Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 31, 2013

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း


 

ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာဖူးသေး တဲ့အတွက် ရာသီအကြို ဝေဒနာအကြောင်းကို ကြိုတင်သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင်ရနိုင်ပါတယ်။ ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။
ရာသီအကြိုဝေဒနာ ဆိုသည်မှာ
လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြိုဝေဒနာလို့ ခေါ် ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာ တွေကို စားချင်စိတ်ပြင်းပြတာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ် ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှု များတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ် ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာသွား တတ်ပါတယ်။
ရာသီအကြိုဝေဒနာကို ဘာကြောင့် မိန်းကလေးတချို့ကပဲ ခံစားရတာလဲ
ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေးတစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ် ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက် စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြိုဝေဒနာနဲ့ ဆက် စပ်မှုရှိတယ်လို့ ဆိုကြတာပါ။ ရာသီမလာခင် စားသောက်တဲ့ တချို့ အစား အသောက်တွေကြောင့်လည်း ဝေဒနာဖြစ်ပေါ်တယ် လို့ ဆိုကြပါတယ်။
ရာသီအကြိုဝေဒနာသက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ
- သစ်သီးဝလံများများ၊ ဟင်းသီးဟင်းရွက်များများ ပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။
- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင် ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့်လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်ဒ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။
- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက်မှီဝဲတာ က တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။
- နေ့စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာ လို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင်ဓာတ်ထွက်စေပြီး စိတ် ခံစားမှုကောင်းမွန်စေပါတယ်။
- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ်တင်ပေးတာကြောင့် ကြွက်သားတွေကို အနားရစေပြီး ဗိုက်အောင့်တာကို သက်သာစေ ပါတယ်။
- ရာသီအကြိုဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်ဆေးကို ဆောင်ထားပါ။
- ရာသီအကြိုဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။
ရာသီသွေးဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ
ရာသီအကြိုဝေဒနာ အကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ကို သိနားလည်ပြီးပြီဆိုရင် ရာသီသွေးဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။
(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါနေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံအဝတ်အစားတွေကို စနစ် တကျလျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။
(၂) အိပ်ရေးဝ၀ အိပ်ပါ - ရာသီလာစဉ် ပင်ပန်း နွမ်းနယ်မှုပြေလျော့စေဖို့ အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။
(၃) အာဟာရပြည့်ဝအောင် စားပါ - ရာသီသွေး ဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှုအဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်း နိုင်အောင် အစိမ်းရောင်ဟင်းရွက်၊ အနီရောင်အ သား၊ တိရစ္ဆာန်ကလီစာစတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီပါ ဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။
(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အခက်အခဲတွေ့ ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်း လွယ်အိတ်ထဲမှာ Non-Recycle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲ ဆောင်ထားပါ။ ပြီးရင် အမျိုးသမီးလစဉ် သုံးပစ္စည်း ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူ ပါ။ အမျိုးသမီးလစဉ်သုံးပစ္စည်းကို လေးနာရီခြောက်နာရီခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

ဇွန်

Credit to : GOOD HEALTH

၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano


 
စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်းတစ်ခု ပြုလုပ် ခဲ့ပါယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့် ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ ပါတယ်။

ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြု လုပ်ထား ပါတယ်။ အသုံးပြုတဲ့ အင်ဂျင်ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ Vအင်ဂျင် ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင် မှာ ဖြစ်ပါတယ်။

ဘော်ဒီကို ကာဘွန်ဖိုက်ဘာ၊ တိုက်တေနီယမ်၊ Kevlar သတ္တုအားလုံး ဆီလျော်သလို ရောစပ် တည်ဆောက်ထား ပါတယ်။ ဥပမာ- crash ဖြစ်နိုင်ချေများတဲ့ ဦးပိုင်းတွေကို ဆိုရင် ကာဘွန်ဖိုက်ဘာ ပါဝင်မှု နည်းမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ သတ္တုအမျိုးအစားများဟာ ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိတာကို တွေ့ရပါတယ်။ အရွယ်အစားအားဖြင့် လည်း အမြင့် ၄၇ လက်မ၊ အရှည် ၁၈၃ လက်မ၊ အကျယ် ၇၈ လက်မ သာရှိတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။

မြန်ဆန်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဘရိတ်ကို ပစ်စတင်ခြောက်လုံးတပ် ကယ်လီပါနဲ့ အသုံးပြုထားပါ တယ်။ ကာဘွန်ကြွေသားနဲ့လုပ်တဲ့ Disc ကြောင့်မို့ ဘယ်လောက် မြန်မြန် ထိန်းချုပ်ရလွယ် ကူပြီး ABS စနစ်ကို အသုံးပြုပါတယ်။ ဂီယာ ၇ ချက် လက်ထိုး ဖြစ်ပေမယ့် Automatic sequential လည်းပါဝင်ပါသေးတယ်။

တစ်ကမ္ဘာလုံးမှာမှ အစီးရေ ၉၉ စီးသာရှိတဲ့အတွက် ဈေးနှုန်း က အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲ အထက်မှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကြီး ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကားတစ်စီး လည်း ဖြစ်နေ ပါသေးတယ်။
--
http://www.colayonline.com.mm/automobile

 


Credit to : ColayOnline:Automobile

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ - (ကလာမိုင်ဒီးယား) နဲ့ (ဂနိုးရီးယား) ခြားနားချက်

"စစ်မြေပြင်ထွက်သူများ အောက်မှာ ဝါးချွန်ထောင်ချောက်ရှိတာ သတိပြုကြပါ။"

Mon, Jan 28, 2013 at 5:44 AM
အသက် ၃ဝ၊ အမျိုးသား၊ အိမ်ထောင်မရှိပါ။ (့) မှာ နေပါတယ်။ ကျွန်တော့်မှာ ဆီးပူတာ၊ ဆီးသွားရင် နည်းနည်းနာတာနဲ့ အင်္ဂါထိပ်က အရည်ထွက်တာ ၃ ရက်လောက် ကြာပါပြီ။ အဲဒါ Chlamydia နဲ့ Gonorrhea ဘယ်ဟာ ဖြစ်နိုင်လဲ သိချင်ပါတယ်။ အခုရက်ပိုင်း အဲလိုဖြစ်လာတော့ အင်တာနက်မှာ ဆရာ့ဆောင်းပါးတွေကို ဖတ်ရပါတယ်။ ကျွန်တော် ဖြစ်နေတာကို Chlamydia နဲ့ Gonorrhea ဘယ်ဟာမှန်း မခန့်မှန်းတတ်ဘူး ဖြစ်နေလို့ပါ။ ရောဂါလက္ခဏာတွေ ဘာကွဲပြားလဲ။ ဘယ်လိုစစ်ဆေးရင် သိနိုင်လဲ။ အဲဒီရောဂါ ၂ ခု အတူရှိနိုင်လား။ တစ်ခုဖြစ်တယ်လို့ သံသယရှိရင် နောက်တစ်ခုကိုပါ ကုဖို့လိုအပ်မလား။ စစ်ဆေးပြီးမှ ကုရမလား။ စစ်ဆေးမယ်ဆိုရင် ဘယ်မှာ စစ်ဆေးရမလဲ။ တစ်ကယ်လို့ ကုမယ်ဆိုရင် ၂ ခုစလုံးအတွက် ကာမိအောင် ဆေးသောက်ဖို့လိုမလား။ ဘာဆေးတွေ သောက်ဖို့လိုမလဲ သိချင်ပါတယ်။

Chlamydia (ကလာမိုင်ဒီးယား)
အဖြစ်များ လိင်ကတဆင့်ကူးစက်ရောဂါတခုဖြစ်တယ်။ Chlamydia trachomatis (ဗက်တီးရီးယား) ကနေကူးတယ်။ အမျိုးသမီးတွေရဲ့ မျိုးပွါးလမ်းအင်္ဂါတွေကို ပြောင်းလဲသွားေးတယ်။ မိန်းကလေးမှာ မသိမသာလေးဖြစ်ဖြစ် ဘာမှ မခံစားရဘဲကနေ ဆိုးဝါးတာတွေဖြစ်စေနိုင်တယ်။ ဥပမာ နောင်မှာ ကလေးမရတာအထိဖြစ်နိုင်တယ်။ ယောက်ျားတွေမှာ (ဂနိုးရီးယား) လိုဘဲ အရည်ဆင်းနိုင်တယ်။

၂ဝဝ၄ ခုနှစ် လေ့လာချက်အရ (ကလာမိုင်ဒီးယား) လူနာပေါင်း ၉၂၉၄၆၂ ယောက် နဲ့ (ဂနိုးရီးယား) လူနာပေါင်း ၃၃ဝ၁၃၂ ယောက် ရှိခဲ့တယ်။ စာရင်းမဝင်တာကလဲ အတော်ကြီးများမယ်လို့ ခန့်မှန်းပါတယ်။ ဘာမှမခံစားရလို့ရော၊ ဆေးမမစ်လို့ပါ ဖြစ်တယ်။ အများအားဖြင့် ဆေးမစစ်ဘဲဆေးကုကြတာက များတယ်။ အကောင်းဆုံးခန့်မှန်းချက်က တနှစ်မှာ အမေရိကန် ၂့၈ သန်း (ကလာမိုင်ဒီးယား) ရောဂါကူးစက်နေကြတယ်။ အမျိုးသမီးတွေမှာပိုများတယ်။ သူတို့အဖေါ်တွေက ဆေးမကုကြလို့ ကူးလာတာဖြစ်တယ်။

(ကလာမိုင်ဒီးယား) ဟာ ဗဂျိုင်းနား၊ စအို၊ ပါးစပ်လမ်းတွေကို လိင်ဆက်ရာမှာသုံးရင် ကူးစက်လာနိုင်တယ်။ ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာမဲ့ကလေးကိုလဲကူးနိုင်တယ်။ ဘယ်သူမဆို လိင်ဆက်ဆံမှုပြုရင်ကူးစက်လာနိုင်တယ်။ ဆက်ဆံဘက် များလေလေ ကူးစက်ခံရနိုင်ချေများလေလေ။ မိန်းကလေးအသက်ငယ်သေးရင် သူတို့ရဲ့ သားအိမ်အဝက အပြည့်အဝ မဖွံထွားသေးတာမို့ ပိုပြီးကူးစက်ခံရနိုင်တယ်။ အမျိုးသမီး ၄ ပုံ ၃ ပုံ နဲ့ ယောက်ျား ၂ ပုံ ၁ ပုံဟာ ပိုးဝင်နေပေမဲ့ ဘာမှ မခံစားကြရဘူး။ ပိုးရှိနေသူနဲ့ လိင်ဆက်ဆံမိရင် ၁ ပါတ်ကနေ ၃ ပါတ်အကြာမှာ ရောဂါလက္ခဏာတွေစမယ်။

မိန်းမတွေမှာ ဖြစ်လာမှာက သားအိမ်ဝနဲ့ ဆီးထွက်ပြွန်မှာဖြစစ်တယ်။ ဒါကြောင့် ဗဂျိုင်းနာကနေ တခုခုဆင်းမယ်။ ဆီးပူ-ဆီးအောင့်မယ်။ ပိုးကအထက်ဆက်ကူးရင် သားအိမ်၊ သားအိမ်ပြွန်တွေရောင်မယ်။ ဗိုက်အောက်ပိုင်း (ဆီးစပ်)၊ ခါး နေရာနာမယ်။ ဆိုးလာရင် ဆက်ဆံတဲ့အခါ နာစရာမဟုတ်ဘဲနာမယ်။ ကြားရက်သွေးဆင်းမယ်။ ယောက်ျားဆိုရင် လိင်တံအဝကနေ တခုခုဆင်းမယ်။ ဆီးသွားရင်ပူစပ်မယ်။ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် စအိုကိုလိင်ဆက်ရာမှာ အသုံးချခံရရင် အစာဟောင်းအိမ်ဆီဆက်ပြီး ကူးစက်နိုင်တယ်။ စအိုကနေ အရည်ဆင်းမယ်။ သွေးဆင်းမယ်။ နာမယ်။ ပါးစပ်ကို လိင်ဆက်ဆံရာမျာသုံးရင် တဖက်အဖေါ်ရဲ့လိင်အင်္ဂါမှာပိုးရှိနေရင် ကူးစက်ပြီး လည်ချောင်းကို ကူးစက်လာနိုင်တယ်။

ဆေးမကုဘဲနေရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ။
ရေတို-ရေရှည်ဖြစ်နိုင်တယ်။ မိန်းမတွေမှာ Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ ဖြစ်နိုင်တယ်။ သားအိမ်၊ သားအိမ်ပြွန်နဲ့ ဘေးက (တစ်ရှူး) တွေကို ရာသက်ပန်ပျက်စီးစေနိုင်တယ်။ နာတာရှည် နာနေမယ်။ ဖျားမယ်။ ကလေးမရနိုင်ဘူး၊ သားအိမ်ပြင်ပသန္ဓေတည်တာ ပိုအဖြစ်များတယ်။ တခြား မိန်းမတွေထက် HIV ဖြစ်ဘို့ ၅ ဆပိုတယ်။ ယောက်ျားတွေမျာတော့ ဆက်တွဲဖြစ်တာနည်းတယ်။ တချို့မှာ Epididymis ကျားအကြော ရောင်မယ်။ နာမယ်၊ ရောင်မယ်၊ ရှားရှားပါးပါး ကလေးမရဖြစ်စေမယ်။ အဆစ်၊ အရေပြား၊ မျက်စိကို ကူးတာလဲ ရှားတယ်။ ကိုယ်ဝန်ဆောင်ချိန်ဒီပိုးဝင်ရင် ကလေးစောမွေးနိုင်တယ်။ မွေးလာတဲ့ကလေး Conjunctivitis မျက်စိနဲ့ Pneumonia အသက်ရှူလမ်းရောဂါရနိုင်တယ်။

ဆီး၊ ဆင်းတဲ့အရည်တွေကို ဓါတ်ခွဲခန်းမှာ စမ်းလို့ရတယ်။

Chlamydia ကို ကုသရတာ မခက်ပါ။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Azithromycin 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊ Rosaramicin ဆေးတွေကို 95% ပျောက်မယ်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ ဆေးပေးတာ ၇၇-၁ဝဝ% ပျောက်တယ်။
• Ciprofloxacin ပေးတာ ၆၃-၉၂% ပျောက်တယ်လို့ သုတေသနတခုက တွေ့ပြီး နောက်တခုက မတွေ့ရဘူး။
• ကိုယ်ဝန်ဆောင်ကို Azithromycin တခါထဲ ပေးတာက Erythromycin x 7 days ပေးတာထက် ပိုကောင်းတယ်။
• HIV-positive ရှိနေလဲ ဆေးကတော့ အတူတူပါဘဲ။

ဘယ်လိုကာကွယ်မလဲ
လိင်မဆက်ဆံဘဲနေတာကတော့ အကင်းဆုံးဖြစ်တယ်။ ဆက်ဆံရင်လဲ (ကွန်ဒွမ်) သုံးပါ။ လူအများစုကို တနှစ်တခါ စုပြီးဆေးစစ်တာကောင်းတယ်။ ကိုယ်ဝန်ဆောင်တိုင်းစစ်သင့်တယ်။ ကိုယ့်မှာ ပြောခဲ့တဲ့ လက္ခဏာတခုခုရှိနေရင် ကိုယ့်အဖေါ်ကို ပြောပြပါ။ ရှောင်ပါ။ ဆေးသောက်နေတုံးမှာ လိင်ဆက်ဆံတာကို တပါတ် ရှောင်နေသင့်ကြတယ်။ တယောက်ကိုဆေးကုရင် သူ့အဖေါ်ကိုပါ ဆေးစစ်ပြီး ကုသသင့်တယ်။ ဆေးကုနေတုံး ဆက်ဆံမှု ရှောင်နေရမယ်။

Gonorrhea (ဂနိုးရီးယား)
(STD) လိင်ကတဆင့်ကူးစက်ရောဂါတခုဖြစ်တယ်။ Neisseria gonorrhoeae ခေါ်တဲ့ (ဗက်တီးရီးယား) ကနေ ဖြစ်စေတယ်။ ပူနွေး၊ စွပ်စိုရာမှာ ပေါက်ပွါးကြတယ်။ ကျား-မ လိင်လမ်းနေရာတွေ၊ ပါးစပ်၊ စအို။ လည်ချောင်းတွေမျာ နေနိုင်-ကူးနိုင်တယ်။ မအေကနေ ကလေးကိုလဲ ဗဂျိုင်းနာလမ်းကနေ မွေးရင် ကူးစက်လာနိုင်တယ်။ ယောက်ျားတွေမှာ ပိုးရှိနေပေမံ့ ဘာမှ မဖြစ်တာလဲရှိတယ်။ လက္ခဏာတွေက ပိုးရှိသူနဲ့လိင်ဆက်ဆံအပြီး ၂-၅ ရက် နေရင်ပေါ်တယ်။ တချို့မှာ တလနေမှသာပေါ်တယ်။ ဆီးပူမယ်၊ အဖြရည်၊ အဝါရည်၊ ခပ်စိမ်းစိမ်ရည် ဆီးလမ်းကဆင်းမယ်။ ဒါကြောင့် ဆီးပူ-ညောင်းကျလို့ အရပ်ခေါ်ခေါ်တယ်။ တချို့မှာ ကျားအစေ့ရောင်နာမယ်။

မိန်းမတွေမှာလာဖြစ်ရင် သိပ်မသိသာလှဘူး။ မခံစားရတာလဲရှိတယ်။ ခံစားရနိုင်တာတွေက ဆီးပူ၊ အဖြူဆင်း၊ ကြားရက် သွေးဆင်းတာတွေဖြစ်တယ်။ ယောက်ျားဖြစ်ဖြစ် မိန်မဖြစ်ဖြစ် စအိုကိုကူးစက်ရင် စအိုကတခုခုဆင်းမယ်။ ယားမယ်။ နာမယ်။ သွေးဆင်းမယ်။ ဝမ်းသွားရင်နာမယ်။ လည်ချောင်းမျာဖြစ်ရင် လည်ချောင်းနာမယ်။ ဆေးမကုဘဲနေရင် ယောက်ျားဖြစ်ဖြစ် မိန်မဖြစ်ဖြစ် ဆိုးဝါးတာတွေဆက်ဖြစ်နိုင်တယ်။ မိန်းမတွေမှာ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေရောင်တာ ဖြစ်နိုင်တယ်။ အဲလိုအမျိုးသမီးပေါင်း အမေရိကားမှာ တနှစ်တနှစ် တသန်းလောက် ရှိတယ်။ ယောက်ျားတွေမှာ Epididymitis အကြောရောင်တာဖြစ်မယ်။ Gonorrhea ဟာ သွေးထဲနဲ့ အဆစ်တွေဆီ ရောက်နိုင်တယ်။ ဆိုးဝါးတယ်။ HIV ပိုကူးစက်စေနိုင်တယ်။ ပိုးရှိမိခင်ကနေ မွေးလမ်းကြောင်းကနေမွေးလို့ ကလေးကို ကူးစက်ရင် မျက်စိကွယ်စေနိုင်တဲ့အထိ ဆိုးတာဖြစ်နိုင်တယ်။ အဆစ်နာဖြစ်နိုင်တယ်။

ဓါတ်ခွဲခန်းမှာ ဆေးစစ်နိုင်တယ်။ သားအိမ်ဝ၊ ဆီးလမ်း၊ စအိုလမ်း၊ လည်ချောင်းက အရည်ကိုယူစစ်ရတယ်။ ဆေးကုရတာ မခက်လှပါ။ ခက်တာက ဆေးယဉ်တာတွေရှိနေတယ်။ ဂနိုးရီးယားနဲ့အတူ (ကလာမိုင်ဒီးယား) ပါ ရောဖြစ်တာ များတယ်။ တပြိုင်နက်တည်း (ဆစ်ဖလစ်) ကိုပါ တွဲစစ်သင့်တယ်။

Treatment ဘယ်လိုကုသမလဲ။ တမျိုးမျိုးကိုရွေးနိုင်ပါတယ်။
• Ceftriaxone 125 mg IM တကြိမ်ထိုးပါ။
• Cefixime 400 mg တကြိမ်သောက်ပါ။
• Ciprofloxacin 500 mg တကြိမ်သောက်ပါ။
• Ofloxacin 400 mg တကြိမ်သောက်ပါ။
• Cefuroxime Axotal 1 gram တကြိမ်သောက်ပါ။
• Cefpodoxime proxetil 200 mg တကြိမ်သောက်ပါ။
• Enoxacin 400 mg တကြိမ်သောက်ပါ။
• ရှုတ်ထွေးတဲ့ ဂနိုရောဂါ၊ Penicillin G 10 million units IV အကြောဆေး ၅ ရက်ထိုးပါ။ ဒါမှမဟုတ် Ceftriaxone 1 Gm IV အကြောဆေး ၅ ရက်ထိုးပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၅ ရက်သောက်ပါ။
• Endocarditisနှလုံးသားရောင်ရင် Ceftriaxone 1 Gm တနေ့ ၂ ကြိမ် ၃ ပါတ်ကြာ အကြောဆေးထိုးပါ။

သတိထားဘို့က ပိုးက Ciprofloxacin, Ofloxacin (Levofloxacin) နဲ့ Enoxacin ဆေးတွေကိုယဉ်တာ များလာနေတယ်။ ကာကွယ်တာမှာ လိင်မဆက်ဘဲနေပါ။ ဆက်ဆံရင် (ကွန်းဒွမ်) ကို စနစ်တကျသုံးပါ။ ရောဂါလက္ခဏာ ရှိနေသူနဲ့ ဆေးကုသမှုမပြီးခင် မဆက်ဆံပါနဲ့။

1. Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD http://dts-medicaleducation-adult.blogspot.in/2012/03/chlamydia-std.html
2. Gonorrhea ဂနိုရောဂါ http://dts-medicaleducation-adult.blogspot.in/2012/03/gonorrhea.html

-ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၃ 


ခေါင်းထဲမှာက အမှတ်တစ်ရာ ရင်ထဲမှာက သုညနှင့် အပေါင်းအသင်းများ


 
ရေးသားသူ- မောင်သာချို

(တစ်)

စာရေးဆရာကြီးမြသန်းတင့် စိတ်ရှည်လက်ရှည် ဘာသာပြန်ဆိုပေးသော ကျေးဇူးဖြင့် ကမ္ဘာ့ဂန္ထ၀င်ဝတ္ထုရှည်ကြီး အများအပြားကို ထိတွေ့မြည်းစမ်းခွင့်ရခဲ့ရာ စာရေးဆရာမ M.M. Kaye ၏ The Far Pavilions ၀တ္ထုရှည်ကြီးသည်လည်း တစ်ပုဒ်အပါအ၀င်ဖြစ်သည်။ ဆရာက သည်ဝတ္ထုရှည်ကြီးကို “ရွှေပြည်တော်မျှော်တိုင်းဝေး”အမည်ဖြင့် ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်ပါသည်။

ဤ၀တ္ထုပါ ဇာတ်လိုက်မင်းသား အက်ရှ်က မိခင်ရော ဖခင်ပါ ကွယ်လွန်ပြီးနောက် ဗြိတိသျှကိုလိုနီ အိန္ဒိယ၌ စစ်ဗိုလ်ကလေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ တစ်နေ့ အိန္ဒိယနိုင်ငံသား ဘီဂျူရန်းက အက်ရှ်ကို အဆိပ်လူးဓားမြှောင်ဖြင့် အလစ်အငိုက်ဝင်ထိုးစဉ် အက်ရှ်က ရှောင်ကာ ခြေထိုးပေးလိုက်သဖြင့် ဘီဂျူရန်း ၀မ်းလျားထိုးလဲကျကာ မထနိုင်ဘဲရှိနေစဉ် ဓားမြှောင်ကိုကောက်ကာ ထိုးရန်လုပ်ပြီးကာမှ မထိုးဖြစ်ဘဲ တုံ့သွားတွန့်သွားသဖြင့် ယင်းကိုစာရေးသူက သုံးသပ်ချက်ထည့်ထားပေးခဲ့ပါသည်။ ဤကဲ့သို့ လက်နက်မဲ့လူတစ်ယောက်ကို နောက်ကျောမှနေ၍ ဓားဖြင့်ထိုးရန် တုံ့သွားတွန့်သွားရခြင်းမှာ အင်္ဂလိပ်တို့၏ မျိုးရိုးဗီဇနှင့် အင်္ဂလိပ်ပညာရေးကြောင့်တဲ့။

ဤနေရာတွင် ကျွန်တော်က အင်္ဂလိပ်ပညာရေးတွင် စာသင်ခန်းတွေထဲ၌ ဤကဲ့သို့ လူကြီးလူကောင်းဆန်သည့် စိတ်ဓာတ်မျိုးကို သွတ်သွင်းပေးလိုက်ကြောင်း ဆိုသည့်အချက်ကို အံ့သြသွားမိခြင်း ဖြစ်ပါသည်။

သြော်...စာသင်ခန်းတွေထဲကနေ (သို့မဟုတ်) သင်ရိုးညွှန်းတမ်းတွေထဲကနေ တိုင်းပြည်နှင့်လူမျိုးအတွက် အလိုရှိအပ်စွာသော နိုင်ငံတော်သားတစ်ယောက်ကို ပုံသွင်းထုတ်လုပ်ပေးနိုင်သည်ဆိုပါ့လား။

