမ်းအင်မြင့်မားစွာ
ထုတ်ပေးနိုင်ပါတယ်။ ဂေါ်ဖီထုပ်က များများစားရင် လေထစေနိုင်တဲ့အတွက်
အသင့်အတင့်ပဲ စားသင့်ပါတယ်။(ပြန်လည်မျှဝေပါသည်။)
(၆) အရေပြား အိုမင်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်
ဂေါ်ဖီထုပ်မှာ ဘီတာကယ်ရိုတင်းလို အိုမင်းမှု တားဆီးပေးတဲ့
ဒြပ်ပေါင်းတွေများစွာ ပါဝင်သလို အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီလည်း
များစွာပါဝင်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ပြန်လည်
ပြုပြင်ပေးနိုင်ပြီး အရေပြား တောက်ပကြည်လင်စေကာ အရေပြား
အိုမင်းမှုမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နုပျိုလှပစေဖို့
ဂေါ်ဖီထုပ်ကို မှန်မှန်စားပေးသင့်ပါတယ်။
အမျိုးသားတွေ ဝလာရင် ဗိုက်ပူလာတတ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ ကိုယ်တွင်း
ကျားဟော်မုန်းတွေ ဟန်ချက်ညီပြီး ကြွက်သားတွေ သန်စွမ်းနေဖို့ဆိုရင်
အဝလွန်တာကို လျှော့ချဖို့လည်း လိုပါတယ်။ လတ်တလော လေ့လာမှုတွေအရ အမျိုးသားတွေ
အနေနဲ့ ခန္ဓာကိုယ် အဆီကျပြီး ပိန်ဖို့ရာမှာ အတားအဆီး ဖြစ်စေတဲ့ အချက်တွေကို
အောက်ပါအတိုင်း သိရပါတယ်။
(၁) အစာကို အမြန်စားခြင်း
ကိုယ်အလေးချိန် ကျချင်ရင် အစာကို ရှောင်ဖို့မလိုပါဘူး။ အစာကို
ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးဖို့ပဲ လိုတာပါ။ လေ့လာမှုတစ်ခုအရ
ကျန်းမာတဲ့ အမျိုးသား ၁၇ ဦးဟာ ရေခဲမုန့် တစ်ခွက်ကို ငါးမိနစ်အတွင်း
ကုန်အောင် စားသူနဲ့ နာရီဝက်ကြာ စားသူ အုပ်စုနှစ်ခုကို
ခွဲခြားလေ့လာခဲ့ပါတယ်။ မိနစ် ၃၀ ကြာစားတဲ့ အမျိုးသားတွေရဲ့ ဦးနှောက်မှာ
ဗိုက်ပြည့်စေတဲ့ ဟော်မုန်းထွက်ရှိပြီး အစာစားဖို့ ရပ်တန့်အောင်
သတိပေးခဲ့ပါတယ်။ ငါးမိနစ်အတွင်း ကုန်အောင်စားတဲ့ အမျိုးသားတွေမှာတော့
ဗိုက်မပြည့်ဘဲ ထပ်စားလိုကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အစာကို
မြန်မြန်စားတာက ကိုယ်အလေးချိန် မြင့်တက်စေတဲ့ အကြောင်းရင်း တစ်ချက်ပါ။
(၂) အစာရှောင်ခြင်း
အစာတစ်နပ်၊ နှစ်နပ်မစားဘဲ နေတာက အစာစားချင်စိတ် ထိန်းချုပ်နိုင်စွမ်းရည်ကို
ထိခိုက်စေနိုင်ပါတယ်။ အစာကို ပုံမှန်စားမှ ဦးနှောက်စွမ်းဆောင်ရည် ကောင်းကာ
စွမ်းအင်ပြည့်ဝနေမှာပါ။ အစာကို ရှောင်တာကြောင့် အစာစားချင်စိတ်က
ပိုတိုးလာပြီး စားတဲ့အချိန်မှာ အလွန်အကျွံ စားမိတတ်ပါတယ်။
(၃) အားလပ်ရက် ပွဲတော်ကြီးတွင် ဆင်နွှဲခြင်း
တစ်ပတ်လုံး အစာကို ထိန်းချုပ်စားခဲ့ပေမယ့် အားလပ်ရက် ပွဲတော်တွေနဲ့
ကြုံဆုံခိုက်မှာ အလွန်အမင်းစားရင် ပြည့်ဝဆီတွေက အစာစားချင်စိတ်ကို
ထိန်းချုပ်ပေးတဲ့ လက်ပ်တင်ဟော်မုန်းရဲ့ စွမ်းရည်ကို
ပိတ်ပင်တားဆီးပေးတာကြောင့် အစာကို ထိန်းချုပ်စားဖို့နဲ့ ကိုယ်အလေးချိန်ကို
