Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 2, 2013

နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာအုပ်စု၌ မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံး

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် သရက်ချဉ် ကျေးရွာအုပ်စု ဆတ်ချိုတောင် ရွာသစ်ကုန်း တဲတိုက်တွင် ဇွန်လ၂ရက်နေ့ မွန်းလွဲ ၁း၃ဝ နာရီခန့်က ရုတ်တရက်မိုးများ ရွာသွန်းလာပြီး အိမ်တိုင်မိုးကြိုး ပစ်ခံရခြင်းကြောင့် စက်ကွင်းမိကာ မအေးလှိုင်(၃၅) နှစ်-ဘ-ဦးစောအောင် သေ ဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တရွာထဲနေ မမြမြစန်းသည် ငရုပ်ခင်း ရေလောင်းနေရာမှ မိုးရွာလာသဖြင့်မအေးလှိုင်၏ တဲတိုက်သို့မိုးခို ရန်အလာတွင် မအေးလှိုင်မှာ ဆံပင်များထောင်လျှက် မှောက်လျားထိုးလဲနေသည်ကိုတွေ့မြင်ခဲ့၇သဖြင့် ရွာသို့ပြန်လာကာ ကျေးရွာအုပ်ချုပ်ရေးမှူး ထံသတင်းပို့ခဲ့သည်။

အုပ်ချုပ်ရေးမှူးမှ ရွှေပန်းတောရဲစခန်းသို့ ထပ်မံသတင်းပို့ခဲ့သဖြင့် စခန်းမှူး နှင့်ရဲတပ်ဖွဲ့ဝင်များရောက်လာကြပြီး ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်မဟုတ်ကိုသိရှိနိုင်ရန် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
                                                                                
 အဓိပတိဘွား
 ၂/၆/၂ဝ၁၃

by Myanmar News Now

No comments:

Post a Comment