ဤနေရာ၌ ပုံသွင်းထုတ်လုပ်ပေးလိုက်သည်ဆိုခြင်းမှာ သင်္ချာတော်သူ၊ အင်္ဂလိပ်စာတော်သူ၊ ရူပဗေဒတော်သူ၊ ဓာတုဗေဒတော်သူ စသည်စသည်ဖြင့် အသိဉာဏ်ကို ထူးချွန်အောင် ပုံသွင်းပေးလိုက်ရုံမျှသာမက စံမီသော လူသားတစ်ယောက်၏ နှလုံးသားမျိုးရှိနေစေရန် စိတ်ကိုပါ ပုံသွင်းပေးလိုက်သည့် စာသင်ခန်းများနှင့် သင်ရိုးညွှန်းတမ်းများကို ဆိုလိုခြင်းဖြစ်ပါသည်။

(နှစ်)

မြန်မာ့ပညာရေးကို စိတ်ဝင်စားသူ စေတနာရှိသူ တချို့တချို့တို့နှင့် အကြောင်းတိုက်ဆိုင်တိုင်း စာသင်ခန်းများနှင့် သင်ရိုးညွှန်းတမ်းများအကြောင်း တောင်ရောက်မြောက်ရောက် ပြောဖြစ်တတ်ရာ အခြေခံပညာ၌ လူငယ်တို့၏စိတ်ကိုပြင်သည့် သင်ရိုးများ အားနည်းကြောင်းကို မကြာခဏ ကြားရတတ်ပါသည်။ ကိုယ်ချင်းစာတရားရှိဖို့၊ ကိုယ်ကျင့်တရား မားမတ်ခိုင်ခံ့ဖို့၊ မေတ္တာကရုဏာမုဒိတာ ဥပေက္ခာ စသည့် ဗြဟ္မစိုရ်တရားလေးပါးကို ကျင့်ကြံလက်ခံနိုင်ဖို့ အဂတိတရားလေးပါးကနေ သွေဖည်နိုင်ဖို့၊ ဟီရိသြတ္တပခေါ် မဟုတ်တာကိုလုပ်ရန် ရှက်ကြောက်ဝန်လေးသည့် လောကပါလတရားနှစ်ပါးကို စောင့်ထိန်းဖို့၊ သဘောထားကြီးဖို့၊ တာဝန်ယူတတ်ဖို့၊ ခွင့်လွှတ်သည်းခံတတ်ဖို့၊ လောကဓံတရားရှစ်ပါးကို မတုန်လှုပ်ဖို့ စသည်စသည်ဖြင့် လူ့လောကကို ဖြတ်သန်းရင်ဆိုင်ကြရလေသောအခါ ထားရှိအပ်သည့် စိတ်အခြေခံသဘောတရားများကို ပါးပါးနပ်နပ်ဖြင့် တည်ဆောက်ပေးသော သင်ရိုးများအားနည်းခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

အကယ်၍ ရှားတောင့်ရှားပါး ထိုသို့သော သင်ရိုးများ ပါရှိနေသည်ထားဦး ဆရာ၊ ဆရာမ တချို့၏ သင်ကြားပုံနည်းစနစ်က လွဲမှား၍နေပါသည်။ အချက်အလက်များကို ထုတ်နုတ်ကာ မေးတတ်ဖြေတတ်လျှင် အောင်မြင်ပြီဟု သဘောထားလျက် စိတ်ကိုသင်ရန် မေ့လျော့နေခြင်းဖြင့် အလွဲကြီးလွဲခဲ့ရခြင်းပင် ဖြစ်ပါသည်။

(သုံး)

လူတိုင်းလိုလိုနှင့် ရင်းနှီးသည့် ကဗျာကလေးတစ်ပုဒ်ကို ဖော်ပြပါရစေ။ ဆရာမင်းသုဝဏ်၏ လက်ရာကလေး ကဗျာကလေးတစ်ပုဒ်ဖြစ်ပါသည်။

ကြက်တူရွေး ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
ညီပုလေးကို စာအံသင်
ရွှေခဲစာအံသင်။
ညီလေးခင်က စာပြန်တုန်း
ရွှေခဲစာပြန်တုန်း။
ဝလုံးရေးဖို့ ညီလေးတိုင်
ရွှေခဲမရေးနိုင်။
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
ရွှေခဲကြက်တူရွေး။

သည်ကဗျာကို ဆရာမတစ်ယောက် ကလေးတွေကို သင်ကြားပေးနေခဲ့ပုံက အမေးအဖြေပုံစံနှင့် ဖြစ်ပါသည်။ သာဓကဆောင်ပါရစေ။

ကဗျာထဲရှိငှက်ကို ဖော်ပြပါ။
ကြက်တူရွေးငှက်ဖြစ်ပါသည်။

ညီလေးသည် ဦးစွာဘာလုပ်နေသနည်း။
စာအံနေပါသည်။

ညီလေး စာပြန်သောအခါ ကြက်တူရွေးက မည်သို့လုပ်သနည်း။
စာလိုက်အံပါသည်။

ထို့နောက် ညီလေး ဘာလုပ်သနည်း။
ညီလေး ၀လုံးရေးပါသည်။

ထိုအခါ ကြက်တူရွေး ဘာလုပ်သနည်း။
ငိုင်သွားပါသည်...တဲ့။

ဤကဲ့သို့ အမေးများနှင့် အဖြေများကို ကွက်တိဖြေနိုင်လျှင် အမှတ် ၁၀၀ ပေးသည်ဟု ဆိုကြပါစို့။ အချက်အလက်တစ်ခုမှားလျှင် အမှတ်အနည်းငယ်စီ လျှော့ကာလျှော့ကာ သွားခြင်းဖြင့် စာသင်သားကို ကောင်း၊ ဆိုး၊ တော်၊ ညံ့ လုပ်ပစ်သော သင်ကြားနည်းပင် ဖြစ်ပါသည်။ အံ့သြစရာကောင်းလိုက်တာ။

တကယ့်ကဗျာ၏ ရည်မှန်းချက်က ကလေးများ၏ ရင်တွင်းသို့ ကိုယ်ချင်းစာတရား (Sympathy) သွင်းပေးဖို့ ဖြစ်ပါသည်။

မိမိစာကို သင်အံရွတ်ဆိုစဉ်က တုပကာ လိုက်ပြီးရွတ်ဆိုနိုင်ခဲ့သော ကြက်တူရွေးငှက်ကလေး မိမိစာပေရေးသားတော့ သူ့ခမျာ လက်မရှိသဖြင့် လိုက်မရေးနိုင်တော့သောကြောင့် ငိုင်တွေကာသွားရပုံကို ကလေးတို့အား သတိပြုမိစေကာ ကိုယ့်လောက်မဖွံ့ဖြိုးသူ၊ ကိုယ့်လောက်မပြည့်စုံသူ၊ ကိုယ့်လောက်မကြွယ်ဝသူ တစ်ဦးဦး တစ်ယောက်ယောက်အပေါ် စာနာထောက်ထား သနားညှာတာသောစိတ် ၀င်ရောက်လာစေရန်အတွက် ပျိုးထောင်ပေးရမည့် ကဗျာဖြစ်ပါသည်။ Feeling with other, Feeling into other ဟု ဖွင့်ဆိုသကဲ့သို့ အခြားနှင့်အတူ ၀င်ရောက်ခံစားတတ်သော အခြား၏နေရာကနေ ၀င်ရောက်ခံစားတတ်သော ကိုယ်ချင်းစာတရား (Sympathy)ကို ပျိုးထောင်ပေးရမည့်ကဗျာ ဖြစ်ပါသည်။ ကိုယ်ချင်းစာတတ်သော စိတ်သည် လူနှင့်တိရစ္ဆာန်ကို ခွဲခြားပစ်လိုက်သောစိတ်ဖြစ်သည့်အတွက် လူ့အဖွဲ့အစည်း နေပျော်ထိုင်ပျော်ဖြစ်ဖို့ လူတိုင်း၌ အလိုရှိအပ်စွာသော စိတ်အခြေခံသဘောတရား တစ်ရပ်ဖြစ်ရာ ယင်းကို ကလေးတိုင်း၏ ရင်ထဲသို့ သွင်းပေးနိုင်ပါမှ ဤကဗျာကို သင်ကြားမှု ပေါက်မြောက်အောင်မြင်သည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းဘေးအကြော်တဲက လူတစ်ယောက်ကို အနွေးအင်္ကျီချွတ်ပေးတာ၊ ကရုဏာရှင်မကြီး မာသာထရီဆာ (Mother Teresa) ဘ၀တစ်ခုလုံးကို သောကပရိဒေ၀သမားတို့အတွက် ထိုးကျွေးပေးတာ၊ ကွန်ပျူတာသမား ဘီလ်ဂိတ် (Bill Gates) ဒေါ်လာ ၅၈ ဘီလီယံကို ကမ္ဘာသူ၊ ကမ္ဘာသားတို့အတွက် ပုံအောပေးတာ စသည်စသည်တို့သည် ထိုကိုယ်ချင်းစာတရား အခြေခံကနေ အကောင်အထည်ပေါ်ကာ ဖွံ့ဖြိုးလာကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုစိတ်မျိုးထွန်းကားလာစေရန် ကဗျာကိုမသင်ဘဲ ကျွန်တော် အထက်တစ်နေရာ၌ ရေးပြထားခဲ့သလို အမေးနှင့်အဖြေပုံစံဖြင့် သင်ကြားနေခြင်းဖြင့် ဘာများအကျိုးရှိနိုင်ပါသနည်း။

လွယ်ကူသော ဥပမာတစ်ခုကို ထပ်ဆင့်သာဓက ဆောင်ပါရစေဦး။

တို့တာဝန်

လယ်သမားကြီး ဦးသာအောင်
စပါးစိုက်ကာ ပြည်ကျိုးဆောင်။
ကိုဖိုးမောင် အလုပ်သမား
ကုန်ထုတ်တိုးဖို့ သူ ကြိုးစား။

ဦးဖိုးကျားက ကျောင်းဆရာ
စာပေတတ်ဖို့ သင်ပေးတာ။
မောင်ထွန်းသာ တပ်မတော်သား
နိုင်ငံ့ရန်ကို ကာကွယ်ထား။

စာဖြန့်ဖြူးရေး မောင်သိန်းတန်
စာပို့ရာတွင် အချိန်မှန်။
ကိုသာဇံ မီးသတ်သမား
မီးသတ်ရာတွင် သူ စွန့်စား။

ရဲသားကြီးက ကိုလှရွှေ
လူဆိုးဖမ်းဖို့ တာဝန်ကျေ။
တို့လုံမေ မခင်မြ
ယာဉ်ထိန်းရာတွင် ကျွမ်းကျင်လှ။

ဦးစိန်ဘက ဆရာဝန်
ကုသရေးမှာ သူ ထူးချွန်။
မလှမွန် သူနာပြု
စေတနာနှင့် သူ ပြုစု။

ဦးသာနုက ခေါင်းဆောင်ကာ
ကျေးရွာကောင်းကျိုးသယ်ပိုးမှာ။
ကားဆရာ ကိုဘသောင်း
ဘေးရန်ကြည့်၍ သတိနှင့်မောင်း။

ကျောင်းသူ၊ ကျောင်းသား တို့အဖော်
အရွယ်ရောက်လို့ ကြီးပြင်းသော်။
ပညာတော် မြတ်စိတ်ထား
တာဝန်ကိုယ်စီထမ်းစို့လား။

ဤကဗျာကိုသင်သောအခါ လယ်သမားကြီး၏အမည်ကိုဖော်ပြပါ။ ဦးသာအောင်။ အလုပ်သမားကြီး၏အမည်ကိုဖော်ပြပါ။ ကိုဖိုးမောင်။ ကျောင်းဆရာကြီး၏အမည်ကိုဖော်ပြပါ။ ဦးဖိုးကျား။ စစ်သားကလေး၏အမည်ကိုဖော်ပြပါ။ မောင်ထွန်းသာ စသည် စသည်ဖြင့် မေးကြရုံ ဖြေကြရုံမျှနှင့် ကဗျာသင်ကြားမှုသည် ဘာများအကျိုးသက်ရောက်ပါစ။

