Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 31, 2012

ဘီလူးစီးခြင်း (Sleep Paralysis) (ကျန်းမာရေး သုတ)

 


ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ် လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေ အနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ် ကြုံဖို့ လန့်သွား လောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။

Sleep Paralysis ကိုနှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်း ဖြစ်နိုင်ပေမယ့် RISP ဆိုတာ ကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူ တွေမှာသာ ပိုဖြစ်တတ် ပါတယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါ လောက်ပဲကြုံတတ် ပါတယ်။ RISP ကတော့ ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလို ပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာ ဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေ ရှိပါတယ်။

ဘီလူးစီးတာ ဘာဖြစ်လို့ ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ ကတော့ အတော် လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်း ဆိုတဲ့ အဖြေ အတိအကျ တော့မရှိဘဲ သီအိုရီ သဘောတရားအရ ပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီ တစ်ဆင့်ခြင်း ဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့ တုန့်ပြန်မှုတွေ ရှိပါတယ်။ တစ်ညတာ အိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျ ဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရ ပါတယ်။ အလွယ်ပြောရ ရင်တော့ NREM ဆိုတာက အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော် သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။

REM အချိန်မှာလူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမယ့် လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ် ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိ ပါလိမ့်မယ်။ အဲဒီတော့ အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာ လျှောက်မဖြစ် နေအောင် ဦးနှောက်က REM အဆင့် လူတွေ အိပ်မက်မက်ပြီ ဆိုရင် အိပ်မက်ထဲက အတိုင်း အပြင်မှာ လိုက်မလုပ်နိုင်အောင် လူကို ထိန်းချုပ် လို့ရတဲ့ ကြွက်သားတွေကို လုံးဝ မလှုပ်တော့အောင် လှမ်းပိတ်ထား လိုက်ပါတယ်။ ပြီးတော့မှ နိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ ရအောင်လုပ်ပါတယ်။

ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေရာမှာ လူကိုယ်တိုင် ထိန်းနိုင်တဲ့ ကြွက်သားတွေကိုသာ သေအောင် လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူး စီးတဲ့ အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာ လိုမျိုး အရေးကြီးတဲ့ ကြွက်သားတွေကတော့ ပုံမှန် အလုပ်ဆက်လုပ် ပါတယ်။ အဲလို ဘီလူးစီးတယ် ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်ရတာကတော့ ခုနက ပြောထားတဲ့ REM အဆင့်ကနေ မလျော့ဘဲ ဦးနှောက်က ထိန်းချုပ်ထား တာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံ မှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့ သိစိတ် ပြန်ဝင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အိပ်နေ တယ်လို့ပဲ ဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲ ဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက်မက်နေသလို၊ တကယ် ဖြစ်နေသလို ခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင် ဖြစ်ခါ အတော်ကြီးကို စိတ်ဒုက္ခ ရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့ အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။

ဆိုလိုချင်တာက အပြင်ကလူ တစ်ယောက်ယောက် မနှိုးမခြင်း၊ REM အဆင့် မကုန်သွား မခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက်ကတော့ ဘီလူးစီးတဲ့ အချိန်မှာ လူတွေပာာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။ အဲဒါကလည်း သိစိတ် ရှိနေတဲ့ REM အဆင့်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဦးနှောက်ဘာသာ ပြန်တာ လွန်ကဲပြီးဒီအခြေအနေပာာ အသက်အန္တရာယ်ထိ ရှိလာနိုင်တယ် အရမ်း ကြောက်ဖို့ ကောင်းတယ်လို့ နောက်ဆက်တွဲ ဘာသာပြန်ပါတယ်။ အဲဒါ ကြောင့် ဘီလူးစီးခံရတဲ့ လူတွေပာာ အဲလိုလှုပ်လို့မရတဲ့ အခြေအနေ တစ်ရပ်မှာ အင်မတန်ကို ကြောက်စရာကောင်းတဲ့ အတွေ့အကြုံ ခံစားခဲ့ ရတယ်လို့ ထင်ပြီး နိုးလာရင်တောင် ကြောက်စိတ်မပြယ် ဖြစ်နေတတ် ပါတယ်။

ဒီလိုဦးနှောက်က ဘာသာပြန် မှားယွင်းတာပာာ ဦးနှောက်ကို အောက်ဆီဂျင် သိပ်မရောက်တဲ့ အခြေအနေတွေ ဥပမာ လေ၀င်လေထွက် မကောင်းတာမျိုး၊ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ် ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့ သိနေပေမယ့်လည်း အသက်ရှူ ကြပ်တဲ့အထိ၊ အသက်ရှူလို့ မရတဲ့အခြေအနေထိ ဖြစ်လာပါတယ်(ကျနော် တစ်ခါ ဖြစ်ဖူးပါတယ် အိပ်မက်မက်ရင်း အသက်ရှူကြပ်လာတာ။ တော်သေး တယ် မသေသွားလို့။) ဘီလူးစီးခြင်း (Sleep paralysis) ပာာ အသက် အန္တရာယ် ဖြစ်လောက်အောင် ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့ သူအတွက် တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ် ကောင်းခဲ့ပါတယ်။

ဘီလူးစီးတာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက် အိပ်တတ် သူတွေ၊ ဖိအားများလွန်းတဲ့ သူတွေ၊ အရမ်းကို ပင်ပန်းနွမ်းနယ် နေတဲ့ သူတွေ၊ ဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေ အရင်တည်းက ယူဆလာတဲ့ အချက်က အတော်မှန်နေတာ တွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက် မအိပ်နဲ့လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျ ရှင်းတဲ့အခါမှာလည်း အင်မတန် မှန်နေပါတယ်။ ပက်လက်အိပ်တဲ့ အခါမှာ ခန္ဒာကိုယ်အနေ အထားကြောင့် လျှာ ဒါမှမပာုတ် အာခေါင်ပျော့တို့ရဲ့ ဖိအားကြောင့် အသက်ရှူ လမ်းကြောင်းပိတ်ပြီး လေသိပ်မ၀င်တော့တဲ့အခါ ဘီလူးစီးတာ ဖြစ်ပေါ်လာ နိုင်တယ်လို့ ဆိုပါတယ်။

ပုံမှန်အိပ်တာ၊ လေ၀င်လေထွက် ကောင်းအောင် လုပ်တာနဲ့ အိပ်ရာကုတင် သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်း အိပ်မယ်ဆိုရင် Sleep Paralysis ကိုကာကွယ် နိုင်ပါတယ်။

Dr : Thurein Hlaing Win

အဖြူရောင်စာမျက်နှာ

တရုတ်ပြည် အမျိုးသမီး အများစု က မိမိထက် ၁၀ နှစ်အသက်ကြီးသူကို ချိန်းတွေရန် ပိုနှစ်သက်


-------------------------------------------------------------------------------
တရုတ်ပြည်က ကျားမပေါင်း ၉၈၀၀၀ ကျော်ထံမှ ရယူခဲ့တဲ့ စစ်တမ်းကောက်ချက်တခုမှာ အမျိုးသမီး ၇၀ ရာခိုင်နှုန်း (အသက် ၁၈ -၂၅ ကြား) က မိမိထက် ၁၀ နှစ် အသက်ကြီးတဲ့ ယောင်္ကျားကို ချိန်းတွေ့ဖို့ ပိုနှစ်သက်ကြောင်း၊ အကြောင်းရင်းမှာ ငွေကြေးအရပိုပြည့်စုံပြီး သူတို့အား ဂရုပိုစိုက်နိုင်ကြောင်းလို့ ဖော်ပြထားပါတယ်။ အမျိုးသမီး ၆၄ ရာခိုင်နှုန်းကတော့ သူတို့ထက် အသက်ကြီးသူနဲ့ ရည်းစားဖြစ်လိုကြောင်း သိရပါတယ်။ စစ်တမ်းမှ ရှာဖွေတွေ့ရှိချက် နောက်တစ်ခုမှာ အမျိုးသား ၈၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၇၃ ရာခိုင်နှုန်း တို့က အနာဂတ်အတွက် အိမ်ထောင်ဖက် ဟာ အပျိုလူပျိုစင် ဟုတ်မဟုတ် အရေးမကြီးကြောင်း သိရပါတယ်။ ဒါပေမဲ့ အမျိုးသား ၈၆ ရာခိုင်နှုန်းက အိမ်ထောင်မပြုမီ အတူတကွနေထိုင်ခြင်းကို နှစ်သက်ပြီး အမျိုးသမီး ၃၆ ရာခိုင်နှုန်းကသာ သဘောတူကြပါတယ်။
(Ref; Shanghaiist - http://shanghaiist.com/2013/01/01/most_chinese_women_prefer_to_date_m.php

အရိပ်ပြပွဲ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အဓမ္မပြုမှုများအား ဆန့်ကျင်ကြ ”


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ ဤအမျိုးသမီးငယ်လေးသည် - အိန္ဒိယနိုင်ငံမှ ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေး တစ်ဦးဖြစ်သည်။ မကြာသေးခင် ရက်ပိုင်းအတွင်းက - ယုတ်မာရိုင်းစိုင်းသော  လူစိတ်မရှိသည့် ယောက်ျား သား ၆- ဦး၏ အဓမ္မပြုကျင့်ကာ၊ တိုက်ခိုက်ရိုက်နှက်မှုကိုပါ ခံခဲ့ရ၍ အပြင်းအထန် ဒဏ်ရာရကာ အိန္ဒိယမှ စင်္ကာပူဆေးရုံ သို့ ပို့ဆောင်ကုပေးခဲ့ရပါတယ်။
ဒါပေမဲ့ ထိုမိန်းကလေးငယ်သည် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၊  ၂၈ ရက်နေ့တွင် ရရှိသောပြင်းထန်သည့် ဒဏ်ရာများကြောင့် စင်္ကာပူနိုင်ငံဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

မိတ်ဆွေ -
မိမိတို့ရပ်ကွက်၊ မြို့နယ်၊ ဒေသကြီး ၊ နိုင်ငံအသီးသီး တို့နှင့် ကမ္ဘာလောကကြီးတွင် ပေါ်ပေါက်လျှက်ရှိနေ
သောအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊  အဓမ္မပြုကျင့်မှုများအား ရပ်တန့်သွားရန် ကမ္ဘာသူ၊
ကမ္ဘာသားအားလုံးတွင် တာဝန်ရှိသည်။

သင်သည် -
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုများအား ဆန့်ကျင်ရှုံချလိုသော
လူပီသသည့်စိတ်ရှိလျှင် ဤအမျိုးသမီးငယ်လေးအဖြစ် အပျက်ကို ကရုဏာသက်မိကြောင်း “ comment ”
တစ်ခုခုကို ရေး၍ ၊ မိမိတို့ မိတ်ဆွေ၊ သူငယ်ချင်းများအား မျှဝေ “ share ” ပေးပါရန် မေတ္တာရပ်ခံအပ် ပါသည်။

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )

-------------------- *----------------*-------------------

“ အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာ ခံခဲ့ရတဲ့ ဆေးကျောင်း သူလေးရဲ့ အလောင်းကို 30.12.2012(ယမန်နေ့) မှာ မိသားစုက  မြှုပ်နှံသဂြုင်္ိဟ်တဲ့ အခမ်းအနား သီးသန့် ကျင်းပခဲ့ပါတယ်။
ဒီ ဆေးကျောင်းသူလေး အဓမ္မ ပြုကျင့်ခံရမှုနဲ့ သေဆုံးခဲ့တာ အတွက်  အိန္ဒိယ နိုင်ငံတ လွှား ၀မ်း နည်း ပူဆွေးမှုတွေနဲ့ ဒေါသတွေထွက်ခဲ့ကြပါတယ်။

