Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 31, 2012

ဟဲလိုးဝင်း အတွက် သီချင်းလက်ဆောင်

Monday, October 29, 2012

""အမျိုးသမီးများ လိင်ဆက်ဆံစဉ် ဆီးသွားခြင်း ""

ပုံမှန် အားဖြင့်တော့ အမျိုးသား များဟာ
 လိင်ဆက်ဆံ နေစဉ် ဆီး မသွားကြပါဘူး။
ဘာကြောင့်လဲဆို တော့ ဆီးအိမ်ပေါက်ဝကို
ပိတ်ဆို့ ပေးထားတဲ့ အဆို့ရှင်ရှိလို့ပါပဲ။
ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ကို လည်း
 ဆီးလမ်းကြောင်းအတိုင်း စီး ဆင်းစေပြီး

ဆီးအိမ်ဘက်သို့ စီးဆင်း မသွားအောင်၊ ဆီးနှင့်သုက်ရည် ရောနှောမသွားအောင်
ကာကွယ်ပေး ပါတယ်။

အမျိုးသမီးတွေမှာတော့ ထိုကဲ့သို့အဆို့ရှင်မျိုး မရှိပါဘူး။ အမျိုးသမီးများ
အတွက်ကတော့ လိင် ဆက်ဆံနေစဉ် ဆီးသွားဖို့ ဖြစ်နိုင်ပါ တယ်။ ဆီးအိမ်ဟာ

ကိုယ်အလေးချိန် စံမမှီသူလား ? ပုံမှန်အလေးချိန်လား ?

သင့် ကျန်းမာရေးအတွက်သင့် ကိုယ်အလေးချိန်က ပုံမှန်ဖြစ်နေဖို့ အရေးကြီးပါတယ်..
အောက်က ဇယားလေးကိုသာ ကြည့်လိုက်ပါ...

သင်ဟာ ......
ကိုယ်အလေးချိန် စံမမှီသူလား ? ပုံမှန်အလေးချိန်လား ?
အ၀လွန်နေပြီလား ? အလွန် ၀ နေပြီလား ? ဆိုတာ စိစစ်ကြည့်ကြရအောင် .....


အရပ်အမြင့် ပုံမှန်အလေးချိန် အ၀လွန် အလွန်ဝ
(ကိုယ်အလေးချိန်-ပေါင်) (ကိုယ်အလေးချိန်-ပေါင်) (ကိုယ်အလေးချိန်-ပေါင်)
4' 10 '' 91 ပေါင် မှ 115 ပေါင် 119 ပေါင် မှ 138 ပေါင် 143 ပေါင် မှ 239 ပေါင်
4' 11 '' 94 ပေါင် မှ 119 ပေါင် 124 ပေါင် မှ 143 ပေါင် 148 ပေါင် မှ 247 ပေါင်
5' 0 '' 97 ပေါင် မှ 123 ပေါင် 128 ပေါင် မှ 148 ပေါင် 153 ပေါင် မှ 255 ပေါင်
5' 01 '' 100 ပေါင် မှ 127 ပေါင် 132 ပေါင် မှ 153 ပေါင် 158 ပေါင် မှ 264 ပေါင်
5' 02 '' 104 ပေါင် မှ 131 ပေါင် 136 ပေါင် မှ 158 ပေါင် 164 ပေါင် မှ 273 ပေါင်
5' 03 '' 107 ပေါင် မှ 135 ပေါင် 141 ပေါင် မှ 163 ပေါင် 169 ပေါင် မှ 282 ပေါင်
5' 04 '' 110 ပေါင် မှ 140 ပေါင် 145 ပေါင် မှ 169 ပေါင် 174 ပေါင် မှ 291 ပေါင်
5' 05 '' 114 ပေါင် မှ 144 ပေါင် 150 ပေါင် မှ 174 ပေါင် 180 ပေါင် မှ 300 ပေါင်
5' 06 '' 118 ပေါင် မှ 148 ပေါင် 155 ပေါင် မှ 179 ပေါင် 186 ပေါင် မှ 309 ပေါင်
5' 07 '' 121 ပေါင် မှ 153 ပေါင် 159 ပေါင် မှ 185 ပေါင် 191 ပေါင် မှ 319 ပေါင်
5' 08 '' 125 ပေါင် မှ 158 ပေါင် 164 ပေါင် မှ 190 ပေါင် 197 ပေါင် မှ 328 ပေါင်
5' 09 '' 128 ပေါင် မှ 162 ပေါင် 169 ပေါင် မှ 196 ပေါင် 203 ပေါင် မှ 338 ပေါင်
5' 10 '' 132 ပေါင် မှ 167 ပေါင် 174 ပေါင် မှ 202 ပေါင် 209 ပေါင် မှ 348 ပေါင်
5' 11 '' 136 ပေါင် မှ 172 ပေါင် 179 ပေါင် မှ 208 ပေါင် 215 ပေါင် မှ 358 ပေါင်
6' 0 '' 140 ပေါင် မှ 177 ပေါင် 184 ပေါင် မှ 213 ပေါင် 221 ပေါင် မှ 368 ပေါင်
6' 01 '' 144 ပေါင် မှ 182 ပေါင် 189 ပေါင် မှ 219 ပေါင် 227 ပေါင် မှ 378 ပေါင်
6' 02 '' 148 ပေါင် မှ 186 ပေါင် 194 ပေါင် မှ 225 ပေါင် 233 ပေါင် မှ 389 ပေါင်
6' 03 '' 152 ပေါင် မှ 192 ပေါင် 200 ပေါင် မှ 232 ပေါင် 240 ပေါင် မှ 399 ပေါင်
6' 04 '' 156 ပေါင် မှ 197 ပေါင် 205 ပေါင် မှ 238 ပေါင် 246 ပေါင် မှ 410 ပေါင်