လယ်သမားကြီး၊ အလုပ်သမားကြီး၊ ကျောင်းဆရာ၊ တပ်မတော်သား၊ စာပို့လုလင်၊ မီးသတ်ရဲဘော်၊ ရဲသား၊ ယာဉ်ထိန်းရဲမေ၊ ဆရာဝန်၊ သူနာပြု၊ ရပ်ရွာအကျိုးဆောင်၊ ကားဆရာ စသည်စသည်တို့သည် ကိုယ့်အခန်းကဏ္ဍကနေ ကိုယ့်တာဝန်ကျေစွာ ဆောင်ရွက်နေကြသလို ကလေးတို့လည်း အိမ်တွင် ကိုယ့်တာဝန်ကိုယ်သိကာ ကျေပွန်စွာ ဆောင်ရွက်လိုသော စိတ်မျိုးဝင်သွားအောင် သင်ကြားသွတ်သွင်းပေးပါမှ တာဝန်သိသူ နိုင်ငံသားတစ်ယောက် ဖြစ်ထွန်းလာရေး၌ သင်ကြားမှုက ထောက်ကူနိုင်ပါလိမ့်မည်။

(လေး)

ထို့ကြောင့် အထက်တစ်နေရာ၌ ကျွန်တော်ချရေးထားခဲ့သလို အခြေခံပညာ၌ စိတ်ကိုသင်သည့် သင်ရိုးများနည်းပါးကာ ပါဝင်နေခဲ့လျှင်လည်း သင်ကြားပုံ သင်ကြားနည်း အားနည်းချို့ငဲ့ကာ ဘေးသို့ချော်နေသဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အလိုရှိအပ်စွာသော ပေမီဒေါက်မီ နှလုံးသားပိုင်ရှင် နိုင်ငံတော်သားများကို ဆုံးရှုံးနေခဲ့ရခြင်းဖြစ်ပါသည်။

“ရွှေပြည်တော် မျှော်တိုင်းဝေး”၀တ္ထုထဲက ဇာတ်လိုက်မင်းသားအက်ရှ်က တစ်ဖက်ရန်သူ မလှုပ်သာ၊ မရှားသာသော အနေအထားတွင် နောက်ကျောကနေ ဓားဖြင့်ထိုးသတ်နိုင်ပါလျက် မထိုးဘဲ မျက်နှာချင်းဆိုင်အနေအထားသို့ရောက်အောင် စောင့်နေခဲ့သောစိတ်ဓာတ်ကို M.M.Kaye က အင်္ဂလိပ်တို့၏ ပညာရေးကြောင့်ဟုဆိုခဲ့ပါပြီ

စာသင်ခန်းတွေက သူတို့နိုင်ငံသားများ၏ နှလုံးသားပုံစံကို ထုဆစ်ပေးလိုက်ကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့၏ စာသင်ခန်းများထဲ၌ နှလုံးသားလေ့ကျင့်ခန်း သင်ခန်းစာများ အားနည်း၊ မနည်း၊ အကယ်၍ ထိုသင်ခန်းစာမျိုးပါနေခဲ့လျှင်လည်း သင်ကြားပုံ အားနည်း၊ မနည်း ပြန်လည်၍ စောင်းငဲ့ကြည့်ကြသော် ကောင်းလေစွဟု တောင့်တနေမိပါသည်ခင်ဗျား။ ။

Credit to :7Day News Journal

"Turn Me On"



"Turn Me On" (feat. Nicki Minaj)
[Nicki Minaj:]Docta docta, need you back home, baby
Docta Docta, where you at?


Give me something
I need your love
I need your love
I need your loving
You got that kind of medicine that keeps me comin'

My body needs a hero
Come and save me
Something tells me you know how to save me
I've been feeling weird, oh!
Oh, I need you to come and rescue me

[Chorus:]
Make me come alive
Come on turn me on
Touch me, save my life
Come on and turn me on
I'm too young to die
Come on and turn me on
Turn me on
Turn me on
Turn me on
Turn me on

Make me come alive
Come on turn me on
Touch me, save my life
Come on and turn me on
I'm too young to die
Come on and turn me on
Turn me on
Turn me on
Turn me on
Turn me on

[Nicki Minaj:]
Oh, you make it, make it right
My temperature is super high
If I scream, if I cry
It's only 'cause I feel alive

My body needs a hero
Come and save me
Something tells me you know how to save me
I've been feeling weird, oh!
Oh, I need you to come and rescue me

[Chorus:]
Make me come alive
Come on turn me on
Touch me, save my life
Come on and turn me on
I'm too young to die
Come on and turn me on
Turn me on
Turn me on
Turn me on
Turn me on

Make me come alive
Come on turn me on
Touch me, save my life
Come on and turn me on
I'm too young to die
Come on and turn me on
Turn me on
Turn me on
Turn me on
Turn me on

[Bridge:]
You've got my life in the palm of your hands
Come and save me now
I know you can, I know you can

D,D,D,D,Don't let me die young, I just want you to father my young
I just want you to be my docta, we can get it crackin' chiropractor, I, I, I, I

I,I,I I know you can save me
And make me feel alive

[Chorus:]
Make me come alive
Come on turn me on
Touch me, save my life
Come on and turn me on
I'm too young to die
Come on and turn me on
Turn me on
Turn me on
Turn me on
Turn me on

အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ


 Friday, February 01, 2013

ယခင် ကာလများက အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏ ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည် ဖောက်ပြန်မှုကို ရှာဖွေ ဖော်ထုတ်ရန် အတွက်
အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ် မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့် ညစာစားပွဲ ငွေရှင်း လက်ခံ ဖြတ်ပိုင်း များ၏ နောက်ဆက်တွဲ မသင်္ကာဖွယ် အချက်များကို အသုံးပြုခဲ့ ကြသည်။

သို့သော် ယနေ့ခေတ် နည်းပညာ ဖွံ့ဖြိုး တိုးတက်သော အချိန် ကာလတွင်မူ ခင်ပွန်းသည်၏ မိုဘိုင်းလ်ဖုန်းအား စစ်ဆေး ကြည့်ရှုခြင်း သည် ၎င်းတို့၏ အရှုပ် ဇာတ်လမ်းများ ကို ဖော်ထုတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

iPhone ၏ အလိုအလျောက် မက်ဆေ့ခ်ျ ပေးပို့ မှုအား ပြန်လည် ကြည့်ရှုရာတွင် ဖုန်းဝင် လာလျှင် ဝင်လာချင်း မှာပင် အမည်အား ဖုန်းဖန်သားပြင် ပေါ်တွင် ပေါ်လာခြင်းကြောင့် ၎င်း အချက်သည်လည်း လိမ်လည်မှု တစ်ရပ်ကို အလွယ်တ ကူ ဖော်ထုတ်နိုင်သည့် နည်းပညာများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗြိတိန် နိုင်ငံမှ အိမ်ထောင် ရှိ လျက်နှင့်ပင် အခြား အမျိုးသမီး တစ်ဦးနှင့် လျှို့ ဝှက် ဆက်သွယ်နေသူ သို့မဟုတ် အမျိုးသမီး တစ်ဦးနှင့် အတူ တွေ့ရှိရသူ အရွယ် ရောက်ပြီးသော အိမ်ထောင်သည် အမျိုးသား ၂၄ဝဝ နီးပါး ခန့်သည် ၎င်း တို့၏ သစ္စာမဲ့ ဖောက်ပြန်မှုများအား မိုဘိုင်းလ်ဖုန်း စုံစမ်း ထောက်လှမ်းရေး ဝက်ဘ်ဆိုက်ပေါ်၌ အခြေအနေ အရပ်ရပ်ကို စုံစမ်း မေးမြန်းခြင်းဖြင့် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ စုံစမ်း မေးမြန်းမှု၏ ထက်ဝက် နီးပါးခန့် (၄၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်း ပေါ်မှ ထူးခြား ထင်ရှားချက်များကို စစ်ဆေးရန် သာ ဖြေကြားထားသည်။ ထို့ပြင် Facebook ကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်မှ တစ်ဆင့် စုံစမ်း ထောက်လှမ်းခြင်းသည်လည်း လိမ်လည်
ဖောက်ပြန်သူ တစ်ဦး အား ရှာဖွေ ဖော်ထုတ်ရန် အတွက် ထိရောက်သော ဒုတိယ နည်းလမ်းပင် ဖြစ်သည်။

လေ့လာမှုအရ ခြေလှမ်းမှား နေမှုကို မိုဘိုင်းလ်ဖုန်းဖြင့် ၄၁ ရာခိုင်နှုန်း၊ လူမှုရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှ ၂၃ ရာခိုင်နှုန်း၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာ၊ လက်တော့ပ်၊ Tablet ကွန်ပျူတာတို့မှ ၁၃ ရာခိုင်နှုန်း၊ ချိန်းဆို မှုအား ရှာဖွေ တွေ့ရှိမှု ၁၁ ရာခိုင်နှုန်း၊ မိတ်ဆွေ သူငယ်ချင်းများ ၏ ပြောကြား မှု ၅ ရာခိုင်နှုန်း၊ မိသားစု အဖွဲ့ဝင်များ၏ ပြောကြားမှု ၃ ရာခိုင်နှုန်း၊ ကိုယ်တိုင် ဝန်ခံ ပြောကြားမှု ၂ ရာခိုင်နှုန်းနှင့် အခြားနည်းလမ်းဖြင့် သိရမှု ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်။

မြ၀တီ
အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ 
Friday, February 01, 2013

ယခင် ကာလများက အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏  ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည် ဖောက်ပြန်မှုကို ရှာဖွေ
ဖော်ထုတ်ရန် အတွက်

အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ်မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့် ညစာစားပွဲ ငွေရှင်း လက်ခံ ဖြတ်ပိုင်း များ၏ နောက်ဆက်တွဲ မသင်္ကာဖွယ် အချက်များကို အသုံးပြုခဲ့ ကြသည်။ 

သို့သော် ယနေ့ခေတ် နည်းပညာ ဖွံ့ဖြိုး တိုးတက်သော အချိန် ကာလတွင်မူ ခင်ပွန်းသည်၏ မိုဘိုင်းလ်ဖုန်းအား စစ်ဆေး ကြည့်ရှုခြင်း သည် ၎င်းတို့၏  အရှုပ် ဇာတ်လမ်းများ ကို ဖော်ထုတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ 

iPhone ၏ အလိုအလျောက် မက်ဆေ့ခ်ျ ပေးပို့ မှုအား ပြန်လည် ကြည့်ရှုရာတွင် ဖုန်းဝင် လာလျှင် ဝင်လာချင်း မှာပင် အမည်အား ဖုန်းဖန်သားပြင် ပေါ်တွင်  ပေါ်လာခြင်းကြောင့် ၎င်း အချက်သည်လည်း လိမ်လည်မှု တစ်ရပ်ကို အလွယ်တ ကူ ဖော်ထုတ်နိုင်သည့် နည်းပညာများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗြိတိန် နိုင်ငံမှ အိမ်ထောင် ရှိ လျက်နှင့်ပင် အခြား အမျိုးသမီး တစ်ဦးနှင့် လျှို့ ဝှက် ဆက်သွယ်နေသူ သို့မဟုတ် အမျိုးသမီး တစ်ဦးနှင့်  အတူ တွေ့ရှိရသူ အရွယ် ရောက်ပြီးသော အိမ်ထောင်သည် အမျိုးသား ၂၄ဝဝ နီးပါး ခန့်သည် ၎င်း တို့၏ သစ္စာမဲ့ ဖောက်ပြန်မှုများအား မိုဘိုင်းလ်ဖုန်း စုံစမ်း ထောက်လှမ်းရေး ဝက်ဘ်ဆိုက်ပေါ်၌ အခြေအနေ အရပ်ရပ်ကို စုံစမ်း မေးမြန်းခြင်းဖြင့် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ စုံစမ်း မေးမြန်းမှု၏ ထက်ဝက် နီးပါးခန့် (၄၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်း ပေါ်မှ ထူးခြား ထင်ရှားချက်များကို စစ်ဆေးရန် သာ ဖြေကြားထားသည်။ ထို့ပြင် Facebook ကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်မှ တစ်ဆင့် စုံစမ်း ထောက်လှမ်းခြင်းသည်လည်း လိမ်လည်
ဖောက်ပြန်သူ တစ်ဦးအား ရှာဖွေ ဖော်ထုတ်ရန် အတွက် ထိရောက်သော ဒုတိယ နည်းလမ်းပင် ဖြစ်သည်။ 

လေ့လာမှုအရ ခြေလှမ်းမှား နေမှုကို မိုဘိုင်းလ်ဖုန်းဖြင့် ၄၁ ရာခိုင်နှုန်း၊ လူမှုရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှ ၂၃ ရာခိုင်နှုန်း၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာ၊ လက်တော့ပ်၊ Tablet ကွန်ပျူတာတို့မှ ၁၃ ရာခိုင်နှုန်း၊ ချိန်းဆို မှုအား ရှာဖွေ တွေ့ရှိမှု ၁၁ ရာခိုင်နှုန်း၊ မိတ်ဆွေ သူငယ်ချင်းများ ၏ ပြောကြား မှု ၅ ရာခိုင်နှုန်း၊ မိသားစု အဖွဲ့ဝင်များ၏ ပြောကြားမှု ၃ ရာခိုင်နှုန်း၊ ကိုယ်တိုင် ဝန်ခံ ပြောကြားမှု ၂ ရာခိုင်နှုန်းနှင့် အခြားနည်းလမ်းဖြင့် သိရမှု ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်။  