ထိန်းချုပ်ဖို့ ခက်သွားတတ်ပါတယ်။
(၄) ဆားကဲသော အစာများ စားခြင်း
ဆိုဒီယမ်က အစာတွေကို အရသာတိုးစေတာကြောင့် သတိလက်လွတ်ဖြစ်ပြီး အများအပြား
စားဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အာလူးကြော်၊ ပြောင်းဖူးပေါက်ပေါက်၊
မြေပဲလှော်တွေ စားတဲ့အခါ အထိန်းအကွပ်မရှိဘဲ အများအပြား စားဖြစ်သွားရတာပါ။
ဆားကဲတဲ့ သရေစာတွေအစား သစ်သီး ဖျော်ရည်၊ သစ်သီးစိတ် စတာတွေကို အစားထိုး
စားပေးပါ။
(၅) အရက်သောက်ခြင်း
အယ်လ်ကိုဟောပါတဲ့ ဘီယာ၊
အရက်၊ ဝီစကီတွေကို အများအပြား မသောက်မိဖို့ သတိထားပါ။ တစ်ညမှာ ဘီယာနှစ်ခွက်
သောက်ရင် တစ်ပတ်မှာ ၈၄၀၀ ကီလိုဂျိုးကျော် ရရှိစေပါတယ်။ ဒီပမာဏကို
လောင်ကျွမ်းဖို့အတွက် အချိန်နှစ်နာရီကျော် ပြေးဖို့လိုပါတယ်။ ဒါကြောင့်
သင့်ကိုယ်အလေးချိန်နဲ့ ဘောင်းဘီခါး အရွယ်အစားတို့ကို ပြန်ငဲ့ကြည့်ပြီး
အရက်ကို ရှောင်ပါ၊ မရှောင်နိုင်ပါက ထိန်းချုပ် သောက်ပါလို့
သတိပေးချင်ပါတယ်။
ကေအမ်
Ref:Good Health
ထုံးတမ်းဓလေ့အရ မြန်မာအမျိုးသမီး အများစုက နားပေါက်ဖောက်ပြီး နားကပ်
ဝတ်ဆင်ကြပါတယ်။ ရှေးဘုရင်တွေ ခေတ်တုန်းကလည်း နားထွင်းမင်္ဂလာ
ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့ဓလေ့အရ နားဖောက်တာက ထုံးစံလို ဖြစ်နေပါတယ်။
ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး
ပစ္စည်းတွေ ထည့်တာကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းတွေအရတော့ ဖောက်နေကြတာပါပဲ။ ယဉ်ကျေးမှုဓလေ့ကို
တားလို့တော့မရပါဘူး။ အဲဒါကြောင့် အကောင်းဆုံးဖြစ်အောင် အကြံပေးချင်ပါတယ်။
နားဖောက်ချင်တယ်ဆိုရင် နားရွက်အောက်ခြေမှာ ရှိတဲ့ နားသန်သီး (Ear Lobe)
မှာ ဖောက်တာက အန္တရာယ် အကင်းဆုံးပါပဲ။ နားအရေပြားကို ဖောက်မယ်ဆိုရင်
အားလုံးသိထားတဲ့အတိုင်း HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေ
ကူးစက်နိုင်ပါတယ်။ အပ်နဲ့ပဲ ဖောက်ဖောက်၊ သေနတ်နဲ့ပဲ ဖောက်ဖောက် အရေပြားကို
ဖောက်တဲ့အခါ သွေးထွက်တတ်ပြီး ဖောက်တဲ့ပစ္စည်းကိရိယာတွေ မသန့်ရင်
ပိုးဝင်တတ်ပါတယ်။ HIV ပိုး၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးတွေအပြင်
ဘက်တီးရီးယား ပိုးတွေလည်း ဝင်တတ်ပါတယ်။
ဘက်တီးရီးယား
ပိုးတွေဝင်ရင် နားက ရောင်လာမယ်၊ ကိုက်လာပါမယ်။ ဘက်တီးရီးယားပိုးထဲမှာ
အဆိုးဆုံးက မေးခိုင်ပိုးဝင်တာပါ။ အဖြစ်နည်းပါတယ်။ အဖြစ်များတာကတော့
တခြားဘက်တီးရီးယား ပိုးတွေဝင်တာပါ။ ရောင်တယ်ဆိုရင် ပိုးသတ်ဆေး
ပေးလို့ရပါတယ်။ ဘက်တီးရီးယားပိုးတွေက လူနာအတွက် အန္တရာယ် သိပ်မများပေမယ့်
HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေဆိုရင်တော့ နောက်ဆက်တွဲ