သူမဟာ စင်ကာပူ ဆေးရုံမှာ စနေနေ့က သေဆုံးသွားခဲ့ပြီး အိန္ဒိယနိုင်ငံကို
လေယာဥ်နဲ့ အလောင်း ပြန်ပြီး သယ်လာခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့  ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ အကြီးအကဲ ဆိုနီယာဂန္ဒီ တို့ဟာ တနင်္ဂနွေနေ့ အစောပိုင်းတုန်းက ပြန်လည် ရောက်ရှိ  လာတဲ့ သူမရဲ့ အလောင်းကို လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ကြပြီး
ကျန်ရစ်သူ မိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေးဟာ အဓမ္မ ပြုကျင့်ခံခဲ့ရပြီး  အတိုက်အခိုက်ပါ ခံခဲ့ရ တဲ့ ဒဏ်ရာကြောင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း တွေမှာ ဒဏ်ရာ အကြီးအကျယ် ရခဲ့ပြီး ဦးနှောက်မှာပါ ထိခိုက်မှု ရှိခဲ့တာမို့  ဆေးကုသမှု ခံယူဖို့ စင်ကာပူ ဆေးရုံကို သွားရောက်ခဲ့တာပါ။

သူမရဲ့ သေဆုံးမှုအတွက် အိန္ဒိယ အာဏာပိုင်တွေက လူ ၆ ဦးကို  လူသတ်မှုနဲ့ စွဲချက် တင်ခဲ့ပါတယ်။ သူတို့ဟာ ဒီလို ကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း သေချာရင် သေဒဏ်ပြစ်ဒဏ် ကျခံရဖို့ ရှိတယ်လို့လည်း
ရဲတွေက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကလည်း  သေဆုံးသူ မိန်းကလေးရဲ့ မိသားစုဝင်တွေဆီ ၀မ်းနည်းကြောင်း  သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး -  “ အခုလို အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေကို  လုံးဝ လက်မခံသလို ဒီ ပြစ်မှုကျူးလွန်သူတွေကို ဘယ်တော့မှ
ခွင့်လွှတ် သည်းခံမှာ မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ ”

- ( ဗွီအိုအေ သတင်းဋ္ဌာန )

မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ၏ အရှက်နည်းမှု

ထာဝရအလင်းတန်းများ သို့မဟုတ် 

တရုတ်နိုင်ငံထုတ် The Road Home ရုပ်ရှင်ဇာတ်လမ်းအား ပုံတူကူးချခဲ့ခြင်း ....

-ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး (အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု) 
-ဒါရိုက်တာ ထွန်းအောင်ဇော် (အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု)
-နာင်နောင် (အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု)
-မယ်လိုဒီ (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု)
-မော့စ် (အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု)
-ဟိန်းထက် (လယ်ဝေး) (အကောင်းဆုံးတည်းဖြတ်ဆု)
-ဇော်မျိုးထွဋ် (အကောင်းဆုံးတေးဂီတဆု)
-မြင့်ဆောင်၊ စိုးကျော်ဆန်း (အကောင်းဆုံးဇာတ်ညွှန်းဆု)

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်


 Monday, 31 December 2012

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန်လိုအပ်တယ်လို့
ဆေးပညာရှင်များကတိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
International news for myanmar

  • 102 people like this.

  • Tayzar Lin ဒီလို ဘောင်းဘီ မျိုးကိုတော့  ကျွှန်တော် ကိုယ်တိုင် ဒု က္ခ ခံဖူးလို့  သိတယ် ။ခါး နဲ့  ဗိုက် ကို မကျပ်အောင် ဂ၇ု စိုက်၇င် ၀တ်ပျော် ပါတယ်။

  • Khine Pwint ဘောင်းဘီရဲ့အသားကိုရွေးချယ်ရမှာပါ။

Sunday, December 30, 2012

ဆက်ရက် တောင်ပံကျိုးမလေး ၏ လွမ်းဆွတ်ဖွယ် ပုံပြင် .....

by Swe Myat Hay Thi on Sunday, 16 September 2012 at 08:01 ·


           လွန်ခဲ့တဲ့ ( ၈ ) နှစ်ကျော် ( ၉ ) နှစ် ခန့်အချိန် က .... ဖြစ်ပါတယ်... သူမလေး ရဲ့ နာမည် က ( ....... ) ပါတဲ့ .... အသားညိုညို ၊ မျက်လုံး လှလှ ၊ မျက်ခုံးကောင်းကောင်းလေး နဲ့ ... စံပယ်တင် မှဲ့နက်လေး တစ်လုံး နဲ့ အသက် ( ၁၂ ) နှစ် အရွယ် ချစ်စရာကောင်း တဲ့ သွက်သွက်လက်လက် ကလေး မလေး ပါ .... ကျွန်မ မှာ အဖော်မရှိတဲ့ အတွက် ... အိမ်အကူ ပွဲစားထံကနေ .... ကလေး တစ်ယောက် လောက် လိုချင်တယ်... တောက်တိုမရလောက်ဘဲ ခိုင်းချင်တာ ... အများကြီး လုပ်စရာမလိုဘူး ... ရုပ် သန့်သန့်လေး ရှာပေးပါ .... ဆိုပြီး ၊ ရှာခိုင်းခဲ့တဲ့ ပွဲစား က ကျွန်မ အလှမက်တာ သိတာမို့ အသားမည်းတာ ကြိုက်မှာ မဟုတ်မှန်းသိပေမယ့်  သွက်သွက်လေး .... မို့ ... ကျွန်မ မြင်ရင် သဘောကျမှာပါ ... ဆိုပြီး ခေါ်လာပေးတာ.... ဖြစ်ပါတယ် ....

                သူရောက်လို့ ဧည့်စာရင်း တိုင်ဖို့ .... အဖေ နာမည် မေးတော့ ... ဆန်းကျယ်စွာဘဲ .... လူ သုံးယောက် ရဲ့ နာမည် ကို ရွတ်ပြပါတယ် .... မဟုတ်ဘူး ... သမီး အဖေ နာမည် ကို မေးတာ ဆို မှ ....သမီး မှာ အဖေ ( ၃ ) ယောက် ရှိပါတယ် တဲ့ .... အဖေ အရင်း က ဘယ်သူလဲ ဆိုတော့ .... ( ၃ ) ယောက် စလုံး က အရင်းဘဲ တဲ့ .... ကျွန်မ လည်း စိတ်ရှုပ်လာရတာ မို့ .... သူ ပြောတဲ့ အဖေ သုံးယောက် ထဲ က တစ်ယောက်သော အဖေ ရဲ့ နာမည် ကို ဘဲ ယူပြီး ဧည့်စာရင်း တိုင်လိုက်ရပါတယ် .....နောက်ကြုံမှ သူ့ရွာ ပွဲစား ကို မေးကြည့်တော့ .... သူ့အမေ က အဖေ အပေါ်ဘဲ ကလေးမွေးထားတာ ဖြစ်သလို ... တစ်အိမ်ထဲ မှာ လည်း နောက် ယောကျာ်း ( ၃ ) ယောက် အပြိုင် ယူထားတာ ဖြစ်ပြီး  ... အကျင့် စာရိတ္တ မကောင်းတဲ့ အမေ နဲ့ ... မလုံခြုံ တဲ့ ပထွေးတွေကြား မှာ သူ့ဘ၀လေး မလုံခြုံ ရှာတာမို့ ဖြစ်နိုင်ရင် အပြီး ခေါ်ထားလိုက်ပါလား ... တဲ့ .... အစက သာ ကြိုသိခဲ့ရင် ဇာတ်ရှုပ် ဆို အိမ်ပေါ်တင်မိမှာ မဟုတ်ပေမယ့် .... ရက်ကြာတာ နဲ့ အမျှ အဖော်မရှိတဲ့ ကျွန်မ လည်း သူ့ ကို ခင်နေပြီ မို့ ... သနားသွားတာနဲ့ဘဲ ... ကြည့်သေးတာပေါ့ .... ဆိုပြီး ဆက် လက်ခံထားခဲ့ပါတယ်....

            ခေါ်စဉ်တုန်းက ကူဖော်လောင်ဘက် ပြောခဲ့ပေမယ့် တကယ်တမ်း မှာ ကျွန်မ နဲ့ တစ်ခန်း ထဲနေ ၊ တစ်ခန်း ထဲအိပ် ၊ တစ်စားပွဲ ထဲ စားပြီး .... ယုတ်ဆွ အဆုံး ရေချိုးခန်း ၊ အိမ်သာ က အစ ... ကျွန်မ အခန်းမှာ ဘဲ သွားခိုင်းခဲ့မိပါတယ် .... အဖော် မရှိခဲ့တဲ့ ကျွန်မ အတွက် ကလိစရာ အရုပ် တစ်ရုပ် ရတာမို့ ... အ၀တ်အစားတွေ ၀ယ်ပေး ၊ ကလစ်လေး တွေ တပ်ပေး နဲ့ ... မနက်တိုင်း သူ နဲ့ အတူ ပခုံးဖက် ပြီး လမ်းထလျှောက် ၊ ကျွန်မ ပျင်းရင် သူ နဲ့ထိုင်ပြီး သူ ဟာသ လုပ်ပြသမျှ ထိုင်ရယ် ရသလို ၊ သနားစရာကောင်းတဲ့ သူ့ဘ၀ အကြောင်းတွေ ကြားရရင် စိတ်မကောင်း ဖြစ်လိုက် နဲ့ဘဲ အဖော် လုပ်မိခဲ့ပြီး ..... သူ က လည်း ကျွန်မ ဆီ ဧည့်သည် လာရင် မကြိုက် ၊ တခြား ကလေးတွေ ကို လက်ဆောင်တွေ ဘာတွေ ၀ယ်ပေးရင် က အစ ... ကျွန်မ ကို မနာလိုစွာ နဲ့ စိတ်ဆိုး စိတ်ကောက် ဖြစ်တဲ့ အထိ ရင်းနှီးလာသလို ... TV ကြည့်ရင် က အစ ကျွန်မ ကို လာမှီ ၊ ကျွန်မ ပေါင်ပေါ် လာအိပ်တဲ့ အထိ တရင်းတနှီး နေခဲ့မိပါတယ် .....

             အဖော် မရှိတဲ့ ကျွန်မ ရဲ့ မျှော်လင့်ချက် က သူ့မှာ ခိုကိုးစရာ မရှိတဲ့ အတွက် ၊ ကျွန်မ နဲ့တစ်သက်လုံး နေသွားရင် ကျွန်မ အတွက် အဖော်ကလေး ရသလို .... ကိုယ် နဲ့ တန်းတူစား ၊ တန်းတူ သွားလာတာ ကို အကျင့်လုပ်ထားမိတဲ့ အတွက် ... တဖြည်းဖြည်း ဆင်းရဲမှာ ကို ကြောက်လာတဲ့ သူ့ စိတ် ကို သိသူမို့ .... ကိုယ် နဲ့ အမြဲနေစေချင်တဲ့ အတွက် .... ကောင်းကောင်းစား ၊ ကောင်းကောင်း နေချင်ရင် ကိုယ် နဲ့အမြဲနေ ... ဆိုတဲ့ စကား ကို အမြဲပြောဖြစ်ခဲ့ပေမယ့် .... ဟိုး အောက်ခြေ က လူတစ်ယောက် ရဲ့ ဘ၀ ကို ဘာမှန်း မသိ ၊ ညာမှန်း မသိ ၊ ဗြုန်းခနဲ .... အမြင့် ကို ဆွဲမြှောက်ခဲ့တဲ့ အတွက် ... အဲဒီ ကလေးမလေး ခမျာ .... တဖြည်းဖြည်း ချင်း အောင်ခြေလွတ်လာပြီး ဟိုလူ နဲ့ ဆို စကားမပြောချင် ၊ ဟိုအိမ် ဆို မသွားချင် ၊ နောက်ဆုံး အလှူတွေ ဘာတွေ သွားရင် က အစ ဘိုထိုင် မဟုတ်ရင် အိမ်သာ မတတ်ချင်ပါဘူး ... ဆိုတဲ့ အထိ  ဖြစ်လာသလို .... အဲဒီ အချိန်မှာ ကျွန် မလည်း အခုလို အလုပ် မလုပ်သေးလို့ ... ဘ၀ အကြောင်း နားမလည်ခဲ့ပေမယ့် ... တစ်ခုခုတော့ လွဲသွားပြီ ဆိုတာ ကို သိမြင်တဲ့ ကျွန်မ သူ့ကို အချိန်မှီ ဆုံးမ လို့ အသည်းအသန် ပုံပြန်သွင်းခဲ့ပေမယ့် ... ကျွန်မ ဖန်တီးထားမိတဲ့ ဘ၀ မှာ နေသား ကျနေတာကနေ ...တစ်ရက် တခြားသော အလုပ်သမားတွေ ကို မောက်မောက်မာမာ မတူမတန် ပြောဆို ဆက်ဆံနေတာ ကို တွေ့လို့ ကျွန်မ ပြင်းပြင်း ထန်ထန် ဆူ လိုက်မိတာ က စပြီး မဆူစဖူး အရမ်း ဆူမိတဲ့ ကျွန်မ ကို စိတ်ကောက်ပြီး သူ့ ပွဲစား ကို လာပြန်ခေါ်ခိုင်းရင်း... အလုပ် ပါ အပြီး ထွက်သွား ခဲ့ပါတယ် ..... ခိုကိုးရာ မရှိတဲ့ သူ့ဘ၀ နောက်ကြောင်း သိတဲ့ ကျွန်မ သူ မထွက်ခင်မှာ အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့ပေမယ့် .... သူ တောင် နားမ၀င်တာ ဘာအရေးလဲ .... ဆိုပြီး ..... ကျွန်မ လည်း ခေါင်းထဲ က အပြီး ထုတ်ထားခဲ့လိုက်ပါတယ် .....