မြ၀တီ

အရေးမပေးသင့်သော မိန်းမများ

 



1. ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ.....
2. အင်္ကျီလယ်ဟိုက်sexyကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွလုပ်တက်သောမိန်းမ.
...
3. ဘောင်းဘီချက်ပျုတ်စတိုင်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင်ဝတ်ထားသောမိန်းမ.....
4. အင်္ကျီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကိုပြချင်သောမိန်းမ....
5. စကတ်တိုလက်တအုပ် အရှက်ထုတ်ကို မလုံ့ တလုံပေါ်အောင်ဝတ်တက်သောမိန်းမ....
6. ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာတက်တူးထိုးထားသောမိန်းမ....
7. နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင်လှုပ်ချင်တဲ့မိန်းမ....
8. ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကိုကားထိုင်သောမိန်းမ....
9. ယောက်ျားတွေမြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတက်သောမိန်းမ....
10. မျက်နှာတစ်ပြင်လုံးရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေတက်ထားသောမိန်းမ....
11. သွားမှာစိန်မြှုတ် ရယ်စရာမဟုတ် ရယ်စရာလုပ်ဤ တဖြဲဖြဲရယ်ပြနေသောမိန်းမ....
12. လူစုံလျင်ဂျင်းသုပ် သုပ် အတင်း တလှုပ်လှုပ်ပြောတက်သောမိန်းမ....
13. အလုပ်နားရက်ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သောမိန်းမ....
14. ဝင်ငွေရရေးလက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေးချဲထိုးသောမိန်းမ....
15. လမ်းသွားလျင်မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသောမိန်းမ.....
16. အပြောပက်စက် လက်ကသွက် တို့  ဆိတ် လိမ်ဆွဲဤ ပြောတက်သောမိန်းမ...
17. အချစ်ကိုရောင်းပိုက်ဆံတောင်း လိုချင်တာကိုချူယူတက်သောမိန်းမ....
18. အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက်ဝတ်တက်သောမိန်းမ....
19. အတုနဲ့ အစစ်ရောလို့ ဝတ် လူမြင်တိုင်းအမိအရကြွားတက်သောမိန်းမ...
20. ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသောမိန်းမ....
21. နိုင်ငံခြားပြန် အခွံသာကျန် အပျိုရည်ပျက်နေသောမိန်းမ...
22. ရည်းစားရှိလည်း နံ့ ကြောဆွဲ သာတာမြင်ရင် မျက်စောင်းထိုးတက်သောမိန်းမ
23. ရင်ဖုံးအင်္ကျီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကာအမှန်တွေနဲ့ ပါ ပါသွားတဲ့မိန်းမ...
24. အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသောမိန်းမ...
25. ကိုယ့်ထက်သာလျင်အပြစ်မြင် မနာလိုစိတ်ထားရှိသောမိန်းမ....
26. Rapperဆိုရင်အသေကြိုက် အဖေရိုက်လည်းရိုက်ပစေဆိုတဲ့ ဆက်စလူးစိန်မိန်းမ....
27. အလုပ်ပြီးလျင် net ဆိုင်ဝင် လူတကာနဲ့ အရသာခံကြူတက်သောမိန်းမ....
28. အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသောမိန်းမ.....
29. ကိုးရီးယားဆိုအထင်ကြီး ငရုပ်သီးစက်တာကိုတောင် အူပါး လို့ အော်တက်တဲ့မိန်းမ....
30. ညအိပ်ရာဝင်ရေမချိုးချင် ညစ်ပတ်နံစော်နေသောမိန်းမ......

"Super Bass"


           
           
"Super Bass" (feat. Ester Dean)

[Verse 1:]
This one is for the boys with the booming system
Top down, AC with the cooling system
When he come up in the club, he be blazin' up
Got stacks on deck like he savin' up

And he ill, he real, he might got a deal
He pop bottles and he got the right kind of bill
He cold, he dope, he might sell coke
He always in the air, but he never fly coach
He a motherfucking trip, trip, sailor of the ship, ship
When he make it drip, drip kiss him on the lip, lip
That's the kind of dude I was lookin' for
And yes you'll get slapped if you're lookin' hoe

I said, excuse me, you're a hell of a guy
I mean my, my, my, my you're like pelican fly
I mean, you're so shy and I'm loving your tie
You're like slicker than the guy with the thing on his eye, oh
Yes I did, yes I did, somebody please tell him who the F I is
I am Nicki Minaj, I mack them dudes up, back coupes up, and chuck the deuce up

[Chorus: Ester Dean & Nicki Minaj]
Boy you got my heartbeat runnin' away
Beating like a drum and it's coming your way
Can't you hear that boom, badoom, boom, boom, badoom, boom, bass
Yeah that's the super bass
Got that super bass boom, badoom, boom, boom, badoom, boom, bass
Yeah that's the super bass
(Boom) [x15]
You got that boom, badoom, boom, boom, badoom, boom, he got that super bass
Boom, badoom, boom, boom, badoom, boom, he got that super bass

[Verse 2:]
This one is for the boys in the polos
Entrepreneur niggas & the moguls
He could ball with the crew, he could solo
But I think I like him better when he dolo
And I think I like him better with the fitted cap on
He ain't even gotta try to put the mac on
He just gotta give me that look, when he give me that look
Then the panties comin' off, off, uh
Excuse me, you're a hell of a guy you know I really got a thing for American guys
I mean, sigh, sickenin' eyes I can tell that you're in touch with your feminine side, oh
Yes I did, yes I did, somebody please tell him who the F I is
I am Nicki Minaj, I mack them dudes up, back coupes up, and chuck the deuce up

[Chorus: Ester Dean & Nicki Minaj]

[Hook:]
See I need you in my life for me to stay
No, no, no, no, no I know you'll stay
No, no, no, no, no don't go away (ay-ay)
Boy you got my heartbeat runnin' away
Don't you hear that heartbeat comin' your way
Oh it be like, boom, badoom, boom, boom, badoom, boom, bass
Can't you hear that boom, badoom, boom, boom, badoom, boom, bass

[Chorus: Ester Dean & Nicki Minaj]



 

မက်လင်ပင်ကြီးတွေအောက်မှာ ( နေမျိုး )



ကွယ်လွန်သွားတဲ့ ဇနီးသည်ရဲ့သေတ္တာကို
ဒီမနက်မှာတဖန်
ဖွင့်ကြည့်လိုက်တော့
မက်လင်ပင်ကြီးများ ပေါက်ရောက်နေတာတွေ့ရ။

ငါလေ
မက်လင်ပင်ကြီးတွေအောက်မှာ
တစ်ယောက်တည်းလျှောက်သွား
စာအုပ်တစ်အုပ်လောက်ရေးဖို့ စဉ်းစားမိ
အဲဒီစာအုပ်စာဟာ ‘အကယ်၍’ ဆိုတဲ့ စကားလုံးမပါတဲ့
စာအုပ်ပေါ့ကွာ

ငါ မက်လင်ပင်ကြီးတွေအောက်မှာ
နာရီပေါင်းများစွာ ကြာမြင့်ခဲ့
ဝါကျတစ်ကျောင်းမှလည်း မရခဲ့ပါဘူး

ချစ်ဇနီးရေ
မက်လင်ပင်ကြီးတွေအောက်မှာ
အမြဲပဲအေးစိမ့်နေတာဟာ
တစ်စုံတစ်ယောက် ငိုကြွေးခဲ့တဲ့မျက်ရည်တွေ
စွတ်စိုယိုစိမ့်နေခဲ့လိုပဲ ဖြစ်မှာပေါ့။ ။

နေမျိုး
(လူဖြစ်ရတာကောင်းတယ်)
 

ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ


ရှားစောင်း လက်ပပ် အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ ဖြတ်ပါ။ တစ်ယောက်စာ အတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင်မှာပဲ ချန်ထားခဲ့ပါ။ ရေစင်စင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ် လိုက်ပါ။

၁။ ဓါးနဲ့ ပါးပါးလှီးပြီး သစ်သီး ဖျော်ရည်စက်နဲ့ မွှေပါ။

၂။ပိတ်စပါး သန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်း လက်ပပ်ရည်ကို အိုးသန့်သန့် တစ်လုံးနဲ့ ခံယူပါ။

၃။ ရှားစောင်း လက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင် ကျိုပါ။ ဆူလာတဲ့ အခါမှာ အမြှုပ်တွေ တက်လာ ပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ် ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့ အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အမြှုပ်တွေကို ကုန်အောင် ခပ်ထုတ် ရတာပါ။

၎။ပျားရည် (သို့မဟုတ်) သကြားသန့်သန့် သင့်ရုံ လောက်ကို ကြိုက်နှစ်သက်တဲ့ အရသာ ဖြစ်အောင်ထည့်ပြီး သမအောင် မွှေပေးပါ။ အအေးခံထားပြီး ရေခဲ သေတ္တာထဲ ထည့်သိမ်း ထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ ဆီးချို ရှိသူများ အတွက်ကတော့ အချို မထည့်သင့်ပါဘူး။ သဘာဝအတိုင်း သောက်တာ ပိုကောင်း ပါတယ်။ ရှားစောင် လက်ပပ် သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ဇွန်းနှုန်းဖြင့် သုံးကြိမ် သောက်သင့် ပါတယ်။

ရှားစောင်း လက်ပပ်ရည်ကို ဒီအတိုင်းပဲ ထားမယ်ဆိုရင် သူ့ထဲမှာပါဝင်တဲ့ အောက်ဇားလစ် အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်း သွားတတ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာ မရှိသူများ နှစ်ရက်စာ လောက်သာ ကျိုချက် သောက်လျှင် ကောင်းပါတယ်။ နှစ်ရက်ထက် ပိုမထား သင့်ပါဘူး။

ရှားစောင်းလက်ပပ် အမှုန့် ပြုလုပ်နည်း
 
ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်နည်းကတော့ ...

ရှားစောင်း လက်ပပ် အရွက်ကို သန့်စင်အောင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ချွန်တွေကို ဖယ်ပြီး ပါးနိုင် သလောက် ပါးအောင် လှီးပါ။ ပါးလေ ကောင်းလေ ဖြစ်ပါတယ်။

လှီးထားတဲ့ ရှားစောင်း လက်ပပ် အဖတ်လေးတွေကို ၀ါးနဲ့ လုပ်ထားတဲ့ ဆန်ကောထဲမှာ ဖြန့်လှန်းပါ။ တစ်ရက်နဲ့ မခြောက်ရင် နှစ်ရက်၊ သုံးရက် စသည်ဖြင့် လုံးဝ ခြောက်သွားအောင်လှန်းပါ။

နှစ်ရက်၊ သုံးရက် ကြာတဲ့အခါ ရှားစောင်း လက်ပပ်တွေ လုံးဝ ခြောက်သွားပြီ ဆိုရင် ဆုံထဲမှာ ထည့်ပြီး ထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ် ဆိုရင်တော့ ဆန်ကာချ ပေးရုံပါပဲ။

ရှားစောင်း လက်ပတ် အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို

ရေနွေး တစ်ခန်ခွက်နဲ့ ရောပြီး တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် သောက်ပါ။

ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်ဖို့ အချိန်မရသူတွေ အတွက် ရှားစောင်း လက်ပပ် အခြောက်ဖတ် အတိုင်း ရေနွေးဆူဆူထဲ ခတ်ပြီး ရေနွေးကြမ်း သောက်သလို သောက်သုံး နိုင်ပါ တယ်။ သောက်ရတာ ခက်တယ် ထင်ရင်တော့ ပျားရည် လေးနည်းနည်း ထည့်သောက်ပါ။ သွေးချို၊ဆီးချိုရှိ သူများ အတွက်ကတော့ ပျားရည် မထည့်သင့်ပါဘူး။ ပျောက်ကင်း ကာကွယ်နိုင်တဲ့ ရောဂါများကတော့ အစာအိမ် ပြည်တည်နာနဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါ၊ ဆီးချို၊ သွေးချို၊အသည်း၊ သွေးတိုးရောဂါ အစရှိသည် တို့ကို ကာကွယ် ပျောက်ကင်း နိုင်ပါတယ်။