ပုံမှန်ကိုယ်အလေးချိန်အောက် ရောက်သူများမှာ ကိုယ်အလေးချိန် စံမမှီသူများဖြစ်ပါတယ်နော် .....

ref:Internet

ရေးသားသူ +ပင်တိုင်စံထိပ်ထား+
https://www.facebook.com/photo.php?fbid=479303658761530&set=a.287620901263141.74579.100000457007498&type=1&theater

Sunday, October 28, 2012

သန္ဓေတားသောအခါ

 

သန္ဓေတားခြင်း နည်းလမ်းပေါင်း များစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့် သန္ဓေတားမည်ကို ဆုံးဖြတ်သော အခါ မိမိ၏ ကျန်းမာရေး အခြေအနေ၊ လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ကလေးလိုချင်စိတ်ရှိ/မရှိ စသည့် အချက် မြောက်မြားစွာပေါ် မူတည်၍ ဆုံးဖြတ် ရပါသည်။ သန္ဓေတားနည်း တစ်ခုခုကို ရွေးချယ် တော့မည်ဆိုလျှင် မိမိ ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိရဲ့လားဟု စတင် စဉ်းစားရပါမည်။
 
မိမိ ရွေးချယ်မည့် နည်းလမ်းသည် ကိုယ်ဝန်မရစေရန် မည်မျှကာကွယ်ပေးနိုင်မည်လဲ။ ဤအချက်ကို သိရှိရန် အတွက် မိမိရွေးချယ်မည့် သန္ဓေ တားနည်းကို အသုံးပြုလျက်ရှိသော အမျိုးသမီးဦးရေ (၁၀၀)ကို လေ့လာ ကြည့်ရပါမည်။ တစ်နှစ် ကြာသောအခါ အမျိုးသမီးဦးရေ (၁၀၀) အနက် ဦးရေ မည်မျှတွင် မလိုချင်ဘဲ ကိုယ်ဝန်ရရှိ သွားသည်ကို သိရှိရန်လိုပါသည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် များလျှင် သင်ရွေး ချယ်မည့် နည်းလမ်းသည် ထိရောက်မှုနည်းသည်ဟု ကောက်ချက် ချရပါမည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် နည်းလျှင် သင်ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိသည်ဟု ကောက်ချက် ချရပါမည်။

အငြိမ့်မင်းသမီး


ငှက်ပေမယ့် နှလုံးသားကြီးတယ်


ငှက်မောင်နှံ ပုံ အင်တာနက် မှာ ရေပန်းစား

ပြင်သစ် နိုင်ငံက ငှက် မောင်နှံ ရဲ့  အဖြစ် ဆိုး ကို ဓာတ်ပုံ ဆရာ က အမိအရ ရိုက်ကူးထားတဲ့ ပုံ
ပါ။ ဒီသတင်း ဓာတ်ပုံ ကို ဖော်ပြ ခဲ့ တဲ့ ပြင် သစ် နိုင်ငံ တောင် ပိုင်း က ညနေ ခင်း သတင်းစာ
လည်း ရောင်းမလောက် ဖြစ်သွား ခဲ့ တယ်။
ပါးစပ် ထဲမှာ စားသောက် ဖွယ်ရာ တစ်ချို့  ချီ ပြီး ပြန်လာတဲ့ ငှက်မလေး က အနိမ့် ပျံ လာတုန်း
ကား တစ်စီး က ၀င် တိုက် သွားပါတယ်။ အသက် ငင် နေတဲ့ ငှက် မလေး ရဲ့  ဘေး ကို ငှက် ဖို က ရောက် လာ ပြီး ကုတ် ချီ သယ်ဆောင် သွား ဖို့  ကြိုးစား ပါ တယ်။ ဒါပေမယ့် ချီ ပြီး သယ်ဆောင် ဖို့  မဖြစ် နိုင်လို့  ငှက်မလေး အသက် ဇီဝန်ကြွေသွား တဲ့ အထိ
သူက အနား မှာ စောင့် ပြီး စောင့် ရှောက် ပေး နေ ခဲ့ ပါတယ်။ သူ့ ကို ဘယ်သူ ကူညီ မလဲ လို့ 
ဘေးဘီ နဲ့  ကောင်း ကင် ကို မော့ ပြီး သူ တစ်စာစာ အော်ပါ သေးတယ်။
နောက် ထပ် ကား တွေ မတိုက် အောင် လို့  ငှက် မလေး ရဲ့  ခန္တာ ကိုယ် ကို သူက ကာကွယ် ပေး ထား
တယ်။ တစ်ချို့  လူတွေ ကယ် ဖို့ လာ ပေမယ့် ငှက် ဖို လေး က ကြောက် နေ ပေမယ့် ငှက်မလေး
ဘေး က ပျံ ထွက် မပြေး ဘူး ……..ဒီလို နဲ့  ……….ငှက် မလေး အသက် ဇီဝိန် ကြွေ တဲ့ အထိ
ငှက် ဖို လေး က စောင့် နေခဲ့ တယ်။
အခု လို အဖြစ် မျိုး အမေရိကန် လောစ်ဇင်ဂျလိစ် မြို့  မှာ လည်း ဖြစ်ပျက် ခဲ့ တယ်။ သူငယ်ချင်း
ခွေး ဖြစ် သူ ကား တိုက် ခံရတာ ကို အခြား ခွေး တစ်ကောင် က ရပ် ပြီး စောင့် နေခြင်း ပါ။
တိရိစ္ဆာန် မှာ ဥာဏ် ရည် နဲ့  ခံစား မှု မရှိ ဘူး ဆို ပေမယ့် ကြင်နာ သနား တတ်တဲ့ စိတ်ထား
တော့ ရှိကြတာပါပဲ။