              အဲဒီလို နဲ့ လတော်တော်ကြာသွားတဲ့ တစ်ရက်မှာ ကြည့်မြင်တိုင် ဘူတာ ရဲစခန်း က ဆိုပြီး ကျွန်မ နာမည် နဲ့ ဖုံးတစ်ခု လာပါ တယ်.... အကြောင်း က ကျွန်မ အိမ်မှာ နေသွားတဲ့ ( ....... ) ဆိုတဲ့ ကလေးမလေး က ဘူတာ မှာ နာရီ အလစ်သုတ်မှု နဲ့ ဖမ်း ထားတာမို့ ... ကျွန်မ နဲ့နေတုန်း က သူ့ အကျင့် စာရိတ္တလေး သိချင်ပါတယ် .... ဆိုပြီး ဆက်လာတာ မှာ ... ကျွန်မ နဲ့ နေတုန်း ကတော့ အကျင့် စာရိတ္တ ချို့ယွင်းတာ မရှိခဲ့ကြောင်းသာ ဖြေပေးခဲ့ပြီး သူ့ အကြောင်းကြားရတာ စိတ်မကောင်းပေမယ့် .... ကိုယ့် မှာ လည်း ကိုယ့် အကြောင်း နဲ့ ကိုယ် မို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး  ...... အဲဒီ က နေ ( ၂ ) နှစ်လောက်နေပြီး ကျွန်မ GINGER  ဖွင့်တဲ့ အချိန်ကျမှ ကျွန်မ ဖခင် ကို နှလုံးဆေးခန်း တစ်ခု သွားပြရင်းနဲ့ ဖြစ်ချင်တော့ ....ထို ဆေးခန်း နဘေး က တည်းခိုခန်း ပေါ် ကနေ ... မိန်းကလေး တစ်ယောက် ဆင်းလာပြီး ကျွန်မ ကို ဗြုန်းခနဲ လာဖက်ပါတယ် ....  ကျွန်မ နဲ့ နေစဉ် က သူ့ အသက် ( ၁၂ ) က နေ ... ပြန်တွေ့တဲ့ အချိန်မှာ အပျိုကြီးဖားဖား ဖြစ်နေပြီ မို့ .... ရုတ်တရက် ကျွန်မ သူ့ကို ဘယ်လိုမှ မမှတ်မိခဲ့ပါဘူး .... ဆင်းလာတာ က တည်းခိုခန်း ဖြစ်နေတာမို့ .... စိတ်မကောင်းခြင်း နဲ့ သမီး ဒီ မှာ ဘာလုပ်ရလဲ ဆိုတော့ .... သန့်ရှင်းရေး လုပ်ရသလို .... လာ တည်းခို တဲ့ ဧည့်သည်ပေါင်းစုံ ရဲ့ အ၀တ်အစားတွေ လျှော်ရ ၊ သူတို့ စားချင်တာ ၀ယ်ခိုင်းရင် ထွက်ဝယ်ပေးရ နဲ့ ဒီလောက်ပါဘဲ ....
 
               သူ့ နဲ့ ကျွန်မ ရဲ့ သံယောဇဉ် ကို သိတဲ့ ကျွန်မ အဖေ က သားသမီးချင်း စာနာစွာ နဲ့ ရှေ့လျှောက် ဒီလောကထဲ မှာ ဆက်နေနေရင် ဘ၀ပျက် သွားမှာ စိုးရိမ်တာမို့ .... အလုပ် ရှိနေပြီ ဖြစ်တဲ့ ကျွန်မ ကို သနားပါတယ် သမီးရယ် ... ကယ်ထားလိုက်ပါ ... ဆိုတာ နဲ့ဘဲ .... နဂိုထဲ က သံယောဇဉ် ရှိတဲ့ ကျွန်မ ဒုတိယ အကြိမ် အိမ် ကို ပြန်ခေါ်လာမိပါတော့တယ် .... ဒီတစ်ခါ မှာတော့ အလုပ်လုပ်နေပြီ ဖြစ်တာမို့ ... စ၀င် ကထဲ က ကျွန်မ ဆီ မှာ ဘာတွေ မလုပ်ရဘူး ... ဘာအလုပ် လုပ်ပေးရမယ် ... ဘယ်သူတွေ နဲ့ ဘယ်လို ဆက်ဆံရမယ် ... က အစ သွန်သင်ပြီး ခေါ်လာတာ မှာ တခဏတော့ ငြိမ်ပေမယ့် ..... သမရိုးကျ လစာသာ ပေးနိုင်တဲ့ ကျွန်မ ဆီ မှာ သူ့တည်းခိုခန်းမှာ နေတုန်းကလို ... အပို အောက်ဆိုက်လည်း မရတဲ့ အတွက် ပိုက်ဆံများများ သုံးနေကျ လူတွေ ရဲ့ ထုံးစံ အတိုင်း ပိုက်ဆံ မမြင်ရရင် မပျော်နိုင်တော့တာ .... ကို သိပေမယ့် .... သူ ဒီ တစ်ခါ ကျွန်မ ဆီ က နေ အပြင်ပြန်ရောက် သွားရင်  မဟုတ်မဟတ် တဲ့ နေရာတွေ ရောက်ပြီး ကျိန်းသေ ဘ၀ ပျက်ရမှာ ကို သိတာမို့ ... အတတ်နိုင်ဆုံးလေး ကျွန်မ ချော့မော့ပြီး သူ့မှာ မိဘ နဲ့လည်း နေစရာ မရှိ၊ အားကိုးစရာ မရှိတာမို့ ... ကိုယ့်ဘ၀ ကိုယ် နားလည်ဖို့ ၊ လိမ္မာဖို့ ၊ အပြင်မှာ မကောင်းတဲ့ သူတွေ နဲ့တွေ့ရင် စာ မတတ်တဲ့ အတွက် အမှားအမှန် မခွဲခြားနိုင်တာမို့ ... မကောင်းတဲ့ နေရာ တွန်းပို့သွားတဲ့ သူတွေ နဲ့ တွေ့ရင် ဒုက္ခရောက်ရမယ် က အစ .... သူ နားလည်အောင် ရှင်းပြပြီး သွန်သင် ဆုံးမ တွဲခေါ်ပေးခဲ့ပေမယ့် .... ခွေးမြှီးကောက် ကျည်တောက်စွပ် လို့ ...တခဏတာဘဲ ရခဲ့ပြီး .... အတန်း ပညာ လုံးလုံး မရှိရှာတဲ့ သူမ ကျွန်မ ဆီမှာ  သန့်ရှင်းရေးသမား သက်သက် ဘ၀ နဲ့ ရေရှည် ဆက်မနေနိုင်တော့တဲ့ အဆုံး ......  တစ်ရက်သော မိုးမလင်းခင် မနက် အစောကြီး အချိန်မှာ ထွက်ပြေးသွားပါတော့ တယ် ..... ကဲ ဒုတိယ အကြိမ်တော့ သွားပြန် ပြီပေါ့ ...  သတ္တ၀ါ တစ်ခု ကံ တစ်ခုဘဲ ... ဆိုပြီး ..... အလုပ် တစ်ဘက် နဲ့ ကျွန်မ လည်း စိတ်မကောင်းဖြစ်တာ က လွဲလို့ ... ဘာမှ မတတ်နိုင်တော့ပါဘူး .......

              နောက် သိပ် မကြာပါဘူး ... သူ ကျွန်မ ဆီ မှာ မပျော်ပေမယ့် သူ့ အပေါ်ကောင်းတာ ကျွန်မ ဘဲ ရှိတာ ကို သိတာမို့... အိမ်မှာ နေစဉ် ကျွန်မ နဲ့ ဘယ်လောက် စိတ်ကောက်ကောက် အပြင်ရောက်တိုင်း တော့ ကျွန်မ ဆီ ကို မကြာမကြာ ဖုံး ဆက်လာတတ် သလို .... သူ ဘယ်ရောက်လို့ ဘယ်မှာနေနေတယ် ကို က အစပြောပြတတ်ပြီး ကျွန်မ လည်း ရင်တမမ နဲ့ နားထောင်တတ်ခဲ့ ပါတယ် .... အဲဒီလို နဲ့ တစ်ရက် ကျတော့ ကျွန်မ ဆီ သူ ပြန်လာနေချင်တယ် ... ဆိုပြီး ဖြစ်ပြန်ပါရော ... ဒီတစ်ခါ မှာတော့ ကျွန်မ ဆိုတာ အများနဲ့ အလုပ်လုပ်ရသူမို့ .... စိတ် ဂဏာမငြိမ် ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ သူ့ တစ်ယောက် ကြောင့် အေးအေးဆေးဆေး နေရှာတဲ့ ကျွန်မ သင်တန်း က ကလေး တွေ အကျင့်ပျက်မှာ စိုးတာ နဲ့ ထပ် လက်မခံတော့ဘူး .... လို့ ပြောတာမှာ ... ကျွန်မ စိတ်ပူတတ်မှန်း သိတဲ့ သူ က ကျွန်မ ပြန်မခေါ်ရင် သူ အနှိပ်ခန်း တစ်ခု မှာ အလုပ် သွားလုပ်တော့မယ် တဲ့ ... သူ့ကို ပွဲစားတစ်ယောက် က.... ရိုးရိုးဘဲ နှိပ်ရမှာ... ရှုပ်ရှုပ်ယှက်ယှက်တွေ လည်း မရှိဘူး .... ပိုက်ဆံလည်း လုပ်နိုင်ရင် လုပ်နိုင်သလောက် ရနိုင်မယ် .... ဆိုတဲ့ နေရာ တစ်နေရာ ပို့ပေးပါမယ် ... တဲ့ ... ကျွန်မ ပြန်မခေါ်နိုင်ပေ မယ့် ... မသွားဖို့.... ရိုးရိုးကောင်းကောင်း မွန်မွန် အိမ်မျိုး မှာ ဘဲ အလုပ်လုပ်ဖို့ .... ပြောပေမယ့် .... အဲဒီ အိမ်တွေ က ပေးတဲ့ လစာ က နည်းလို့ များများရမယ့်နေရာ ကို ဘဲ စွန့်ပြီး လုပ်ကြည့်ချင်ပါတယ် တဲ့ .... သမီး ကိုယ် သမီး ထိန်းနိုင်ပါ တယ် ...... အမ ရယ် တဲ့  ... အမ မခေါ်ချင်လည်း နေပါ ဆိုပြီး .... ဖုံးချသွားပါတယ် .....