ဒုက္ခတွေ ခံစားရနိုင်ပါတယ်။
နားဖောက်မယ်ဆိုရင် ဘယ်မှာပဲဖောက်ဖောက်
အရေးကြီးတဲ့အချက်က သန့်ရှင်းတဲ့ တစ်ခါသုံး ပစ္စည်းတွေကိုသာ သုံးပါ၊
နားဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါ။ နားသန်သီးမှာ ဖောက်တာက
ပြဿနာမရှိဘူး ဆိုပေမယ့် နားဖောက်မယ့် ပစ္စည်းကိရိယာတွေက သန့်ရှင်းဖို့တော့
လိုပါတယ်။ နားဖောက်တဲ့ ပစ္စည်းကိရိယာတွေ မသန့်ရှင်းတာကြောင့် ပိုးဝင်ပြီး
နားရောင်လို့ လာပြတဲ့လူနာတွေ ဆရာတို့ဆီကို မကြာခဏ ရောက်လာတတ်ပါတယ်။
တချို့လည်း နားကွင်းတွေ အများကြီး ဝတ်ချင်တာကြောင့် နားသန်သီးမှာ
နားဖောက်တာ အပြင် နားရွက်ရဲ့ အပေါ်ဘက်ကို တက်ပြီး နားဖောက်ကြပါတယ်။
နားရွက်အပေါ်ဘက် တက်ဖောက်တာမျိုးကိုတော့ ဆရာတို့က အားမပေးပါဘူး။ ဒါပေမဲ့
ခေတ်ရေစီးကြောင်းဆိုတာ တားလို့ မရပါဘူး။ အဲဒါကြောင့် အန္တရာယ်ကင်းအောင်
အကြံပေးချင်ပါတယ်။
တချို့ လူငယ်လေးတွေလည်း နားပေါက်တွေ အများကြီး
ဖောက်တတ်ကြပါတယ်။ အဲလိုဖောက်တဲ့အခါ နားရွက်ရဲ့ အပေါ်မှာက အရေပြားနဲ့
အရိုးနုပဲ ရှိတာကြောင့် အရိုးနုကို ဖောက်မိတတ်ကြတယ်။ ဘာလို့လဲဆိုတော့
နားရွက်ရဲ့အပေါ်ပိုင်းမှာ အရိုးနုနဲ့ လွတ်တဲ့ အရေပြားက နည်းနည်းလေးပဲ
ရှိတာကြောင့်ပါ။ နားဖောက်တာ အရိုးနုကို ဖောက်မိလို့ ပိုးဝင်သွားတယ်ဆိုရင်
အရိုးနုရောင်တာ (Perichondritis) ဖြစ်လာတတ်တယ်။
အရိုးနုရောင်တာကတစ်ဆင့် နားရွက်ပုံစံ ပျက်စီးသွားတတ်ပါတယ်။ နားရွက်ပုံစံ
ကားကားထောင်ထောင်လေး ဖြစ်နေတာက နားရွက်မှာရှိတဲ့ အရိုးနုကြောင့်ပါ။
နားရွက်ရဲ့ အရိုးနုသာ ပျက်စီးသွားပြီး အရေပြားသာ ကျန်ခဲ့တာကြောင့် နားရွက်က
ပုံမှန်ပုံစံ မပေါ်တော့ဘဲ ပျော့သွားတယ်၊ ကုပ်သွားတယ်။ ဆိုလိုတာက ရုပ်အင်္ဂါ
ပျက်စီးသွားပါတယ်။ လှချင်လို့ နားဖောက်တာ နောက်ဆုံးရလဒ်က နားရွက်ပုံစံ
ပျက်စီးသွားတတ်ပါတယ်။ တစ်သက်လုံး နားကို ဖုံးပြီးနေရတတ်ပါတယ်။
ပုံမှန်နားရွက်ပြန်ရအောင် ခက်ခက်ခဲခဲ ခွဲစိတ်ပြုပြင်ရပါတယ်။
နားဆရာဝန် တစ်ယောက်အနေနဲ့ အကြံပေးချင်တာကတော့ နားဖောက်မယ်ဆိုရင်
ဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါလို့ ပြောချင်ပါတယ်။ တကယ်လို့
နားရွက်အပေါ်ဘက်မှာ နားဖောက်ချင်တယ် ဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့
ဖောက်စေချင်ပါတယ်။ သန့်ရှင်းတဲ့နေရာမှာ တစ်ခါသုံးအပ်နဲ့ ဖောက်စေချင်ပါတယ်။
နားအပေါ်ဘက်မှာ ဖောက်မိပြီး နားနာလာတယ်၊ နားကိုက်လာတယ်ဆိုရင် ဆရာဝန်နဲ့
ပြဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးကုသဖို့ နောက်ကျသွားလို့
အရိုးနုတစ်ခုလုံး စားသွားခဲ့ရင် နားရွက်ပုံစံ ပျက်သွားပါတယ်။
နားရွက်အရိုးနုက ပျက်စီးတာ မြန်ပါတယ်။ ဆရာတို့ မကြာခဏ တွေ့နေရပါတယ်။