Posted by ++♫♪♥ ကြွေရုပ်လေး ♥♪♫

ချစ်တတ်သောအမျိုးသားများ၏ အမူအကျင့် ၁၀၀

 အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကွဲပြားခြားနားမှုတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ပြသကြရာမှာ အမျိုးသားတွေဟာ စကားနဲ့ မဟုတ်ဘဲ အပြုအမူနဲ့ ပြတတ်ကြပြီး အမျိုးသမီးတွေက နှုတ်ကနေ ဖွင့်ဟပြောဆို တတ်ကြပါတယ်။ အမျိုးသားအများစု ပြုလုပ်တတ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူ့မှာ အနာဂတ်အစီအစဉ်တွေ သင့်အတွက် ရှိနေပါတယ်။

၂။ တခြားဇိမ်ခံပစ္စည်းတွေနဲ့ အပန်းဖြေစရာ နေရာတွေအတွက် ငွေမသုံးတော့ဘဲ သင့်အတွက်ပဲ အထူးလိုအပ်တာတွေ ဖြည့်စွက် ၀ယ်ပေးပါတယ်။

၃။ ညစာ စားပြီးတာနဲ့ တီဗီကြည့်ဖို့ ထမင်းစားခန်းထဲက တစ်ယောက်တည်း ထွက်မသွားဘဲ သင်နဲ့အတူ သိမ်းဆည်းပေးပြီး ပန်းကန်ခွက်ယောက်တွေ ဆေးကြောပေးပါတယ်။

၎။ သင် အလိုမတူတဲ့ ကိစ္စတွေအတွက် ဖိအားမပေးဘဲ နားလည်ပေးပါတယ်။

Saturday, October 27, 2012

တစ်ခေတ်ဆန်းလာသော ဘ၀ကြင်ဖော် ရှာဖွေနည်း

26 October 2012  |

By The Voice Journal

ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင် အောက်တွင် ဆယ်ကျော်သက် လူငယ်များ

ပျော်ရွှင်ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွ ရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက်သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာ လည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီကနေကြသည်။ ယင်းမြင်ကွင်းမှာ အားလပ်ရက် ဆူပါ ဆန်းဒေး မတိုင်မီ စနေနေ့ည စက်တင်ဘာလ ၉ ရက်နေ့ တွင် အင်းလျားလိတ်ဟိုတယ်ရှိ ဝင်ကြေးပေးစရာ မလိုသော နိုက်ကလပ် အခန်းတွင် ဖြစ်သည်။ ထိုနေ့ ထိုနေရာတွင် လာရောက် ကခုန်ကြ သည့် လူငယ်များ အထူး စည်ကားခဲ့ပြီး စီးလာ သည့် ကားများမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းခွင့် ရလာသော မော်ဒယ်လ်မြင့်ကား များ ကားပါကင်၌ ပြည့်နှက် နေခြင်းက လာရောက်ကြ သော လူငယ်တို့၏ လူနေမှုအသိုင်းအဝိုင်းကို ညွှန်း ဆိုပြ နေသည်။

နှလုံးကို ရိုက်ခတ်စေသည့် ရက်ပ်တီးလုံးသံ လွှမ်းနေသော ခန်းမပြင်ပတွင် ဆေးလိပ်ကိုယ်စီ ခဲထားသည့် ဆယ်ကျော်သက် လူငယ်များက မိန်းမ ပျို လေးများနှင့် ရယ်ရယ်မောမော စကားစမြည် ပြောနေသည်ကိုလည်း တွေ့ရသည်။ “ကျွန်တော်တို့က ညတိုင်း လာကကြတယ်။ ကောင်မလေးတွေ

Thursday, October 25, 2012

တစ်သက်နှစ်ဘ၀ ရှင်သန်ကြသူများ (အပိုင်း ၂)

by Maw Kun Magazine on Tuesday, 23 October 2012 at 08:16 ·

 စောသစ်ထူးရေးသား၍ ဇော်နိုင်ဦးအချက်အလက်ပံ့ပိုးသည်။

ကျားကျားလျားလျားမိန်းမသား
 
          ကိုသက် (၃၈ နှစ်) ငယ်ငယ်တုန်းက သူ့အစ်ကိုရဲ့အ၀တ် အစားတွေ ၀တ်ချင်သလို သူ့အစ်ကိုကလည်း သူ့ အ၀တ်အစားတွေကိုဝတ်ချင်လို့ သူတို့ရဲ့မိခင်နဲ့ ခဏ ခဏ စကားများရလေ့ ရှိတယ်။