            အဲဒီနောက်ပိုင်းမှာတော့ ... ကျွန်မ လည်း ဆိုင် နှစ်ဆိုင် ၊ အလုပ် ( ၂ ) မျိုး နဲ့ ရှုပ်ယှက်ခတ်နေတာမို့ .... သူ့ကို လုံးဝ သတိ မရတော့ဘဲ နေရင်းမှ ..... လုံးဝ မမျှော်လင့်တဲ့ တစ်ရက်မှာ .... ငိုကြီးချက်မ ၊  ကယ်ပါ ယူပါ တစာစာ နဲ့ ကျွန်မ ဓာတ်ပုံဆိုင် ကို ၀ရုန်း သုံးကား နဲ့ရောက်ချလာပါတော့တယ် ... သူ့ ၀တ်စားလာပုံ နဲ့ သူ့ အမူအရာ ကို မြင်လိုက်ကထဲ က သူ့အနေအထား ကို ကျွန်မ သဘောပေါက်လိုက်ပါတယ် ..... ကျွန်မ အတန်တန် တားခဲ့ ၊ သတိပေးခဲ့တဲ့ ကြားက ဖြစ်ရလေခြင်း ဆိုပြီး လည်း စိတ်မကောင်း ဖြစ်ရ ပါတယ် .... သူ ပြောချင်ရာ ပြောပါစေ ဆိုပြီး နားထောင်ပေးမိတော့ .... ကျွန်မ နဲ့ နောက်ဆုံး ဖုံးပြောပြီးတဲ့ နောက်မှာ အနှိပ်ခန်း တစ်ခု မှာ အလုပ် ရတဲ့ အကြောင်း ... အဲဒီမှာတော့ သမားရိုးကျဘဲ မို့ .... သူ့ထက် ပိုရမယ် ... နင့် အိမ် ကို လည်း အချီကြီး ပြန်ထောက် ပံ့နိုင်မယ် ဆိုတဲ့ ပွဲစား စကား ကို ယုံစားမိတဲ့ အတွက် .....တခြား ပိုက်ဆံ ပိုရမယ့် နေရာ ကို ကူးရင်း သူ့ဘ၀ ပျက်ခဲ့ရပြီ ဖြစ်ကြောင်း ၊ အဲဒီနေရာမှာ လာတဲ့ ဧည့်သည် ကို ငြင်းဆန်ရင် သူတို့ခေါ်တဲ့ သူဌေး ဆိုသူ က ဧည့်သည် ပြန် တာ နဲ့ အရှိုး အပြိုင်းပြိုင်းထအောင် ရိုက် တဲ့ အကြောင်း ၊ သူ့ အိမ် ကို ကောင်းကောင်းထောက်ပံ့နိုင်မယ် ဆိုတဲ့ ပို့ပေးတဲ့ ပွဲစား ကလည်း ရောင်းစားသွားတာ မို့ .... ထွက်ပြေး တာ နဲ့ အသတ်ခံရမှာ ဆိုတဲ့ အကြောင်း .... နဲ့ စပ်စပ် စုစု ကျွန်မ က နင် ရောဂါ ကူးမှာ မကြောက်ဖူးလား ... လို့ မေးတော့ ... စာ မတတ်တဲ့ မိန်းကလေးငယ်တွေ ကို ရိုက်သွင်းထားပုံ က သုံးလဆေး မှန်မှန်ထိုးတာ ... ကာကွယ်ပြီးသား ဖြစ်ကြောင်း ... ဘာရောဂါ မှ မရနိုင်ကြောင်း နဲ့ ... သူ နဲ့ ဘ၀တူ မိန်းကလေး တွေ အများကြီးလည်း ဤသို့ဘဲ လုပ်ကြကြောင်း ပြောပြသွားသလို .... ပိုက်ဆံ က ဧည့်သည်ပေါ် မူတည်ပြီး တစ်လ ကို ငါးသိန်းလည်း ဟုတ် ၊ ခြောက်သိန်းလည်း ဟုတ် .... ရတယ်..... ဆိုတဲ့ အကြောင်း ကြားရတဲ့ ကျွန်မ က ..... အမ အတန်တန် သတိပေးခဲ့တဲ့ ကြားထဲက မှ ဖြစ်မှဖြစ်ရလေ ... သမီးရယ် ...... နင့် မှာ ဘ၀ ပျက်တယ်ဆိုတာ ဘာမှန်း ညာမှန်း မသိဘဲနဲ့ ပျက်ရတာ ... ယောကျာ်းဆိုတာ လည်း ဘာမှ မသိ ၊ ရည်းစားထားတယ် ဆိုတာ လည်း မကြားခဲ့ရ ဖူးဘဲ နဲ့ ... ဆိုးရွားလိုက်တဲ့ ဘ၀ .... ကြည့်စမ်း ... အမ ဆိုင် က ကလေး တွေ လစာ က သမီး ရတဲ့ ပိုက်ဆံရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိကြဘူး .... ဒါပေမယ့် သူတို့ မျက်နှာလေးတွေ နဲ့ သူတို့ ဘ၀လေးတွေ သမီး ကြည့်စမ်း ... ညည်းလို ပူလောင် နေရသလား .... အဲဒါ ဘဲ ... သမီး ကို အမ  မမှားခင် ၊ မဖြစ်ခင် ၊ အမုန်းခံပြီး ခဏခဏ ပြောခဲ့ရတာ .... ဆိုတော့ ..... သူ့ ကို ကယ်ပါ ... ဒီတစ်ခါ တကယ် ကျွန်မ စကား နားထောင်ပါတော့မယ် တဲ့ ..... ဒီ အလုပ်ကြီး သမီး လုံးဝ ဆက်မလုပ်ချင်တော့ လို့ပါ ဆိုပြီး .... ငိုငိုပြီး ပြောနေပါတော့တယ် .....

              ကျွန်မ လည်း စိတ်မကောင်းဖြစ်လှပေမယ့် .... ဘယ်လို မှ ကယ်လို့မရတော့သလို ..... နာမည်ပျက် လို့ မရတဲ့ ကျွန်မ အလုပ် ထဲ .... ကျွန်မ ပုံစံ သွင်းထားတဲ့ ကျိုးကျိုးနွံနွံ ကလေးတွေ ကြားထဲ ဘယ်လိုမှ ဆက်စပ်လို့ မရတော့တာ မို့ .... သမီး ...အမ ပြောတာ နားထောင်စမ်း .... သမီး အခု အမ ဆီ လာနေလို့ လည်း ဘယ်လို မှ မဖြစ်ဘူး ... အမ ယောကျာ်း ကလည်း ရှုပ်ရှုပ် ယှက်ယှက် လုံးဝ မကြိုက်ဘူး .... အဲဒီတော့ သမီး ဘ၀ ကို အမ နောက်ဆုံး အကြိမ် အကြံပေးလိုက်မယ် ..... သမီး အခု လုပ်ချင်ချင် ၊ မလုပ်ချင်ချင် ၊ အခိုက်အတန့်  ခဏမှေးနေပြီး  .... အရင်းအနှီး ပိုက်ဆံ တစ်ခု ရအောင် ကြိတ်မှိတ်ပြီး စုလိုက် .... ပြီးရင် သမီး .... အသုတ်ဖြစ်ဖြစ် ၊ မုန့်ဟင်းခါး ဖြစ်ဖြစ် ၊ ဈေးဆိုင် ကလေး တစ်ခု ဖွင့်ပြီး ..... ငါ ကျန်တဲ့ ဘ၀ တလျှောက်လုံးကောင်းအောင် ကြိုးစား ပြီးနေမယ် ...... စားရသောက်ရမဲ့လို့.... ငတ်ပြတ်ပြီး သေချင်သေပါစေ .... ဒီ မကောင်းတဲ့ အလုပ် နဲ့ မကောင်းတဲ့ ဘ၀ ဆိုး ကို ဘယ်တော့ မှ ပြန် မသွားတော့ဘူး .... လို့ စိတ်ဒုံးဒုံးချပြီး ... အပြတ်ဖြတ်ခဲ့ ..... တကယ် စ လုပ်တဲ့ အလုပ် ကို အကောင်းဆုံး ကြိုးစားပြီး လုပ် ... မကောင်းခဲ့တဲ့ ဘ၀တွေ အားလုံး ကို ပြန်ပြန် မခံစားဘဲ .... ငါ ဘာ မှ မဖြစ်ခဲ့ဘူး လို့ .... မသိစိတ်ထဲ ပို့ပြီး မေ့လိုက် ... သမီး ကောင်းကောင်း မွန်မွန် အလုပ်လေး လုပ်ရင်း ... နဲ့ တစ်ချိန်မှာ ကိုယ့် အပေါ် အတည်အတံ့ ချစ်ကြိုက်ပြီး လက်ထပ်ချင်တဲ့ သူ ပေါ်လာရင် .... မလိမ်နဲ့ ... မညာနဲ့ ...သူ မယူချင် နေပါစေ ... အရိုးသားဆုံး ၀န်ခံပြီး သူကျေနပ်ရင် ယူလိုက် .... သမီး ဘ၀ မှာ အဲဒီလို နေ့လေး ရောက်ပြီး အမြန်ဆုံး အေးချမ်းနိုင် ဖို့ ... အမ ဆုတောင်းပေးနေမယ် .... လို့ .... ကျွန်မ အဖြစ်သင့်ဆုံးလေး စဉ်းစား ပြီး အကြံလေး ပေးလိုက်ရပါတယ် .....

            အခုနောက်ဆုံးမှာတော့ .... ပြီးခဲ့တဲ့ ..... ခြောက်လ လောက် က ဖုံးဆက် လာပြန်ပါတယ် ..... အမ စေတနာ နဲ့ သမီးဘ၀ အတွက် ပြောပေးတာ ..... ကျေးဇူးတင်ပါတယ် .... တဲ့ .... ဒီ ဘ၀ မှာတော့ မရတော့ပါဘူး....အမ ရယ် ...သမီး ဘ၀ နဲ့ သမီး သာ ရှိပါစေတော့ .... ဆိုပြီး ကြေကြေကွဲကွဲ နာနာကျည်းကျည်း ပြောသွားပြန်တာ မို့ ... သူ့အပေါ် ဘယ်လောက် စိတ်ဆိုးဆိုး ရေစက် မကုန်ခဲ့တဲ့ ကျွန်မ အကျိုးသင့် အကြောင်းသင့် မေးမြန်းလိုက်တော့ ..... အဲဒီ အနှိပ်ခန်း မှာ အလုပ်လုပ်ရင်း .... သူ့ ဘ၀ ကို နားလည်ပေးနိုင်မယ် ထင်တဲ့ ယောက်ျား တစ်ယောက် ကို တွေ့ခဲ့ရပါတယ်.... တဲ့ .... သူ့ အပေါ် ကို လည်း တော်တော်လေး ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ နဲ့ပါဘဲ....တဲ့ .... အမ စကားနားထောင်ပြီး သမီး ဒီ ဘ၀ ကို မပျော်တဲ့ အကြောင်း ၊ မိသားစု ဘ၀ လေး နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေချင်မိတဲ့ အကြောင်းတွေ ပြောပြရင်း နဲ့ ..... သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် ...... အမ ရေ တဲ့ .....