ဒေါက်တာဝင်းထိုက်ကြည် (နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု)
ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။
ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့
အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရင်နှင်း ပြောပြမယ်နော်။
Good Hygiene
ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။
ဂျိုင်းလဲ အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို
ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။
Exfoliation
ဂျိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့
တစ်ပတ်ကို ၂ ကြိမ်လောက် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဘာမှ
ထူးထူးခြားခြားမဟုတ်ပါဘူး။ ဂျိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့
သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့
ဆဲလ်အသစ်လေးတွေကြောင့် ဂျိုင်းသားမည်းတာတွေ တဖြည်းဖြည်းသက်သာသွားမှာပါ။
Removing Hair
ဂျိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက ချွေးပေါက်တွေကို
ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်းသုံးပါ။ အကောင်းဆုံးနည်းကတော့ နူတ်ပစ်တာပါပဲ။
Chossing a Deodorant
ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။
တချို့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ ချိုင်းမည်းတာမျိုးလည်း
ဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on ကိုဆက်မသုံးပါနဲ့တော့။
ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ ကျောက်ချဉ်ရေလိမ်းပေးနိုင်ပါတယ်။ ချွေးနံ့ခံတွင်းနံဆိုးတွေအတွက်
ဖြေဆေးဆိုတဲ့ ပို့စ်မှာ ချွေးနံနံရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြထားတယ်နော်။
Lossen up
အရမ်းကျပ်တဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့။ ဂျိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့ ပွတ်တိုက်မိပြီး
ဂျိုင်းသားတွေ မည်းသွားနိုင်လို့ပါ။
Reduce weight
အရမ်းဝလို့ လက်မောင်းသားတွေ ကြီးပြီး တွဲကျနေတဲ့ အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက်ရာကနေ ဂျိုင်းတွေမည်းလာနိုင်ပါတယ်။ ဒါကြောင့် မမ၀၀တွေ ကိုကို၀၀တွေ ၀ိတ်လျှော့သင့်တယ်နော်။
Natural Ways
- သံပရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ဂျိုင်းသားတွေကို
ပွတ်ပေးပါ။ မိနစ် ၂၀ လောက်နေရင် ရေနွေးမှာစိမ်ထားတဲ့ အ၀တ်လေးနဲ့ ပွတ်ပေးပါ။
- Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ဂျိုင်းတွေ ဖြူဖွေးလာနိုင်တယ်နော်။
- သံပရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို သမအောင်ရောမွှေပြီး
ဂျိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။
အပေါ်က နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ဂျိုင်းသားဖြူဖြူလေးတွေနဲ့ ကိုယ့်
ကိုယ်ကို ယုံကြည်မှုပိုရှိနိုင်ပြီပေါ့။
(ရင်နှင်းငယ်)
ပုံမှာ မြင်တွေ့ရတာကို တက်တူးလို့ ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ယင်းဟာ တက်တူးမဟုတ်ပဲ မိုးကြိုးပစ်လို့ ရတဲ့ အမာရွတ် ဖြစ်ပါတယ်။
အင်္ဂလိပ်လိုတော့ Lichtenberg figure လို့ခေါ်ပါတယ်။ အမြဲတမ်း မဟုတ်ပေ မယ့်
မိုးကြိုးအပစ်ခံရရင် ရတတ်တဲ့ အမာရွတ်အများစုက ပုံမှာ မြင်တွေ့ ရတဲ့
အတိုင်းပဲ ဖြစ်ပါတယ်။ တက်တူးထိုးထားသလိုပဲ အပွင့် ပွင့် တွေနဲ့ လှနေ ပါတယ်။
မိုးကြိုးအပစ်ခံရပြီး ကံကောင်းလို့ အသက် ရှင် သွားတဲ့ လူနာတွေ ဆီကနေ မှတ်တမ်း တင်ထားတဲ့ အမာရွတ် ဖြစ်ပါတယ်။
မိုးကြိုးသွားရဲ့  ပြင်းတဲ့အပူချိန်နဲ့ လျှပ်စစ်ကြောင်းကြောင့် အရေအပြား
ပေါ် မှာ သွေးစီးကြောင်းလို ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ အချို့ က ပျောက်ပေမယ့်
အချို့ ကတော့ အမာရွတ် အနေနဲ့ တစ်သက်လုံး ထင်သွား တယ်လို့ ဆိုပါ တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် Lichtenberg figure- မိုးကြိုးသွားက ထိုးပေးလိုက် တဲ့
(တက်တူး) အမာရွတ်ကတော့ ယခုလို လှပနေတာကို မြင်တွေ့ ရပါတယ်။
Sex
Coffee (XS-X0020-D) ဒါကိုတော့ ကြောညာသူတွေက Superior Brazilian coffee
ဘရာဇီးကော်ဖီအပြင်းစားလို့ နာမည်ပေးထားပါတယ်။ Fast thawing tea powder
အပြော့စားလက်ဖက်ရည်လို့လဲ စာထဲမှာ ရေးထားပါတယ်။
အထဲမှာပါတာတွေကတော့ (၁) သကြားအဖြူမှုံ နဲ့ (၂) အမျိုးသမီးများစိတ်ကို တွန်းအားပြောင်းစေနိုင်တဲ့ဓါတ်လည်း ပါတယ်လို့ ဆိုပါတယ်။
ဒါကိုသောက်လိုက်တဲ့ မိန်းကလေး၊ အမျိုးသမီးဟာ ဖြေးဖြေးချင်း ဒါတွေဖြစ်လာမယ်။
• Polypnoea အသက်ရှူမြန်လာမယ်၊
• Vagina itches မိန်မကိုယ်ယားယံလာမယ်၊
• Breast inflates ရင်သားထွားလာမယ်၊
• Cloudy water jet stream အင်္ဂါစိုစွပ်လာမယ်၊
• Sexual intercourse anxiously with the opposite sex ဆန့်ကျင်ဘက်လိင်ရှိသူနဲ့ အတူနေချင်စိတ်တွေပြင်းပြလာမယ်။
• Spends together with own sexual partner သူ့အဖေါ်နဲ့ အတူတူ အကြာကြီး ချစ်စခန်းဖွင့်နေလိမ့်မယ်။
သတိပေးချက်လည်းရေးထားပါတယ်။
၁။ ဒါဟာ အကြင်လင်မယားတွေသာသုံးရမှာဖြစ်တယ်။ ဒီလိုသာမသုံးရင် ဥပဒေနဲ့မညီတာတွေဖြစ်လာစေနိုင်တယ်။
၂။ အမျိုးသမီး (ကြီး) တွေမှာ ဗဂျိုင်းနား ခြောက်နေတာနဲ့ လိင်စိတ်
ရှိသင့်တာထက် နည်းနေတာဆိုရင် သုံးနိုင်တယ်။ ဥပမာ သွေးဆုံးချိန်၊