          သူ့အစ်ကိုက မိန်းမစိတ်ကိုတိမ်းòတ်ပြီး မိန်းကလေးဖြစ်တဲ့သူက ယောက်ျားစိတ် တိမ်း òတ်တယ်။ သူ့ရဲ့ သက်မာဆိုတဲ့ မိန်းကလေး နာမည်ကနေ ယောက်ျားလေး နာမည် ဖြစ်အောင် ကိုသက်လို့ နာမည်တပ် လိုက်တယ်။ သူ့လိုပဲ ယောက်ျားစိတ် တိမ်းòတ်နေတဲ့ မိန်းကလေးတွေက သူ တို့ နာမည်တွေကို ယောက်ျားလေးနာမည်နဲ့ နီးစပ်အောင် နာမည်ပေးလေ့ရှိကြတယ်။ နာမည်ရင်းခေါ်ရင် မကြိုက်ချင်ကြဘူး။

          ကိုသက်က ရှပ်အင်္ကျီလက်တိုနဲ့ သရီးကွာ တား ဘောင်းဘီဝတ်ထားတယ်။ သူ့ရဲ့ ညာဘက် ခြေသလုံးမှာ T&L ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ဆေးမင် ထိုး ထားတယ်။ သူနဲ့ သူ့ကောင်မလေးရဲ့

ခြေရှုပ်သူရဲ့ ဇနီးမယားတို့ သိစေဖို့အချက်(၁၄)ချက်


၁ .။ လင်ယောင်္ကျား အပေါ် အတတ်နိုင်ဆုံးစကားကိုချိုသာစွာ ပြောဆိုပါ..။

၂..။နို့ စို့ ကလေး အရွယ်မှလွဲ၍ အိပ်ရာသီးခြားခွဲသိပ်ပါ. ။( ဖြစ်နိုင်ရင် လင်မယား ၂ ယောက် ထဲသာသီးသန့်အိပ်စက်သင့်ပါတယ် )

၃..။ အချိန်ရလျင်ရသလို စာဖတ်ပါ.။( စာဖတ်ခြင်းကြောင့် ဗဟုသုတ တိုးပြီး စိတ်ခွန်အားရစေပါတယ်)

၎..။ လတ်တလောခြေလှမ်းပျက်နေသောလင်ယောင်္ကျားအား မေးမြန်းစုံစမ်းခြင်းမပြု ပဲ အသာစောင့်ကြည့်ပါ.။( လင်ယောင်္ကျားဘက်က မည်သည့်အကြောင်းအရာမှ ဖွင့်ဟခြင်းမရှိသေးသရွေ့ မိမိသိနေ ရိပ်မိနေကြောင်းမပြပါနှင့် )

သစ္စာသစ်

ပလူပျံများ
တောင်ပံလက်လက် စက်ရဟက်သို့
ဖျတ်ဖျတ်လှည့်လူး မြူးထူးရွရွ
ဖူးမြနီယွန် ဖြူခြည်သွန်သော
မီးပြွန်ပူငွေ့ တိုးညှပ်ဝှေ့ ကြ
ကြွေရွေ့လျောလဲ လေကြောဆန်၍
ပျံသန်းကြသော ဥာဥ့်ပုံပြောသည့်
တောစံပယ်ပွင့်များပမာ။ ။

ရစ်လည်ရစ်လည်
ဇာချည်ကြောလျှင် ပန်းရွက်ဆင်တည့်
ငွေသင်တောင်ပံ ကျွတ်လွင့်ပျံမှ
သမံတလင်း မှုန်မှုန်ခင်းကြ
ခုန်ဆင်းကျန်ရစ် ပလူသစ်မှ
ပြောင်းဖြစ်ဘ၀ ပရွက်လှမူ
ရွရွပြေးကာ ရွာသစ်ရှာ၏။ ။

ရှေးကဆိုရိုး
ပိုးဖလံမျိုး မီးကိုတိုးသတဲ့
မောက်ဖြိုးရွှေတောင် မြိုက်လောင်ပူနွေး
မီးငွေ့ပေးမှ အသက်ရရှိ
ကျွန်မချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တက်မက်ဦးမည်
စိန်ခြူးကြယ်တန်း
လခြမ်းလ၀ိုင်း ညတိုင်းမြင်ချင်
ရွှေစင်နေ၀န်း ဆည်းဆာကွန်းမှ
ပေါ်ယွန်းစေ့စေ့ နေ့တိုင်းတွေ့ချင်
ထွေးပွေ့လင်သား သမီး သား မြေး
စကားနှစ်သက် မိတ်ဆွေဖက်ဟု
မက်မောဘ၀ တစ်ခဏလဲ
အလှရှာဖွေ အဖြေတွေ့သော်
မွေ့လျော်ငြိတွယ် သေမျိုးနွယ်လဲ
ရယ်ရွှင်ဝံ့စား ငါလူသားဟု
တရားထွန်းသစ် သတ္တိဖြစ်၏ ။ ။