               ကျွန်မ  Notes  ကို ဖတ်မိတဲ့ သူများ ... ဘယ်လို ခံစားရမလဲ မသိပေမယ့် .... ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အစအဆုံး  စမြုံ့ ပြန်ပြီး ပြန်ပြောရတဲ့ ကျွန်မ တောင် ..... တလှပ်လှပ် နဲ့ အခါခါ ရင်မောခဲ့ရပါတယ် ..... ရေးရတာ စိတ်မောရစရာ ကောင်းလှသလို ၊ ဖတ်သူတိုင်း စိတ်မချမ်းသာ ရတဲ့ ဒီ Notes  လေး ကို ရေးဖြစ်တဲ့ အကြောင်း က ဒီလိုပါ ...... ကျွန်မ  Face Book  မှာ ရေးခဲ့သမျှ Notes လေးတွေ ပေါင်းစည်းပြီး တင်ထားခဲ့တဲ့  ...  http://www.gingerbeautyland.com/notes_13.html
 
  တွဲမိတဲ့ လက်နှစ်စုံ သက်ဆုံးတိုင်စေတော့ ..... ဆိုတဲ့ Notes .... မှာ .... မိဘတွေ မသင့်မြတ်ရင် အပြစ်မရှိတဲ့ ကလေးတွေ စိတ်ဆင်းရဲကြရတာ မို့ ... ကိုယ် မွေးထားတဲ့ ကလေးတွေ ကို ဘယ်လို အကြောင်း နဲ့ မှ စိတ်မဆင်းရဲစေချင်တဲ့ အတွက် ယူပြီး မှတော့ သူ့ ထက် ပိုဆိုးမယ့် သူ နဲ့ သာ နှိုင်းယှဉ်ပြီး အတတ်နိုင်ဆုံး သီးခံ ပေါင်းဖက်ကြစေဖို့ ရေးခဲ့ဖူးသလို .... ပြီးခဲ့တဲ့ လ က ရေးဖြစ်ခဲ့တဲ့ http://www.gingerbeautyland.com/notes_29.html
 
  သင်းကွဲငှက်ငယ်များ ၏ အဆိပ်သင့် ဒဏ္ဍာရီ  မှာ ကျတော့ ... အဆင်မပြေတဲ့ မိဘတွေ ရဲ့ မသင့်မြတ်ကြတဲ့ ရန်ပွဲတွေ အမျိုးမျိုးကြားမှာ ကြီးပြင်းလာရတဲ့ အပြစ် မရှိတဲ့ ကလေးငယ်တွေ ခမျာ ဘယ်သို့ ဘယ်ပုံ စိတ်ဒဏ်ရာ ရကြပြီး ဘ၀ ပျက်ကြရတယ် ... ဆိုတဲ့ အကြောင်းတရား တွေ ရေးဖြစ်ခဲ့ပြီး ....  အခု စိတ်မောစရာ ဒီ Notes လေး မှာတော့ ကျွန်မ အဓိက ပြောချင်တာ ... မိဘတွေ ရဲ့ အိမ်ထောင်ရေး အဆင်မပြေတဲ့ ခါးသီးတဲ့ ဘ၀ဆိုးတွေ ကြား က စိတ်ဒဏ်ရာ ဒဏ်ချက် အမျိုးမျိုး နဲ့ ကြီးပြင်းလာရတဲ့ လူငယ်လေးတွေ အပေါ် ကိုယ်ချင်းစာစွာ နဲ့   နားလည် ခံစားမိတဲ့ စိတ်ကလေး ကနေ ..... စေတနာ ၊ မေတ္တာစိတ် ကလေး ထပ်တိုးပြီး သူတို့ ဘ၀ ရပ်တည်မှု အတွက် စိတ်ဓာတ် ခွန်အားလေး ပေးချင်မိတဲ့ အတွက် ဘဲ .... ဖြစ်ပါတယ် .....

             သင်ဟာ အကယ်၍များ ပုံစံ အမျိုးမျိုး နဲ့ ဘ၀ နောက်ကြောင်း မလှခဲ့ရတဲ့ .....ဆက်ရက် ငှက်ငယ်လေး တစ်ကောင် ဖြစ်ခဲ့ပါက .... လတ်တလော မှာ ... သင့် အပေါ် တဒင်္ဂတာ နားလည် ခံစားပေးမယ့်သူ ကို လိုက်မရှာပါနဲ့ .... အခိုက်အတန့်တွေ့တဲ့ သူ တစ်ယောက် ရဲ့ စကားတွေ ကို အယုံ မလွယ်ပါနဲ့ ..... သင် နိမ့်ကျ သိမ်ငယ်နေတဲ့ အချိန်မှာ တွေ့ရတဲ့သူ ဆိုတာ သင့် ကို တွဲခေါ်နိုင်မယ့်သူ ဖြစ်ဖို့ထက် သင့် စိတ် ကို အခိုက်အတန့်မျောလွင့်ပေးပြီး ပိုပြီး နစ်သထက် နစ်စေတဲ့ ဘ၀များစွာ ကို ဆွဲချ သွားတတ်ပါတယ် ...... ထို့ အတွက် လိုက် မခံစား ၊ စိတ်အား မငယ်ဘဲ ၊ ကိုယ့် ဘ၀ အမှန်တရား ကို အရှိအတိုင်း လက်ခံ လိုက် ပြီး လောကဓံ ဘယ်လို ဆိုးဆိုး .... ဆိုးရွားလိုက်တဲ့ ကံကြမ္မာ ကို စိန်ခေါ် အံတုပြီး အောင်မြင်တဲ့ မိသားစု ဘ၀ များစွာ က လာတဲ့ ရွယ်တူ တန်းတူတွေ ထက် ပိုပြီး အောင်မြင်အောင် ကြိုးစားပြလိုက်ပါ .... ကိုယ် လျှောက်ရမယ့် လမ်းကို ကိုယ်တိုင်ဖောက်ပြီး ခါးသီး တဲ့ ကိုယ့် ဘ၀ ကို သူများတွေ မျှော်လင့်ထားသလို ရေစုန် မမျှောဘဲ .... ကိုယ့် ဘ၀ ကိုယ် ကျောင်း လို့ ရေဆန် တက် ပြီး အောင်မြင်လာ ရတဲ့ အရသာ ဆိုတာ ... ဘာ နဲ့မှ မတူနိုင်စွာ ..... ပိုလို့ ချိုမြိန်သလို ပိုပြီးတော့လည်း ဂုဏ် ရှိပါတယ် ....

                 ဘယ်လိုမှ မခံစားနိုင်လောက်အောင် သင် စိတ်ထိခိုက် ခံစားလာရတဲ့အခါတိုင်း ..... လူ မမြင်တဲ့ နေရာ တစ်ခု မှာ စိတ်ကို အတိုင်းအဆ မရှိ လွှတ်ပေးလိုက်ပြီး .....  အားရအောင် ရင်ဖွင့်ပြီး ငိုကြွေးလိုက်ပါ ..... ငိုလို့ ၀ ရင် ... စာနာမယ့် သူ မရှိ / ကူကယ်ရာ မရှိတဲ့ ဘ၀ကြီး မှာ ဘယ်လောက်ကျနိုင်မလဲ ....  ကြိုက်သလောက်ကျ ၊  အကြိမ်ကြိမ် ပြုတ်ကျစမ်းကွာ ... လို့ ကြုံးဝါးပြီး ဆယ်ကြိမ်လဲ ရင် ဆယ့်တစ်ကြိမ် အားတင်းပြီး ကြိုးစား ပြန်ထပါ ..... အကြိမ် တစ်ရာ လဲဖူးရင် တစ်ရာ့ တစ်ကြိမ် မှာ သင် ဟာ အောင်မြင်အောင် ပြန်ထနိုင်တဲ့သူ သာ ဖြစ်ပါစေ ... လောက ကြီး ကို အရွဲ့မတိုက်ပါနဲ့ ... အရွဲ့တိုက်မိခဲ့လျှင် .... သူ့ ဟာသူ နေတဲ့ လောကကြီး က မရွဲ့ဘဲ .... ကံဆိုးချိန်များ မှာ ဘယ်လိုလူ လာလာ မကယ်တင်ပေးနိုင်တာမို့ .... ယုံစားမိတဲ့ သင့် ဘ၀သာ ပိုပြီး ဆိုးရွားသွားပါလိမ့်မယ် ...... ထို့အတွက် ဘယ်လောက်ဘဲ ဒုက္ခရောက်ရောက် ... ဆိုးရွားလိုက်တဲ့ လောကဓံ ဆိုတာကြီး ကို သတ္တိရှိရှိ နောက်မဆုတ်တမ်း စိန်ခေါ် ပြီး ..... သင့် ရဲ့ အရှုံး မပေးတဲ့ စိတ်ဓာတ် နဲ့ မဆုတ်မနစ် ကြိုးစားပြီး ရဲရဲဝံ့ဝံ့ အောင်ပွဲခံနိုင်ကြပါစေ .... လို့ .....

( အဆင်မပြေ နိမ့်ကျ သိမ်ငယ်ရတဲ့ မိသားစု ဘ၀ အမျိုးမျိုးက စိတ်ဒဏ်ရာ ဗလပွ နဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ လောကဓံ ဆိုတာကြီး ကို ယှဉ်ပြိုင်ကာ အနိုင်ရလို့ ဘ၀ မှာ ထူးချွန် အောင်မြင်သော လူငယ် ကလေးများ ဖြစ်နိုင်ကြပါစေကြောင်း .... ဆန္ဒများစွာဖြင့် )



သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် .....

ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)

by MrMaung KoThet on Wednesday, 26 December 2012 at 21:57 ·

ရွှေမလေးတွေ ပြည့်တန်ဆာလုပ် နေတဲ့အိမ်များ (အထူးဆောင်းပါး)
Sunday, 23 December 2012

“သမီးကို မိဘတွေက ကျောင်းဆက်မထားနိုင်တော့တဲ့ အဖြစ်ဆိုတော့ လူပွဲစားကလည်း ရပ်ကွက်ထဲမှာ ထိုင်းကို သွားပြီး အလုပ်လုပ်ဖို့ မက်လုံးပေးစည်းရုံးတာကို အိမ်က ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ စရိတ်ငြိမ်း ခေါ်လာတဲ့အပြင် အိမ်ကိုလည်း ကျပ်တသိန်းခွဲ ကြိုပေး ခဲ့တော့ အဲ့ဒ်ီကနေအစပြုပြီး မဲဆောက်မှာ အရောင်းစားခံရပြီး ဒ်ီဘ၀ကို ရောက်လာရတာပါ...။ ဒီအလုပ်လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ပါဘူး။ အခုတော့လည်း မိသားစုအတွက် အနစ်နာခံရတယ်လို့ပဲ သဘောထားလိုက်တော့တယ်” ဟု ပြောသူမှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အသက် (၁၆)နှစ်အရွယ် ပဲခူးမြို့သူတဦးဖြစ်သည်။

နအဖလက်ထက် စီးပွားရေးကျပ်တည်းရာမှ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်နေကြသူများထဲတွင် မြန်မာအမျိုးသမီးငယ် အများအပြားလည်းပါဝင်၏။ ဘ၀ပျက်ကာ ပြည့်တန်ဆာဘ၀တွင် နစ်မွန်းနေကြရသူ မြန်မာမိန်းကလေးများ ထိုင်းနိုင်ငံအတွင်း သောင်းနှင့်ချီ၍ရှိကြောင်း မြန်မာ့အမျိုးသမီးရေး လေ့လာနေသည့် အဖွဲ့များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် မြန်မာမိန်းမငယ်များ ထောင်နှင့်ချီရှိသည်။ အများစုမှာ မိသားစု စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် စွန့်စားကာ အလုပ်အကိုင် လာရောက်ရှာဖွေကြခြင်းဖြစ်၏။ သို့သော် အတွေ့အကြုံမရှိဘဲ နေရာဒေသအသစ်ကို ရောက်ရှိလာသူတို့ ထုံးစံအတိုင်း လူကယ်ရီနှင့် ပွဲစား များကြောင့် ပြည့်တန်ဆာဘ၀သို့ ရောက်ရှိခဲ့ကြရကြောင်း ကာယကံရှင်များက ခေတ်ပြိုင်သို့ ရင်ဖွင့်ပြောကြားသည်။

မြန်မာပိုင် ပြည့်တန်ဆာရုံများပေါ်လာ

သို့သော် လွန်ခဲ့သည့် နှစ် (၂၀)ခန့်က မဲဆောက်ဒေသတွင်း ပြည့်တန်ဆာရုံများ (၃၀)ခန့်ရှိရာ နမ့်ကျိုင်းဖိ၊ ဒါလင်၊ ပတ္တမြား၊ နှုတ်ခမ်းမွှေးရုံ၊ မီးစက်ရုံများ အပါအ၀င် ထိုင်းလူမျိုးပိုင်ရုံများသာရှိပြီး မြန်မာပြည့်တန်ဆာရုံဟူ၍ သီးခြားမရှိဘဲ ထိုင်းပြည့်တန်ဆာများကြားထဲတွင် အရောအနှောသဘောသာ ရှိခဲ့ကြသည်။ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်က စတင်ကာ မဲဆောက်ဒေသအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများတွင် မြန်မာများသာ အဓိကလုပ်ကိုင်ကြသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်။