မောင်သုတ

http://on.fb.me/UWRK0Q

"အနုပညာသမား ဖြစ်ရတာ ဂုဏ်ယူတယ် ဆိုတဲ့ သက်မွန်မြင့်"




ဇာတ်ရုပ် မျိုးစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်တတ်ပြီး ပရိသတ် တွေရဲ့ အားပေး မှု အခိုင်အမာ ရရှိထားတဲ့ သက်မွန်မြင့် က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ချစ်ခြင်းများ နဲ့အတူ” ဇာတ်ကားကို ဟိန်းဝေယံနဲ့ သရုပ်ဆောင် နေပါတယ်။ ဒီ ဇာတ်ကားမှာ သက်မွန်မြင့်က ကလေး ရူးတဲ့ အရူးမ တစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ ၂ဝ၁၂ အတွင်းမှာ လည်း ဇာတ်လမ်း မျိုးစုံ ရိုက်ဖြစ်ခဲ့ကြောင်း ပြောတဲ့ သက်မွန်မြင့်က ဇာတ် ကားတွေ ထွက်လာရင်လည်း ပရိသတ်တွေ ဆီက အသံကို အမြဲ နားစွင့်ဖြစ် ကြောင်းပြောပါတယ်။ “သက်မွန် ၂ဝ၁၂၊ တစ်နှစ်လုံးစာ ဆို ရင် တော့ ဇာတ်လမ်းက တော်တော် စုံသွားပါသည်။ ကားအရေ အတွက်တော့ မမှတ်မိဘူး ။ ၂ဝ၁၂မှာ တစ်လကို ဘယ်နှကား ရိုက်မယ် ဆိုပြီးတော့ တိတိကျကျတော့ မရှိခဲ့ပါဘူး။ ကိုယ်တွေက ကားကြီး ရိုက်ရင် ဗီဒီယို ဘက်လျော့သွားတယ်။ တကယ်လို့ ကားကြီး ရိုက်ဖို့ မရှိတော့ရင် ဗီဒီယိုဘက် ပိုရိုက်ဖြစ်ခဲ့တယ်။ သက်မွန် ကားလေးတွေ ထွက်လာရင်လည်း ပရိသတ်တွေဆီက စကားသံ နားထောင် ဖြစ်တယ်။ ပရိသတ်တွေ က သက်မွန် ၂ဝ၁၂ မှာ ထွက်လာတဲ့ ကားတွေကို သဘောကျတာ များတယ်။ ပြီး တော့ ဘယ်ကားမှာ ဘယ်လိုမျိုး သရုပ်ဆောင်ရင် ကြိုက်တယ်၊ နောက် ဘယ်ကားမှာ လိုအပ်လဲ ဆိုတာကို သူတို့ပြောတာတွေကို နားစွင့်တယ်” လို့ပြောပါတယ်။ လူတိုင်းလူတိုင်းဟာ မတူညီတဲ့ အခက်အခဲ မျိုးစုံ ရင်ဆိုင် ရတတ်လေ့ ရှိ ပါတယ် ။ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့ နေရတဲ့သူတွေ အထဲမှာမှ အနုပညာရှင်တွေကလည်း သူတို့ရဲ့ အခက်အခဲ ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြလဲ ဆိုတာကို ပရိသတ်တွေ အနေနဲ့ စိတ်ဝင်စားကြ မှာဖြစ်ပါတယ်။ အောင်မြင်မှု ရရှိထားတဲ့ သက်မွန်မြင့် ကလည်း အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေတဲ့ အခါမှာ ကိုယ်က အနုပညာ သမား တစ်ယောက် ဖြစ်ရတဲ့ အတွက် ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ရှိနေတာကို မြင်ရတော့ ကိုယ့်ကိုယ်ကိုယ် အနုပညာ သမားဖြစ်ရတာ ဂုဏ်ယူကြောင်းပြော ပါတယ်။ “တစ်ခါတလေကျ ရင် အနုပညာသမား ဖြစ်ရတာတအား ဂုဏ်ယူ တယ်။ ဒီလို အခက်အခဲနဲ့ ကြုံတွေ့လာလို့ အားငယ်နေတဲ့ အချိန်မှာ ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ ရှိနေတာ ဆုလာဘ် တစ်ခုပါပဲ။ ကိုယ့်ကိုအားပေး တဲ့ ပရိသတ်တွေ ရှိနေကြတဲ့ အတွက် သက်မွန် ပြန်ကြိုးစားချင်တဲ့ စိတ်ဖြစ်ပေါ်တယ်”လို့ပြောပါတယ်။ အခု အောင်မြင်မှု ရရှိနေတဲ့ သက်မွန်မြင့် နဲ့ အရင်တုန်းက သက်မွန်မြင့် ဘာတွေ ကွာခြား မှုရှိသွား မလဲဆိုတော့ “သက်မွန်တို့ ဒီလိုအနုပညာသမား ဆိုတာက ကျောင်းသားလိုပါပဲ။ တစ်တန်း ပြီး တစ်တန်း ဖြတ်သန်းလာရတယ်။ အတန်းမြင့်မြင့် လာတာနဲ့ ယူရတဲ့ တာဝန်က ပိုကြီးလာတယ်။ ပရိသတ်တွေ အားပေးလာပြီး နေရာ တစ်နေရာ လည်း ရလာပြီ ဖြစ်တဲ့ အတွက် ယူရတဲ့တာဝန်က ပိုကြီးလာတယ်။ ယူရတဲ့ တာဝန် ပိုကြီး လာတာနဲ့အမျှ ကိုယ့်ရဲ့ကြိုးစားမှု ကလည်း ပိုအားစိုက်ထုတ် ရပါတယ်” လို့ပြော ပါတယ်။

တွယ်တာ

Popular Journal

ဝေစု ( အောင်ချိမ့် )



လမ်းထောင့်မှာ
ရပ်နေရှာတယ်
သစ်ပင်နဲ့ သစ်ရိပ်မှာ သူမဟာ ရောနှောလို့။

ပျံလွှားငှက်တွေ ကောင်းကင်ပေါ်လူးလာ
ချစ်ခြင်းမေတ္တာနဲ့ နည်းပါးတဲ့ မျှော်လင့်ချက်များ
မထုံတက်တေး မြင်တွေ့လေခဲ့
မိုးချုပ်တော့မယ်. . .တဲ့။

အမျိုးသမီးရေ
ငါ့အမျိုးသမီးရေ
လောကကြီးဟာ ဇာတ်လမ်းဇာတ်ကွက် ကြွယ်ဝလှတယ်
ငါတို့က စီးဆင်းကြရမြဲပဲကွယ်။

အားလုံးပဲ ပျော်ရွှင်မှုရပါစေ
မနာလိုမရှိပါဘူး။

ဖန်လာပုံက
အမှားကမ်းတစ်ဖက်စီ ငါတို့နှစ်ယောက်သား
ဒီတစ်ချီလည်း တင်းထားကြဦးစို့။ ။

အောင်ချိမ့်

အနုပညာ ဆိုတာ လေ့လာသင်ယူလို့ မကုန်နိုင်တဲ့ အရာလို့ ပြောလာသူ သင်ဇာဝင့်ကျော်




အနုပညာရှင်တွေက မအောင်မြင်ခင်ကလည်း အောင်မြင်ဖို့အတွက် ကြိုးစားကြရတယ်။ အောင်မြင် သွားပြန်တော့လည်း အဲဒီ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း ရပြန်တယ်။ အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းဖို့ သူ့အနေနဲ့ ခက်ခဲကြောင်း သင်ဇာဝင့်ကျော်က “မအောင်မြင်ခင်က သင်ဇာတို့ ကြိုးစားကြ ရတယ်။ အောင်မြင် သွား တဲ့ အခါမှာလည်း ဒီထက်ပိုပြီး မကျသွားအောင် ထိန်း သိမ်းရတဲ့ အတွက်ခက်ခဲတယ်။ မထိန်း သိမ်းတတ်ရင် ကိုယ်ရောက်ရှိတဲ့ နေရာ မှာ မခိုင်မြဲဘဲနဲ့ အောက်ပြုတ်ကျ သွားတတ်တယ်။ အဲဒါကြောင့် ဆက် လက် ထိန်းသိမ်းဖို့က သင်ဇာ့အတွက် ပိုခက်ခဲတယ် ထင်ပါတယ်”လို့ ပြော ပါတယ်။ အနုပညာရှင် တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော် ရဲ့ အနုပညာ ခံယူချက်ကို မေးကြည့်ရာ “သင်ဇာ ခံယူ ထားတဲ့ အနုပညာက တအားကို ခက်ခဲကြမ်း တမ်းပြီး နားမလည်နိုင်ဘူး။ ဒီအနုပညာ ဆိုတာ နုနုရွရွလေး လို့ သင်ဇာ ထင်ထားတာ။ တကယ် လုပ်ကြည့်တော့ အဲဒီလိုမျိုး နုနုရွရွ လုပ်ရတာမျိုး မဟုတ်ဘူး။ တစ်ခုချင်းစီ အသေအချာ လုပ်ရတာ။ ဇာတ်ကား တစ်ကားမှာ အားလုံးကောင်းမှ ဇာတ်ကားကောင်း တစ်ကား ဖြစ်လာတာလေ။ အဲဒီအတွက် ဇာတ်ကားတစ် ကားမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေ အကုန်လုံး ကြိုးစားရတယ်။ ပင်ပင် ပန်းပန်း နဲ့ ခပ်ကြမ်း ကြမ်း သရုပ် ဆောင်တဲ့ အလုပ်တွေ လုပ်ရတယ်။ အနုပညာ ဆိုပြီးနုနုရွရွ နေလို့ မရပါ ဘူး။ လူရောစိတ်ရောနှစ် ပြီးလုပ်ရတဲ့ အတွက် တကယ့်ကို ပင်ပန်းတယ်။ အနုပညာ ဆိုတာ ဘယ်လို မှလည်း လေ့လာ သင်ယူလို့ မကုန်နိုင်တဲ့ အရာ တစ်ခုပါပဲ။ ဘယ်တော့မှ သင်ယူလို့ မဆုံးတဲ့ ပညာရပ် တစ်ခုလို့ ထင်ပါတယ်” လို့ ပြော ပါတယ်။

တွယ်တာ­­
 Popular Journal

Wednesday, January 30, 2013

အပူသည် (မောင်သိန်းဇော်)

အသစ်မဟုတ်ဘဲ
နေရောင်နဲ့ ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ ။
ကျွန်တော်အရူးအမူးဖြစ်နေတာကတော့
အိပ်မက်ထဲက
မွှေးမြတဲ့ နားရွက်ကလေးတစ်ဖက်ပါပဲ ။
လေကလည်း တဟူးဟူး တိုက်နေရဲ့
နှလုံးသားပေါ်မှာ
ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်ဟာ
တစာစာအာနေလေရဲ့ ၊
အလွမ်းတွေဖွာလန်ကျဲလို့
မြင်မကောင်းအောင်ငိုထားတဲ့
တေးသွားလေးလိုပဲ သက်ဆင်းခဲ့၊
သိပ်တော့လည်း မဆန်းပါဘူးကွယ် တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကိုချွေးသိပ်တယ် ၊
ရေတံခွန်အောက်ဝင်လည်း အပိုပဲ ၊
နှလုံးသားတစ်ရပ်စာသာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ် ၊
မီးကိုစတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့ ။ ။

မောင်သိန်းဇော်
(နှင်းရည်စက်လက်+ရှုမျှော်ခင်း၂၁)

အမျိုးသမီးများနှင့် ဘုန်းကံ


 
စာမိတ်ဆက်

ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရား အနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင် မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမ၀င်ရ ဥပမာ ကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာ မိန်းကလေးတွေမ၀င်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိး သူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မ၀င်ရတာလဲလို့ မေးတော့ တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့ အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာ ယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကို ဘယ်လိုတိုင်းတာရမလဲဘုရား။ ယောက်ျားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။ မြန်မာနိုင်ငံကဘုရားတွေမှာ မိန်းကလေးတွေ မ၀င်ရဆိုတဲ့နေရာမှာ မ၀င်ရ မတက်ရဆိုတဲ့နေရာမှာ ၀င်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။
အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေကို ဖြေပေးတော်မူပါဘုရား။
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။

ထိုမေးခွန်း၏အာဘော်

အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။

နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မ၀င် မဖြတ်ရဆိုတဲ့ ဘုရားတွေ ဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာ လူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကို လုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေကို လက်မခံပေမဲ့ ယောင်ဝါးဝါးတွေကတော့ လက်ခံနေကြတယ်။

နံပါတ် (၂)ကတော့ အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲ ဆွေးနွေးကြည့်ကြရအောင်။