ကြည်အေး
( ရှုမဝမဂ္ဂဇင်း ၊ မတ် ၊ ၁၉၇၁)
(Ref: http://kyiaye-literature.blogspot.sg/search/label/%E1%80%80%E1%80%97%E1%80%BA%E1%80%AC)

Wednesday, October 24, 2012

နန်းခင်ဇေယျာ သတင်းစာရှင်းလင်းပွဲ

သဘာဝနည်းဖြင့် အိမ်ထောင်မှုသုခ မြှင့်တင်ပါ

သဘာဝနည်းဖြင့် အိမ်ထောင်မှုသုခ မြှင့်တင်ပါ
Wednesday, October 24, 2012
အိမ်ထောင်မှုသုခ မပြည့်ဝလို့ စိတ်ညစ်နေ ပါသလား။ အများအားဖြင့် အိမ်ထောင် သက်တမ်း ကြာလာတဲ့ အခါ စုံတွဲ တချို့ဟာ အိမ်ထောင်ရေး အပေါ် ငြီးငွေ့ လာတတ်ကြတယ် လို့ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် သင်တို့ အိမ်ထောင် သက်တမ်း ဘယ်လောက်ပဲကြာကြာ တစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့ ချစ်စိတ်တွေ ဟောင်းနွမ်း မသွားစေဖို့ သဘာဝနည်းတွေကို အကြံပြုလိုက်ရပါတယ်။

Tuesday, October 23, 2012

တစ်သက်နှစ်ဘ၀ ရှင်သန်ကြသူများ (အပိုင်း ၁)

by Maw Kun Magazine on Tuesday, 23 October 2012 at 07:31 ·


စောသစ်ထူးရေးသား၍ ဇော်နိုင်ဦးအချက်အလက်ပံ့ပိုးသည်။
 
အောင်ကို(အမည်လွှဲ) ၃၄ နှစ်ဟာ ငယ်ငယ်ကတည်းက ကနွဲ့ကလျနေခဲ့တာ။ ကစားရင်တောင် မိန်း ကလေးတွေ ကစားတဲ့ ကြိုးခုန်တာတို့၊ အိုးပုတ်တို့နဲ့ကစားရတာကို ပိုကြိုက်တယ်။ ကနွဲ့ ကလျ အောင်ကိုရဲ့ဘ၀ကို  အကြီးအကျယ်အပြောင်းအလဲဖြစ်စေ ခဲ့တာက သူဆယ်နှစ်သားအရွယ်မှာပေါ့။

          သူ့အဒေါ်ယောက်ျားရဲ့တူနဲ့ တစ်ခြင်ထောင်တည်း အတူ တူအိပ်တာက စခဲ့တယ်လို့ပြောရမှာပဲ။ သူ့ထက်ငါးနှစ်ကြီးတဲ့ အဒေါ့်ယောက်ျားရဲ့တူက လူပျိုပေါက်၊ လက်တည့်စမ်းတဲ့အရွယ် ဆိုတော့ အောင်ကို့ကို မိန်းမနေရာကထားပြီး လိင်တူချင်း ဆက်ဆံခဲ့တယ်။ အဲဒီညက သူဘယ်လိုမှထင်မှတ်မထားတဲ့ အတွေ့အကြုံကို တစ်သက်လုံးကြိုက်နှစ်သက်ခဲ့တယ်လို့ သူက ပြောတယ်။

          “အဲဒါဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို မိန်းမအစစ်ကြီးလိုဖြစ်သွားပြီးတော့ သူပြန်လာပြီဆိုရင် ကြိုလိုက်ရလို့ ၀မ်းသာသွား တာတို့ အဲဒီလိုမျိုးခံစားရတာပေါ့”

          အဲဒီနောက်ပိုင်း အရွယ်ကလည်း လူပျိုပေါက်အရွယ်ဖြစ်လာ တော့ ကျောင်းတက်ဖော် သူငယ်ချင်းတွေ နဲ့လည်း စမ်းသပ်ခဲ့တယ်။

          တစ်နေ့ သူငယ်ချင်းတစ်ယောက်က ဆရာမကို အောင်ကို ကအခြောက်ဖြစ်တယ်လို့ သွားပြောလိုက်တော့ သုံးပတ်လောက် ကျောင်းမတက်ရဲတော့ဘဲ အိမ်တွင်းပုန်းလုပ်နေခဲ့ရတယ်။

          “နဂိုကတည်းက သိနေတာ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့       ဆရာမပြောလိုက်တဲ့စကားလုံး တစ်လုံးကြောင့် လာကြည့် တဲ့ မျက်လုံးတွေနဲ့ အာရုံစူးစိုက်မှုတွေ အကုန်ကိုယ့်ဆီရောက်လာ တာက ပိုပြီးထိခိုက်မှုရှိတယ်”

          အောင်ကိုက သူထိခိုက်ခံစားခဲ့ရတာကို ပြန်ပြောပြတယ်။


အပွင့်ဘ၀ဖြင့်နေကြသည့် အလှဖန်တီးရှင် အားပန်(၀ဲ)နှင့် ငယ်ငယ်(ယာ)


အောင်ကို့လို လိင်တူချစ်သူတွေအနေနဲ့ မိသားစုနဲ့ ပတ်ဝန်း ကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေ၊