ဒေသခံ ထိုင်းနိုင်ငံသားများသည် အခြားဒေသမှ မိတ်ဆွေများအား မဲဆောက်သို့ အလည်ခေါ်ရာတွင် “မဲဆောက်ကိုရောက်ရင်တော့ မင်းတို့ကို မြန်မာမိန်းကလေးတွေနဲ့ ပြုစုမယ်။ တို့မဲဆောက်ဆိုတာက မြန်မာမိန်းကလေးတွေပေါတဲ့မြို့ဆိုတာ တနိုင်ငံလုံးသိကြတယ်” ဟု ပြောဆိုစမှတ် ပြုကြသည့်အထိ ဖြစ်သည်။

လက်ရှိ မဲဆောက်မြို့လယ်ရှိ ပြည့်တန်ဆာရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် မသဲသဲက “ဒီအလုပ်လုပ်တာ ငွေရလွယ်တယ်လို့ပြောနေကြတယ်။ မလွယ်ပါဘူးရှင်၊ အလုပ်တခါလုပ်ရင် ကျမတို့ရုံမှာ ဘတ် (၃၀၀) ရတယ်၊ တချို့ရုံဆိုရင် ဘတ် (၂၀၀) ပဲရတယ်။ အလုပ်ရှင်က တ၀က်၊ ကိုယ်က တ၀က်ရတယ်။ ကိုယ်ရတဲ့အထဲက စားစရိတ်၊နေစရိတ်၊ မီးဖိုး၊ ရေဖိုး၊ ပုလိပ်ကြေးက အစ အဖြတ်ခံရတယ်။ ကျမတို့ဘ၀လည်း ရရစားစားပါပဲ။ ဖာရုံဆိုတာက တရားဝင်ဖွင့်ခွင့်ရတာ မဟုတ်တော့ ဟိုလူဒီလူ ဖားရတာတွေကလည်းရှိတယ်။ ဒ်ီကြားထဲ အလကားလိုက်ပေးရတာမျိုး လည်း ရှိတယ်။ အပိုင်ရဲတွေဆိုရင် သူတို့ကို ရုံကပိုက်ဆံလည်း ပေးရတယ်။ သူတို့လိုရင် အလကားလည်းလိုက်ပေးရတယ်။ ဒီကရဲနဲ့ ဗမာရဲက စကားသာ မတူကြတာ အကျင့်စရိုက်နဲ့ ရိုက်စားလုပ်တာကတော့ အကုန်တူတယ်” ဟု ပြောသည်။

ဆက်လက်၍ “အိမ်ကိစ္စ အကြောင်းတစုံတရာရှိလို့ မြ၀တီကိုသွားတဲ့အခါမှာ ရဲ၊ လ၀က၊ ပြည်သူ့ စစ်၊ မီးသတ်နဲ့ အခြားတာဝန်ရှိသူတွေဟာ ကျမတို့ဘ၀ကိုသိတော့ အကြောင်းအမျိုးမျိုးရှာပြီး စစ်ဆေးတယ်၊ ရစ်တယ်။ အဲ့ဒါသူတို့ရဲ့အလိုဆန္ဒကို ဖြည့်ပေးမှပဲ သွားရေး၊ လာရေး အဆင်ပြေတော့တယ်။ နေ့ခင်းကြောင်တောင် ရဲဂိတ်ထဲမှာသူတို့နဲ့ အိပ်ရတာရှိသလို တချို့ဆို တွေ့ကရာမှာရှိတဲ့ အိမ်သာထဲမှာပဲ သူတို့နဲ့ သွားရတဲ့အထိ ကြုံဖူးတယ်။ နောက်ကို ကျမတို့ဆီကလူတွေဟာ မြ၀တီကိုသွားရင် အဖော်(ကွန်ဒုံး) အမြဲဆောင်သွားရတယ်။ ကိုယ့်အန္တရာယ်ကိုလည်း ကာကွယ်ရသေးတယ်။ မဲဆောက်မှာက ပြည့်တန်ဆာမှုနဲ့ တရားစွဲတာမရှိပေမယ့် ဗမာပြည်မှာကတော့ရှိတယ်၊ ထောင်ကျနိုင်တယ်။ မြန်မာအချင်းချင်း ကုတ်သွေးစုပ်ခံရတာက ပိုပြီးဆိုးတယ်”ဟု ပြောသည်။

ရည်ရွယ်ချက်မရှိသူများလည်း ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာများ၏ ပြောပြချက်များအရ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ရန် အလုပ်လာရှာကြသော်လည်း အခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် ဖြစ်သွားကြရကြောင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ပြောသူများလည်း ရှိသည်။

အသက် (၁၈) နှစ်အရွယ် မနှင်းဆီက “ဒီအလုပ်လုပ်တာ (၂) နှစ်ရှိပြီ။ ပွဲစားက သမီးကို ဘန်ကောက်မှာ အိမ်ဖော်အလုပ် တလ ဘတ် (၅,၀၀၀)ရမယ်ဆိုပြီး ကျလောက်အောင်ပြော တော့ အိမ်ကလည်း ယုံယုံကြည်ကြည်နဲ့ ထည့်လိုက်တာပါ။ ဘန်ကောက်မရောက်ဘဲ ဒီဘ၀ကို ရောက်ခဲ့ရတယ်။ ရောက်စမှာ စကားလည်းနားမလည်၊ ဘယ်သူနဲ့မှလည်း အတွေ့မခံဘူး။ သမီးကို ထိုင်းသူဌေးအဖိုးကြီးတယောက်နဲ့ အိပ်ခိုင်းတယ်။ ပွဲစားနဲ့ ခေါင်းကဘယ်လောက်ရသလဲတော့ သမီးမသိဘူး။ သမီးတို့အိမ်ကို လူကြုံနဲ့ဗမာငွေ (၃) သိန်း ပို့ပေးတယ်။ အမေကစာပို့လာတယ်။ ပို့လိုက်တဲ့ငွေရတဲ့အကြောင်း၊ သမီးလိမ်လိမ်မာမာနဲ့ အလုပ်ကြိုးစားဖို့ပြောတယ်။ အမေ့စာဖတ်ပြီး ကျမ ရူးမတတ်ဖြစ်ခဲ့တယ်။ အခုတော့လည်း မထူးဇာတ်ပဲ ခင်းလိုက်ရတော့တယ်။ ဒီအလုပ်လုပ်တာ နောက်ပိုင်းမှာ အမေတို့ကော၊ သမီးတို့မြို့ကလူတွေလည်း သိကုန်ပြီ၊ အိမ်ပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ လူကြုံနဲ့တော့ ငွေလေး ဘာလေး ပို့နိုင်တာပဲရှိတယ်။ ဘ၀ရှေ့ရေးကတော့ သမီးတို့ရုံမှာ အရင်ကလုပ်ခဲ့ကြတဲ့အစ်မတွေ အဖွဲ့အစည်းက လူတွေနဲ့ ဆက်သွယ်ပြီး နိုင်ငံခြားကို ရောက်သွားတာတွေ ရှိတယ်။ သူတို့ငွေပြန်ပို့လို့ ဗမာပြည်က သူတို့မိဘတွေလည်း တိုက်နဲ့တာနဲ့ ဖြစ်ကုန်ပြီ။ သမီးလည်းအဆက်သွယ်ရှာပြီး နိုင်ငံခြားကိုသွားဖို့ စဉ်းစားထားတယ်” ဟု ပြော သည်။

ပြည့်တန်ဆာအလုပ်ဖြင့် မိဘများကို ပြန်လည်ထောက်ပံ့နိုင်သူများ အနည်းငယ်သာ ရှိပြီး အများစုမှာ လက်ရှိဘ၀မှ ရုန်းမထွက်နိုင်ဘဲ ပျော်ရင်းပါးရင်းဖြင့် အချိန်ကုန်သူများလည်း အများအပြားရှိသည်။

သက်မွန်မြင့်နှင့်တူသည်ဟု လူပြောများသည့် မိန်းကလေးက “ညဖက်အလုပ်လုပ်ပြီး နေ့ဘက် တရေးတမောအိပ်ပြီးရင် မဲဆောက်ဈေးထဲသွားပြီး ဘီယာသောက်၊ စီးကရက်သောက်၊ ထမင်းစား၊ ကာရာအိုကေဆိုပြီး ကိုယ့်ဘ၀ကို ပျော်အောင် လုပ်ယူရတယ်။ ကျမတို့ လုပ်အားခအပြင်ကို လာလည်တဲ့ဧည့်သည်တွေက တရာမျိုး၊ နှစ်ရာမျိုး မုန့်ဖိုး ပေးသွားတာတွေရှိတယ်။ အဲ့ဒီအပိုဝင် ငွေတွေနဲ့ စားသောက် ပျော်ပါးရတာပေါ့။ ဒီအလုပ်လုပ်နေရပေမယ့် ကျမတို့လည်း နှလုံးသားနဲ့ပါ၊ အပြင်မှာလည်း ချစ်သူရည်းစားတွေ အသီးသီးရှိကြတယ်။ ညဘက်အလုပ်လုပ် နေ့ဘက် သူတို့နဲ့အတူ စားသောက်နေထိုင် သွားလာရတာပေါ့။ ကျမတို့ရည်းစားက ကျမတို့ကို နေ့ပဲပိုင်တယ်၊ ညကိုတော့ ရုံကပိုင်တယ်။ ကိုယ့်ရည်းစားလည်း အခြားလူတွေရဲ့ရည်းစားလို တူတူတန်တန်ရှိအောင် အိမ်ခန်းငှားပေးရတယ်၊ မော်တော်ဆိုင်ကယ် ၀ယ်ပေးထားရတယ်။ ကိုယ်ကချစ်တော့ သည်လိုမှမလုပ်ရင် သူများဆီပါသွားမယ်” ဟု ပြောသည်။

မဲဆောက်ဈေးမှ ကာရာအိုကေဆိုင်ရှင် မြန်မာ အမျိုးသမီးတဦးကမူ “ဒီမိန်းကလေးတွေကို ပိုက်ဆံစုဖို့၊ အိမ်ကိုငွေပို့ဖို့ ကျမတို့လည်း ပြောပါတယ်။ အထိန်းအကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်ကုန်ပြီ၊ သူတို့ညဘက် လုပ်လို့ရတာကို နေ့ဘက်မှာ လာဖြုန်းကြတယ်။ သူတို့ ရည်းစားထားတဲ့ သူတွေကလည်း မဲဆောက်မှာ လက်ကြောတင်းအောင် အလုပ်မလုပ်စားချင်တဲ့ ကောင်လေးတွေ က ဒီကလေးမလေးတွေကို ခြူစားနေကြတာ။ သူတို့ရည်းစားတွေကို နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ မော်တော်ဆိုင်ကယ်အပြင် အိမ်ခန်းပါ ငှားပေးတဲ့အထိဖြစ်တယ်။ ယောက်ျားတယောက်ကို မိန်းကလေးနှစ်ယောက်က အပြိုင်လုပြီး ကျမဆိုင်ထဲမှာ ရန်ဖြစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ ခဏခဏ ကြုံရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ တည်းခိုခန်းတခုတွင်အလုပ်လုပ်ကိုင်နေသည့် ကိုအောင်က “ခေတ်စနစ်က မကောင်းတော့ ကျနော်တို့ မြန်မာတွေလည်း စာရိတ္တဆိုတာ ဘာလည်းမသိတော့ဘူး၊ အဆိုးအကောင်းလည်း မသိကြတော့ဘူး။ ကျနော်တို့ တည်းခိုခန်းမှာဆိုရင် ဧည့်သည်က မြန်မာမိန်း ကလေးလိုရင် ခေါ်ပေးရတယ်။ လာပို့တဲ့သူက ဆိုင်ကယ်နဲ့လာတယ်၊ လာတာက သုံးယောက်။ ကလေးက (၁)နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ မိဘတွေနဲ့အတူလာတယ်၊ ဆိုင်ကယ်မောင်းတာ က အဖေ၊ အမေလုပ်သူက ပြည့်တန်ဆာဆိုတော့ ဧည့်သည်နဲ့ အခန်းတက်နေတဲ့အချိန်မှာအဖေလုပ်တဲ့သူက ကလေးကိုနို့ဘူးတိုက်ပြီး အပြင်ကစောင့်တယ်။ ကလေးအမေ အခန်းတက်ပြီးတာနဲ့ သားအမိ၊သားအဖသုံးယောက် ဆိုင်ကယ်နဲ့အတူတူ ပြန်သွားကြတယ်။
အဲလိုပဲ အမေနဲ့ သမီး ပြည့်တန်ဆာရုံ တရုံထဲမှာအတူတူ အလုပ်လုပ်ကြတာလည်းရှိတယ်။ မဲဆောက်မှာ ကျနော်တို့ မြန်မာတွေရဲ့ အဖြစ်ကတော့ ပြောလို့တောင် ယုံနိုင်စရာမရှိတဲ့ အခြေအနေတွေ ဖြစ်ကုန်ပြီ” ဟု ပြောသည်။