ကလေးမီဖွါးပြီး စိတ်အခြေနေပြောင်းချိန်မျိုးဖြစ်တယ်။
ဘယ်လောက်သောက်ရမလဲ။ တထုပ်ကို ရေနွေးပူပူ ၁ဝဝ စီစီ (မယ်လ်) မှာဖျော်ပါ။
တထုပ်ထက်ပိုမသုံးပါနဲ့။ ကပ်ဘူးတခုမှာ 15000mg စီပါတဲ့ 5 ထုပ် 8 ခုပါတယ်။
ထုပ်လုပ်ပြီးနောက် ၃ နှစ်အတွင်းသုံးနိုင်တယ်။
Lady Coffee လေဒီကော်ဖီ
အရသာထူးကဲပြီး
အကြာကြီးစွဲစေတယ်။ စိတ်ဖြေနားနေနိုင်တယ်လို့ ရေးထားပါတယ်။
အမေရိကားကလာတဲ့ကော်ဖီထဲမှာ တရုပ်ကလာတဲ့ ရိုးရာဆေးရောထားပါသတဲ့။ ဗီတာမင်တွေ၊
ဓါတ်ဆားတွေ၊ အာဟာရဓါတ်တွေပါတယ်လို့ ကြော်ညာပါတယ်။ မ-ဟော်မုန်း
(အီစထိုဂျင်) ပါတယ်လို့လဲဖတ်ရပါတယ်။ ဒီဟော်မုန်းဟာ အမျိုးသမီးတွေမှာ
အရွယ်ရလာရင် နည်းလာတယ်။ သွေးဆုံးရင် သိသိသာတယ်။ အကောင်းလဲဖြစ်စေပြီး
အဆိုးလည်း ဖြစ်စေနိုင်တာ သတိပြုပါ။
သက်ရောက်မှု
1. Lead to enhance sexual desire လိင်စိတ်ပိုစေမည်၊
2. Increse the pleasure and excitement သာယာမှု၊ စိတ်တက်ကြွမှုကဲစေမည်၊
3. The ability to extend the high tide အထွတ်အထိပ်ကာလ ကြာစေမည်၊
4. To increase capacity စွမ်းဆောင်နိုစွမ်းတိုးစေမည်။
တထုပ်ကို ရေနွေးနဲ့သောက်ရင် နောက် ၁၅-၃ဝ မိန်မှာ အစွမ်းပြမယ်။
ဘေးထွက်-ဆိုးကျိုး = ခေါင်းမူးဝေမယ်၊ အိပ်ချင်မယ်။ ဖြေးဖြေးချင်းသောက်တာ
ကောင်းတယ်။ ကားမောင်နေတုံး မသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်နေရင် မသောက်ပါနဲ့။
အသက်ရှူလမ်းရောဂါ၊ နှလုံးရောဂါရှိရင် မသောက်ပါနဲ့။
အခုရေးတာတွေဟာ ဆေးကြော်ညာထဲမှာ ပါတာတွေသာ ဖြစ်ပါတယ်။ (ကျွန်တော်တို့လို) ဆရာဝန်တွေက အာမမခံပါခင်ဗျား။
http://www.facebook.com/pages/Slimming-Products-Man-and-woman-Sex-products/163476080361622
http://www.joyous-care.com/VIM-25-male-enhancement-168.html
http://www.joyous-care.com/Woman-sex-products-c12.html
http://www.joyous-care.com/Lady-Coffee-232.html
Love Coffee ညစ်ညမ်းကော်ဖီ http://dts-medicaleducation-adult.blogspot.in/2013/03/love-coffee.html
-ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၃
“သင်္ကြန်အတွင်း မိန်းကလေးများ အထူးသတိပြုရမည့် ကာမစိတ်ကြွစေနိုင်သည့်
ကော်ဖီမစ်” ဆိုတဲ့ သတိပေး သတင်းတခုကို (ဖေ့စ်ဘွတ်) မှာ အခုတလော တွေ့ရပါတယ်။
ဒါနဲ့လေ့လာကြည့်တော့ ဒီလိုဒီလို တွေ့ရပါတယ်။
ကော်ဖီမစ်တော့ မဟုတ်ပါ။ တရုပ်လုပ်ဖြစ်ပါတယ်။ Love Coffee (XS-X0014-D) လို့ အရောင်းကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ တွေ့ရပါတယ်။
Aphrodisiac coffee products "လိင်စိတ်အားပေးစေတဲ့ ကော်ဖီ" လို့
ရေးထားပါတယ်။ ကြော်ညာတဲ့ဆိုက်က ရေးထားတဲ့ အင်္ဂလိပ်စာက