နန်းခင်ဇေယျာ ပြန်ရောက်ပြီ


Saturday, October 20, 2012

ခေတ်အဆက်ဆက် ထင်ရှားတဲ့ မြန်မာ့အလှမယ်များ

ခင်မောင်ထွေး (ပျဉ်းမနား)

မြန်မာအားကစားလောကတွင် တိုးတက်ပြောင်းလဲမှုကြီး တစ်ခု အံ့သြဖွယ်ကောင်းလောက်အောင်ပင် ထွက်ပေါ်လာသည်။
မြန်မာအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲများ
ဝင်ခွင့်ရခြင်းပင်...ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၅ဝ)တိတိ (၁၉၆၂)ခုနှစ်မှစကာ မြန်မာအမျိုးသမီးအလှမယ်များ ပြည်ပထွက်၍ ပြိုင်ပွဲဝင်ဖို့မဆိုထားနှင့် ပြည်တွင်းမှာပင် မယ်ရွေးပွဲ မလုပ်ရတော့ပါ။
ခင်သန်းနု ပြည်ထောင်စုမယ်ဘွဲ့ရရှိသည့် (၆၁)ခုနှစ် ပြည်ထောင်စုမယ်ရွေးပွဲသည် မြန်မာနိုင်ငံ၌ မယ်ရွေးပွဲ နောက်ဆုံး အကြိမ် ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။

ရှေးရှေးတုန်းကခင်သန်းနု မတိုင်မီခေတ်ကမူ မြန်မာနိုင်ငံတွင် မယ်ရွေးပွဲများ ခြိမ့်ခြိမ့်သဲမျှ ကျင်းပခဲ့သည်။

ပထမဆုံးပြိုင်ပွဲမှာ (၁၉၄၇)ခုနှစ်တွင် ရွှေတိဂုံဘုရား အနောက်ဘက် မုခ်၌ကျင်းပသည့် ရုပ်ရှင်နှင့် ပြဇာတ်ပြပွဲတွင် ထည့်သွင်းခဲ့သည့် အလှမယ်ပြိုင်ပွဲပင်ဖြစ်သည်။ ဒေါ်လီချို (Dolly Cho)က ပထမဆု ဆွတ်ခူးသည်ဟု မှတ်တမ်းများအရ သိရှိရသည်။



မေမေငါ့ကိုသတ်တော့မှာပဲ.....

http://www.facebook.com/photo.php?fbid=3889476923410&set=a. 3495363670825.2124844.1473598345&type=1&theater

'' ဆောင်ကြာမြိုင် မှတ်တမ်း ''


ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က.. '' ဆောင်ကြာမြိုင် မှတ်တမ်း '' ဆိုတဲ့ စာအုပ်ဖတ်ဖူးတယ်..။ ရေးသူ နာမည်တော့ မေ့နေပြီ..။ စာအုပ်အမှာစာရေးသူကိုတော့ '' မောင်ကျောက်တိုင် '' လို့ မှတ်မိနေတယ်..။

အဲဒီစာအုပ်က.. ကုန်းဘောင်မင်းဆက် ဘုရင်တွေ၊ အထူးသဖြင့် မင်းတုန်းမင်းကြီး.. မိဖုရားတွေ တလှေကြီးထားပြီး သပွတ်အူလိုက်တဲ့အကြောင်း ရေးထားတာပါ.
.။ သမိုင်းဆိုင်ရာ အချက်အလက် ဘယ်လောက် မှန်မမှန်ထက်.. အမှာရေးသူနဲ့.. မူရင်းစာရေးဆရာကတော့.. အဟုတ်လို့ ပြောတာပဲ..။

အမှာစာရေးသူ မောင်ကျောက်တိုင် ကဆိုရင်.. မြန်မာ့သမိုင်းပညာရှင်ဆိုသူတွေ.. '' ဆောင်ကြာမြိုင် '' မှတ်တမ်းပါ အချက်အလက်တွေကို.. မသိချင်ယောင်ဆောင်နေတာဟာ.. ပညာရှင်မပီသတဲ့ လုပ်ရပ်လို့အထိ.. စွဲချက်တင်ထားပါတယ်..။

ရေးသားသူက.. နန်းတွင်းဆရာခဲ လို့ ခေါ်တဲ့ မင်းတုန်းမင်းတြားကြီးရဲ့ လက်စွဲတော် နန်းတွင်းသမားတော်ကြီးရဲ့ မြေး လို့ ဆိုပါတယ်..။

မင်းတုန်းမင်းအကြောင်း စုံစုံစေ့စေ့.. မရေးပြခင်.. ဘိုးတော် ပဒုံမင်းအကြောင်းကို '' မောင်ကျောက်တိုင် '' က ပစ်ပစ်နှစ်နှစ်ရေးပြပါတယ်..။

တဏှာရူး၊ အာဏာရူး စတဲ့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့ ရေးပြတာပဲ..။ အဓိက ကတော့.. ဘိုးတော် ပဒုံမင်း ကို တရုတ်ကုန်သည်တွေက.. ဆက်သတဲ့ မိဖုရား သုံးပါးနဲ့ ဆိုင်တယ်..။ တရုတ်ပြည်က ကုန်သည်တွေ အမရပူရနန်းတော်ကို လာပြီး ဘိုးတော်ပဒုံမင်းထံ.. တရုတ်မလေးသုံးယောက်ကို ဆက်သတယ်..။