ဆန္ဒအလျောက် ပြည့်တန်ဆာလုပ်သူ များလာ

သို့သော် ထိုင်းနိုင်ငံ၌ ပြည့်တန်ဆာအလုပ် လာလုပ်ကြသည့် မြန်မာမိန်းကလေး အတော်များများမှာ ကိုယ့်သဘောနဲ့ကိုယ် ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ကြသူ များလာသည်။ ယခင်က ပြည့်တန် ဆာ လူသစ်တယောက်ရရန် အခက်ခဲရှိသော်လည်း လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှစပြီး မဲဆောက်နှင့် ပြည်တွင်းမှပွဲစားများ အချိတ်အဆက် လုပ်လာကြသည့်အတွက် ယခင်လိုအခြေနေမျိုး မဟုတ်တော့သည့်အကြောင်းကို ပြည့်တန်ဆာဘ၀မှနားပြီး ပြည့်တန်ဆာရုံထောင်ထားသူ မြန်မာအမျိုးသမီးတဦးက ပြောသည်။

သူမက “ကျမ ဒီအလုပ်ကို အသက် (၁၈) နှစ်လောက်က လုပ်လာတာ၊ အခု (၄၀) ကျော်ပြီ။ ကျမတို့ခေတ်က လူသစ်တယောက်ရဖို့ဆိုတာမလွယ်တော့ အလုပ်ရှင်တွေကလည်း နည်းအမျိုးမျိုးသုံးပြီး လူသစ်ရှာဖွေခဲ့ရတယ်။ အခုဆိုရင် မြန်မာပြည်မှာ စားဝတ်နေရေး အကျပ်အတည်းရှိ တော့ ပြည်တွင်းမှာရှိတဲ့ ပွဲစားကနေတဆင့် ကိုယ်လိုချင်တဲ့ ပုံပန်းသဏ္ဌာန်၊ အရွယ်အစားအမျိုးမျိုး မှာလို့ရတဲ့အထိ ဖြစ်သွားပြီ။ ကျမတို့ရုံက အထက်တန်းလွှာရုံမဟုတ်ဘူး၊ ဝေနေယျတွေအတွက်ဖွင့်ထားတော့ သာမန်လက်လုပ်လက်စား အလုပ်သမားတွေအလာများတယ်။ အခန်းတခါ တက်ရင် ဘတ် (၂၀၀)ပဲယူတယ်။ ကျမတို့နဲ့ ကောင်မလေးတွေက တယောက်တ၀က် ယူရတယ်။ သူတို့ကို တလတခါ ငွေရှင်းပေးရတယ်။ တချို့ ကြိုထုတ်တဲ့လူလည်း ရှိတယ်။ ငွေရှင်းတဲ့ အချိန်ကျရင် အိမ်လခနဲ့ ပုလိပ်ကြေး တယောက် (၁,၀၀၀) နုတ်တယ်။ သူတို့ကို ထမင်းပေးတယ်၊ ဟင်းဖိုး (၁) နေ့ (၂၀) ပေးတယ်။မဲဆောက်မှာ တနိုင်တပိုင်အိမ်ရုံအပါဝင် လက်ရှိဖာရုံ (၂၀) လောက်ရှိတယ်။ ရုံတိုင်း ပုလိပ်ကို လစဉ်ကြေးပေးရတယ်။ တလ (၈,၀၀၀)ကနေ (၁၀,၀၀၀) ကြားရှိတယ်။ လိုင်းကြေးပေးထားတော့ အဖမ်းအဆီးရှိရင် ကြိုရှောင်လို့ရတယ်။ ဘန်ကောက်ကလာတဲ့ အထူးအဖွဲ့တို့၊ စီမံချက်အဖွဲ့စုံတို့ကျတော့ သူတို့လည်းဘာမှလုပ်ပေးလို့မရဘူး။မနှစ်က ကျမတို့ရုံကို ၀င်ဖမ်းတော့ ကျမယောက်ျားကို ဖာရုံထောင်မှုနဲ့ ရုံးတင်တာ ထောင် (၂) နှစ်နဲ့ (၇) လကျသွားတယ်” ဟု ပြောသည်။

ယခင်က ပြည့်တန်ဆာလုပ်ငန်းကို ဒေသခံလူမျိုးများက ဦးစီးလုပ်ကိုင်ကြရာမှ ယခုအခါ မြန်မာများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နားလည်မှုယူကာ “အိမ်ဘိ” ဟုခေါ်သည့် (ပြည့်တန်ဆာ) အိမ်ရုံများထောင်ပြီး ကိုယ့်အဆက်သွယ်နှင့်ကိုယ် လုပ်စားကြသည်ဟု လက်ရှိ မဲဆောက် ပြည့်တန်ဆာရုံတခုမှ ခေါင်းတဦးဖြစ်သူ ကိုအာနိုးက ရှင်းပြသည်။

ကိုအာနိုးက “ကိုယ့်မြန်မာတွေအချင်းချင်း အိမ်ရုံထောင်ပြီး လုပ်စားကြတော့ ပိုပြီး တွက်ခြေကိုက် တယ်။ ဟန်ပြအနေနဲ့ အိမ်ရှေ့မှာ ဈေးဆိုင်လေး ဖွင့်ထားမယ်၊ စက်ချုပ်ဆိုင်ဖွင့်ထားမယ်။ ဟိုတယ်တို့၊ တည်းခိုခန်းတို့၊ အပြင် အော်ဒါတို့ သွားဖို့ကြတော့ ဆိုင်ကယ်နဲ့လိုက်ပို့ပေးရတယ်။ တချို့ မိန်းကလေးတွေက မိသားစုရှိတော့ အော်ဒါလာတဲ့အချိန်မှာ ဖုန်းနဲ့ပဲ အဆက်သွယ်လုပ်ရ တယ်” ဟု ပြောသည်။

ညိုညိုဟု အမည်ရှိသည့် အသက် (၂၅)နှစ်ဝန်းကျင် မိန်းကလေးကလည်း သူမအလုပ်နှင့် ပတ်သက်၍ ရယ်ရယ်မောမောဖြင့် ယခုကဲ့သို့ ရှင်းပြသည်။

“ဧည့်သည်ခေါ်လို့ ဟိုတယ်ကိုသွားရင် ကျမယောက်ျားက မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ အလုပ်သွားရင် တခါတလေ ကလေးပါခေါ်သွားရတယ်။ ကျမသားလေးက (၁)နှစ်ခွဲပဲရှိသေး တယ်။ ကျမဧည့်သည်နဲ့ အခန်းတက်ရင် ကျမယောက်ျားက ကလေးကိုနို့ဘူးတိုက်ရင်း အပြင်က စောင့်တယ်။ လူတွေက ကျမတို့လိုလူတွေကိုအပြစ်ပြောချင်ကြတယ်။ ကျမက ခန္ဓာကိုယ်ကိုပဲ ရောင်းတာပါ၊ ကျမမေတ္တာနဲ့ နှလုံးသားကတော့ လင်နဲ့ကလေးပေါ်မှာ အပြည့်အ၀ရှိပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်ကို ထမင်းကျွေးတာမှမဟုတ်ဘဲ။ ကျမတို့လို မြန်မာမိသား စု မဲဆောက်တခွင်မှာ ရာနဲ့ချီရှိပါတယ်။ ကျမယောက်ျား ပန်းရန်လုပ်ရင် တနေ့ (၁၀၀) ထက်ပိုမရဘူး၊ မိဘဆွေမျိုးသားချင်းတွေကို ကူညီဖို့မပြောနဲ့၊ ကိုယ်တောင် ထမင်းနပ်မှန်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ ယောက်ျားက ကလေးထိန်း၊ အကြိုအပို့လုပ်ပေါ့။ အော်ဒါတခါ သွားရင် (၅၀၀) ရတယ်၊ (၁) နာရီတောင်မကြာဘူး၊ ညအိပ်ရင် (၁,၅၀၀)ရတယ်။ ဗမာပြည်က မိသားစုတွေကို မျက်နှာမ ငယ်အောင် အိမ်နဲ့ယာနဲ့ဖြစ်အောင် ကူညီနိုင်ခဲ့တယ်။ ကျမတို့လို အိမ်ထောင်သည်တွေ ဒီအလုပ် လုပ်စားတာ မဲဆောက်မှာ ရာနဲ့ချီရှိတယ်။ ဒီအလုပ်က မိုးရွာတုန်း ရေခံရတာ၊ အရွယ်ရလာရင် ဘယ်သူမှ ကိုယ့်ကိုသုံးတော့မှာ မဟုတ်ဘူး။ အဓိကကတော့ လင်မယားချင်း နားလည်မှု ရှိဖို့ပဲလိုတယ်” ဟု ပြောသည်။

ပန်းဦးဈေးကွက်

ပန်းဦးရောင်းရာမှ ပြည့်တန်ဆာလောကတွင် ကျင်လည်ခဲ့ရသူ အသက် (၁၉)နှစ်အရွယ် မနွေးနွေးက သူ့အဖြစ်ကို ပြန်ပြောင်း ပြောဆိုရာမှာ “သမီးကျောင်း (၅)တန်းထိနေခဲ့ဖူးတယ်၊ မော်လမြိုင်ကပါ။ ဟိုမှာသမီးတို့မောင်နှမ(၄) ယောက်ရှိတယ်။ သမီးကအကြီးဆုံး၊ အမေက သင်္ဘောဆိပ်မှာ အကြော်ရောင်းတယ်။ ဈေးထဲမှာ နေ့ပြန်တိုးယူပြီး အရင်းအနှီးလုပ်ရတယ်။ အဖေက လေဖြတ်ထားတယ်၊ လမ်းမလျှောက်နိုင်ဘူး။ အမေ့လုပ်စာနဲ့ မိသားစုဘ၀ ဘယ်လိုမှရပ်တည်လို့မရဘူး။ နေ့စားလုပ်ရင် (၁,၅၀၀) ကျပ်ထက်ပိုမရဘူး၊ ဆန် (၁) ပြည်က (၁,၀၀၀)ကျော်တယ်။ ကျမတို့အိမ်မှာ မနက်(၁)ပြည်၊ ည(၁) ပြည်ချက်ရတယ်။ နောက်ဆုံး အမေနဲ့သမီး မဲဆောက်မှာအလုပ်လာရှာတယ်။ ကြက်သွန်ခွာတယ်၊ ပန်းရန်လုပ်တယ်၊ အလုပ်က အဆင်မပြေတဲ့ကြားထဲ ပုလိပ်က ခဏခဏဖမ်းတော့ နောက်ဆုံးမှာ သမီးတို့နယ်ကပဲ ခေါင်းလုပ် တဲ့လူနဲ့ ဆက်မိတယ်။ အမေက ကျမကို မိသားစုအတွက် ကျမကိုရောင်းဖို့ပြောတော့ လက်ခံ လိုက်တယ်။ ဘတ် (၁၅,၀၀၀)နဲ့ ဈေးတည့်သွားတယ်။ ခေါင်းနဲ့တ၀က်စီရတယ်။ သမီးနဲ့ အိပ်တဲ့ ထိုင်းသူဌေးက သနားလို့ဆိုပြီး မုန့်ဖိုး ဘတ် (၃,၀၀၀)ပေးတယ်။ ရတဲ့ငွေတွေကို အမေ့ကိုပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ကိုယ့်အောက်က လူတွေက ကျောင်းနေတော့ အိမ်ကို လစဉ်ပိုက်ဆံပို့ ပေးရတယ်။ ပါကင်ဖောက်တဲ့ကိစ္စက ဒီလိုရှိပါတယ်။ ပထမတကြိမ် ဖောက်ရင် (၁၅,၀၀၀)၊ ဒုတိယအကြိမ်မှာ (၈,၀၀၀)၊ တတိယအကြိမ်မှာ (၃၀၀၀)လောက်ရတယ်။ သုံးကြိမ်စလုံး သမီးကိုလုပ်တဲ့ အဖိုးကြီးတွေ ကွန်ဒုံးမသုံးကြဘူး။ နောက်မှ ပြန်စဉ်းစားပြီး တော်တော် ကြောက်သွားတယ်။ မဲဆောက်ဆေးရုံကြီးမှာ ဆေးစစ်တော့ ဒီနေ့ထိ ဘာရောဂါမှတော့ မရှိသေးဘူး” ဟု ပြောသည်။