အမြီးအမောက်သိပ်မတည့်တာလည်း သတိထားမိပါတယ်။ ကြောညာထဲမှာ (ပရက်ဆီးဒင့်)
ဆိုသူဟာ ဒီကော်ဖီဆိုတာသောက်ပြီး ၁ဝ မိနစ်နေတော့ အသက်ရှူမဝသလိုဖြစ်လာ၊
ခေါင်းထဲရှိတာကို ဖွင့်ပြချင်လာ၊ ဆန့်ကျင်ဘက်လိင်နဲ့ အတူနေချင်လာတယ်လို့
ဆိုပါတယ်။
3000mg ပါတဲ့ ၄ ထုပ်ကို စက္ကူဘူးမှာထည့်ပြီး ရောင်းချပါသတဲ့။ တထုပ်ကို ရေနွေးပူပူ ၁၅ဝ စီစီထဲမှာ ဖျော်ရတယ်။
သတိပေးချက်တွေလည်း ရေးထားပါသေးတယ်။ အသက် ၁၈ နှစ်အောက်မိန်းကလေးများ
မသောက်ရ။ မဖွယ်မရာ လိင်ဆက်ဆံရာမှာ မသုံးရ။ ကိုယ်ဝန်ဆောင်နေရင်
ရှောင်ကျဉ်ပါ။
ဒီကုမ္ပဏီရဲ့ ထုတ်ကုန်စာရင်းထဲမှာ ဒါတွေလဲပါသေးတယ်။
1. Slimming Products Slimming Products ပိန်ဆေး၊ = ဆေးတောင့်၊ ဆေးပြား၊ ကော်ဖီ၊ ဆေးရွက်၊ ဆေးမှုံ့။
2. Male and female health products Man and woman Sex products
ယောက်ျားသုံး၊ မိန်းမသုံး ကျန်းမာရေးနှင့် လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ =
ကွန်ဒွမ်၊ လိင်ဆေးတောင့်၊ လိင်ဆေးပြား၊ ဗိုင်ယာဂရာ (ပန်းသေခြင်းအတွက်ဆေး)၊
3. Woman sex products Woman sex products မိန်းမသုံး လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ။ အခုပြောနေတာက ဒီခေါင်းစဉ်အောက်ကပါ။
တရုပ်နိုင်ငံ၊ ဖူဂျီယန်၊ ဖူဇိုးမြို့ကထုတ်နေတာဖြစ်ပါတယ်။
• MAXIDUS Capsules ကောင်းဆေး၊ ကြာဆေး၊
• Kamagra-100 Sildenafil Citrate Tablets ပန်းသေ-ပန်းညှိုးအတွက်ဆေး၊
• Chong Cao Zang Bian Bao male enhancement ကျားအင်္ဂါကြီးဆေး၊
• Mens Coffee ယောက်ျားသောက်ကော်ဖီ၊
• Ten days erection ကျားအင်္ဂါ သန်မာစေမဲ့ဆေး၊
• STIFF NIGHTS ကျား-စိတ်လာဆေး၊
• Love Coffee မ-စိတ်လာဆေး စတဲ့တခြားဆေးအမျိုးမျိုးတွေလည်း ရောင်းတယ်လို့ ကြောညာမှာပါတာ ဖတ်ရပါတယ်။
ကြော်ညာမှန်းသိတာတာ နောက်တချက်က သူ့ ဝက်ဘ်ဆိုက်ကို ဖွင့်နေရင်း
ဆေးအရောင်းကိုယ်စားလှယ်က We are online ကျွန်တော်တို့
အွန်လိုင်းမှာရှိပါတယ်ဆိုပြီး အသိပေးချက်က တောက်လျှောက် ထွက်နေပါတယ်။ FDA
ခေါ်တဲ့ အစိုးရကနေ တရားဝင်ခွင့်ပြုချက် မပါတာသတိထားရပါမယ်။
ဘေးထွက်-ဆိုးကျိုးနဲ့ ထိရောက်မှုအတွက် သုတေသနလုပ်ထားတာတွေ မတွေ့ရပါ။
http://www.facebook.com/pages/Slimming-Products-Man-and-woman-Sex-products/163476080361622
http://www.joyous-care.com/VIM-25-male-enhancement-168.html
http://www.joyous-care.com/Woman-sex-products-c12.html
http://www.joyous-care.com/Lady-Coffee-232.html
ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ http://dts-medicaleducation-adult.blogspot.in/2013/03/blog-post_27.html
-ဒေါက်တာတင့်ဆွေ
၂၆-၃-၂ဝ၁၃