အပြန်အလှန်အားဖြင့်.. ကုန်သွယ်ရေး အခွင့်အရေးတချို့ တောင်းဆိုတယ်..။

တရုတ်ဆိုတဲ့ တိုင်းပြည်ကြီးကနေ... သမီးကညာ သုံးယောက် ဆက်သတယ်ဆိုတော့.. ဘိုးတော်ဘုရားလည်း. နည်းနည်း မာန်တက်ဟန်ရှိတယ်..။ အဲဒီ အလှပဂေးလေးတွေကို.. ရှည်လျားထွေပြားတဲ့ ဘွဲ့တံဆိပ်နဲ့နာမည်တွေတောင် ပေးအပ်တယ်..။

ဒါပေမယ့် နောက်များမှ.. သိရတာက.. အဲဒီမဒီကညာတွေဟာ.. တရုတ်ကုန်သည်တွေ ' ပင့် ' လာတဲ့ ကြေးစားမယ်တွေ ဖြစ်နေသတဲ့..။

အဲဒီအတိုင်း ဟုတ်နေရင်.. '' စိလုတ်တွေက.. အားကီးလယ်ဒယ်၊ ဖာစီမတွေခေါ်လာပြီး မီမာဘုရင်ကို လူလယ်လုပ်ဒယ်.. '' လို့ ပြောရမှာပဲ..။

အဲဒီအကြောင်းလေး.. ဒေါက်တာသန်းထွန်း ဘာပြောသလဲ.. သူ့စာအုပ်တွေထဲ ..ဒိုက်ဗင်ထိုးရှာတော့.. အခုလိုလေး အစအန တွေ့ရပါတယ်..။

မြန်မာသမိုင်းရှာတော်ပုံ.. စာမျက်နှာ -၁၃၈ မှာ

............................................................................

'' တရုတ်ဧကရာဇ်ရဲ့  သ၀ဏ်လွှာ ( ၂၈ ဖေဖော်ဝါရီ ၁၇၅၀ ) ကို အ၀ဘုရင် မဟာဓမ္မရာဇာ မဟာဓိပတိ ( ၁၇၃၃- ၁၇၅၂ ) ကို သင့်တင်လျှောက်ပတ်သလို မြန်မာပြန်ပြီး ဆက်တဲ့အခါ.. ကျေနပ်တာပေါ့။ တရုတ် ဧကရာဇ်နဲ့ ဂုဏ်ရည်တူ ညီတော်-နောင်တော်တွေ ဖြစ်နေလို့ပါပဲ။ တရုတ်ဧကရာဇ်က မြန်မာနိုင်ငံမှာ သူပုန်သူကန် ရှိရင် သူ့တပ်တွေ လွှတ်ပေးပြီး နှိမ်နှင်းပေးမယ်လို့လည်း ပါသေးတယ်။ ဟိုဘက်က ပြောတဲ့ သဘောက သူ့ပိုင်နက်ထဲမှာ ဆူပူရင်နေရင် သူ့တာဝန်လို့ ဆိုလိုတယ်။ မြန်မာဘုရင်မင်းမြတ် အနေနဲ့ကတော့ သူသာလျှင် ဧကရာဇ် ဆိုတဲ့ အစွဲကို မထိခိုက်အောင် ဘာသာပြန်ဖို့ သိပ်အရေးကြီးပါတယ်။

တရုတ်နိုင်ငံက ရောက်လာတဲ့ အမျိုးသမီး သုံးဦးကိုလည်း လက်အောက်ခံ ပဒေသရာဇ်တွေက ဆက်သမြဲ သမီးကညာကို သိမ်းပိုက်တဲ့ သဘောနဲ့ပဲ လက်ခံတယ် ( ၁၈ အောက်တိုဘာ ၁၇၉၀ ) ဒီလို နှစ်သက် ကျေနပ်အောင် လုပ်နိုင်တဲ့အတွက် တရုတ်ကုန်သည်တွေ အထူးအခွင့်အရေးတွေရပြီး ကြိုက်သလို ရောင်းဝယ်ဖောက်ကားခွင့် ရကြတယ်။ ''

........................................................................

ဟဲဟဲ.. စိလုတ်တွေက.. တို့ဘိုးဘေးတွေခေတ်ကတည်းက.. အထာနပ်နေပြီ..။ သာကီမျိုးဟေ့ တို့ဗမာတွေကလည်း.. ဟိုးဘိုးဘေးခေတ်ကတည်းက.. အမြှောက်ကြိုက်-အချော့မက်- အချဉ်ကြီးတွေကို ဖြစ်လို့။

နန်းခင်ဇေယျာPeople's Choice Award လက်ခံရရှိ

Eleven Media Group

Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ
People's Choice Award အားလက်ခံရရှိ

Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာသည် Internet မှတဆင့် မဲပေးရွေးချယ်ရသည့်
People's Choice Award ကို ဆန္ဒမဲပေးသူ ၂၁၀၀၀ ကျော်ဖြင့် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုအတွက် အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာအား People's Choice
Award အားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