မြန်မာပြည့်တန်ဆာကျန်းမာရေး

မဲဆောက်မြို့ရှိ ပြည့်တန်ဆာများနှင့် ပတ်သက်၍ ပြည့်တန်ဆာများသည် မဲဆောက်ဆေး ရုံကြီးတွင် (၃) လတကြိမ် သွေးစစ်ကြရပြီး (၁)ပတ်တခါ သားအိမ်စစ်ဆေးမှု ခံယူရသည်ဟု မဲဆောက်ဆေးရုံကြီးမှ အထက်တန်းသူနာပြုတဦးက ပြောကြားသည်။ ဆေးရုံကြီးနှင့်ပြည့်တန် ဆာရုံများ အမြဲတမ်းအဆက်အသွယ်ရှိကြောင်း၊ လိင်မှုဆိုင်ရာ ရောဂါများကူးစက်မှုမဖြစ်ရအောင် ပညာပေးအစီစဉ်များကို ဆေးရုံကြီးနှင့် အစိုးရမဟုတ်သော အဖွဲ့အချို့မှ အကူညီပေး လုပ်ဆောင် လျက်ရှိကြောင်း ရှင်းပြသည်။

ဆေးစစ်မှုနှင့် ပတ်သက်၍ သွယ်သွယ်အမည်ရှိ မိန်းကလေးက “ဆေးပုံမှန်စစ်ရတာကတော့ ကိုယ့်အတွက်ပဲ။ ဆေးလာမစစ်တဲ့လူကို ဆေးရုံက သူဌေးမဆီ ဖုန်းနဲ့ဆက်ပြီးတိုင်ပြီဆိုရင် အတိုင်ခံရတဲ့လူကို ငွေရှင်းတဲ့ရက်မှာဒဏ်ငွေ (၅၀၀) ဖြတ်တယ်။ ရောဂါဖြစ်ပြီး သေတဲ့လူတွေ ရှိတော့ရှိတယ်။ ကြာကြာမှတခါ ဖြစ်တာပါ။ ဧည့်သည်တွေကို ကွန်ဒုံးစွပ်ခိုင်းဖို့၊ ကွန်ဒုံးမပါဘဲ မလုပ်ကြဖို့ သတိတော့ထားရတယ်။ ဖာကျိုးရင် ဆေးထိုးလို့ရပေမယ့်အေအိုင်ဒီအက်စ် ဖြစ်ရင်တော့ ဘ၀ဆုံးပြီ။ တချို့ဧည့်သည်တွေက မူးမူးရူးရူးနဲ့ အစွပ်ကိုမသုံးချင်ဘူး၊ တချို့ကျတော့လည်း လုပ်ရင်းတန်းလန်းနဲ့အစွပ်ကိုခိုးဖြုတ်တာလည်းရှိတယ်။ အန္တရယ်များတော့ချော့မော့ပြီးပြောရတယ်။ ပြောလို့မရတဲ့အဆုံး ကိုယ်ပဲ အမျိုးသမီးကွန်ဒုံး သုံးရတယ်။ ဘန်ကောက်မှာ အလုပ်ရမယ်၊ လစာကောင်းတယ်၊ ငွေလည်းကြိုယူလို့ရတယ်ဆိုပြီး ပွဲစားက အိမ်ကို မြန်မာငွေ (၂) သိန်းပေးခဲ့တယ်။ ဒီရောက်မှပဲ ဒီဘ၀ရောက်ခဲ့ရတာပါ။ အယုံမလွယ်ကြဖို့ ဗမာပြည်က လူတွေကို သိစေချင်တယ်” ဟု ပြောသည်။

ရန်ကုန်သူ ဖြူဖြူကလည်း “သမီးက ဒီအလုပ်ကို ရန်ကုန်မှာကတည်းက လုပ်တာပါ။ မဲဆောက်မှာက လိမ္မာရင်ငွေစုပြီး အိမ်ကိုငွေပို့နိုင်သေးတယ်။ ရန်ကုန်မှာက ပြည့်တန်ဆာလုပ်တဲ့ လူများပြီး ပျော်ပါးနိုင်တဲ့ လူတွေကနည်းတော့ တွက်ခြေမကိုက်ဘူး။ ဒါကြောင့် မဲဆောက်ကို လာတာပါ။ ရန်ကုန်မှာက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရဲ၊ မီးသတ်တွေက အလကားခေါ်တာကများတော့ ဒီဘက်ထွက်လာတာက ပိုကောင်းတယ်ဆိုပြီး မဲဆောက်ကို အရင်ရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အဆက်အသွယ်နဲ့ရောက်လာတာပါ။ ဒီမှာက ပုလိပ်ကြေးလောက်ပဲပေးရတယ်။ဒါကို ကျမတို့ နားလည်ပါတယ်။ ဖာသည်နဲ့ရဲဆိုတာက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ” ဟု ပြောသည်။

အလုပ်သမား မြန်မာပြည့်တန်ဆာများလည်းရှိအခြေနေအရပ်ရပ်၏ တွန်းပို့မှုကြောင့် မဲဆောက်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမများလည်း ပြည့်တန်ဆာလောကအတွင်း ရောက်ရှိမှုများရှိသည်။ ပြည်တွင်းရှိ မိဘများမှာ အလုပ်အကိုင်နှင့် စားဝတ်နေရေး ပြဿနာများအပြင် တရားမ၀င် ထီလောင်းကစားမှုများကြောင့် အိုးပျောက်၊ အိမ်ပျောက်ဖြစ်ကာ ပို့သမျှငွေ အလျဉ်မမီဖြစ်ပြီး ငွေနောက် လိုက်ရင်းဖြင့် ပြည့်တန်ဆာဖြစ်သွား သူများလည်း အများအပြားရှိသည်ဟု အိမ်ရုံတွင် လုပ်ကိုင်နေသူတဦးကလည်း ပြောသည်။

မဲဆောက်ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်စားပွဲထိုးများတွင် မြန်မာ မိန်းကလေးများအများစု လုပ်ကိုင်နေကြသည့် အကြောင်းကို စားပွဲထိုးမြန်မာအမျိုးသမီး မနွဲ့က “တချို့ကျတော့လည်း ရောက်ခါစမှာ ရှက်တော့ ရိုးရိုးစားပွဲထိုးပဲလုပ်တယ်။ အိမ်က ခဏခဏ ပိုက်ဆံမှာတာလည်းပါတယ်၊ ကိုယ်ကလည်းမဲဆောက်မှာ မော်တော်ဆိုင်ကယ်နဲ့ အိမ်နဲ့ နေချင်တာလည်းပါတယ်။ ကိုယ့်အချင်းချင်း အရင်ရောက်တဲ့သူတွေကလည်း စည်းရုံးတော့၊ ဆိုင်ပိတ်ချိန် မနက် (၂)နာရီဆိုရင် ဧည့်သည်တွေနဲ့ လိုက်အိပ်တော့ တခေါက်ကို(၁,၀၀၀) လောက်ရတယ်။ ဆိုင်မှာရတဲ့လခက (၁) လ သုံးလေးထောင်ထက် မပိုဘူး။ ဒီလိုပဲ အတုမြင်အတတ်သင်ရာကနေ ဖြစ်သွားကြတာပါ။ အနှိပ်သည်လောကမှာလည်း ငွေရလွယ်တော့ ဗမာပြည်ကလာတဲ့ မိန်းကလေးတွေ တနေ့ထက်တနေ့ ပိုပိုများလာတယ်။ အနှိပ်သည်တွေကျ တော့ တခါနှိပ်ရင် (၂) နာရီကို ဘတ် (၂၄၀)ကိုယ်က (၁၀၀) ပဲရတယ်၊ ကျန်တာက အလုပ်ရှင် ယူတယ်။ နေထိုင်စားသောက်ရေးကိုတော့ သူတို့တာဝန်ယူတယ်။ အဲဒီကနေ အစပြုပြီး နောက်ဆုံးကိုယ့်ကိုယ်ကို ရောင်းစားတဲ့ဘ၀ကို ရောက်သွားတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။

ဘွဲ့ရများ၊ ကျောင်းဆရာမများပါ ပြည့်တန်ဆာဖြစ်

မြန်မာပြည့်တန်ဆာလောကတွင် ဘွဲ့ရကျောင်းသူများ၊ ပြည်တွင်းတွင် ကျောင်းဆရာမဖြစ်ခဲ့သူများ၊ သူနာပြုဖြစ်ခဲ့သူများ၊ ဆယ်တန်းအောင်သည့် မိန်းကလေးများမှာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ် သည့် ရနောင်း၊ မဲဆောက်၊မယ်ဆိုင်ဒေသများနှင့် ဘန်ကောက်တွင် အများအပြားလုပ်ကိုင်လျက် ရှိသည်ကို မိစန်းဟု အမည်ခံယူထားသည့်မဲဆောက်ရောက် အထက်တန်းပြဆရာမ တဦးကလည်း ရင်ဖွင့်ပြောကြားသည်။

သူမက “ဒီအလုပ်ကို ဘယ်သူမှမလုပ်ချင်ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရပြီးလုပ်စရာ အလုပ်မရှိဘူး။ ရှိပြန်တော့လည်းဝန်ထမ်းလစာနဲ့ ကုန်ဈေးနှုန်းက ဘယ်လိုမှဆက်စပ်လို့ မရဘူး။ လက်ရှိမြန်မာပြည်အခြေနေနဲ့ဆိုရင် လူမွှေးပြောင်ဖို့ မလွယ်ဘူး။ စကားကြီး စကားကျယ် ပြောတယ်လို့ တော့ မထင်ပါနဲ့၊ ကျမတို့က စနစ်ဆိုးကြီးရဲ့ သားကောင်တွေပါ။ ဘွဲ့ရ ကျောင်းဆရာမတောင် လူမွှေးမပြောင်ဘူးဆိုတော့ သာမန်လူဆိုရင် ပိုဆိုးပြီပေါ့။ ကျောင်းဆရာမဖြစ်ပြီး ဖာသည် လုပ်ရကောင်းလားဆိုပြီး ကျမကိုအပြစ်ပြောတဲ့လူလည်း ရှိပါတယ်။ ကျမ သူတို့ကို နားလည်ပေးလိုက်ပါတယ်။ ဂျင်မလေးဂျမ်းသီချင်းထဲကလိုပေါ့၊ ဂျင်ဆိုတာ သူ့ဖာသာသူ မလည်တတ်ပါဘူး။ လည်အောင်ဖန်တီးပေးတဲ့ အဓိကတရားခံ မရှိတော့တဲ့ အချိန်ကျရင် ဂျင်မလေးတွေ ကံကောင်းလာမှာပါ” ဟုပြောသည်။

(ဤသတင်းဆောင်းပါးပါ ကာယကံရှင်များ၏အမည်ရင်းများကို လွှဲပြောင်းထားသည်)

via Myanmar Online News