စာရေးသူအမြင်များ

နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက်ရ မ၀င်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအယူအဆတွေ ရှိနေပါတယ်။ ဘုရားဟောမဟုတ်၍ ထေရ၀ါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ်ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသလဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့် အယူအဆဖြစ်သည်။ တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏ အဦးဆုံး ဒါယကာများကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ် အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရားကို သို့မဟုတ် ဘုရားရှင်၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ ဒီစည်းကမ်းသက်မှတ်ခဲ့လေရော့လား၊ ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင် အမြတ်ဆုံး သိမ်တို့ကို အလွန်အလေးထားကြသည်၊ ဘုရားရှင်၏သားတော်များ မွေးဖွားပေးရာ ကျောင်းဖြစ်နေသောကြောင့် ဖြစ်ဟန်တူပါသည်။

မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရ မ၀င်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ၀ိသာခါ ခေမာ စတဲ့ အမျိုးသမီးများ ၀င်ထွက် သွားလာနေသည်တို့ကို ထောက်ဆလျှင် ထိုရိုးရာအစဉ်အလာလက်ခံမှုသည် စဉ်းစားစရာဖြစ်လာသည်။ သက်တော်ထင်ရှားဘုရားရှင်၏ ကျောင်းအတွင်းတောင် အမျိုးသမီးများ ၀င်ထွက် သွားလာခွင့်ပြုရသေးတာပဲ ဘုရားရှင်အားရည်စူးပြီးကိုးကွယ်ထားတဲ့ ထိုစေတီ ပုထိုး ကျောင်းများကိုက ဘာလို့ အမျိုးသမီးများဝင်ခွင့် မပြုရမှာလဲ။ ၀င်ရင် တက်ရင် မိုးကြိုးပြစ်သည်တဲ့၊ တကယ် ၀င် တကယ်တက်ကြည့်တော့ မိုးကြိုးမပြစ်ရင် ဘယ့်နှယ်လုပ်မလဲ၊ တချို့နေရာတွေမှာ နာမည်ကြီးအောင် လူအထင်ကြီးအောင် ထွင်ကြတဲ့သူတွေရဲ့ ပြောစကားတွေကြောင့် ဗုဒ္ဓဘာသာမှာ ရှုပ်ထွေးကုန်တယ်။

အမျိုးသမီးနှင့်သိမ်

တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မ၀င်ရဟု ဆိုကြတယ်၊ လူတွေကလဲ အမျိုးသမီးများကို သိမ်ထဲမ၀င်ရဟု ထင်နေကြသည်၊ ၀င်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းက သိမ်ကြီးထဲမှာ ရဟန်းပြုခံပါတယ်၊ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့တာပါ၊ ထိုရဟန်းခံစဉ်က သိမ်ထဲထွင် ဒကာရော ဒကာမရော ကလေးရော များစွာရှိနေပါတယ်၊ စာရေးသူကို ခေတ်ပညာများ သင်ပေးရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲ အမျိုးသမီးများ ၀င်ခွင့်ပြုသည်။ ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီးအတွင်းမှာပဲ နိုင်ငံတကာ ထေရ၀ါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြသည်။

ရာဇဂြိုဟ်မြို့သိမ်

ဘုရားလက်ထက်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိသည်။ ငယ်ငယ်က ထို ရာဇဂဟ ပုဒ်ကို တောင် ၅ လုံးက ပတ်ပတ်လည် ကားရံထားလို့ တောင်ငါးလုံးရန် နွားခြံတို့လို ရာဇဂြိဟ်မြို့သို့ဟု နိဿျဆိုခဲ့ကြသည်။ ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားသည်။ ထိုမြို့ကြီးသည်ပင် သိမ်မည်ပါသည်။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေ ပြုကြသည်။ ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှ နေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမ၀င်ရဟုသော တားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်သည်။ သိမ်ထဲ ၀င်ခြင်းကြောင့် ဘာမှ မဖြစ်ပါဟု ယူဆပါသည်။ သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ၀င်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။

တချို့က ဘုရားကျောင်းသိမ်တွေမှာ အမျိုးသမီးများ မ၀င်ရခြင်းသည် အမျိုးသမီးများက ဘုန်းကံ မရှိသောကြောင့်ဟု ယူဆထားကြသည်။ တကယ်တော့ ထိုအယူအဆ မမှန်ကန်ဟုဆိုရပါမည်။ အမျိုးသမီးရဟန်းမများ ထွန်းကားသည့်အချိန်အခါက အမျိုးသမီးများကိုယ်တိုင် သိမ်ထဲဝင်ပြီး ရဟန်းပြုကြသည်၊ ကံကြီးကံငယ်ပြုကြသည်၊ သူတို့ကိုယ်တိုင် ရဟန်းများပြုလုပ်နိုင်သည့် ကံကြီးကံငယ်များကို ပြုလုပ်နိုင်သည်မှာ ရဟန်း မဟုတ်သော အမျိုးသားများထက် ဘုန်းကံရှိနေသည်ဟု ဆိုရပေမည်။ အမျိုးသမီးများနှင့်ဘုန်းကံအကြောင်း ဆက်လက် ဆွေးနွေးကြမည်။

အမျိုးသမီးများနှင့်ဘုန်းကံ

အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆနှင့်ပတ်သက်ပြီး ပြောရရင် သူများအတင်းပြောသလို ဖြစ်နေမယ်၊ တကယ်တော့ အမျိုးသားလဲ လူသား အမျိုးသမီးလဲ လူသားဆိုတော့ လူဖြစ်ဖို့ရန် ဘုန်းကံအတူပါလာတာခြင်း အတူတူပဲဖြစ်သည်။ သို့သော်လည်း ဘုန်းကံအနဲအများအပေါ် မူတည်ပြီး အမျိုးသား အမျိုးသမီး ကွဲပြားပေမဲ့ သာသနာအတွက်ရော လူမှုရေးအတွက် နိုင်ငံရေးအတွက်တွေပါ အကျိုးပြုပေးနိုင်တာကတော့ တန်းတူ လုပ်နိုင်ကြသည်ဟု ယူဆမိပါသည်။ အကောင်း (positive view) အမြင်ကိုသာ ရေးချင်ပေမဲ့ မေးလာတဲ့သူရှိလာတော့ မေးခွန်းအရ ဘုန်းကံနိမ့်ခြင်းအကြောင်းကို စာပေမှာ ပြဆိုထားတဲ့ စကားအချို့နဲ့ တင်ပြရပါလိမ့်မည်။

အဘိဓမ္မာ ၇ ကျမ်းတွင် အပါအ၀င်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာ အမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများကို ပြဆိုထားသည်။ သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင်သဏ္ဌာန်ဖြစ်လာရသလို အမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေ ပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို စာက ကမ္မဇ (ကံကြောင့်)ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်လေ။
တခါက သောရေယျအမျိုးသား အလွန်ချောမောလှပသော အရှင်မဟာကစ္စာယန ရဟန္တာမထေရ်ကို မြင်ပြီး အယောနိသောမနသိကာရ (မကောင်းတဲ့စိတ်ကူး) ဖြစ်မိသည်၊ ဒီလောက်လှတဲ့သူ ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု အတွေးစိတ်ဝင်လာတဲ့အမျှ ထိုသောရေယျ သူဋ္ဌေးသား သူ၏အမျိုးသားအင်္ဂါများပျောက်ကွယ်သွားပြီး အမျိုးသမီးအင်္ဂါပေါ်ပေါက်လာခဲ့သည်၊ (ဓမ္မပဒအဋ္ဌကထာ သောရေယျဝတ္ထု)။ တခါက ရဟန်းမတစ်ယောက်သည်လည်း အမျိုးသမီးအင်္ဂါများ ပျောက်ကွယ်သွားပြီး အမျိုးအင်္ဂါများပေါ်ပေါက်လာသည်၊ ဘုရားရှင်အားလျှောက်ထားသောအခေါ ဘုရားရှင်က ရဟန်းတော်များ နေသောကျောင်းသို့ ရွှေ့ထားပေးခဲ့ရဖူးသည်။ (ပါရာဇိကဏ်ပါဠိတော်-၄၃)။
ထိုကဲ့သို့ အမျိုးသမီးလိင် (ဣတ္ထိလိင်္ဂ)နှင့် အမျိုးသားလိင် (ပုရိသလိင်္ဂ)နှင့်ပတ်သက်ပြီး ဓမ္မသင်္ဂဏီအဋ္ဌကထာက ဤကဲ့သို့ဆိုထားသည်၊ ‘‘အမျိုးသား လိင် သည် မြတ်၏ (ဥတ္တမ)၊ အမျိုးသမီးလိင်သည် ညံ့၏ (ဟီန)ဟု ဆိုထားသည်။ သောရေယျသူဋ္ဌေးသားကဲ့သို့သော အမျိုးသား လိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အလွန်အားကောင်းသော အကုသိုလ် (ဗလ၀ အကုသလ) အစွမ်းကြောင့် ဖြစ်သည်။ အမျိုးသမီးလိင်အင်္ဂါ ရရှိခြင်းသည်ကား အနဲငယ်သော ကုသိုလ် (ဒုဗ္ဗလ ကုသလ) အစွမ်းကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ တဖန် အထက်ပါ ဘိက္ခူနီမကဲ့သို့ အမျိုးသမီးလိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အနဲငယ်သော အကုသိုလ် (ဒုဗ္ဗလ အကုသလ) အစွမ်းကြောင့် ဖြစ်သည်၊ အမျိုးသားလိင်အင်္ဂါပေါ်ပေါက်လာခြင်းသည် အလွန်စွမ်းအားကြီးသော ကုသိုလ် (ဗလ၀ ကုသလ) ကြောင့် ဖြစ်သည်ဟု ပြထာသည်။ အကျဉ်းချုပ်သော် ၂ မျိုးလုံး ကွယ်ပျောက်ခြင်းသည် အကုသိုလ် အနဲအများကြောင့် ဖြစ်သလို ပေါ်ပေါက်လာရခြင်းကလဲ ကုသိုလ် အနဲအများကြောင့် ဖြစ်ရသည်။

ထိုအဋ္ဌကထာဆရာ၏အဆိုများအရ- အမျိုးသမီးများသည် အမျိုးသားများထက် အကုသိုလ်ကြီးခဲ့သလို ကုသိုလ်ကံတွေ နဲခဲ့သော ကြောင့် အမျိုးသမီးဖြစ်ရသည်ဟုဆိုသည့်အတွက် ဘုန်းကံလဲ နဲသည်ဟု ဆိုရပေမည်။ ဘုန်းကံဆိုသည်မှာ ကုသိုလ်ကံကိုဆိုလိုပါသည်။
အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကိုက အမျိုးသားများကဲ့သို့ ပေါ့ပါးမှုမရှိ၊ လွတ်လပ်မှုမရှိသည့် အပြင် ယောက်ျားများထက် သီးခြား ကိုယ်ဝန်ဆောင်ရခြင်း၊ သားမွေးရခြင်း၊ ဥတုလာခြင်း စတဲ့ဒုက္ခများသည် ယောက်ျားများထက် ဘုန်းကံနဲပါးခြင်းဆိုတဲ့ လက္ခဏာများရှိနေသည့်အတွက် စာနာထောက်ထားသင့်သည်။

အမျိုးသမီးများအခွင့်အရေး

မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ ဖြစ်ခွင့်ရှိသည်၊ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ်ခွင့်ရှိသည်၊ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလ၀ဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာ ဓမ္မဒိန္နာထေရီနှင့် ၀ိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီးရဟန်းမများကဲ့သို့ အမျိုးသားများနည်းတူ ရာထူးများ ရရှိကြသည်။ မဂ် ဖိုလ် နိဗ္ဗာန်ဝင်ရာမှာလဲ အမျိုးသားများကဲ့သို့ အမျိုးသမီးများလဲ ၀င်ရောက်နိုင်သည် ဖြစ်ရာကား သာသနာမှာ အမျိုးသား အမျိုးသမီးအဆင့်တူဟု ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးများအတွက် ဂရုဓမ် ၈ ပါးကား အမျိုးသားများကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ မတူရာကား အန္တရာယ်များမှ ကာကွယ်ရန် သတ်မှတ်ထားသည်က လွဲ၍ အားလုံး ခံစားခွင့်တူသည်ဟု ဆိုရမည်။ သာသနာတော်မှာ အခွင့်တူခံစားမှု ရှိသော်လည်း အမျိုးသားများကသာ ဖြစ်ခွင့်ရှိပြီး အမျိုးသမီးများ ဖြစ်ခွင့်မရှိသော အရာများကား ရှိသေးသည်။
ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာနတ်မင်း၊ သကြားမင်းဟုသော ထိုနေရာများမှာ အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစကြ်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန် မဖြစ်ရာ’’ ဟု ငယ်ငယ် သာမဏေကျော်တန်း ၀င်စဉ်က ရဖူးသည် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ် ပထမအုပ်)။
အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိ ဆိုတာပါသည်၊ ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓ၀ံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓ၀င်အခန်းမှာ လေ့လာနိုင်ပါသည်။