"မြန်မာကိုယ်စားပြုအလှမယ်ရတဲ့ People's Choice Award ကို ဒီညနေမှာ Miss International ပြိုင်ပွဲဝင်တွေပဲပါတဲ့ ညစာစားပွဲမှာ ပေးအပ်ခဲ့တယ်လို့ Internet ကတဆင့် သိရပါတယ်၊ နန်းခင်ဇေယျာကိုယ်တိုင်ကတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို
တရားဝင် ဆက်သွယ်အသိပေးပြောကြားလာတာမျိုးမရှိသေးပါဘူး။
ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုယ်စားပြုဆုရတဲ့အတွက် ၀မ်းသာမိပါတယ်" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက အောက်တိုဘာလ ၂၀ရက်နေ့ ည၈နာရီ ခန့်က ပြောကြားခဲ့ပါသည်။

Photo from - http://missosology.org/

အီဂျစ်ကအမျိုးသမီးသူရဲကောင်းနဲ့ ခွေးတအုပ်

အာဏာရှင် စနစ် ကို တိုက်ပွဲဝင်နေတဲ့ အီဂျစ် အမျိုးသမီးသူရဲကောင်း

Friday, October 19, 2012

Miss International 2012

Miss Guam Int'l
http://missosology.org
01GUAM - Chanel Cruz-Jarrett (172 cm, 18)

Speaking of the one with the freshest look, and armed with the right curves... that's definitely Chanel! There is no doubt that she tops this category. She is the epitome of a young, vibrant and sexy woman of the 21st century. An ideal "Miss" if you ask us.
 
Miss Colombia Int'l
COLOMBIA - Melissa Varon (179 cm, 24)02
Her tanned skin, toned body and "endless" legs are her best assets! She will definitely be one of those who can set the bar too high for the girls who follow after her.


Miss India Int'l



03INDIA - Rochelle Maria Rao (170 cm, 23)

Rochelle is "blessed". And you know what we mean by that. She is aware of her best "asset" and knows how to flaunt them. She is arguably the best Indian delegate in bikini that we have seen in recent years.

နန်းခင်ဇေယျာရဲ့  အက

MYANMAR - Nang Khin Zay Yar (169 cm, 23)
Missosology's sentimental favorite, and one of the most popular girls on our online voting, Nang is showing the rest of the world what Myanmar has to offer. And yes, she did not disappoint us in her bikini. Though not your typical "pageant body", she still got the right curves at the right place.

http://missosology.org/missinternational/hotpicks/item/1482-miss-international-2012-swimsuit-hot-picks

Thursday, October 18, 2012

အာဖရိကန်HIMBA DANCESအက

Mingala ba / Me N Ma Girls

နန်းခင်ဇေယျာ


အောင်မြင်ကျော်ကြားမမ များ




Tuesday, October 16, 2012

သက်တံ့


လိုက်ခဲ့မယ်နော်
လက်မောင်းမှာ
နှုတ်ခမ်းပေါ်မှာ
အိပ်ပျော်မှာပါ
နွံလွှာနက်နက်
ခြေတစ်ဖက်ကျွံနစ်
ရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူးကွယ်။

ဟောသည်မှာလေ
တိမ်တွေတောင်ကြေမွကုန်ပြီ
(တွေ့လား)
ယုံလိုက်စမ်းပါ မန်းသိီတာရယ်
တကယ်ပါ
ဇာခန်းဆီးလေးကို လွင့်သွားနိုင်စေတာပါ။

အချိုခန်းသွားတဲ့ပန်း
လွမ်းတတ်ရင်တော့ လွမ်းဖို့ကောင်းတာပေါ့၊
တစ်ထစ်လျော့စရာ
သိက္ခာ....
မာန....
ဘာမျှမကျန်ရစ်တော့လို့ပါ။

ဟင့်အင်း
ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်းအကြား
တခြားဘာမျှမရှိရ
တစ်ခါတရံဆိုတဲ့စကား
တရားမမဲ့လွန်းဘူးလားဟင်
သွားလိုက်ပါတော့လေ
သည်နေရာမှာပဲ နေခဲ့မယ်။

လမ်း ၃၀
လွယ်အိတ်အဖြူ၊ စာအုပ်ထူများ
စကားပန်းပွင့်၊ ခွာမြင့်ဖိနပ်
အမှတ် ၁ ဘတ်စ်ကား
အားလုံးကို ကျေးဇူးတင်ပါတယ်။

ငွေရှာတာမဟုတ်ဘူး
ရွှေရှာတာမဟုတ်ဘူး
အချိုရှာတာပါ ကိုကိုရယ်
သစ္စာဆိုတာ ဒါလား
ဘီယာလိုပဲ ခါးတယ်နော်။

ဂျူး

ထိပ်ဆုံးက နန်းခင်ဇေယျာ


ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ Miss International ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေတဲ့ မနန်းခင်ဇေယျာ ဟာ Miss Internet ဖြစ်ဖို့ အင်တာနက်ကနေ မဲပေးခံရသူတွေထဲမှာ ထိပ်ဆုံးက ရှိနေပါတယ်။ တင်ဆက်- ရဲဝင့်သူ။

Saturday, October 13, 2012

Q သောသူ နှင့် ချစ်သောသူ


မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်….

Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။
ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။
Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။
ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။

Q သောသူ - မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။
ချစ်သောသူ - မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်

ဝတ်မှုန်ရွှေရည်


အောင်မြင်ကျော်ကြားမမ များ