အမျိုးသမီးနှင့်အကုသိုလ်

ကုသိုလ် အကုသိုလ်တို့သည် လူတစ်ယောက်၏ ဘုန်းကံများဟုခေါ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ ဘုန်းကံကြီးခြင်း ဘုန်းကံနဲခြင်းကို ကုသိုလ် အကုသိုလ်ကံတို့၏ အနဲအများဖြင့် ဆုံးဖြတ်ကြသည်။ ဘုန်းကံကြီးသူသည် ကုသိုလ်ကံကြီးသူများဖြစ်ပြီး အကုသိုလ်ကံ နဲသူများဖြစ်သည်။ ဘုန်းကံနဲခြင်းဆိုသည်မှာ ကုသိုလ်ကံနဲပါးခြင်းနှင့် အကုသိုလ်ကံ များပြားခြင်းဖြစ်သည်။

ဗလ၀ အကုသလ ၀သေန- များစွာသော အကုသိုလ်အစွမ်းကြောင့် အမျိုးသမီးဖြစ်ရတယ်ဆိုတော့ အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်အဖြစ်များသလား? မေးစရာရှိလာသည်။
တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော် နတ်မျက်စိနှင့် အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’ မေးလျှောက်သော အခါ ဘုရားရှင်က ‘‘အနုရုဒ္ဓါ အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့် တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ ၃ ချက်က---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။
၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
‘‘နံနက် မစ္ဆေ နေ့လည် ဣဿာ ညနေ ရာဂ’’ ဆိုတဲ့ ငယ်ငယ်က ရထားတဲ့ ဆောင်ပုဒ်တစ်ပိုင်းတစ်စလေး ဖြစ်ပါတယ်။ (အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)။

ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊ ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်သည်။ နံက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ မစ္ဆရိယစိတ် စဖြစ်တယ်လို့ ဆိုတယ်၊ နေ့လည်ပိုင်းရောက်လာတော့ သူတစ်ပါးပိုင်ဆိုင်မှု အောင်မြင်မှု ပြည့်စုံမှုအပေါ်မှာ ဣဿာစိတ်ဖြစ်တတ်တယ်ဟုဆိုသည်၊ ထို ဣဿာအကြောင်းကို စာရေးသူ၏ဆိုက်တွင် လောကအဖျက်တရား အပိုင်း(၁)တွင် အကျယ်တ၀န့်ပြဆိုထားပြီး မစ္ဆရိယအကြောင်းကိုတော့ လောကအဖျက်တရား အပိုင်း (၂) တွင် ဖော်ပြီးဖြစ်ရကား ထိုပို့စ်များကို လေ့လာနိုင်ပါသည်။ ညပိုင်းတွင် အမျိုးသမီး ရာဂစိတ်ပိုဖြစ်တယ်ဟု ဆိုသည်။

စာရေးသူ၏အယူအဆ မဟုတ်ပါ၊ ဘုရားဟောများကိုသာ ထုတ်ဖော်ပြခြင်းပဲ ဖြစ်သည်။ သို့သော်လည်း ကုသိုလ်ကောင်းမှုပြုနေကြသူများကလဲ အမျိုးသမီးများပင်ဖြစ်သည်၊ စာရေးသူ၏ပညာရေးကို ထောက်ပံ့သူများကားလဲ အမျိုးသမီးက ခက်များများပင်ဖြစ်သည်။ ထို့ကြောင့် နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး ၅၀၀ ဆိုတော့ နတ်ပြည်အရောက်များသူတွေကလဲ အမျိုးသမီးများပင်ဖြစ်သည်။ ထိုသုတ်အဆိုအရ ထိုအင်္ဂါ၃ ရပ်ဖြင့် အဖြစ်များသူများကို ရည်ရွယ်သည်၊ အမျိုးသမီးအားလုံးကို မဆိုလို၊ ဖြစ်တတ်တဲ့သဘောကို ဆိုလိုသည်၊ ငရဲကျရောက်နေသော အမျိုးသမီးများကိုသာ ဆိုလိုပါသည်။ ငရဲကျရောက်တတ်တယ်ဟုဆိုသည်။ တော်ကြာ အမျိုးသမီးထုက ဒီလိုပြောရမလားဆိုပြီး စာရေးသူ ပါးစပ်ပေါက် ပိတ်သွားနိုင်သည်။

နတ်ပြည်ရောက်သူ အရေအတွက်ကြည့်ပြန်တော့ အမျိုးသမီးများက ကောင်းရာဘုံကို အဖြစ်များသလိုဖြစ်သည်အတွက် ကောင်းမှုပြုသူများသည်ဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးဘ၀ကနေ တိုက်ရိုက်အနေနဲ့ ဘုရားအဖြစ် သကြားမင်း လူမင်း နတ်မင်း ဗြဟ္မာ အဖြစ်ကိုတော့ မရနိုင် အမျိုးသားဘ၀ရောက်အောင် ကောင်းမှုပြု အမျိုးသားဘ၀ဖြစ်ချင်သည့်ဆန္ဒဖြင့် ဆန္ဒပြုကြရသည်။ ထိုအမျိုးသားဘ၀ ရရှိပြီးမှသာ ဘုရား သကြားစတဲ့ ဘ၀မျိုးများကို ရနိုင်မည်ဖြစ်ပါသည်။ ဘုရားရှင်၏ မယ်တော်သည်ပင် သန္တုသိတ နတ်သား ဖြစ်ခဲ့သည်ကို သတိပြုသင့်ပေသည်။ အရှင်အာနန္ဒာသည် မိန်းမဖြစ်ခဲ့တဲ့ဘ၀တွေ များစွာရှိခဲ့သည်။ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာစတဲ့ သာဝကကြီးများသည်လည်း လူသားထက် ဘုန်းကံနိမ့်သည့် တိရစ္ဆာန်ဘ၀တို့ဖြင့် များစွာကျင်ခဲ့ရသည်တို့ကို ထောက်ဆ၍ ဘုရားဖြစ်ဖို့ သာဝကကြီးများဖြစ်ဖို့ ဘ၀အမျိုးမျိုး ဘုန်းကံအမျိုးမျိုးတို့ဖြင့် သံသရာကို ဖြတ်သန်းပြီးမှ ဘုရားအဖြစ်၊ သာဝကကြီးများအဖြစ်ကြရသည်ကို ထောက်ဆလျင် အမျိုးသမီးများလဲ ပစ္စုပ္ပန် လက်ရှိဘ၀မှာ ဘုရားအဖြစ်ကို မရနိုင်ပေမဲ့ ဘုရားလောင်းနှင့် သာဝကလောင်းကြီးများနည်းတူ ပါရမီများ ဖြည့်ပြီး ဘုရားအဖြစ် သာဝက (အမျိုးသား)ကြီးများအဖြစ်ကို ရနိုင်ပါသည်။ ဤကား အမျိုးသမီးများ မဖြစ်နိုင်သည့်အရာများကို ရနိုင်သည့် အခွင့်လမ်းဖြစ်သည်။

ယနေ့ခေတ်အမျိုးသမီးများ

ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်သာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာသည်သာ အမျိုးသားများထက် နိမ့်နေသည်ဆိုစေကာမူ စိတ်ဓာတ်ရေးရာ အသိပညာ ပိုင်းဆိုင်ရာမှာကား အဆင့်တူဟု ဆိုနိုင်သည်။ ထို့ကြောင့် သာသနာမှာ အမျိုးသားများကဲ့သို့ ရာထူးများရသည်၊ မဂ် ဖိုလ် နိဗ္ဗာန်ဝင်နိုင်သည်။

ယနေ့ခေတ်မှာ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းနေရာများမှာ အမျိုးသမီးများ နေရာယူလာသည်၊ တိုင်းပြည်၏ခေါင်းဆောင်များဖြစ်လာကြသည့်အတွက် ပြည်သူများ အလေးပေးဆက်ဆံရမည့် သူများဖြစ်လာကြသည့်အတွက် လုပ်ရည်ကိုင်ရည် နှလုံးရည်များ တန်းတူ ရှိလာနိုင်သည်ဟု ဆိုနိုင်ပါသည်။
ဤသို့အားဖြင့် အမျိုးသမီးများ ဘုန်းကံနိမ့်သည်ဟု အထင်အမြင်ဖြင့် အမျိုးသမီးများကို အထင်မသေးသင့်။
ဒကာတော် နောင်နောင်ရေ--မောင်ရင်ရဲ့ အမေးကို ဘုန်းဘုန်းတတ်နိုင်သလောက် ဤမျှလောက်ဖြင့်စုစည်းတင်ပြလိုက်ရပါသည်။ ကျေနပ်မှုမရှိသေးပါက ရှေ့ဆက်ပြီး လေ့လာနိုင်ပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
၅-၈-၂၀၁၁

မူရင်းလင့်>> https://www.facebook.com/note.php?note_id=214675495246189
Women (အမျိုးသမီးများနှင့် ဘုန်းကံ) by Sitagu Star (သီတဂူစတား)

အရောင်းမြှင့်တင်ရေးတဲ့

  
          


Sanho Corporations က လာ့စ်ဗေးဂတ်စ်မှာ မော်ဒယ်တွေငှားပြီးလုပ်တဲ့အရောင်းမြှင့်တင်ရေးကဓာတ်ပုံ တွေပါ။ အ၀တ်မပါတဲ့မော်ယ်တွေရဲ့ ကိုယ်ပေါ်မှာဆေးတွေချယ်ပြီးလုပ်တဲ့ဒီအရောင်းမြှင့်ရေးကို အမျိုးသမီးတွေရဲ့ ဂုဏ်အသရေကိုညိုးနွမ်းစေတဲ့လုပ်ဆောင်မှုတခုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကိုခံ နေရပါတယ်။


ဒီလိုကြော်ငြာဖို့ ဆုးံဖြတ်ခဲ့တဲ့ စင်္ကာပူနိုင်ငံသား ဒန်နီယယ်ချင်က အင်တာဗျူးတခုမှာ ကျနော်တို့ လုပ်ခဲ့ တဲ့ ကိစ္စအတွက် တောင်းပန်မှာမဟုတ်ဘူး။ ကျနော်တို့ လုပ်ခဲ့တာ စော်ကားမှုတခုဖြစ်တယ်လို့ လည်း မထင်မိပါဘူး။ ဒါကျနော်တို့ ရဲ့ ဈေးကွက်အတွက်လတ်တလောကြေငြာပဲ။  လို့ ဖြေသွားပါတယ်။


 

တစ်စီးတည်းထုတ်၍ ဈေးကြီးကြီးဖြင့် ရောင်းခဲ့သော Aventador J



Lamborghini Aventador စီးရီးထဲကနေ Special Edition ဆိုပြီး ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဂျနီဗာမော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသခဲ့ ပါတယ်။

အဲ့ဒီကား ရောင်းထွက်သွားပါပြီ။ ပွဲမှာတင် လေလံတင်ဝယ်ယူသူ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂.၈ သန်းနဲ့ စံချိန်တင်သွား ပါတယ်။ သာမန် ထုတ်လုပ်နေကျ Aventador ထက် ထူးခြားတာ တစ်ခုက အမိုးပွင့်ခြင်း ဖြစ်ပါတယ်။ အမိုးပွင့်ရုံတင်မကပဲ အလေးချိန် ထပ်လျော့ဖို့ အတွက် ရေဒီယို စနစ်၊ အဲယားကွန်း စနစ်အားလုံးကို ဖြုတ်ထားပါတယ်။ ဒီတော့ Aventador J ရဲ့  အလေးချိန်က ၃၄၇၂ ပေါင်ပဲ ရှိပါတယ်။
 
အင်ဂျင် - ၆၅၀၀ စီစီ၊ ၁၂လုံးပူး ဆလင်ဒါ

ပါဝါ - မြင်းကောင်ရေအား ၇၀၀

ဂီယာ - အော်တို ၇ ချက်ထိုး

မြန်နှုန်း - တစ်နာရီ ၂၁၇ မိုင်

ဆီစား - ပျှမ်းမျှ ကီလိုမီတာ ၁၀၀ တွင် ၁၇.၂ မိုင်

ဈေးနှုန်း - အမေရိကန်ဒေါ်လာ ၂.၈ သန်း

--
Ref:Lambo

ရိုးရာလေး မော်တော်ယာဉ်

http://www.yoyarlay.com/science-tech/134-inventions/34006-lamborghini-aventador-j